အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မျှဝေမသုံးသင့်တဲ့ တစ်ကိုယ်ရည်သုံး ပစ္စည်းများ

မျှဝေစားလို့မရတဲ့ထဲမှာ အချစ်အပြင် တစ်ကိုယ်ရည်သုံး ပစ္စည်းတွေလည်း ပါပါတယ်။ တစ်ကိုယ်ရည်သုံးလို့ပြောတဲ့အတွက် ကိုယ်ကလွဲပြီး ဘယ်သူကိုမှ ပေးမသုံးပါနဲ့။ မိသားစုဝင်ပဲ ဖြစ်ဖြစ်၊ ချစ်ခင်ရင်းနှီးတဲ့ သူငယ်ချင်းပဲ ဖြစ်ဖြစ် အလိုလိုက်ပြီး မျှမသုံးသင့်ပါဘူး။ ဒီနေရာမှာတော့ sharing is caringမဟုတ်ပါဘူး။ မျှပြီး မသုံးသင့်တဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းတွေက ဘာတွေလဲ။ မျှသုံးမိရင် ဘယ်လို ကျန်းမာရေး ဆိုးကျိုးတွေ ရနိုင်မလဲဆိုတာ ကြည့်ကြည့်ရအောင်။ မျှဝေမသုံးသင့်တဲ့ တစ်ကိုယ်ရည်သုံး ပစ္စည်းများ မျှဝေမသုံးသင့်တဲ့ တစ်ကိုယ်ရည်သုံး ပစ္စည်းများ ကတော့ ကိုယ်တိုက် ဆပ်ပြာခဲ ကိုယ်တိုက် ဆပ်ပြာခဲက မျှသုံးလို့ မရမှန်း ခုမှသိရတော့ နည်းနည်းတော့ အံ့သြသွားပါတယ်။ ဟုတ်တယ်လေ ကိုယ်တွေက တစ်အိမ်လုံး ရေချိုးရင် ဒီဆပ်ပြာပဲ သုံးတာကိုး။ ဖေဖေ တစ်တုံး၊ မေမေ တစ်တုံးမှ ခွဲမထားတာ။ တကယ်က […]


အခြေခံကျန်းမာရေး

အနာသက်သာဆေးတွေ သောက်မိနေရင်

နာကျင်မှုကို လျှော့ချပေးနိုင်တဲ့ ဆေးမျိုးစုံက ဆေးကုသရာမှာ အသုံးဝင်တဲ့အတွက်ကြောင့် ဆရာဝန်တွေရော လူနာတွေပါ အကြိုက်တွေ့တဲ့ဆေးတွေပါ။ ဒါပေမဲ့လည်း တခြားဆေးတွေလိုပဲ အနာသက်သာဆေးတွေမှာလည်း ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။ ဆိုးကျိုးအများစုက သိပ်မသိသာပေမဲ့ တချို့ကတော့ အသက်အန္တရာယ် ထိခိုက်တဲ့အထိ ပြင်းထန်ပါတယ်။ နောက်ပြီး အနာသက်သာဆေးအများစုကို လူအတော်များများက ဆရာဝန် ညွှန်ကြားချက်မယူဘဲ ကိုယ့်သဘောနဲ့ကိုယ် သောက်သုံးတာတွေ များလာတဲ့အတွက် အနာသက်သာဆေးတွေကြောင့် ခံစားရနိုင်တဲ့ ဆိုးကျိုးတွေအကြောင်း ပြောပြချင်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်မပါဘဲ လွယ်လွယ်ကူကူဝယ်သောက်လို့ရတဲ့ အနာသက်သာဆေးတွေထဲမှာ aspirin, ibuprofen, naproxen, acetaminophen တို့လိုဆေးတွေက ထိပ်ဆုံးက ပါပါတယ်။ Aspirin (အက်စပရင်) - လူတိုင်းကြားဖူးမယ်ထင်ပါတယ်။ စတီးရွိုက်အုပ်စုထဲမပါတဲ့ ရောင်ရမ်း သက်သာဆေး(NSAID) တစ်ခုဖြစ်ပြီး ထိရောက်မှုရှိပေမဲ့ သတိနဲ့သုံးသင့်တဲ့ဆေးတစ်ခုပါ။ ဒီဆေးကို အချိန်ကြာကြာစွဲသောက်ရင် အစာအိမ်တွင်း သွေးယိုစိမ့်မှုဖြစ်လာစေပြီး အစာမကြေတာကနေ အစာအိမ်အနာပေါက်တာအထိ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ရေဓာတ် မပြည့်ဝခြင်းက ကိုယ်ခံအားအပေါ် ဘယ်လို သက်ရောက်နေလဲ

မြန်မာနိုင်ငံမှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ကကမ္ဘာ့ကပ်ရောဂါ  အဖြစ်ထုတ်ပြန်ကြေညာခဲ့တဲ့ COVID_19 ဖြစ်ပွားနေတာ တစ်လကျော်လာခဲ့ပါပြီ။ အခုထိ ကာကွယ်ဆေး ရေရေရာရာ မရှိသေးသလို ကုသနည်း တိတိကျကျလည်း မပေါ်ထွက်သေးပါဘူး။ အခုထိ လက်ခံထားတာက ဒီ ကိုဗစ်ကို အကောင်းဆုံး တိုက်ခိုက်နိုင်မယ့် တစ်ခုတည်းသောအရာက လူတွေကို သဘာဝတရားက လက်ဆောင်ပေးထားတဲ့ ကိုယ်ခံအား ဆိုတာပါ။ အခုလို ရောဂါ ကူးစက်နှုန်းမြန်ဆန်နေတဲ့ ကာလမှာ ကိုယ်ခံအားကောင်းအောင် ဂရုစိုက်တာက ကိုယ်တိုင်ကိုရော မိသားစုဝင်တွေကိုပါ ရောဂါပိုးတွေ အန္တရာယ်ကနေ ကာကွယ်ရာ ရောက်ပါမယ်။ ဒီလို ကိုယ်ခံအားကောင်းစေဖို့ဆိုတဲ့ နေရာမှာ အာဟာရပြည့်ဝမှု အပြင် ရေဓာတ်ပြည့်ဝစေဖို့လည်း လိုအပ်ပါမယ်။ ပူပြင်းတဲ့ နေရောင်အောက်မှာ ရေဓာတ်ပြည့်ဝနေမှ ခန္ဓာကိုယ်က ကျန်းမာနေမှာပါ။ ကိုယ်ခံအားက ဘာလုပ်ပေးလဲ........ ကိုယ်ခံအားဆိုတာက ခန္ဓာကိုယ်ရဲ့ ခံတပ်ပါ။ ခန္ဓာကိုယ်ကို ရောဂါတွေ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သွေးလှူခြင်း ရဲ့ ကောင်းကျိုးများ။

ဆေးရုံတွေ၊ သွေးလှူဘဏ်တွေမှာ လိုအပ်နေတဲ့ သူတွေကို ကယ်တင်ဖို့အတွက် သွေးတွေ အများကြီးကို နေ့စဉ် နေ့တိုင်း လိုအပ်နေပါတယ်။ ဒါ့ကြောင့်လည်း သွေးလှူခြင်း ဟာ လူ့အသက်တွေကို ကယ်တင်ပေးနိုင်တဲ့ အရမ်းမွန်မြတ်တဲ့ လုပ်ငန်းလေးတစ်ခုလို့ ပြောကြပါတယ်။ ဒီဆောင်းပါးလေးမှာ ကိုယ်လှူလိုက်တဲ့သွေးက ဘယ်လို လူတွေကို အကျိုးပြုနိုင်တယ်၊ ကိုယ့်အတွက် ဘယ်လို အကျိုးရှိတယ် ဆိုတာလေးကို မျှဝေပေးသွားပါမယ်။ သွေးလှူခြင်း ရဲ့ ကောင်းကျိုးများ။ သင့်သွေးနဲ့ ဘယ်လို လူတွေကို ကယ်တင်နိုင်လဲ။ ၁။ သွေးရောဂါရှိသောသူများ။ ဥပမာ - sickle cell disease လို့ခေါ်တဲ့ သွေးဆဲလ်လေးတွေ ပုံမမှန်ဖြစ်နေတဲ့ ရောဂါ၊ thalassemia သွေးရောဂါနဲ့ အခြားသွေးဆဲလ်တွေနဲ့ ပတ်သတ်တဲ့ ရောဂါရှိတဲ့သူတွေဟာ ကျန်းမာရေးကောင်းကောင်းနဲ့ အသက်ဆက်ရှင်နေဖို့ အတွက်ပုံမှန် သွေးသွင်းနေကြရပါတယ်။ ၂။ သွေးအားနည်းရောဂါရှိသူများ၊ ကင်ဆာကုထုံး ခံယူနေရသူများ၊ အစာအိမ်လမ်းကြောင်း […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အွန်လိုင်းကနေ ဆေးခန်း ပြသခြင်း(Telemedicine)အတွက်ဘာတွေကြိုတင်ပြင်ဆင်ထားမလဲ

ယနေ့အချိန်ကာလမှာ ဆေးရုံ ဆေးခန်းတိုင်းလိုလိုဟာ အွန်လိုင်းကနေ ဆေးကုသခြင်းစနစ်ဖြစ်တဲ့ Telemedicine နည်းစနစ်ကို စတင်ပြောင်းလဲလာကြပါတယ်။ဒီလို Covid-19 ကာလမှာ လူတိုင်း အိမ်မှာနေ သင့်ပြီး social distancing နည်းစဉ်တွေကို လိုက်နာဖို့ ညွန်ကြားထားတာမို့ ဒီ Telemedicine နည်းပညာက ဆရာဝန်တွေအတွက်ကော နေမကောင်းတဲ့လူနာတွေအတွက်ပါ အဆင်ပြေလှပါတယ်။ လူတွေအများကြီးကြား တန်းစီမစောင့်ရခြင်း၊တက္ကစီဖိုးချွေတာနိုင်ခြင်း၊ဆေးခန်းပြဖို့အတွက် အလုပ်ကနေခွင့်ယူရန်မလိုအပ်ခြင်း စတဲ့အကျိုးကျေးဇူးတွေအများကြီးကိုလည်း ရရှိနိုင်ပါသေးတယ်။ အွန်လိုင်းကနေ ဆေးခန်း ပြသခြင်း(Telemedicine)အတွက်ဘာတွေကြိုတင်ပြင်ဆင်ထားမလဲ ဒီတော့ Telemedicine နည်းဖြင့် ဆေးကုသမှုခံယူဖို့ ဆုံးဖြတ်ထားကြသူတွေအနေနှင့် အောက်ပါ နည်းလမ်းလေးတွေကို ကြိုတင်ပြင်ဆင်ထားခြင်းဖြင့် ပိုမိုချောမွေ့စွာ ကုသမှုခံယူနိုင်မှာပဲ ဖြစ်ပါတယ်။ (၁) နည်းပညာကြောင့် သင့်ဆေးကုသချိန်ကို မပျက်စီးပါစေနှင့် ဆေးမကုသခင်မှာ သင့်အနေနှင့် လိုအပ်တဲ့software သို့မဟုတ် applicationကို ဒေါင်းလုပ်ဆွဲထားပါ။ သင့်အသုံးပြုမယ့် ဖုန်း၊တက်ဘလက်၊ကွန်ပျူတာနှင့်ပတ်သက်ပြီး errorတစ်ခုခုရှိနေပါက တတ်ကျွမ်းသောသူနှင့် မေးမြန်းပြီး ပြင်ထားပါ။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ယောကျ်ားနဲ့ မိန်းမ ဘယ်သူက ဉာဏ်ပိုကောင်းသလဲ

လူသားတွေမှာ ရုပ်ခန္ဓာသဘောအရ ကျားနဲ့ မ ဆိုပြီး လိင်အမျိုးအစား နှစ်မျိုးရှိပါတယ်။ အာဒံနဲ့ ဧဝကစတယ်ပဲပြောပြော ဗြဟ္မာကြီး ၄ ဦးက ဖန်တီးတယ်ပဲဆိုဆို မျောက်တွေကပဲ ဆင်းသက်လာ ဆင်းသက်လာ၊ လူတွေမှာ လိင်အမျိုးအစား ၂ မျိုး ကွဲပြားနေတာတော့ အမှန်ပါ။ ဒီလို ကွဲပြားနေတဲ့အလျှောက် မသိမသာအားဖြင့်တော့ သိသိသာသာပါ မတူညီတဲ့ လိင်အုပ်စု အချင်းချင်း ပြိုင်ဆိုင်မှုတွေ တလွဲမာနလေးတွေ ရှိလာပါတယ်။ သမိုင်း တစ်လျှောက်လုံးပါပဲ။ သမိုင်းတစ်လျှောက် လူ့အဖွဲ့အစည်းတစ်ခုလုံးကို အမျိုးသမီးတွေက ဦးဆောင်ခဲ့တဲ့ ခေတ်တွေ ရှိခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာတော့ အမျိုးသားတွေက ရှေ့တန်းကိုရောက်လာခဲ့ပါတယ်။ ခုခေတ်ကတော့ လိင်တန်းတူညီမျှရေးလို့ အော်နေကြတဲ့ခေတ်ဆိုပေမယ့် အမျိုးသားတွေ ကြီးစိုးနေဆဲကာလထဲမှာပါနေပါတယ်။ ခေတ်တွေ ဘယ်လောက်ကြာကြာ ဘယ်သူတွေက ဘယ်အချိန်တွေမှာ ဦးဆောင်ခဲ့ဦးဆောင်ခဲ့ အမြဲတမ်း လူတွေ သိချင်နေတဲ့ မေးခွန်းတစ်ခုရှိနေခဲ့ပါတယ်။ ဒါကတော့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင့်ခြေထောက်က ပြောပြနေတဲ့ သင့်ကျန်းမာရေး

သွယ်လျလှပတဲ့ ခြေချောင်းလှလှလေးတွေ၊ ခြေထောက်လှလှလေးတွေ ပိုင်ဆိုင်ထားတာကို လူတိုင်း သဘောကျတတ်ပါတယ်။ လူတွေအမြင်မှာ လှပနေတဲ့ ခြေထောက်လေးတွေကို ပိုင်ဆိုင်ထားမှတော့ လူတိုင်း ကျေနပ်ကြတာမဆန်းဘူးလေ။ ဒါပေမယ့် ခြေချောင်းလေးတွေ လှပနေတယ်ဆိုတာဟာ လှတပတအနေအထားတစ်ခုတည်းတင်မဟုတ်ပါဘူး။ သင့်ရဲ့ ကျန်းမာရေး အခြေအနေကောင်းမွန်နေတယ်ဆိုတဲ့ သတင်းစကားတစ်ခုဖြစ်ပါတယ်။ တကယ်လို့များ သင့်ရဲ့ခြေထောက်ဟာ ကျန်းမာသန်စွမ်းမှုမရှိဘူး၊ အနာတွေ၊ ဝေဒနာတွေ အမျိုးမျိုးကြုံဆုံနေရမယ်ဆိုရင် သင့်ကျန်းမာရေး အခြေအနေဟာ စိုးရိမ်စရာ တစ်စုံတစ်ရာရှိနေပြီဆိုတဲ့ သဘောပါပဲ။ ဒါကြောင့် ခြေထောက်မှာ တစ်စုံတရာဖြစ်နေပြီဆိုရင် ကိုယ့်ခြေထောက်လေးတွေက ပြောပြနေတဲ့ ကျန်းမာရေး အခြေအနေတွေကို သိနားလည်ထားဖို့ လိုအပ်မှာဖြစ်ပြီး ဒါမှလည်း ဘယ်လို ကုသရမယ်ဆိုတာကို သိနားလည်မှာ ဖြစ်ပါတယ်။ သင့်ခြေထောက်လေးတွေက သင့် ကျန်းမာရေး အခြေအနေကို ဘယ်လိုပြောပြနေသလဲ ကြည့်ရအောင် ခြေမွေးတွေ ပါးလာတာ ယောက်ျားတွေက မိန်းမတွေထက် ခြေမွေးထူတာ သဘာဝပါပဲ။ ဒါပေမယ့် အမျိုးသမီးတော်တော်များများမှာလည်း ခြေမွေးရေးရေးလေးတွေ ရှိတတ်ကြပါတယ်။ […]


အခြေခံကျန်းမာရေး

အသက် ၃၀ မတိုင်ခင်မှာ ရပ်တန့်ပစ်လိုက်သင့်တဲ့ ကျန်းမာရေးဆိုင်ရာ အပြုအမူမှားတွေ

တကယ်လို့များ လူတစ်ယောက်ရဲ့ ပျမ်းမျှအသက်ကို ၆၀ နှစ်လို့ တွေးကြည့်ပါစို့။ ဒီလိုဆို အသက် ၃၀ ဆိုတာဟာ ဘဝရဲ့ လမ်းတစ်ဝက်ခရီးဖြစ်ပါတယ်။ လူ့ခန္တာကိုယ်ကြီးရဲ့ စွမ်းဆောင်ရည်တွေကို Graph တစ်ခုလို့မြင်ယောင်ကြည့်ပါ။ အသက် ၃၀ ဟာ အကောင်းဆုံးအမြင့်ဆုံး စွမ်းဆောင်ရည်တွေကို ပိုင်ဆိုင်ထားတဲ့ Graph ရဲ့ ထိပ်ဖျားပိုင်းနေရာဖြစ်ပါတယ်။ ဒီတော့ ဒီကာလကိုရောက်လာပြီဆိုရင် ကိုယ့်ရဲ့ ခန္ဓာကိုယ်ကြီးကို ဂရုတစိုက် ပြုစုစောင့်ရှောင့်ဖို့ ကျန်းမာရေးကောင်းမွန်အောင် နေထိုင်ဖို့ လိုအပ်လာနေပြီဆိုတဲ့ အဓိပ္ပါယ်ပါ။ ငယ်ရွယ်စဉ်မှာလို အရာရာကို မဆင်မခြင် ပေတေနေလို့ မရတော့ပါဘူး။ ဖြတ်သန်းလာတဲ့ သက်တမ်းတစ်လျှောက်လုံးမှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုပဲ အမှားအယွင်းတွေ၊ ဂရုမစိုက်မှုတွေရှိထားခဲ့သည်ဖြစ်ပါစေ၊ ဒီ ၃၀ ဆိုတဲ့ အသက်အရွယ်ကနေစတင်ပြီး ရပ်တန့်လိုက်ဖို့ လိုအပ်ပြီလို့ သိထားဖို့ လိုအပ်ပါတယ်။ များသောအားဖြင့် အသက် ၃၀ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

တိရစ္ဆာန် ချစ်တတ်သူတို့ မမေ့လျော့သင့်တဲ့ အချက်လေးတွေ

ချစ်တတ်သူတွေ အတွက်တော့ အိမ်မွေး တိရစ္ဆာန် လေးတွေကို ကိုယ့်ရဲ့ သားသမီးလေးတွေ၊ မိသားစုဝင်လေး တွေလို သဘောထားကြတာပါပဲ။ အိမ်မှာ အမြဲတစေ ရင်းရင်းနှီးနှီး ချစ်ခင်နေကြတာပေါ့။ ဒါပေမယ့် ကိုယ့်မိသားစုရဲ့ ကျန်းမာရေးအတွက်ရော၊ တိလေးတွေရဲ့ ကျန်းမာရေးအတွက်ရော သတိထားသင့်တဲ့ အချက်လေးတွေကို မမေ့ဖို့တော့လိုပါတယ်။ စည်းကမ်းတကျ ချစ်တတ်မယ်ဆို သူရောကိုယ်ရော အသက်ရှည်ရှည် အတူနေသွားနိုင်တာပေါ့နော်။ ဘာတွေ သတိထားရမလဲ ဆက်ပြီးဖတ်ကြည့်လိုက်ပါဦး… လက်ဆေးပါ ခွေးလေး၊ ကြောင်လေးတွေနဲ့ ကစားပြီးရင်၊ ကိုင်တွယ်ပြီးရင် လက်ဆေးပါ။ လက်ချောင်းတွေမှာ ရောဂါပိုးမွှားတွေ ကပ်ငြိနေနိုင်တာကြောင့် အစာမစားခင်မှာ မမေ့ဖို့ ပိုဂရုစိုက်ပါ။ မျက်နှာကို လျှာနဲ့ အလျက်မခံပါနဲ့ ခွေးလေးတွေက သင့်မျက်နှာ သို့မဟုတ် ကလေးရဲ့မျက်နှာကို လျှာနဲ့အလျက်မခံပါနဲ့။ လူကို လျက်ပြီး မနှုတ်ဆက်ခင် ဘယ်အရာတွေကို လျက်ခဲ့သေးလဲ ကိုယ်မသိနိုင်ဘူးလေ။ မျက်နှာကိုလျက်လိုက်တယ်ဆိုလည်း သိပ်တော့ စိုးရိမ်မနေပါနဲ့။ ရောဂါပိုးတွေ သန့်စင် […]


အခြေခံကျန်းမာရေး

ရေချိူး နေစဉ် သီချင်းဆိုခြင်းကြောင့် ရလာနိုင်မယ့် အကျိူးကျေးဇူးများ

ရေချိုး ခန်းအဆိုတော်လုပ်ရတာ ဝါသနာပါသူများ ရှိကြပါသလား။ ရေချိုးရင်း သီချင်းတွေဟဲလိုက်ခြင်းဟာ အိမ်သားများနှင့် အတူနေအခန်းဖော်များအတွက်တော့ နားညည်းစရာကောင်းမှာဖြစ်ပေမယ့် သင့်အတွက်တော့ ကျန်းမာရေးကောင်းကျိုးတွေ ရှိစေတယ်ဆိုတာ သိပါသလား။ ဒီကျန်းမာရေးကောင်းကျိုးတွေက ဘာတွေလဲဆိုတာ ဒီဆောင်းပါးလေးကနေ ဖော်ပြပေးလိုက်ပါတယ်။ စိတ်ဖိစီးမှုများ ပြေပျောက်စေခြင်း ရေချိုးရင်း သီချင်းတွေအော်ဆိုလိုက်ခြင်းဟာ အလုပ်ကပေးသော စိတ်ဖိစီးမှုတွေကို သက်သာစေတယ်ဆိုတာ ဆိုနေကျသူတွေ သိကြမှာပါပဲ။ ဒါဟာ ဘာကြောင့်လဲဆိုရင် သင်သီချင်းဆိုလိုက်တဲ့အခါ အဆုတ်လေ့ကျင့်ခန်း ပြုလုပ်သလို ဖြစ်စေပြီး ကိုယ်ခန္ဓာအတွက်လည်း အောက်ဆီဂျင်ပိုမိုရစေတဲ့အတွက် စိတ်ဖိစီးမှုတွေကို သက်သာစေပါလိမ့်မယ်။ ဒီနည်းစဉ်ဟာ အသက်ပြင်းပြင်းရှူရတဲ့ ကုထုံးတစ်ခုလိုပဲ  ကိုယ်ခန္ဓာအတွက် ကောင်းကျိုးများ သက်ရောက်မှု ရှိစေပါတယ်။ သွေးပေါင်ကျစေခြင်း ကျွန်မတို့ စိတ်ဖိစီးမှု များတဲ့အခါ ကိုယ်ခန္ဓာမှာ ကော်တီဇောလို့ခေါ်တဲ့ ဟော်မုန်းထွက်လာပါတယ်။ ထိုဟော်မုန်းများ အနေအထားတစ်ခုထိ များပြားလာပါက သွေးပေါင်ကို တက်စေတဲ့အပြင် သွေးတွင်းသကြားဓာတ်ကိုပါ မြင့်မားစေပါတယ်။ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း