အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျန်းမာရေး

ကဖင်းဓါတ်ကို ရှောင်နိုင်ရင် ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေ ရလာမလဲ။ ။

ဒီဆောင်းပါးလေးရဲ့ ခေါင်းစဉ်ကို မြင်လိုက်တာနဲ့ ငါတို့ကို ကဖင်းဓါတ် လုံးဝဖြတ်ခိုင်းတော့မှာ။ ကဖင်းဓါတ်ရဲ့ မကောင်းတဲ့အကြောင်းတွေ တန်းစီပြီးပြောတော့မယ်လို့တော့ မထင်လိုက်ပါနဲ့။ ကဖင်းဓါတ်ဆိုတာကလည်း လုံးဝကို မကောင်းတဲ့အရာတစ်ခုမဟုတ်ပါဘူး။ ဒါပေမယ့် အရမ်းကြီးကောင်းတဲ့ အထဲမှာလည်း မပါတာကြောင့် ဒီဆောင်းပါးထဲမှာ ကဖင်းဓါတ်ကို ရှောင်ရင် ရနိုင်တဲ့ ကောင်းကျိုးတွေ အကြောင်းပြောပြပေးချင်တာပါ။ ကဖင်းဓါတ်ဆိုတော့ အဓိကက ကော်ဖီနဲ့ အားပြည့်အချိုရည် တွေကို ရှောင်ဖို့ပေါ့ ။ ။ ကဖင်းဓါတ်ကို မမှီဝဲတာကြောင့် ရလာနိုင်တဲ့ ကောင်းကျိုးတွေ ။ ။ စိုးရိမ်ပူပန်မှု လွန်ကဲတာတွေ လျော့ပါးသွားပါလိမ့်မယ် - ကဖင်းဓါတ်က လူကို လန်းဆန်းစေတဲ့ ဓါတ်တစ်ခုဖြစ်တယ်ဆိုတာ အားလုံးသိပြီးကြမှာပါ။ ဒီလို လန်းဆန်း စေတဲ့ အာနိသင်ကြောင့် သူဟာ လူကိုတက်ကြွစေတဲ့ ဟော်မုန်းတွေဖြစ်တဲ့ “fight or flight” […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကားကြပ်တဲ့ နေရာမှာ ကားမောင်း နေရတဲ့သူတွေ ဒီလိုကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်တယ်နော်

ကားမောင်း တယ်ဆိုတာ လူတချို့အတွက် အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုဖြစ်ပြီး တချို့တွေ အတွက်တော့ ကိုယ်အသက်မွေးတဲ့ အလုပ်မဟုတ်ပေမယ့်လည်း မြို့ကြီးပြကြီးရဲ့ ကားကြပ်တဲ့ ဒဏ်ကြောင့် ကားကို အကြာကြီး မမောင်းချင်ဘဲ မောင်းနေရတဲ့သူတွေရှိပါတယ်။ ဒီလို ကားကို အကြာကြီးမောင်းတာဟာ သင့်ကျန်းမာရေးကို တဖြည်းဖြည်းနဲ့ ယိုယွင်းလာစေတယ်ဆိုတာ သင်သိပါသလား။ ၁ ရက်၂ ရက် ဆိုကိစ္စမရှိပေမယ့် နေ့စဉ် ရက်ဆက်ကျတော့ သင့်ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ အပိုင်းတွေရှိလာတာပေါ့။ အဲဒါတွေက ဘာတွေလဲ။ အချိန်အကြာကြီး ကားမောင်း တာကြောင့် ထိခိုက်လာမယ့် သင့်ကျန်းမာရေး အခြေအနေ ကားထဲမှာ တစ်ချိန်လုံ အကြာကြီးထိုင်နေရတာကြောင့် ကိုယ်လက်လှုပ်ရှားမှု ဆိုတာ သင့်နဲ့ အဝေးကြီးမှာပါ ။ လူတိုင်း ကိုယ်လက်လှုပ်ရှားမှုရဲ့ အရေးကြီးပုံကို သိကြမှာပါ။ ဒါပေမယ့် ဒီလို ကိုယ်လက်လှုပ်ရှားမှုကို မရှိတဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အပူလျှပ် အန္တရာယ်ဒီလိုကာကွယ်ကြမယ်

လူတွေရဲ့ မဆင်မခြင်လုပ်ဆောင်မှုတွေကြောင့် ကမ္ဘာကြီးဟာ တစ်နှစ်ထက်တစ်နှစ် အပူချိန်တွေတိုးလို့ ရေခဲမြစ်တွေ အရည်ပျော်ကျနေပါပြီ။ ပူပြင်းလာတဲ့ အပူချိန်ကြောင့် နွေတာရှည်လာပြီး ဆောင်းနဲ့ မိုးကာလတွေက တိုတောင်းလာနေပါတယ်။ ဒီအချိန်မှာ အပူချိန်ကို မဖြစ်မနေအံတုဖို့ ပြင်ဆင်ထားရုံကလွဲလို့ ဘာမှမတ်သာတော့ပါဘူး။ ပူပြင်းတဲ့ နွေရာသီမှာ ခြောက်သွေ့မှုနဲ့အတူ ရောဂါတွေကလည်း အစုံအလင်ကို ပါလာတတ်တာပါ။ ဒီရောဂါတွေထဲမှာ အဖြစ်အများဆုံးက အပူလျှပ် တာပါ။ ကဲ HELLO ဆရာဝန်ပရိသတ်ကြီးရော အပူလျှပ်တာကို ဘယ်လိုများကာကွယ်မလဲ။ ဒီဆောင်းပါးလေးဖတ်ရင်း အပူလျှပ်တာကို တူတူ ကာကွယ်ကြရအောင်လေနော်။ အပူလျှပ် ခြင်း အပူလျှပ်တယ်ဆိုတာက ခန္ဓာကိုယ် အပူချိန် အရမ်းမြင့်တက်လာတာကြောင့်ပါ။ အပူဒဏ်ကို အချိန်ကြာမြင့်စွာ ထိတွေ့တာ၊ ပူပြင်းတဲ့အခြေအနေမှာ လှုပ်ရှားမှုတွေ ပြင်းပြင်းထန်ထန်လုပ်ဆောင်မှုကြောင့် ခန္ဓာကိုယ်အပူချိန် မြင့်တက်တဲ့အခါမျိုးမှာ တွေကြုံရတဲ့ အခြေအနေတစ်ရပ်ပါ။ ခန္ဓာကိုယ်အပူချိန် ၁၀၄ ဒီဂရီ ဖာရင်ဟိုက် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Titanic ဇာတ်ကားထဲက မင်းသားက ဘယ်လိုပုံစံနဲ့ သေသွားတာပါလိမ့် ။ ။

တိုက်တန်းနစ်ကားကို လူတိုင်းကြည့်ဖူးကြမှာပါ။ အဲဒီကားထဲက မင်းသားက ရေခဲပင်လယ်ကြီးထဲမှာ အေးခဲပြီး သေသွားတာကို အားလုံးမှတ်မိကြဦးမယ်ထင်ပါတယ်။ မင်းသားက အေးနေတဲ့ ရေခဲပင်လယ်ထဲမှာ သေသွားဆိုတော့ ဒီလို ရေခဲမှတ်ကို ရောက်နေတဲ့ အအေးဓာတ်က အသက်ဆုံးရှုံးရလောက်တဲ့အထိ ဘယ်လို ပြဿနာတွေကို ဖြစ်စေလဲဆိုတာ အားလုံး တွေးမိကြရဲ့လား ။ ။ ခိုက်ခိုက်တုန်အောင် အေးတဲ့ အအေးက သင့်ကို ဘယ်လို အသက်ဆုံးရှုံးစေတာလဲ ။ ။ ကိုယ်ခန္ဓာမှာတော့ အပြင်က အအေးဓာတ်ကို ခံနိုင်ရည်ရှိအောင် တန်ပြန်တဲ့ စနစ်ရှိပေမယ့် ရေများရေနိုင် မီးများမီးနိုင်ဆိုတဲ့ စကားလေးကလည်းရှိတယ်မလား ။ ရှိတာမှ ဒီကိုယ်ခန္ဓာတစ်ခုတည်း အပြင်က ပတ်ဝန်းကျင်ကြီးက အကျယ်ကြီးလေနော်။ ဒီတော့ ရေခဲလောက်တဲ့ အအေးဓာတ်ကို ကိုယ်ခန္ဓါက အကြာကြီး ဘယ်တောင့်ခံနိုင်ပါ့မလဲနော်။ ဒီဆောင်းပါးလေးထဲမှာတော့ ခြေဖျားလက်ဖျားတွေ အေးတဲ့ အချိန်ကစလို့ နောက်ဆုံး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ခေါင်းဦးရေပြားကို နှိပ်နယ်ပေးတာကနေရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးများ

ခန္ဓာကိုယ်အစိတ်အပိုင်းတွေတိုင်းမှာ သွေးကြောလေးတွေ ရှိနေပါတယ်။ ဒီသွေးကြောလေးတွေကို ကောင်းမွန်စွာစီးဆင်းစေနိုင်ဖို့အတွက် လုပ်ဆောင်လို့ရတဲ့ နည်းလမ်းကောင်းလေးက နှိပ်နယ်ပေးတာပါပဲ။ အခုတစ်ခေါက်တော့ ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းလေးတစ်ခုဖြစ်တဲ့ ဦးခေါင်းရဲ့ ခေါင်းဦးရေပြားကို နှိပ်နယ်တာက ဘယ်လိုများကောင်းကျိုးတွေရစေနိုင်လဲဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးပါရစေနော်။ ခေါင်းဦးရေပြားကို နှိပ်နယ်တာကနေရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက ခေါင်းဦးရေပြားကို နှိပ်နယ်ပေးတာက ရုပ်ပိုင်းဆိုင်ရာတင်မကပါဘူး။ စိတ်ပိုင်းဆိုင်ရာကိုပါ အထောက်အကူပေးပါတယ်။ သွေးတိုးကျစေနိုင်တယ် သွေးတိုးရောဂါက ကမ္ဘာပေါ်က လူသန်းပေါင်းများစွာ ခံစားနေရတဲ့ရောဂါတစ်ခုပါ။ သွေးတိုးရောဂါက အသံတိတ်လူသတ်သမားလို့တောင် အများကတင်စားထားတဲ့ရောဂါတစ်ခုပေါ့။ သွေးတိုးရောဂါက ရုတ်တရက်နှလုံးအမောဖောက်တာ၊ ကျောက်ကပ်ပျက်စီးတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အညောင်းအညာလည်းပြေပြီး ကျန်းမာရေးအတွက်လည်းကောင်းတဲ့ ဦးရေပြားနှိပ်နယ်မှုကို စမ်းသပ်ကြည့်သင့်ပါတယ်နော်။ အိပ်မပျော်တာကို သက်သာစေနိုင်တယ် အိပ်မပျော်တာ၊ အိပ်ရေးပျက်တာတွေက ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်တဲ့ အခြေအနေပါ။ ခေါင်းဦးရေပြားကို နှိပ်နယ်ပေးမယ်ဆိုရင် ဦးရေပြားမှာသွေးစီးဆင်းမှု ကောင်းမွန်စေပြီး ကောင်းမွန်နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ပါတယ်။ အိပ်မပျော်တဲ့ညတွေကို နှုတ်ဆက်နိုင်ဖို့ ဦးရေပြားနှိပ်နယ်မှု […]


အခြေခံကျန်းမာရေး

သိုင်းရွိုက်ဂလင်းတွေ ကျန်းမာစေဖို့

ဒီတစ်ခေါက်မှာတော့ စာဖတ်ပရိသတ်ကြီးအတွက် ခန္ဓါကိုယ်ကျန်းမာဖို့ အရေးပါတဲ့ သိုင်းရွိုက်ဂလင်းလေးအကြောင်းပြောပြပေးချင်ပါတယ်နော်။ သိုင်းရွိုက် ဂလင်းဆိုတာ သိုင်းရွိုက်ဂလင်းဆိုတာက အရေးပါတဲ့ဟော်မုန်းဂလင်းတစ်ခုပါ။ လည်ပင်းရဲ့ အရှေ့ပိုင်း အသံအိုးအောက်ဘက်မှာရှိပြီး လိပ်ပြာပုံစံရှိတဲ့ ဂလင်းတစ်ခုပါ။ ဒီသိုင်းရွိုက်ဂလင်းက ခန္ဓါကိုယ်ရဲ့ လုပ်ငန်းဆောင်တာတော်တော်များများကောင်းကောင်းလည်ပတ်နိုင်အောင်လုပ်ဆောင်ပေးနေတာပါ။ သိုင်းရွိုက်ဂလင်းကျန်းမာမှလည်း ခန္ဓါကိုယ်က ကျန်းမာမှာပါ။ ဒီဂလင်းကျန်းမာဖို့အတွက် အစားအသောက်တွေကနေတဆင့် ထိန်းညှိလို့ရပါတယ်။ သိုင်းရွိုက်ဂလင်းက ဘယ်လိုဟော်မုန်းတွေကို ထုတ်ပေးသလဲ သိုင်းဂွိုက်ဂလင်းကဟော်မုန်းအမျိုးအစား ၂ မျိုးကိုထုတ်ပေးနေပါတယ်။ T3 လို့ခေါ်တဲ့Triiodothyronineဟော်မုန်းနဲ့ T4 လို့ခေါ်တဲ့Tetra iodothyronineဟော်မုန်းတို့ဖြစ်ပါတယ်။ သိုင်းရွိုက်ဂလင်းနဲ့ပတ်သက်လို့ခံစားရနိုင်တဲ့ အခြေအနေ နှစ်ရပ် Hyperthyroidism ( သိုင်းရွိုက်ဟော်မုန်း အလွန်အကျွံထုတ်ခြင်း) Hypothyroidism (သိုင်းရွိုက်ဟော်မုန်း လုံလောက်အောင်မထုတ်ခြင်း) သိုင်းရွိုက်ဂလင်းကျန်းမာအောင် စားပေးသင့်တာတွေက ဥအမျိုးမျိုး - ကြက်ဥအနှစ်မှာ အိုင်အိုဒင်းနဲ့ ဆီလီနီယမ်တို့ပါဝင်နေပြီး အကာမှာ ပရိုတင်းကြွယ်ဝစွာပါဝင်နေပါတယ်။ အနီရောင် အသားများ - အသားတွေမှာ ပရိုတင်းကြွယ်ဝစွာပါဝင်တာကြောင့် စားသုံးပေးသင့်ပါတယ်။ ငါး - ပင်လယ်ငါးတွေမှာ အိုင်အိုဒင်းနဲ့ အကျိုးပြုအဆီတွေပါဝင်နေတာကြောင့် သိုင်းရွိုက်ကျန်းမာဖို့ အထောက်အပံ့ပေးနိုင်မှာပါ။ အစိမ်းရောင် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင့်ရဲ့ အကြိုက်ဆုံး အရောင်က ဘာလဲ ။ ။

လူတိုင်းမှာ သူတို့ ကိုယ်စီကြိုက်တဲ့အရောင်တွေရှိကြပါတယ်။ အဲဒီကိုယ်ကြိုက်တဲ့ အရောင်တွေက ကိုယ့် စိတ်အတွင်းပိုင်းကို လွှမ်းမိုးမှုရှိနေတယ်ဆိုတာ သင်သိပါသလား။ တနည်းပြောရမယ်ဆိုရင် အရောင်တွေ မှာ ကိုယ်ပိုင်စိတ်စွမ်းအားတွေရှိနေပြီး လူတွေကို လွှမ်းမိုးတာမျိုးပေါ့။ ကဲ ဘယ်အလိုအရောင်တွေက ဘာတွေကို ကိုယ်စားပြုလဲ ။ ။ အရောင်တွေရဲ့ လူတွေအပေါ် လွှမ်းမိုးမှုများ ။ ။ အနီရောင် အားလုံး သိကြတဲ့အတိုင်း အနီရောင်က ရဲရင့်ခြင်းကို ကိုယ်စားပြုတာပါ။ အနီရောင်ကို မြင်လိုက်ပြီဆိုတာနဲ့ ရဲရင့်မှုတွေရှိလာသလိုလိုဖြစ်တတ်ကြပြီး အားအင်ပြည့်ဝမှုကို ခံစားဖူးကြမှာပါ။ ဒါ့အပြင် စိတ်ဆိုးတဲ့အချိန်ဆိုရင် မျက်လုံးထဲမှာ အနီရောင်ကို မြင်တတ်ကြပါတယ်တဲ့။ အစားစားချင်စိတ်ကိုလည်း ဒီအနီရောင်က အများဆုံး လှုံ့ဆော်ပေးတာပါ။ ဒါကြောင့် အနီရောင် ကြိုက်တဲ့သူတွေဟာ ဒေါသလည်း ကြီးတတ်သလို ရဲလည်းရဲရင့်တဲ့သူတွေပါ။ ။ အဝါရောင် လူတော်တော်များများက အဝါရောင်ကို တောက်လွန်းတယ်ဆိုပြီး မကြိုက်ကြပါဘူး။ ဒါပေမယ့် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဗိုက်မှာစုနေတဲ့အဆီတွေကို ချချင်ရင်ဘာကြောင့်ပူရလဲဆိုတဲ့ အကြောင်းအရင်းကို သိဖို့တော့လိုမယ်နော်။ ။

ခုနောက်ပိုင်း လူနေမှုပုံစံတွေဟာ အထိုင်များပြီး စားစရာသောက်စရာတွေကလည်း ပေါများလာတာကြောင့် နောက်ပိုင်းလူတွေကို ကြည့်လိုက်ရင် ကိုယ်ခန္ဓါ အချိုးကျလှပတာထက်နေတဲ့သူတွေက ပိုများနေပါတယ်။ ဒီလို ပူလာတဲ့ ဗိုက်ကိုဘယ်လိုချချ မကျတဲ့သူတွေ အများကြီးရှိပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ ပူလာတဲ့ ဗိုက်ကို ဘယ်လိုချချ မကျရတဲ့ အကြောင်းအရင်းက ဗိုက်ပြူခင်းကို အဓိက ဖြစ်စေတဲ့ အကြောင်းအရင်းကို မသိတာကြောင့်ပါ။ ဒီတော့ ကိုယ့်ရဲ့ ပူနေတဲ့ ဗိုက်ကိုချဖို့အတွက် ဘယ်လိုကနေစပြီး ဗိုက်ပူလာလဲဆိုတာကိုတော့ သိဖို့လိုတယ်နော်။ ။ ဗိုက်မှာစုတဲ့ အဆီ ၅ မျိုးနဲ့ သူတို့ကို ဘယ်လိုချရမလဲ ။ ။ ၁ ။ ဗိုက်မှာ အဆီစုခြင်းကိုဖြစ်စေတာက ဘီယာ ဗိုက်ပါ။ ။ ဘီယာတို့ အရက်တို့ဆိုတာ ကိုယ်ခန္ဓါရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို နှေးစေတဲ့အပြင် အသည်းကနေ အဆီလောင်ကျွမ်းစေတဲ့နှုန်းကိုလည်း နှေးစေပါတယ်။ ဒါ့အပြင် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သ့င် ဝါသနာကဘာလဲ ။ ဘယ်လိုဝါသနာတွေက သင့်ကို စမတ်ကျထက်မြက်တဲ့သူတစ်ယောက်ဖြစ်စေတာလဲ ။ ။

လူတိုင်းမှာ ဝါသနာကိုယ်စီရှိကြပါတယ်။ ကိုယ့်ရဲ့ ဝါသနာတွေဟာ ကိုယ့်ကို ထက်မြက်တဲ့သူတစ်ယောက်ဖြစ်အောင် တွန်းပို့ပေးနေုတယ်ဆိုတာ သင်သိပါသလား။ ကဲ ကိုယ့်ရဲ့ ဘယ်လိုဝါသနာတွေက ကိုယ့်ကို အမြဲတမ်း စမတ်ကျ ထက်မြက်တဲ့ သူဖြစ်စေသလဲဆိုတာ ကြည့်ရအောင် ။ ။ စာဖတ်ြခင်း ။ ။ ဒါကတော့ အထွေအထူး ပြောနေစရာ မလိုတဲ့အရာတစ်ခုပါ။ စာအုပ်စာပေ လူ့မိတ်ဆွေ ဆိုတော့ အချိန်ရှိတိုင်း စာအုပ်နဲ့ပဲ အချိန်ဖြုန်းနေတဲ့သူတွေ၊ စာဖတ်ဝါသနာထုံတဲ့သူတွေဟာ သူများတွေထက် အသိဉာဏ်၊ ဗဟုသုတကြွယ်ဝတယ်ဆိုတာ ငြင်းစရာ မရှိပါဘူး။ စာထဲမှာပါတဲ့ အကြောင်းအရာတွေကိုတွေးခေါ် ဆင်ခြင်မယ်၊ အသစ်အသစ်သောအရာတွေကို လည်း စာဖတ်ခြင်းကနေ သင်ယူနိုင်တာကြော့င့် စာဖတ်ခြင်းဝါသနာဟာ သင့်ဦးနှောက်ကို ထက်မြက်စေတဲ့ ဝါသနာတစ်ခုပါ။ တရားထိုင်ြခင်း ။ ။ စိတ်ကိုတည်ငြိမ်အောင် လေ့ကျင့်ဖို့ အကောင်းဆုံးနည်းဟာ တရားထိုင်ခြင်းက လွဲလို့ အခြားမရှိပါဘူး။ ရှုပ်ထွေးနေတဲ့စိတ်ကို […]


အခြေခံကျန်းမာရေး

စားသလောက် ဝမလာရတဲ့အကြောင်းရင်း

အစားများလို့ဝလာတဲ့သူတွေဘက်က ကြည့်ရင် မနာလိုစရာဖြစ်နေပေမယ့် ကိုယ်ဘယ်လောက်စားစား ဝမလာနိုင်တာက စိတ်ကျေနပ်စရာမကောင်းလှပါဘူး။ လူဆိုတာ လှချင်တဲ့အမျိုးမို့ ပိန်လည်းမပိန်၊ ဝလည်းမဝတဲ့ အနေတော်အချိုးအစားလောက်ပဲ လိုချင်ကြမှာသေချာပါတယ်။ ပိန်ပိန်ပါးပါးနဲ့ လှတယ်ဘယ်လောက်ပြောပြောပြည့်ပြည့်လေးတော့(သိပ်မဝတဲ့)ဖြစ်ချင်ကြတာပေါ့။ ယူတို့ ဘာလို့ ဝမလာရတာလဲဆိုတော့ ကယ်လိုရီမတွက်မိတာ အစားတော့စားနေတာပဲ၊ ပိန်နေမြဲ၊ ပိန်နေဆဲပဲဆိုတာက ကိုယ်စားတဲ့အစားအစာတွေထဲမှာ ခွန်အားဖြစ်စေမယ့်အရာတွေနည်းပြီး ကယ်လိုရီအလုံအလောက်မဖြည့်ပေးနိုင်တဲ့အရာတွေများနေတာဖြစ်နိုင်ပါတယ်။ ဥပမာပြောရရင် အသီးအနှံေတွ၊ အသီးအရွက်တွေနဲ့ ဟင်းရည်တွေလိုမျိုး ဝိတ်လျှော့သူတွေစားသင့်တဲ့ပုံစံအတိုင်း ကိုယ်စားမိနေတာလည်းဖြစ်နိုင်တယ်။ ကိုယ့်အနေနဲ့က ကယ်လိုရီများတာတွေ၊ပရိုတင်းများတာတွေကိုပိုစားပေးသင့်တယ်လေ။ ဒါပေမယ့် အဆီများတာ၊အချိုများတွေနဲ့ဝလာတာကိုတော့ရှောင်ပါ။ စားသောက်မှုပုံစံ မပြောင်းလဲတာ အပေါ်မှာပြောခဲ့သလိုမျိုး လွဲမှားနေတဲ့ စားသောက်မှုပုံစံအတိုင်း ဆက်ပြီးသွားတာက ပိန်မြဲပိန်ဆဲအဖြစ်ကိုမွေးမြူနေတာပါပဲ။ ကျန်းမာရေးနဲ့ညီတဲ့ဘောင်အတွင်းမှာ ပုံစံလေးပြောင်းစားပါ။ အာဟာရနဲ့ကျန်းမာရေးကိုလေ့လာလိုက်စားပြီး အာဟာရကြွယ်ဝ၊ကယ်လိုရီများတဲ့ အစားအသောက်တွေကို မှတ်သားပါ။ ပုံမှန် ပလန်ချပြီး စားပါ။ အဆီမပါတဲ့အသား၊ ပင်လယ်စာ၊ ပဲ စတဲ့ အသားဓါတ်ကြွယ်ဝတာတွေကိုလည်း ပိုစားပါ။ ကယ်လိုရီလောင်ကျွမ်းနေတာ စားလိုက်တဲ့ ကယ်လိုရီကို အကုန်ပြန်လောင်ကျွမ်းအောင်လုပ်လိုက်မိတယ်ဆိုပါစို့။ အဆီကျကျစ်လျစ်တဲ့ခန္ဓါကိုယ်ကိုပဲ ပိုင်ဆိုင်ရတော့မှာပေါ့။ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း