အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျန်းမာရေး

ကိုယ်ခန္ဓာကထွက်တဲ့ အသံတွေအကြောင်း

ဗိုက်ဆာလို့ တဂွီဂွီအော်နေတာတို့၊ လှုပ်လိုက်ရင် အဆစ်တွေက အသံမြည်တာတို့ဖြစ်ဖူးကြတယ်မလား။ ဒီလိုအသံတွေကို ရယ်စရာအဖြစ်ပြောကြပေမယ့် တကယ်တမ်းက ကျန်းမာရေးအတွက် အချက်ပြဘဲလ်သံဖြစ်နေနိုင်တာ မမေ့ပါနဲ့။ ခန္ဓါကိုယ်က ထွက်တဲ့ တချို့အသံတွေမှာ နောက်ကွယ်ကအကြောင်းရင်းခံတွေရှိနေတတ်ပါတယ်။ ဟပ်ချိုး နှာချေတာကိုတော့ လူတိုင်းသိပြီးသားဖြစ်မှာပါ။ အအေးမိတာလား၊ ဖျားချင်နေတာလား တစ်ခုခုပဲပေါ့။ ဗိုင်းရပ်စ်တခုခုကြောင့် ခန္ဓါကိုယ်က တုံု့ပြန်တဲ့လက္ခဏာပါ။ ဘာကိုစိုးရိမ်ရသလဲဆိုတော့ ဓါတ်မတည့်မှုလက္ခဏာမှာလည်း နှာချေတာပါဝင်တာကြောင့် ပေါ့ပေါ့ဆဆနေမိတဲ့အခါ အချိန်မီမကုသနိုင်ဘဲဖြစ်သွားနိုင်ပါတယ်။ နားထဲ အူနေတဲ့အသံ နားထဲမှာ တဝီဝီနဲ့ အူနေတာ၊လေသံတွေကြားနေတာကtinnitus လို့ခေါ်တဲ့နားအူခြင်းလက္ခဏာဖြစ်ပါတယ်။ ရောဂါပိုးဝင်တာ၊ အသက်ကြီးရင့်တာနဲ့ အရမ်းကျယ်လောင်တဲ့အသံတွေကြောင့် အသံလှိုင်းတွေကို ဖော်ဆောင်ပေးတဲ့ နားအတွင်းပိုင်းထဲက ဆဲလ်လေးတွေကိုထိခိုက်စေနိုင်တယ်။ ဒါဟာ အားနည်းလို့၊ အိပ်ရေးပျက်လို့ဖြစ်တာဆိုပြီး ပေါ့ပေါ့ဆဆနေတတ်ကြပါတယ်။ ဒါ့ကြောင့် ဒီလိုလက္ခဏာဖြစ်လာတာနှစ်ရက်ထက်ပိုကြာလာရင် နားမှာရောဂါပိုးဝင်တာလား၊ အာရုံကြောပြဿနာရှိနေမလားဆိုတာသိနိုင်ဖို့ ဆရာဝန်ပြသင့်ပါတယ်။ လေတက်သံ လေတက်တယ်ဆိုတာ အစာအိမ်ထဲကလေတွေထွက်လာတဲ့အသံပါ။ အံ့သြစရာတော့မရှိဘူး၊လေတွေမျိုချမိလို့ပေါ့ လို့ အစာအိမ်အူလမ်းကြောင်းပညာရှင်တွေကပြောပါတယ်။လေမတက်ချင်ရင်လေလျှော့ပြော(အားရပါးရကြီး စကားသိပ်မများနဲ့)၊ အစာစားရင်ဖြည်းဖြည်းစား၊ ဂက်စ်ပါတဲ့အချိုရည်တွေမသောက်နဲ့ပေါ့။လေတက်တာက ရင်ဘတ်အောင့်တဲ့လက္ခဏာနဲ့တွဲနေတာ၊ […]


အခြေခံကျန်းမာရေး

နောက် ၁၀ နှစ်ကြာရင် ကျန်းမာပျော်ရွင်နေတဲ့ သင် ဖြစ်ဖို့ ဒီ အမူအကျင့်တွေကို ရှောင်ပါ။ ။

ကိုယ့်ရဲ့ လုပ်နေကျ အမူအကျင့်တစ်ချို့ဟာ ချက်ချင်းဆို မသိသာပေမယ့် နောက်ပိုင်း အသက်ကြီးလာမှ ကျန်းမာရေးကိုထိခိုက်စေတာတွေ ရှိတတ်ပါတယ်။ အစကောင်းမှ အနှောင်းသေချာမည် ဆိုတဲ့ စကားလေးကလည်း ရှိသေးတယ်မလား။ ခုတည်းက ကောင်းတဲ့ နေထိုင်မှုပုံစံတွေကို မွေးမြူထားမှ နောင် ၁၀ နှစ်ကြာရင် ကျန်းမာပျော်ရွင်ပြီး နောင်တတွေ ကင်းတဲ့ ကိုယ် ဖြစ်နေမှာလေ။ ဒီတော့ ဘယ်လို နေထိုင်မှု ပုံစံတွေက နောင် ၁၀ နှစ်ကြာရင် သင့်ကျန်းမာရေးအတွက် နောင်တရစေမှာလဲ ။ ။ နောက် ၁၀ နှစ်ကြာရင် သင့်ကျန်းမာရေးအတွက် နောင်တရစေမယ့် အမူအကျင့် ၁၀ ခု။ ။   ၁ ။ အထိုင်ပဲများနေပြီး ကိုယ်လက်လှုပ်ရှားမှု မလုပ်တာ ။ ။ ကိုယ်လက်လှုပ်ရှားမှုကို အချိန်ပေးပြီး မလုပ်ဘဲ ထိုင်ပဲထိုင်နေရင် လက်ရှိအချိန်မှာတော့ […]


အခြေခံကျန်းမာရေး

အရပ်မြင့်တာ၊ ပုတာ ကျန်းမာရေးမှာ ဘာတွေကွာခြားနိုင်လဲ

အရပ်မြင့်တဲ့သူတွေက ပုတဲ့သူတွေကို ဂျပုလို့ စကြတယ်၊ အရပ်ပုသူတွေကလည်းမြင့်တဲ့သူတွေကို ဓါတ်တိုင်၊ထန်းပင် စသည်ဖြင့်ပြန်ခေါ်ကြလေရဲ့။ အရပ်နိမ့်တယ်၊မြင့်တယ် ဆိုတာ အသွင်အပြင်၊အလှအပအတွက်ချည်းပဲ ကွာခြားကြတာမဟုတ်ဘူးဆိုတာတော့ ဘယ်သူမှမသိကြဘူးမလား။ ပုတာပဲဖြစ်ဖြစ်၊ ရှည်တာပဲဖြစ်ဖြစ် ကျန်းမာရေးမှာ ကောင်းတဲ့အချက်၊ ဆိုးတဲ့အချက်တွေ မတူညီကြပါဘူး။ သက်ရောက်မှု ဘာတွေကွာခြားကြလဲ ကင်ဆာ ပျမ်းမျှပုံမှန်အရပ်ထက်နိမ့်တဲ့သူတွေက ကင်ဆာရောဂါတချို့ကိုဖြစ်လာနိုင်တဲ့အန္တရာယ်ပိုနည်းနိုင်ပါတယ်။ ဥပမာ ဥရောပနဲ့မြောက်အမေရိကမှာရှိတဲ့ အမျိုးသမီး၁၀၀၀၀၀ကျော်ကိုလေ့လာခဲ့တဲ့သုတေသနအရ အရပ်ပုတဲ့အမျိုးသမီးတွေက သားဥအိမ်ကင်ဆာဖြစ်နိုင်ခြေပိုနည်းတယ်လို့တွေ့ရှိထားပါတယ်။ဗြိတိန်အမျိုးသား ၉၀၀၀ကျော်ပါဝင်တဲ့လေ့လာမှုတစ်ခုမှာလည်း ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေပိုနည်းသူတွေဟာ အရပ်ပုသူတွေဖြစ်ကြပါတယ်။ ဆီးချိုရောဂါ ပုသလား၊ ရှည်သလားဆိုတာက အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်နိုင်ခြေနဲ့ဆက်နွှယ်နေတယ်လို့ ဆိုပါတယ်။ လူ ၆၀၀၀ ကို ၅ နှစ်တာလေ့လာတွေ့ရှိမှုအချက်အလက်တွေအရ အရပ်ရှည်တဲ့သူတွေက ဆီးချိုဖြစ်နိုင်ခြေပိုနည်းတယ်လို့ ပညာရှင်တွေက ယူဆကြပါတယ်။ နှလုံးရောဂါ အရပ် ၅ပေ ၃ လက်မအောက် ရှိသူတွေဟာ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ခြေ ၅၀% ပိုများပါတယ်။ အကြောင်းရင်းက အမေ့ဝမ်းထဲမှာတည်းက အာဟာရမပြည့်တာ၊ရောဂါဝင်တာတွေကြောင့် ဖွံ့ဖြိုးမှုမှာထိခိုက်ခဲ့တာဖြစ်နိုင်ပါတယ်။ မျိုးဗီဇကြောင့်လည်း အရပ်ကို […]


အခြေခံကျန်းမာရေး

မနက်အိပ်ရာထ မလုပ်သင့်တဲ့ အမှား (၉) ခု

မနက်အိပ်ရာထချိန်ဟာနေ့တစ်နေ့ရဲ့အစပြုချိန်ဖြစ်တာကြောင့် ကိုယ်ဖြတ်ကျော်ရမယ့်တစ်နေ့လုံးစာအတွက် အစကောင်းမှဖြစ်မှာပါ။ စစချင်းတည်းက အမှားတွေလုပ်နေရင် ကျန်းမာရေးအတွက် ကမောက်ကမတွေဖြစ်ကုန်တော့မှာလေ။ ဒါ့ကြောင့် ကျန်းမာချင်တယ်ဆို မနက်ဘက် ဒါတွေကိုယ်လုပ်မိနေသလားပြန်ကြည့်ကြနော်။ (၁) နှိုးစက်ကိုပိတ်ပြီး အချိန်ရွှေ့တာ နှိုးစက်မြည်တဲ့အခါ အသံပိတ်ပြီး ၅ မိနစ်လောက်ပိုအိပ်လိုက်ရတာ ပိုအားပြည့်စေမယ်လို့ ထင်ပါသလား။ မှားပါတယ်နော်။ အိပ်ရာဝင်ချိန်နဲ့ အိပ်ရာထချိန်ကိုနေ့တိုင်းပုံမှန်သတ်မှတ်မထားနိုင်သရွေ့တော့ ဒီလိုလုပ်လည်းသိပ်မထူးပါဘူး။ (၂) အိပ်ရာထဲကနေ ဝုန်းခနဲကုန်းထတာ အိပ်ရာထဲ လှဲအိပ်နေရာကနေ ချက်ချင်းကြီးထထွက်တဲ့အခါ ကမ္ဘာ့ဆွဲအားကြောင့်ခြေထောက်ကိုသွေးအမြန်ရောက်စေပြီးသွေးဖိအားရုတ်တရက်ကျကာ မူးလဲစေနိုင်ပါတယ်။ အိပ်ရာထတဲ့အခါဖြည်းဖြည်း သို့မဟုတ် ပုံမှန်နှုန်းနဲ့ထထိုင်ပါ၊ စက္ကန့်အနည်းငယ်တော့ခဏဒီအတိုင်းနေပြီးမှ ထလှုပ်ရှားပါ။ (၃) ကော်ဖီမသောက်လိုက်ရတာ မဖြစ်မနေသောက်ဖို့ မဟုတ်ပါဘူးနော်။ နေ့တိုင်းသောက်နေကျ ကော်ဖီချိုးတွေကိုပဲ ရည်ရွယ်တာပါ။ အမြဲသောက်နေကျလူတွေအတွက်တော့ တစ်ရက်မသောက်လိုက်ရရင် တစ်နေ့လုံးနေလို့မကောင်း၊ ခေါင်းမကြည်တာတွေဖြစ်လာစေနိုင်ပါတယ်။ အာရုံစူးစိုက်လို့သိပ်မကောင်း၊ အိုင်ဒီယာမထွက်တဲ့အပြင် လူကအရမ်းပင်ပန်းနေသလိုလို၊ခေါင်းကိုက်တာ၊ မအီမသာဖြစ်တာတွေခံစားရနိုင်တယ်။ကော်ဖီဖြတ်မယ်လို့ စဉ်းစားထားတာဆိုရင်တော့ တစ်မျိုးပေါ့။ (၄) သွားတိုက်ဖို့ မေ့တာ မနက်ဘက်သွားတိုက်ဖို့မေ့တဲ့အခါ တစ်ညလုံးကပ်ငြိနေတဲ့ သွားချေးတွေနဲ့ စားကြွင်းစားကျန်တွေ၊ ဘက်တီးရီးယားတွေစုနေပါလိမ့်မယ်။ သွားချေးတွေကနေ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အသက်ရှည်စေဖို့ ပျိုးထောင်သင့်တဲ့အလေ့အထတွေ

အချစ်ရဆုံးသူတွေနဲ့ တူတူအိုမင်းချင်ကြတယ်ဟုတ်။ ဒီအတွေးလေးက ပီတိဖြစ်စရာကောင်းပေမယ့် အခုထိ ကမ္ဘာပေါ်မှာ အသက်ရှည်ဆေးမရှိသေးတာက စိတ်မကောင်းစရာပါ။ ဒီလိုဆိုတာနဲ့ ခုနက စိတ်ကူးလေးကို လွှင့်ပစ်လိုက်စရာမလိုပါဘူး။ ဘဝနေထိုင်မှုပုံစံအလေ့အထလေးတွေကိုပြောင်းလဲလိုက်မယ်ဆိုရင် အသက်ရှည်ရှည်နေလို့ရပါတယ်နော်။ ဒါက အထောက်အထားမရှိဘဲ ထင်ကြေးနဲ့ပြောနေတာမဟုတ်ပါဘူး။ ၃၄ နှစ်ကြာလုပ်ဆောင်ခဲ့တဲ့လေ့လာမှုအသစ်ရဲ့အထောက်အထားတွေအရ အခုပြောပြမယ့် အလေ့အထလေးတွေက အမှန်တကယ်ကို အသက်ရှည်စေမှာပါ။ အသက်ရှည်ကျန်းမာစေဖို့မွေးမြူသင့်တဲ့ အလေ့အထတွေက အလွန်အကျွံမစားပါနဲ့ - အသက်ရှည်ရှည်နေချင်ရင် အစားစားတဲ့အခါ နည်းနည်းချင်းစီကိုကြေညက်အောင်ဝါးစားရင် အကြိမ်ရေများများစားပေးပါ။ တစ်ခါတည်းအဝကြီးစားလိုက်တာမျိုးမလုပ်ပါနဲ့။ ဂျပန်လူမျိုးတွေက အစားစားတဲ့အခါ ၈၀ ရာခိုင်နှုန်းလောက် ဗိုက်ပြည့်ပြီလို့ ခံစားရချိန်မှာဆက်မစားကြတော့ပါဘူး။ စားသုံးတဲ့ ကယ်လ်လိုရီပမာဏ နည်းနည်းလေလေ အသက်အရွယ်အိုမင်းမှုနှေးလာလေလေပါ။ အခွံမာသီးတွေစားပေးပါ - အာဟာရတွေပြည့်ဝစွာပါဝင်နေတဲ့ စားစရာတွေပေါ့။ ပရိုတင်း၊ အမျှင်ဓါတ် နဲ့ ဓါတ်တိုးဆန့်ကျင်အာနိသင်တွေပါဝင်နေပါတယ်။ အခွံမာသီးတွေက ဗီတာမင် နဲ့ သတ္တုဓါတ်တွေပါဝင်နေသလိုကော့ပါး၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်နဲ့ဖောလိတ်တို့အပြင် ဗီတာမင် B6 […]


အခြေခံကျန်းမာရေး

တစ်မိသားစုလုံး ကျန်းမာစေဖို့ လုပ်ဆောင်သင့်တဲ့အရာအချို့

မိသားစုေတွနေထိုင်တဲ့ အိမ်တွင်းအိမ်ပြင်ကို သန့်ရှင်းထားတာက ကျန်းမာရေးအတွက်ရော စိတ်ခံစားမှုအတွက်ပါကောင်းတယ်ဆိုတာကတော့ အားလုံးလိုလို သိထားပြီးဖြစ်မှာပါ။ အိမ်တစ်အိမ်လုံး ဖုန်မှုန့်တစ်စမကျန် အမှိုက်တစ်စမကျန်အောင် သန့်ရှင်းဖို့ဆိုတာကနေ့စဉ်အတွက်တော့မဖြစ်နိုင်ပါဘူး။ ဒီလိုဆိုတိုင်း လုံးဝမသန့်ရှင်းဘဲ ထားလို့ကလည်းမဖြစ်ပြန်ပါဘူး။ ဒီတော့ မိသားစုတွေအားလုံးကျန်းမာစေဖို့အတွက် ဒီနေရာတွေကိုတော့နေ့စဉ်မဖြစ်မနေ သန့်ရှင်းပေးရပါမယ်။ မိသားစုဝင်တွေကျန်းမာစေဖို့အတွက် ဒီအချက်လေးတွေလုပ်ဆောင်ပေးပါ နေ့စဉ်တိုင်းမှာ တစ်အိမ်လုံးကို မသန့်ရှင်းနိုင်ရင်တောင်မှ ဒီနေရာလေးတွေကိုတော့နေ့တိုင်း သန့်ရှင်းပေးပါ။ အိမ်သာ - ရောဂါပိုးတွေအများကြီးရှိနေနိုင်ပါတယ်။နေ့စဉ်မိသားစုအားလုံးမဖြစ်မနေ အသုံးပြုနေတဲ့နေရာဖြစ်တာကြောင့် မနက်တစ်ကြိမ် ညနေ တစ်ကြိမ်မဖြစ်နိုင်ရင်တောင် အနည်းဆုံး တစ်နေ့တစ်ကြိမ်တော့သေချာလေးသန့်စင်ဆေးကြောပေးပါ။ ရေချိုးခန်း - မနက်တစ်ကြိမ် ညနေတစ်ကြိမ် တစ်အိမ်သာလုံး မဖြစ်မနေသုံးနေကြတဲ့နေရာလေးတစ်ခုပါ။ရောဂါပိုးတွေရော အညစ်အကြေးတွေပါရှိနေနိုင်ပါတယ်။ ဒါကြောင့် အနည်းဆုံ းတစ်နေ့ကို တစ်ကြိမ်ဆေးကြောသန့်စင်ဖို့ မမေ့ပါနဲ့။ လက်ဆေးဘေစင် - မနက်ခင်း မျက်နှာသစ်၊သွားတိုက်တာနဲ့ အိပ်ရာမဝင်ခင် သွားတိုက်တာကို လုပ်ကြရတဲ့နေရာလေးပါ။ သူ့ဆီမှာလည်းရောဂါပိုးတွေနပြ အညစ်အကြေးတွေရှိနေနိုင်ပါတယ်။ တစ်နေ့တစ်ကြိမ်တော့သေချာပွတ်တိုက်ဆေးကြောပေးပါ။ ပန်းကန်ဆေးဘေစင် - စားသောက်မယ့် ပန်းကန်တွေ၊ခွက်တွေကိုဆေးကြောသန့်စင်ရတဲ့နေရာပါ။ စားလိုက်သမျှမှာရောဂါပိုးကင်းစေဖို့ […]


အခြေခံကျန်းမာရေး

ကွန်ပျူတာအသုံးများရင် ဖြစ်နိုင်တဲ့ ကျန်းမာရေးပြဿနာတွေ

တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ထဲမှာ ကွန်ပျူတာကို လူကြီး၊ လူငယ်၊ နေရာဒေသမရွေး တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါတယ်။ ကွန်ပျူတာဟာ အလုပ်တွေ လျင်မြန်စွာ ပြီးနိုင်ဖို့ ကူညီပေးနိုင်တဲ့အပြင် ကျောင်း၊ လုပ်ငန်းခွင်တွေအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။ ဒါပေမဲ့ ဘယ်အရာမဆို တန်ဆေး၊ လွန်ဘေး ပါပဲ။ လူသားတွေအတွက် အကျိုးရှိပေမယ့် မနက်ကနေ ညအထိ ကွန်ပျူတာရှေ့မှာပဲ ထိုင်ပြီး အလုပ်လုပ်နေမယ်၊ စာလုပ်နေရမယ်ဆိုရင်တော့ အနှေးနဲ့ အမြန် ကျန်းမာရေးြပဿနာတွေ ကြုံလာနိုင်ပါတယ်။ ကွန်ပျူတာသုံးလွန်းတဲ့သူတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးဆိုးကျိုးတွေနဲ့ ပတ်သက်ပြီး ဝေမျှပေးချင်ပါတယ်။ ၁။ အရိုး၊ အဆစ်တွေ နာကျင်ကိုက်ခဲမယ်။ ကွန်ပျူတာကို ထိုင်ပြီး အသုံးပြုနေရတာဖြစ်တဲ့အတွက် အချိန်ကြာလာတဲ့အခါ ကျောနဲ့ လည်ပင်းမှာရှိတဲ့ အရိုး၊ အဆစ်တွေ ကိုက်ခဲနာကျင်လာမယ်။ ပုခုံးကြွက်သားတွေ ကိုက်ခဲလာမယ်။ ခေါင်းမူး၊ ခေါင်းကိုက်လာမယ်။ ထိုင်နေရတဲ့အခါ လှုပ်ရှားမှုမရှိပေမဲ့ ခန္ဓါကိုယ်က တချို့သော […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

လူကို ဝလာစေတဲ့ ရောဂါများအကြောင်း

လူကဝလာတယ်၊ အလေးချိန်လည်းတက်လာတယ်။ အစားလည်းသိပ်မစားပါဘဲ၊ လှုပ်လှုပ်ရှားရှားလည်းနေပါလျက်နဲ့ ဘာလို့များဝလာရတာလဲ။ အဖြေရှာနေသူတွေအတွက်ဖြစ်နိုင်ခြေအကြောင်းရင်းတွေကရှိပါတယ်။ အစားမက်သူမဟုတ်၊ အထိုင်များသူမဟုတ်ပါဘဲ လူကိုဝလာစေတဲ့ နောက်ခံအကြောင်းရင်းဘာတွေရှိနေနိုင်သလဲဆိုတာ ဆက်ပြီးဖတ်ကြည့်ရအောင်။ သိုင်းရွိုက်ဟော်မုန်းနည်းတဲ့ လည်ပင်းကြီးရောဂါ (Hypothyroidism) သိုင်းရွိုက်ကဟော်မုန်းထုတ်လုပ်မှုမလုံလောက်တဲ့အခါ လူကို ဝလာစေနိုင်ပါတယ်။ ဆံပင်တွေလည်းပါးလာမယ်၊ အသားအရေခြောက်မယ်၊ အအေးဒဏ်မခံနိုင် ပိုချမ်းတတ်လာမယ်၊ ဝမ်းချုပ်မယ်၊ စိတ်ကျခြင်းပါခံစားရနိုင်ပါတယ်။ဟော်မုန်းပမာဏ ပုံမှန်ရှိမရှိကိုသွေးစစ်သိရှိနိုင်ပါတယ်။ စိတ်ကျရောဂါ ကိုယ်အလေးချိန်တက်ခြင်းနဲ့ အဝလွန်ခြင်းတွေဆိုတာ စိတ်ကျရောဂါရဲ့မြင်သာတဲ့ဘေးထွက်ဆိုးကျိုးတွေထဲပါဝင်ပါတယ်။ စိတ်ဓါတ်ကျနေတဲ့သူတွေက စိတ်ဖိစီးမှုဟော်မုန်းcortisol ပမာဏမြင့်မားနေတဲ့အတွက် ဝမ်းဗိုက်တဝိုက်မှာ အဆီတွေစုစေပါတယ်။ အစားမမှန်၊ လှုပ်ရှားမှုမမှန်လောက်အောင် စိတ်ဓါတ်ကျနေတဲ့အတွက် ဝိတ်တက်လာတာလည်းပါပါတယ်။ ပိုဆိုးတာက စိတ်ကျဝေဒနာကိုကုသတဲ့ဆေးဝါးတွေကြောင့်လည်း ဝလာစေတတ်လို့ပါ။ အိပ်မပျော်တဲ့ရောဂါ တစ်ညကို အနည်းဆုံး ၆ နာရီပြည့်အောင် အိပ်မပျော်နိုင်တဲ့သူတွေဟာ ပိုဝလာလေ့ရှိပါတယ်။ အိပ်ချိန်မှန်ပြီး အိပ်ရေးဝတာကသာ သူတို့အတွက် ကိုယ်အလေးချိန်ထိန်းဖို့အကောင်းဆုံးနည်းလမ်းပါပဲ။ အိပ်ရေးပျက်ရင် ခန္ဓါကိုယ်ကcortisolဟော်မုန်းနဲ့အင်ဆူလင်ထုတ်လုပ်မှုများလွန်းပြီး ကိုယ်အလေးချိန်တက်စေတာပါ။ ဒီဟော်မုန်းကြောင့်ပဲ ဆာလောင်မှုကိုပိုနှိုးဆွပြီး အဆီများတာတွေ၊ အချိုများတာတွေကို စားချင်စိတ်တွေထိန်းမရဖြစ်စေပါတယ်။ သွေးဆုံးခြင်း သွေးဆုံးချိန်မှာ အက်စထရိုဂျင်ဟော်မုန်းနည်းလာလို့ ဝမ်းဗိုက်တဝိုက်မှာအဆီတက်လာနိုင်ပါတယ်။ […]


အခြေခံကျန်းမာရေး

ဆောင်းရာသီမှာ ခြေထောက်လေးတွေကို ဒီလိုဂရုစိုက်

ဆောင်းရာသီက အသားခြောက်တဲ့ရာသီပါ။ဆောင်းရာသီမှာ အသားအရေကို ဂရုစိုက်ဖို့လိုသလိုခြေထောက်တွေကိုဂရုစိုက်ဖို့ကလည်း အရမ်းအရေးကြီးပါတယ်။ လူတော်တော်များများကဆောင်းရာသီမှာ အသားအရေကို အဓိကထားဂရုစိုက်ကြပေမယ့်ခြေထောက်လေးတွေကို ဂရုစိုက်ဖို့ကိုတော့မေ့နေတတ်ကြပါတယ်။ တကယ်တော့ခြေထောက်လေးတွေကလူတစ်ယောက်အတွက်အရေးပါတဲ့ အစိတ်အပိုင်းလေးတွေဖြစ်တာကြောင့်ဆောင်းရာသီမှာ သူတို့လေးတွေကိုလည်း ဂရုစိုက်ပေးပါနော်။ ဆောင်းအေးအေးမှာခြေထောက်ကို ဒီလိုဂရုစိုက်ပါ ဆောင်းရာသီမှာခြေထောက်လေးတွေ ကျန်းမာလှပနေစေဖို့ဆိုရင်တော့ ခြေထောက်ကို အစိုဓါတ်ထိန်းပေးပါ ဒီအချက်ကခြေထောက်ကျန်းမာနေစေဖို့ မဖြစ်မနေလိုက်နာရမယ့် အချက်တစ်ချက်ပါ။ဆောင်းရာသီလိုအေးမြတဲ့အချိန်မှာခြေထောက်တွေကို တစ်နေ့ကို အနည်းဆုံး ၃ ကြိမ် ၄ ကြိမ်လောက်တော့ အစိုဓါတ်ထိန်းပေးပါ။ခြေထောက်အသားအရေခြောက်သွားတိုင်းလူးပေးပါ။ ခြေထောက်ကိုေနွးနွေးထွေးထွေးထားပါ ဒီအချက်ကလည်း လိုက်နာသင့်တဲ့ အချက်တစ်ခုပါ။ဆောင်းအရမ်းအေးတဲ့အခါခြေထောက်ကိုနွေးအောင်ထားပေးတာကခြေထောက်အသားအရေကို ထိန်းသိမ်းရာရောက်သလို ခန္ဓါကိုယ် အပူချိန်ကို ထိန်းညှိရာရောက်ပါတယ်။ ဒါကြောင့်ဆောင်းရာသီခြေညှပ်ဖိနပ်တွေအစားခြေထောက်နွေးစေမယ့် ဖိနပ်တွေကို ဝတ်ဆင်ပေးပါ။ ရေများများသောက်ပါ ရေကခြေထောက်အတွက်ရော၊ အသားအရေအတွက်ရော တစ်ကိုယ်လုံးကျန်းမာရေးအတွက်ပါကောင်းပါတယ်။ ကိုယ်တွင်းအင်္ဂါတွေအတွက်လည်း လိုအပ်တဲ့အရာတစ်ခုပေါ့။ဆောင်းရာသီမှ အသားခြောက်တာ ကင်းဝေးစေဖို့ရေများများသောက်ပေးပါ။ ခြေအိတ်စွပ်ပါ ဆောင်းရာသီမှာခြေအိတ်လေးတွေစွတ်ထားပေးတာကခြေထောက်ကိုနွေးစေပြီးပြင်းထန်တဲ့ ရာသီဥတုကနေ ကာကွယ်ရာရောက်ပါတယ်။ တကယ်လို့ သင့်မှာခြေအိတ်စွပ်တတ်တဲ့ အကျင့်မရှိဘူးဆိုရင်တောင်မှဆောင်းရာသီမှာတော့ခြေအိတ်စွပ်ပေးပါ။ ခြေထောက်ကဆဲလ်သေတွေကို ဖယ်ရှားပေးပါ ဆဲလ်သေတွေကြောင့်ခြေထောက်အရေပြားတွေၤ ကြမ်းတမ်းအက်ကွဲတာပိုဖြစ်နိုင်ပါတယ်။ ဒါကြောင့်ဆောင်းရာသီမှာ တစ်ပတ်ကို တစ်ကြိမ်လောက်ကြေးတွန်းကျောက်ကိုသုံးပြီးခြေထောက်ကဆဲလ်သေတွေကို ဖယ်ရှားပေးပါ။ ခြေထောက်ကိုရေနွေးစိမ်ပေးပါ ဒါကလည်းခြေထောက်ကိုသွေးလည်ပတ်မှုကောင်းစေပြီး ကျန်းမာစေဖို့ အထောက်အကူပြုနိုင်မှာပါ။ ဒါကြောင့်ခြေထောက်ကို ၃ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ရေလမ်းခရီးက သွားတော့မယ်ဆိုရင် ဘာတွေ ကြိုတင်ပြင်ဆင်သွားရမလဲ ။ ။

ဟိုတလောက ကြားလိုက်မယ်ထင်ပါတယ်။ သင်္ဘောတွေ နစ်ပြီး လူတွေ ပျောက်ကြ၊ သေဆုံးကြတဲ့ သတင်းတစ်ခုပေါ့။ ကမ်းမမြင် လမ်းမမြင် ပင်လယ်ထဲမှာ ကူညီမယ့်သူကလည်း မရှိ၊ ခြေချပြေးစရာ ကုန်းမြေကလည်း မရှိဆိုတော့ ရေလမ်းခရီးက အရမ်းအန္တရာယ်များပါတယ်။ ကား လေယာဉ်တွေနဲ့ သွားရင် ဘာတွေ ပြင်ဆင်သွားရမလဲ၊ ဘာတွေ သတိထားရမလဲဆိုတာ အားလုံးသိပြီးကြဖြစ်ပေမယ့် အသွားနည်းကြတဲ့ ရေလမ်းခရီးကသွားရင်ရော ကိုယ့်ဘက်က ဘာတွေကြိုပြင်ဆင်သွားရမလဲ ။ သင်္ဘောတွေ မြုပ်ကြ၊ စက်လှေတွေ ရေနစ်ကြတာကလည်း သိပ်မရှားတော့ ရှောင်လွဲလို့ မရဘဲ ရေလမ်းခရီးကနေ သွားရတော့မယ်ဆိုရင် ဒါမျိုးလေးတွေ ပြင်ဆင်သွားစေချင်ပါတယ်။ ။ ကြို မမြင်နိုင်တဲ့ အရာတွေ အတွက် ပြင်ဆင်ထားရမယ့် အချက်များ ။ ။ ခရီးဆောင်အိတ်ထဲမှာ ကိုယ့်ခရီးဆောင်အိတ်ထဲမှာ လှိုင်းမူးရင် သောက်ရမယ့် ဆေးတွေ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း