အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အရက်သောက်ရင် ရုပ်ရင့်စေတဲ့ အကြောင်းရင်း (၇) ခု

ဘီယာတွေ၊ အရက်တွေသောက်တတ်တဲ့သူတွေဟာ ကြာရှည်သောက်လေ ရုပ်ရင့်လေဖြစ်လာတာကိုတွေ့ဖူးမှာပေါ့။ နဂိုအသက်ထက် ပိုရင့်တယ်ထင်ရတာမျိုး၊ ရွယ်တူချင်းယှဉ်ရင်တောင် အသက်ပိုကြီးနေသလိုလိုနဲ့။ တချို့တွေကတော့ခြွင်းချက်ပေါ့လေ။ ဒီလိုဖြစ်ရတာ ဘာကြောင့်လို့ထင်ပါသလဲ။ အပြင်ပန်းရုပ်ရည်တင်မက ခန္ဓာကိုယ်ကြီးတစ်ခုလုံးကို ရင့်ရော်အိုစာသွားစေတဲ့ အရက်သောက်ခြင်းဆိုးကျိုးတွေကို ကျန်းမာရေးရှုထောင့်ကနေလေ့လာကြည့်ရအောင်။ (၁) ရေဓာတ်ခမ်းခြောက်စေတယ် အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်ထဲ ရေဓာတ်ပိုနည်းလာတတ်တယ်။ ဒီအရည်တွေသောက်လို့ ရေငတ်ပြေမယ်မထင်ပါနဲ့။ အယ်လ်ကိုဟောက ခန္ဓာကိုယ်ထဲကရေတွေကို ဆီးအဖြစ်နဲ့ ပိုထွက်ရှိစေပြီး ရေဓာတ်ခန်းခြောက်နိုင်တဲ့အန္တရာယ်ကို ပိုတိုးစေနိုင်ပါတယ်။ (၂) အသားခြောက်စေနိုင်တယ် လူတွေက အသက်ကြီးလာရင် အရေပြားတွေပါးလာပြီး ပိုခြောက်သွေ့လာပါတယ်။ ဒါကတော့ သဘာဝအလျောက်ဖြစ်တဲ့ ရင့်ရော်မှုဖြစ်စဉ်ဆိုတော့ ကိုယ်ထိန်းချုပ်လို့ မရနိုင်ဘူးပေါ့။ ဒါပေမယ့် ကိုယ်နေထိုင်တဲ့ပတ်ဝန်းကျင်နဲ့ ကိုယ့်ရဲ့နေထိုင်ပြုမှုပုံတွေကြောင့် ဒီဖြစ်စဉ်ကို ပိုမြန်စေနိုင်ပါတယ်။ အယ်လ်ကိုဟောက သင့်ကို ရေဓာတ်ခမ်းခြောက်စေပြီး အသားခြောက်စေနိုင်တော့ ငယ်ငယ်နဲ့ရုပ်ရင့်စေပါလိမ့်မယ်။ (၃) အရေးကြီးတဲ့ ကိုယ်တွင်းအင်္ဂါတွေကို အားနည်းစေတယ် အယ်လ်ကိုဟောက အရေးကြီးတဲ့ကိုယ်တွင်းအင်္ဂါတချို့ကို ထိခိုက်စေပြီး မြန်မြန်ရင့်ရော်အားနည်းစေပါတယ်။ အရက်များများသောက်သူတွေဟာ အသည်းခြောက်ခြင်း ဖြစ်နိုင်ခြေပိုများစေနိုင်တယ်ဆိုပေမယ့် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အရက်နာကျ နေသည့်တိုင် အလုပ်ခွင်မှာ စမတ်ကျနေစေဖို့

အရက်ဆိုတာ ဘယ်လောက်ပဲ ကျန်းမာရေးအတွက် မကောင်းဘူးပြောပြော အပေါင်းအသင်းတွေနဲ့ ဆုံလာပြီဆိုရင် အနည်းဆုံးတော့ တစ်ခွက်တစ်ဖလားလောက် မော့တတ်ကြတာပဲမလား။ တစ်ခွက်ထဲပါလို့ ပြောရင်းနဲ့ အာလေးရွှင်ပြီး စိတ်ကမြူးကြွလာတာနဲ့ မမူးမချင်း တစ်ခွက်ပြီး တစ်ခွက် ဆက်တိုက်တွေ သောက်ကြတော့ပါပဲ။ ဒီလို ဘော်ဒါတွေနဲ့ ဆုံခိုက် သောက်တာ၊ စားတာ ပျော်ဖို့ကောင်းပေမယ့် နောက်နေ့မနက်ရောက်ပြီဆိုရင်တော့ အရက်နာကျ တဲ့ ဝေဒနာကို ခံစားနေရရင်တော့ အဆင်မပြေဘူးပေါ့။ အထူးသဖြင့် ရုံးကိုလာတဲ့နေ့မှာ ညက အရှိန်နဲ့ မျက်နှာက မအီမသာဖြစ်၊ ခေါင်းကမူးပြီး အော့အန်ချင်သလို၊ အလုပ်ထဲလည်း အာရုံမရောက်ဖြစ်နေရင်တော့ အလုပ်ခွင်မှာ ပြဿနာဖြစ်နိုင်ပါတယ်။ ဒီတော့ ကဲချင်သလို ကဲပြီး နောက်နေ့ ရုံးမှာ ရုပ်ပျက်ဆင်းပျက် ဖြစ်မနေအောင် အရက်နာကျ ဝေဒနာကို ထိန်းဖို့နည်းလမ်းတွေကို ကိုယ့်ဘော်ဒါတွေအတွက် ဝေမျှပေးလိုက်ပါတယ်။ အရက်နာကျ နေသည့်တိုင် အလုပ်ခွင်မှာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ရေ ရှားတဲ့ နွေမှာ မသန့်ရှင်းတဲ့ရေကြောင့် ရောဂါတွေမဖြစ်စေဖို့

အဟမ်း..... အဟမ်း.... ရာသီဥတုကြေညာချက်လေးထုတ်ပြန်ပါရစေ။ အခုဆိုရင်ဖြင့် ပူပြင်းတဲ့ နွေရာသီကိုရောက်လာပါပြီနော်။ နွေရာသီမှာ အပူချိန်မြင့်တာကတော့ လူတိုင်းသိပြီးသားပါနော်။ နွေပူပြင်းမှုနဲ့အတူ ထပ်ခံစားရနိုင်တာက ရေရှားတာလေနော်။ မြန်မာနိုင်ငံမှာ မြစ်ချောင်းအင်းအိုင်တွေပေါများပေမယ့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် သောက်ရေ၊ သုံးရေရှားပါးလာပြီဖြစ်သလို ရာသီဥတုမမှန်တာကြောင့်လည်း ရေပြတ်လပ်မှုတွေခံစားကြရပါတယ်။ ဒါကြောင့် ရေရှားတဲ့ နွေရာသီရောက်ရင် မသန့်ရှင်းတဲ့ ရေ ကြောင့် ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ရေအသက် တစ်မနက်ပါ ရေအသက် တစ်မနက်ပါနော်။ ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို ရေနဲ့ ဖွဲ့စည်းထားတာပါ။ ရေလုံလောက်စွာရပါမှ ကျန်းမာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်မှာပါ။ရေက ခန္ဓာကိုယ်အပူချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးပြီး အဆစ်တွေကို လှုပ်ရှားမှုကောင်းစေပါတယ်။ ဆီး၊ ဝမ်းနဲ့ ချွေးကနေတဆင့် ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာကလည်း သောက်သုံးရေပါနော်။ သန့်ရှင်းတဲ့ရေ လုံလောက်အောင်မရရင် ဘာဖြစ်မလဲ သန့်ရှင်းတဲ့ရေ မရလို့ လုံလောက်အောင် မသောက်နိုင်တဲ့အခါ […]


အခြေခံကျန်းမာရေး

သတိထားသင့်တဲ့ ဗီတာမင် ဒီ အဆိပ်သင့်ခြင်း

ဗီတာမင် ချို့တဲ့ရင် ဘယ်လိုဖြစ်နိုင်တယ်၊ ဘယ်လိုအန္တရာယ်ရှိနိုင်တယ်ဆိုတာမျိုးက အမြဲကြားဖူးနေကျ အသိပညာပေးစကားတွေပါ။ ဒါပေမယ့် တန်ဆေး လွန်ဘေးဆိုသလို ဘယ်အရာမှ ရှိသင့်တာထက်လွန်ကဲရင်မကောင်းပါဘူး။ ခုတလောမှာတွေ့ရလိုက်ရတဲ့ သတင်းတွေထဲ ဗီတာမင် D လွန်ကဲနေလို့ အဆိပ်သင့်ရတဲ့သူတွေအကြောင်း ပါဝင်နေပါတယ်။ ဗီတာမင် D ဆိုတာ ကယ်လ်စီယမ်စုပ်ယူနိုင်စွမ်း၊ ကိုယ်ခံအားစနစ်လုပ်ဆောင်ချက်နဲ့ အရိုး၊ကြွက်သား၊နှလုံးကျန်းမာရေးတို့မှာ အရေးပါတဲ့နေရာက ပါဝင်သက်ဆိုင်တဲ့ဓါတ်ဖြစ်ပါတယ်။ ဒါပေမယ့်ဗီတာမင် D ကို အဆီများတဲ့ငါးကလွဲပြီး တခြားအစားအသောက်ကနေရရှိနိုင်ဖို့ အခွင့်အလမ်းနည်းပါတယ်။နေရောင်ခြည်ကနေပဲရရှိနိုင်တာဖြစ်လို့နေရောင်ထိတွေ့မှုသိပ်မရှိသူတွေမှာ အလုံအလောက်မရနိုင်တဲ့အတွက်ဗီတာမင် D အားဆေးတွေ လိုအပ်လာတာပါ။ ဗီတာမင် D မှာD2 နဲ့D3 ဆိုပြီးနှစ်မျိုးရှိပါတယ်။D2 ကို အသီးအရွက်တွေကနေရရှိနိုင်ပြီးD3 ကိုတော့ အဆီများတဲ့ငါးနဲ့အသားကနေရရှိနိုင်တယ်၊နေရောင်ခြည်ကရနိုင်တယ်ဆိုပေမယ့် ပမာဏနည်းပါတယ်။။ တစ်နေ့ကိုဗီတာမင် D ပမာဏ 400–1000 IUအထိသောက်သုံးနိုင်ပါတယ်။ ဒါပေမယ့်အရေးကြီးတာကဗီတာမင် D နဲ့ပတ်သက်တဲ့အားဆေးတွေကို ဆရာဝန်ညွှန်ကြားချက်အတိုင်းမဟုတ်ဘဲ ထင်ရာမသောက်ဖို့ပါပဲ။ဗီတာမင် D3 […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အသက် ၁၈ နှစ်နောက်ပိုင်းမှာ အရပ်ထပ်ရှည်ချင်တယ်ဆိုရင် ဒါတွေလုပ်ကြည့်ပါ။ ။

ကိုယ့်အရပ်ကို စိတ်တိုင်းမကျ ဖြစ်တဲ့အခါတိုင်း အရပ်ရှည်အောင် ဘာတွေလုပ်ရမလဲလို့ သူများကို မေးဖူးတဲ့သူတွေရှိကြမှာပါ။ အဲဒီမှာ အများစုပြန်ဖြေကြတာကတော့ အသက် ၁၈ နှစ်ကျော်သွားရင် အရပ်ဆက်ရှည်ဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတာပါပဲ။ ဒါတကယ်ပဲလား၊ အရပ်ထပ်ရှည်အောင် ဘာမှ လုပ်လို့မရတော့ဘူးလား။ ။ ဒီနေရာမှာ ပြောစရာတစ်ခုတော့ရှိပါတယ်။ ကိုယ့်မျိုးရိုးက အရပ်ပုတဲ့မျိုးရိုးဖြစ်နေရင် ၊ အဖေရော အမေရော အရပ်ပုနေရင် ကိုယ့်ကျမှ ထူးပြီး ရှည်လာစရာ အကြောင်းတော့မရှိပါဘူး။ ဒါပေမယ့် မိဘနှစ်ပါးမှာ တစ်ယောက်က အရပ်ရှည်နေမယ်၊ အမျိုးတွေကလည်း အရပ်ပုတဲ့အထဲ မပါဘူးဆိုရင်တော့ ၁၈ နှစ်နောက်ပိုင်းမှာ အရပ်ထပ်ရှည်လာဖို့လို မျှော်လင့်လို့ရပါသေးတယ်။ အရပ်ရှည်လာပါစေဆိုပြီး ထိုင်ပြီး ဆုတောင်းနေရုံနဲ့တော့ ဘာမှ ဖြစ်မလာမှာ သေချာတာမို့ ကိုယ့်ဘက် က နည်းနည်း အားစိုက်ရမယ့် အပိုင်းလေးတွေရှိပါတယ်။ ဒီတော့ ကိုယ်ကလည်း အသက် […]


အခြေခံကျန်းမာရေး

မတည့်သောအစားအစာများ ဆိုတဲ့ ဖေ့ဘွတ်ပေါ်က ချင်း(ဂျင်း) ပညာပေးများ

ဖေ့ဘွတ်ဟာ သတင်းအစုံအလင် သိရဖို့အတွက် အရမ်းကို အဆင်ပြေတဲ့နေရာတစ်ခုပါ။ ဒါပေမယ့် သတင်းအချက်အလက်အမှားတွေနဲ့ အဆိပ်အတောက်ဖြစ်စရာတွေလည်း အရမ်းကို များပါတယ်။ သေချာ သုံးသပ်ဆင်ခြင်မှုမလုပ်ဘူးဆိုရင် မမှန်ကန်တဲ့အချက်အလက်တွေ လက်ခံပြီးသားဖြစ်သလို ကိုယ်တိုင်ကလည်း သူများတွေဆီဖြန့်ဝေပြီးသားဖြစ်နေတတ်ပါတယ်။ အဆိပ်ကို အဆိပ်မှန်းမသိလို့ စေတနာနဲ့တိုက်လည်း တိုက်ခံရတဲ့သူသေပါတယ်။ ဆေးမြီးတိုတွေ၊ လူပြောသူပြော ပါးစပ်ပြောအကြောင်းအရာတွေလည်း ဒီအတိုင်းပါပဲ။ ကိုယ်က စေတနာနဲ့ရေးသားတယ်။ ဖြန့်ဝေပေးတယ်ဆိုပေမယ့် မှန်ကန်တဲ့အချက်အလက်တွေမဟုတ်ရင် လူကိုဘေးဖြစ်စေနိုင်ပါတယ်။ အခုပြောချင်တဲ့အကြောင်းအရာကတော့ အိမ်တိုင်းလိုလိုမှာ ရှိတတ်ကြတဲ့ မီးဖိုချောင်ထဲမှာ ချိတ်ဆွဲထားတတ်ကြတဲ့ မတည့်သောအစားအစာများ ဆိုတဲ့ ကတ်ပြားကြီးအကြောင်းနဲ့ ဒီထဲက အစားအသောက်တွေဟာ တွဲဖက်စားမယ်ဆိုရင် တကယ်ကို ဘေး ဖြစ်စေနိုင်သလားဆိုတာကိုပါ။ အစားအစာတွေဟာ ယေဘုယျအားဖြင့် ဘေးကင်းပါတယ်။ အလွန်အကျွံမဟုတ်ရင် အစားအသောက်အချင်းချင်းမတည့်ဘူးဆိုတာ ရှားပါးပါတယ်။ ဒါပေမယ့် အဲဒီ မတည့်သောအစားအစာများ ဆိုတဲ့ကတ်ပြားကို ကြည့်လိုက်မယ်ဆိုရင် လူတွေစားနေကျဖြစ်တဲ့ ဝက်သားနဲ့ […]


အခြေခံကျန်းမာရေး

ဗီတာမင် စီ အကြောင်းဘာတွေသိထားလဲ

ကျွန်တော် လူတော်တော် များများကို ဗီတာမင် စီ ကဘာအတွက်ကောင်းလဲ မေးရင် တော်တော်များများ ပြန်ဖြေတာကတော့ ဝိတ်ကျစေတယ်လို့ပဲ ဖြေတာများပါတယ်။ အခုထိ လေ့လာတွေ့ရှိချက်များ အရ ဗီတာမင် စီက ကိုလက်စထရော ကျစေတယ်လို့ပဲ စာတမ်းတွေ ရှိပါသေးတယ်။ ဝိတ်ကျတယ်လို့တော့ အခုထိရှာမတွေ့သေးပါဘူး။ တခြားသော လူသိပ်မသိကြသေးတဲ့ ဗီတာမင်စီ ရဲ့ကောင်းကျိုးလေးတွေ ရှိပါသေးတယ်။ အသားအရေကို တင်းရင်းစေခြင်း အရိုးဖွဲ့စည်းတည်ဆောက်မှုကို အားပေးခြင်း အနာကျက်လွယ်စေခြင်း ခန္ဓာကိုယ်အတွင်းရှိ ကိုလက်စထရောများကို အဆီချေဖျက်ရာတွင် အသုံးလိုတဲ့ သည်းခြေရည်ဖြစ်အောင် ပြောင်းလဲပေးနိုင်ခြင်း။ လူတွေရဲ့စိတ်ကို ပျော်အောင်၊ စိတ်ပူပန်အောင်၊ စိတ်ဓာတ်ကျအောင် စတာတွေကို ထိန်းချုပ်ပေးနေတဲ့ ဆီရိုတိုနင် (Serotonin) လို့ခေါ်တဲ့ ဓာတ်တစ်မျိုးထွက်အောင်လည်း အားပေးပါတယ်။ အကြမ်းဖျင်းအားဖြင့် Serotonin (ဆီရိုတိုနင်) နည်းရင် စိတ်ဓာတ်ကျဝေဒနာခံစားရတတ်ပါတယ်။ ဓာတ်တိုးဆန့်ကျင်သတ္တိရှိတဲ့အတွက် ကင်ဆာရောဂါ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နည်းစနစ်မှန်မှန် ရေသောက် ကြမယ်

ရေသောက်တာများ ငယ်ငယ်ကတည်းက သောက်တတ်သားပဲလို့များ တွေးနေလား။ လူတိုင်းက ရေသောက် တတ်တာ သိပေမယ့် နည်းစနစ်မှန်မှန် ရေသောက်တတ်ရဲ့လားဆိုတာကတော့ မသေချာဘူးလေနော်။ရေကို နည်းစနစ်မှန်မှန်သောက်တတ်မှလည်း ကျန်းမာမှာပါ။ ဒီတော့ရေကိုနည်းစနစ်မှန်မှန်သောက်တတ်ဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါနော်။ ရေသောက်ရတဲ့ပမာဏက အသက်အရွယ်၊ ရာသီဥတုအခြေအနေ၊ ကိုယ်အလေးချိန် နဲ့ ဘယ်လိုလှုပ်ရှားမှုတွေလုပ်နေလဲဆိုတဲ့အပေါ်မှာ မူတည်ပြီး ကွဲပြားမှုတွေရှိနိုင်ပါတယ်နော်။ ပုံမှန်အားဖြင့်တော့ လူတစ်ယောက်ဟာ တစ်နေ့ကိုရေ ၈ ခွက်သောက်ရပါမယ်။ အနည်းဆုံးတော့ ၆ ခွက်ပေါ့။ ဒီသောက်လိုက်တဲ့ရေတွေက အချိန်မှန်ဖို့လည်းလိုပါမယ်နော်။ ရေလုံလောက်စွာရရှိမှုက ခန္ဓာကိုယ်ကျန်းမာစေနိုင်ပါတယ် မှတ်ဉာဏ်ကောင်းစေတယ် အသားအရေစိုပြည်လှပစေတယ် ကိုယ်အလေးချိန်ကျစေတယ် ကိုယ်အလေးချိန် ထိန်းညှိပေးနိုင်တယ် အရေပြားပြဿနာကင်းစေနိုင်တယ် ကိုယ်ခံအားစနစ်ေကာင်းစေနိုင်တယ် အစာခြေစနစ်ကျန်းမာစေနိုင်တယ် သွေးသန့်စေနိုင်တယ် ဆီးလမ်းကြောင်းကျန်းမာစေနိုင်တယ် ကျောက်ကပ်သန့်စင်စေနိုင်တယ် သွေးသန့်စေနိုင်တယ် သွေးပေါင်ချိန်ထိန်းညှိပေးနိုင်တယ် ခေါင်းကိုက်တာကို သက်သာစေနိုင်တယ် ကိုယ်အပူချိန်ကျစေနိုင်တယ် နှလုံးကျန်းမာစေနိုင်တယ် ခံတွင်းနံ့ဆိုးကင်းစေနိုင်တယ် စိတ်ခံစားမှုကောင်းစေနိုင်တယ်။ နည်းစနစ်မှန်မှန် ရေသောက် ကြမယ် နည်းစနစ်မှန်မှန် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အဆီများနေတာက ဆိုးကျိုးကြီးပဲတော့မဟုတ်ဘူးနော်

အဆီက ကျန်းမာရေးအတွက် ဆိုးကျိုးပေးသလို လှပမှုမှာလည်း ထိခိုက်စေတာကြောင့် စိတ်ပျက်တယ်ဟုတ်။တောက်လျှောက်သိလာခဲ့တဲ့ ကျန်းမာရေးအသိက အဆီများရင်ရောဂါပိုများမယ်။ ကျန်းမာရေးအတွက်ရော အလှအပအတွက်ရော အဆီကကောင်းကျိုးမပေးဘူးဆိုတာပါ။ ဒီတစ်ခေါက်တော့ ကျန်းမာရေးအတွက် အကျိုးမပြုဘူးလို့ အမြဲယူဆလာခဲ့တဲ့ အဆီရဲ့ကောင်းကျိုးလေးကိုနည်းနည်းလောက်ပြောပြပေးချင်ပါတယ်။ အဝလွန်တာနဲ့ ပတ်သက်လို့ အဝလွန်တာ၊ ပုံမှန်ရှိသင့်တဲ့ကိုယ်အလေးချိန်ထက်ပိုများနေတာတွေကပြင်းထန်တဲ့ကျန်းမာရေးအခြေအနေတစ်ရပ်ဖြစ်ပြီး ဆိုးရွားတဲ့နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကိုဖြစ်စေနိုင်ပါတယ်။ အဝလွန်တာကြောင့်သွေးကြောတွေကျဉ်းတာ၊မာတာ၊ နှလုံးရောဂါ၊ဆီးချို၊ကင်ဆာနဲ့ အိပ်စက်မှုဆိုင်ရာ မူမမှန်တာမျိုးတွေဖြစ်စေနိုင်ပါတယ်။ ဒါတွေတင်မကပါဘူး။ အဝလွန်တာကြောင့်သေဆုံးနိုင်ခြေပိုများနေနိုင်သလို စိတ်ဓါတ်ကျတာ။ စိုးရိမ်စိတ်များတာလိုမျိုး စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုလည်း ခံစားရနိုင်ပါသေးတယ်နော်။ အဆီများတာက ဒီလိုအားသာချက်ရှိပါတယ်နော် အဆီများလို့ရောဂါများနိုင်တယ်ဆိုပေမယ့်လေ့လာမှုတစ်ရပ်အရတော့ အဆီများတာကလေဖြတ်ေဝဒနာခံစားရတဲ့ အခါအသက်ရှင်သန်နိုင်ခြေပိုများစေနိုင်တယ်၊လို့တွေ့ရှိခဲ့ရပါတယ်။ဆေးဖက်ဆိုင်ရာကျွမ်းကျင်သူတွေက ဒီလေ့လာတွေ့ရှိမှုကိုobesity paradox လို့ခေါ်ဝေါ်သတ်မှတ်ခဲ့ကြပါတယ်။obesity paradox ဆိုတာဆေးဖက်ဆိုင်ရာသီအိုရီတစ်ခုဖြစ်ပြီး အဝလွန်တာက အသက်အရွယ်ကြီးရင့်သူတွေ နဲ့ အခြားသောနာတာရှည်ရောဂါခံစားနေရသူတွေမှာ အသက်အန္တရာယ်ထိခိုက်နိုင်ခြေကနေ ကာကွယ်ပေးနိုင်တဲ့ အခြေအနေတစ်ရပ်ကိုဆိုလိုတာပါ။   ဒီလေ့လာမှုမလုပ်ခင်မှာ ပထမဆုံးသတိထားမိတဲ့ အချက်တစ်ခုရှိပါတယ်။ ဒါကတော့ ပုံမှန်ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်ပိုများနေမှုက ကျောက်ကပ်ရောဂါခံစားနေရသူတွေနဲ့ နှလုံးရောဂါခံစားနေရသူတွေမှာ အသက်ရှင်သန်နိုင်ခြေကို ပိုတိုးစေတယ်ဆိုတဲ့အချက်ပါ။ ဒီအချက်ကြောင့်လေဖြတ်ခဲ့ရင်ရော ပုံမှန်ထက်ကိုယ်အလေးချိန်ပိုများနေသူတွေက […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အရက်သောက်တဲ့အခါမှာ အသက်အရွယ်ကလည်း စကားပြောတယ်

Happy weekend.... ပါ။ ဘာကိုအရင်ဆုံးစဉ်းစားမိလဲ၊ မနက်ဖြန်ရုံးပိတ်တယ်၊ Super Friday Nightလေးလုပ်မယ်လို့ပေါ့။သောက်မယ်စားမယ်။ လူစုကြပြီလေ။ လူစုံတဲ့အခါသောက်ဖို့စဉ်းစားမိတယ်၊သောက်ရတာကိုလည်း ကြိုက်ပါတယ်ဆိုတဲ့ ကိုကိုတွေနဲ့လေဒီလေးတွေကို ဒီဆောင်းပါးလေးကနေ သတင်းစကားပါးချင်တာက အရက်သောက်တဲ့အခါ အသက်အရွယ်က စကားပြောတယ်ဆိုတာပါ။ ဘယ်လိုစကားပြောတာလဲ၊ ငယ်ရင် ပိုသောက်နိုင်တယ်၊ အသက်ရလာရင် မသောက်နိုင်ဘူးဆိုတဲ့ ကိစ္စလို့များတွေးနေလား။ မဟုတ်ပါဘူးနော်။ ဘာများဖြစ်မလဲ သိချင်ရင်ဆက်ပြီး ကြည့်လိုက်ပါနော်။ အရက်ေသာက်ရာမှာ အသက်အရွယ်ကစကားပြောတယ် မကြာသေးခင်ကလုပ်ခဲ့တဲ့လေ့လာမှုအရ အရက်သောက်သုံးတဲ့အခါ အသက်အရွယ်ကွာခြားသလို ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှုချင်းလည်းကွာခြားပါတယ်။ အသက် ၅၀ကျော်တွေမှာ အရက်ကြောင့် ကျန်းမာရေးထိခိုက်နိုင်ခြေက အခြားအသက်အရွယ်အပိုင်းအခြားတွေထက် ပိုနည်းနေတယ်၊လို့တွေ့ရှိခဲ့ရပါတယ်။အရက်ကကျန်းမာရေးကိုထိခိုက်စေတာ အမှန်ပါပဲ။ အရက်အလွန်အကျွံသောက်သုံးတာကြောင့် ကင်ဆာ၊ အသည်းရောဂါ၊ နှလုံးရောဂါတွေခံစားရနိုင်သလို ဦးနှောက်အပါအဝင် အာရုံကြောစနစ်တွေကိုပါထိခိုက်စေပြီး ပြင်းထန်တဲ့ကျန်းမာရေး အကျိုးဆက်တွေကိုဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ဒီအကျိုးဆက်တွေက အသက် ၅၀ကျော်တဲ့အသက်အရွယ်တွေမှာတော့ဖြစ်နိုင်ခြေတော်တော်လေးနည်းသွားပြီဆိုပါတယ်။အယ်လ်ကိုဟောနဲ့ပတ်သက်ပြီး အများကလက်ခံထားတဲ့နောက်ထပ်အယူအဆတစ်ခုရှိပါသေးတယ်၊ ဒါကတော့ အလွန်အကျွံမဟုတ်ဘဲ အနည်းအကျဉ်းလောက်သောက်ရင် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း