ကျန်းမာရေး သတင်းများ

ကျန်းမာရေး သတင်းများ ၊ လေ့လာတွေ့ရှိချက်အသစ်များ၊ ကုထုံးအသစ်များ၊ ဆေးဝါးအသစ်များ အကြောင်းကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာရေး သတင်းများ

Johnson & Johnson မှ Talc ပေါင်ဒါများ ထုတ်လုပ်မှုကို ရပ်တန့်မည်

Johnson & Johnson လို့ ပြောလိုက်တာနဲ့ ကလေးပေါင်ဒါတွေကို ပြေးမြင်မိမှာပါ။ ဒါပေမယ့် များပြားလှတဲ့ တရားစွဲဆိုမှုတွေကြောင့် Johnson&Johnson က လာမယ့် ၂၀၂၃ကစပြီး Talc ပါဝင်တဲ့ ပေါင်ဒါများ ထုတ်လုပ်မှုကို ရပ်ဆိုင်းတော့မှာ ဖြစ်ပါတယ်။ Johnson & Johnson နဲ့ ပေါင်ဒါအရှုပ်တော်ပုံ Johnson&Johnsonက လက်ရှိအချိန်မှာ သူတို့ရဲ့ Talcပါဝင်တဲ့ ပေါင်ဒါက ကင်ဆာဖြစ်စေတယ်ဆိုပြီး တရားစွဲဆိုမှုများစွာကို ရင်ဆိုင်နေရပါတယ်။ အထူးသဖြင့် မိန်းမကိုယ်နဲ့ အနီးတစ်ဝိုက်မှာ Talcပေါင်ဒါ အသုံးပြုတာကြောင့် သားဥအိမ်ကင်ဆာဖြစ်ရတယ်ဆိုပြီး အမျိုးသမီးတွေက တရားစွဲဆိုထားကြတာ ဖြစ်ပါတယ်။ Johnson&Johnsonက ကလေးပေါင်ဒါဆိုပေမယ့် ပေါင်ပွန်းတဲ့ အမျိုးသမီးတွေကလည်း အပွန်းသက်သာအောင် ပေါင်ခြံတစ်ဝိုက်မှာ အသုံးပြုကြပါတယ်။ Johnson & Johnsonရဲ့ တုံ့ပြန်ချက် Johnson&Johnsonကတော့ သူတို့ရဲ့ ပေါင်ဒါနဲ့ ပတ်သက်ပြီး စိတ်ချရမှုကို ယုံကြည်မှုရှိဆဲလို့ […]

ကျန်းမာရေး သတင်းများ ကို ရှာဖွေမည်။

ကျန်းမာရေး သတင်းများ

ဆေးဖြစ်ဝါးဖြစ် အရက်သောက်လည်း သွေးတိုးအန္တရာယ်ပိုများစေနိုင်တယ်

ဆေးဖြစ်ဝါးဖြစ်ပဲဆိုဆို တစ်ခွက်တစ်ဖလားပဲဆိုဆို အရက်သောက်တာကသောက်တာပါပဲ။ ဘီယာက အရက်မဟုတ်ဘူးလို့တော့ ကပ်မငြင်းကြပါနဲ့ဦး။ ဝီစကီ၊ ဘီယာ၊ ဗော့ကာ၊ ဝိုင် စတာတွေအားလုံး အယ်လ်ကိုဟော ချင်းတူတူပါပဲ။ ဆေးဖြစ်ဝါးဖြစ်သောက်ရင် နှလုံးကျန်းမာတယ်၊သွေးလည်ပတ်မှုကောင်းတယ်ဆိုပြီး ယူဆကြပေမယ့် သုတေသနအသစ်မှာတော့ ဒီပမာဏလောက်နဲ့တင်သွေးတိုးဖြစ်နိုင်တဲ့အန္တရာယ်ရှိနိုင်တယ်လို့ဖော်ပြလာပါတယ်။   ဒီသုတေသနကိုAmerican College of Cardiology ရဲ့ ၆၈ ကြိမ်မြောက် နှစ်စဉ်အစည်းအဝေးမှာ တင်ပြခဲ့တာပါ။ သုတေသနမှ ပါဝင်ခဲ့တဲ့ အမေရိကန်လူမျိုး ၁၇၀၅၉ ဦးကိုသောက်တတ်တဲ့အလေ့အထနဲ့ပတ်သက်ပြီးစစ်တမ်းကောက်ခဲ့ပါတယ်။ သူတို့ရဲ့သွေးပေါင်ချိန်ကို သုတေသနအဖွဲ့ကလေ့လာစောင့်ကြည့်တဲ့အခါ တစ်ပတ်ကို အယ်လ်ကိုဟော ၇ ခွက်ကနေ ၁၃ ခွက်သောက်တတ်တဲ့ ၁၇၀၀၀ ဦး မှာသွေးတိုးဖြစ်နိုင်ခြေ ၅၃ ရာခိုင်နှုန်းပိုများတယ်လို့တွေ့ရှိရပါတယ်။ တစ်ပတ်ကို ၁၄ ခွက်နဲ့အထက်သောက်တတ်သူတွေကတော့ အရက်မသောက်သူတွေထက်သွေးတိုးဖြစ်နိုင်ခြေ ၆၉ ရာခိုင်နှုန်းပိုများတယ်လို့တွေ့ရပါတယ်။ သူတို့တွေရဲ့သွေးပေါင်ချိန်ကိုစစ်ဆေးတဲ့အခါသွေးတိုးအစောပိုင်းအဆင့်ဖြစ်တဲ့ အပေါ်သွေး 130–139 mm Hg နဲ့အောက်သွေး80–89 mm Hg […]


ကျန်းမာရေး သတင်းများ

ကိုယ်ဝန်ဆောင်ချိန် Omega -3 သောက်သုံးခဲ့ရင် မွေးလာတဲ့ကလေးမှာ သွေးတိုးဖြစ်နိုင်ခြေနည်းစေနိုင်

ကိုယ်ဝန်ဆောင်ချိန် ငါးကြီးဆီမှာပါတဲ့ Omega -3 fatty acid (DHA)သောက်သုံးတဲ့ မိခင်တွေကနေ မွေးဖွားလာတဲ့ ကလေးတွေဟာ သွေးတိုးရောဂါ ဖြစ်လာနိုင်တဲ့အန္တရာယ် လျော့နည်းတယ်လို့ သုတေသန အသစ်က ဖော်ပြခဲ့ပါတယ်။ မိခင်လောင်းတွေရဲ့Omega -3 သောက်သုံးမှုက ကလေးတွေရဲ့ နောက်ပိုင်းသက်တမ်းအထိ ရေရှည် အကျိုးသက်ရောက်မှု ရှိနိုင်တာဖြစ်တယ် လို့ University of Kansas မှ အာဟာရဗေဒ ပါမောက္ခဖြစ်တဲ့ တွဲဖက်သုတေသီ ဆူဆန်ကာလ်ဆန်က ပြောပါတယ်။ ကိုယ်ဝန်ဆောင်ချိန် Omega -3 သောက်သုံးခဲ့ရင် မွေးလာတဲ့ကလေးမှာ သွေးတိုးဖြစ်နိုင်ခြေနည်းစေနိုင် သုတေသနမှာ Kansas City ဧရိယာအတွင်း မွေးဖွားခဲ့တဲ့ကလေး ၁၇၁ ဦးကို လေ့လာစောင့်ကြည့်ခဲ့တာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာ မိခင်လောင်းတွေ သောက်သုံးနေကျ ဗီတာမင် အားဆေးတွေ၊ ငါးကြီးဆီတို့မှာ ပါတတ်တဲ့ DHA (docosahexaenoic […]


ကျန်းမာရေး သတင်းများ

Diet Drink တွေသောက်နေလား၊ သတိထားနော် လေဒီ

အခုနောက်ပိုင်းခေတ်စားလာတဲ့အလေ့အထတစ်ခုက ခန္ဓာကိုယ်လှပဖို့ Gymဆော့ကြတာပါ။ Gymဆော့တာက ကျန်းမာရေးအတွက်အကျိုးပြုတဲ့လုပ်ဆောင်မှုတစ်ခုပေါ့။ ဒါပေမယ့်ပြောစရာရှိနေတာက Gymဆော့ပြီးတဲ့အခါ အချိုရည်တွေသောက်ကြတာပါ။ ဝိတ်ကျဖို့ Gymဆော့နေတဲ့သူတွေဆိုရင် ဝိတ်ကျချင်တာကြောင့် Diet Drinkတွေကိုသောက်မိနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ Diet Drinksသောက်နေတဲ့လေဒီတွေအတွက် သိထားဖို့လိုမယ့် အချက်လေးတစ်ခုပြောပြပေးပါရစေနော်။ Diet Drinks ဆိုတာက အချိုရည်တစ်မျိုးဖြစ်ပြီးပြုပြင်ထားတဲ့ အချိုဓာတ်ထည့်သွင်းထုတ်လုပ်ထားတာပါ။ အဆီဓာတ်ပါဝင်မှုမရှိတာကြောင့် ကိုယ်အလေးချိန်ကျမှာကိုတော့ ပူစရာမလိုဘူးပေါ့။ အချိုဓာတ်ပါဝင်မှုကလည်း နည်းပါတယ်။ ဝိတ်ကျချင်တဲ့သူတွေအတွက်တော့ အဆင်ပြေတဲ့သောက်စရာတစ်ခုပေါ့။ Diet Drinkကြောင့် ဒါတွေဖြစ်နိုင်ပါတယ် မကြာသေးခင်က လုပ်ခဲ့တဲ့လေ့လာမှုအရ Diet Drinkတွေမှာပါတဲ့ ပြုပြင်ထားတဲ့ အချိုဓာတ်တွေကြောင့် နှလုံးသွေးကြောဆိုင်ရာရောဂါခံစားရနိုင်ပါတယ်။ ဒါတင်မကပါဘူး။ Diet Drinksသောက်တဲ့လေဒီတွေဟာသွေးဆုံးပြီးချိန်မှာ လေဖြတ်တာ၊ နှလုံးရောဂါခံစားရနိုင်ခြေပိုများနေသလို သေဆုံးနိုင်ခြေကလည်း အခြားသူတွေထက်ပိုများနေတယ်လို့ သိရပါတယ်။ Diet Drinksတွေကို ၁၀ နှစ်ကျော်ကြာစွဲသောက်တဲ့လေဒီတွေဟာသွေးဆုံးပြီးနောက်ပိုင်းကာလတွေမှာသွေးကြောလေးတွေ ပိတ်ဆို့တာကြောင့် နှလုံးရောဂါခံစားရနိုင်သလို၊လေဖြတ်တာလိုမျိုး နာတာရှည်ရောဂါတွေကိုလည်း ခံစားရနိုင်ပါတယ်။ Diet Drinkတွေကသွေးကြောတွေထဲမှာ အနယ်အနှစ်တွေဖြစ်စေပြီးသွေးကြောကျဉ်းတာ၊သွေးကြောပိတ်တာတွေဖြစ်စေနိုင်တာကြောင့်လေဖြတ်ဝေဒနာခံစားရနိုင်ခြေကို ပိုများစေနိုင်ပါတယ်။ […]


ကျန်းမာရေး သတင်းများ

ဟော်မုန်းဆေးတွေသုံးခဲ့ရတဲ့ လိင်ပြောင်းလဲသူတွေ နှလုံးရောဂါနဲ့ လေဖြတ်အန္တရာယ်ပိုများ

Circulation ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ သုတေသနအသစ်တစ်ခုအရ လိင်ပြောင်းလဲဖို့ဟော်မုန်းဆေးတွေသောက်ခဲ့တဲ့သူတွေမှာ နှလုံးသွေးကြောနဲ့ဆိုင်တဲ့ရောဂါတွေဖြစ်နိုင်ခြေပိုများနိုင်တယ်လို့ သိရပါတယ်။ အရင်သုတေသနမှာတော့ဟော်မုန်းဆေးကုထုံးကို ခံယူခဲ့သူတွေမှာ နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေများစေတယ်လို့ဖော်ပြခဲ့ပါတယ်။ဥပမာNational Institutes of Health (NIH) ရဲ့လေ့လာမှုအရ အက်စထရိုဂျင်နဲ့ ပရိုဂျက်စတင်ဟော်မုန်းကုထုံးကြောင့်သွေးဆုံးပြီးအမျိုးသမီးတွေမှာလေဖြတ်နိုင်ခြေ ၄၁ ရာခိုင်နှုန်း၊ နှလုံးရုတ်တရက်ရပ်နိုင်ခြေ ၂၉ ရာခိုင်နှုန်းနဲ့သွေးကြောပိတ်နိုင်ခြေ ၁၀၀ ရာခိုင်နှုန်း ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ အက်စထရိုဂျင်ဟော်မုန်းတစ်ခုတည်းနဲ့တင်လေဖြတ်နိုင်ခြေ ၃၉ ရာခိုင်နှုန်း၊သွေးကြောပိတ်နိုင်ခြေ ၄၇ ရာခိုင်နှုန်းရှိတယ်လို့NIH ကခန့်မှန်းပါတယ်။ဒီသုတေသနအသစ်မှာတော့ နယ်သာလန်နိုင်ငံ Amsterdam Universityဆေးပညာစင်တာမှ သုတေသီအဖွဲ့က ၁၉၇၂ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်အတွင်းဟော်မုန်းကုထုံးခံယူခဲ့တဲ့ ဒတ်ခ်ျလူမျိုး လိင်ပြောင်းလဲသူ ၃၈၇၅ ဦးရဲ့ဆေးမှတ်တမ်းတွေကို စစ်ဆေးလေ့လာခဲ့တာပါ။ လိင်ပြောင်းလဲတဲ့ အမျိုးသမီးတွေ လေဖြတ်အန္တရာယ်ပိုများ လိင်ပြောင်းအမျိုးသမီး(အမျိုးသမီးလိင်တူချစ်သူ) ၂၅၁၇ ဦးနဲ့ အမျိုးသားလိင်ပြောင်းလဲသူ(အမျိုးသားလိင်တူချစ်သူ) ၁၃၅၈ ဦးကိုလေ့လာခဲ့ပါတယ်။ အမျိုးသမီးတွေက ပျမ်းမျှအားဖြင့် အသက် […]


ကျန်းမာရေး သတင်းများ

ညဉ့်နက်မှ အိပ်တတ်သူတွေ creative ပိုဖြစ်တယ်ဆိုတာ ဂျင်းပါ

ညဘက်အိပ်ရာဝင်နောက်ကျပြီး မနက်လည်းနောက်ကျတတ်သူတွေကို အားပေးအားမြှောက်လုပ်ကြတဲ့စကားတစ်ခွန်းရှိတယ်။ ညဉ့်နက်တဲ့အထိ အလုပ်လုပ်သူ၊ ညဉ့်နက်တဲ့အထိ မအိပ်တဲ့သူတွေဟာ တီထွင်ဖန်တီးနိုင်စွမ်းပိုကောင်းကြတယ်ဆိုတာပါပဲ။ အနုပညာရှင်တွေ၊ အတွေးပညာရှင်၊ အိုင်ဒီယာထုတ်ရသူတွေဟာလည်း အိပ်စက်မှုစက်ဝန်း မမှန်ကန်ကြတာများတာကိုး။ညအိပ်နောက်ကျသူတွေဟာနေ့စဉ်လုပ်ဆောင်မှုတွေမှာ အဆင်မပြေဖြစ်စေနိုင်တဲ့ကျန်းမာရေးပြဿနာတွေ ရှိလာနိုင်တယ်လို့အရင်သုတေသနမှာဖော်ပြထားပါတယ်။ စားသောက်ပုံမမှန်ကန်၊ ကျန်းမာရေးနဲ့မညီ ဖြစ်လာနိုင်တဲ့အန္တရာယ်တွေထဲမှာ ဆီးချိုရောဂါလိုမျိုး ဇီဝကမ္မဖြစ်စဉ်နဲ့ဆိုင်တဲ့ရောဂါတွေပါဝင်ပါတယ်။ ယူကေ ဘာမင်ဟန်တက္ကသိုလ်ရဲ့သုတေသနအသစ်မှာတော့ ညအိပ်နောက်ကျသူတွေဟာ အလုပ်လုပ်နိုင်စွမ်းတွေ၊ အတွေးသစ်အိုင်ဒီယာသစ်ထုတ်နိုင်စွမ်းတွေမှာ မကောင်းတဲ့သက်ရောက်မှုတွေရှိလာနိုင်တယ်လို့တွေ့ရှိခဲ့ပါတယ်။"ကိုယ့်ခန္ဓါကိုယ်က မှတ်သားထားတဲ့အချိန်စက်ဝန်းနဲ့မကိုက်ညီတဲ့ အချိန်ဇယားမှာ အလုပ်ချိန်၊ကျောင်းချိန်အတွင်း စွမ်းဆောင်မကောင်းနိုင်ကြလို့ ရုန်းကန်ပင်ပန်းနေရသူတွေ အများကြီးရှိပါတယ်" လို့ဒေါက်တာဖေဆာချိုင်းစ်ကပြောပါတယ်။ သည်လေ့လာတွေ့ရှိမှုကိုSLEEPဂျာနယ်မှာဖော်ပြခဲ့ပါတယ်။ ဇီးကွက်တို့ရဲ့ ဦးနှောက်အလုပ်လုပ်ပုံ ဒီလေ့လာမှုမှာ ပါဝင်သူ ၃၈ဦးကိုသုတေသနအဖွဲ့က နှစ်ဖွဲ့ခွဲပြီး လေ့လာခဲ့တာပါ။ မနက်စောစောထသူ ၁၆ ဦးကတစ်စု၊ ညအိပ်နောက်ကျသူ ၂၂ ဦးက တစ်စုဖြစ်ပါတယ်။ ပျမ်းမျှအားဖြင့် နောက်ကျသူတွေက မနက် ၂နာရီခွဲမှာ အိပ်စက်ကြပြီး မနက်၁၀နာရီ ၁၅ မိနစ်လောက်မှာ အိပ်ရာထကြပါတယ်။ ပါဝင်သူတွေကို […]


ကျန်းမာရေး သတင်းများ

ဇင့်ဓါတ် ချို့တဲ့ရင်လည်း သွေးတိုးနိုင်တယ်

ဇင့်ဓါတ်ချို့တဲ့မှုနဲ့သွေးတိုးရောဂါကြားမှာ ဆက်နွှယ်မှုရှိနေတာကိုသုတေသနလေ့လာမှုအသစ်တစ်ခုက တွေ့ရှိခဲ့ပါတယ်။ ဒီတွေ့ရှိချက်ကသွေးတိုးရောဂါဖြစ်နိုင်တဲ့အန္တရာယ်ရှိနေသူတွေအတွက် ကြိုတင်ကာကွယ်နိုင်မယ့်လမ်းစတစ်ခုလည်းဖြစ်ပါတယ်။ အဖြစ်များဆုံးကျန်းမာရေးပြဿနာတွေထဲပါဝင်နေတဲ့သွေးတိုးရောဂါဟာ ဇင့်ဓါတ်မလုံလောက်မှုနဲ့ဆက်နွှယ်နေတယ်ဆိုတာကို သုတေသီတွေက မကြာသေးခင်နှစ်တွေအတွင်းမှာ တွေ့ရှိပြီးသားဖြစ်ပါတယ်။ ဒါပေမယ့်သွေးတိုးဖြစ်စေတဲ့အထဲမှာ ဇင့်ရဲ့အခန်းကဏ္ဍကို အတိအကျမထောက်ပြနိုင်ခဲ့ပါဘူး။ အမျိုးအစား ၂ ဆီးချိုရောဂါနဲ့ နာတာရှည်ကျောက်ကပ်ရောဂါလိုမျိုးရောဂါတွေရှိတဲ့သူတွေဟာ ဇင့်ဓါတ်ချို့တဲ့မှုနဲ့သွေးတိုးရောဂါရှိတာများပါတယ်။ ကြွက်တွေကိုလေ့လာတဲ့အခါမှာတော့သွေးထဲမှာ ဇင့်ဓါတ်နည်းလာတာနဲ့ အငန်နည်းနည်းစားရုံနဲ့သွေးဖိအားမြင့်တက်စေတာတွေ့ရတာပါ။ မကြာသေးခင်က သုတေသနမှာ ဒီထက်ပိုတဲ့တွေ့ရှိမှုကိုAmerican Journal of Physiology–Renal Physiologyမှာဖော်ပြခဲ့ပါတယ်။ ကျောက်ကပ်နဲ့ သွေးတိုး သွေးတိုးကို ထိန်းချုပ်တဲ့နေရာမှာ ဆိုဒီယမ်စုပ်ယူမှုက အဓိကအရေးပါပါတယ်။ကျောက်ကပ်ရဲ့လုပ်ဆောင်ချက်တစ်ခုက ဆီးဖြစ်တော့မယ့် အရည်တွေထဲကနေ ဆိုဒီယမ်ကိုပြန်စုပ်ယူပြီး ခန္ဓါကိုယ်ထဲပြန်ပို့ပေးတာဖြစ်ပါတယ်။ အများအားဖြင့် ဆီးထဲမှာ ဆိုဒီယမ်နည်းနေပြီဆိုသွေးဖိအားမြင့်တက်ပါတယ်။ တကယ်တော့ကျောက်ကပ်လုပ်ဆောင်ချက်လွန်ကဲတဲ့အခါ ခန္ဓါကိုယ်ထဲပြန်ရောက်လာတဲ့ ဆိုဒီယမ်တွေများလာစေပြီး ဆီးကနေစွန့်ထုတ်တာနည်းမယ်၊သွေးတိုးတက်မယ်၊ ဒါပါပဲ။ သည်လိုလုပ်ဆောင်ချက်ပြောင်းလဲစေဖို့ပေါင်းစပ်လှုပ်ရှားစေတဲ့ ပရိုတင်းတွေအများကြီးရှိပါတယ်။ အင်ဇိုင်းတွေအပါအဝင် ပရိုတင်းအမျိုးအစားများစွာကို လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ဇင့်ဓါတ်ဟာ ဒီအချက်မှာ လှုံ့ဆော်လုပ်ဆောင်ပေးတဲ့အရာတစ်ခုဖြစ်နေပါတယ်။ ဇင့်နဲ့ သွေးတိုး ကြွက်တွေကို အုပ်စုနှစ်ခုခွဲပြီး သုတေသနပြုလုပ်တဲ့အခါ တစ်စုကို ဇင့်ဓါတ်မပြည့်ဝတဲ့အစားအစာကျွေးတော့ သွေးဖိအားမြင့်တာတွေ့ရပြီး ဇင့်ဓါတ်အာဟာရတွေပြန်ဖြည့်လိုက်တဲ့အခါ […]


ကျန်းမာရေး သတင်းများ

ဆီးကျိတ်ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးမယ့် ရွှေမှုန်ကုထုံး

ဆီးကျိတ်ကင်ဆာကုသရာမှာ ကင်ဆာဆဲလ်ေတွကို ပစ်မှတ်ထားတိုက်ဖျက်နိုင်ဖို့ရွှေမှုန်လေးတွေကို အသုံးပြုတဲ့ကုထုံးနဲ့ စမ်းသပ်သုတေသနပြုတာ အလားအလာကောင်းတဲ့ရလဒ်တွေရှိလာပြီလို့ဆေးပညာသတင်းတွေမှာဖော်ပြထားပါတယ်။တချို့ရောဂါတွေအတွက် လက်ရှိအသုံးပြုနေတဲ့ ဓါတုဆေးဝါးကုထုံးတွေက ကင်ဆာဆေးတွေပမာဏအများကြီးသုံးရပြီး ဘေးထွက်ဆိုးကျိုးပြင်းထန်ကြပါတယ်။ ကင်ဆာဆေးတွေက ခန္ဓါကိုယ်ထဲရောက်တဲ့အခါ အကျိတ်တွေကိုချေဖျက်နိုင်၊သေးသွားစေနိုင်ပေမယ့် အရေးကြီးကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်စေပြီး ခန္ဓါကိုယ်ရဲ့လုပ်ဆောင်ချက်တွေကို ပျက်ယွင်းစေနိုင်ပါတယ်။ အခု မစ်ဆာရီတက္ကသိုလ်က ပညာရှင်တွေရဲ့သုတေသနမှာတော့ လက်ဖက်ရွက်ကရတဲ့ ဒြပ်ပေါင်းတစ်ခုနဲ့ နာနိုရွှေမှုန်လေးတွေကိုအသုံးပြုပြီး ဆီးကျိတ်ကို ကုသနိုင်မယ့် နည်းလမ်းကိုတွေ့ရှိခဲ့တာပါ။ ဒီကုထုံးသစ်မှာ သုံးရတဲ့ဆေးပမာဏဟာ ဓါတုဆေးဝါးကုထုံးတွေထက် ပိုနည်းပြီး ဘေးထွက်ဆိုးကျိုးပိုနည်းလို့ တခြားကျန်းမာတဲ့ ခန္ဓါကိုယ်အစိတ်အပိုင်းတွေကို သွားမထိခိုက်စေနိုင်ဘူးလို့ ဆိုပါတယ်။ဆီးကျိတ်ကင်ဆာက ကုသလို့ရနိုင်တဲ့ရောဂါဖြစ်ပြီးစောစောကုသနိုင်ရင် အခွင့်အလမ်းပိုကောင်းပါတယ်။ ဒါပေမယ့် ကုထုံးတွေက ခံရမသက်သာတဲ့အပြင်ဘေးထွက်ဆိုးကျိုးတွေခံစားရနိုင်ပါတယ်။ သူ့အတွက်သုံးတဲ့ ကုထုံးတွေထဲမှာ ဓါတ်ရောင်ခြည်ကုထုံး၊ ဓါတုဆေးဝါးကုထုံး၊ အအေးဓါတ်ကုထုံး၊ဆီးကျိတ်ဂလင်းနဲ့အနီးတဝိုက်တစ်ရှူးတွေ ခွဲစိတ်ဖယ်ရှားတဲ့ကုထုံးတို့ ပါဝင်ပါတယ်။ ဘယ်လိုကုသလဲ အရင်ကင်ဆာကုထုံးတွေလို ထိုးဆေးအများကြီးသုံးရတဲ့အစား တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ထိုးသွင်းပေးရုံနဲ့ရွှေမှုန်တွေက ကင်ဆာအကျိတ်တွေအနီးကို ကပ်သွားစေမယ့်နည်းဖြစ်ပါတယ်။ နာနိုအမှုန်တွေက […]


ကျန်းမာရေး သတင်းများ

ကရင်ပြည်နယ်

မြဝတီမြို့     ၁။ ဓမ္မရတနာတရားအလှူတော်အသင်း   ph. 66869342007   မြဝတီမြို့၊ကရင်ပြည်နယ် ။     ၂။ ကြက်ခြေနီ   ph.9783424817   ကြံခိုင်ရေးအနောက်ကလမ်မေတ္တာလမ်း(1)လမ်းဘေး.အမှတ်(၄) ၊ကရင်ပြည်နယ်၊မြဝတီမြို့၊ ကရင်ပြည်နယ်။   ၃။ စေတနာ နာရေး လူမှုကူညီရေးအသင်း     ဖုန်း. ၀၅၈ ၅၀၄၀၀,၀၉၄၉၇၇၇၃၆၀   မေတ္တာလမ်း အမှတ်(၄)ရပ်ကွက် မြဝတီမြို့၊ ကရင်ပြည်နယ် ။       လှိုင်းဘွဲ့မြို့နယ်     ၁။ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း   ph.973760462   ကရင်ပြည်နယ်၊ဂျိုးချောင်းစံပြ ကျေးရွာ၊လှိုင်းဘွဲ့မြိုနယ်၊ ကရင်ပြည်နယ် ။                 ဘားအံမြို့     ၁။ မာဃ လူမှုကူညီရေးအသင်း   ph.98730567, 05823420   သုဝဏ္ဏလမ်း၊အမှတ်(၄)ရပ်ကွက်၊ဘားအံမြို့၊ကရင်ပြည်နယ်။       ၂။ မေတ္တာရှင်ပရဟိတအသင်း   ph.09777275099, 0933390984   (Facebook)yanmyoaung2013@gmail.com   ဇာသပြင်ကျေးရွာ ၊ ဇာသပြင်တိုက်နယ်ဆေးရုံအနီး၊ ဘားအံမြို့နယ်၊ ကရင်ပြည်နယ် ။       ကော့ကရိတ်မြို့   ၁။ သုဘောဂလူမှုကူညီရေးအသင်း   Ph.9780010676   ထိုတ်ကောဒ်ကိုး၊ ကောကရိတ်၊ ကရင်ပြည်နယ်။


ကျန်းမာရေး သတင်းများ

မန္တလေးတိုင်းဒေသကြီး

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လူမှုကူညီရေးအသင်းအဖွဲ့များ       မန္တလေးမြို့   ၁။ အရေပြားရောဂါဌာန (၄၂) ph-02 21511 လမ်း (၃၀)၊ ၇၇ လမ်းထောင့်။ မန္တလေးတိုင်းဒေသကြီး ။ ၂။ ကူးစက်ရောဂါဆေးရုံကြီး ph- 02 21024 Strand Rd, Gaw Wein Jetty မန္တလေးတိုင်းဒေသကြီး ။ ၃။ အခြေခံကျန်းမာရေး စောင့်ရှောက်မှုဌာနနှင့် ဆေးပေးခန်း ph - 0221574 (၁၂) လမ်း၊ ၇၅-၇၆ လမ်းကြား၊ အောင်မြေသာဇံရပ်ကွက်။ မန္တလေးတိုင်းဒေသကြီး။ ၄။ ဇီဝိတဒါနသံဃဆေးရုံ ph - 36437, 36436 (၆၂) လမ်း၊ နန်းရှေ့၊မန္တလေးတိုင်းဒေသကြီး ။ ၅။ အနာကြီးရောဂါ ပပျောက်ရေးဌာန ph - 02 21568 (၃၅) လမ်း၊ ၆၅-၆၆ လမ်းကြား၊ မန္တလေးတိုင်းဒေသကြီး ။ ၆။ ငှက်ဖျားရောဂါ ပပျောက်ရေးဌာန ph -02 20018 (၃၅) လမ်း၊ ၆၄-၆၅ လမ်းကြား၊ မန္တလေးတိုင်းဒေသကြီး ။     ၇။University […]


ကျန်းမာရေး သတင်းများ

ရန်ကုန်တိုင်းဒေသကြီး

ယခုဖော်ပြထားသည့် သတင်းအချက်အလက်များကို Myanmar First Aid နှင့်ဒေါက်တာငြိမ်းချမ်းကိုကိုတို့ထံမှ ရရှိထားပြီး စုစည်းဖော်ပြထားခြင်းဖြစ်ပါသည်။ သင်္ဃန်းကျွန်းမြို့နယ်ရှိ လူမှုကူညီရေးအသင်းများ (၁) မူလအနာဂါတ်အလင်းရောင်သွေးနှင့်ပရဟိတအသင်း Ph: 933079568 ရုံးခွဲ ၂ သင်္ဃန်းကျွန်းရဲစခန်းဝင်း ဦးစံဖေလမ်းသင်္ဃန်းကျွန်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီး (၂) မူလအနာဂါတ်အလင်းရောင်သွေးနှင့်ပရဟိတအသင်း Ph: 9421147063 ရုံးခွဲ ၃ မေသူရိန်ရွာဦးကျောင်း ကန်တော်လမ်း လေးထောင့်ကန်ရပ်ကွက် သင်္ဃန်းကျွန်း ရန်ကုန်တိုင်းဒေသကြီး   (၃) မူလအနာဂါတ်အလင်းရောင်သွေးနှင့်ပရဟိတအသင်း Ph: 9250178616 ရုံးခွဲ A(5) ပတ္တမြားအိမ်ယာ ဦးစံဖေလမ်းသင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး   (၄) လူမှုကူညီရေးအသင်း(သင်္ဃန်းကျွန်း) Ph: 09420011181, 09420011182 ရတနာပုံရိပ်ငြိမ် (ဘုန်းတော်ကြီးပညာရေးကျောင်း)၊သုမင်္ဂလာလမ်းနှင့်ရတနာလမ်းထောင့် ကျိုက္ကဆံအနောက်ရပ်ကွက်၊သင်္ဃန်းကျွန်း ရန်ကုန်တိုင်းဒေသကြီး   (၅) သုတမြတ်မွန် Ph: 9425014693 နှင်းဆီကုန်း (က)ရပ်ကွက်၊သင်္ဃန်းကျွန်း ရန်ကုန်တိုင်းဒေသကြီး       မြောက်ဥက္ကလာပမြို့နယ် (၁) ဌ-နာရေးကူညီမှုအသင်း 9421094903 ဌ-ရပ်ကွက် ဆွယ်တော်လမ်း ခြောက်ကွေ့ ဂစ်ဆိုင်နောက်ကျော၊မြောက်ဥက္ကလာပမြို့နယ် ရန်ကုန်တိုင်းဒေသကြီး     (၂) နိဗ္ဗာန်ကူးတို့ဘုရားဖူးပို့ဆောင်ရေးကရုဏာလူငယ်အဖွဲ့ Ph: 95041738 (ဋ)ရပ်ကွက်။ ကရုဏာပိုင်း။ မြောက်ဥက္ကလာပမြို့နယ် ရန်ကုန်တိုင်းဒေသကြီး       တိုက်ကြီးမြို့နယ် (၁) နိဗ္ဗာန်ချမ်းသာမင်္ဂလာအသင်း Ph: 09-5520777 ဗောဓိကုန်းရပ်ကွက်၊တိုက်ကြီး ရန်ကုန်တိုင်းဒေသကြီး   (၂) သစ္စာပါရမီ လူမှုကူညီရေးအသင်း တိုက်ကြီးမြို့နယ်၊အဖျောက်မြို့၊တိုက်ကြီး ရန်ကုန်တိုင်းဒေသကြီး   (၃) […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း