အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကယ်လ်စီယမ် စုပ်ယူမှုကို ဘယ်လိုများအောင် လုပ်မလဲ

Calcium ဟာ အရိုးတွေကို သန်စွမ်းစေတဲ့ သတ္တုဓာတ်တစ်ခုဖြစ်ပါတယ်။ တကယ်လို့ Calcium မလုံလောက်ရင် ကိုယ်ခန္ဓာက လိုအပ်တဲ့ Calcium ကို အရိုးတွေထံမှ ယူနိုင်တာကြောင့် အရိုးအားနည်းခြင်း၊ ကြွတ်ဆတ်ခြင်း၊ ပျော့ခြင်းတွေ ဖြစ်နိုင်ပါတယ်။ Calcium များတဲ့ အစာတွေ စားသုံးခြင်းဟာ Calcium စုပ်ယူမှုကို အားပေးပြီး Calcium ပမာဏကို ထိန်းသိမ်းဖို့ ဗီတာမင်ဒီ လုံလောက်စွာ ရရှိအောင် လုပ်သင့်ပါတယ်။ ၁။ အစားအသောက်မှ Calcium လုံလောက်စွာ စားသုံးပါ သင့်ကိုယ်ခန္ဓာဟာ ဖြည့်စွက်စာတွေထက် အစားအစာတွေက Calcium တွေကို ပိုမိုလွယ်ကူစွာ စုပ်ယူနိုင်ပါတယ်။ Calcium ပါတဲ့ အစားအစာတွေကို နေ့စဉ်စားသုံးခြင်းအားဖြင့် Calcium စားသုံးမှုကို မြှင့်တင်နိုင်ပါတယ်။ အဆီဓာတ်နည်းတဲ့၊ အဆီမပါတဲ့ နွားနို့တွေကို သောက်သုံးခြင်းအားဖြင့် အဆီမပါဘဲ Calcium စုပ်ယူမှုကို များပြားစေပါတယ်။ […]


အခြေခံကျန်းမာရေး

ကြီးထွားမှုအကြောင်းခံ ဆိုတာဘာလဲ

ကျွန်တော်တို့ ခန္ဓါကိုယ်မှာရှိတဲ့ အရေပြားဆဲလ်တွေအားလုံးကနေ growth factor လို့ခေါ်တဲ့ ပရိုတင်းများစွာကို နေ့စဉ်ထုတ်လုပ်ပေးပါတယ်။growth factor တွေဟာ ဆဲလ်တွေ ကြီးထွား၊ပွားများ၊အလုပ်လုပ်နိုင်အောင် ကူညီပေးတဲ့ သဘာဝ ပရိုတင်းတွေ ဖြစ်ကြပါတယ်။ ဒါကြောင့် ကျန်းမာတဲ့ အသားအရေအတွက် growth factor တွေဟာ အလွန်ပဲ အရေးကြီးလှပါတယ်။growth factor တွေအကြောင်း သိရှိနားလည်နိုင်စေဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ကြရအောင်။   Growth factor ဆိုတာဘာလဲ။ growth factor တွေဟာ ဆဲလ်ကြီးထွားမှု နဲ့ ပွားများမှုတွေကို ကူညီထောက်ပံ့ပေးနိုင်တဲ့အပြင် ထိခိုက်ဒါဏ်ရာရနေတဲ့ ဆဲလ်တွေကို ကုသပေးနိုင်တာကြောင့် ဆဲလ်တွေရဲ့ လုပ်ငန်းတာဝန်တွေကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်စေပါတယ်။ ကျွန်တော်တို့တွေ အသက်ကြီးလာတာနဲ့အမျှ သဘာဝပရိုတင်းတွေ ထုတ်လုပ်မှုဟာ တဖြည်းဖြည်းနဲ့ နည်းပါးလာတဲ့အတွက် collagen ဓါတ် ချို့တဲ့လာပါတယ်။ ဒါကြောင့် အသားအရေထိန်းသိမ်းတဲ့ အလှကုန်ပစ္စည်းတွေဟာ ခန္ဓါကိုယ်ကနေ collagen […]


အခြေခံကျန်းမာရေး

ဒေါက်မြင့်ဖိနပ်တွေက ခြေဖဝါးကျန်းမာရေးကို ထိခိုက်စေပါသလား

အမျိုးသမီးတွေဟာ ဒေါက်မြင့်ဖိနပ်တွေကို စီးပြီး ဖက်ရှင်ကျအောင် အနာခံတတ်ကြပါတယ်။ ဒါပေမယ့် စီးဖို့ ထိုက်တန်ပါရဲ့လား။ ခြေဖဝါးရဲ့ ပုံစံကို ကန့်သတ်တဲ့ ဖိနပ်တွေ ဝတ်တိုင်းမှာ နာကျင်မှုကို ခံစားရနိုင်တယ်လို့ Dr. Natalie A. Nevins, DO, an osteopathic physician from Hollywood, Calif က ဆိုပါတယ်။   စီးပွားရေးလုပ်နေတဲ့အမျိုးသမီးတစ်ယောက်အနေနဲ့ ဒေါက်မြင့်ဖိနပ်တွေစီးခြင်းဟာ ပရော်ဖက်ရှင်နယ်ကျကျပုံစံဖြစ်စေဖို့ နေ့စဉ် လိုအပ်ချက်တစ်ခုလို ဖြစ်နေပါတယ်။ ငယ်ရွယ်သူတစ်ယောက်အနေနဲ့ ဒါကို ငြင်းပယ်နိုင်ဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် ဖြစ်စေတဲ့ဆိုးကျိုးတွေဟာ သင့်ကို ဒီလိုဒေါက်မြင့်ဖိနပ်တွေစီးဖို့ နောက်တစ်ကြိမ် ပြန်စဉ်းစားစေနိုင်ပြီး အခြားဖိနပ်ပြောင်းစီးခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။ ၁။ ကိုယ်ခန္ဓါအစိတ်အပိုင်းတွေကို ဆိုးရွားစွာ သက်ရောက်နိုင်ပါတယ်။ ခါး - သူဟာ အရှေ့ကို တွန်းထုတ်သလိုဖြစ်တာကြောင့် တင်ပါးဆုံနဲ့ ကျောရိုးမတွေကို ပုံစံပျက်စေနိုင်ပါတယ်။ ဒူးခေါင်း - […]


အခြေခံကျန်းမာရေး

လူနာစောင့်ကောင်းတစ်ယောက် ဘယ်လိုရှာဖွေကြမလဲ

အူမကြီးနဲ့ အစာဟောင်းအိမ် ကင်ဆာဝေဒနာခံစားနေရသော သင်ချစ်ရသောသူကို ပြုစုစောင့်ရှောက်ဖို့ဆိုသည်မှာ ရှုပ်ထွေးပြီး အစပိုင်းမှာ ကိုင်တွယ်ရခက်ခဲတတ်ပါတယ်။ အကယ်၍ သင့်မှာ အချိန်မရှိလျှင် (သို့) ကောင်းစွာမပြုစုနိုင်လျှင် သင်ချစ်ရသောသူအတွက် ပြုစုစောင့်ရှောက်ဖို့လူ ရှာခြင်းက အကောင်းဆုံးနည်းလမ်းပါ။ သို့သော် လူနာစောင့်ကောင်းတစ်ယောက် ဘယ်လိုရှာရမလဲဆိုတာ သင်သိပါသလား။ သင်သည် လူနာစောင့်ထံမှ ဘာလိုချင်သလဲ ဆိုတာ အရင်ဆုံး သိအောင်ကြိုးစားပါ။ လူနာစောင့်မခေါ်ခင် ပထမဦးဆုံးအဆင့်က သင်ချစ်ရသောသူ လိုအပ်နေသော ပြုစုစောင့်ရှောက်မှုပမာဏကို အရင်သိဖို့ လိုအပ်သည်။ ရေချိုးခြင်း (သို့) အဝတ်ဝတ်ဆင်ခြင်း ကဲ့သို့သော နေ့စဉ်လုပ်ငန်းစဉ်များ (သို့) ဆေးတိုက်ခြင်း၊ အနာဆေးထည့်ခြင်း နဲ့ အခြား ဆေးဖက်ဆိုင်ရာ အကူအညီများအတွက် ကူညီဖို့ လူနာစောင့် လိုမလို သင်အရင် သုံးသပ်ရမည်။ သင်ချစ်ရသော ဝေဒနာခံစားနေရသော လူနာ၏ ရောဂါ အခြေအနေကို သိဖို့ လိုအပ်သလို သူတို့အကူအညီ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကိုယ်ထိလက်ရောက် အကြမ်းဖက်ခံရမှု၏ အတွေ့ရများသော လက္ခဏာများ

ကိုယ်ခန္ဓါပိုင်းဆိုင်ရာ အကြမ်းဖက်မှုဟာ တကယ်ကို မလွယ်ကူပါဘူး။ တခါတရံမှာ လူတွေဟာ ကိုယ်ခန္ဓါအကြမ်းဖက်မှု ဖြစ်နေတယ်လို့ မယုံကြည်တာကြောင့် ဒါကို လျစ်လျူရှုတတ်ကြပါတယ်။ ကိုယ်ခန္ဓါပိုင်းဆိုင်ရာ၊ အပြုအမူပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေ ရှိနိုင်ပါတယ်။ အပြုအမူတွေကိုတော့ အနိုင်ကျင့်သူရော၊ အနိုင်ကျင့်ခံရသူတွေမှာပါ တွေ့နိုင်ပါတယ်။ ဘယ်သူတွေက အကြမ်းဖက်မှုခံရသူတွေ ဖြစ်နိုင်သလဲ။ အသိတွေ၊ သား၊ သမီး၊ မြေး၊ အခြားသူတွေ ဖြစ်နိုင်ပါတယ်။ ကိုယ်ခန္ဓါအကြမ်းဖက်မှုဟာ အိမ်ထောင်ဖက် (သို့) ရင်းနှီးသူတွေက ပါဝါနဲ့ ထိန်းချုပ်မှုရရှိနိုင်ဖို့အတွက် ပြုလုပ်ကြတဲ့ အိမ်တွင်းအကြမ်းဖက်မှုမျိုး ဖြစ်နိုင်ပါတယ်။ အကြမ်းဖက်မှုဟာ ပညာရေး၊ လူမှုရေး၊ ငွေရေးကြေးရေးတွေနဲ့ မဆိုင်ပဲ ဖြစ်နိုင်ပါတယ်။ ကိုယ်ခန္ဓါအကြမ်းဖက်မှုရဲ့ လက္ခဏာများ ကိုယ်ခန္ဓါအကြမ်းဖက်မှုရဲ့ လက္ခဏာတွေကတော့ ကိုယ်ခန္ဓါ ဒဏ်ရာရမှုတွေပဲဖြစ်ပါတယ်။ လက္ခဏာတွေကတော့ ပြတ်ရှရာ အညိုအမဲစွဲခြင်း မီးလောင်ဒဏ်ရာ လက်ကိုင်ရာ မျက်လုံးအညိုအမဲစွဲခြင်း ဒဏ်ရာရခြင်း ပုံမှန်မဟုတ်ခြင်း၊ မကြာခဏ အရေးပေါ်ခန်းရောက်သွားခြင်း […]


အခြေခံကျန်းမာရေး

မောပန်းနွမ်းနယ်ခြင်းကို သက်သာစေသော နည်းလမ်းများ

မောပန်းနွမ်းနယ်ခြင်းကို သက်သာစေသော နည်းလမ်းများ အိပ်မပျော်ခြင်း၊ စားသောက်မှု မမှန်ခြင်း၊ စိတ်ဖိစီးခြင်း၊ အသက်ကြီးခြင်း၊ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ မကျန်းမာ ခြင်း တို့သည် မောပန်းနွမ်းနယ်ခြင်း၏ အဓိက အကြောင်းရင်း များဖြစ်သည်။ မောပန်းနွမ်းနယ်ခြင်းသည် ရောဂါပေါင်းများစွာ ၏ အရင်းခံ လက္ခဏာတစ်ခု ဖြစ်သည်။ မောပန်းနွမ်းနယ်ခြင်း သည် ဆိုးရွားသော ရလဒ်များ မဖြစ်စေလျှင်ပင် စွမ်းအင် မြန်စွာ ကုန်ခြင်း၊ နေ့စဉ် လှုပ်ရှားမှုများကို အနှောင့်အယှက် ပေးခြင်းတို့ ဖြစ်နိုင်သည်။ မောပန်းနွမ်းနယ်ခြင်း အကြောင်းကို နားလည်ပြီး ထိရောက်စွာ ထိန်းချုပ်နိုင်ပါက သင့်စွမ်းအင် ကို ပြန်လည် သိမ်းဆည်းနိုင်ပြီး ဘဝ နေထိုင်မှု ပိုကောင်းလာ မည် ဖြစ်သည်။ ၁။ မကြာခဏ စားပါ။ အချို့ ဆရာဝန်များက မကြာခဏ စားသောက်ခြင်း သည် ပင်ပန်းခြင်းကို […]


အခြေခံကျန်းမာရေး

အရက်သောက်ခြင်းကို ရှောင်ကြဉ်ရန် နည်းလမ်းများ

အရက်သည် အသည်းဆဲလ်များကို ပျက်စီးစေသည်။ အရက်သောက်ခြင်းသည် ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ် အပေါ် ဆိုးကျိုးဖြစ်စေပြီး ကင်ဆာဖြစ်စေနိုင်သည်။ အသည်းသည် ခန္ဓာကိုယ်မှ အဆိပ်အတောက် ပစ္စည်းများကို စွန့်ထုတ် ပေးပြီး သတ်မှတ်ထားသော အတိုင်းအတာအတွင်းသာ အလုပ်လုပ်ပါသည်။ ခန္ဓာကိုယ်တွင် အရက်အလွန်များပါက အသည်းကို အလုပ် အလွန်လုပ်စေပြီး ဆိုးရွားစွာ ထိခိုက်စေ သည်။ အသည်းတွင် အမာရွတ်တစ်ရှူးဖြစ်ပေါ်ပြီး အသည်း ခြောက်ခြင်းကို ဖြစ်စေသည်။ ထိုမှတစ်ဆင့် ကင်ဆာ ဖြစ်စေ သည်။ အရက်သည် အသည်းရောင်ရောဂါ ဘီနှင့် စီ ဗိုင်းရပ်စ် တို့ဖြင့် အသည်းခြောက်ခြင်းကို ပိုဆိုးစေသည်။ ထို့ကြောင့် အရက်ကို အသည်းကင်ဆာကို ဦးတည်စေသော အန္တရာယ် အများဆုံး အချက်တစ်ချက်အဖြစ် သတ်မှတ်ထားသည်။ အသည်းရောင်ရောဂါ လူနာများတွင် အရက်စွဲခြင်းကို ဘယ် လို ကုသမလဲ။ အသည်းရောင်ရောဂါရှိသော အရက်သမားများတွင် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နာကျင်မှုဝေဒနာခံစားနေရသူများအတွက် ဘယ်လိုကူညီဖေးမ မလဲ

အနည်းငယ်နာကျင်ခြင်းမျိုးသည် သင့်ကိုယ်တွင်းသို့ ဝင်ရောက်လာမည့် အန္တရာယ်ကို သတိပေးခြင်းဖြစ်သည့်အတွက် သင့်အတွက်ကောင်းမွန်သော အချက်ပေးစနစ်တခုဖြစ်ပါသည်။ သို့သော် ကာလကြာရှည်စွာ နာကျင်မှုကိုခံစားနေရလျှင် သင့်နေ့စဉ်အလုပ်ကို ထိခိုက်လာနိုင်ပါသည်။ သင့်မိသားစုဝင်များလည်း တိုသို့ခံစားနေရလျှင် သင့်အပေါ်သက်ရောက်မှုရှိလာနိုင်ပါသည်။ သို့သော် ထိုအခက်အခဲများကို သင့်မိတ်ဆွေနျင့် သူငယ်ချင်းများအတွက်ကူညီဖြေရှင်းနိုင်ရန် နည်းလမ်းကောင်းများရှိပါသည်။   အသိ နာတာရှည်နာကျင်ခြင်းကို ကုသရာတွင်ဆေးဆိုင်များတွင် ဝယ်ယူနိုင်သော ဆေးများ မှအစ အခြားကုထုံးများအဆုံး နည်းလမ်းအမျိုးမျိုးရှိပါသည်။ များသောအားဖြင့် သင့်မိတ်ဆွေနှင့် မိသားစုဝင်များက နာကျင်ခြင်းကို သက်သာစေသော ဆေးများကို ဝယ်သောက်လေ့ရှိကြသည်။ အတွေ့များသော အနာပျောက်ဆေး ၂မျိုးမှာ ၁-မပြင်းထန်သောနာကျင်မှုအတွက် ဘိန်းကဲ့သို့ပစ္စည်းမပါသောအနာပျောက်ဆေး(Aspirin, Paracetamol) နျင့် ၂- ပြင်းထန်သောနာကျင်မှုအတွက် ဘိန်းကဲ့သို့ပစ္စည်းပါသောအနာပျောက်ဆေး(morphine, oxycodone)တို့ဖြစ်ပါသည်။ နာကျင်မှုအပေးမူတည်ပြီး ဆရာဝန်နှင့်ဆေးဝါးကျွမ်းကျင်ပညာရှင်များက သင့်တော်သော ဆေးအမျိုးအစားကို ရွေချယ်ပေးကြပါသည်။ သင်သည် ဆေးများ၏ ဘေးထွက်ဆိုးကျိုးများကို လေ့လာထားသင့်သည်။ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုများအတွက် အပူ၊ အအေးကုထုံး၊ နှိပ်နယ်ခြင်း၊ အပ်စိုက်ခြင်း၊ လျှပ်စစ်နည်းဖြင့် […]


အခြေခံကျန်းမာရေး

ကယ်လ်စီယမ်၏ အကျိုးကျေးဇူးများ

ကယ်လ်စီယမ်ဓါတ်အကြောင်း ဘာသိဖို့ လိုသလဲ ကယ်လ်စီယမ်ဓါတ်ဟာ အရိုးတွေနဲ့ သွားတွေအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ နှလုံး၊ အာရုံကြောများ၊ သွေးတိတ်စေတဲ့စနစ် စတာတွေမှာလည်း ကယ်လ်စီယမ်ဓါတ်ကို လိုအပ်ပါတယ်။ အရိုးတွေနဲ့ သွားတွေမှာ တကိုယ်လုံးရဲ့ ကယ်လ်စီယမ်ဓါတ် ၉၉% ကျော် ပါဝင်နေပါတယ်။ ကယ်လ်စီယမ်ဓါတ်ကို သွေး၊ ကြွက်သားများနဲ့ တခြားတစ်သျှူးတွေမှာလည်း တွေ့နိုင်ပါတယ်။ အရိုးတွေထဲက ကယ်လ်စီယမ်ဓါတ်ဟာ ကိုယ်ခန္ဓါက လိုအပ်ချိန်မှာ သုံးနိုင်ဖို့ အရန်ထားသိုခြင်း ဖြစ်ပါတယ်။ ကိုယ်ခန္ဓါထဲက ကယ်လ်စီယမ်ဓါတ်ရဲ့ သိပ်သည်းမှုဟာ အသက်ကြီးလာတာနဲ့အမျှ ကျဆင်းလာပါတယ်။ ကိုယ်ခန္ဓါကနေ ချွေး၊ အရေပြားဆဲလ်များ၊ အညစ်အကြေးများအနေနဲ့ ထွက်သွားလို့ ဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသမီးများဟာ အသက်ကြီးလာတာနဲ့အမျှ အီစထရိုဂျင်ဟော်မုန်း ကျဆင်းလာပြီး ကယ်လ်စီယမ်ဓါတ် စုပ်ယူမှုလည်း ကျဆင်းလာပါတယ်။ အရိုးများဟာလည်း အမြဲတမ်း ချေဖျက်ပြီး အသစ်များကို ပြန်လည်တည်ဆောက်နေတာကြောင့် ဒီလုပ်ငန်းစဉ်အတွက် ကယ်လ်စီယမ်ဓါတ်ကို လိုအပ်ပါတယ်။ ကယ်လ်စီယမ်ဓါတ်စုပ်ယူမှုဟာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Abdominal Injury (ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Abdominal Injury (ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရခြင်း ) ကဘာလဲ။ ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရခြင်းသည် ဝမ်းဗိုက်ကို အနာတရဖြစ်ခြင်းနှင့် တုံးသော ချွန်ထက်သောအရာများနှင့် ဝမ်းဗိုက်အတွင်းရှိအင်္ဂ ါများကို ထိခိုက်မိခြင်းတို့ပါဝင်သည်။ ထိုသို့ဖြစ်လျှင် အဖြစ်များသော လက္ခဏာများမှာ- ဗိုက်နာခြင်း၊ တောင့်တင်းနေခြင်း၊ ဝမ်းဗိုက်ပေါ်တွင် သွေးခြေဥခြင်းတို့ဖြစ်သည်။ ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရပါက သွေးထွင်ခြင်းနှင့် ရောဂါပိုးဝင်ခြင်းတို့ဖြစ်နိုင်ပါသည်။ အသံလှိုင်းဓါတ်မှန်၊ ကွန်ပျူတာဓါတ်မှန်များရိုက်ခြင်း၊ ဝမ်းဗိုက်အတွင်းကို ဆေးခြင်း၊ ခွဲစိတ်ခြင်း စသည့်နည်းများဖြင့် သိရှိနိုင်ပါသည်။ ရင်ဘတ်အောက်ပိုင်းကို ထိခိုက်မိလျှင် ဘေလုံးနှင့် အသည်းတို့ဒဏ်ရာရနိုင်ပါသည်။ Abdominal Injury (ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရခြင်း ) က ဘယ်လောက်အဖြစ်များသလဲ ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရခြင်းသည်ဝမ်းဗိုက်ကို အနာတရဖြစ်ခြင်းကြောင့်ဖြစ်ပြီး ထိုသို့မဖြစ်အောင်ကာကွယ်ခြင်းဖြင့် သေဆုံးမှုများကို လျှော့ချနိုင်ပါသည်။ ဖြစ်နိုင်ချေရှိသော အချက်များကို လျှော့ချနိုင်ရန် သင့်ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများAbdominal Injury (ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ အစောပိုင်းတွင် ရောဂါလက္ခဏာများကို […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း