အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မုတ်သုံရာသီ မှာ ဘာရောဂါတွေ အဖြစ်များဆုံးလဲ၊ ဘယ်လိုကာကွယ်ကြမလဲ

Most common diseases in the monsoon season and how can you prevent the (general population, infectious diseases) မုတ်သုံရာသီမှာ ဘာရောဂါတွေ အဖြစ်များဆုံးလဲ၊ ဘယ်လိုကာကွယ်ကြမလဲ မုတ်သုံရာသီ လို့ ခေါ်ကြတဲ့ မိုးရာသီကို ရောက်လာခဲ့ပြီနော်။ နွေအပူကို ကြိတ်မှိတ်သည်းခံရင်း မုတ်သုံလေနဲ့အတူ ရောက်လာမယ့် မိုးရေစက်တွေကို မျှော်နေခဲ့ကြတာပေါ့။ ဒါပေမယ့် တစ်ခါတလေ မိုးလေးတဖွဲဖွဲ နဲ့အတူ မဖိတ်ခေါ်ဘဲ ပါလာတတ်တဲ့ ရောဂါပိုးတွေကိုတော့ မေ့မထားသင့်ပါဘူး။ မိုးရာသီဆို ဒီရောဂါတွေ ကူးစက် ဖြစ်ပွားမှု အများဆုံးပါပဲ - အအေးမိ ၊ တုပ်ကွေး မိုးလေး အေးပြီဆို ဟပ်ချိုး၊ အဟွတ် ဇာတ်လမ်းတွေ၊ တုပ်ကွေးကွေးရတဲ့ ကိစ္စတွေ တွေ့ရပါတော့မယ်။ ဒီရာသီမှာ အအေးမိ၊ […]


အခြေခံကျန်းမာရေး

ခန္ဓာကိုယ်ရဲ့ ရှေ့တန်း ခုခံအား တပ်များ အကြောင်း နှင့် ရှေ့တန်း ခုခံအား ကောင်းအောင် ဘယ်လိုလုပ်မလဲ။

ခန္ဓာကိုယ်မှာ ပြင်ပက ရောဂါတစ်ခုခု သို့မဟုတ် အဆိပ်ရှိနိုင်တဲ့ ပစ္စည်းတစ်ခုခု ဝင်လာပြီဆို ခုခံအားက တိုက်ထုတ်ပေးရပါတယ်။ ဒီလို တိုက်ထုတ်တဲ့ နေရာမှာ ရောဂါပိုး ဝင်ဝင်လာချင်း တိုက်ထုတ်ပေးတဲ့  မွေးရာပါ ရှေ့တန်းခုခံအားရယ်၊ ရောဂါပိုး ပထမအကြိမ်ဝင်တဲ့ချိန်မှာ ပိုးကို မှတ်သားထားပြီး နောက်တစ်ကြိမ်ဝင်လာတဲ့အခါ ပဋိဇီဝပစ္စည်းတွေ ထုတ်လုပ်ပြီး တိုက်ခိုက်နိုင်တဲ့ တန်ပြန်ခုခံအား ဆိုပြီး (၂) မျိုး ရှိပါတယ်။ ခုပြောမှာက ရှေ့တန်းက ခုခံအားတွေ အကြောင်းပါ။ သူတို့ဘယ်လို အလုပ်လုပ်သလဲ။ ဒီခုခံအား စနစ် ကောင်းမွန်အောင် ဘာလုပ်လို့ရလဲ ဆိုတာ ပြောပြပေးပါ့မယ်။ ရှေ့တန်း ခုခံအား များ ရှေ့တန်းခုခံအား ဆိုတာ အလွယ်ပြောရရင်  ခန္ဓာကိုယ်ရဲ့ အပြင်ဆုံးမှာ ရှိတဲ့ဟာနဲ့ ရောဂါ အရင်ဆုံးဝင်နိုင်တဲ့ အပေါက်တွေမှာ ရှေ့တန်း ခုခံအားတွေရှိပါတယ်။ ဘာတွေပါလဲဆိုတော့ (၁) အရေပြား အရေပြားဟာ ခန္ဓာကိုယ်ရဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သွေးလှူတော့မယ်ဆိုရင် ဘာတွေလုပ်သင့်သလဲ

သွေးလှူပြီး သူတစ်ပါးရဲ့ အသက်ကို ကယ်တင်ခြင်းဟာ အလွန်တရာမှ မွန်မြတ်တဲ့အလုပ် ပါ။ ‘သင့်သွေးဖြင့် အသက်ကယ်ပါ’ ဆိုတဲ့ ဆောင်ပုဒ်ကိုလည်း ကြားဖူးကြမှာပါ။ ဒါပေမဲ့ သွေးလှူ တော့မယ်ဆိုရင်တော့ မိမိကိုယ်ကို ပြန်ဂရုစိုက်ဖို့လည်း မမေ့ပါနဲ့။ အောက်ဖော်ပြပါ အချက်တွေက သင်သွေးလှူရာမှာ ပိုမိုလွယ်ကူစေနိုင်ပါတယ်နော်။ သွေးလှူတော့မယ်ဆိုရင် ဘာတွေလုပ်သင့်သလဲ သွေးလှူတော့မယ်ဆိုရင် ရေများများသောက် ထားသင့်ပါတယ်။ သင်ကိုယ်တိုင်ရေဓာတ် ပြည့်ဝနေဖို့အရေးကြီးပါတယ်။ အနည်းဆုံးတော့ သွေးမလှူခင် သုံးနာရီလောက်မှာ ဖန်ခွက်နဲ့ ရေ(၃) ခွက်လောက် သောက်ထားပေးသင့်ပါတယ်။ သွေးလှူဖို့ စောင့်ဆိုင်းနေချိန်မှာလည်း ရေ(၅၀၀)မီလီလီတာ (500mL) (ရေသန့်ဘူးကြီးတစ်ဝက်) လောက် သောက်ပေးပါ။ ရေများများသောက်ထားလေလေ သွေးလှူအပြီး မူးဝေခြင်းကို ခံစားရဖို့ ရာခိုင်နှုန်းနည်းလေလေပါပဲ။ ပုံမှန်အတိုင်း အစားစားထားပါ။ ဗိုက်ထဲမှာ အစာမရှိဘဲ သွေးလှူခြင်းဟာမကောင်းပါဘူးနော်။  သွေးမလှူခင်မှာ နံနက်စာ၊ နေ့လယ်စာနဲ့ ညစာအဖြစ် အရသာရှိတဲ့ အစားအစာတွေကို […]


အခြေခံကျန်းမာရေး

အရက်ဖြတ်လိုက်ခြင်းကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေ ခံစားလာရနိုင်သလဲ

(၁)    မတော်တဆမှုတွေကို ရှောင်တိမ်းနိုင်မယ် ပြင်းပြင်းထန်ထန်ထိခိုက်နာကျင်မှုတွေရဲ့ တစ်ဝက်လောက်ဟာ အရက်သောက်ခြင်းကြောင့် ဖြစ်ရတာပါ။ မီးလောင်ခြင်း၊ ရေနစ်ခြင်းနဲ့ လူသတ်မှုတွေကြောင့် သေဆုံးမှု တစ်ဝက်လောက်ဟာလည်း အရက်သောက်ခြင်းကြောင့်ပါပဲ။ အမြင့်ကနေပြုတ်ကျခြင်း၊ ယာဉ်မတော်တဆမှုတွေနဲ့ မိမိကိုယ်ကို သတ်သေခြင်းတွေလည်း အရက်သောက်ခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ အရက်ကို ဖြည်းဖြည်းချင်း လျှော့ချသောက်သုံးခြင်းဟာ ဒီလိုထိခိုက်မှုတွေနဲ့ အနာတရဖြစ်ခြင်းတွေကို ကာကွယ်တားဆီးပေးနိုင်ပါတယ်။ (၂)    နှလုံး ကျန်းမာလာမယ် ဝိုင်အနီနဲ့ အရက်အနည်းငယ်သောက်သုံးခြင်းဟာ သင့်နှလုံးကျန်းမာရေးကို အထောက်အကူပြုနိုင် ပါတယ်။ ဒါပေမယ့် ဒါဟာ အနည်းငယ်နဲ့ တစ်ခါတစ်ရံ သောက်သုံးသူတွေအတွက်ကိုပဲ ဆိုလိုပါတယ်။ လွန်လွန်ကျွံကျွံသောက်သုံးမှုမျိုးကို မဆိုလိုပါဘူး။ အရက်ဖြတ်လိုက်ခြင်းအားဖြင့် သွေးပေါင်ချိန်မှန်လာမယ်၊ မကောင်းတဲ့အဆီ (TG) တွေကျလာမယ်၊ နှလုံးရောဂါဖြစ်ပွားမှုတွေ လျော့ကျလာမှာပါ။ (၃)    အသည်း ပြန်လည် ကောင်းမွန်လာမယ် လူ့ခန္ဓာကိုယ်မှာ အသည်းဟာ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့နေရာပါ။ အရက်ဟာ အသည်းဆဲလ်တွေကို အဆိပ်ဖြစ်စေပါတယ်။ အရက်အလွန်အကျွံသောက်သုံးရင်တော့ ကြာလာတဲ့အခါ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Prebiotic နဲ့ Probiotic ဘာကွာလဲ

သားသမီး ဆိုတာ ရတနာလေးတွေလို့ ပြောရင် မေမေတို့ အပြည့်အဝထောက်ခံကြမှာပဲ။ မိဘတွေဆိုတာ ကိုယ့်ကလေးတွေ ကျန်းမာနေမှ၊ သူများနဲ့ယှဉ်ရင် အားပြည့် ဖွံ့ဖြိုးနေမှ၊ ထွားနေမှ ၊ ဉာဏ်ကောင်း ထက်မြက်နေမှာ ပျော်ရွှင်နိုင်တာမလား။ ဒီကလေးတွေရဲ့ အနာဂတ်သာလျှင် ကိုယ့်ရဲ့ဘဝကြီး၊ ကိုယ့်ရဲ့ကမ္ဘာကြီး ပေါ့လေ။ ကလေးတွေကို ဒီလိုပြည့်စုံစေဖို့ဆိုရင် မရှိမဖြစ်လိုအပ်တဲ့ အာဟာရမျိုးစုံကို ရရှိနိုင်မှ ဖြစ်မှာကိုလည်း သိထားပြီးသား မဟုတ်လား။ ဒါပေမယ့် အဲဒီအာဟာရတွေကို မေမေတို့ ဘယ်လောက်ကျွေးကျွေး ကလေးရဲ့အစာခြေစနစ်(အစာအိမ်နဲ့အူလမ်းကြောင်း)က မကျန်းမာရင် ဘယ်လိုမှ မစုပ်ယူနိုင်၊ အသုံးမချနိုင်ပါဘူးနော်။ အစာခြေစနစ်အတွက် အရေးကြီးတဲ့ Prebiotic နဲ့ Probiotic Prebiotic ဆိုတာ စားချလိုက်တဲ့အခါ ချေဖျက်လို့မရတဲ့ အမျှင်ဓာတ်တစ်မျိုး ဖြစ်ပြီး အကျိုးပြုဘက်တီးရီးယား တွေကို အားဖြည့်ပေးတဲ့အတွက် အစာခြေစနစ် ကျန်းမာရေး အတွက် တကယ်ကို ကောင်းပါတယ်။ […]


အခြေခံကျန်းမာရေး

ရောဂါကာကွယ်ခုခံရာမှာ ပရိုတင်း၊ ဗီတာမင်နဲ့သတ္တုဓာတ်တွေရဲ့ အခန်းကဏ္ဍ

နေကောင်းအောင် နေပါ၊ အားရှိတာ စားပါ၊ အားပြည့်အောင် နေပါ ဆိုတဲ့ စကားတွေက လူကို အပေါ်ယံသန်မာကြံ့ခိုင်နေဖို့ကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး။ ရောဂါဘယတွေ ခန္ဓာကိုယ်ထဲ မဝင်ရောက်နိုင်အောင်၊ ဝင်လာခဲ့ရင်တောင် ခန္ဓာကိုယ်က ပြန်ပြီး တိုက်ထုတ်နိုင်အောင် အဓိကကျတဲ့ ကိုယ်ခံအားစနစ်ကို ဂရုစိုက်ဖို့လိုအပ်ပါတယ်။ ကိုယ်ခံအား ကောင်းဖို့ ဘာလုပ်ရမလဲ ခန္ဓာကိုယ်ကျန်းမာဖို့ ကိုယ်လက်လှုပ်ရှားမှုရှိဖို့၊ ဆေးလိပ်နဲ့အရက် ရှောင်ဖို့ တို့လို တခြားအချက်တွေ ရှိနေပေမယ့်လည်း တကယ်တမ်းက ကိုယ်စားတဲ့ အစားအသောက်နဲ့ ရရှိမယ့် အာဟာရက ထိပ်ဆုံးကအရေးပါနေတာ မမေ့လိုက်ပါနဲ့နော်။ အဲဒီအစားအသောက်တွေကနေ တိုက်ရိုက်ရရှိမယ့် အာဟာရဓာတ်တွေကမှ သက်စောင့်ဓာတ်တွေလို ရောဂါကာကွယ်ခုခံနိုင်မယ့် စွမ်းအားတွေ ပေးနိုင်မှာလေ။ ဒီဓာတ်တွေက ကိုယ်ခံအားစနစ်အတွက် ဘယ်လို အခန်းကဏ္ဍကနေ အရေးပါနေလဲဆိုတာ ဥပမာ ပေးပြီး ရှင်းပြပါဦးမယ် - ပရိုတင်း ပရိုတင်းဓာတ်က ခန္ဓာကိုယ်ထဲက တစ်ရှူးတွေ ဖွဲ့စည်းတည်ဆောက်ဖို့နဲ့ ပြန်လည်ပြုပြင်ဖို့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ခန္ဓာကိုယ်မှာ ရေဓာတ်မပြည့်ဝ တဲ့အခါ

ရေဓာတ်မပြည့်ဝ တဲ့အခါ ခန္ဓာကိုယ်မှာ ဘာဖြစ်လာမယ်ထင်လဲ..... တစ်နေ့တာမှာ ကျန်းမာနေစေဖို့ မဖြစ်မနေလုပ်ရမှာက အနည်းဆုံး ရေ ၈ ခွက်သောက်ဖို့ပါ။ ရေအစား အရည်တွေဖြစ်တဲ့ အချိုရည်တွေ၊ လက်ဖက်ရည်၊ ကော်ဖီ၊ ဆိုဒါ နဲ့ ဘီယာလိုမျိုး အရည်တွေကတော့ ရေအစားထိုးသောက်ဖို့ မသင့်တော်ပါဘူး။ ရေငတ်ပြေစေနိုင်ပေမယ့် ခန္ဓာကိုယ်ရဲ့ ရေဓာတ် လိုအပ်ချက်ကိုတော့ မဖြည့်ပေးနိုင်ပါဘူး။ အကြောင်းကတော့ ဒီသောက်စရာတွေမှာ သကြား၊ ဆား၊ ကဖင်း၊ အယ်လ်ကိုဟော စတာတွေ ပါဝင်နေလို့ပါပဲ။ ဒါတွေက ရေဓာတ်မပြည့်ဝစေတဲ့အပြင် ခန္ဓာကိုယ်ထဲက ရေဓာတ်ကိုတောင် ဆုံးရှုံးစေနိုင်ပါသေးတယ်။ ရေငတ်မှ ရေဆာမှ ကိုယ်တွင်းမှာ ရေဓာတ်ခမ်းခြောက်မှုဖြစ်စဉ် စတာမဟုတ်ပါဘူး။ ရေဓာတ်မပြည့်ဝတာ၊ ရေဓာတ်ခမ်းခြောက်တာတွေက မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်တာကြောင့် နေ့ရက်တိုင်းမှာ ကျန်းမာနေစေဖို့ဆိုရင် အကောင်းဆုံးက ရေဓာတ်ပြည့်ဝအောင် […]


အခြေခံကျန်းမာရေး

အတွေ့ရများသော အာဟာရဓာတ်ချို့တဲ့ခြင်းများ

အစားအစာများကနေ ရရှိတဲ့ အာဟာရဓာတ်များဟာ ကျန်းမာရေးကောင်းဖို့အတွက် အထူးအရေးပါပါတယ်။ စားသောက်ပုံမမှန်လို့ အာဟာရဓာတ်ချို့တဲ့လာရင် ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ တွေ့ရများတဲ့ အာဟာရဓာတ်ချို့တဲ့ခြင်း အကြောင်းတွေပါပဲ။ ၁။ သံဓာတ် ချို့တဲ့ခြင်း သံဓာတ်ဟာ မရှိမဖြစ်အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။ သွေးနီဥဆဲလ်ရဲ့ အစိတ်အပိုင်းအတော်များများမှာ ပါဝင်ပြီး အောက်ဆီဂျင်ကို သယ်ယူပို့ဆောင်ပေးပါတယ်။ heme နဲ့ non-heme ဆိုပြီး သံဓာတ်နှစ်မျိုး ရှိပါတယ်။ သံဓာတ်ချို့တဲ့ခြင်းဟာ ကမ္ဘာ့လူဦးရေရဲ့ ၂၅%မှာ တွေ့နေရကြောင်း သိရပါတယ်။ ကလေးများမှာ တွေ့ရများပါတယ်။ ဓမ္မတာလာနေတဲ့ အမျိုးသမီးများနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးများမှာလည်း တွေ့ရပါတယ်။ သက်သတ်လွတ်သမားတွေမှာလည်း တွေ့ရတတ်ပါတယ်။ သံဓာတ်ချို့တဲ့ခဲ့ရင် မောပန်းလွယ်ခြင်း၊ အားနည်းခြင်း၊ ကိုယ်ခံအားနည်းခြင်း၊ ဦးနှောက်လုပ်ငန်း ကျဆင်းခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ သံဓာတ်ချို့တဲ့ရင် အမဲသား၊ ကလီစာ၊ အခွံမာရေသတ္တဝါများ၊၊ ပဲအမျိုးမျိုး၊ အစေ့အဆန်အမျိုးမျိုး၊ အစိမ်းရင့်ရောင် […]


အခြေခံကျန်းမာရေး

သိပ္ပံနည်းကျတွေ့ရှိထားသော ဗီတာမင် B12 ၏ အကျိုးကျေးဇူးများ

ဗီတာမင် B12 ဟာ ကိုယ်ခန္ဓာကနေ မရှိမဖြစ် လိုအပ်တဲ့ဗီတာမင်ပဲ ဖြစ်ပါတယ်။ ကိုယ်ခန္ဓာကနေ မထုတ်လုပ်နိုင်ဘဲ တိရစ္ဆာန်အသားများ စားသုံးရာကနေ ရရှိပါတယ်။ ဗီတာမင် B12 ဟာ အာရုံကြောဆဲလ်တွေ ပုံမှန်လုပ်ငန်းဆောင်ရွက်နိုင်ဖို့၊ ဒီအန်အေဖွဲ့စည်းနိုင်ဖို့ အထောက်အကူပြုပါတယ်။ အရွယ်ရောက်ပြီးသူတွေအတွက် တစ်နေ့တာလိုအပ်ချက်ကတော့ ၂.၄ မိုက်ခရိုဂရမ် ဖြစ်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ ဗီတာမင် B12 ရဲ့ အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။ ၁။ သွေးနီဥဆဲလ်များ ဖွဲ့စည်းနိုင်ရန် ကူညီခြင်း ဗီတာမင် B12 အားနည်းရင် သွေးနီဥဆဲလ်တွေ ကောင်းစွာ ဖွဲ့စည်းနိုင်ခြင်း မရှိပါဘူး။ ပုံမှန်သွေးနီဥဆဲလ်တွေဟာ သေးငယ်ပြီး လုံးဝန်းပေမယ့် ဗီတာမင် B12 ချို့တဲ့ချိန်မှာတော့ ကြီးမားပြီး ဘဲဥပုံ ဖြစ်သွားပါတယ်။ သွေးနီဥဆဲလ်တွေ အရွယ်အစားကြီးပြီး ပုံပျက်သွားတာကြောင့် ရိုးတွင်းခြင်ဆီထဲကနေ သွေးထဲကို ကောင်းကောင်းမရောက်နိုင်ရင် သွေးအားနည်းခြင်း ဖြစ်စေနိုင်ပါတယ်။ […]


အခြေခံကျန်းမာရေး

ဗီတာမင် B12 ဟာ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေသလား

ဗီတာမင် B12 ဟာ ဗီတာမင်ဘီအုပ်စုဝင်ဖြစ်ပြီး လူအများစုဟာ အစားအစာများကနေ ရရှိပါတယ်။ ဗီတာမင် B12 ဟာ သင့် ကိုယ်ခန္ဓာအတွက် မရှိမဖြစ်အရေးပါပေမယ့် များပြားသွားရင်တော့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဗီတာမင် B12 ဟာ ရေမှာပျော်ဝင်နိုင်ပြီး အူလမ်းကြောင်းတလျှောက်ကနေ စုပ်ယူနိုင်ပါတယ်။ စုပ်ယူပြီးချိန်မှာ ဒီအန်အေနဲ့ သွေးနီဥဆဲလ်တွေပြုလုပ်ဖို့ အသုံးပြုပါတယ်။ အသုံးမပြုတော့တဲ့ ဗီတာမင် B12 ကို အသည်းထဲမှာ သိုလှောင်ထားပါတယ်။ ဗီတာမင် B12 ရဲ့ ဘေးထွက်ဆိုးကျိုးတွေက ဘာတွေလဲ အစားအစာအနေနဲ့၊ သောက်ဆေးအနေနဲ့ ရရှိတဲ့ ဗီတာမင် B12 ဟာ များသောအားဖြင့် ဘေးကင်းစိတ်ချရပါတယ်။ ဗီတာမင် B12 ချို့တဲ့ခြင်းအတွက် ကုသတဲ့ ထိုးဆေးတွေကတော့ အောက်ပါ ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ - ဝမ်းပျက်ခြင်း - ယားယံခြင်း - အရေပြားပေါ်အကွက်ထခြင်း - ခေါင်းကိုက်ခြင်း - မူးဝေခြင်း - […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း