ကျန်းမာရေး သတင်းများ

ကျန်းမာရေး သတင်းများ ၊ လေ့လာတွေ့ရှိချက်အသစ်များ၊ ကုထုံးအသစ်များ၊ ဆေးဝါးအသစ်များ အကြောင်းကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာရေး သတင်းများ

Johnson & Johnson မှ Talc ပေါင်ဒါများ ထုတ်လုပ်မှုကို ရပ်တန့်မည်

Johnson & Johnson လို့ ပြောလိုက်တာနဲ့ ကလေးပေါင်ဒါတွေကို ပြေးမြင်မိမှာပါ။ ဒါပေမယ့် များပြားလှတဲ့ တရားစွဲဆိုမှုတွေကြောင့် Johnson&Johnson က လာမယ့် ၂၀၂၃ကစပြီး Talc ပါဝင်တဲ့ ပေါင်ဒါများ ထုတ်လုပ်မှုကို ရပ်ဆိုင်းတော့မှာ ဖြစ်ပါတယ်။ Johnson & Johnson နဲ့ ပေါင်ဒါအရှုပ်တော်ပုံ Johnson&Johnsonက လက်ရှိအချိန်မှာ သူတို့ရဲ့ Talcပါဝင်တဲ့ ပေါင်ဒါက ကင်ဆာဖြစ်စေတယ်ဆိုပြီး တရားစွဲဆိုမှုများစွာကို ရင်ဆိုင်နေရပါတယ်။ အထူးသဖြင့် မိန်းမကိုယ်နဲ့ အနီးတစ်ဝိုက်မှာ Talcပေါင်ဒါ အသုံးပြုတာကြောင့် သားဥအိမ်ကင်ဆာဖြစ်ရတယ်ဆိုပြီး အမျိုးသမီးတွေက တရားစွဲဆိုထားကြတာ ဖြစ်ပါတယ်။ Johnson&Johnsonက ကလေးပေါင်ဒါဆိုပေမယ့် ပေါင်ပွန်းတဲ့ အမျိုးသမီးတွေကလည်း အပွန်းသက်သာအောင် ပေါင်ခြံတစ်ဝိုက်မှာ အသုံးပြုကြပါတယ်။ Johnson & Johnsonရဲ့ တုံ့ပြန်ချက် Johnson&Johnsonကတော့ သူတို့ရဲ့ ပေါင်ဒါနဲ့ ပတ်သက်ပြီး စိတ်ချရမှုကို ယုံကြည်မှုရှိဆဲလို့ […]

ကျန်းမာရေး သတင်းများ ကို ရှာဖွေမည်။

ကျန်းမာရေး သတင်းများ

ရှမ်းပြည်နယ်

တောင်ကြီးမြို့ရှိ လူမှုကူညီရေးအသင်းများ   (၁) နမ့်ခုံး ရှမ်းများပရဟိတအသင်း Ph: 081202041 ဝေဠုဝန်ကျောင်း(ရှမ်းကျောင်း)ဝန်းအတွင်း၊ဝါးပြားရပ်၊ တောင်ကြီးမြို့ ရှမ်းပြည်နယ်   (၂) မေတ္တာရှင် နာရေးကူညီမှုအသင်း Ph: 081-205282 နဂါးပွက်ကျောင်း၊ချမ်းမြသာစည်ရပ်၊တောင်ကြီးမြို့ ရှမ်းပြည်နယ်   (၃) အဖြူရောင်ပရဟိတအသင်း ဖုန်း - ၀၉၂၅၈၂၅၄၀၀၂, ၀၉၅၂၂၈၁၀၈ မင်းကျောင်းပရိယတ္တိပရိပတ္တိစာသင်တိုက်၊ကန်အောက်ရပ် .ဗိုလ်ချုပ်အောင်ဆန်းလမ်း၊တောင်ကြီးမြို့ ရှမ်းပြည်နယ်   (၄) မင်္ဂလာ ဖုန်း -09428311924 ,09428318562,0936162657, 09254600723 ၁၆/၁၆၈ အမှတ်၄ရပ်ကွက် အောင်ချမ်းသာလမ်း အေးသာယာမြို့၊တောင်ကြီးမြို့ ရှမ်းပြည်နယ်   (၅) ပအိုဝ်းသွီး Ph: 931733416 မြေဖြူ၊တောင်ကြီးမြို့ ရှမ်းပြည်နယ်   (၆) မြတ်မနော (ပရဟိတသွေးအလှူရှင်နှင့်မိဘမဲ့ကလေးကူညီစောင့်ရှောက်ရေးအသင်း) Ph: 9250776779 တောင်ကြီးမြို့နယ်၊ ရှမ်းပြည်နယ်   (၇) သံမဏိပိုးဖလံများအဖွဲ့ Ph: 08124063 ရပ်စောက်မြို့/တောင်ကြီးခရိုင်မီးသတ်တပ်ဖွဲ့မှူ းရုံ ဈေးတန်းရပ်ကွက် လျောင်းတော်မှူ ဘုရားလမ်း၊ရပ်စောက်မြို့ ရှမ်းပြည်နယ်   ညောင်ရွှေမြို့ ပါရမီသွေးလှူရှင်အသင်း Ph: 9428310581 ညောင်ရွှေမြို့၊ ရှမ်းပြည်နယ်   ကွတ်ခိုင်မြို့ ြဗဟ္မစိုရ်နှလုံးသား Ph: 9256056400 ရပ်ကွက် ၅၊တောင်ပေါ်ကျောင်းတိုက်၊မူဆယ်ခရိုင် ၊ကွတ်ခိုင် ရှမ်းပြည်နယ်   မိုးမိတ်မြို့ (၁) ကရုဏာသုခ Ph: 8645190 မိုးမိတ်မြို့၊ ရှမ်းပြည်နယ်   (၂) ပါရမီရှင် Ph: 9256239510 မိုးမိတ်မြို့၊ ရှမ်းပြည်နယ်   နမ့်ခမ်းမြို့ ပါရမီ သွေးလှူရှင် […]


ကျန်းမာရေး သတင်းများ

ပဲခူးတိုင်းဒေသကြီး

လှည်းကူးမြို့   ၁။ မတ္တာရောင်ခြည်   Ph. 931787062   လှည်းကူးအင်းတိုင်၊ပဲခူးမြို့ ပဲခူးတိုင်းဒေသကြီး   သာယာဝတီမြို့   ၁။ ကရုဏာရှင် လူမှုကူညီရေးအသင်း Ph.933355591 သုံးဆယ်မြို့၊သာယာဝတီ ၊ပဲခူးတိုင်းဒေသကြီး ။     ဒိုက်ဦးမြို့   ၁။ သုခကာရီ(အရေးပေါ်လူနာတင်ယဉ်)   Ph.095072212 ,0949451657 မြို့ပတ်လမ်း၊ဒိုက်ဦးမြို့ ၊ပဲခူးတိုင်းဒေသကြီး ။   ပဲခူးမြို့ ၁။ အနှိုင်းမဲ့ မေတ္တာ အခမဲ့ သွေးလှူ အသင်း   Ph 9428036098, 09784000000   အမှတ် ၇၀၂ ရွှေသာလျောင်းလမ်းမတန်း အာနန္ဒါဘုရားအရှေ့ ပဲခူးမြို့ ပဲခူးတိုင်းဒေသကြီး       ၂။ တာဝတိန်သာ လူမှုကူညီရေးအသင်း   Ph.930154518, 0930150000   ဝမ်းဘဲအင်းကျေးရွာ၊ပဲခူးမြို့ ပဲခူးတိုင်းဒေသကြီး       ၃။ ချမ်းမြေ့ဌေယျာဓမ္မစကူးလ်နှင့်ပရဟိတလူငယ်များ အသင်း     Ph.09250111883 ,09428193627     ဇိုင်းတောင် မင်္ဂလာလမ်း ချမ်းမြေ့ ဇေယျာ သာမဏေကျော်တက္ကသိုလ်၊ ပဲခူးမြို့ ပဲခူးတိုင်းဒေသကြီး     ပြည်မြို့   ၁။ မိုးမေတ္တာ နာရေးကူညီမှုအသင်း   Ph. 0949500260, 09260570009   ရတနာမာန်အောင် ဘုန်တော်ကြီးကျောင်းဝန်း၊ ခေတ္တရာမြို့သစ်၊ပြည်မြို့ ပဲခူးတိုင်းဒေသကြီး     ၂။ အားမာန်ပရဟိတအသင်း   Ph.09423744104     စည်တော်မင်္ဂလာ ရွာဘဲနယ်မြေ. ၊ ပြည်မြို့ ပဲခူးတိုင်းဒေသကြီး။       ၃။ ခတ္တရာ လူငယ်များသာရေးနာရေး ကူညီပံ့ပိုးမှုအသင်း     Ph.05326200, 0949500989. 09250555404   ကန်ဖျားပရိယတ္တိစာသင်တိုက် ရွာဘဲနယ်မြေ […]


ကျန်းမာရေး သတင်းများ

ဧရာဝတီတိုင်းဒေသကြီး

ဧရာဝတီတိုင်းဒေသကြီးရှိ လူမှုကူညီရေးအသင်းများ   မအူပင်မြို့ (၁) ကရုဏာလူမှု့ကူညီရေးအသင်း Ph: 045-31126 မြို့လည်ပရိယတ္တိစာသင် တိုက်ဝန်း၊အမှတ်(၄) ရပ်ကွက်,မအူပင်မြို့၊ ဧရာဝတီတိုင်းဒေသကြီး   (၂) ၁၂ရပ်ကွက်နာရေးကူညီမူအသင်း Ph: 09250734200 မအူပင်မြို့/12ရပ်ကွက်/မြို့သစ်2လမ်း၊မအူပင် ဧရာဝတီတိုင်းဒေသကြီး   ချောင်းသာကမ်းခြေ စေတနာ့သွေး (သွေးလှူရှင်လူငယ်များ) Ph: 09422503759 ,0936264431,0925023592,0925301471 ချောင်းသာကမ်းခြေ/ကြက်ခြေနီသူနာပြုတပ်ဖွဲ့ မြို့နယ်ခွဲရုံး၊ရွှေသောင်ယံခွဲ၊ချောင်းသာကမ်းခြေ ရွှေသောင်ယံခွဲ ဧရာဝတီတိုင်းဒေသကြီး   ပန်းတနော်မြို့ (၁) အခမဲ့လူမူကူညီရေးအသင်း Ph: 09422553399 မြို့နယ်ပြည်သူ့ဆေးရုံ၊ ပန်းတနော်မြို့၊ ဧရာဝတီတိုင်းဒေသကြီး   (၂) အရေးပေါ်လူနာတင် ယာဉ်ကူညီမှု အသင်း Ph :09250232141 ,09250232142 ပန်းတနော်မြို့ ဧရာဝတီတိုင်း။၊ပန်းတနော်မြို့ ဧရာဝတီတိုင်းဒေသကြီး   (၃) ရတနာပုံလူငယ်အဖွဲ့ Ph: 09250121929 ရတနာပုံ(၁)လမ်း၊အ နောက်ပိုင်းရပ်ကွက်၊ပန်းတနော်မြို့ ဧရာဝတီတိုင်းဒေသကြီး   မြန်အောင် (၁) လူငယ် အားမာန် Ph: 09784362185 ဘန်ဘွေးကုန်း၊မြန်အောင် ဧရာဝတီတိုင်းဒေသကြီး   (၂) ပါရမီ Ph: 0931531444 ဗောဓိပင်လမ်း သောကြာပတ်ဆွမ်းသင်း အနီး အမှတ် (၃)ရပ်ကွက်၊မြန်အောင် ဧရာဝတီတိုင်းဒေသကြီး   မော်လမြိုင်ကျွန်း အာရောဂျံ လူမှုကူညီရေးအသင်း Ph: 09422477789 မဟာဗန္ဓုလလမ်းမကြီး ၅လမ်းထိပ်၊မော်လမြိုင်ကျွန်းမြို့၊ ဧရာဝတီတိုင်းဒေသကြီး   ပုသိမ် (၁) မနောဖြူ လူမှုကူညီရေးအဖွဲ့ (ပုသိမ်) Ph: 098550754, 04232216 တိုက်ကြီးကျောင်း ပရိယတ္တိစာသင်တိုက် ရအက(၃)နယ်မြေ ပုသိမ်မြို့၊ […]


ကျန်းမာရေး သတင်းများ

ကင်ဆာဝေဒနာသည်တွေအတွက် မိခင်ဖြစ်နိုင်မယ့် အခွင့်အရေး

ကင်ဆာဝေဒနာသည်တွေအတွက် မိခင်ဖြစ်နိုင်မယ့် အခွင့်အရေး Mount Elizabeth ဆေးရုံရဲ့သားဖွားမီးယပ်အထူးကုတစ်ဦးဖြစ်သလို ဆေးရုံရဲ့ သန္ဓေရရှိရန်အကူအညီပေးဌာန ဒါရိုက်တာလည်းဖြစ်တဲ့ ဒေါက်တာ Ann Tan က ကင်ဆာဝေဒနာသည်တွေရဲ့ သန္ဓေအောင်နိုင်စွမ်းနဲ့ပတ်သက်ပြီး ရှင်းပြခဲ့ပါတယ်။ ကင်ဆာကုသမှုခံယူနေစဉ်အတွင်းနဲ့ ကင်ဆာကုထုံးခံယူပြီးချိန်မှာ ကိုယ်ဝန်ဆောင်ဖို့က မဖြစ်နိုင်ဘူးလို့ယူဆနေကြပေမယ့် သိပ်တော့မသက်ဆိုင်လှပါဘူး။ မမျိုးဥကိုအေးခဲထားတဲ့ နည်းလမ်းကအောင်မြင်မှုရရှိလာတာနဲ့အတူ အမျိုးသမီးတစ်ဦးအနေနဲ့ ကလေးမွေးဖွားနိုင်တဲ့အရွယ်မှာ ကင်ဆာဝေဒနာခံစားရမယ်ဆိုရင် မိခင်ဖြစ်နိုင်စေဖို့အတွက် မျိုးဥအေးခဲထားတဲ့ နည်းလမ်းကို အသုံးပြုသင့်ပါတယ်။   ကင်ဆာကုထုံးက သန္ဓေအောင်ခြင်းအပေါ် ဘယ်လိုသက်ရောက်နေသလဲ ကင်ဆာဆဲလ်တွေပြန့်ပွားမှုကို ထိန်းချုပ်ဖို့ အသုံးပြုတဲ့ ကင်ဆာကုထုံးတွေက မျိုးဥအိမ်နဲ့မမျိုးဥထုတ်လုပ်မှုအပေါ်မှာ ထိခိုက်မှုတွေဖြစ်စေနိုင်ပါတယ်။ အမျိုးသမီးတွေက မျိုးဥအရေအတွက်ကအတိုင်းအတာတစ်ခုအထိသာပါရှိလာတာဖြစ်တဲ့အတွက် ကင်ဆာကုထုံးကြောင့် မျိုးမအောင်တာမျိုးကဖြစ်နိုင်ခြေရှိနေတဲ့အနေအထားတစ်ရပ်ပါ။ အမျိုးသမီးတစ်ယောက်အနေနဲ့ ကင်ဆာရှိနေပြီလို့ သိလိုက်ရတဲ့အချိန်မှာရောဂါအခြေအနေက သန္ဓေအောင်နိုင်မှုအပေါ် သက်ရောက်မှုမရှိဘူးဆိုရင်တောင်မှ မိခင်ဖြစ်နိုင်ဖို့အခွင့်အရေးအတွက် မျိုးဥတွေကိုအေးခဲထားမလားဆိုတာကို စဉ်းစားဆုံးဖြတ်ဖို့က အရေးကြီးပါတယ်။ ကုသမှုခံယူပြီးချိန်မှာ ရာသီသွေးကပုံမှန်ပြန်ဆင်းတယ်ဆိုပေမယ့် သန္ဓေအောင်ဖို့အတွက် လုံလောက်မှုရှိချင်မှရှိမှာပါ။ ကုသမှုခံယူပြီးချိန်မှာသွေဆုံးချိန်က ပုံမှန်ထက် စောသွားတာမျိုးဖြစ်နိုင်ပါတယ်။ အသက်အရွယ်အလိုက် […]


ကျန်းမာရေး သတင်းများ

သွေးအမျိုးအစားမတူသော်လည်း ကျောက်ကပ်အစားထိုးလို့ရပါပြီ

သိပ်မကြာခင်က စမ်းသပ်အောင်မြင်မှုတွေအရ လူနာရဲ့သွေးအမျိုးအစားနဲ့မတူညီသော်လည်း ကိုယ်တွင်းအင်္ဂါအစားထိုးကုသမှုတွေ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ လူနာနဲ့သွေးအမျိုးအစားမတူဘဲ ပထမဆုံးကျောက်ကပ်အစားထိုးကုသမှုကို စင်ကာပူမှာ လုပ်ဆောင်နိုင်ခဲ့တာ ဆယ်စုနှစ်တစ်ခုမပြည့်သေးပါဘူး။ အဲဒီမတိုင်ခင်က အစားထိုးကုသမှုတိုင်းအတွက် ပေးလှူသူနဲ့ လက်ခံသူသွေးအမျိုးအစားကိုက်ညီဖို့ လိုအပ်ခဲ့တာဖြစ်ပါတယ်။ ပေးလှူထားတဲ့ကိုယ်တွင်းအင်္ဂါတွေရှားပါးလာမှုနဲ့ရင်ဆိုင်လာရတဲ့အခါ ဒီပြဿနာကိုဖြေရှင်းနိုင်မယ့်နည်းလမ်းတစ်ခုကို အဖြေထုတ်ဖို့ သုတေသီတွေက ဆုံးဖြတ်ခဲ့ပါတယ်။ ၂၀၁၀ခုနှစ် အစပိုင်းလောက်မှာတော့ ဂျပန်နိုင်ငံမှအဖွဲ့တွေ ဦးဆောင်တဲ့ABO-incompatible kidney transplants လို့ခေါ်တဲ့ သွေးအမျိုးအစားမတူညီဘဲ ကျောက်ကပ်အစားထိုးကုသတဲ့ စမ်းသပ်ကုထုံးက အံ့သြလောက်စရာ အောင်မြင်မှုနှုန်းနဲ့စတင်ပေါ်ထွက်လာခဲ့ပါတယ်။“ABO” ဆိုတာက မတူညီတဲ့သွေးအမျိုးအစား -Aသွေး၊ B သွေး၊ AB သွေးနဲ့ Oသွေးကို ရည်ညွှန်းတာဖြစ်ပါတယ်။ “အစားထိုးကုသတယ်ဆိုတာက တခြားသူတစ်ယောက်ရဲ့ ကိုယ်တွင်းအစိတ်အပိုင်းတစ်ခုခုကို လူနာထဲ ထည့်တာဖြစ်တဲ့အတွက်ကြောင့် သွေးအုပ်စုတူညီမှုက အမြဲတမ်းအရေးကြီးပါတယ်” ဟု စင်ကာပူနိုင်ငံ Gleneagles ဆေးရုံမှ ကျောက်ကပ်အထူးကုဆရာဝန်နှင့် အန္တရာယ်ကြီးမားသည့် ကျောက်ကပ်အစားထိုးကုသမှုကို စင်ကာပူနိုင်ငံတွင် အောင်မြင်အောင်ပြုလုပ်နိုင်တဲ့ […]


ကျန်းမာရေး သတင်းများ

အားကစားသမားတွေကို ထိခိုက်ဒဏ်ရာတွေကနေ သက်သာလာစေမယ့် PRP ကုထုံး

ခန္ဓါကိုယ်ကြံ့ခိုင်သန်စွမ်းဖို့က အားကစားသမားတွေအတွက် အရေးအကြီးဆုံးပါ။ဆေးသိပ္ပံပညာတွေတိုးတက်လာမှုနဲ့အတူ အားကစားသမားတွေရဲ့ ထိခိုက်ဒဏ်ရာတွေကို ပုံမှန်ထက်မြန်မြန်ပြန်ကောင်းလာစေမယ့် ကုထုံးတွေရှိလာခဲ့ပါပြီ။ ဒီကုထုံးကတော့ Platelet-rich plasma (PRP) လို့ခေါ်တဲ့ ကုထုံးပါ။ ဒီကုထုံးက ကစားသမားတွေမှာဖြစ်တတ်တဲ့ နာတာရှည် အရွတ်စုတ်ပြဲတာ နဲ့ ကြွက်သားထိခိုက်မှုဒဏ်ရာတွေကို ကုသရာမှာထိရောက်မှုရှိသလို ကစားသမားတွေကို အချိန်တိုအတွင်းမှာ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာစေပါတယ်။ အားကစားသမားများအတွက်နောက်ဆုံးပေါ်ကုထုံးသစ်PRP PRP ဆိုတာကသွေးရည်ကြည်တစ်မျိုးဖြစ်ပြီး ပုံမှန်သွေးထက်သွေးကလာပ်စည်းပါဝင်မှုက ၅ ဆ ကနေ ၁၀ ဆလောက်အထိပိုများပါတယ်။ အဆိုပါသွေးကလာပ်စည်းတွေထဲမှာ အနာကျက်တဲ့ဖြစ်စဉ်အတွက် အရေးပါတဲ့ အခန်းကဏ္ဍကပါဝင်နေတဲ့growth factors လို့ခေါ်တဲ့ ပရိုတင်းတွေ ရာနဲ့ချီပါဝင်နေပါတယ်။ PRP ကုထုံးမှာ growth factors ပမာဏပါဝင်မှု သိသိသာသာများနေတာက အနာကျက်စေတဲ့နှုန်းကို ပုံမှန်ထက်ပိုမြန်စေနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ PRP ကုထုံးမှာ လူနာဆီကနေ သွေးကိုအရင်ဆုံးထုတ်ယူရပါတယ်။ အဲ့ဒီနောက်မှာတော့ အဆိုပါသွေးထဲကသွေးကလာပ်စည်းကို အခြားသွေးဆဲလ်တွေထဲကနေ ခွဲထုတ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ […]


ကျန်းမာရေး သတင်းများ

ကင်ဆာအကျိတ်ဆဲလ်တွေကို ၁၀ စက္ကန့်အတွင်း စစ်ဆေးသိရှိနိုင်မယ့် ကိရိယာ

ကင်ဆာဖြစ်လာမယ့်အကျိတ်တစ်ရှူးကို ချက်ချင်းစစ်ဆေးသိရှိနိုင်ပြီး လုံးဝဖယ်ရှားပေးနိုင်စေမယ့် ကင်ဆာစစ်ဆေးမှု ကိရိယာအသစ်တစ်မျိုးကို တီထွင်လိုက်ပြီဖြစ်ပါတယ်။ ဒီကိရိယာနဲ့သာဆိုရင် လူနာကို ခွဲခန်းကုတင်မှာထားပြီး ဓါတ်ခွဲခန်းကို နမူနာတွေပို့ပြီးစစ်ဆေးရတာတွေ စောင့်ဆိုင်းရတာတွေမရှိတော့ဘဲ အချိန်ကုန်သက်သာစေမှာဖြစ်ပါတယ်။ ဘောပင်ပုံစံ The MasSpec Pen ဟာ စစ်ဆေးမယ့်တစ်ရှူးက ကင်ဆာဖြစ်မဖြစ်ကို အချိန်နဲ့တပြေးညီစစ်ဆေးနိုင်ပြီး ၁၀ စက္ကန့်အတွင်း အဖြေရရှိနိုင်တဲ့ ကိရိယာငယ်ဖြစ်ပါတယ်။ ဒီကိရိယာကြောင့် အကျိတ်ဘေးတဝိုက်က ကင်ဆာဆဲလ်တွေအားလုံးကို ခွဲစိတ်ဖယ်ရှားနိုင်ဖို့ ပိုလွယ်ကူစေလိမ့်မယ်လို့University of Texas မှ လက်ထောက်ပါမောက္ခ သုတေသီLivia Eberlin ကပြောပါတယ်။ အထူးသဖြင့် ရင်သားကင်ဆာ၊ မုန့်ချိုအိတ်ကင်ဆာ၊ ဦးနှောက်ကင်ဆာတို့ဟာ ပုံမှန်တစ်ရှူးတဝိုက်ကို ပျံ့နှံ့ရောက်ရှိတတ်ကြပါတယ်။ ဒီအချိန်မျိုးမှာ ခွဲစိတ်ဆရာဝန်တွေအတွက်တော့ ကင်ဆာဆဲလ်တွေက ပုံမှန်တစ်ရှူးနဲ့ ဆင်တူနေတာကြောင့် မျက်စိအမြင်တစ်ခုတည်းနဲ့ အရမ်းကို ခွဲခြားဖယ်ရှားရခက် တယ်လို့သူကပြောပါတယ်။ လက်ရှိမှာ ကိရိယာသစ်ရဲ့ရလဒ်တိကျမှန်ကန်မှုကတော့ ၉၆ ရာခိုင်နှုန်းကျော်တယ်လို့ စမ်းသပ်စစ်ဆေးမှုတွေအရဖော်ပြခဲ့ပါတယ်။ အခုအသုံးပြုနေတဲ့နည်းလမ်းမှာဆို ကင်ဆာခွဲစိတ်ဆရာဝန်တွေက ခွဲစိတ်မှုအတွင်း […]


ကျန်းမာရေး သတင်းများ

ကင်ဆာကာကွယ်နိုင်မယ့် သရက်သီး

ကင်ဆာမဖြစ်အောင်ကာကွယ်နိုင်တယ်လို့ဆိုတဲ့ သရက်သီးတစ်မျိုးကို ထိုင်းနိုင်ငံမြောက်ပိုင်း Nare-suan တက္ကသိုလ်မှ သုတေသီတွေက မျိုးစပ်ဖန်တီးခဲ့တယ်လို့ သိရပါတယ်။ ဒီသုတေသနကို ထိုင်းနိုင်ငံမှ Royal Golden Jubilee PhD Programme ရဲ့ ထိုင်းသုတေသနရန်ပုံငွေအဖွဲ့ကငွေကြေးထောက်ပံ့ခဲ့တာဖြစ်ပါတယ်။ ၎င်းတက္ကသိုလ်က ချိုင်းမွှေးကိုပါဖယ်ရှားနိုင်မယ့် ချွေးနံ့ပျောက်ဆေး roll-on တစ်မျိုးကိုလည်း အမျိုးသမီးတွေအတွက် ထုတ်လုပ်ခဲ့ြ့ပီးဖြစ်ပါတယ်။ အထူးစီမံပြုပြင်ထားတဲ့ Mahachanok သရက်သီးမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်တဲ့ အန်သိုဆိုင်ရာနင်(Anthocyanin) နဲ့ကာရိုတီးနွိုက်(Carotenoid) တို့တိုးမြှင့် ထည့်သွင်းထားတယ်လို့ စိုက်ပျိုးရေး၊သဘာဝသယံဇာတနှင့်ပတ်ဝန်းကျင်ဆိုင်ရာ မဟာဌာနမှ တွဲဖက်ပါမောက္ခဒေါက်တာ Peerasak Chaiprasart ကပြောပါတယ်။ အဝါရောင်၊လိမ္မော်ရောင်၊အနီရောင်ရှိတဲ့ အသီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာတွေ့ရတတ်တဲ့ ကာရိုတီးနွိုက် ဓါတ်ဟာ ကိုယ်ခံအားကိုကောင်းစေပြီး ကင်ဆာရောဂါဖြစ်နိုင်တဲ့အန္တရာယ်ကိုလျော့နည်းစေတဲ့အပြင် နှလုံးရောဂါ၊ အသက်အရွယ်ကြောင့်ဖြစ်တဲ့မြင်လွှာပျက်စီးမှုနဲ့အတွင်းတိမ်တို့ကို ကာကွယ်ပေးပါတယ်။ အနီရောင်၊ခရမ်းရောင်နဲ့အပြာရောင်တို့မှာပါတဲ့ အန်သိုဆိုင်ရာနင်ဓါတ်ဟာ ဆဲလ်တွေယိုယွင်းပျက်စီးမှုကိုနှေးကွေးစေပြီး နှလုံးရောဂါ၊လေဖြတ်ခြင်းဖြစ်နိုင်တဲ့အန္တရာယ်ကိုလျော့နည်းစေပြီး အစာအိမ်နဲ့အူလမ်းကြောင်းစနစ်အတွင်းက ရောဂါဖြစ်စေတဲ့အဏုဇီဝပိုးမွှားတွေကိုသေစေနိုင်ပါတယ်။ ထိုင်းသရက်မျိုးNang Klang Wan နဲ့ သြစတြေးလျ သရက်မျိုးSunset […]


အခြေခံကျန်းမာရေး

လမစေ့ကလေးငယ်တွေအတွက် အသက်ရှင်သန်နိုင်မည့် သားအိမ်တု

လမစေ့ဘဲမွေးဖွားလာတဲ့သိုးပေါက်လေးတွေကို ကျန်းမာသန်စွမ်းတဲ့ သိုးငယ်လေးတွေအဖြစ်ပေါက်ဖွားလာစေဖို့ အတွက် တစ်ပတ်ကြာ သားအိမ်အတုထဲမှာထည့်ထားပြီးစောင့်ရှောက်ပေးမှုကို အောင်အေြာင်မင်မြင်လုပ်ဆောင် ခဲ့ပြီးတဲေ့နာက်မှာ သုတေသီတွေက အဆိုပါနည်းပညာကို လမစေ့ဘဲမွေးဖွားလာတဲ့လူကလေးငယ်လေးတွေမှာ အသုံးပြုသွားနိုင်မယ်၊လို့ယူဆနေပါတယ်။ မိခင်နဲ့မွေးကင်းစကလေးငယ်သုတေသန ဖောင်ဒေးရှင်း၊ Western Australia တက္ကသိုလ် နဲ့ ဂျပန်နိုင်ငံက Tohoku တက္ကသိုလ်ဆေးရုံက သုတေသီတွေပါဝင်တဲ့ အနောက်သြစတြေးလျအခြေစိုက် အစီအစဉ်တစ်ရပ်က ကိုယ်ဝန်ဆောင်ကာလ ၂၂ ပတ်ကနေ ၂၃ ပတ်အတွင်းမှာမွေးဖွားလာတဲ့ကလေးငယ်တွေအတွက် ထိရောက်တဲ့ ကုသစောင့်ရှောက်မှုတစ်ရပ်အဖြစ်နဲ့ တိုးတက်လာအောင်လုပ်ဆောင်နိုင်ဖို့ကြိုးပမ်းနေပါတယ်။ အဆိုပါတွေ့ရှိချက်တွေကို Obstetrics & Gynecology အမေရိကန်ဆေးပညာဂျာနယ်မှာဖော်ပြခဲ့ပါတယ်။ တွေ့ရှိ ချက်တွေမှာ သားအိမ်တုက ex-vivo uterine environment (EVE) ကုထုံးကိုအသုံးပြုပြီး တစ်ပတ်ကြာ ပြုစုစောင့်ရှောက်မှုအတွင်း လမစေ့ဘဲမွေးလာတဲ့ သိုးပေါက်လေးတွေဟာကျန်းမာပြီး ကူးစက်ရောဂါကင်းစင်စွာနဲ့ ဖွံ့ဖြိုးသန်စွမ်းတဲ့ သားပေါက်လေးတွေအဖြစ်မွေးဖွားလာတယ်၊လို့ဖော်ပြခဲ့ပါတယ်။ သုတေသနကိုဦးဆောင်လုပ်ကိုင်နေတဲ့ သြစတြေးလျက တွဲဖက်ပါမောက္ခ Matt Kemp က […]


ကျန်းမာရေး သတင်းများ

အာရုံကြောချို့ယွင်းမှုကြောင့် ခြေမသန်တဲ့ကလေးတွေအတွက် လမ်းလျှောက်အကူကိရိယာ

မမွေးမီ ဦးနှောက်အာရုံကြောထိခိုက်မှုကြောင့်လှုပ်ရှားနိုင်စွမ်းပျက်ယွင်းရတဲ့ cerebral palsy ကလေးတွေကို လမ်းလျှောက်နိုင်စေဖို့ အကူအညီပေးမယ့် စက်ရုပ်ခြေထောက်အကူကိရိယာကို တီထွင်ခဲ့ကြပြီလို့ သိရပါတယ်။ exoskeleton ကို ခြေထောက်အောက်ပိုင်းမှာကပ်ပြီးတပ်ဆင်ရတာဖြစ်ပါတယ်။ Cerebral palsy ဆိုတာ လှုပ်ရှားမှုလုပ်ဆောင်ချက်နဲ့ ကြွက်သားထိန်းချုပ်နိုင်စွမ်း ပျက်ယွင်းမှုကြောင့်ဖြစ်လာတဲ့ တစ်သက်တာရောဂါတစ်ခုဖြစ်ပါတယ်။ အဲဒီကလေးတွေ ထက်ဝက်လောက်က အရွယ်ရောက်လာ တဲ့အခါ လမ်းလျှောက်ဖို့ မသန်တော့ဘဲဖြစ်လာကြပါတယ်။ စက်တပ်ထားတဲ့ exoskeleton ကိရိယာကတော့ လမ်းလျှောက်မှုပုံစံမှန်ကန်စေဖို့ အဓိကနေရာ အစိတ်အပိုင်းတွေမှာ ဒူးကို အကူထောက်ပေးထားမှာဖြစ်ပါတယ်။ လက်ရှိအသုံးပြုနေတဲ့ ကူညီမှုနည်းလမ်းတွေမှာ အရိုးခွဲစိတ်ကုသမှု၊ ကြွက်သားဆေးထိုး တာတွေနဲ့ လေ့ကျင့်ခန်းကုထုံးတွေပါဝင်လေ့ရှိပေမယ့် ဒီနည်းတွေဟာ cerebral palsy ကလေးတွေ အတော်များများမှာ လမ်းမလျှောက်နိုင်ဖြစ်လာမှာကို မကာကွယ်ပေးနိုင်ဘူးလို့ Northern Arizona University မှ သုတေသီ Zachary Lerner ကပြောပါတယ်။ ကလေးအများစုက လမ်းလျှောက်လိုက်ရင် ဒူးကညွှတ်ခွေကျတတ်ကြပါတယ်။ "crouch […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း