အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မုန့်ဖုတ်ဆိုဒါ ကပေးတဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများ

မုန့်ဖုတ်ဆိုဒါလို့ အရပ်ထဲမှာ ခေါ်ဝေါ်ကြတဲ့ ဆိုဒီယမ်ဘိုင်ကာဗွန်နိတ်ကို မုန့်ဖုတ်ရာမှာ ကျယ်ကျယ်ပြန့်ပြန့် သုံးကြတာကို သိကြပြီးဖြစ်ပါလိမ့်မယ်။ မုန့်ဖုတ်ဆိုဒါကို ချက်ပြုတ်ရာတွင်မကပဲ ကျန်းမာရေးနှင့် အိမ်တွင်းနည်းလမ်းများတွင်လည်း သုံးနိုင်ပါသေးတယ်။ အခုဆောင်းပါးမှာတော့ မုန့်ဖုတ်ဆိုဒါကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေးကောင်းကျိူးတွေကို ဖော်ပြပေးလိုက်ပါတယ်။ မုန့်ဖုတ်ဆိုဒါ ကပေးတဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများ မုန့်ဖုတ်ဆိုဒါကပေးတဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများ ကတော့ (၁) ရင်ပူခြင်းကို သက်သာစေပါတယ် အစာအိမ်ထဲမှာရှိရမယ့် အစာခြေအက်စစ်တွေဟာ အစာအိမ်ကနေ လည်ချောင်းအထိ ပြန်ဆန်တက်လာတဲ့အခါ ရင်ပူလာပါတယ်။နာတာရှည်ရင်ပူခြင်းက အစာမျိူချတဲ့ နေရာတွေကိုပါ ထိခိုက်စေပါတယ်။ မုန့်ဖုတ်ဆိုဒါဟာ အစာအိမ်အက်ဆစ်တွေရဲ့ အချဉ်ဓာတ်ကို မျှတအောင် လုပ်ပေးနိုင်တဲ့အတွက် ရင်ပူခြင်းကို အမြန်ဆုံးသက်သာစေပါတယ်။ ရေအေးတစ်ခွက်မှာ မုန့်ဖုတ်ဆိုဒါ လက်ဖက်စားဇွန်းတစ်ဇွန်းစာ ထည့်မွှေပြီး ဖြည်းဖြည်းချင်းသောက်ပေးပါ။ (၂) ခံတွင်း အနံ့အသက် ကောင်းစေပြီး သွားတွေကို ဖြူစေတယ် မုန့်ဖုတ်ဆိုဒါဟာ သွားကျန်းမာရေး အတွက်လည်း အစွမ်းထက်ဆေးတစ်လက် ဖြစ်ပါတယ်။ လေ့လာချက်များအရ မုန့်ဖုတ်ဆိုဒါ ပါဝင်တဲ့ […]


အခြေခံကျန်းမာရေး

ဆေးသောက် တဲ့အခါ လုပ်တတ်တဲ့ အမှားတွေ

ဆေးသောက် တာပဲ ဘာခက်လို့လဲ။ ဒီလိုပဲ ဝယ်ပြီး သောက်လိုက် ပြီးသွားတာပဲကိုလို့ ပြောစရာရှိပါတယ်။ ဒါပေမယ့် တကယ့် လက်တွေ့ ဆရာဝန်တွေ ဆေးကုတဲ့အခါ ဆေးပေးလိုက်တဲ့အခါ ပြန်ကြားရတာတွေက အဆင်ပြေမနေပါဘူး။ အရပ်ထဲမှာ ဆေးနဲ့ပတ်သတ်ပြီး လုပ်နေတာတွေကို တွေ့ရတဲ့အခါမှာလည်း စိတ်မချမ်းသာပါဘူး။ ဆေးသောက်တာနဲ့ ပတ်သတ်ပြီး လူတွေ မှား မှားပြီး လုပ်နေကြတာလေးတွေ ရှိပါတယ်။ ဒါတွေကို တစ်ချက်ကြည့်ကြရအောင်။ ဆေးသောက် တဲ့အခါ လုပ်တတ်တဲ့ အမှားတွေ ဆေးကို ကိုယ့်သဘောနဲ့ကိုယ် ရပ်တာ ဆရာဝန် ညွှန်ထားတဲ့ ဆေးတွေကို ကိုယ့်သဘောနဲ့ကို ရပ်တာ၊ ပြောင်းတာ မလုပ်သင့်ပါဘူး။ အထူးသဖြင့် ပိုးသတ်ဆေးတို့၊ ဆီးချိုဆေးတို့၊ သွေးကျဆေးတို့ပေါ့။ ပိုးသတ်ဆေးဆိုရင်လည်း ဆေးပတ်လည်အောင် သောက်ရမှာပါ။ တစ်ပတ်သောက်ပါဆို တစ်ပတ်မတိုင်ခင် နေကောင်းသွားရင် ရပ်တတ်ကြပါတယ်။ ဒီလို မဟုတ်ပါဘူး။ […]


အခြေခံကျန်းမာရေး

ဆေးသောက် ရမယ်ဆို ဒါတွေ မေးဖြစ်အောင် မေးပါ။

နေမကောင်းလို့ ဆေးသောက် ရမယ်ဆိုရင် ဘယ်လိုလုပ်လေ့ရှိလဲ။ ကိုယ့်ကိုယ်ကို ဆေးစပ်သောက်တာလား၊ ဆေးဝါးကျွမ်းကျင် ပညာရှင်တွေ ရောင်းတဲ့ ဆေးဆိုင်မှာ ပြောပြီး ဝယ်သောက်တာလား၊ ဆရာဝန်ဆီသွားပြပြီး ညွှန်ကြားတဲ့အတိုင်း သောက်တာလား။ သောက်ဆေးတွေကို အမျိုးအစားခွဲကြည့်မယ်ဆိုရင် OTCလို့ ခေါ်တဲ့ ဆရာဝန်ညွှန်ကြားချက်မလိုဘဲ ဝယ်လို့ရတဲ့ ဆေးတွေ (ဥပမာ ခေါင်းကိုက်ပျောက်ဆေးတွေ) ဆရာဝန်ညွှန်ကြားချက်နဲ့ပဲ ဝယ်လို့ရတဲ့ ဆေးတွေ (ဥပမာ ပိုးသတ်ဆေးတွေ ) အားဆေးတွေ စတာတွေဆိုပြီး ရှိပါတယ်။ တခြား နိုင်ငံတွေမှာတော့ ဆရာဝန်ညွှန်ကြားချက်နဲ့မှ သောက်လို့ရတဲ့ ဆေးတွေကို ဒီတိုင်းရောင်းလေ့မရှိပါဘူး။ OTCဆေးတွေ ဆိုရင်လည်း ဆေးဝါးပညာရှင်ကပဲ မေးမြန်းပြီး ကိုက်ညီလောက်မယ့် ဆေးကို ညွှန်ပေးတာပါ။ ဒီတိုင်း ဆေးပေးလို့ရတဲ့ လက္ခဏာမဟုတ်ရင် ဆရာဝန်ဆီသွားဖို့ အကြံပြုလေ့ရှိပါတယ်။ ဥပမာ သွေးတိုးနေလို့ သွေးကျဆေးရောင်းပါဆို သူတို့မရောင်းပါဘူး။ လူနာတစ်ယောက်နဲ့ တစ်ယောက် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Petroleum Jelly အကြောင်း သိသင့်သမျှ

Petroleum jelly ဆိုတာ ရေနံနဲ့ဖယောင်းရောစပ်ထားတဲ့ ပစ္စည်းဖြစ်ပြီး အခဲတစ်ပိုင်း ဂျယ်လီတစ်ပိုင်းလို့ ခေါ်နိုင်တဲ့ ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ လူတချို့က အလှဆီလို့ သတ်မှတ်ထားသလို တချို့ကလည်း ဆေးဝါးအဖြစ် သတ်မှတ်ထားပါတယ်။ ၁၉ ရာစုကတည်းက ရေနံလုပ်သားများက ရေနံတူးစင်တွေမှာ ကပ်ငြိနေတဲ့ petroleum jelly ဖြစ်လာမယ့် အရာတွေကို သတိထားမိခဲ့ကြပါတယ်။ ရေနံလုပ်သားများဟာ ထိုအရာများကို ထိခိုက်ရှနာ၊ အပူလောင်နာ ဒဏ်ရာများကို သက်သာအောင် သုံးစွဲခဲ့ကြပါတယ်။ နောက်ပိုင်းမှာ အလှကုန်နဲ့ဆေးဝါးပစ္စည်းအဖြစ် ထုတ်လုပ်လာပြီး vaseline ဆိုတဲ့ အမည်ဟာ ထင်ရှားပါတယ်။ Petroleum jelly ကို အရေပြားပေါ်က အနာတွေကို ရေစိုမခံအောင် လိမ်းကျံပေးနိုင်ပါတယ်။ အနာများကို ကျက်စေပြီး အစိုဓာတ်ကို ထိန်းသိမ်းပေးပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတာ့ Petroleum jelly ရဲ့ အသုံးဝင်ပုံများ ဖြစ်ပါတယ်။ Petroleum […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ချက် ပိုးဝင်ကူးစက်တာကို သက်သာစေဖို့

ဗိုက်ပေါ်က ချက်က နံမှာစိုးလို့ အနံ့ထွက်မှာ စိုးလို့ဆိုပြီး ချက်ကို သန့်ရှင်းတယ်၊ ချက်ထဲက ချေးတွေကို ကော်ထုတ်ရင်း မတော်တဆ ပိုးဝင်ကူးစက်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ဆေးရုံဆေးခန်း သွားစရာ မလိုဘဲ နေအိမ်မှာပဲ သက်သာအောင် လုပ်လို့ရပါတယ်။ ချက်ပိုးဝင်ကူးစက်နေလား ဘယ်လို သိနိုင်မလဲ........... ချက်ပိုးဝင်ကူးစက်တဲ့အခါ ချက်ထဲက နာမယ် ချက်တဝိုက် ရောင်ရမ်းမယ်၊ အထိမခံနိုင်အောင် နာမယ် ချက်တဝိုက် နွေးနေမယ် ချက်ထဲက ဒါမှမဟုတ် ချက်တဝိုက် ယားနေမယ်၊ စပ်ဖျဉ်းဖျဉ်း ဖြစ်နေမယ် ချက်ထဲကနေ ပြည်ထွက်မယ် ချက်ကနေ အနံ့ဆိုး ထွက်မယ် မအီမသာ ဖြစ်မယ် မူးဝေမယ် ချက်ကနေ သွေးထွက်မယ် စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ ချက်ပိုးဝင်ကူးစက်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံး အချို့ ချက်ပိုးဝင်ကူးစက်တဲ့အခါ သက်သာစေဖို့ ဒီ အိမ်တွင်းကုထုံးလေးတွေကို အသုံးပြုပေးလို့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ရာသီဥတုဖောက်ပြန်မှုဟာ သင့်ကို ထိခိုက်လာနိုင်တယ်ဆိုတာ တကယ်များလား

ရာသီဥတုဖောက်ပြန်မှုဟာ ကမ္ဘာကြီးကိုပဲ ထိခိုက်နိုင်တာမဟုတ်ပါဘူး။ လူသားတွေအပေါ်ကိုလည်း ဆိုးရွားစွာ ထိခိုက်နိုင်ပါတယ်။ အကျိုးသက်ရောက်မှုတွေဟာ အသက်အရွယ်အပိုင်းအခြား၊ ကျား/မ နဲ့ ကမ္ဘာ့နေရာဒေသတွေအပေါ် မူတည်ပြီး ကွဲပြားမှုတော့ ရှိနိုင်ပါတယ်။ ကမ္ဘာကြီး ပူနွေးလာပြီး ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတာနဲ့အမျှ လူသားတွေရဲ့ ကျန်းမာရေးဟာလည်း နည်းအမျိုးမျိုး နဲ့ ထိခိုက်လာပါတယ်။ ဆင်းရဲတဲ့ နိုင်ငံတွေမှာ ပိုလို့တောင်ထိခိုက်မှုများနိုင်ပါတယ်။ (၁)      ရိုးရိုးရှင်းရှင်း ဥပမာတစ်ခုကိုပဲစဉ်းစားကြည့်ကြပါစို့။ အပူချိန်လွန်ကဲလာတဲ့အခါ လျှပ်စစ်မီး ပြတ်တောက်မှုတွေ ဖြစ်လာပါတယ်။ လျှပ်စစ်မီးပြတ်တောက်ခြင်းဟာ ဆေးရုံတွေအတွက် အတော်လေး အထိနာတဲ့ ကိစ္စကြီးတစ်ရပ်ပါ။ လျှပ်စစ်မီးပြတ်တောက်နေစဉ်မှာ ခွဲစိတ်မှုတွေ၊ လူနာသယ်ယူမှုတွေ၊ လူနာတွေကိုစမ်းသပ်စစ်ဆေးမှုတွေ (ဥပမာ ဓာတ်မှန်ရိုက်ခြင်း၊ အာထရာဆောင်းရိုက်ခြင်း) စတာတွေကို ပြုလုပ်နိုင်ဖို့ ဘယ်လိုမှမလွယ်ကူလှပါဘူး။ လူနာတွေအတွက် တော်တော်လေးအဆင်မပြေနိုင်တဲ့ကိစ္စပါ။ (၂)      သစ်သီးဝလံရှားပါးမှုဟာ အာဟာရချို့တဲ့မှုကို ဦးတည်နိုင်ပါတယ်။ ကုန်ဈေးနှုန်းကို မြင့်တက်စေနိုင်ပြီး လူတွေကို […]


အခြေခံကျန်းမာရေး

အိမ်မှာထုတ်ထား စည်းကမ်းကောင်းလေးများ

သင်ဟာ မိဘတစ်ယောက်ဖြစ်နေပြီဆိုရင် သင့်သားလေး၊ သမီးလေးတွေကို အကောင်းဆုံးပြုစု ပျိုးထောင်ဖို့ လိုအပ်ပါတယ်။ အကောင်းဆုံးလည်း ဖြစ်စေချင်မှာပါပဲ။ အထူးသဖြင့် အိမ်ရှင်မ တစ်ယောက် ဖြစ်နေပြီဆိုရင်တော့ သင့်အိမ်မှာရှိတဲ့သူတွေ အထူးသဖြင့် ကလေးတွေရဲ့ အပြုအမူအပေါ်မှာ မျှော်လင့်ထားတာမျိုး ရှိမှာပါ။ အိမ်တွင်းစည်းကမ်းထုတ်လိုက်ခြင်းကြောင့် သင့်ကလေးအတွက်ရော၊ သင့်အတွက်ပါ ပိုအဆင်ပြေသွားစေနိုင်ပါတယ်။ စည်းကမ်းများ သတ်မှတ်လိုက်ခြင်းကြောင့် သင့်ကလေးအနေနဲ့ အန္တရာယ်ကင်း လုံခြုံသွားပါလိမ့်မယ်။ ဒါတင်မကသေးပါဘူး။ အိမ်တွင်းစည်းကမ်းထုတ်ခြင်းဖြင့် သင့်ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ ကောင်းမွန်စွာ ဖွံ့ဖြိုးလာနိုင်ပါတယ်။ အိမ်တွင်းစည်းကမ်းမထုတ်ခင် ဒါတွေကိုတော့ အရင်စဉ်းစားပါ။ စည်းကမ်းတွေအကုန်လုံးကို အိမ်သားအကုန်လုံးက လိုက်နာဖို့ လိုအပ်ပါလိမ့်မယ်။ ဥပမာ ည(၉)နာရီ အိမ်ရာဝင်ရမည်လို့ စည်းကမ်းထုတ်ထားပါက သင်ကိုယ်တိုင်လည်း (၉)နာရီအိပ်ပါ။ သင်ကိုယ်တိုင် မလိုက်နာနိုင်ရင်တော့ အဲ့ဒီအချက်ကို မထည့်သွင်းပါနဲ့။ တစ်အိမ်နဲ့တစ်အိမ်တော့ စည်းကမ်းတွေက တူမှာမဟုတ်ပါဘူး။ ရှုပ်ထွေးပြီး နားမလည်နိုင်တဲ့ စည်းကမ်းများကို မထုတ်ပါနဲ့။ […]


အခြေခံကျန်းမာရေး

အရာဝတ္ထုတွေကို ထိကိုင်မိရင် ကျဉ်ခနဲ ခံစားရတာ ဘာကြောင့်လဲ

သတ္ထုပြားတွေ၊ စက်လှေခါး လက်ကိုင်တန်းတွေ၊ သတ္ထုတန်းတွေ၊မော်တော်ယာဉ်၊  ကိုယ်ထည်တွေ၊ ရေကူးကန် လက်ကိုင်တန်းတွေ၊ လက်ကိုင်ဘုတွေကို ကိုင်တွယ်ရင်း ဓာတ်လိုက်သလို ကျဉ်ခနဲ ခံစားဖူးပါသလား။ တကယ်လို့ အဲ့ဒီလို ကြုံခဲ့မယ်ဆိုရင် ဒီလိုဖြစ်စေတဲ့ အဓိက လက်သည်ဟာ တည်ငြိမ်လျှပ်စစ်ရဲ့ သက်ရောက်မှုကြောင့် (Effects of Static Electricity) ဆိုတာ သိထားဖို့လိုအပ်ပါတယ်။ Static Shock ဟာ Electric Shock အမျိုးအစားတွေထဲက အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ Static Shocks ဟာ စိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စတစ်ခုသာ ဖြစ်ပါတယ်။ အကြမ်းဖျဉ်းအားဖြင့်တော့ ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တဲ့ ပြဿနာမျိုး မဟုတ်ပါဘူး။ လျှပ်စစ်လှိုင်းတွေ ခုန်ကူးမှုကြောင့် ဖြစ်ပေါ်လာတဲ့ သဘာဝအလျောက် ဓာတ်လိုက်မှု အသေးစား တစ်မျိုးပါ။ ဒါပေမယ့် ဘာမှမဖြစ်နိုင်ဘူးဆိုပြီး ပေါ့လျော့လို့တော့ မရပါဘူး။ တစ်ခါတစ်ရံ ပြင်းထန်တဲ့အခါမျိုးမှာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကျန်းမာရေးအသိပညာ ကြွယ်ဝသူတစ်ယောက် ဖြစ်လာဖို့

မိမိပတ်ဝန်းကျင်ကို ကျန်းမာရေးဗဟုသုတ ပြည့်ဝနေစေချင်ပါသလား။ ပထမဆုံးအနေနဲ့ သင်ကိုယ်တိုင်က ကျန်းမာရေးဗဟုသုတနဲ့ ပြည့်ဝနေဖို့ လိုအပ်ပါလိမ့်မယ်။ ဆေးတက္ကသိုလ်၊ သူနာပြုတက္ကသိုလ်၊ ဆေးဝါးကျွမ်းကျင်တက္ကသိုလ် ဒါမှမဟုတ်  အခြေခံကျန်းမာရေးတက္ကသိုလ်စတဲ့ ဆေးပညာနဲ့ နှီးနွယ် တဲ့ တက္ကသိုလ်တစ်ခုခုကနေ ပညာသင်ကြားခဲ့ဖူးသူ တစ်ယောက် ဖြစ်စရာမလိုအပ်ပါဘူး။ အထက်ပါ တက္ကသိုလ်တွေကနေ ပညာသင်ကြားခဲ့ဖူးသူ တစ်ယောက်မဟုတ်ပါဘဲနဲ့ မှန်ကန်တဲ့ကျန်းမာရေး အသိပညာတွေနဲ့ ကြွယ်ဝနေသူတစ်ယောက် ဖြစ်နိုင်ပါသေးတယ်။ ဒီတော့ ကျန်းမာရေး အသိပညာကို ပြည်သူလူထုတစ်ယောက်အနေနဲ့ ပြည့်ဝအောင် ဘယ်လို လုပ်နိုင်မလဲ။ (၁)     Hello ဆရာဝန် ဝက်ဘ်ဆိုက်လိုမျိုး ကျန်းမာရေးဆောင်းပါးတွေ တင်ပေးနေတဲ့ လူမှုကွန်ယက် စာမျက်နှာတွေကို ရွေးချယ်ဖတ်ရှုပါ။  Hello ဆရာဝန် တစ်ခုတည်းကို ဆိုလိုခြင်းမဟုတ်ပါဘူး။ ယုံကြည်ရနိုင်ပြီး မှန်ကန်တဲ့ ဗဟုသုတတွေ တင်ပေးနေတဲ့ ဘယ်လိုစာမျက်နှာမဆို ဖတ်ရှုနိုင်ပါတယ်။ ဖတ်ရှုခြင်းအားဖြင့် ကျန်းမာရေးပြဿနာ အမျိုးအစားအများကြီးကို သိရှိနားလည်နိုင်သွားမှာပါ။ […]


အခြေခံကျန်းမာရေး

အိမ်တွင်းအပင်လေး တွေရဲ့ ကောင်းကျိုးများ

ခုတလော အပြင်လည်း သိပ်မထွက်ဖြစ်ဘူး၊ အလုပ်လုပ်တာတောင်  Work from homeဆိုတော့ နည်းနည်းတော့ ပျင်းဖို့ကောင်းမှာပါ။ ပတ်ဝန်းကျင်နဲ့လည်း အရင်လို ထိတွေ့မှု မရှိဘူးလေ။ ဒီလိုကာလမှာ ဝါသနာအသစ်လေး တစ်ခုလောက် အကြံပြုချင်ပါတယ်။ ဒါကတော့ indoor  plant အိမ်တွင်းအပင်လေး တွေ စိုက်တာပါ။ အပင်စိုက်တယ်ဆိုတာ အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးသလိုပါပဲ။ ပုံမှန် ဂရုစိုက်ရတာပါ။ ခုခေတ်မှာ အရင်လို မြေနေရာ ကျယ်ကျယ်ရှိမှ အပင်စိုက်လို့ရတာ မဟုတ်ပါဘူး။ တိုက်ခန်းနဲ့ နေတဲ့သူတွေဆိုရင်လည်း အိုးသေးသေးလေးတွေနဲ့ တစ်နိုင်တစ်ပိုင် စိုက်လို့ရနေပါပြီ။ ကရိကထလည်း မများ၊ မျက်စိပတာဒလည်း ဖြစ်တဲ့ အိမ်တွင်းအပင်လေးတွေက ကိုယ့်ကို ကျန်းမာရေးအရ ဘာကောင်းကျိုးလေးတွေ ပေးနေလဲဆိုတာ ကြည့်ကြည့်ရအောင်။ အိမ်တွင်းအပင်လေး တွေရဲ့ ကျန်းမာရေးကောင်းကျိုး    ဓာတ်မတည့်မှုတွေကို သက်သာစေတယ်။ ပညာရှင်တွေက အပင်လေးတွေရှိနေတဲ့အခန်းက […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း