အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျန်းမာရေး

ပူလွန်းလို့ ပန်ကာဖွင့်အိပ်တာ အန္တရာယ်ရှိလား

ပြင်းလွန်းတဲ့အပူရှိန်ကို အံတုပြီး လှုပ်ရှားသွားလာနေရတာ အတော်ပင်ပန်းပါတယ်။ခုချိန်မှာ အရိပ်ထဲနေရင်တောင် ပူလောင်နေရတဲ့နွေအပူဒဏ်ကို ဘယ်လိုသက်သာအောင်နေရမလဲပဲတွေးနေကြမှာပါ။ အင်္ကျီဆိုင်ရှေ့ဖြတ်ရင်တောင် အသားအေးမယ့်အဝတ်အစားကိုပဲ မျက်လုံးထဲမြင်တော့တယ်။အပူသက်သာဖို့ အိမ်တိုင်းမှာ အမြဲသုံးလေ့ရှိတာက လျှပ်စစ်ပန်ကာနဲ့လေအေးပေးစက်ပါ။လေအေးပေးစက်မရှိတဲ့သူတွေတော့ ပန်ကာသုံးပါတယ်။ ပန်ကာက လိုသလိုနေရာရွှေ့ပြောင်းလို့ရတာလည်းပါတာပေါ့။ ပန်ကာကိုနေ့ဘက်အပြင် ညအိပ်တဲ့အခါ ဖွင့်ထားပြီး အိပ်တတ်ကြပါတယ်။ ညကျအိပ်ရာထဲဝင်တာနဲ့ တအားပူအိုက်တာကိုး။ချွေးတွေတလုံးလုံးနဲ့ လူးရင်းလှိမ့်ရင်း မိုးလင်းသွားမှာစိုးရတယ်လေ။ပန်ကာကို ဟိုးအရင်တည်းက အသုံးပြုလာခဲ့ကြတာဖြစ်ပြီး အန္တရာယ်ကြီးကြီးမားမားလည်း မဖြစ်လောက်ဘူးလို့ယူဆထားကြပါတယ်။ ဒါပေမယ့်တစ်ညလုံးပန်ကာရှေ့အိပ်စက်ကြတာဟာ စိုးရိမ်စရာရှိလားလို့မေးခွန်းထုတ်စရာရှိလာပါတယ်။ သုတေသနဆန်းစစ်ချက်တစ်ခုကြောင့်ပါ။လေအေးပေးစက်မသုံးဘဲ ပန်ကာသုံးသူတွေမှာ ကျန်းမာရေးထိခိုက်မှုတွေရှိတယ်လို့ ဆက်နွှယ်မှုအထောက်အထားတချို့ကို သူက ဖော်ပြလာတာဖြစ်ပါတယ်။ဒီဆန်းစစ်ချက်အရ အပူပြင်းထန်ချိန်အတွင်း ပန်ကာအသုံးပြုမှုရဲ့ကောင်းကျိုးဆိုးပြစ်တွေအကြောင်း မရေရာမှုတွေကိုသေချာဆက်လက်လေ့လာပြီး ခိုင်မာတဲ့အထောက်အထားဆက်ရှာဖွေဖို့လိုပါတယ်လို့ဗြိတိန်ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုဌာနမှKatie Carmichael ကပြောပါတယ်။ ပန်ကာကြောင့် ပိုပူနိုင် ဒီလေ့လာဆန်းစစ်ချက်ကို အကျိုးအမြတ်မယူ သုတေသနအဖွဲ့The Cochrane Collaboration က ကျန်းမာရေးအာဏာပိုင်တွေအတွက် စုစည်းလေ့လာခဲ့တာဖြစ်ပါတယ်။ အပူချိန်အရမ်းပြင်းနေတဲ့အချိန်မှာ ပန်ကာအသုံးပြုခြင်းက ခန္ဓါကိုယ်ကိုအေးစေတဲ့အစား ပိုပူစေနိုင်ပြီး ထိခိုက်မှုတွေရှိစေနိုင်တယ်လို့ စိုးရိမ်ကြတာပါ။ […]


အခြေခံကျန်းမာရေး

ပူပြင်းတဲ့ရာသီဥတုကြောင့် ကိုယ်ခန္ဓါမှာဖြစ်လာနိုင်တဲ့ အန္တရာယ် အရှိဆုံး ၃ ချက် ။ ။

ဒီနှစ်ေနွရာသီဟာ အခြားနှစ်တွေကထက် အပူချိန်ပြင်းတယ်ဆိုသာ အားလုံးသိကြမှာပါ။ ဆောင်းကသာ မအေးပေမယ့် နွေကတော့ အမြဲသစ္စာရှိပါတယ်။ ပြီးတော့ ဒီလိုပူပြင်းတဲ့နွေရာသီဆိုတာလည်း ရက်ပိုင်းလောက်မဟုတ်ဘဲ ၃လလောက်တောင်ကြာတာဆိုတော့ ကျန်းမာရေးကို ထိခိုက်တာတွေဖြစ်လာတော့တာပေါ့။ အားလုံးထဲကမှ အန္တရာယ်အရှိဆုံးဖြစ်တဲ့ နွေအပူချိန်ေကြာင့် ပြင်းထန်စွာ ထိခိုက်တတ်တဲ့ ကျန်းမာရေး အခြေအနေ ၃ ခုကို ပြောပြပေးတော့မှာပါ ။ ။ ( ၁ ) အပူရှပ်ခြင်း (Heat stroke) အပူရှပ်တယ်ဆိုတဲ့ စကားလုံးနဲ့ စိမ်းမယ့်သူတွေ မရှိဘူးလို့ထင်ပါတယ်။ နွေရောက်ပြီဆိုတာနဲ့ အဖြစ်အများဆုံးနဲ့ အန္တရာယ် အရှိဆုံးကျန်းမာရေး အခြေအနေတစ်ခုပါ။ လူတစ်ယောက်ရဲ့ သာမာန် အပူချိန်က ၉၈.၇ ဒီဂရီ ဖာရင်ဟိုက်ဘဲ ရှိသင့်တာပါ။ ဒီထက်ကျော်ပြီး များလာတဲ့ ပတ်ဝန်းကျင်က အပူချိန်ကို အံတုဖို့ သာမာန် အပူချိန်ကို ပြန်ထိန်းထားဖို့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကျန်းမာပျော်ရွှင်တဲ့ ဘဝပိုင်ဆိုင်ဖို့ အချိန်ကို အကျိုးရှိရှိအသုံးချတတ်ပါစေ

သူများတွေအောင်မြင်တာကိုကြည့်ပြီး အားကျနေလား။ ကိုယ်တိုင်ရောအောင်မြင်ချင်နေပြီလား။ ဒါဆိုရင်တော့အောင်မြင်နေရသူတွေမှာရှိနေတဲ့ လျှို့ဝှက်ချက်လေးတစ်ခုပြောပြမယ်နော်။ ဒါကတော့ လူသားတိုင်းကို သဘာဝတရားကြီးက တပြေးညီပေးထားတဲ့ အချိန် ၂၄ နာရီကို အကျိုးရှိရှိ ထိထိရောက်ရောက် အသုံးချတတ်ခြင်းပါ။အောင်မြင်နေတဲ့သူတွေက အချိန်ကိုဘယ်လိုအကျိုးရှိရှိအသုံးချလဲသိချင်ရင် ဒီဆောင်းပါးလေးကနေတဆင့်ပြောပြပါရစေနော်။ အချိန်ကို အကျိုးရှိရှိအသုံးချခြင်း တစ်နေ့တာအစီအစဉ်ကိုရေးဆွဲပါ တစ်နေ့တာမှာ ဘာတွေလုပ်မယ်ဆိုတာကို ကိုယ်တိုင် အစီအစဉ်ဆွဲထားပါ။ အိပ်ရာမဝင်ခင်မှာနောက်တစ်နေ့တာအတွက် အစီအစဉ်ကို အချိန်အပိုင်းအခြားနဲ့တကွသေချာလေးအစီအစဉ်ချတတ်တဲ့ အလေ့အထကိုမွေးမြူပေးပါ။ အချိန်အတိအကျသတ်မှတ်ပါ ကိုယ့်တာဝန်တွေကို အပြီးသတ်ရမယ့်အချိန်တွေကို အတိအကျသတ်မှတ်ထားဖို့လိုပါမယ်။ ဥပမာပြောပြရရင်- X ဆိုတဲ့အလုပ်ကို မနက် ၁၀ နာရီမှာပြီးရမယ်။ Y ဆိုတဲ့အလုပ်ကို ညနေ ၃ နာရီမှာပြီးရမယ်။ Z ဆိုတဲ့ အလုပ်ကို ညနေ ၅ နာရီခွဲမှာပြီးရမယ် အချိန်အတိအကျသတ်မှတ်ရပါမယ်။ ပြီးရမယ့်အချိန်ကို အတိအကျသိအောင်လုပ်ပါ တာဝန်တစ်ခုကို လုပ်ရတော့မယ်ဆိုရင်ပြီးရမယ့်အချိန်ကိုသေချာသိအောင်လုပ်ဖို့လိုပါမယ်။ ဒါမှ အလုပ်ကို အချိန်နဲ့ ကွက်တိကျအောင်လုပ်နိုင်မှာပါ။ ဒါက ကိုယ့်ကိုယ့်ကို ယုံကြည်မှုတိုးစေပြီးအောင်မြင်မှုရစေမယ့် အဓိကအချက်တွေထဲကတစ်ခုပေါ့။ မလုပ်နိုင်ဘူးဆိုတာကို […]


အခြေခံကျန်းမာရေး

ရေနွေးသောက်ပေးလို့ ခန္ဓါကိုယ်အတွက် ဘာတွေကောင်းလဲ

ရေပူရေနွေးကို ဆောင်းရာသီမှာပဲ လူတွေ သောက်တတ်ကြတယ်လို့ ထင်ပေမဲ့ တကယ်တော့ မဟုတ်ပါဘူး။ ရာသီမရွေး သောက်ပေးလို့ ရပြီး ကျန်းမာရေးအတွက်လည်း ကောင်းကျိုးများစွာ ရှိစေနိုင်ပါတယ်။ အစာကြေလွယ်ပြီး ရင်ချောင်စေတယ်။ စိတ်ဖိစီးမှုကို ပြေလျော့စေပြီး လူကို လန်းဆန်းတက်ကြွစေတယ်။ အထူးသဖြင့် ဖျားနာနေတဲ့အချိန်ဆို ရေနွေးသောက်ပေးခြင်းရဲ့ အကျိုးကျေးဇူးတွေကို ပိုပြီး ရနိုင်ပါတယ်။ ရေနွေးရဲ့ ကောင်းကျိုး ၁၀ ချက်က ဘာတွေလဲ။ ၁။ နှာစေးနှာပိတ် သက်သာစေတယ်။ ဖျားနေတဲ့အချိန်၊ နှာစေးနှာပိတ်တာပါ ဖြစ်လာရင် သိပ်စိတ်ညစ်ရတယ်နော်။ နှာခေါင်းက အသက်ရှူလို့လည်း မဝ၊ နှပ်တွေကို အမြဲညှစ်ထုတ်ရနဲ့ လူက ပိုပြီးနုံးချိနေတော့တာပေါ့။ ရေနွေးမှာ ပါတဲ့ အပူဓါတ်ဟာ အသက်ရှူလမ်းကြောင်းနဲ့ လည်ချောင်းထဲမှာ ပိတ်နေတဲ့ ချွဲတွေကို ပျော်ကျသွားစေပြီး ပွင့်ထွက်သွားစေတယ်။ ခေါင်းမူးခေါင်းကိုက်နေတာ၊ လည်ချောင်းနာနေတဲ့အချိန်ဆိုရင်လည်း ရေနွေးကို ပိုပြီး သောက်ပေးသင့်တယ်နော်။ ၂။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကိုယ်ခံအားနည်းတတ်သူတွေ ဒီလိုကျန်းမာအောင်နေပါ

ရာသီအကူးအပြောင်းလေးဖြစ်တာနဲ့ ဖျားပြီ။ သူများမဖျားတောင် ကိုယ်ကဖျားတယ်။ ဒါကဘာလို့များလဲ။ အဖြေကတော့ရှင်းပါတယ်။ ကိုယ်ခံအားနည်းနေတာကြောင့်ပါ။ ကိုယ်ခံအားနည်းနေသူတွေက အခြားသူတွေထက်ပိုပြီးဂရုစိုက်ဖို့လိုမှာပါ။ ဒါမှလည်းရောဂါပိုး ကူးစက်မှုတွေကနေ ကင်းတော့မှာပေါ့။ ဒီတစ်ခေါက်တော့ ကိုယ်ခံအားနည်းတဲ့သူလေးတွေအတွက် ကျန်းမာအောင် ဘယ်လိုနေရမလဲဆိုတာလေးပြောပြပေးမယ်နော်။ ကိုယ်ခံအားနည်းတဲ့သူတွေ ကျန်းမာအောင် ဒါလေးတွေဂရုစိုက်ပါ ကိုယ်ခံအားနည်းသူတွေက အခြားသူတွေထက်ပိုပြီး အစစအရာရာကို ဂရုစိုက်ဖို့လိုပါမယ်။ ခဏခဏဖျားနာတာကနေ့စဉ်ဘဝမှာ စိတ်အနှောင့်အယှက်ဖြစ်ရသလိုရောဂါတွေအလွယ်တကူ ကူးစက်ခံရနိုင်တဲ့ အန္တရာယ်လည်းရှိပါတယ်။ ဒါကြောင့် ကိုယ်ခံအားနည်းသူတွေအနေနဲ့ ကိုယ်ကိုယ့်ကိုသေချာလေးစောင့်ရှောက်နိုင်မှတော်ကာကျမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ပါ အခြားသူတွေထက် တစ်ကိုယ်ရေသန့်ရှင်းရေးကို ပိုဂရုစိုက်ဖို့လိုပါမယ်။ တစ်နေ့ကိုအနည်းဆုံးတစ်ကြိမ်လောက်တော့ရေပုံမှန်ချိုးပေးပါ။ခြေသည်းလက်သည်းတွေပုံမှန်ညှပ်ပေးတာအပြင် ခန္ဓါကိုယ်သန့်ရှင်းရေးကို အမြဲဂရုစိုက်ပေးရပါမယ်။ လက်ဆေးမပျင်းပါနဲ့ အစားမစားခင်၊ အိမ်သာကဆင်းတဲ့အချိန်နဲ့ ညစ်ပေတဲ့အရာတွေ ကိုင်တွယ်ထိတွေ့မိချိန်တွေမှာ လက်တွေကိုသေချာအောင်ဆေးကြောပေးပါ။ တိရစ္ဆာန်လေးတွေကို ကိုင်တွယ်ထိတွေ့ပြီးချိန်၊ အမှိုက်ပစ်ပြီးချိန်၊ ကလေးကို သေးခံလဲပေးပြီးချိန်တွေမှာလည်း လက်ကိုသေချာဆေးကြောသန့်စင်ပေးပါ။ ဖျားနာေနသူတွေနားမကပ်ပါနဲ့ ကိုယ်ခံအားနည်းသူတွေက သာမန်လူတွေထက်ရောဂါပိုး ကူစက်ခံရနိုင်ခြေက ပိုများနေတာကြောင့် ဖျားနာနေသူတွေနား မကပ်ပါနဲ့။ ဖျားနာသူတွေနဲ့ တစ်ပန်းကန်တည်း တူတူစား၊ တစ်ခါက်တည်း တူတူသောက်တာမျိုးကိုလည်းရှောင်ပါ။ မိသားစုဝင်တစ်ဦးဦးဖျားနာနေပြီဆိုရင်လည်း လိုအပ်တဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင်္ကြန်လည်ရင် ဘာတွေယူသွားမလဲ

ဧပြီလ စလာရင်အပျော်ဆုံးခံစားချက်က သင်္ကြန်ကို မျှော်ရတာပါ။ တစ်နှစ်မှတစ်ခါကျတဲ့ သင်္ကြန်ကို အပြည့်အဝပျော်ချင်တာကိုး။ ဒီတော့ သင်္ကြန်ကို ဘေးကင်းကင်းနဲ့ ကျန်းမာပျော်ရွှင်စွာဖြတ်သန်းနိုင်ဖို့ ဘာတွေပြင်ဆင်ဖို့လိုမလဲဆိုတာကိုပြောပါရစေနော်။ သင်္ကြန်လည်မယ်ဆို ဘာတွေသတိထားရမလဲ သင်္ကြန်လည်မှာပဲဖြစ်ဖြစ် မဏ္ဍပ်ထိုင်မှာပဲဖြစ်ဖြစ်ဘေးကင်းဖို့ မဖြစ်မနေလိုပါတယ်နော်။ ဒီတော့ပျော်စရာကောင်းတဲ့ သင်္ကြန်ကာလမှာဘေးကင်းကင်းနဲ့ပျော်နိုင်ဖို့ဆိုရင် ဒီအချက်လေးတွေကို သတိထားပေးဖို့လိုပါမယ်နော်။ သင်္ကြန်မှာ မသန့်ရှင်းတဲ့အရာတွေ၊ ခန္ဓါကိုယ်အတွက် ထိခိုက်စေမယ့် အရာတွေနဲ့ ကျန်းမာရေးနဲ့မသင့်တော်တဲ့အရာတွေကို စားမိနိုင်ခြေသောက်မိနိုင်ခြေတော်တော်လေးများပါတယ်။ ယင်နားစာ၊ ဝမ်းနူးစားတွေ နဲ့ သန့်ရှင်းမှုအားနည်းတဲ့အစားအစာတွေနဲ့ အယ်လ်ကိုဟောပါဝင်နေတဲ့သောက်စရာတွေကြောင့် ကျန်းမာရေးထိခိုက်တာမျိုးတွေရှိနိုင်ပါတယ်။ သန့်ရှင်းမှုအားနည်းတဲ့အစားအစာတွေ မသန့်တဲ့ရေ အယ်လ်ကိုဟောပါတဲ့သောက်စရာတွေ တားမြစ်ဆေးဝါးတွေ အရေပြားကို ထိခိုက်စေနိုင်တဲ့အရာတွေ သင်္ကြန်ရေကြောင့် ဘာတွေထိခိုက်နိုင်လဲ သင်္ကြန်မှာ ထိခိုက်စေမယ့်အရာတွေကရေတစ်ခုတည်းမကပါဘူး။နေရောင်နဲ့ တစ်ချက်တစ်ချက်တိုက်ခတ်လာတဲ့လေပါ။ ဒါပဲလားဆိုတော့ မဟုတ်သေးပြန်ဘူး။ သင်္ကြန်ရေထဲမှာ အသားအရေကို ထိခိုက်စေနိုင်တဲ့အရာတွေလည်းပါတတ်ပါသေးတယ်။ အရေပြားထိခိုက်နိုင်တယ် မျက်လုံးထိခိုက်နိုင်တယ် နားထိခိုက်နိုင်တယ် ဆံသားထိခိုက်နိုင်တယ် ခြေသည်းလက်သည်းတွေထိခိုက်နိုင်တယ် မတော်တဆထိခိုက်မိတာမျိုးတွေဖြစ်နိုင်တယ် ဆီးအောင့်ထားတာကြောင့် ဆီး နဲ့ဆိုင်တဲ့ပြဿနာတွေတက်နိုင်တယ် သန့်ရှင်းမှုအားနည်းတဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ချိုင်းသားလေးတွေ ဘာကြောင့် မည်း၊ တရားခံ ဘယ်သူလဲ

ခုလို ပူပြင်းအိုက်စပ်တဲ့ နွေရာသီမှာ မိန်းကလေးပဲဖြစ်ဖြစ်၊ ယောက်ျားလေးပဲဖြစ်ဖြစ် အကျီၤလက်ပြတ်လေးတွေ ဝတ်ပြီး ရှိုးထုတ်ချင်ကြမှာပဲလေ။ ချိုင်းသားလေးတွေက နဂိုအရောင်အတိုင်း မဟုတ်ဘဲ မည်းညစ်နေပြီဆိုရင်တော့ အများအမြင်မှာ ရှက်စရာကြီး ဖြစ်နေသလို ကိုယ့်စိတ်ထဲမှာ မလုံမလဲတွေ ဖြစ်နေမှာပါ။ ဒီဆောင်းပါးလေးကတော့ ချိုင်းသားမည်းရခြင်း အကြောင်းရင်းတွေနဲ့ ဘယ်လိုဖြေရှင်းလို့ ရမလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ချိုင်းသား မည်းလာရခြင်း အကြောင်းရင်းတွေ ကျွန်တော်တို့ ကိုယ်ခန္ဓါမှာ ချွေးအလွန်ထွက်တဲ့ နေရာတော်တော်များများ ရှိပါတယ်။ ချိုင်း၊ ပေါင်ခြံ၊ ဂုတ်သား အစရှိသဖြင့်ပေါ့။ တစ်ကိုယ်ရေ သန့်ရှင်းမှုအားနည်းတာ၊ ရေချိုးတဲ့အခါ အဲ့ဒီနေရာလေးတွေကို သေချာကြေးတွန်းဖို့ မေ့လျော့တာ၊ ထူလွန်းကြပ်လွန်းတဲ့ အဝတ်အစားတွေကို အချိန်အကြာကြီး ဝတ်ဆင်ထားတာကြောင့် ချိုင်းသားလေးတွေမှာ ချွေးတွေ စုပုံလာပြီး ဘက်တီးရီးယားပိုးမွှားတွေ ပေါက်ဖွားလာတယ်။ သေချာကြေးတွန်းတိုက်ချွတ်မှု မလုပ်တဲ့အခါ အရေပြားပေါ်က ဆဲလ်အသေတွေဟာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နွေရောက် ပြီဆိုတော့ ဘာတွေ ပြင်ဆင်ထားရမလဲ။

ပူပြင်းခြောက်သွေ့တဲ့ နွေရဲ့ ဇာတ်လိုက်အပူဒဏ်ကြောင့် လူတွေက နွေရာသီကို မရောက်ချင်ကြပါဘူး။ သူတို့ မကြိုက်လည်း မကြိုက်ချင်စရာပါပဲ။ နွေရဲ့ အပူဒဏ်ဟာ ချွေးကိုပိုထွက်စေတယ်၊ ပင်ပန်းမှုတွေကို နှစ်ဆပိုဖြစ်စေတယ်၊ အသားအရေကိုထိခိုက်စေတယ် စတဲ့ မကောင်းတဲ့အချက်တွေ များတာကြောင့် လူတိုင်း နွေရောက် မှာကို ကြောက်ကြပါတယ်။ ဒါ့အပြင် နွေရဲ့ အပူချိန်ဟာ ကျန်းမာရေးကို ထိခိုက်စေတာတွေ ပိုဖြစ်နိုင်တာကြောင့် နွေဆို မရောက်ချင်ကြတဲ့သူတွေ များနေတာပါ။ ဒီတော့ နွေရဲ့ အပူချိန်ကို အံတုဖို့ ဘယ်လိုတွေ ပြင်ဆင်ရမလဲ။ နွေရောက် ပြီဆိုတော့ ဘာတွေ ပြင်ဆင်ထားရမလဲ။ ရေများများသောက်ပါ။  နွေကြောင့် ဖြစ်တဲ့အပူချိန်ကို အံတုနိုင်တဲ့ အကောင်းဆုံး အရာကတော့ ရေများများသောက်တာပဲ ဖြစ်ပါတယ်။ ချွေးထွက်များပြီး ရေဓာတ်ခမ်းခြောက်ခြင်း ဖြစ်တာကို ကာကွယ်ဖို့နဲ့ ကိုယ်တွင်းမြင့်တက်လာတဲ့ အပူချိန်ကို ပြန်ထိန်းညှိဖို့အတွက် ရေများများသောက်ကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ရေနွေးအိတ် ကပ်မလား၊ ရေခဲကပ်မလား

ခန္ဓာကိုယ်မှာ ထိခိုက်မိတဲ့ ဒဏ်တွေ၊ အားကစားလုပ်တာကြောင့် အဆစ်တွေ၊ ကြွက်သားတွေနာတဲ့အခါ နာကျင်မှုကို သက်သာစေဖို့ ရေနွေးအိတ် ကပ်ရမလား၊ ရေခဲဝတ်ပဲ ကပ်ရမလားဆိုပြီး ဇဝေဇဝါဖြစ်ဖူးကြလား။ ဒီတစ်ခါတော့ လုံးဝဇဝေဇဝါ မဖြစ်စေဖို့ Hello ဆရာဝန်ပရိသတ်ကြီးကို ရေခဲအိတ်ကပ်ရမယ့် အခြေအနေတွေနဲ့ ရေနွေးအိတ် ကပ်ရမယ့်အခြေအနေကို ပြောပြပေးချင်ပါတယ်နော်။ ရေခဲသုံးမလား၊ ရေနွေးအိတ် ကပ်မလား အရှင်းဆုံးပြောပြရရင် နာကျင်မှုက ရောင်ရမ်းမှုနဲ့အတူ ဖြစ်မယ်ဆိုရင်ရေနွေးအိတ် မကပ်သင့်ပါဘူး။ ရေခဲဝတ်ကပ်ပေးတာက အဆင်ပြေဆုံးဖြစ်မှာပါ။ ရေခဲက အရောင်ကျစေနိုင်သလို အဆစ်တွေ နာကျင်မှုကိုလည်း သက်သာစေနိုင်ပါတယ်။ ရေနွေးအိတ် ကပ်တာကတော့ တစ်ရှူးတွေကို ပြေလျော့သက်သာစေနိုင်ပြီး အဆစ်တွေ နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ နာကျင်တဲ့နေရာကို လိုက်ပြီးတော့လည်း ရေခဲအိတ်ကပ်ရမလား၊ ရေနွေးအိတ်ကပ်ရမလားဆိုပြီး ကွာခြားနိုင်ပါတယ်နော်။ အဆစ်တွေ ကြွက်သားတွေ နာကျင်မှုက ဒူးခေါင်း၊ ပခုံး၊ လက်မောင်း နဲ့ လက်ချောင်းလေးတွေမှာဖြစ်မယ်၊ […]


အခြေခံကျန်းမာရေး

ခြင်နဲ့ သင့်ကြားမှာ သံလိုက် စက်ကွင်း တစ်ခုရှိနေပြီလား ။ ။

တူတူထိုင်နေကြတာချင်း အတူတူ သူများကိုကျ ခြင်မကိုက်ဘဲ ကိုယ့်ကိုမှ ခြင်က ရွေးပြီး မျက်စိကျတဲ့ အဖြစ်အပျက်မျိုး လူတိုင်းစီမှာ ရှိခဲ့ဖူးမှာပါ။ ကိုယ့်ကိုချောလွန်းလို့ဆိုပြီး ရွေးကိုက်တာမဟုတ်တာကတော့ သေချာတယ်လေ။ ဒါဆို ဘာကြောင့်ကိုယ့်ကျမှ ခြင်ကိုက်တာပိုခံရတာလဲ။ ခြင်နဲ့ ကိုယ်ကြားမှာ သံလိုက်စက်ကွင်းများရှိနေပြီလား ။ ။ သင့်ကိုမှရွေးပြီး ခြင်ကိုက်တာ ဒါတွေ ကြောင့် ဖြစ်နိုင်ပါတယ် ။ ။ ပိုပြီးထင်သာမြင်သာရှိလိုပါ ။ ။ ခြင် တွေဟာ သူတို့ရဲ့ ကောင်းလွန်းတဲ့ အမြင်အာရုံကို အသုံးချပြီး သားကောင်ကို ရှာဖွေကြတာဖြစ်ပါတယ်။ အထူးသဖြင့် မွန်းလွဲချိန်ဆို သူတို့ အမြင်အာရုံပိုစူးရှကြပါတယ်။ အဲဒီအချိန်မှာ ကိုယ်က အကျီၤအနက်ရောင်၊ အနီရောင်ဝတ်ထားခဲ့မိလို့ကတော့ အားလုံးထဲမှာ သင်ဟာ သူတို့အတွက် အထင်ပေါ်ဆုံး ဖြစ်နေတော့မှာပါ။ ကိုယ်သင်းနံ့။ ။ ခြင် တွေက သွေးစုပ်ပေမယ့် ငါးမန်းတွေလိုမျိုး […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း