အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျန်းမာရေး

ဘာ့ကြောင့် လျှာတွေဖြူ ရတာလဲ

လျှာဆိုတာ အနီရောင်နဲ့ ပန်းရောင်ကြားပြေးနေတဲ့ အရောင်ရှိနေမှ ပုံမှန်ပါ။ တချို့ အရောင်ဆိုးထားတဲ့ အစားအသောက်တွေကို စားမိပြီး လျှာမှာ အရောင်တွေ စွန်းနေတာက လွဲလို့ အနီရောင်ပြေးလေး မဟုတ်ဘဲ လျှာဖြူနေပြီ ဆိုရင် နည်းနည်း စဉ်းစားစရာတော့ဖြစ်နေပါပြီ။ ဒီလို လျှာတွေဖြူ နေရတဲ့ ပြဿနာဟာ ရောဂါတစ်ခုခုရဲ့ လက္ခဏာဖြစ်နေနိုင်တာကြောင့် သတိထားသင့်တဲ့ အရာတွေထဲမှာ ပါပါတယ်။ ကဲဒါဆို ဘာကြောင့် လျှာတွေဖြူရတာလဲဆိုတာကို ဆက်ကြည့်ရအောင်။ ဘာကြောင့် လျှာတွေဖြူ ရတာလဲ။  လျှာတွေဖြူ ရတာဟာ papillae လို့ခေါ်တဲ့ လျှာပေါ်က အရသာခံတဲ့ အဖုလေးတွေ ရောင်နေလို့ ကြီးနေလို့ ဖြစ်ရတာပါ။ ဒီလို ရောင်ပြီး ကြီးနေတဲ့ အရသာခံ အဖုလေးတွေ ကြားထဲမှာ သွားချေးတွေ၊ ဘက်တီးရီးယားတွေနဲ့ ဆဲလ်သေတွေ ပုံထပ်လာတဲ့အခါ လျှာပေါ်မှာ အဖြူဖပ်တွေ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အာထရာဆောင်းဆိုတာ ဘာလဲ ။ ။

Ultrasound ( အာထရာဆောင်း ) ဆိုတာဘာလဲ ။ ။ Ultrasound ဆိုတာ သူ့နာမည်အတိုင်းပဲ ultra အဆင့်မြင့်နည်းပညာနဲ့ sound အသံလှိှုင်းတွေကို သုံးထားတဲ့ ပုံရိပ်ဖော်နည်းပညာ ဖြစ်ပါတယ်။ အာထရာဆောင်းကို ဘာအတွက် အသုံးပြုကြတာလဲ ။ ။ ဓါတ်မှန်ရိုက်လို့မရတဲ့ ကိုယ်ဝန်သည်တွေ ကိုယ်ဝန်ဆောင်တွေ ဗိုက်ထဲက ရင်သွေးလေး ဘယ်နှစ်ပတ်ရှိပြီလဲဆိုတာသိဖို့၊ ကလေးဖွံ့ဖြိုးမှုကို သိဖိုနဲ့ ယောက်ျားလေးလား၊ မိန်းကလေးလားဆိုတာကို သိဖို့အတွက် အာထရာဆောင်းကို သုံးကြပါတယ်။ ကိုယ်ဝန်သည်တွေ အတွက် အာထရာဆောင်းက စိတ်အချရဆုံးပါ။ ဒါ့အပြင် အသည်းရောဂါ၊ အူလမ်းကြောင်းဆိုင်ရာရောဂါ၊ ကျောက်ကပ်ရောဂါတွေ ဆီးလမ်းကြောင်း နဲ့ မျိုးပွားအဂါၤဆိုင်ရာ ရောဂါတွေကို အာထရာဆောင်း နဲ့ စမ်းသပ်စစ်ဆေးကြည့်လို့ရပါတယ်။ အာထရာဆောင်းက ပုံရိပ်ကို ဘယ်လိုပုံဖော်ပေးတာလဲ ။ ။ အဆင့်မြင့် အသံလှိုင်းတွေကိုယ်တွင်းကိုဖြတ်တဲ့အခါ လမ်းမှာရှိတဲ့ ကိုယ်တွင်းကလီစာ တစ်ခုခုကို ထိသွားမိပြီး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဈေးသွားတဲ့အိမ်ရှင်မတိုင်း သိထားသင့် ဖော်မလင်ပါတဲ့ အစားအသောက်တွေရဲ့ အန္တရာယ်။ ။

ဖော်မလင်ထိုးထားတဲ့ငါးတွေ၊ ဖော်မလင် ထည့်ထားတဲ့ ကြက်သွေး ဘဲသွေးတွေကို ကျန်းမာရေးဝန်ကြီးဌာနက ပြင်းပြင်းထန်ထန် နှိမ်နင်းနေတဲ့ အကြောင်းတွေ သင်ကြားဖူးမှာပါ။ ကျန်းမာရေးဝန်ကြီးဌာန ကတောင် လိုက်သိမ်းတယ်ဆိုမှတော့ ဒီ ဖော်မလင်ပါတဲ့ အစားအသောက်တွေဟာ ကျန်းမာရေးကို တော်တော်ဒုက္ခပေးလို့ပေ့ါနော့။ ကျန်းမာရေးဝန်ထမ်းတွေသာ သိပေမယ့် သာမာန်ပြည်သူတွေ ဒီ ဖော်မလင်ပါတဲ့ အစားအသောက်တွေကရနိုင်တဲ့ ရောဂါတွေ မသိဘူးမဖြစ်ရလေအောင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။ အထူးသဖြင့် ဟင်းလျာတွေကို ဝယ်ယူ ပြင်ဆင်ချက်ပြုတ်နေရတဲ့ အိမ်ရှင်မတွေ ပိုပြီး သိထားသင့်ပါတယ်။ ။ ဖော်မလင်ဆိုတာဘာလဲ ။ ။ ဖော်မလင်ဆိုတာ ဓါတုပစ္စည်းတစ်မျိးဖြစ်ပြီး သူနဲ့ထိတွေ့တဲ့အရာတွေ မှန်သမျှ မပုပ်သိုးအောင် သူက ထိန်းထားပေးတာဖြစ်ပါတယ်။ ဒါတွေကို သိပ္ပံပညာရှင်တွေက ခန္ဓါဗေဓဆိုင်ရာ လေ့လာဖို့အတွက် လူသေတွေကို မပုပ်အောင် ဖော်မလင်စိမ်ရာကနေ စီးပွားရေး သမားတွေလက်ထဲရောက်ပြီး ခုလို အစားအသောက်တွေ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကျန်းမာပျော်ရွင်တဲ့ ဘဝတစ်ခုပိုင်ဆိုင်ချင်ရင် ဒီ အချက် ၅ ချက်ကို လိုက်နာသင့်ပါတယ်။ ။

ကျန်းမာချင်ကြတာ လူတိုင်းပါပဲ။ ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ ကျန်းမာရေး မကောင်းရင် ကိုယ်ရှာထားတဲ့ စည်းစိမ်ချမ်းသာကို ခံစားနိုင်ဖို့ဆိုတာ အရမ်းကို အလှမ်းဝေးတဲ့ ကိစ္စတစ်ခုပါ။ ကျန်းမာရေးကောင်းချင်ရင် လိုက်နာသင့်တဲ့ အကြောင်းများစွာကို ဖတ်ဖူးကြမှာပါ။ များလွန်းလို့ ဖတ်ပြီးတာနဲ့ မေ့သွားကြတယ်မလား။ ဒီဆောင်းပါးမှာတော့ ကျန်းမာပျော်ရွင်တဲ့ ဘဝကို ပိုင်ဆိုင်ဖို့ လိုက်နာသင့်တဲ့ အချက် ၅ ချက်ကို ပြောပြပေးမှာပါ။ လိုရင်းတိုရှင်းပေါ့။ ။ အဆိပ် မျိုးစေ့တွေ ကိုယ်ခန္ဓာထဲမှာ မချပါနဲ့ ။ ။ စီးကရက်တို့ အရက်တို့ဆိုတာလည်း ဘယ်လောက်ပဲ ကျန်းမာရေးအတွက် မကောင်းဘူးပြောပြော သုံးဖူးတဲ့ လူတိုင်း ကြိုက်တဲ့ အရာတစ်ခုဖြစ်နေကြတုန်းပါပဲ။ မူးယစ်ဆေးဆို ပိုဆိုးတာပေါ့။ ကျန်းမာချင်တဲ့ ဘဝတစ်ခုပိုင်ဆိုင်ချင်ရင် ဒီမူးယစ်ပြီး စွဲလန်းစေတတ်တဲ့ အရာတွေကို ယောင်လို့တောင် မကြည့်မိဖို့ လိုပါတယ်။ ကိုယ့်ဘဝရဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မက်ကလောင်ခြစ်တတ်တဲ့သူတိုင်း သိထားသင့်တဲ့ ကောင်းကျိုး ဆိုးကျိုးတွေ ။ ။

မက်ကလောင် မက်ကလောင် ဒီနာမည်လေးက ကြားဖူးသလိုလိုရှိနေပေမယ့် ဘာကြီးလဲဆိုတာကို သိတဲ့သူ အင်မတန်နည်းပါတယ်။ တရုတ်ပြည်ရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ လွှမ်းမိုးမှုအများဆုံးဖြစ်တဲ့ မန္တလေးတို့ ရှမ်းပြည်နယ်တို့မှာတော့ မက်ကလောင်ခြစ်တယ်ဆိုတာ ဓလေ့တစ်ခုကိုဖြစ်လို့။ ဒီတော့ ဒီ မက်ကလောင်ခြစ်တယ်ဆိုတာ ဘာလဲ။ ဘယ်လို ကောင်းကျိုးဆိုးကျိုးတွေရှိလဲဆိုတဲ့ အကြောင်းလေး ရေးဖို့ကြောင်းဖန်လာတော့တာပေါ့။ မက်ကလောင် ခြစ်တယ်ဆိုတာဘာလဲ ။ ။ မက်ကလောင်ခြစ်တယ်ဆိုတာ မက်ကလောင်ခြစ်တဲ့အတံလေးနဲ့ အရေပြားကို ခြစ်ပြီး သွေးလည်ပတ်မှု ကောင်းအောင်လို့ လုပ်ကြတယ်လို့ ဆိုပါတယ်။ ဒါက အရမ်းကို ရှေးကျတဲ့တရုတ်တိုင်းရင်းဆေးသမားတော်တို့ တီထွင်ခဲ့တဲ့ ဓလေ့တစ်ခုဖြစ်ပါတယ်။ မက်ကလောင် ခြစ်တာနဲ့ ပက်သက်တဲ့ အချက်ကလေး တစ်ချို့ ။ ။ မက်ကလောင်ကို ကျောဘက်၊ တင်ပါး၊ လည်ပင်း နဲ့ ခြေလက်တွေမှာ ခြစ်လေ့ရှိပါတယ်။ အဲဒီနေရာတွေမှာ အဆီတစ်ခုခုလိမ်းပြီး မက်ကလောင်ခြစ်တဲ့အတံလေးနဲ့ အရေပြားကို […]


အခြေခံကျန်းမာရေး

အိမ်တွင်းအကြမ်းဖက်ခြင်းကိုဘယ်လိုဖြေရှင်းမလဲ

အိမ်တွင်းအကြမ်းဖက်မှုဆိုသည်မှာခင်ပွန်းသည်၊ လက်တွဲဖော်၊ ကလေး၊ အသက်ကြီးသူ(သို့) အခြားမိသားစုဝင်တို့အတွင်း တွေ့ရသည့် အရာတစ်ခုဖြစ်သည်။ ၎င်းသည်မည်သူ့ထံတွင် မဆိုဖြစ်နိုင်ပြီးထိခိုက်ခံရသူ၏ ရုပ်ပိုင်းဆိုင်ရာသာမကစိတ်ပိုင်းဆိုင်ရာပါ သက်ရောက်မှုရှိသည်။ အကြမ်းဖက်သူများသည် ကြောက်ရွံခြင်း၊ အပြစ်ရှိခြင်း၊ ရှက်ရွံမှုတို့ကိုအသုံးပြုပြီး သင့်ကိုပင်ပန်းအောင်(သို့) ထိခိုက်အောင် လုပ်သကဲ့သို့ သင်နှင့်သင့်နားရှိလူများကိုလည်း ခြိမ်းခြောက်ပါသည်။ အိမ်တွင်းအကြမ်းဖက်ခြင်း၏ ပြဿနာများနှင့် လက္ခဏာများကိုနားလည်ထားခြင်းသည် သင် အကြမ်းဖက်ခံရသည့်အခါ မည်ကဲ့သို့ စီမံရန်နှင့် ကိုယ့်ကိုကိုယ် ကူညီနိုင်ရန် အထောက်အပံ့ပေးပါသည်။ အိမ်တွင်းအကြမ်းဖက်ခြင်းဆိုသည်မှာဘာလဲ။ ရုပ်ပိုင်းဆိုင်ရာ(ကာယပိုင်းဆိုင်ရာ) အကြမ်းဖက်ခြင်းနှင့် အိမ်တွင်းအကြမ်းဖက်ခြင်း ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း ဆိုသည်မှာ လူတစ်ယောက်ကို ထိခိုက်စေလိုသော(သို့) အန္တရာယ်ရှိစေနိုင်သော ရည်ရွယ်ချက်များဖြင့် အားအသုံးပြုခြင်းဖြစ်သည်။ အကြမ်းဖက်ခံရသူ၏ ခန္ဓါကိုယ်တွင် အနာများ(သို့) ထိခိုက်မှုများ ဖြစ်စေနိုင်သည်။ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပြုခြင်းသည် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းတစ်မျိုးပင်ဖြစ်ကြောင်းသိထားရမည်။ အကယ်၍သင်သည် သင်မလိုချင်သော(သို့) အရှက်ရသောလိင်ဆက်ဆံခြင်းတစ်ခုတွင် ပါဝင်ရန် အတင်းတိုက်တွန်းခံရပါက ၎င်းကို လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုခြင်းဟု သတ်မှတ်နိုင်သည်။ သင့်ခင်ပွန်း(သို့) […]


အခြေခံကျန်းမာရေး

ဘယ်လောက်ချစ်ချစ် ဒီပစ္စည်းတွေမျှမသုံးပါနဲ့

ကိုယ့်ပတ်ဝန်းကျင်မှာ မျက်စိနဲ့မမြင်နိုင်တဲ့ ရောဂါပိုးတွေထာင်နဲ့ချီပြီးရှိနေတာပါ။ မျက်စိနဲ့မမြင်နိုင်ဘူးဆိုကတည်းက အစစအရာရာသတိထားမှရမယ်ဆိုတဲ့ သဘောဆိုတာကိုပြောမပြလည်းသိမှာပါနော်။ ဒီတော့မမြင်ရတဲ့ရောဂါပိုးတွေလက်ကနေ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့အကောင်းဆုံးဖြစ်မယ့်နည်းလမ်းကတော့ ဘယ်လောက်ချစ်ချစ် တစ်ကိုယ်ရေသန့်ရှင်းရေးအတွက်သုံးတဲ့ ပစ္စည်းလေးတွေကိုမျှမသုံးဖို့ပြောပါရစေနော်။ ဘာကြောင့်ဒီလိုပြောရတာလဲဆိုတော့ ကျွန်မတို့မြန်မာလူမျိုးတွေက ချစ်ခြင်းမေတ္တာကြီးမားကြသူတွေပါ။ အရာရာကို မျှသုံးတတ်ကြသလို မိသားစုတွေစည်းစည်းလုံးလုံးနေရတာကို အခြားလူမျိုးတွေထက်ပိုသဘောကျတတ်ကြပါတယ်။ ငါ့သားလေးသုံးထားတာပဲ ငါ့သမီးလေးသုံးထားတာပဲ မိသားစုချင်းပဲဟာ အရေးမကြီးပါဘူးဆိုပြီး တဘက်ကနေစလို့သောက်ရေခွက်တွေအထိတူတူသုံးကြတာမျိုးရှိကြပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် သုံးတဲ့ပစ္စည်းတွေကရောဂါပိုးမွှားတွေအများဆုံးကပ်ညှိနေနိုင်တဲ့နေရာတွေပါပဲ။ ဘာတွေကို မျှမသုံးသင့်ဘူးလဲ ရေသုတ် တဘက် တဘက်တစ်ထည်ကို အတူတူအသုံးပြူမှုက ကျန်းမာရေးအတွက်တော်တော်လေးအန္တရာယ်များတဲ့ ကိစ္စပါ။ အရေပြားရောဂါတွေကူးစက်နိုင်သလို အခြားသောရောဂါပိုးတွေလည်း ကူးစက်နိုင်ပါတယ်။ မျက်လုံးနာတာမျိုးလည်းဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ပိုင်တဘက်တစ်ထည်စီထားပေးပြီး ၃ ရက်တစ်ခါလောက်လျှော်ပေးပါ။ မုတ်ဆိတ်ရိတ်ဓါး ယောက်ျားလေးတွေအတွက် လိုအပ်တဲ့ အသုံးအဆောင်တစ်ခုပေါ့။ မတော်တဆထိမိထားတာကနေတဆင့် ခန္ဓါကိုယ်တွင်းကိုရောဂါပိုးတွေဝင်ရောက်နိုင်ပါတယ်။ မုတ်ဆိတ်ရိတ်ဓါးကနေတဆင့် အသည်းရောင်အသားဝါ B၊C ပိုးနဲ့ HIVရောဂါပိုးေတွကူးစက်နိုင်ပါတယ်။ ဒါတင်မကသေးပါဘူး မှိုပိုးတွေကူးစက်နိုငပါသေးတယ်။ မုတ်ဆိတ်ရိတ်ဓါးမသန့်ရင် အရေပြားမှာပွေး၊ညှင်းလိုမျိုးအရေပြားပြဿနာတွေခံစားရနိုင်ပါတယ်။ သွားပွတ်တံ သွားပွတ်တံတစ်ချောင်းတည်းကိုမျှသုံးတာကသွေးကနေတဆင့်ကူးစက်တဲ့ရောဂါပိုးတွေကူးစက်ခံရနိုင်ခြေတော်တော်လေးများပါတယ်။ ဘယ်လောက်ချစ်ချစ် သွားပွတ်တံကိုမျှမသုံးပါနဲ့။ သွားတိုက်ရင်းသွားပွတ်တံကနေတဆင့် သွားဖုံးမှာရှိနေတဲ့သွေးကြောလေးတွေဆီကိုရောဂါပိုးတွေကူးစက်ရောက်ရှိသွားနိုင်ပါတယ်။ ချိုင်းလိမ်းတောင့် ချွေးနံ့သက်သာစေဖို့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သွေးလှူတာနဲ့ပတ်သက်လို့ သိထားမိနိုင်တဲ့ အယူအဆမှားအချို့

သွေးက လူတိုင်းအတွက် အရမ်းကို အရေးကြီးတဲ့ တန်ဖိုးကြီး ပစ္စည်းလေး တစ်ခုပါ။ သက်ရှိ သတ္တဝါတိုင်းမှာ သွေးရှိ ပါတယ်။ ဒီလို အရေးပါတဲ့ သွေးလေးကို လှူမယ်ဆိုရင် ဘယ်လောက်များ ကုသိုလ် ရလိုက်မလဲနော်။ ဒါပေမယ့် သွေးလှူချင်ပေမယ့် အယူအဆ အမှားတွေကြောင့် သွေးလှူဖို့များ ကြောက်နေလား။ ဒါဆို ဒီဆောင်းပါးလေးက သွေးလှူချင်ရက်နဲ့ ကြောက်စိတ်ကြောင့် သွေးမလှူဖြစ်ဘူး ဖြစ်နေတဲ့ Hello ဆရာဝန် ပရိသတ်ကြီးအတွက် သွေးလှူတာနဲ့ပတ်သက်လို့ သိထားမိနိုင်တဲ့ အယူအဆမှားအချို့ အကြောင်း ပြောပြပေးသွားပါမယ်။ သွေးလှူတာနဲ့ပတ်သက်လို့ သိထားမိနိုင်တဲ့ အယူအဆမှားအချို့ သွေးလှူတာနဲ့ပတ်သက်လို့ သိထားမိနိုင်တဲ့ အယူအဆမှား အချို့ ကတော့ သွေးလှူတာက အားနည်းစေတယ် သွေးလှူတာကြောင့် ခန္ဓာကိုယ်မှာ အားနည်းသွားတာမျိုး မဖြစ်နိုင်ပါဘူး။ သွေးလှူပြီးရင်တော့ ၂၄ နာရီ ပြည့်ပြည့်ဝဝ အနားယူပေးဖို့ လိုမှာပါနော်။ […]


အခြေခံကျန်းမာရေး

သွေးလှူသင့်တဲ့အကြောင်းအရင်း

အင်္ကျီလက်ကိုခေါက်တင်ပြီးသွေးလှူလိုက်ပါ။ အရမ်းပီတိဖြစ်စရာကောင်းပါတယ်။ရောဂါအခြေအနေတစ်ခုခုကြောင့်သွေးလိုအပ်နေသူတွေ၊ မတော်တဆမှုတစ်ခုခုကြောင့်သွေးလိုအပ်နေသူတွေကို ကိုယ့်သွေးနဲ့ အသက်ကယ်နိုင်တာကတော်တော်လေး ပီတိဖြစ်စရာကောင်းပါတယ်။သွေးလှူတာက သူများအသက်ကိုကယ်တင်နိုင်လို့ ပီတီဖြစ်ရုံတင်မဟုတ်ပါဘူး။ ကုသိုလ်လည်းရသလို ကျန်းမာရေးအရလည်းကောင်းကျိုးလေးတွေရနိုင်ပါသေးတယ်နော်။ ဘာတွေများဖြစ်မလဲလို့ စိတ်ဝင်စားနေပြီလား ဆက်ဆွေးနွေးလိုက်ရအောင်နော်။ သွေးလှူတာက ကျန်းမာစေနိုင်တယ်လို့ပြောရတဲ့ အကြောင်းအရင်း သွေးလှူတာကသူများအသက်ကိုကယ်ရာရောက်သလို ကိုယ်တိုင်မှာလည်း ကျန်းမာရေးအကျိုးကျေးဇူးတွေတော်တော်လေးများပါတယ်။လေ့လာမှုတွေအရတော့သွေးလှူတာကြောင့် အခုလိုမျိုးကျန်းမာရေးအကျိုးကျေးဇူးလေးတွေရရှိနိုင်တယ်၊လို့တွေ့ရှိခဲ့ရပါတယ်။ နှလုံးသွေးကြောတွေကို ကျန်းမာစေနိုင်တယ် သွေးပျစ်တာက နှလုံးသွေးကြောဆိုင်ရာရောဂါတွေကိုဖြစ်စေနိုင်တဲ့အကြောင်းအရင်းပါ။သွေးတွေကပျစ်လေလေသွေးကြောတွေထဲမှာ စီးဆင်းရခက်လေလေဖြစ်ပြီးသွေးကြောနံရံတွေကဆဲလ်တွေကို ထိခိုက်ပျက်စီးစေနိုင်လေလေပါ။သွေးတွေပျစ်နေတာကိုဖြေရှင်းပေးနိုင်မယ့် အခြေခံအကျဆုံးသောနည်းလမ်းကတော့သွေးလှူတာပါ။ ဒါတွေတင်မကပါဘူး။သွေးလှူတာကြောင့် နှလုံးရောဂါခံစားရနိုင်ခြေနည်းသွားနိုင်သလို ရုတ်တရက်နှလုံးရပ်တာ နဲ့ လေဖြတ်တာေတွခံစားရနိုင်ခြေကိုတော်တော်လေးနည်းသွားစေနိုင်ပါတယ်။သွေးလှူတာက ကိုယ်တွင်းက Oxidative Stressတွေကိုဖြေလျော့ပေးနိုင်ပါတယ်။ ကင်ဆြာဖစ်နိုင်ခြေကိုလျှော့ချပေးနိုင်ပါတယ် သွေးလှူလိုက်တဲ့အခါသွေးတွင်းက iron oxidative stressတွေကိုလျော့ကျသွားစေနိုင်ပါတယ်။ ဒီအခြေအနေက ခန္ဓါကိုယ်ကို အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာနဲ့ကင်ဆာရောဂါဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်ပါတယ်။ တစ်နှစ်ကို နှစ်ကြိမ်ပုံမှန်သွေးလှူပေးမယ်ဆိုရင် ကင်ဆာရောဂါကြောင့်သေဆုံးနိုင်ခြေကို သိသိသာသာလျှော့ချနိုင်မှာပါ။သွေးလှူတာကြောင့် အသည်းကင်ဆာ၊ အဆုတ်ကင်ဆာ၊အူမကြီးကင်ဆာ နဲ့ လည်ချောင်းကင်ဆာတွေဖြစ်နိုင်ခြေကိုလျှော့ချနိုင်မှာပါ။     ကိုယ်အလေးချိန်ထိန်းညှိပေးနိုင်ပါတယ် သွေးလှူတာက ကိုယ်တွင်းကယ်လ်လိုရီတွေကိုလောင်ကျွမ်းစေနိုင်ပါတယ်။ ပုံမှန်သွေးလှူတာက ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်သလိုသွေးတွင်းသံဓါတ်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ ကိုယ်အလေးချိန်ချဖို့စဉ်စားနေသူတွေအနေနဲ့ စမ်းကြည့်သင့်တဲ့နည်းလမ်းတစ်ခုပါနော်။ ရောဂါရှိ၊မရှိ […]


အခြေခံကျန်းမာရေး

ကိုယ်နံ့ပြင်းရင် ဒါတွေရှောင်ပါ

ခန္ဓါကိုယ်ရဲ့ ကိုယ်နံ့ကလည်း လူတွေကို ဆွဲဆောင်တဲ့အရာတွေထဲက တစ်ခုပါ။ အနံ့ဆိုးကင်းစင်ပြီး လတ်ဆတ်တဲ့ ကိုယ်သင်းနံ့လေးရှိနေမယ်ဆိုရင် သင်ဟာ အများကြားမှာ မျက်နှာပွင့်လန်းနေမှာ အသေအချာပါ။ ကိုယ်နံ့သင်းပျံ့မှုက ဆန့်ကျင်ဘက်လိင်ကိုဆွဲဆောင်ရာမှာတော်တော်လေးသက်ရောက်မှုရှိပါတယ်နော်။ ဒီတော့ သင်းပျံ့လတ်ဆတ်တဲ့ ကိုယ်သင်းနံ့လေးရှိနေစေဖို့ ဒီဆောင်းပါးလေးကနေ အထောက်အပံ့ပေးပါရစေလား။ သင်းပျံ့လတ်ဆတ်တဲ့ကိုယ်နံ့လေးပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဒါတွေရှောင်ပါ တစ်ခါတလေမှာ ကိုယ်နံ့ဆိုးတာက မျိုးရိုးလိုက်တာကြောင့်ဖြစ်နိုင်သလို ကျန်းမာရေးအခြေအနေတစ်ခုခုကြောင့်လည်းဖြစ်နေနိုင်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းတာကြောင့်နဲ့နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေကြောင့်လည်း ကိုယ်နံ့ဆိုးနိုင်ပါတယ်နော်။ ကြက်သွန်ဖြူ ကြက်သွန်ဖြူက ကျန်းမာရေးအတွက် အကျိုးပြုပေမယ့် အနံ့ဆိုးတွေကိုဖြစ်စေနိုင်ပါတယ်။ အရေးကြီးကိစ္စပြောစရာရှိတာမျိုး အလုပ်ခွင်ထဲရောက်နေတဲ့အခါမျိုးမှာ ကြက်သွန်ဖြူမစားမိပါစေနဲ့။ ခံတွင်းအနံ့ဆိုးတာ နဲ့ချွေးနံ့ဆိုးတာေတွဖြစ်စေနိုင်တာကြောင့်ပါ။ ကြက်သွန်နီ ကြက်သွန်နီက မီးဖိုချောင်ရဲ့ဆေးဝါးဆိုပေမယ့် ခံတွင်းနံ့၊ချွေးနံ့နဲ့ဆီးအနံ့ကိုဆိုးစေနိုင်တာအမှန်ပါ။ ဒါကြောင့် ခန္ဓါကိုယ်မှာအနံ့ဆိုးမဖြစ်ချင်ဘူးဆိုရင်ရှောင်ရပါမယ်။ ပန်းဂေါ်ဖီ၊ဂေါ်ဖီထုတ် ဒီအစားအစာတွေကလေပွေစနိုင်ပြီး ခန္ဓါကိုယ်ကိုအနံ့ဆိုးတွေဖြစ်စေနိုင်ပါတယ်။ အနီရောင်အသားတွေ အနီရောင်အသားစားသုံးမှုများလေလေ ခန္ဓါကိုယ်ရဲ့ ကိုယ်နံ့ကပြင်းလေလေပါ။ ဒါကြောင့်အနီရောင်အသားကိုတတ်နိုင်သမျှလျှော့စားပါ။ ဆေးလိပ် ဆေးလိပ်က ကျန်းမာရေးကို ထိခိုက်စေနိုင်သလို ကိုယ်နံ့လည်းပြင်းစေနိုင်ပါတယ်။ အဝတ်အစားတွေမှာ အနံ့တွေကပ်ကျန်နေပြီး ကိုယ်နံ့ကိုဆိုးစေနိုင်ပါသေးတယ်။ ကော်ဖီ ကဖင်းဓါတ်ကလည်း ကိုယ်မှာ အနံ့ဆိုးဖြစ်အောင်လှုံ့ဆော်ပေးပါတယ်။ ဒါကြောင့် ကိုယ်နံ့ပြင်းတတ်တယ်ဆိုရင်ကော်ဖီနဲ့ ကဖင်းဓါတ်ပါတဲ့ စားစရာေ၊သောက်စရာတွေကို မကျွေးပါနဲ့။ အယ်လ်ကိုဟော အရက်အပါအဝင် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း