အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

စမတ်ကျကျ အရက်သောက်ကြမယ်။

သင်ဟာ ပထမဆုံး အရက်သောက်ဖူးတဲ့သူဆိုပါတော့။ ဘားတစ်ခုကိုသွားတယ်။ သူငယ်ချင်းတွေက သင့်အတွက် တစ်ခွက်ငှဲ့ပေးတယ်။ ပေးတဲ့အတိုင်းသောက်ချလိုက်တယ်။ လည်ချောင်းထဲတော့ ခါးခါးပူပူကြီးဆင်းသွားတယ်။ အရသာမကောင်းတဲ့အတွက် နောက်တစ်ခေါက် သောက်ဖို့ တွန့်သွားတယ်။ ခဏနေကျတော့ တစ်ကိုယ်လုံး ပူရှိန်းရှိန်းနဲ့နေလို့ကောင်းလာတယ်။ နောက်တစ်ခွက်ထပ်သောက်ပြီးတဲ့ချိန်မှာ စကားတွေပိုပြောလို့ကောင်းလာတယ်။ ပျော်လာတယ်။ ဒီလိုနဲ့ နောက်တစ်ခွက်၊ နောက်တစ်ခွက်ဆိုပြီး ဒယိမ်းဒယိုင်ဖြစ်လာတယ်၊ စကားတွေကလည်း မပီတော့ဘူး၊ အိမ်ဘယ်လိုရောက်သွားလည်း မမှတ်မိဘူးတွေဖြစ်လာတယ်။ ဒါဟာ ပထမဆုံး အရက်သောက်တဲ့သူတွေတင်မဟုတ်ဘဲ အရက်သောက်တဲ့သူတိုင်း ကိုယ်သောက်နေကျ ပမာဏအရ တစ်ဆင့်ပြီး တစ်ဆင့် အမူအရာပြောင်းလဲမှုတွေပါ။ လူတိုင်းကို ဒီလိုဖြစ်မယ်ဆိုပြီး ပုံသေသတ်မှတ်လို့တော့မရပါဘူး။ အရက်သောက်ရတာကြိုက်တဲ့သူတွေရော အရက်ခုမှစသောက်မယ့်သူတွေရော ကိုယ့်ခန္ဓာကိုယ်ဟာ အရက်ကို ဘယ်လိုတုန့်ပြန်လဲဆိုတာကို စိတ်ဝင်စားရင် ဆောင်းပါးလေးကို ဆက်ဖတ်ကြည့်ကြပါဦး။ အရက်မူးရင် ခန္ဓာကိုယ်မှာ ဘာတွေဖြစ်တာလဲ။ အရက်၊ ဘီယာ၊ ဝိုင်၊ ဆေးလိပ် စသဖြင့် အမျိုးမျိုးသော လူကို […]


အခြေခံကျန်းမာရေး

ကိုယ့်ကိုမှ ခြင်ပိုကိုက်ရတဲ့ အကြောင်းရင်း (၇) ခု

ကိုယ့်အနားမှာ ခြင်တွေတဝီဝီဖြစ်နေသလား။ ဒါအထူးအဆန်းမဟုတ်ပါဘူး။ ဒါပေမယ့် သူများနဲ့ယှဉ်ထိုင်နေရင်း ကိုယ့်တစ်ယောက်ထဲကိုပဲ ခြင်တွေက ရွေးကိုက်ကြတယ်ဆိုရင်တော့ အကြောင်းရင်းမရှိဘဲမနေပါဘူး။ ခြင်ဆိုတာ ရောဂါပိုးသယ်ဆောင်လာတတ်တဲ့သွေးစုပ်အင်းဆက်တစ်မျိုးမို့ ခြင်များများကိုက်ခံရတာ မကောင်းပါဘူး။ သူတို့ကြောင့် ဇီကာဗိုင်းရပ်စ်၊ yellow fever၊ သွေးလွန်တုပ်ကွေး၊ ငှက်ဖျားစတဲ့ ရောဂါတွေအပြင် ခုနောက်ပိုင်းခေတ်စားလာတဲ့ ဆင်တုပ်ကွေးရန်လည်း ကြောက်ရပါသေးတယ်။ ကိုယ့်ကိုမှ ဘာကြောင့် ခြင်ပိုကိုက်တာလဲ အတူတူထိုင်နေကြတဲ့အထဲ ကိုယ့်တစ်ယောက်တည်းကိုမှ ဝိုင်းဝိုင်းလည်နေတာ စိတ်တိုစရာပါပဲ။ ရေမချိုးထားလို့နေမှာပေါ့ ဆိုတဲ့ သူငယ်ချင်းတွေရဲ့စနောက်မှုတွေကလည်း တမှောင့်။ ဒီဆောင်းပါးဖတ်ပြီးရင်တော့ ငါရေချိုးထားလည်း ဒီအကြောင်းတွေကြောင့် ခြင်ပိုကိုက်တာပါလို့ ရဲရဲသာရှင်းပြလိုက်ပါတော့။ ၁) ချွေးထွက်ခြင်း ဒီသတ္တဝါအသေးစားလေးတွေက သင့်ရဲ့ချွေးထဲမှာရှိတဲ့ လက်တစ်အက်စစ်၊ အမွန်းနီးယားနဲ့ ယူရစ်အက်စစ်တို့ကို အရမ်းကြိုက်ပါတယ်။ဒါ့ကြောင့် ကိုယ်က လေ့ကျင့်ခန်းလုပ်ထားတယ်ဆိုရင် ကြွက်သားတွေကြားမှာ လက်တစ်အက်စစ်က ဖြစ်ပေါ်လာနိုင်ပါတယ်။ ခြင်တွေက ကာဗွန်ဒိုင်အောက်ဆိုက်ကိုလည်း ကြိုက်တာကြောင့် အသက်ပြင်းပြင်းရှူထုတ်သူတွေနားကိုဝိုင်းနေ တတ်ပါတယ်။ဒါ့ကြောင့်ပဲ လူကောင်ကြီးတဲ့သူတွေကို ခြင်တွေပိုကိုက်ပါတယ်(CO2 ထုတ်လုပ်မှုများလို့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

လက်တွေကပြောပြနေတဲ့ သင့်ကျန်းမာရေး

လက်တွေကပြောပြနေတဲ့ သင့်ကျန်းမာရေး ရောဂါတစ်ခုခုခံစားနေရလားဆိုတာကို ဆေးစစ်ကြည့်တာ၊ ခံစားနေရတဲ့ လက္ခဏာတွေကို ဆန်းစစ်ကြည့်တာကနေ သိနိုင်တယ်ဆိုတာက အထွေအထူးပြောပြနေစရာမလိုပါဘူး။ ဒီတစ်ခေါက်တော့ သင့်လက်ကလေးတွေကိုကြည့်ပြီး ရောဂါမှန်းပြမယ်ဆိုရင် ဘယ်လိုလဲ။ ကိုယ့်မှာ ဘယ်လိုရောဂါတွေဖြစ်နေလဲဆိုတာကို တူတူစစ်ဆေးကြည့်မလား Hello ဆရာဝန်ပရိသတ်ကြီးရေ....... လက်ကိုကြည့်ပြီး ရောဂါခန့်မှန်းရအောင်လား............ လက်ချောင်းလေးတွေရဲ့ အလျား၊ လက်ရဲ့ဆုပ်ကိုင်နိုင်အား၊ လက်ဗွေကနေစလို့ လက်သည်းလေးတွေအထိ အားလုံးက ခန္ဓာကိုယ်ထဲမှာ ခံစားရနိုင်ခြေရှိနေတဲ့ ရောဂါတွေကို ဖော်ပြပေးနေပါတယ်။ လက်ချောင်းအနိမ့်အမြင့်လေးတွေက ဖော်ပြနေတဲ့ကျန်းမာရေး လက်ချောင်းလေးတွေရဲ့အလျားက သင့်မှာ အဆစ်ရောင်နာရောဂါခံစားရနိုင်ခြေရှိနေလားဆိုတာကိုဖော်ပြပေးနေပါတယ်။ လေဒီတွေအနေနဲ့လက်ချောင်းလေးတွေကိုကြည့်လိုက်လို့ လက်သူကြွယ်က လက်ညှိုးထက်ပိုရှည်နေမယ်ဆိုရင် သင့်မှာ အဆစ်ရောင်နာဖြစ်နိုင်ခြေက ပုံမှန်ထက် ၂ ဆလောက်ပိုများနေပါပြီ။ ဒါကဘာကို ထပ်ပြီးဖော်ပြပေးနေသလဲဆိုတော့ ကိုယ်တွင်းမှာ အက်စထရိုဂျင်ဟော်မုန်းနည်းနေတယ်ဆိုတာကိုပါ။ လက်သူကြွယ်နဲ့ လက်ချောင်းက တစ်တန်းတည်းဖြစ်နေမယ်ဆိုရင်တော့ ကျန်းမာကြံ့ခိုင်သူတစ်ဦးဖြစ်ပြီး  သက်လုံလည်းကောင်းပါတယ်။ အမျိုးသားတွေမှာတော့ လ်ကသူကြွယ်က လက်ညှိုးထက် ပိုမြင့်နေမယ်ဆိုရင် မျိုးအောင်နိုင်စွမ်းမြင့်ပြီး အိမ်ထောင်မှုသုခပြည့်စုံနိုင်ကြသူတွေပေါ့။ ဒါပေမယ့် မကောင်းတာတစ်ခုက ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ခန္ဓာကိုယ်ထဲမှာ အရက်ချက်လို့ရလား။

ကဲ ခေါင်းစဉ်မြင်ပြီး စိတ်ဝင်စားသွားကြပြီမလား။ ဒါသာ အမှန်ဆိုရင် အရက်ဆိုတာကြီးကို အပြင်ကနေ ပိုက်ဆံကုန်ခံပြီး ဝယ်သောက်စရာမလိုတော့ဘူးလေ၊ ကိုယ့် ခန္ဓာကိုယ်ထဲကနေ အလိုလိုထွက်နေတာ၊ ဘယ်လောက်ကောင်းလိုက်မလဲပေါ့။ တကယ်တော့ ဒီလိုမျိုး အခြေအနေဟာ တကယ်ဖြစ်နိုင်ပါတယ်၊ ရောဂါတစ်ခုအနေနဲ့ပေါ့။ ခန္ဓာကိုယ်တွင်း အလိုအလျောက် အရက်ချက်ရောဂါ အင်္ဂလိပ်လို Auto Brewery Syndrome လို့ခေါ်ပါတယ်။ Auto ရဲ့ အဓိပ္ပါယ်ကတော့ အလိုအလျောက်ပါ။ Brewery ကတော့ အရက်ချက်တယ်၊ ဘီယာချက်တယ်စသဖြင့် အဓိပ္ပါယ်ရပါတယ်။ ရောဂါစတင်ရှာဖွေတွေ့ရှိချိန်ကနေ စပြီးတော့ ဒီရောဂါရှိတဲ့သူ အနည်းငယ်သာရှိခဲ့ပြီး အရမ်းရှားပါးတဲ့ရောဂါဖြစ်ပေမဲ့ အမှန်တကယ်ရှိတဲ့ရောဂါဖြစ်ကြောင့်တော့ အတည်ပြုပြီးကြပါပြီ။ မိန်းမတစ်ယောက် မူးပြီးကားမောင်းလို့ ကားတိုက်မှုဖြစ်တယ်၊ ဒါပေမဲ့ သွေးထဲမှာရှိတဲ့ အယ်ကိုဟောပမာဏကို စစ်ဆေးလိုက်တဲ့ချိန်မှာ တကယ်အရက်သောက်ထားတာ မဟုတ်ဘဲ ဒီရောဂါကြောင့်ဖြစ်တယ်ဆိုပြီး အနောက်တိုင်း သတင်းတွေမှာလည်း ဟိုးလေးတကျော်ဖြစ်ခဲ့ပါသေးတယ်။ ဒီရောဂါဘယ်လိုဖြစ်တာလဲ။ ခန္ဓာကိုယ်ထဲမှာ ဘယ်လိုအရက်ချက်တွေချက်နေတာလဲဆိုရင် ပုံမှန် အရက်တွေ၊ ဘီယာတွေချက်သလိုပဲလို့ […]


အခြေခံကျန်းမာရေး

သိုင်းရွိုက်ဟော်မုန်း များသူတွေ ရှောင်ကိုရှောင်ရမယ့် အစားအစာများ ။ ။

သိုင်းရွိုက်ဆိုတာ ကိုယ်တွင်းက ဟော်မုန်းအားလုံးရဲ့ အချုပ်လို့ တင်စားကြတာ အားလုံးသိကြမှာပါ။ ဒီ သိုင်းရွိုက်ဟော်မုန်း တွေ ပုံမှန်ဖြစ်နေမှ ကိုယ်တွင်းက အခြားဟော်မုန်းတွေလည်း ပုံမှန်ဖြစ်မှာကြောင့် သိုင်းရွိုက်ဟော်မုန်းတွေ များတာ၊ နည်းတာ မဖြစ်တာအကောင်းဆုံးပါ။ ဒါပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် ဟော်မုန်းတွေ များသွားတာမျိုး ဖြစ်ခဲ့ရင် နောက်ပိုင်း နှလုံး၊ အရိုးနဲ့ စိတ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲ ပြဿနာတွေ ဆက်ဖြစ်လာနိုင်တာကြောင့် ဆေးသေချာကုသဖို့ လိုအပ်တဲ့အပြင် စားသောက်မှုပုံစံကိုပါ ဆင်ခြင်ဖို့ လိုအပ်ပါတယ်။ ဒီဆောင်းပါးထဲမှာတော့ သိုင်းရွိုက်ဟော်မုန်းများနေတဲ့သူတွေ ရှောင်ကိုရှောင်စားသင့်တဲ့ အစားအစာတွေ အကြောင်းပြောပြပေးမှာပါ။ ရှောင်ရမယ့် အစားအစာတွ အကြောင်းအရင်မပြောခင် အရင်ဆုံး သိုင်းရွိုက်ဟော်မုန်းများတဲ့ လက္ခဏာတွေ အကြောင်း အရင်ပြောပြချင်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းများခြင်းရဲ့ လက္ခဏာတွေ • လူက စိတ်မြန်လက်မြန်ဖြစ်နေပြီး စိတ်ဆိုးလွယ်နေမယ် • နှလုံးခုန်သံတွေလည်း မြန်နေမယ် • အပူဒဏ်ကို လုံးဝ ခံနိုင်ရည်မရှိဘဲ ချွေးထွက်လွယ်နေလိမ့်မယ် • ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်လည်း […]


အခြေခံကျန်းမာရေး

ချွေးနံ့ပျောက်ဆေး၊ ချွေးတိတ်ဆေးများနှင့် သင့်ကျန်းမာရေး

သင့်အနေနဲ့ နေ့စဉ်လှုပ်ရှားသွားလာရာမှာ ချွေးထွက်လာပြီး ချွေးနံ့နံလာပြီဆိုရင် သင့်အတွက်ရော သင့်ပတ်ဝန်းကျင်ကိုပါ ကသိကအောင့် ဖြစ်ရစေပါတယ်။ အဲဒီပြဿနာကိုဖြေရှင်းဖို့ လူအများဟာ ချွေးနံ့ပျောက်ဆေး (deodorant) နဲ့ ချွေးတိတ်ဆေး (antiperspirant) ကို သုံးစွဲလေ့ရှိကြပါတယ်။ သူတို့ရဲ့ အလုပ်လုပ်ပုံကတော့ အနည်းငယ်ကွာခြားပါတယ်။ ချွေးနံ့ပျောက်ဆေးဟာ ချွေးထွက်ခြင်းကြောင့် ဖြစ်ပေါ်တဲ့ ချွေးနံ့ကို သက်သာစေပါတယ်။ တချို့ပစ္စည်းများဟာ အယ်လ်ကိုဟောကိုအခြေခံပြီး အရေပြားပေါ်မှာ အက်ဆစ်ဓာတ်ကို ပိုမိုမြင့်တက်စေပါတယ်။ ဘက်တီးရီးယားပေါက်ပွားမှုကို လျော့နည်းစေပါတယ်။ ချွေးတိတ်ဆေးတွေကတော့ အလူမီနီယံဓာတ်ပစ္စည်းကို အခြေခံပြီး ချွေးပေါက်ကလေးတွေကို ယာယီကျဉ်းမြောင်းစေခြင်းအားဖြင့် ချွေးထွက်ခြင်းကိုပါ လျော့နည်းစေပါတယ်။ ဒီဆောင်းပါးမှာဖော်ပြမယ့် အကြောင်းအရာကတော့ ချွေးနံ့ပျောက်ဆေး၊ ချွေးတိတ်ဆေးများရဲ့ အကျိုးကျေးဇူးများနဲ့ သတိပြုထားသင့်တဲ့ အကြောင်းအရများ ဖြစ်ပါတယ်။ အကျိုးကျေးဇူးများ ၁။ ချွေးဂလင်းများကို တားဆီးပြီး ချွေးထွက်များခြင်းမှ ကာကွယ်ပေးပါတယ်။ ချွေးတိတ်ဆေးတွေမှာပါတဲ့ အလူမီနီယံဆားဟာ ချွေးဂလင်းတွေအပေါ် သက်ရောက်မှုရှိပါတယ်။ ချွေးပေါက်များကိုလည်း ယာယီကျဉ်းမြောင်းသွားစေပါတယ်။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

တကယ်ကောင်းကျိုးများတဲ့ ချင်း(ဂျင်း)ထည့်ခြင်း

ချင်း(ဂျင်း)ထည့်ခြင်း ဆိုတာ ဗန်းစကားမှာတော့ မဟုတ်မမှန်တာကို လိမ်ညာအသုံးချတာမျိုး အဓိပ္ပာယ်သုံးကြပေမယ့် ဒီချင်းကတော့ အစားအသောက်ထဲ ထည့်တဲ့ချင်း ပါနော်။ ချင်းကို ဟင်းခတ်အမွှေးအကြိုင်အနေနဲ့အသုံးများကြပြီး အိန္ဒိယမှာ စတင်သုံးစွဲခဲ့တာဖြစ်ပါတယ်။ အခုတော့ အိန္ဒိယတင်မက တရုတ်၊မြန်မာ၊ထိုင်း အပါအဝင် အာရှနိုင်ငံတွေရဲ့ ဟင်းလျာတွေမှာ အတော်များများထည့်ချက် စားသုံးလေ့ရှိပါတယ်။ သူ့ရဲ့အစာကြေလွယ်စေတဲ့အာနိသင်နဲ့အသားကိုနူးအိစေတဲ့အစွမ်းကြောင့် အသားဟင်းတွေချက်တဲ့အခါ ချင်း သို့မဟုတ် ချင်းအဆီကိုလည်း သုံးပြီး အသားနှပ်ကြပါတယ်။ ချင်းရဲ့ကျန်းမာရေးအကျိုးကျေးဇူးအများစုဟာ ပူရှရှနဲ့အနံ့ပြင်းစေတဲ့ Gingerol ခေါ် ဒြပ်ပေါင်းတစ်မျိုးပါဝင်မှု ကြောင့်ပဲဖြစ်ပါတယ်။ ချင်း(ဂျင်း)ထည့်ခြင်း ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ ချင်း(ဂျင်း) အဆီက အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။ ၁။ ဝမ်းတွင်းပြဿနာတွေကို သက်သာစေတယ် ချင်းနဲ့ ချင်းအဆီကို လေထိုးလေအောင့်၊ဗိုက်အောင့််ခြင်းများအတွက် သုံးတတ်ကြပါတယ်။ အစာမကြေခြင်း၊ ဗိုက်အောင့်ခြင်း၊ လေထိုးလေအောင့်၊ဝမ်းလျှောခြင်း၊လေပွခြင်း၊စတဲ့ အစာအိမ်နဲ့အူလမ်းကြောင်းပြဿနာတွေ အတွက် ဆေးတစ်လက်ဖြစ်ပါတယ်။ ချင်းလက်ဖက်ရည်ကိုလည်း သည်ရောဂါတွေအတွက်သုံးလေ့ရှိတဲ့အပြင် ချင်းအဆီက အစာစားချင်စိတ်ဖြစ်လာအောင်အားပေးတဲ့အတွက် ကိုယ်အလေးချိန်တိုးလိုသူတွေ၊ခံတွင်းပျက်နေ […]


အခြေခံကျန်းမာရေး

အသက် ၁၈ နောက်ပိုင်းမှာ အရပ်ထပ်ရှည်လာနိုင်သေးလား

လူငယ်တော်တော်များများ မေးတတ်ကြတဲ့ မေးခွန်းတစ်ခုပါပဲ။ ဒီမေးခွန်းနဲ့ပတ်သက်ပြီး လူအများစုက ထပ်မရှည်လာနိုင်တော့ဘူးလို့ ဖြေကြသလို အသက် ၂၅ နှစ်ထိ ရှည်နိုင်သေးတယ်လို့ ယူဆထားကြသူတွေလည်း ရှိပါတယ်။ အဲ့တော့ ဘယ်သူက မှန်မလဲ၊ အရပ်ရှည်နှုန်းက ဘယ်အချိန်မှာ ရပ်တန့်သွားသလဲ၊ လူတစ်ယောက်ရဲ့ အရပ်အမြင့်ကို ဘယ်လိုအရာတွေက သက်ရောက်မှုရှိစေတာလဲဆိုတာ ပြောပြပေးပါမယ်။ အရပ်အမြင့်ကို သက်ရောက်စေနိုင်တဲ့အရာတွေက ဘာတွေလဲ။ ၁။ မိဘမျိုးရိုး မိဘမျိုးရိုးက အရပ်ရှည်တယ်ဆိုရင် မွေးလာတဲ့ကလေးကလည်း ဘာမှအထွေအထူးလုပ်စရာမလိုဘဲ အရပ်ရှည်လာတတ်ပါတယ်။ ပုတဲ့မျိုးရိုးက ဆင်းသက်လာတဲ့ လူအများစုကတော့ ကြီးလာတဲ့အခါမှာလည်း အရပ်ပုတာ အဖြစ်များပါတယ်။ ကံကောင်းစွာနဲ့ပဲ တချို့လူတွေကတော့ မိဘမျိုးရိုးပုနေတဲ့တိုင်အောင် အစာအာဟာရစုံလင်စွာ စားသုံးခြင်း၊ လေ့ကျင့်ခန်း၊ အားကစား ပုံမှန်လုပ်ခြင်းကြောင့် အရပ်အနည်းငယ် ရှည်လာတာမျိုးလည်း ရှိပါတယ်။ ၂။ အစာအာဟာရ လူတစ်ယောက် တစ်နေ့တာစားသုံးတဲ့ အစာအာဟာရသည် ကိုယ်အလေးချိန်နဲ့ အရပ်အမြင့်ကို အများကြီး သက်ရောက်မှုရှိစေနိုင်ပါတယ်။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ပျော်ချင်ရင် နေရောင်ခံပါ။

နေရောင်ခံပါလို့ ပြောလိုက်ရင် အများအားဖြင့် လူတွေက အရေပြားကင်ဆာဖြစ်မယ်၊ နေလောင်မယ်၊ အသားမည်းမယ်၊ အရေးအကြောင်းတွေဖြစ်မယ် စသဖြင့် နေထိတာမကောင်းဘူးဆိုတာတွေကိုပဲ ပြောလေ့ရှိကြတယ်။ ဒါပေမဲ့ လူတော်တော်များများ မသိကြတာက နေရောင်ခြည်က ရရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေလည်း အများကြီးရှိကြတယ်ဆိုတာပါပဲ။ နေရောင်ခြည်ဟာ ပျော်ရွှင်မှုကိုကိုယ်စားပြုတယ်။ တစ်ခုခုကို အကောင်းဘက်က ပြောချင်တယ် စိတ်ချမ်းသာတာကို ဖော်ပြချင်တယ်ဆိုရင် နေလုံးပုံတွေ နေရောင်ခြည်အလင်းတန်းတွေကို သုံးကြတယ်။ ဒါက ရုပ်ပြသက်သက်ပဲ မဟုတ်ပါဘူး။ နေရောင်ခြည်ရော အမှောင်ဓာတ် နှစ်ခုလုံးက ဦးနှောက်ကနေ ဟော်မုန်းထုတ်တာကို လှုံ့ဆော်ပေးပါတယ်။ နေရောင်ခြည်ဟာ ဦးနှောက်ကနေ ပျော်ရွှင်ခြင်း ဟော်မုန်းလို့ခေါ်လို့ရတဲ့ ဆီရိုတိုနင် (serotonin) ကိုထွက်စေပါတယ်။ ဒီဟော်မုန်းဟာ လူတွေအတွက် စိတ်တည်ငြိမ်တာတွေ၊ ပျော်ရွှင်တာ အာရုံစူးစိုက်မှုကောင်းတာတွေကို ဖြစ်စေပါတယ်။ အမှောင်ဓာတ်ကတော့ ညအိပ်ဖို့ အတွက်အထောက်အကူပြုတဲ့ မက်လတိုနင် (melatonin) လို့ခေါ်တဲ့ […]


အခြေခံကျန်းမာရေး

အိမ်သုံးဆားရဲ့ တခြားအသုံးဝင်ပုံ (၇) မျိုး

အိမ်မှာ ရှိတဲ့အိမ်သုံးဆားဆိုတာ ဟင်းချက်တဲ့နေရာ၊ အစားအသောက်ပြင်ဆင်တဲ့နေရာမှာပဲ အသုံးဝင်တယ်ထင်နေလား။ တကယ်တမ်း သူ့ရဲ့အသုံးဝင်တဲ့နေရာတွေအများကြီးရှိပါတယ်။ တချို့ကို သိပြီးသားဖြစ်ရင်ဖြစ်မှာပေမယ့် သိပ်မသိသေးတဲ့အသုံးဝင်ပုံတွေကို ပြောပြချင်လို့ပါ။ ဘာတွေအသုံးဝင်လဲ ဆိုတော့… (၁) ကော်ဖီကို အခါးလျော့အောင် လုပ်လို့ရတယ် ကော်ဖီကို သိပ်မပြင်းတဲ့ ခါးဆိမ့်ဆိမ့်လေးဖြစ်ဖို့ဆိုရင် ဆားလေးတစ်ပွင့်နှစ်ပွင့်လောက်ထည့်လိုက်ပါ။ လက်လွန်ရင်တော့ အရသာပျက်နိုင်ပါတယ်နော်။ ဆားမှာ ကော်ဖီရဲ့အခါးဓာတ်ကို ပြယ်စေနိုင်တဲ့ ဆိုဒီယမ်အိုင်းရွန်းတွေပါဝင်တယ်လို့ သုတေသနက တွေ့ရှိထားပါတယ်။ (၂) ရေခဲသေတ္တာသန့်ရှင်းရေး လုပ်လို့ရတယ် ရေခဲသေတ္တာကို သုံးလတစ်ကြိမ် သို့မဟုတ် ခြောက်လတစ်ကြိမ်တော့ အနံ့အသက်ကင်းအောင်၊ သန့်ရှင်းသပ်ရပ်အောင် လုပ်ပေးသင့်ပါတယ်။ ဒါပေမယ့် ဆပ်ပြာနဲ့တိုက်ဆေးချလို့မဖြစ်တာကြောင့် ကပ်ငြိနေတဲ့ အစွန်းအထင်းတွေနဲ့ အနံ့ဆိုးတွေပျောက်အောင် ရေနွေးနွေးနဲ့ဖျော်ထားတဲ့ ဆားရည်ကိုသုံးပြီး လိုတဲ့နေရာ ပွတ်တိုက်ပေးပါ။ (၃) ပန်းကန်ဆေး ရေမြှုပ်ကို သန့်စင်လို့ရတယ် အဆီနဲ့အညစ်အကြေးတွေအမြဲ ထိတွေ့နေရတဲ့ ရေမြှုပ်လေးတွေကို တစ်ခါသုံးလို အမြဲစွန့်ပစ်လို့တော့ ဘယ်တွက်ခြေကိုက်ပါ့မလဲ။ အကြာကြီးမဟုတ်ပေမယ့် သုံးလို့ရသလောက်တော့ ပြန်သန့်စင်ပြီး သုံးဖို့၊ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း