အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဆောင်းအေးအေးမှာ နွေးထွေးကျန်းမာနေစေဖို့

မနက်ခင်းအိပ်ရာနိုးလာချိန်မှာ စကြားလိုက်ရတဲ့ ကျာကျာကျည်ကျည် ကျေးငှက်သံလေးတွေ၊ အိပ်ရာထလို့ ပြတင်းပေါက်ဖွင့်လိုက်တဲ့အချိန်မှာ မျက်နှာနားကနေဖြတ်တိုက်သွားတဲ့ လေနုအေးလေးတွေကြောင့် ဆောင်းရာသီရဲ့ အငွေ့အသက်ကို စတင်ခံစားနေရပြီဟုတ်။ မိုးကုန်လို့ ဆောင်းကိုစရောက်လာတဲ့ အငွေ့အသက်လေးကို ပီပီပြင်ပြင်မခံစားရသေးပေမယ့် မကြာခင်အေးလာတော့မယ်ဆိုတာကိုတော့ခံစားရနေပါပြီ။ ဒီတော့ ဆောင်းအေးအေးမှာ နွေးထွေးကျန်းမာစေဖို့ ဘာတွေလိုက်နာရမလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား........ ဆောင်းရာသီက ပျော်စရာကောင်းလား ဆောင်းရာသီက အေးမြမှုနဲ့အတူ သဘာဝပတ်ဝန်းကျင်ကလည်း ကဗျာဆန်လာပြီလေ။ စာဖွဲ့လို့ကောင်းတဲ့ရာသီပေါ့။ ဆောင်းရာသီမှာ မကောင်းတာတစ်ခုကတော့ အအေးဒဏ်ကြောင့် နှာစေးနှာပိတ်တာ၊ ဖျားနာတာနဲ့ အသားအရေခြောက်သွေ့တာတွေပါ။ ဒီတော့ ကဗျာဆန်တဲ့ဆောင်းရာသီမှာ သဘာဝပတ်ဝန်းကျင်ရဲ့ အလှတရားကို ကျန်းကျန်းမာမာနဲ့ ခံစားနိုင်စေဖို့ဆိုရင် အစာအာဟာရကို ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်တတ်ဖို့လိုပါမယ်။ ကဲ...ပျော်စရာကောင်းတဲ့ဆောင်းရာသီလေးဖန်တီးကြည့်ရအောင်လား...... ပျော်စရာကောင်းတဲ့ ဆောင်းရာသီလေးဖြစ်စေဖို့ လိုက်နာသင့်တဲ့ အချက်လေးတွေရှိပါတယ်။ ဒါတွေက ဘာတွေဖြစ်မလဲ တူတူဆက်ကြည့်လိုက်ရအောင်နော်။ အသားအရေခြောက်သွေ့မှုကင်းစေဖို့ ရေများများသောက်ပါ ကိုယ်ခံအားကောင်းစေဖို့ ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ အာဟာရမျှတအောင်စားပါ အရေပြားပေါ်ကဆဲလ်သေတွေကို ပုံမှန်ဖယ်ရှားပေးပါ ဆောင်းရာသီမှာ […]


အခြေခံကျန်းမာရေး

အောင်မြင်သူတွေရဲ့ သူမတူတဲ့အလေ့အထများ

လူတိုင်းမအောင်မြင်နိုင်ကြပါဘူးနော်။ အောင်မြင်သူတွေက လူနည်းစုလောက်ပဲရှိကြတာပါ။ အောင်မြင်သူတွေက ကံကောင်းလို့အောင်မြင်တယ်ဆိုတာထက် သူတို့မှာ သူမတူတဲ့ အလေ့အထလေးတွေပိုင်ဆိုင်ထားလို့လည်း အောင်မြင်ကြတာပါနော်။ အောင်မြင်သူတွေက လူတွေထဲက လူတွေပဲဆိုပေမယ့် သူမတူတဲ့ နေ့စဉ်အလေ့အထလေးတွေကို ပိုင်ဆိုင်ထားကြသူတွေပါ။ ဒါဆိုအောင်မြင်သူတွေမှာ ပိုင်ဆိုင်ထားတဲ့ အမူအကျင့်တွေက ဘာများလဲ။ သိချင်ရင် ဒီဆောင်းပါးလေးထဲမှာဖတ်ကြည့်လိုက်ပါနော်။ အောင်မြင်သူတွေရဲ့ သူမတူတဲ့ အလေ့အထတွေကတော့ အရေးကြီးတဲ့လုပ်စရာတွေကို ရေးမှတ်ထားတတ်ကြတယ် - အရေးတကြီးလုပ်ဆောင်ရမယ့် ကိစ္စတွေကို မေ့လျော့ပျက်ကွက်တာမျိုးမဖြစ်စေဖို့ လုပ်ဆောင်ရမယ့် အလုပ်တာဝန်တွေကို အရေးအကြီးဆုံးကနေစလို့ ရေးမှတ်ထားတတ်ကြပါတယ်။ မနက်စောစောအိပ်ရာထလေ့ရှိကြတယ် - အိပ်စက်တာကို လိုအပ်သလောက်ပဲရယူတတ်ကြပါတယ်။ အိပ်နေရင်းနဲ့ သူတို့ရဲ့ တန်ဖိုးတဲ့အချိန်တွေကို ကုန်ဆုံးမခံကြပါဘူး။ ပြည့်ဝတဲ့ အိပ်စက်ချိန် ထားရှိတတ်ကြပေမယ့် နေမြင့်တဲ့အထိတော့ မအိပ်တတ်ကြပါဘူး။ ကျန်းမာရေးနဲ့ညီညွတ်အောင်စားတယ် - အစားမတော်တလုတ်ကြောင့် ခန္ဓါကိုယ်ကို အထိခိုက်မခံသလို ဖျားနာမှုကြောင့် လုပ်ရမယ့် တာဝန်တွေပျက်ကွက်မှာကိုလည်း အဖြစ်မခံကြပါဘူး။ ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံးတတ်ကြသူတွေပေါ့။ ေကာင်းမွန်တဲ့ ဆက်ဆံရေးကိုတည်ဆောက်တတ်ကြတယ် - […]


အခြေခံကျန်းမာရေး

သွေးကျဲဆေးသောက်တော့မယ်ဆိုရင် ဒါတွေသိထားသင့်ပါတယ်။

ကြားဖူးကြတယ်မလား၊ သွေးပျစ်လို့ သွေးကျဲဆေးတွေသောက်နေရတယ်၊ သွေးခဲတာတွေ မဖြစ်အောင်လို့ သွေးကျဲဆေးတွေ ကြိုသောက်နေရတယ်ဆိုတဲ့အကြောင်းတွေကို။ သွေးခဲတယ်ဆိုတာကလည်း တကယ်ကို အန္တရယ်ရှိတဲ့ ကျန်းမာရေးပြဿနာတစ်ခုလေ။ သွေးခဲပြီး အဲဒီသွေးခဲလေးက သွေးကြောမှာ သွားပိတ်လိုက်တဲ့အခါ သွေးစီးဆင်းမှုရပ်သွားပြီး ကြွက်သားတွေ တစ်ရှူးတွေဆီ သွေးမရောက်တော့လို့ ပုတ်သွားတဲ့အဖြစ်အပျက်ကနေ အသက်ဆုံးရှုံးတဲ့အထိဖြစ်သွားတတ်တယ်မလား။ ဒီတော့ဒီလို အခြေအနေတွေကို ကြိုတင်ကာကွယ်ဖို့ သွေးကျဲဆေးတွေ ပေါ်လာရတော့တာပေါ့။ သွေးကျဲဆေးအမျိုးအစား ၂ မျိုးရှိပါတယ်။ antiplatelet medicine - သွေးခဲတဲ့နေရာမှာ အဓိက တာဝန်ရှိတဲ့ platelet သွေးဆဲလ်လေးတွေ ပူးပြီးသွေးခဲ မဖြစ်အောင် ကာကွယ်ပေးတာ anticoagulant medicine - သွေးခဲခြင်းဖြစ်စဉ်ကို တားပေးတဲ့ သွေးကျဲဆေးဆိုပြီး ၂ မျိုးရှိပါတယ်။ ဘယ်လိုလူတွေက ဘယ်လို သွေးကျဲဆေး အမျိုးအစားကိုရွေးချယ်သင့်သလဲ။ Antiplatelet medicine - coronary artery disease […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကျန်းမာပျော်ရွှင်တဲ့ဘဝနေထိုင်မှုပုံစံ ပိုင်ဆိုင်စေဖို့ လိုက်နာသင့်တဲ့အချက် (၃) ချက်

နေ့ရက်တိုင်းမှာ ကျန်းမာပျော်ရွှင်နေစေဖို့ဆိုရင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အလေ့အကျင့်ကောင်းတွေကို ကိုယ်တိုင်မွေးမြူဖို့လိုအပ်ပါတယ်။ ဒီတော့ ကျန်းမာပျော်ရွှင်တဲ့ ဘဝနေထိုင်မှုပုံစံကိုပျိုးထောင်ဖို့ မဖြစ်မနေမွေးမြူသင့်တဲ့ အလေ့အကျင့်ကောင်းလေးတွေရှိပါတယ်။ ဒီအလေ့အကျင့်ကောင်းလေးတွေက ဘာလဲဆိုတာသိချင်ရင် ဒီဆောင်းပါးလေးထဲမှာဖတ်ကြည့်လိုက်ပါ။ ကျန်းမာရေးကို အထောက်အကူပြုတဲ့အလေ့အထလေးတွေမွေးမြူသင့်တဲ့ အကြောင်းအရင်း ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံက လူတိုင်းအတွက်တော်တော်လေး အကျိုးရှိစေနိုင်ပါတယ်။ ဒီအလေ့အထက အရွယ်တိုင်းအတွက် အသုံးဝင်တာပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အလေ့အထလေးတွေကိုမွေးမြူတာက စိတ်ရောကိုယ်ပါကျန်းမာစေပြီး နာတာရှည်ရောဂါတွေကနေပါ ကင်းဝေးစေမှာပါ။ ဒီလောက်ဆိုမှတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အလေ့အထကိုမွေးမြူသင့်လား၊ မမွေးမြူသင့်ဘူးလားဆိုတာကို Hello ဆရာဝန်ပရိသတ်ကြီးကိုယ်တိုင် ဆုံးဖြတ်လိုက်ပါ။ (၁) ကိုယ်လက်လှုပ်ရှားမှုနေ့စဉ်လုပ်ပါ လေ့ကျင့်ခန်းပုံမှန်လုပ်တာက ခန္ဓါကိုယ်ကို ရုပ်ပိုင်းဆိုင်ရာအရ ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ ကြွက်သားတွေကို သန်မာစေသလို ကိုယ်ခံအားကောင်းစေနိုင်ပြီး နာတာရှည်ရောဂါတွေကကနေ အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့်နေ့စဉ် နာရီဝက်လောက် ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးပါ။လေ့ကျင့်ခန်းလုပ်တယ်ဆိုတဲ့နေရာမှာလည်းပြင်းပြင်းထန်ထန်လုပ်တာမျိုးမဟုတ်ဘဲ လမ်းလျှောက်တာလောက်၊ ခပ်ရွရွလေးပြေးတာလောက်၊ စက်ဘီးစီးတာလောက်၊ ယောဂကစားတာလောက်ဆိုရင်ကို အဆင်ပြေပါတယ်။ ဒီလိုမျိုးလေ့ကျင့်ခန်းလုပ်ဆောင်ပေးတာကြောင့် စိတ်လက်ပြေလျော့မယ် ခွန်အားြပည့်ဝစေမယ် ကျန်းမာတဲ့ကိုယ်အလေးချိန်ကိုရရှိစေမယ် အရိုးနဲ့ကြွက်သားတွေကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကိုယ့်ကလေးက ကားမူးတတ်လို့ ခရီးသွားရမှာ စိတ်ညစ်နေပြီလား။

တစ်ချို့မိသားစုတွေရှိပါတယ်။ ဖေဖေ မေမေတို့က ကားမမူးတတ်ဘူး။ သားသားမီးမီးလေးတွေကျမှ ကားမူးတတ်နေတော့ ခရီးသွားဖို့ အဆင်မပြေ။ မသွားမဖြစ်လို့ ခေါ်သွားပြန်ရင်လည်း ကားပေါ်မှာ ကလေးတွေကမူးပြီးအန်၊ တစ်ချိန်လုံး ဂျီကျပြီး ငိုနဲ့ ကားပေါ်ပါလာတဲ့ သူတွေဝိုင်းနှာခေါင်းရှုံ့တာခံရမယ်အပြင် ခရီးစဉ် တစ်လျှောက်လုံး တစ်ချက်မှ နားရမှာကို မဟုတ်ဘူးနော်။ အရင်ဆုံးကားဘာ့ကြောင့် မူးရတာလဲဆိုတတာ သိဖို့ လိုအပ်ပါတယ်။ ကားမူ းတယ်ဆိုတာ ကိုယ်ခန္ဓါက လှုပ်ရှားမှုကို ဦးနှောက်ဆီ ပေးတဲ့အခါ မျက်လုံးကပေးပို့တဲ့အချက်ပြစနစ် နားအတွင်းကပေးပို့တဲ့အချက်ပြစနစ် တို့ မညီမျှလို့ဖြစ်ရတာဖြစ်ပါတယ်။ ဒီတော့ ဒီ စနစ်ကိုပြန်ထိန်းနိုင်မှာ ကားမူးတာ သက်သာမှာဖြစ်ပါတယ်။ ကဲဒီတော့ ကားမူးတတ်တဲ့ သားသားမီးမီးလေးတို့နဲ့ ခရီးသွားရတော့မယ်ဆို ဘာတွေပြင်ဆင်သွားဖို့ လိုအပ်မလဲ။   ကလေးအိပ်ရေးဝစေဖို့ ညတည်းက ကလေးကို စောစောအိပ်ခိုင်းပါ။ ခရီးသွားရတော့မယ်ဆို ကလေးတွေက ပိုပြီးစိတ်လှုပ်ရှားတတ်ကြတယ်မလား။ ကလေးဝတ်ဖို့ အဝတ်အစားရွေးချယ်တဲ့အခါမှာလည်း သက်သာချောင်ချိတဲ့ အဝတ်အစားတွေကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Botox ထိုးတာ အသားအရေတစ်ခုတည်းအတွက်ပဲ ကောင်းကျိုးရှိတာ မဟုတ်ဘူးနော် ။ ။

သက်လတ်ပိုင်း သက်ကြီးပိုင်း မမ တီတီတို့ကြားထဲမှာ ခေတ်စားနေတဲ့ Botox ထိုးတယ်ဆိုတာ လျော့ရဲနေတဲ့အသားအရေ၊ ထင်းနေတဲ့ အရေးအကြောင်းတွေကို ပြန်ပြီးတင်းရင်းအောင်လုပ်ပေးတဲ့ procedure တစ်ခုပါ။ ခုမှသာ ခေတ်စားလာပေမယ့် တကယ်တော့ ရှေးခတ်တည်းက botoxဆိုတာ ရှိခဲ့ပါတယ်။ Botox ဆိုတာ Clostridium Botulinum လို့ခေါ်တဲ့ ဘက်တီးရီးယားက ထုတ်ထားတာဖြစ်ပြီး ကြွက်သားနာကျင်တင်းရင်းခြင်းကို ကုသတဲ့နေရာမှာ အရင်တုန်းက သုံးခဲ့ကြပါတယ်။ ခုနောက်ပိုင်းမှ အသစ်အသစ်သော ရှာဖွေတွေ့ရှိမှုတွေနဲ့အတူ Botox ကို အရေးအကြောင်းပျောက်ဖို့ အသားအရေလှဖို့တင်းရင်းဖို့အတွက် သုံးလာကြတာဖြစ်ပါတယ်။ ဒီတော့ ရှေးခေတ်တည်းက သုံးခဲ့တဲ့botox မှာ ဘယ်လို အကျိုးကျေးဇူးတွေမှာ ရှိသေးလဲ။ Botox ကို သုံးခြင်းကြောင့် ရလာနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့ ( ၁ ) အရေးအကြောင်း တွေကို သက်သာစေပါတယ်၊ ဒါကတော့ လူတိုင်း သိပြီးသားပါ။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

လေကြောင်းခရီးသွားတော့မယ်ဆိုရင် ဘာတွေပြင်ဆင်ထားသင့်လဲ

မနက်ဖြန် သဘက်ခါလောက်ဆိုရင်ပဲ ကိုယ်က လေကြောင်းနဲ့ ပြည်တွင်း ဒါမှမဟုတ် ပြည်ပကို နာရီပေါင်းများစွာ စီးနင်းလိုက်ပါရတော့မယ်၊ ဒါကလည်း ကိုယ့်ရဲ့ ပထမဆုံးအကြိမ် လေကြောင်းခရီးစဉ်ဖြစ်မယ်ဆိုရင် အနည်းနဲ့ အများတော့ စိတ်လှုပ်ရှားနေမိမှာပါ။ အထူးသဖြင့် ကားမူးတတ်တဲ့ရောဂါရှိတဲ့သူတွေဆိုရင် ပိုဆိုးမှာပေါ့။ ဒီလိုမဖြစ်ရလေအောင် ကျန်းမာရေးရှုထောင့်ကနေ ဦးစားပေးပြီး ပြင်ဆင်ထားသင့်တဲ့ အရာတွေကို ဒီဆောင်းပါးမှာ ပြောပြပေးချင်ပါတယ်ခင်ဗျ။ ၁။ ကိုယ်သွားရမယ့် နိုင်ငံအကြောင်း လေ့လာပါ။ ကိုယ်က ပူနွေးစိုစွတ်တဲ့ နိုင်ငံကို သွားမှာလား၊ ဒါဆိုရင်တော့ အကျီၤချည်သား အပါးလေးတွေ၊ စွပ်ကျယ်၊ ချိုင်းပြတ်အကျီ၊ ဘောင်းဘီတိုတွေကို များများထည့်သွားသင့်ပါတယ်။ ဦးထုပ်ကတော့ ထည့်သွားလို့လည်း အဆင်ပြေပါတယ်။ အေးပြီး ခြောက်သွေ့တဲ့ နိုင်ငံဆိုရင်တော့ အနွေးထည်၊ မာဖလာ၊ ကုတ်၊ ဂျာကင်စတာတွေကို အဓိကထည့်သွားပါ။ ၂။ အချိန်ကို သေချာရွေးပါ။ ကိုယ်က အပျော်ခရီးသွားမှာဆိုရင်တော့ သွားမယ့်အချိန်ကို နွေ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

လုပ်နေမိတတ်တဲ့ အလွဲလေးတွေ ။ ။

လူတိုင်းလူတိုင်း ကိုယ်လုပ်နေကျ အလေအကျင့်လေးတွေရှိပါတယ်။ ကောင်းတာရော ဆိုးတာရောရှိပေမယ့် ကောင်းအောင်လို့ ကိုယ်လုပ်နေတဲ့ အလေ့အကျင့်တစ်ချို့ အလေ့အကျင့်တွေ လမ်းလွဲသွားတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒီတော့ တစ်နေ့တာမှာ ဘယ်လိုအလွဲတွေကို မသိလိုက်ဘဲ လုပ်နေမိတတ်လဲ ။ ။ ( ၁ ) ကော်ဖီသောက်ပြီးပြီးချင်း သွားတိုက်တာ။ ဒါပေမယ့် ကော်ဖီ သောက်ရင်လည်း သွားအရောင်စွန်းဦးမယ် ၊အချိုစားများရင်လည်း သွားကြွေလွှာတွေ ပျက်စီးဦးမယ်ဆိုတော့ မစားဘဲနဲ့လည်း မနေနိုင် သွားလေးတွေလည်း လှချင်တယ်ဆိုတော့ စားပြီးတာနဲ့ တစ်ချို့သွားတန်းတိုက်တဲ့သူတွေရှိပါတယ်။ အဲဒီမှာ စလွဲတာပါပဲ။ ကော်ဖီတို့ အချိုမုန့်တွေမှာပါတဲ့ အက်ဆစ်ဓါတ်ကြောင့် အားနည်းနေတဲ့ ကြွေလွှာကို ပွတ်တိုက်မိတဲ့အခါ ကြွေလွှာပိုပျက်စီးသွားတာဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရေနဲ့ပဲအရင်ပလုတ်ကျင်းထားပြီး နောက်တစ်နာရီလောက်နေမှ သွားတိုက်လို့ရပါတယ်။ ( ၂ ) ဝိုင်သောက်ချိန် ရေမသောက်တာ ဝိုင်နီ ရော ဝိုင်ဖြူရောနှစ်ခုလုံးက သွားကိုစွန်းထင်းစေတဲ့ အရာတွေဖြစ်ပြီး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အချိန်မရွေးအသုံးဝင်မယ့် ကိုယ့်ကိုယ်ကို နှိပ်နယ်နည်း (၇) နည်း

အကြောအခြင်တွေပြေဖို့ဆိုပြီး Spaတွေ၊ အကြောပြေစင်တာတွေသွားကြတယ်မဟုတ်လား။ အဲဒီမှာ တစ်နာရီလောက် အနားယူဖြေလျှော့လိုက်တာက နေ့စဉ်ဘဝမှာကြုံတွေ့နေရတဲ့ ဖိစီးမှုတွေကိုလည်းလျော့ပါးစေနိုင်တာလည်းပါတာပေါ့လေ။ ဒါပေမယ့် အမြဲသွားလို့တော့ အဆင်မပြေနိုင်ဘူးလေ။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကို နှိပ်နယ်လို့ရတဲ့ အလွယ်နည်းလေးတွေသိထားရင် အချိန်မရွေးသက်သောင့်သက်သာဖြစ်စေနိုင်တာပေါ့။ နှိပ်နယ်နည်းတွေ အများကြီးရှိတဲ့အထဲကမှ အလွယ်ကူဆုံးလေးတွေကို ရွေးပေးထားတာနော်။ ဒီလိုအကျိုးကျေးဇူးရှိမှန်းမသိဘဲ ကိုယ်လုပ်နေကျအမူအကျင့်လေးတွေတောင်ဖြစ်နေနိုင်ပါသေးတယ်။ အချိန်မရွေးအသုံးဝင်မယ့် ကိုယ့်ကိုယ်ကို နှိပ်နယ်နည်း (၇) နည်း (၁) မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် လက်သီးဆုပ်နဲ့ ဖွဖွနှိပ်ပါ လက်သီးဆုပ်ကို သုံးပြီး ခန္ဓာကိုယ်နောက်ခြမ်းတစ်ခုလုံးကို လက်မောင်းကစပြီး အထက်ကနေအောက်ကို ခပ်ဖွဖွထုပါ။ ခပ်ဆတ်ဆတ်လေးပါပဲ၊ အားသိပ်မသုံးနဲ့နော်။ ဒီလိုလုပ်ခြင်းအားဖြင့် ကြွက်သားနဲ့အရိုးကို သန်မာစေပြီးသွေးလည်ပတ်မှုကောင်းစေတယ်၊ အာရုံကြောအစွန်တွေကို ပြေလျော့စေတယ်။ ဒါပေမယ့် ကိုယ်က သွေးကျဲဆေးသောက်နေရတဲ့သူတွေဆိုရင်တော့ အားနဲ့ ထုတာမျိုး မလုပ်သင့်ပါဘူး။ (၂) အစာစားပြီး ဗိုက်ကိုပွတ်ပါ ဒါကတော့ ကလေးလေးတည်းကတောင် လူတိုင်းလိုလို လုပ်မိတတ်ကြတဲ့ အကျင့်လေးတစ်ခုပါ။ စားချင်ရာစားပြီးလို့ ဗိုက်ကားနေပြီဆို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အကောင်းနဲ့ အဆိုး ဒွန်တွဲနေတဲ့ အပြာရုပ်ရှင်ကြည့်ခြင်း

လူကြီးတော်တော်များများကတော့ ဒီလိုအပြုအမူကို ဘာသာရေးအရ၊ လူမျိုးရေးအရ ရှက်စရာကောင်းတယ်၊ မလုပ်သင့်ဘူးလို့ မြင်တတ်ကြပေမယ့် ကျန်းမာရေးအရတော့ ဒါသည် လူတိုင်းလုပ်နေကျ ပုံမှန်အပြုအမူတစ်ခုပါပဲ။ ဒါပေမယ့်လည်း တန်ဆေး၊ လွန်ဘေးဆိုသလို နေ့စဉ်ရက်ဆက် ဘာမှမလုပ်ဘဲ အပြာရုပ်ရှင် မကြည့်ရမနေနိုင်တာ၊ လွန်လွန်ကျူးကျူး အာသာဖြေတတ်တယ်ဆိုရင်တော့ ဘယ်ကောင်းပါ့မလဲ။ ခုဆောင်းပါးမှာ အကောင်းအဆိုး၊ အကြောင်းအကျိုး ဒွန်တွဲနေတဲ့ အပြာရုပ်ရှင်ကြည့်ခြင်းနဲ့ လိင်ကျန်းမာရေးအကြောင်းကို ပြောပြပေးချင်ပါတယ်။ အပြာရုပ်ရှင်တွေကို ဘယ်အရွယ်တွေမှာ အများဆုံးကြည့်ကြလဲ။ အသက်အရွယ်မရွေး၊ ကျား၊ မ မရွေး အပြာရုပ်ရှင်ကြည့်ကြပါတယ်။ အထူးသဖြင့် လူပျို၊ အပျိုဖြစ်ကာစအရွယ်၊ လိင်မှုကိစ္စဆိုတာကို အသစ်အဆန်းကိစ္စတစ်ခုလို စမ်းသပ်လေ့လာချင်ကြတဲ့ လူငယ်သဘာဝတွေကတော့ ပိုပြီးကြည့်တာ များပါတယ်။ ချစ်သူရည်းစားရှိသူတွေ၊ အိမ်ထောင်ရှိသူတွေအနေနဲ့လည်း အပြာရုပ်ရှင်ကြည့်ခြင်းဖြင့် ကျနေတဲ့ ကိုယ့်ရဲ့ လိင်စိတ်ကို မြှင့်တင်ပေးနိုင်သလို ကိုယ်ချစ်ရတဲ့သူနဲ့လည်း ပိုမိုကောင်းမွန်တဲ့ အိမ်ထောင်သုခကို ဖြည့်ဆည်းပေးဖို့ရာမှာ အထောက်အကူဖြစ်စေနိုင်ပါတယ်။ အပြာရုပ်ရှင်စွဲလမ်းစိတ်ဆိုတာ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း