အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မြန်မြန် အရပ်ရှည် ထွက်လာဖို့ ဒီနည်းလမ်းတွေ လုပ်ကြည့်ပါ

ခန္ဓာကိုယ်အလေးချိန်ဆိုတာ ကိုယ်စိတ်ရှိသလို ပြောင်းလဲပစ်လို့ရပေမယ့် အရပ်နဲ့ ပတ်သက်လာရင်တော့ ဘာလုပ်လို့ ဘာကိုင်ရမယ်မှန်းမသိကြတာ လူတော်တော်များများပါပဲ။ ဈေးကွက်ထဲမှာ အရပ်ရှည် ဆေးဆိုပြီး ရောင်းတာမျိုးတွေ ရှိပေမယ့်လည်း တကယ်တမ်း အကျိုးအာနိသင်ရှိ၊ မရှိဆိုတာ သေချာစစ်ဆေးလေ့လာထားခြင်းမရှိပါဘူး။ လူတိုင်း အရပ်ရှည်နိုင်လား။ အရပ်ရှည် ဖို့အတွက် ကလေးဘဝမှာကတည်းက နေထိုင်စားသောက်မှုပုံစံကို ဖြည်းဖြည်းချင်း လေ့ကျင့်သွားရမှာဖြစ်ပြီး ချက်ချင်းလုပ်၊ ချက်ချင်းရှည်ထွက်လာနိုင်တာမျိုး မဟုတ်ပါဘူး။ နောက်တစ်ချက်က မိဘမျိုးရိုးနဲ့လည်း သက်ဆိုင်ပါတယ်။ ကိုယ့်မိဘက အရပ်သိပ်မရှည်ဘူးဆိုရင်တော့ ကိုယ့်အတွက် အရပ်ရှည်လာနိုင်ဖို့က တော်တော်လေးကို ကြိုးစားရမှာဖြစ်သလို မဖြစ်နိုင်သလောက်နီးနီးလည်း ရှိပါတယ်။ ဒါပေမယ့် စိတ်တော့မပျက်ပါနဲ့။ ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကိုသာ သေချာဂရုစိုက်မယ်ဆိုရင် အများကြီးမဟုတ်တောင် အနည်းငယ်တော့ ရှည်လာနိုင်ပါတယ်။ လူတော်တော်များများ သိထားတာကတော့ အသက် ၁၈ ပြည့်ပြီးသွားရင် အရပ်က ဆက်ပြီးရှည်မထွက်နိုင်တော့ဘူးဆိုတာပါပဲ။ တကယ်တော့ အသက် ၂၅ အထိ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကိုယ့်မနက်ခင်းတိုင်း လှပနေစေဖို့။

အင်တာနက်ေခတ်၊ မိုဘိုင်းဖုန်းထဲ ဂိမ်းလေး အလွယ်ဆော့နိုင်တဲ့ ခေတ်ဆိုတော့ ညပိုင်းတွေ ဆို မျက်လုံးတွေက ပြူးကျယ်နေတတ်ပြီး မနက်ဆို လုံးဝမဖွင့်ချင်ကြတဲ့ လူတွေချည်းပါပဲ။ ဆယ်ကျော်သက် တွေနဲ့ သက်လတ်ပိုင်းသမားတွေ ပိုဆိုးတာပေါ့။ အလုပ်တွေ ကျောင်းတွေကလည်း ရှိသေးတယ်မလား။ ညညဆို မအိပ်နိုင် မနက်ဆို မထနိုင်နဲ့ ကျောင်းနောက်ကျ ရုံးနောက်ကျတာတွေဖြစ်ကုန်ရော။ နောက်ကျရင် လူပင်ပန်းတာထက် စိတ်ပင်ပန်းတာက ပိုဆိုးတယ်မလား။ ဒီတော့ မနက်စောစောထဖြစ်ပြီး ရုံးတို့ ကျောင်းတို့ အေးဆေးသွားနိုင်တဲ့လူတစ်ယောက်ဖြစ်ဖို့ ဒါလေးတွေ လုပ်ကြည့်ပါလား။ ( ၁ ) alarm ကို ကိုယ်နဲ့ဝေးတဲ့နေရာမှာထားပါ။ ဖုန်းနဲ့ ဖြစ်ဖြစ် နာရီနဲ့ပဲဖြစ်ဖြစ် နှိုးစက်နဲ့ဖြစ်ဖြစ် alarm ပေးထားတဲ့အခါ အားလုံးကို ကိုယ့်အိပ်ရာနဲ့ မမှီနိုင်တဲ့နေရာမှာထားပါ။ alarm ရဲ့ ringtone က ကိုယ်မကြိုက်တဲ့ တီးလုံးသံလေးဖြစ်ရင်ပိုကောင်းပါလိမ့်မယ်။ […]


အခြေခံကျန်းမာရေး

သင်အားဆေး သောက်ဖို့လိုအပ်နေပြီလား ။ ။

အားဆေး မဖြစ်မနေသောက်ပေးမှ ကျန်းမာရေးကောင်းမှာလားဆိုတဲ့ မေးခွန်းတွေ ခေါင်းထဲမှာ ရှိတတ်ကြမှာပါ။ ကိုယ်ကလည်း စားလို့ကောင်းသောက်လို့ကောင်းတဲ့အရွယ်၊ ကျန်းမာရေးကလည်း ကောင်းနေတယ်ဆိုရင် အားဆေး မသောက်လို့ရလား။ အမှန်က အားဆေးဆိုတာ အာဟာရဓာတ်တွေချို့တဲ့နေတဲ့သူတွေရှိတာကြောင့် သူ့တို့ကို ပြန်ပြီး အာဟာရဖြည့်ပေးဖို့အတွက် ပေါ်လာရတာပါ။ ဒါပေမယ့် စားလို့ကောင်းသောက်လို့ကောင်းတဲ့ သူတွေလည်း အားဆေးသောက်ပေးဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ လူဆိုတာ ကိုယ်ကြိုက်တာကိုပဲ ရွေးစားတဲ့ အကျင့်ရှိတယ်လေ။ ကျန်းမာရေးနဲ့ညီညွတ်လေ စားရတာ မကြိုက်လေပဲမဟုတ်လား။ ပြီးတော့ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ် တွေ နေ့စဉ်အကုန်စုံအောင်စားနိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ ဒီတော့ အားဆေးသောက်ဖို့လိုကို လိုအပ်ပါတယ်။ အားဆေးသောက်ဖို့လိုအပ်တယ်ဆိုတော့ ဘယ်လို အခြေအနေမျိုး ကိုယ့်မှာ ရှိနေပြီဆို အားဆေးကို လုံးဝ မဖြစ်မနေသောက်ရမလဲဆိုတာလေးလည်း သိဖို့ အရေးကြီးပါသေးတယ်။ အမြင်အာရုံ အားနည်းလာမယ်၊ အသားအရေတွေ ခြောက်သွေ့လာမယ် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကာကွယ်ဆေးထိုးထားရင် မဖြစ်နိုင်တဲ့ရောဂါ ၁၀ မျိုး။ ။

ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းတယ်ဆိုတာကို အားလုံးကြားဖူးကြမှာပါ။ ဟိုးအရင်တုန်းက တကယ်ကိုကြောက်ခဲ့ရတဲ့ ပိုလီယို ရောဂါတို့၊ ကျောက်ကြီးရောဂါဆိုတာတွေကို ခုခေတ်ကလေးတွေ ကြားတောင်မကြားတော့တာ ကာကွယ်ဆေးတွေကို ကျေးဇူးတင်ရမှာပါ။ ဒီတော့ ကာကွယ်ဆေးတွေရဲ့ အရေးပါပုံကို ခန့်မှန်းမိကြတော့လောက်ပြီပေါ့။ ဒီဆောင်းပါးထဲမှာတော့ ကာကွယ်ဆေးထိုးထားရင် မဖြစ်နိုင်တဲ့ ရောဂါ ၁၀ မျိုးအကြောင်း ပြောပြပေးချင်ပါတယ်။ (၁ ) ဝက်သက်ရောဂါ။ ။ ဝက်သက်ကာကွယ်ဆေးဆိုပြီး ကလေးအသက် ၉ လ မှာတစ်ကြိမ် ၁နှစ်ခွဲမှာတစ်ကြိမ် ထိုးပေးကြတာ ကြားဖူးကြမှာပါ။ လေထဲက တစ်ဆင့်ကူးစက်ပြီး အဆုတ်ပွ၊ အဆုတ်ရောင်တာ၊ ဦးနှောက်အမြှေးပါးရောင်တာကနေ အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်တဲ့ ဒီဝက်သက်ရောဂါဟာ ကာကွယ်ဆေးထိုးထားလိုက်ရင် ဖြစ်နိုင်ချေနည်းသွားမယ့် ရောဂါတစ်ခုပါ။ ( ၂ ) ရက်တစ်ရာချောင်း ကြက်ညှာချောင်း Diptheria pertussis ဆိုတဲ့ဘက်တီးရီးယားတစ်မျိုးကြောင့် ဖြစ်တဲ့ ဒီ အဆုတ်ရောဂါဟာ နာတာရှည်ချောင်းဆိုးခြင်းကို အဓိကဖြစ်စေတဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ရေကြီးမှုကြောင့် ထိခိုက်မှုကင်းစေဖို့

လူတွေရဲ့ စည်းကမ်းမဲ့မှုနဲ့အတူ ကမ္ဘာကြီး ပူနွေးလာပြီး ရေခဲမြစ်တွေ အရည်ပျော်တာ၊ သစ်တောတွေ ပြုန်းတီးမှုရဲ့ အကျိုးဆက်အနေနဲ့ မိုးတွင်း ရောက်လာတိုင်း ဝါဆိုဝါခေါင် ရေဖောင်ဖောင်ဆိုတဲ့ အနေအထားကို ကျော်လွန်ပြီး ရေကြီး နစ်မြုပ်တဲ့ အဆင့်ကို ရောက်ရှိလာနေပါတယ်။ တစ်နှစ်ထက် တစ်နှစ် ရေကြီးမှုတွေ က ပိုများလာသလို ပိုပြီးလည်း ပြင်းထန်လာနေပါတယ်။ ဒီတစ်ခေါက်တော့ မိုးတွင်းမှာ မျှော်လင့်မထားတဲ့ ရေကြီးမှုတွေ အန္တရာယ်ကနေ ကိုယ်တိုင်ကိုရော မိသားစုကိုပါ ကာကွယ်နိုင်စေမယ့် နည်းလမ်းလေးတွေကို ဒီ ဆောင်းပါးလေးထဲမှာ ဖော်ပြပေးလိုက်ပါတယ်။ ရေကြီးမှုကြောင့် ထိခိုက်မှုကင်းစေဖို့ လိုက်နာစရာလေးတွေကို အတူတူ ကြည့်လိုက်ရအောင်နော်။ ရေကြီးမှုကြောင့် ထိခိုက်မှုကင်းစေဖို့ ရေကြီးမှုကြောင့် ထိခိုက်မှု ကင်းစေဖို့ ဒီအချက်လေးတွေကို ဂရုစိုက်ဖို့ လိုပါမယ်။ ရေမကြီးခင် ဘာတွေပြင်ဆင်ရမလဲ ရေကြီး လာနိုင်တဲ့ အလားအလာတွေ ရှိနေမယ်၊ ကြိုတင် သတိပေးချက်တွေ ထုတ်ပြန်တဲ့ […]


အခြေခံကျန်းမာရေး

အားဆေးဝယ်တော့မယ်ဆိုရင် ဒီအချက်တွေပါမပါ ကြည့်ပြီးမှ ဝယ်ပါ။

ဗီတာမင်ချို့တဲ့ နေလို့ပဲဖြစ်ဖြစ်၊ အားဆေး သောက်သင့်တယ်ဆိုလို့ သူများပြောလို့ပဲ ဖြစ်ဖြစ် ကိုယ်ကိုယ်တိုင် အားဆေးသောက်ချင်လို့ဖြစ်ဖြစ် အားဆေးဝယ်တော့မယ်ဆိုရင် သင်ပထမဆုံး ဘာကို စဉ်းစားပါသလဲ ။ ဈေးကွက်ထဲမှာရှိနေတဲ့ ဖြည့်စွက်အားဆေးတွေ ဆိုတာ ရေတွက်လို့မရနိုင်လိုက်အောင် များပြားတဲ့အတွက် အားဆေးဝယ်တော့မယ်ဆိုရင် ဘယ်အားဆေးက ယုံကြည်စိတ်ချရလဲ၊ အရည်အသွေးပိုကောင်းလဲ ဆိုတဲ့ မေးခွန်း ခေါင်းထဲ အရင်ဆုံး ရောက်လာတယ်မဟုတ်လား။ လူတော်တော်များများက အားဆေးကို ကြော်ငြာအားကောင်းလို့၊ လူပြောများနေလို့ ဆေးဆိုင်တွေမှာ တင်ထားတာတွေ့လို့ဆိုပြီး ဝယ်လာကြတာများပါတယ်။ အကောင်းဆုံး အားဆေးတစ်ခုမှာ ဘယ်လို အချက်တွေ ပါသင့်လဲ၊ ဘာလို့ ဒီအားဆေးကို ဝယ်သောက်သင့်လဲ ဆိုတဲ့ အကြောင်းတွေကို များများစားစား မသိကြပါဘူး။ တွေ့ကရာ အားဆေးတွေဝယ်လာတာထက်စာရင် အားဆေးတစ်ခုကို ဘယ်လို အချက်တွေနဲ့ စိစစ်ရွေးချယ်ပြီး ဝယ်ယူရမလဲဆိုတာ သိထားရင် ပိုမကောင်းဘူးလား။ ဒါမှ ပိုက်ဆံကုန်ရကျိုးလည်း […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သွေးတွင်းဆိုဒီယမ်ဓါတ်နည်းခြင်း ဆိုတာ ဘာလဲ

ဆိုဒီယမ်ဓါတ်နည်းရင် ဘာဖြစ်မလဲဆိုတာ မပြောခင် ဆိုဒီယမ်ဓါတ်ရဲ့ လုပ်ဆောင်ချက်တွေအကြောင်း ရှင်းပြပေးချင်ပါတယ်။ ဆိုဒီယမ်ဓါတ်သည် ရေနဲ့ တစ်ကိုယ်လုံးမှာရှိတဲ့ ဆဲလ်တွေရဲ့ မျှခြေကိုထိန်းသိမ်းပေးတဲ့ ဓါတ်တစ်မျိုးဖြစ်ပါတယ်။ ကြွက်သားနဲ့ အာရုံကြောတွေ ကောင်းစွာအလုပ်လုပ်နိုင်စေဖို့ ကူညီပေးတယ်။ သွေးပေါင်ချိန်ကိုလည်း ငြိမ်အောင် ထိန်းပေးထားနိုင်ပါတယ်။ ဒီလို ဆိုဒီယမ်ဓါတ်က သွေးထဲမှာ နည်းသွားတဲ့အခြေအနေကို Hyponatremia လို့ခေါ်ပါတယ်။ အလွယ်ပြောရမယ်ဆိုရင် ရေကို တစ်နေ့တာလိုအပ်တဲ့ ပမာဏထက် ပိုပြီးသောက်မိတဲ့အခါ ကိုယ်ခန္ဓါထဲကမျှခြေပျက်ယွင်းသွားပြီး ဆိုဒီယမ်ဓါတ်တွေက သွေးထဲမှာ အရမ်းနည်းသွားတာဖြစ်ပါတယ်။ ပုံမှန်အခြေအနေမှာ သွေးတွင်းဆိုဒီယမ်ပမာဏသည် ၁၃၅ မှ ၁၄၅ mEq/L ရှိပြီး ၁၃၅ အောက်ရောက်သွားပြီဆိုမှ ဆိုဒီယမ်ဓါတ်နည်းသွားတာကို ဆိုလိုပါတယ်။ ရေကို တစ်နေ့တာ ၅လီတာနဲ့အထက် သောက်တဲ့သူတွေမှာ ပိုဖြစ်နိုင်ပါတယ်။ သွေးတွင်းဆိုဒီယမ်နည်းနေပြီဆိုရင် ဘယ်လိုသိနိုင်မလဲ။ သွေးထဲမှာ ဆိုဒီယမ်ဓါတ်နည်းလာတဲ့အခါ အားမရှိသလို ပျော့ခွေနေမယ် မောပန်းနေမယ် ခေါင်းကိုက်နေမယ် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲခြင်းကြောင့် ကျန်းမာရေးထိခိုက်ခြင်း

ကျွန်တော်တို့လူသားများရဲ့ ကျန်းမာရေးကိစ္စအ၀၀ကို ကြိုးကိုင်ထားတဲ့ အရာတစ်ခုရှိပါတယ်။ အဲဒါကတော့ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲခြင်းပဲ ဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲခြင်းဟာ ကျန်းမာရေးကဏ္ဍကို ဘယ်လိုလွှမ်းမိုးသက်ရောက်မှုရှိသလဲဆိုတာ ဆက်လက်ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲခြင်းဆိုသည်မှာ ရာသီဥတုပြောင်းလဲခြင်းဆိုတာကတော့ ရေရှည်ပုံစံနဲ့ ကမ္ဘာ့အပူချိန်ပြောင်းလဲလာခြင်း၊ ရာသီဥတုပုံစံများ ပြောင်းလဲလာခြင်း စတာတွေ ဖြစ်ပါတယ်။ အပူချိန်ြမင့်တက်လာခဲ့ရင် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာပြီး ကမ်းခြေဒေသရဲ့ ဂေဟစနစ်တွေ ပျက်စီးလာပါလိမ့်မယ်။ အရေးကြီးတဲ့ တိရစ္ဆာန်မျိုးစိတ်နဲ့ အပင်မျိုးစိတ်တွေ ပျက်စီးရင် အဲဒီအပေါ်မှီခိုနေတဲ့ လူသားတွေကိုပါ ထိခိုက်မှု ဖြစ်လာပါတယ်။ ဖြစ်ပွားရသည့်အကြောင်းအရင်း လူသားတွေ စက်မှုလုပ်ငန်းတိုးတက်လာတာနဲ့အမျှ ပတ်ဝန်းကျင်အပေါ် စွန့်ပစ်ပစ္စည်းတွေ အများအပြား စွန့်ထုတ်လာပါတယ်။ လောင်စာများ ပိုမိုလောင်ကျွမ်းပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်အပါအဝင် မှန်လုံအိမ်အာနိသင်ကို ဖြစ်ပေါ်စေတဲ့ တခြားဓါတ်ငွေ့တွေ ပိုမိုထွက်ရှိလာပါတယ်။ အဲဒီအခါ ကမ္ဘာ့အောက်ခြေလေထုဟာ ယခင်ထက်ပူနွေးပြီး ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲခြင်းတွေ ဖြစ်ပေါ်လာပါတယ်။ လူသားတို့အပေါ် အကျိုးသက်ရောက်မှု လေထုညစ်ညမ်းခြင်း၊ သောက်သုံးရေမသန့်ရှင်းခြင်း၊ ဘေးကင်းစိတ်ချရသော […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

လည်ပင်းပေါ်က မာကင်ရာတွေကြောင့် စိတ်ထဲမလုံသလို ဖြစ်နေပြီလား

မာကင်ရာနဲ့ ပတ်သက်ပြီး အရွယ်ရောက်ပြီးသူတိုင်း ကောင်းကောင်းသိထားကြမယ်ထင်ပါတယ်။ နမ်းနေတဲ့အချိန် အမှတ်တရအဖြစ်နဲ့ ကိုယ်ချစ်ရတဲ့သူရဲ့ အသားလေးကို ငုံပြီးခဲထားလိုက်တာ၊ ကြမ်းကြမ်းစုပ်ယူလိုက်တဲ့အခါမှာ အရေပြားပေါ်မှာကျန်ခဲ့တဲ့ အနီကွက်လေးကို မာကင်ရာလို့ ခေါ်ပါတယ်။ ကိုယ်ကတော့ ချစ်လို့လုပ်လိုက်တယ်ဆိုပေမယ့်လည်း လည်ပင်းလို၊ လက်လို လူမြင်တဲ့နေရာတွေမှာ မာကင်ရာအကွက်ကြီးနဲ့ကျ အပေးခံရတဲ့သူအနေနဲ့ စိတ်ထဲအနည်းငယ်တော့ ရှက်နေမိမှာပါ။ ပတ်ဝန်းကျင်အနေနဲ့လည်း အနည်းငယ် ဝေဖန်ချင်စရာ ဖြစ်တာပေါ့။ ဒီတော့ လူငယ်တော်တော်များများ သိချင်နေကြတဲ့ မာကင်ရာကို အမြန်ဆုံးပျောက်အောင်လုပ်လို့ရမယ့် နည်းလမ်းတွေကို ဒီဆောင်းပါးမှာ ပြောပြပေးလိုက်တယ်နော်။ ၁။ ဇွန်းကို အအေးခံပြီး ကပ်ထားမယ်။ ဒါကတော့ အလွယ်ဆုံးနည်းလမ်းပေါ့။ ချစ်သူက ပူပူနွေးနွေး မာကင်ရာပေးပြီးသွားတဲ့အချိန် လုပ်ပေးရင် ပိုကောင်းပါတယ်။ နည်းလမ်းကတော့ ကိုယ်အိမ်က ထမင်းစားတဲ့ ဇွန်းတစ်ချောင်းကို ရေခဲသေတ္တာထဲမှာ ၈မိနစ် ကနေ ၁၀မိနစ်အထိ အအေးခံထားရပါမယ်။ ပြီးသွားမှ ခုံးနေတဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဖျားနေတာမဟုတ်ဘဲ အသားတွေ ဘာလို့ အမြဲပူနေတာလဲ

ရာသီဥတုအေးအေး၊ ပူပူ အသားကအမြဲပူနွေးနေတတ်သူတွေရှိပါတယ်။ ဘယ်အချိန်မဆို အသားချင်းထိကြည့်လိုက် အမြဲတမ်းပူနွေးနေတာပဲ။ သူဖျားနေတာတော့မဟုတ်ဘူး။ ဒါဆို ဘာဖြစ်လို့များလဲ။ အကြောင်းရင်းတော့ ရှိနေမှာပါ။ ဘယ်လိုအကြောင်းရင်းတွေဖြစ်နိုင်လဲဆိုတာ ဆက်ပြီးကြည့်ကြရအောင်နော်။ ဟော်မုန်းများ လည်ပင်းကြီးရောဂါ သိုင်းရွိုက်ဂလင်းကြောင့်ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေမှာ ဂလင်းကဟော်မုန်းထုတ်လုပ်မှုလွန်ကဲနေလို့ဖြစ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းများခြင်းကြောင့် ခန္ဓာကိုယ်မှာလောင်စာတွေကို ခွန်အားအဖြစ်ပြောင်းလဲမှုနှုန်းကိုမြန်စေလို့ ပူနွေးမှုကိုဖြစ်စေတာပါ။ ဒီလိုဖြစ်ရင် ရေဆာတာ၊ ဗိုက်ဆာတာ၊ချွေးထွက်တာ၊ နှလုံးခုန်တာတွေ အကုန်မြန်လာနိုင်ပါတယ်။ အမျိုးသမီးတွေဆို ရာသီလာနည်းတာ၊ ထိန်တာ၊ ကိုယ်ဝန်ရဖို့ခက်တာတွေဖြစ်လာနိုင်ပါတယ်။ သွေးဆုံးခြင်း အမျိုးသမီးတစ်ယောက် ကျန်းမာစွာနဲ့သွေးဆုံးတဲ့အရွယ်က အသက် ၅၀ ဝန်းကျင်ဖြစ်လေ့ရှိပါတယ်။ အဲဒီအချိန်မှာhot flashes လို့ခေါ်တဲ့ အရေပြားနေရာတချို့ ရုတ်တရက်ပူရှိန်းရှိန်းဖြစ်လာတာမျိုးကို ခံစားရတတ်ပါတယ်။သွေးဆုံးချိန်မှာ ချွေးပိုထွက်ခြင်း၊ ခေါင်းမူးခြင်းနဲ့ နှလုံးခုန်မြန်ခြင်းတို့လည်း ဖြစ်စေနိုင်တယ်။ နောက်ဆုံးရာသီလာချိန်မတိုင်ခင်မှာ လက္ခဏာတွေခံစားရတတ်ပြီး နှစ်နဲ့ချီပြီးကြာရှည်တတ်ပါတယ်။ သားဥအိမ်ပြဿနာ အမျိုးသမီးဆိုရင် သားဥအိမ်က အက်စထရိုဂျင်ဟော်မုန်း ပုံမှန်မထုတ်ပေးနိုင်တာ ဒါမှမဟုတ် ပုံမှန်သားဥမကြွေတာမျိုးကြောင့်ဖြစ်တတ်ပါတယ်။ ဒီလိုအမျိုးသမီးတွေမှာ ကိုယ်ဝန်ရဖို့ခက်ခဲတတ်ပါတယ်။ သွေးဆုံးချိန်မှာဖြစ်သလိုမျိုး လက္ခဏာဆင်တူတဲ့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း