အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကျန်းမာပျော်ရွှင်စွာ ဘဝနေထိုင်နည်း

ချစ်ခင်ရတဲ့သူတွေနဲ့ သက်ဆုံးတိုင် တူတူနေချင်တဲ့ဆန္ဒရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲက နည်းလမ်းလေးတွေက ကျန်းမာပျော်ရွှင်တဲ့ဘဝပိုင်ဆိုင်နိုင်စေဖို့ အကောင်းဆုံးအထောက်အပံ့ပေးနိုင်မှာပါ။ ကျန်းမာပျော်ရွှင်တဲ့ဘဝပိုင်ဆိုင်နိုင်စေမယ့် နည်းလမ်းကောင်း (၁၀) ချက် ကျန်းမာပျော်ရွှင်တဲ့ဘဝနေထိုင်မှုပုံစံကိုမွေးမြူလို့ရပါတယ်။ ဒီတော့ဘာတွေလုပ်ရမလဲ ကြည့်လိုက်ရအောင်လား။ (၁) ရေများများသောက်ပါ - ခန္ဓါကိုယ်က ဇီဝလုပ်ငန်းစဉ်တွေကို အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ရေများများသောက်ပေးပါ။ ကိုယ်တွင်းကအဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ခန္ဓါကိုယ် အနှံ့ကိုအောက်ဆီဂျင်နဲ့အာဟာရတွေ ပို့ဆောင်နိုင်စေဖို့ပါ။ အသားအရေခြောက်သွေ့တာကင်းစေသလို ဆီးဝမ်းမှန်စေနိုင်ပါတယ်။ (၂) အိပ်ရေးဝဝအိပ်ပါ - အဝလွန်တာ၊ ဆီးချိုနဲ့နာတာရှည်ပြဿနာတွေကင်းပြီး ကိုယ်ခံအားကောင်းစေဖို့ လုံလောက်တဲ့ အိပ်စက်ချိန်ထားရှိပေးပါ။ (၃) လမ်းလျှောက်ပါ - သိပ်မဝေးတဲ့နေရာလေးတွေကို လမ်းလျှောက်သွားပေးတာက ခန္ဓါကိုယ် ကျန်းမာသန်စွမ်းစေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။ (၄) တရားထိုင်ပါ - စိတ်ဖိစီးမှုကင်းဝေးစေပြီးကောင်းမွန်တဲ့ အိပ်စက်မှုကို ရစေနိုင်တာကြောင့် ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်ချင်သူတိုင်း တစ်ပတ်ကို ၃ ကြိမ်လောက် တရားထိုင်ပါ။ (၅)လေ့ကျင့်ခန်းလုပ်ပါ - တစ်နေ့တာမှာ ပုံမှန် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အမျိုးအစား A (Type A) ကိုယ်ရည်ကိုယ်သွေးပိုင်ရှင်များ၏ အမူအကျင့်များ

သင့်ပတ်ဝန်းကျင်မှာ ယှဉ်ပြိုင်လိုစိတ် ပြင်းထန်သူတွေ၊ တော်တန်ရုံကို စိတ်မရှည်တတ်သူတွေကို တွေ့မိတဲ့အခါ အံ့သြကောင်း အံ့သြပါလိမ့်မယ်။ အများနဲ့ကွဲပြားနေတတ်တဲ့ ကိုယ်ရည်ကိုယ်သွေးကို သင်သတိထားကောင်းထားမိပါလိမ့်မယ်။ သူတို့ဟာ အမျိုးအစား A ကိုယ်ရည်ကိုယ်သွေး (Type A personality) ပိုင်ရှင်တွေ ဖြစ်နေနိုင်ပါတယ်။ သူတို့မှာဘယ်လိုအမူအကျင့်တွေရှိသလဲ ဆက်လက်လေ့လာကြည့်ရအောင်ပါ။ ၁။ စိတ်ကြီးခြင်း သူတို့ဟာ စိတ်ကြီးပါတယ်။ အောင်မြင်လိုစိတ်ကြီးမားပါတယ်။ မိမိကိုယ်ကိုရော ပတ်ဝန်းကျင်ကိုပါ မောင်းနှင်တတ်ပြီး မလိုမကျရင်လည်း ဆူပူကြိမ်းမောင်းဖို့ ဝန်မလေးပါဘူး။ ဒါပေမယ့် အဲဒီစိတ်ကြောင့်ပဲ အသီးအပွင့်တွေ ဖြစ်ထွန်းလာတတ်ပါတယ်။ ၂။ ယှဉ်ပြိုင်တတ်ခြင်း Type A ကိုယ်ရည်ကိုယ်သွေးပိုင်ရှင်များရဲ့ နေ့စဉ်ဘဝလမ်းညွှန်ချက်ဟာ ယှဉ်ပြိုင်နေဖို့ပါပဲ။ ဦးတည်ချက်တစ်ခုထားပြီး မရောက်ရောက်အောင် သွားတတ်ပါတယ်။ သူတပါးကို မယှဉ်ပြိုင်ရင်တောင် မိမိကိုယ်မိမိ တိုးတက်လာခြင်း ရှိ၊မရှိ ယှဉ်ပြိုင်နေတတ်သူတွေ ဖြစ်ပါတယ်။ ၃။ ရည်မှန်းချက်ကြီးခြင်း ဒီအချက်ဟာ သူတို့ကိုယ်ရည်ကိုယ်သွေးမှာ အခရာကျတဲ့ မောင်းနှင်အား ဖြစ်ပါတယ်။ သူတို့စိတ်မှာ […]


အခြေခံကျန်းမာရေး

Type A အမျိုးအစား ကိုယ်ရည်ကိုယ်သွေးပိုင်ရှင်များမှာဖြစ်တတ်သော ကျန်းမာရေးပြဿနာများ

Type A အမျိုးအစား ကိုယ်ရည်ကိုယ်သွေးပိုင်ရှင်များဟာ ယှဉ်ပြိုင်လိုစိတ်ပြင်းထန်သူတွေ၊ ရည်မှန်းချက်ကြီးသူတွေ ဖြစ်ပါတယ်။ ဘဝမှာ ထိပ်တန်းကိုရောက်နိုင်တဲ့ ကိုယ်ရည်ကိုယ်သွေးပိုင်ရှင်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးဟာ တစ်ဖက်မှာလည်း စိတ်ပိုင်းရုပ်ပိုင်း ကျန်းမာရေးအပေါ် သက်ရောက်မှုတွေ ရှိလာတတ်ပါတယ်။ သုတေသီများဟာ ကိုယ်ရည်ကိုယ်သွေးနဲ့ ကျန်းမာရေးအခြေအနေကြားက ဆက်စပ်မှုကို နှစ်ပေါင်းများစွာ လေ့လာခဲ့ပါတယ်။ Type A ကိုယ်ရည်ကိုယ်သွေးပိုင်ရှင်များဟာ မိမိကိုယ်ကို ဆန္ဒပြင်းပြစွာ မောင်းနှင်တတ်ခြင်း၊ စိတ်မရှည်ခြင်းတို့ကြောင့် ထိရှလွယ်တယ်လို့ ဆိုကြပါတယ်။ ဒါ့အပြင် အဝလွန်ခြင်း၊ သွေးတိုးခြင်း၊ နှလုံးရောဂါနဲ့ လေဖြတ်ခြင်း၊ စိတ်ဖိစီးခြင်း စတဲ့ပြဿနာတွေ ကြုံနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ပထမဦးစွာ မိမိကိုယ်ကို Type A ကိုယ်ရည်ကိုယ်သွေးပိုင်ရှင် ဟုတ်မဟုတ် အောက်ပါမေးခွန်းတွေနဲ့ အကဲဖြတ်ကြည့်ပါ။ မကြာခဏဆိုသလို အလျင်စလို လုပ်တတ်ပါသလား။ ယှဉ်ပြိုင်လိုစိတ်ကြီးမားပါသလား။ လူအများစုထက် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အရက်ကြောင့် ခန္ဓါကိုယ်မှာ ဘာတွေထိခိုက်လာနိုင်လဲ

အရက်က ကျန်းမာရေးအတွက်ကောင်းကျိုးလုံးဝမရှိဘူးဆိုတာကတော့ အထွေအထူးပြောနေစရာမလိုအောင် သိထားပြီး ဖြစ်မှာပါ။ ဒါပေမယ့်လည်း တစ်ခါတလေပါ၊ ဆေးဖြစ်ဝါးဖြစ်ပါဆိုတဲ့ အကြောင်းပြချက်တွေနဲ့ဆက်သောက်မိနေသေးတယ် ဟုတ်။ ဒါဆိုရင်တော့ အရက်သောက်တာကြောင့် ခန္ဓါကိုယ်မှာ ဘာတွေထိခိုက်လာနိုင်လဲဆိုတာ သိပြီးပြီလားလို့မေးရတော့ မှာပဲ။ မသိသေးလို့သောက်မိနေတာဆိုရင်တော့ အခုပဲဖတ်ကြည့်လိုက်တော့နော်။ အရက်နည်းနည်းပဲသောက်ရင် ခန္ဓါကိုယ် ထိခိုက်ပါ့မလား…………… အရက်ကို စသောက်တာနဲ့ ခန္ဓါကိုယ်က စပြီးထိခိုက်တာပါ။ အရက်ကြောင့် ခန္ဓါကိုယ်ထိခိုက်မှုက အရက်ပမာဏ နည်းတာ၊ များတာနဲ့ မသက်ဆိုင်ပါဘူး။ ဒါကြောင့် တစ်ခွက်လောက်သောက်တာ ဘာမှမဖြစ်လောက်ပါဘူး၊လို့ မတွေးစေချင်ပါဘူး။ အရက်က နည်းနည်းပဲသောက်သောက်၊ တစ်ခွက်ပဲသောက်သောက် ခန္ဓါကိုယ်ထဲကို ဝင်သွားပြီဆိုတာနဲ့ ထိခိုက်မှုက စတော့တာပါပဲ။ အရက်ကြောင့် ခန္ဓါကိုယ်မှာ ဘာတွေထိခိုက်နိုင်လဲ…….. အရက်သောက်သုံးမှု ကြာလာတာနဲ့အမျှ ထိခိုက်နိုင်ခြေက များလာလေပါ။ အဆိုးဆုံးကတော့ အသက်သေဆုံး သည်အထိပြင်းထန်နိုင်တာပါ။ အသည်းထိခိုက်မယ် ဒါကတော့ အဖြစ်နိုင်ဆုံး ထိခိုက်မှုတစ်ရပ်ပါ။ အရက်ကို တာရှည်သောက်သုံးတဲ့အခါ အသည်းက ထိခိုက်လာပြီးနာတာရှည် အသည်းရောဂါတွေကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နှာချေချင်တာအောင့်လိုက်တဲ့အခါ ဖြစ်လာနိုင်တဲ့ အန္တရာယ်

အစည်းအဝေးခန်းမှာ၊ အရေးကြီးပုဂ္ဂိုလ်တွေရှေ့မှာ၊ အများစီး ဘတ်စ်ကားပေါ်မှာ စတဲ့ လူအများကြားမှာရောက်တဲ့အချိန် ရုတ်တရက် ခပ်ပြင်းပြင်းနှာချေချင်လာရင် ဘယ်လိုလုပ်မလဲ။ တချို့သူတွေက တခြားသူတွေရှေ့ နှာချေလိုက်ရမှာကို သိပ်အားနာတတ်ကြပါတယ်။ ရုတ်တရက်ဆိုရင် နှာခေါင်းနဲ့ပါးစပ်ကို ပိတ်လိုက်မိပြီးအောင့်လိုက်တာမျိုး၊ အနည်းဆုံးတော့ နှာချေသံမကျယ်အောင် ကြိုးစားတတ်ကြပါတယ်။ ဒါပေမယ့် ဒီလိုလုပ်တာ သိပ်ကိုမှားပါတယ်နော်။ချောင်းဆိုး၊နှာချေရင် နှာခေါင်းနဲ့ပါးစပ်ကိုဖုံးအုပ်ရမယ်ဆိုတာ ကိုယ့်ဆီက အမှုန်အမွှား၊ ဘက်တီးရီးယားတွေ တခြားသူဆီမပြန့်ပွားစေဖို့ လိုက်နာသင့်တဲ့အခြေခံကျန်းမာရေးအမူအကျင့်ပါ။ ဒါပေမယ့် နှာမချေရ၊အောင့်ထားရမယ်လို့ ဘယ်သူမှပြောမထားပါဘူး။ နှာချေတယ်ဆိုတာခန္ဓါကိုယ်ထဲကို ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားပိုးတွေ မဝင်အောင် အာရုံကြောစနစ်က ပြုလုပ်တဲ့ အလိုအလျောက် တုံ့ပြန်မှုတစ်ခုဖြစ်ပါတယ်။ ဒီအချိန်မှာ ပိတ်ပြီး မအောင့်လိုက်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတာ ဥပမာလေးတစ်ခုကို ကြည့်ရအောင်။ BMJ Case Reports ဂျာနယ်ရဲ့ သတင်းတစ်ပုဒ်မှာ နှာချေမိမှာစိုးလို့ နှာခေါင်းနဲ့ပါးစပ်ကို အတင်းပိတ်အုပ်ပြီးအောင့်လိုက်ပြီးနောက် လည်ချောင်းကွဲသွားခဲ့တဲ့ အသက် ၃၄ နှစ်အရွယ် အမျိုးသားတစ်ဦးအကြောင်း […]


အခြေခံကျန်းမာရေး

ဝမ်းနှုတ်ဆေးတွေမှာ ဘယ်လိုဆိုးကျိုးတွေ ရှိသလဲ ။

ဝမ်းချုပ်တတ်တဲ့သူတွေ အတွက်တော့ဝမ်းနှုတ်ဆေးက အားကိုးရာ တစ်ခုပါ။ ဒါပေမယ့် ဝမ်းချုပ်တဲ့ အခါတိုင်း ဝမ်းနှုတ်ဆေးကိုချည်းပဲ အားကိုးနေလို့တော့ မရပါဘူး။ ဝမ်းနှုတ်ဆေးက တစ်ခဏတာကိုပဲ သက်သာစေတာဖြစ်တဲ့အတွက်ကြောင့် အစတည်းက ဝမ်းမချုပ်စေဖို့ ဝမ်းမှန်စေဖို့လိုပါတယ်။ ဒါပေမယ့် တစ်ချို့ ဝမ်းအရမ်းချုပ်ပြီး ဝမ်းနှုတ်ဆေးပုံမှန်သုံးပေးမှကို ဖြစ်တဲ့သူတွေရှိပါတယ်။ ဒီလို ဝမ်းသွားတော့မယ်ဆိုတိုင် းဝမ်းနှုတ်ဆေး အကူအညီယူနေတာ ကောင်းရဲ့လား။ ဝမ်းနှုတ်ဆေးမှာ ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ရှိလဲ၊။ ဝမ်းနှုတ်ဆေး သုံးပါများရင် ဘာတွေ ပြောင်းလဲလာမလဲ ။ ။ ဝမ်းနှုတ်ဆေး ဘယ်နှစ်မျိုးရှိလဲ ။ ။ ဝမ်းနှုတ်ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကို ပြောဖို့ဆိုရင် ဝမ်းနှုတ်ဆေး ဘယ်နှစ်မျိုးရှိလဲဆိုတာ အရင်သိဖို့ လိုအပ်ပါတယ်။ ဝမ်းနှုတ်ဆေး အမျိုးအစား ၅ မျိုးရှိပါတယ်။ သူတို့ကတော့ Oral osmotics – သောက်ရတဲ့ ဆေးဖြစ်ပြီး အူအတွင်းက ရေတွေကို ဝမ်းထဲ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကိုယ့်ကျန်းမာရေးကို စောင့်ရှောက်ဖို့ တာဝန်အရှိဆုံးသူက ကိုယ်တိုင်ပါ

မေမေဖေဖေက ကိုယ့်ကို လူသားတစ်ယောက်အဖြစ်မွေးဖွားပေးလိုက်ပြီးရင် အရွယ်ရောက်လာတာနဲ့အမျှနေ့ရက်တိုင်းမှာ ကျန်းမာနေစေဖို့ ကိုယ့်ကျန်းမာရေးကိုဂရုစိုက်ဖို့ တာဝန်အရှိဆုံးသူက ကိုယ်တိုင်ဖြစ်လာပါတယ်။ ဒီတစ်ခေါက်တော့ အသက်ရှည်ကျန်းမာပျော်ရွှင်စွာနေထိုင်လိုတဲ့ ဆန္ဒလေးကို အကောင်အထည်ဖော်နိုင်စေဖို့ လိုက်နာသင့်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုလေးတွေအကြောင်းဆွေးနွေးချင်ပါတယ်။ နေအိမ်မှာပဲပြုလုပ်နိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုလေးတွေကဘာတွေများလဲ....... နေ့ရက်တိုင်းမှာ ကျန်းမာပျော်ရွှင်နေစေဖို့ဆိုရင် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုတွေလုပ်သင့်သလို လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ပေးဖို့လည်း လိုပါမယ်။ အယ်လ်ကိုဟော - အယ်ကိုဟောကိုဖြစ်နိုင်ရင် မသောက်တာအကောင်းဆုံးဆိုပေမယ့် အယ်လ်ကိုဟောကိုအရမ်းသဘောကျတယ်ဆိုရင် တစ်ပတ်ကို ၂ ရက်လောက်တော့alcohol-free dayလေးထားလိုက်ပါ။ သွားနဲ့ခံတွင်းကို ဂရုစိုက်ပါ - သွားနဲ့ခံတွင်းကျန်းမာရေးက ခန္ဓါကိုယ်ကျန်းမာဖို့အတွက်တော်တော်လေးအရေးပါပါတယ်။နေပတိုင်းတစ်နေ့နှစ်ကြိမ်သွားတိုက်တာ၊ အချိုများတဲ့အစားအစာတွေရှောင်တာက သွားပိုးစားတာ၊ သွားဖုံးပြဿနာတွေကို ကာကွယ်ရာရောက်ပြီး သွားဆုံးရှုံးတာတွေမဖြစ်အောင်လည်း ကာကွယ်ရာရောက်ပါတယ်။ သွားနဲ့ခံတွင်းရောဂါကင်းတာကလည်း အသက်ရှည်စေတဲ့ အချက်တွေထဲကတစ်ခုပေါ့။ အစားအသောက် ဂရုပြုပါ - ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရပြည့်ဝတဲ့ စားသောက်မှုပုံစံက ကျန်းမာနေစေဖို့ အကောင်းဆုံးအထောက်အပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် တစ်ပတ်တာမှာ အနည်းဆုံး ၂ ရက်တော့ သစ်သီးတွေစားပေးပါ။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မိုးရာသီမှာ ကိုယ်ချစ်တဲ့မိသားစုဝင်တွေ ကျန်းမာစေဖို့

အပြင်က မိုးကလည်း တဖွဲဖွဲနဲ့ ရွာနေတော့တာပဲနော်။ မိုးရေအောက်မှာ ထီးဆောင်းရင်း သဘာဝအငွေ့အသက်တွေ ခံစားရတဲ့ကြိုက်တဲ့သူတွေရှိသလို အိမ်ရှင်မတွေအနေနဲ့လည်း ကိုယ့်အိမ်သားကျန်းမာရေးကို စိုးရိမ်ရ၊ အဝတ်တွေ မခြောက်လို့ စိတ်ညစ်ရတယ်နော်။ ခုလို မိုးရာသီမှာ တစ်မိသားစုလုံး ကျန်းမာဖို့ တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ ကျန်းမာရေးကို ပုံမှန်အချိန်ထက် ပိုပြီး ဂရုစိုက်ဖို့တော့ လိုတာပေါ့။ မိုးရာသီမှာ ကိုယ်ချစ်တဲ့မိသားစုဝင်တွေ ကျန်းမာစေဖို့ အိမ်ရှင်မတွေအနေနဲ့ ကိုယ့်ရဲ့ အိမ်ပတ်ဝန်းကျင်ကို သန့်ရှင်းသပ်ရပ်နေအောင်၊ မိသားစုဝင်တွေအနေနဲ့ ဖျားနာခြင်းကင်းဝေးပြီး ကျန်းကျန်းမာမာ နေနိုင်အောင် ခုပြောပြမယ့်နည်းလမ်းတွေကို သေချာလုပ်ကြည့်ဖို့ အကြံပေးလိုက်တယ်နော်။ ကဲ .... မိုးရာသီမှာ ကိုယ်ချစ်တဲ့မိသားစုဝင်တွေ ကျန်းမာစေဖို့ ဘာတွေလုပ်ရမလဲဆိုတော့ ၁။ အပြင်က ပြန်လာတာနဲ့ ရေစိုနေတဲ့ အဝတ်အစားတွေကို အကုန်ချွတ်လဲပါ။ ရေစိုအဝတ်ကို မလဲဘဲ ဒီအတိုင်းနေရင် အရေပြားက မှိုစွဲဖို့လည်း လွယ်သလို အအေးဒဏ်ကြောင့် နှာစေးအအေးမိတာတွေလည်း ဖြစ်နိုင်တယ်နော်။ ၂။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ရခဲတဲ့ လူ့ဘဝကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုနေထိုင်မလဲ

ရခဲတဲ့ လူ့ဘဝကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုနေထိုင်မလဲ လူရယ်လို့ ဖြစ်လာပြီဆိုရင်တော့ ကိုယ်လုပ်ကို လုပ်ရမယ့် တာဝန်ဝတ္တရားတွေဆိုတာ ရှိလာစမြဲပဲနော်။ ကလေးဘဝမှာ စာသင်ဖို့၊ ဆော့ကစားဖို့၊ လူကြီးဖြစ်လာတော့လည်း အလုပ်တာဝန်၊ မိသားစုတာဝန်ဆိုပြီး ကိုယ့်မှာလုပ်ရမယ့် တာဝန်တွေ ပုံလာတတ်ကြပါတယ်။ အဲ့တော့ ကိုယ်သိပ်ချစ်ရတဲ့ ကိုယ့်မိသားစုနဲ့ အချိန်အကြာကြီး သက်တမ်းစေ့ ကျန်းကျန်းမာမာနဲ့ နေသွားလိုတာ လူတိုင်းရဲ့ ဆန္ဒပါ။ ဒီဆန္ဒတွေ အကောင်အထည်ဖော်နိုင်ဖို့ အသက် ၂၀ နောက်ပိုင်း အရွယ်ရောက်ပြီးသူတွေ လိုက်နာသင့်တဲ့ လူမှုဘဝပုံစံကို ပြောပြပေးချင်ပါတယ်။ ရခဲတဲ့ လူ့ဘဝကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုနေထိုင်မလဲ ရခဲတဲ့ လူ့ဘဝကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုနေထိုင်မလဲ ဆိုတော့ အခုလို အကောင်းဆုံးနေထိုင်လို့ ရပါတယ်။ ၁။ ကိုယ်သဘောကျမယ့် အရာတွေကို များများလုပ်ပါ။ လူတွေပြောနေကျ စကားတစ်ခွန်းရှိပါတယ်။ လုပ်ချင်တာထက် လုပ်သင့်တာကိုပဲ ဦးစားပေး ဆိုတဲ့စကားလေးပေါ့။ အထိုက်အလျောက်တော့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခွံမခွာပစ်သင့်တဲ့ အသီး နဲ့ဟင်းချက်သီးနှံ(၆) မျိုး

သစ်သီးခွဲမယ်၊ပြင်ဆင်မယ်ဆို အခွံတွေအကုန်ခွာကြတာပဲ။ အခွံတွေဟာ အရသာလည်း သိပ်မရှိဘူး၊ အာဟာရလည်းမဖြစ်နိုင်ဘူး၊ အပိုသက်သက်ပဲလို့ လွှင့်ပစ်ကြတာများပါတယ်။ တကယ်တော့ တချို့အသီးတွေနဲ့ ဟင်းချက်သီးနှံတွေရဲ့အခွံတွေမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်း၊ အမျှင်ဓါတ်၊နဲ့ သတ္တုဓါတ်တွေက အတွင်းသားမှာထက် ပိုပါနေတတ်ပါတယ်။ အခွံမခွာထားတဲ့ အသီးတွေမှာ အမျှင်ဓါတ် ၃၃ ရာခိုင်နှုန်းအထိ ပိုများနိုင်ပါတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းပမာဏဆိုရင် အသားမှာထက် ၃၂၈ ဆအထိ ပိုများနိုင်တယ်လို့တောင် သုတေသီတွေက ဆိုကြပါတယ်။ ဒီလိုအာဟာရတွေကို ရနိုင်ဖို့ အခွံပါစားသင့်တဲ့ အသီးတွေအကြောင်း ဆက်ပြောပြမယ်နော် - (၁) ဘယ်ရီသီး၊ ချယ်ရီသီးနဲ့ စပျစ်သီး ဘယ်ရီသီး၊ချယ်ရီသီးနဲ့ စပျစ်သီးတွေကို မခွာတာကောင်းပါတယ်။တော်တော်များများက ဒီတိုင်းစားပေမယ့် အခွံခွာစားတတ်သူတွေရှိပါသေးတယ်။ အလုံးသေးလေးတွေကို ခွာရတာလက်ဝင်လို့ဆိုတာထက် သူတို့ရဲ့အခွံမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ အာဟာရဓါတ်တွေအများကြီးပါတာကြောင့်ပါ။ စပျစ်သီးအခွံမှာဆို တစ်လုံးစာအခွံဟာ အတွင်းသားထက် ဓါတ်တိုးဆန့်ကျင်ပစ္စည်းပမာဏအများဆုံးဖြစ်နေတာပါ။ (၂) ပန်းသစ်တော်သီး၊ မက်မွန်သီး ပန်းသစ်တော်သီးနဲ့ မက်မွန်သီးတို့မှာ အမျှင်ဓါတ်၊အာဟာရဓါတ်တွေနဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေအများကြီးပါတာဖြစ်ပါတယ်။ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း