အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သုံးပြီးသားကော်ဖီအနှစ်တွေကို အသုံးချနိုင်မယ့်နည်းလမ်းကောင်းများ

ကော်ဖီဖျော်ပြီးရင် ကျန်တဲ့အမှုန့်အနှစ်တွေကို ချက်ချင်းလွှင့်ပစ်တတ်ကြပါတယ်။ ဒါပေမယ့် သုံးပြီးသားကော်ဖီအနည်တွေက စွယ်စုံအသုံးဝင်တာကိုတော့ သိပ်မသိကြပါဘူး။ သုံးပြီးသားကော်ဖီအနှစ်တွေကို အိမ်အလုပ်တော်တော်များများမှာ စရိတ်မကုန်ဘဲအသုံးဝင်တဲ့နည်းလမ်းတွေနဲ့အသုံးချနိုင်ပါတယ်။ ကော်ဖီသောက်ပြီးရင် ကျန်တဲ့အနည်တွေကို အလှအပအတွက် အသုံးချလို့ရသလို ဆံပင်အတွက်လည်း အသုံးဝင်ပါတယ်။ ကော်ဖီကိုနေ့စဉ်သောက်ရင် အသက်ရှည်နိုင်တယ်၊ လေဖြတ်ခြင်းကိုကာကွယ်နိုင်တယ်၊ အမျိုးအစား ၂ ဆီးချိုရောဂါအန္တရာယ် ကာကွယ်နိုင်တယ်လို့တောင်လေ့လာမှုတွေထွက်ပေါ်ခဲ့ပါတယ်။ ဒါ့အပြင်သောက်ပြီးကျန်ရှိတဲ့အနည်တွေဟာလည်း ပြန်လည်အသုံးပြုခြင်း(recycle) သဘောနဲ့ စွယ်စုံအသုံးချလို့ရနိုင်ပါတယ်။ သုံးပြီးသားကော်ဖီအနှစ်တွေကို အသုံးချနိုင်မယ့်နည်းလမ်းကောင်းများ သုံးပြီးသားကော်ဖီအနှစ်တွေကို အသုံးချနိုင်မယ့်နည်းလမ်းကောင်းများ ကတော့ မြေသြဇာအဖြစ်သုံးမယ် azaleas ပန်း၊hydrangeas (ခြောက်လပန်း)၊rhododendrons(တောင်ဇလပ်ပန်း)၊camellias ပန်း၊ နှင်းဆီပန်း တို့လို အပင်တွေစိုက်တဲ့အခါကော်ဖီကို မြေသြဇာအဖြစ်ပြောင်းလဲအသုံးချနိုင်ပါတယ်။ ကော်ဖီအနည်တွေကို အက်စစ်ဓာတ်ပြယ်စေဖို့ မြက်ခြောက်၊ ကောက်ရိုး၊ အရွက်ကြွေတွေနဲ့ ရောပြီးမှ အပင်ပတ်လည်မှာဖြန့်ထားပါ။ ကော်ဖီအနည်တွေက မြေဆီလွှာကို နိုက်ထရိုဂျင်နဲ့ ပိုတက်စီယမ်ဓာတ်အပြင် အပင်တွေရှင်သန်ဖြစ်ထွန်းဖို့လိုအပ်တဲ့ မဂ္ဂနီဆီယမ်ကိုထောက်ပံ့ပေးနိုင်ပါတယ်။ ကော်ဖီမြေသြဇာက ဖော့စ်ဖရိတ်နဲ့ ကယ်လ်စီယမ်မပါတာကြောင့် အသီးအတွက် အားပေးနိုင်မှာတော့မဟုတ်ပါဘူး။ ပြီးပြည့်စုံတဲ့ ကော်ဖီမြေသြဇာကိုရရှိဖို့အတွက် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ခြေဗလာနဲ့ လမ်းလျှောက်ခြင်းကနေရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ပထဝီဓါတ်ယူပါ။မြေကြီးဓါတ်ယူပါလို့ပြောတာကိုကြားဖူးကြမှာဖြစ်ပါတယ်။ ဒီလိုမျိုးမြေကြီးဓါတ်ပြည့်ဝစေဖို့အတွက်လုပ်ဆောင်နိုင် မယ့်အရိုးစင်းဆုံးနည်းလမ်းကတော့ခြေဗလာနဲ့လမ်းလျှောက်တာပဲဖြစ်ပါတယ်။ခြေထောက်ကိုမြေကြီးနဲ့တိုက်ရိုက်ထိတွေ့ပြီးလျှောက်ပေးတာက ခန္ဓါကိုယ်ကို ကမ္ဘာမြေဆီကနေnegative electronsတွေကို စုပ်ယူနိုင်စေသလို ခန္ဓါကိုယ်ရဲ့နေ့စဉ်လှုပ်ရှားမှုတွေကို စည်းချက်ညီစေပြီး ကိုယ်တွင်းကbioelectrical ဝန်းကျင်ကိုလည်းဟန်ချက်ညီအောင်လုပ်ဆောင်ပေးပါတယ်။ တိုးတက်လာတဲ့ လူနေမှုဘဝပုံစံကြောင့် ကျွန်မတို့ဟာ မိခင်ကမ္ဘာမြေကြီးနဲ့ ထိတွေ့ခွင့်ကိုတော်တော်လေးကိုဆုံးရှုံးနေပြီဖြစ်ပါတယ်။ ဒါပေမယ့် အချိန်ပေးပြီး ကမ္ဘာမြေကြီးနဲ့တိုက်ရိုက်ထိတွေ့မှုကို ခံစားကြည့်လိုက်ပါ။ သင်ထင်မှတ်မထားတဲ့ အကျိုးကျေးဇူးတွေရရှိစေမှာအသေအချာပါပဲ။ ခြေချင်းဝတ်နဲ့ခြေဖဝါးတွေကို သန်မာစေခြင်း ခြေဗလာနဲ့ လမ်းလျှောက်တာကခြေထောက်ကို သဘာဝအတိုင်းလှုပ်ရှားနိုင်ခွင့်ရရှိစေတာကြောင့်ခြေချင်းဝတ်နဲ့ခြေဖဝါးတွေကို သန်မာစေပါတယ်။ ရှုးဖိနပ်တွေက ကြွက်သားတွေကိုချည့်နဲ့စေပြီးခြေဖဝါးတွေကို အားနည်းစေပါတယ်။ခြေချင်းဝတ်တွေနဲ့ခြေဖဝါးတွေက ကြွက်သားတွေကိုမြေကြီးနဲ့မှန်မှန်ထိတွေ့စေမယ်ဆိုရင်ခြေထောက်နဲ့ ဦးနှောက်ကြားက ချိတ်ဆက်မှုကို ပိုမိုကောင်းမွန်စေပါတယ်။ ခန္ဓါကိုယ်ကို ပိုမိုဟန်ချက်ညီလာစေပြီး ပိုမိုသန်မာလာစေသလို ထိခိုက်ဒဏ်ရာရမှုတွေကနေလည်းပိုမိုခံနိုင်ရည်ရှိစေပါတယ်။ နာကျင်မှု နဲ့ ရောင်ရမ်းမှုကိုလျော့ပါးစေနိုင်ခြင်း လေ့လာမှုတစ်ရပ်အတွင်း ၈ ပတ်ဆက်တိုက်မြေကြီးမှာခြေဗလာနဲ့ လမ်းလျှောက်စေခြင်းက နာကျင်မှုဗတွကိုလျော့ပါးသက်သာစေပြီး စိတ်ဖိစီးမှုကိုလျော့ကျစေနိုင်သလို အိပ်ပျော်စေပါတယ်။ စမ်းသပ်မှုကာလပြီးဆုံးတဲ့နောက်လေ့လာမှုမှာပါဝင်သူတွေမှာကော်တီဇော ပမာဏကျဆင်းနေတာကို သိပ္ပံပညာရှင်တွေကတွေ့ရှိခဲ့ပါတယ်။ခြေဗလာနဲ့ ပုံမှန်လမ်းလျှောက်သူတွေကခြေဗလာနဲ့ လမ်းမလျှောက်တဲ့သူတွေထက် ပိုမိုအိပ်ပျော်တာကိုတွေ့ရှိခဲ့ရပါတယ်။ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေနိုင်ခြင်း ခြေဗလာနဲ့ လမ်းလျှောက်တာကသွေးဖြူဥဆဲလ်အရေအတွက်ကိုကျဆင်းစေပြီးသွေးနီဥဆဲလ်အရေအတွက်ကို တိုးစေနိုင်တာကြောင့် ကိုယ်ခ့အားစနစ်ကိုကောင်းမွန်စေနိုင်ပါတယ်။ နှလုံးရောဂါဖြစ်နိုင်ခြေကိုလျော့ကျစေနိုင်ခြင်း ခြေဗလာနဲ့ လမ်းလျှောက်တာကသွေးနီဥဆဲလ်အရေအတွက်ကို တိုးစေနိုင်ပြီးသွေးနီဥဆဲလ်တွေရဲ့surface […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အိမ်မွေးတိရစ္ဆာန်မွေးခြင်းရဲ့ ကောင်းကျိုးများ

အိမ်မွေးတိရစ္ဆာန်တွေက လူတွေရဲ့ဘဝမှာအရေးပါတဲ့နေရာက ပါဝင်နေပါတယ်။ လမ်းပြခွေးတွေ၊ရောဂါရှာဖွေရေးအတွက်လေ့ကျင့်ပေးထားတဲ့ ခွေးလေးတွေအပြင်ရောဂါကုသရေး၊ စကားပြောဆိုမှုကုထုံး၊ လူနာတွေရဲ့ခန္ဓါကိုယ် နာလန်ပြန်ထူရေးတွေမှာပါ တိရစ္ဆာန်တွေကို အသုံးပြုလာကြပါတယ်။ ပုံမှန်တော့ခွေးလေးတွေ၊ကြောင်လေးတွေမွေးလေ့ရှိကြပေမယ့် အခုဆို သွက်လက်တဲ့ ရက်ကွန်းဝံ(raccoon)တွေ၊ ပူးလေးတွေ၊ အလှမွေးငါး၊ ငှက်လေးတွေနဲ့ ကြွက်ဖြူလေးတွေအပြင် အလှမြွေတွေ၊ ပုတ်သင်ကြီးမျိုး နဲ့ အိမ်မွေးဝက်အသေးမျိုး (pet pigs)တွေပါမွေးလာကြပြီဖြစ်ပါတယ်။ အိမ်မွေးတိရစ္ဆာန်မွေးခြင်းရဲ့ ကောင်းကျိုးများ တစ်နေ့တာလုံးစိတ်ဖိစီးလာပြီး အိမ်ကိုပြန်လာရင် အမြီးတရမ်းရမ်းနဲ့ပြေးကြိုတဲ့ခွေးလေး သို့မဟုတ် တညောင်ညောင်နဲ့ကြောင်လေးတွေကိုတွေ့လိုက်ရရင် ရုတ်တရက် အမောပြေသွားတာ တိရစ္ဆာန်ချစ်သူတွေ သိနိုင်တဲ့ခံစားချက်ပါ။ တကယ်လည်း ဒီကောင်လေးတွေက သင့်ရဲ့ စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေးအတွက် အကျိုးပြုပါတယ်လို့ သုတေသနတွေက သက်သေထူခဲ့ကြပါတယ်။ အိမ်မွေးတိရစ္ဆာန်တွေက သခင်ကို အကြွင်းမဲ့ချစ်ခင်ပြီး အမြဲနွေးနွေးထွေးထွေးလက်ခံကြိုဆိုတတ်ကြတယ်၊ သခင်လိုအပ်တဲ့အချိန်တိုင်းအမြဲတမ်းအသင့်ရှိနေတတ်တယ်လို့University of Minnesota ၊Boynton Health Service မှ တာဝန်ရှိသူGary A. Christenson ကပြောပါတယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေကြောင့် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ရယ်မောခြင်းကနေရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးများ

ရယ်မောသူတွေရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေထဲမှာ စိတ်ဖိစီးမှုကိုဖြစ်စေနိုင်တဲ့ဟော်မုန်းကိုလျော့ကျစေနိုင်ခြင်းနဲ့သွေးပေါင်ချိန်ကိုလျော့ကျစေနိုင်တဲ့အကျိုးကျေးဇူးတွေပါဝင်သလို ဆဲလ်တွေနဲ့ အင်္ဂါအစိတ်အပိုင်းတွေဆီကိုသွေးစီးဆင်းမှုနဲ့အောက်ဆီဂျင်ရောက်ရှိမှုကိုလည်း တိုးစေနိုင်ပါတယ်။ ရယ်မောခြင်းက ကြွက်သားအုပ်စုတော်တော်များများအတွက် သဘာဝလေ့ကျင့်ခန်းတစ်ရပ်လည်းဖြစ်ပါတယ်။ အဖျားရောဂါအချို့ကို ကာကွယ်ပေးနိုင်သလို ခန္ဓါကိုယ်အနှံ့မှာရှိတဲ့ရောဂါတွေကိုတိုက်ဖျက်ပေးနေတဲ့ ဆဲလ်တွေရဲ့ တုံ့ပြန်မှုကိုလည်း တိုးတက်စေနိုင်ပါတယ်။ ရယ်မောသူတွေက မှတ်ဉာဏ်စွမ်းရည်တိုးတက်သလို တီထွင်ဖန်တီးနိုင်မှုစွမ်းရည်ကိုလည်း တိုးတက်စေ နိုင်ပါတယ်။ ပိုပြီးရယ်မောနိုင်ဖို့ကြိုးစားပါ။ သုတေသီအချို့က ရယ်မောခြင်းက အကောင်းဆုံးသောဆေးဝါးတစ်ရပ်လို့ သတ်မှတ်ထားကြသလို ရယ်မောခြင်းက ခံစားချက်ကိုပိုမိုကောင်းမွန်စေပါတယ် လို့လက်ခံယုံကြည်ထားကြပါတယ်။ ရယ်လိုက်တဲ့အခါ စိတ်ပိုင်းဆိုင်ရာ အခြေအနေကပြောင်းလဲသွားပါတယ်။ မျက်နှာနဲ့ခန္ဓါကိုယ်က ကြွက်သားတွေကို ဆွဲဆန့်လိုက်သလိုဖြစ်သွားပြီးသွေးဖိအား နဲ့ သွေးခုန်နှုန်းကိုလည်းကောင်းမွန်စေပါတယ်။ အသက်ရှုနှုန်းပိုမြန်လာပြီး ကိုယ်တွင်း တစ်ရှုးတွေဆီကိုအောက်ဆီဂျင်တွေပိုမိုရောက်ရှိစေပါတယ်။ ရယ်မောခြင်းကနေ ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိစေနိုင်မလဲ ရယ်မောခြင်းက လူသားအားလုံးအတွက်ဆေးတစ်လက်ပါ။ ရယ်မောခြင်းက စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ဟော်မုန်းတွေကို ကျဆင်းစေပြီး၊ စိတ်ခံစားမှုကို ပိုမိုကောင်းမွန်စေသလို၊ ဖန်တီးနိုင်စွမ်းကိုလည်းမြင့်တက်စေတဲ့အပြင် အကျိုးကျေးဇူးတော်တော်များများကိုလည်းရရှိစေနိုင် ပါတယ်။ စိတ်ဖိစီးမှုဖြစ်စေတဲ့ဟော်မုန်းတွေကိုလျော့ကျစေခြင်း ရယ်မောခြင်းက ခန္ဓါကိုယ်ထဲမှာရှိတဲ့ စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ဟော်မုန်းတွေကိုလျော့ကျစေနိုင်ပါတယ်။ စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ဟော်မုန်းတွေထဲက ဓါတုပစ္စည်းတွေကို အချို့သောအခြေအနေမျိုးမှာ ခန္ဓါကိုယ်အတွက်လိုအပ်ပေမယ့် အသုံးပြုစရာမရှိဘဲ […]


အခြေခံကျန်းမာရေး

နွေရာသီမှာ ဘယ်လိုရောဂါတွေအဖြစ်များသလဲ

နွေရာသီမှာ အဖြစ်များတဲ့ရောဂါများ နွေရာသီက ပုံမှန်အားဖြင့်တော့ခြောက်သွေ့၊ပူနွေးပြီး အိုက်စပ်စပ်နိုင်လှပါတယ်။နွေရာသီဟာလည်းအခြားရာသီတွေလိုပဲရောဂါတွေနဲ့ အတူရောက်လာတတ်ပါ။ ကြိုတင်ကာကွယ်မှုတွေသာမလုပ်ဆောင်ဘူးဆိုရင်နွေရာသီရဲ့ ပူပြင်းမှုနဲ့ခြောက်သွေ့မှုတွေကရောဂါ တော်တော်များများကိုဖြစ်ပေါ်ခံစားရစေပါတယ်။ ကြိုတင်သတိပြုကာကွယ်စေနိုင်ဖို့ နွေရာသီမှာ အဖြစ်များတဲ့ရောဂါအချို့ကိုဖော်ပြပေးလိုက်ပါတယ်။ အပူရှပ်ခြင်း - ပူပြင်းလှတဲ့ အပူဒဏ်ကိုအချိန်ကြာမြင့်စွာထိတွေ့မှုကြောင့် ခန္ဓါကိုယ်အပူချိန်မြင့်တက်လာတဲ့အခါ အပူရှပ်တာကိုခံစားရနိုင် ပါတယ်။ ပုံမှန်မဟုတ်တဲ့ ခန္ဓါကိုယ်အပူချိန်မြင့်တက်မှုဖြစ်ပေါ်တဲ့အခါခေါင်းကိုက်တာ၊မအီမသာဖြစ်တာ၊ ညီးစီစီဖြစ်တာ၊ ကြွက်တက်တာ၊ နှလုံးခုန်မြန်တာ နဲ့ အဖျားတက်တာမျိုးတွေခံစားရနိုင်ပါတယ်။ အစာအဆိပ်သင့်ခြင်း -အစာအဆိပ်သင့်တာကိုဖြစ်စေတဲ့အဓိကအကြောင်းအရင်းက မသန့်ရှင်းတဲ့အစားအစာတွေနဲ့ရေတွေကို စားသုံးမိ တာပဲဖြစ်ပါတယ်။ ဘက်တီးရီးယားတွေ၊ဗိုင်းရပ်စ်တွေ၊အဆိပ်သင့်စေတဲ့အရာတွေနဲ့ဓါတုဗေဒပစ္စည်းတွေ ခန္ဓါကိုယ်ထဲဝင်ရောက်တာကြောင့်ဖြစ်ပါတယ်။ အစာအဆိပ်သင့်စေနိုင်တဲ့အရာတွေ ခန္ဓါကိုယ်ထဲရောက်ရှိသွားတဲ့အခါ အစာအိမ်နာတာ၊ မအီမသာဖြစ်တာ၊ဝမ်းလျှောတာနဲ့အော့အန်တာတွေခံစားရနိုင်ပါတယ်။ အသားစိမ်းတွေ၊ လမ်းဘေးမှာရောင်းချနေတဲ့ ဖုံးအုပ်မထားတဲ့အစားအသောက်တွေ နဲ့ မသန့်ရှင်းတဲ့သောက်သုံးရေတွေက အစာအဆိပ်သင့်တာကိုဖြစ်စေတဲ့ရောဂါပိုးတွေကိုအဓိကသယ်ဆောင်တဲ့ အရာတွေဖြစ်ပါတယ်။ မျက်စိနာခြင်း -မျက်စိနာတာ (သို့) မျက်မြှေးရောင်တာက ဘက်တီးရီးယားကူးစက်တာ (သို့) ဓါတ်မတည့်မှုတွေကြောင့်ဖြစ်ပေါ်ခံစားရတာဖြစ်ပါတယ်။ ၄ ရက် ကနေ ၇ ရက်အထိကြာမြင့်နိုင်ပါတယ်။ နွေရာသီ စိတ်ဓါတ်ကျရောဂါ -ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်တာဖြစ်ပါတယ်။ အပူချိန်မြင့်တက်လာတာက […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဒေါက်မြင့်ဖိနပ်စီးခြင်းရဲ့ကျန်းမာရေးဆိုးကျိုးများ

ဒေါက်မြင့်ဖိနပ်တွေဆိုတာက အမျိုးသမီးတွေခေတ်မီဆန်းသစ်တဲ့အဆင်တန်ဆာတစ်ရပ်အဖြစ် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။ မာရီလင် မွန်ရိုး ကနေစလို့Carrie Bradshawခေတ်အထိကိုဒေါက်မြင့်ဖိနပ်တွေကို ဖက်ရှင်ကျတာကို နှစ်သက်တဲ့ အမျိုးသမီးတွေက ဝတ်ဆင်လာခဲ့တာ အခုချိန်ထိပဲဖြစ်ပါတယ်။ဒေါက်မြင့်ဖိနပ်တွေကို ဖက်ရှင်ကျဖို့အတွက်သာမက အဆင်တန်ဆာတစ်ရပ်အနေနဲ့ပါ ဝတ်ဆင်အသုံးပြုလာကြပါတယ်။   စီးတဲ့ ဖိနပ်ရဲ့အရည်အသွေးပေါ်မှာမူတည်ပြီးတော့ ခန္ဓါကိုယ်အပေါ် သက်ရောက်မှုပုံစံကွာခြားပါတယ်။ အမြဲလိုလို ၃ လက်မ (သို့) ၃ လက်မထက်နိမ့်တဲ့ဒေါက်ကို စီးနေတာက သိပ်ပြီးပြဿနာမရှိနိုင်ပေမယ့် အဆိုပါအမြင့်ထက် ပိုမြင့်တာကိုစီးမယ်ဆိုရင်တော့ လမ်းလျှောက်တဲ့အခါ ခန္ဓါကိုယ်အပေါ်သက်ရောက်မှုတွေရှိလာနိုင်ပါတယ်။ အရမ်းမြင့်တဲ့ဒေါက်မြင့်ဖိနပ်တွေ စီးတဲ့အခါဖြစ်ပေါ်ခံစားရနိုင်တဲ့ ကျန်းမာရေးအခြေအနေအချို့ကိုမျှဝေပေးလိုက်ပါတယ်။   ခါးနာခြင်း ခါးမှာဒဏ်မရှိဘဲ ဘာကြောင့်မျန်းမသိခါးနာနေပြီဆိုရင်တော့ သင့်ရဲ့ဒေါက်မြင့်ဖိနပ်ကြောင့်ဆိုတာသိလိုက်ပါ။ဒေါက်မြင့်ဖိနပ်စီးတဲ့အခါခြေဖဝါးပေးမှာ ဝန်ပိစေပြီး တင်ပါးဆုံရိုးက အရှေ့ဘက်ကိုရောက်စေပါတယ်။ အဆိုပါအနေအထားမျိုးမှာ ခန္ဓါကိုယ်ကို ဟန်ချက်ညီအောင် ခါးကပုံမှန်ထက်အားစိုက်ပြီး ထိန်းရသလိုဖြစ်တာကြောင့် ခါးနာတာမျိုးခံစားရနိုင်ပါတယ်။   ဒေါက်ပိုမြင့်လေလေ ခါးကပိုအားစိုက်ရလေလေဖြစ်တာကြောင့် အရမ်းမြင့်တဲ့ဒေါက်ဖိနပ်တွေက ခါးပိုနာစေပါတယ်။ အာရုံကြော နာကျင်ပျက်စီးစေနိုင်ခြင်း အာရုံကြောစနစ်က ခန္ဓါကိုယ်ရဲ့ အရမ်းကိုနူးညံ့တဲ့အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။ မိမိစီးတဲ့ ဖိနပ်တွေက အာရုံကြောအပေါ်မှာတော်တော်ကို အကျိုးသက်ရောက်မှုရှိပါတယ်။ အရမ်းမြင့်တဲ့ဒေါက်မြင့်ဖိနပ်တွေက […]


အခြေခံကျန်းမာရေး

ကိုယ့်မှာ သိုင်းရွိုက်ပြဿနာရှိနေတဲ့လက္ခဏာတွေ ရှိမရှိ သင်သိရဲ့လား

မပေါ့ဆသင့်တဲ့ သိုင်းရွိုက်ပြဿနာ လက္ခဏာများ သိုင်းရွိုက် အသံအိုးနဲ့ ညှပ်ရိုးကြားမှာရှိပြီး လက်မအရွယ်အစားလောက်တောင်မရှိတဲ့ သိုင်းရွိုက်ဂလင်းဟာ ခန္ဓါကိုယ်တစ်ခုလုံးနီးပါးကို သက်ရောက်မှုပေးနိုင်ပါတယ်။ သိုင်းရွိုက်က သင့်ခန္ဓါကိုယ်မှာ ကယ်လိုရီဘယ်လောက်လောင်ကျွမ်းသွားသလဲ၊ ဦးနှောက်၊နှလုံး၊အသည်းနဲ့တခြား ကိုယ်တွင်းအစိတ်အပိုင်းတွေရဲ့လှုပ်ရှားမှုအနှေးအမြန်ကို ထိန်းချုပ်ပြီး ဇီဝကမ္မဖြစ်စဉ်ကို မှန်ကန်စေမယ့်ဟော်မုန်းတွေထုတ်ပေးပါတယ်။ ဒီဂလင်းလေးကပဲ သင့်ရဲ့စိတ်ခံစားချက်ကျန်းမာရေးကအစ အမျိုးသမီးရာသီသွေးကျန်းမာရေး၊ အရိုးကျန်းမာရေးတွေအထိ အရာရာတိုင်းမှာ အရေးပါတဲ့နေရာကပါဝင်နေတာဖြစ်ပါတယ်။   ဘယ်လိုလုပ်ဆောင်ချက်ရှိသလဲ သိုင်းရွိုက်က အိုင်အိုဒင်းပါဝင်ဖွဲ့စည်းထားတဲ့အဓိကဟော်မုန်းတွေဖြစ်တဲ့ triiodothyronine (T3) နဲ့ thyroxine (T4) တို့ကိုထုတ်ပေးပါတယ်။ခေါင်းအစခြေအဆုံးကို သက်ရောက်မှုပေးနေတဲ့ သိုင်းရွိုက်ရဲ့လုပ်ဆောင်ချက်တွေကတော့ - နှလုံး - သိုင်းရွိုက်ဟော်မုန်းက သွေးကြောနံရံတွေရဲ့ကြွက်သားတွေကိုဖြေလျှော့ပေးပြီး သွေးလည်ပတ်မှုကိုထိန်းချုပ်ကာ နှလုံးခုန်နှုန်းကိုလွှမ်းမိုးနိုင်ပါတယ်။ သန္ဓေအောင်နိုင်စွမ်း -သိုင်းရွိုက်ဟော်မုန်းတွေက အမျိုးသမီးတွေရဲ့ရာသီစက်ဝန်းကိုလည်း သက်ရောက်မှုပေးနိုင်ပါတယ်။ဟော်မုန်းတွေ ကမောက်ကမဖြစ်ရင် မျိုးဥကြွေခြင်းနဲ့ဓမ္မတာလာချိန်တွေ မမှန်တော့ဘဲဖြစ်တတ်ပါတယ်။ အရိုး - အသက်ကြီးသူတွေမှာအရိုးကျိုးတဲ့နှုန်းက သိုင်းရွိုက်ဟော်မုန်းတွေနဲ့လည်း သက်ဆိုင်နေပါတယ်။ ဒီနှုန်းကမြန်လာရင် အရိုးတွေ အလိုလိုပြန်ဖြည့်တင်းနိုင်စွမ်းထက် ပျက်စီးမှုနှုန်းပိုမြန်စေပြီး အရိုးပွရောဂါဖြစ်စေနိုင်ပါတယ်။ ကိုယ်အလေးချိန် - သိုင်းရွိုက်က သင့်ရဲ့ဇီဝကမ္မဖြစ်စဉ်(ကယ်လိုရီလောင်ကျွမ်းမှုဘယ်လောက်မြန်သလဲ)ကို ထိန်းချုပ်နိုင်တာကြောင့် […]


အခြေခံကျန်းမာရေး

မှိုနဲ့ ဘက်တီးရီးယားကူးစက်ရောဂါတွေကို သဘာဝနည်းလမ်းတွေနဲ့ ဘယ်လိုကုသမလဲ

မှိုနဲ့ ဘက်တီးရီးယားကူးစက်ရောဂါတွေဟာ စိတ်အနှောင့်အယှက်ဖြစ်စေရုံသာမက ဝက်ခြံပေါက်ခြင်း၊candida မှိုစွဲခြင်းနဲ့ လိင်အင်္ဂါကူးစက်ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုမျိုးတွေဖြစ်လာရင် ခရင်မ်၊လိုးရှင်း နဲ့ ဆေးပြားတွေကို သုံးစွဲမယ့်အစား အဆိုပါ ဘက်တီးရီးယားပိုးမွှားတွေကို အောက်ဖော်ပြပါ သဘာဝနည်းလမ်းတွေကို သုံးပြီး နှိမ်နင်းနိုင်ပါတယ်။   အချိုမစားပါနဲ့ မကောင်းတဲ့ ဘက်တီးရီးယားတွေရန်က ကင်းဝေးစေဖို့အတွက် carbohydrate ဓါတ်(ကစီဓါတ်)နဲ့ အချိုတွေကို လျှော့စားရပါမယ်။ ဘာလို့လဲဆိုတော့ အဆိုပါ အစားအစာတွေဟာ ဘက်တီးရီးယားတွေ ပိုမိုပေါက်ပွားအောင် အားပေးနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် နေ့စဉ်စားသောက်မှုပုံစံထဲကနေ အချိုဓါတ်ကို လုံးဝဖယ်ထုတ်ပစ်ဖို့ကျတော့ လူအများစုအတွက် ခက်ခဲပါတယ်။ အချိုဓါတ်(သကြား)ဟာ ကျွန်တော်တို့နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေအားလုံးနီးနီးမှာ ပါဝင်နေပါတယ်။ ဒါကြောင့် သင့်အနေနဲ့ သကြားလုံးတွေ၊အချိုတွေ၊ဆိုဒါတွေ၊ချိုတဲ့ အစားအစာတွေ နဲ့ အစာအိမ်ထဲမှာ ချေဖျက်ပစ်လိုက်တဲ့အခါ သကြားဓါတ်အဖြစ် ပြောင်းလဲသွားနိုင်တဲ့ အစားအစာတွေ(ဥပမာ အဖြူရောင် ပတ်စတာ ခေါက်ဆွဲ၊ပေါင်မုန့်ဖြူ နဲ့ အနှံတွေ အားလုံးနီးပါး)ကို တတ်နိုင်သမျှ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မိသားစုကို ဘယ်လို ကျန်းမာအောင် ထားမလဲ

အအေးမိ တုပ်ကွေးရာသီရောက်ချိန်မှာ သင့်မိသားစုကို ရောဂါပိုးကင်းစင်အောင် ဂရုစိုက်ခြင်းဟာ လွန်စွာ အရေးကြီးပါတယ်။ တကယ်လို့ ရောဂါပိုးသယ်ဆောင်တဲ့ အကောင်တစ်ကောင်ဟာ မိသားစုဝင်တစ်ဦးဦးကို ကိုက်လိုက်ပြီဆိုရင် သင်တို့အားလုံးကို ကူးစက်နိုင်ပါတယ်။ တုပ်ကွေးဗိုင်းရပ်စ်ပိုးတွေသာမက အခြားရောဂါပိုးတွေနဲ့ ဓါတ်မတည့်စေတဲ့ ပစ္စည်းတွေလည်း အိမ်မှာရှိနိုင်ပါတယ်။ အချို့ရောဂါပိုးတွေဟာ မချက်ရသေးတဲ့ အသားတွေထဲမှာ ရှိနေနိုင်ပြီး အချို့ pertussis ဘက်တီးရီးယားကတော့ အထူးသဖြင့် ကလေးငယ်တွေနဲ့ လမ်းလျှောက်တတ်ကာစ ကလေးတွေကြားမှာ ပြင်းထန်တဲ့ ရောဂါပိုးတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် အောက်ဖေါ်ပြပါ အချက်ရှစ်ခုကို လိုက်နာဖို့က အရေးကြီးပြီး ဒီအချက်တွေက ရောဂါပိုးကင်းစင်ဖို့ ကူညီပေးကာ သင့်မိသားစုကို တစ်နှစ်ပတ်လုံးကျန်းမာနေစေမှာ ဖြစ်ပါတယ်။ မနက်စာစားပါ။ ကျန်းမာစေတဲ့ မနက်စာနဲ့ ကျန်းမာတဲ့ ကိုယ်အလေးချိန် ဆက်စပ်မှုဟာ ယုံကြည်ဖွယ်ဖြစ်ပါတယ်။ ဒီနှစ်အစောပိုင်းမှာ Israeli သိပ္ပံပညာရှင်တွေက ကိုယ်အလေးချိန် များတဲ့ (သို့) အဝလွန်တဲ့ အမျိုးသမီး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အိမ်တွင်းကျန်းမာရေး၊ ဖျားနာမှု ပျံ့နှံ့တာကို ကာကွယ်ဖို့ အချက်အလက်၊ အကြံဉာဏ်၊ အကောင်းဆုံး အလေ့အကျင့်များ

ရောဂါပိုးမွှား၊ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေက ကျွန်တော်တို့ ပတ်ပတ်လည်မှာ ရှိနေကြတာပါ။ ဒီ အဏုဇီဝသက်ရှိတွေရဲ့ အဝေးမှာ နေဖို့က လုံးဝ မဖြစ်နိုင်ပါဘူး။ ဒါ့အပြင် သင့်အနေနဲ့ ဒါကို စိတ်ပူ၊ ထိတ်လန့်တာ မဖြစ်သင့်ပါဘူး။ ဘာလို့လဲဆိုတော့ တချို့က အန္တရာယ်မရှိပါဘူး၊ တချို့ဆိုရင် ဥပမာအနေနဲ့ အစာချေစနစ်မှာ ကောင်းကျိုးတောင် ပေးနိုင်ပါတယ်။ ဒီမှာ ပိုအရေးကြီးတာက ဖျားနာခြင်း၊ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ရောဂါများ၊ ရောဂါပိုးမွှားတွေကြောင့် ဖြစ်တဲ့ တခြားကူးစက်မှုတွေရဲ့ ဖြစ်နိုင်ချေကို ဖယ်ရှားဖို့၊ လျှော့ချဖို့ပါ။ ဒါ့ကြောင့် အိမ်တွင်းကျန်းမာရေးက ပစ်ပယ်မထားသင့်ဘဲ စဉ်းစားဆင်ခြင်ရမယ့် အရာတစ်ခုပါ။   ရောဂါပိုးမွှွှားတွေ ဘယ်လို ပျံ့နှံ့လဲ။ မကောင်းတဲ့ ဘက်တီးရီးယားတွေနဲ့ တခြားရောဂါပိုးမွှားတွေဟာ အပြင်ကနေ သင့်အိမ်ထဲသို့ လူ၊ အိမ်မွေးတိရစ္ဆာန်မှတဆင့် သို့မဟုတ် စွန့်ပစ်ရမယ့် အစာရေစာတွေကနေ ရောက်ရှိနေတတ်ပါတယ်။ တခြားနေရာတွေကို ပျံ့နှံ့ဖို့က သင့်ကြောင့်သာ ဖြစ်နိုင်ပါတယ်။ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း