အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မူးပြီး မှားတာလား? မှားပြီး မူးတာလား?

ငယ်ငယ်က မြန်မာဗီဒီယိုဇာတ်ကားတွေ ကြည့်ကြလေ့ကြည့်ထရှိတဲ့သူတွေဆိုသိနိုင်မယ့် ကိစ္စတစ်ခုရှိတယ်။ ဇာတ်လမ်းထဲမှာ မင်းသားက အမူးလွန်ပြီး မင်းသမီးရဲ့ဘဝကို အတင်းကာရော ဆွတ်ချူယူလိုက်မိတယ်ပေါ့။ မနက်မိုးလင်းတော့မှ ပြောမယ်၊ “မူးပြီး မှားမိပါတယ်၊ တာဝန်ယူပါမယ်” ဘာညာပေါ့။ ဒီလိုဇာတ်ကွက်မျိုးကို မြန်မာဇာတ်ကားအချို့မှာ မြင်ဖူးကြမယ်ထင်ပါတယ်။ တကယ်တမ်း အရွယ်တစ်ခုရောက်လာတဲ့ လူငယ်တိုင်း သိချင်ကြတဲ့အချက်က အရက်ကို မူးနေအောင်သောက်ထားတဲ့ လူတစ်ယောက်ဟာ မိန်းမတစ်ယောက်နဲ့ စိတ်ဆန္ဒပြင်းပြင်း လိင်မှုကိစ္စလုပ်နိုင်ပါ့မလားပေါ့။ အလွန်တရာ အရက်မူးနေတဲ့လူတစ်ယောက်ဟာ လမ်းတောင်ကောင်းကောင်းလျှောက်နိုင်ချင်မှ လျှောက်နိုင်မှာလေနော်။ ဒါပေမယ့် ဒီလိုကိစ္စမျိုးတွေဖြစ်နိုင်မဖြစ်နိုင်ဆိုတာကို အချက်အလက်တွေကို အခြေခံပြီး သိပ္ပံနည်းကျလေ့လာကြည့်ရအောင်လားဗျာ။ အရက်၊ လိင်နဲ့ မေးခွန်းပေါင်းများစွာ ခေတ်ဟောင်းစာပေကြီးတွေကနေစလို့ ၂၁ ရာစု ပေါ့ဂီတတွေအထိ အရက်ဟာ အချစ်စိတ်ကို နှိုးဆွနိုင်တယ်၊ ဆက်စပ်တယ်ဆိုတဲ့ ညွှန်းဆိုမှုတွေ ကြီးစိုးလို့နေခဲ့ပါတယ်။ အရက်ဟာ လူသားတွေရဲ့ လိင်စိတ်ကို နှိုးဆွပေးတယ်၊ လိင်ကိစ္စအတွက် အဆင်သင့်ဖြစ်စေတယ်၊ တက်ကြွနိုးထစေတယ်ဆိုတာမျိုးပေါ့။ အယ်လ်ကိုဟောဓာတ်ပါဝင်နေတဲ့ အမျိုးစုံသော […]


အခြေခံကျန်းမာရေး

လက်သည်းကိုက်ခြင်းရဲ့ နောက်ဆက်တွဲ

လူတော်တော်များများမှာ စိတ်ဖိစီးတဲ့အချိန် ဒါမှမဟုတ် အကြံကုန်ဂဠုန်ဆားချက် ကြရင် ခဲတံကိုက်တာတို့၊ ဆေးလိပ်သောက်တာတို့၊ နှုတ်ခမ်းကိုက်တာတို့ကို သတိမမူမိဘဲ ပြုလုပ်မိလေ့ရှိကြပါတယ်။ တစ်‌ယောက်နဲ့တစ်ယောက် အလေ့အကျင့် မတူကြပေမဲ့ တော်တော်များများကတော့ လက်သည်းကိုက်တတ် ကြပါတယ်။ ဒီအကျင့်ကတော့ ပုံမှန်အတိုင်းဆို ဘာမှထွေထွေထူးထူးမဟုတ်ပေမဲ့ တကယ်တမ်းကြတော့ လူတွေရဲ့ကျန်းမာရေးအတွက် များစွာစိုးရိမ်စရာကောင်းပါတယ်။ ပိုး၀င်ခြင်း/ လက်စွယ်ငုပ်ခြင်း ပထမဆုံးကတော့ ကိုယ့်မှာရှိတဲ့ပိုး ကိုယ်ပြန်ကူးစက်ခြင်းပဲဖြစ်ပါတယ်။ လက်သည်းကို ကိုက်တဲ့အခါ လည်သည်းအောက်မှာရှိတဲ့ အသားနုလေးနဲ့ ပါးစပ်ထဲမှာရှိတဲ့ မြောက်များစွာသောပိုးတွေ ထိတွေ့တဲ့အခါ ‌ရောင်ရမ်းတာတို့ ပြည်တည်နာတို့ ဖြစ်ပေါ်စေပါတယ်။ အဲ့ဒါကို တစ်နည်းအားဖြင့် လည်စွယ်ငုတ်တယ် လို့လည်းခေါ်ကြပါတယ်။ လည်စွယ်ငုတ်တာကများသောအားဖြင့် လက်သည်းအောက်ခြေမှာရှိတဲ့ နူးညံ့တဲ့ ‌အရေပြားနေရာလေးကို ပိုး၀င်ခြင်းကြောင့်ဖြစ်ပါတယ်။ ဖျားနာခြင်း လူတွေရဲ့လက်က အညစ်ကြေးပေါင်းစုံကိုင်တွယ်ပြီး ပိုးပေါင်းစုံနဲ့ ထိတွေ့နေရပါတယ်။ ၎င်းပိုးတွေက လည်သည်းအောက်မှာခိုအောင်းနေတတ်ကြပါတယ်။ ပါးစပ်ထဲကပိုးက လက်ကို ကူးတာထက် လက်မှာရှိတဲ့ပိုးက ပါးစပ်ထဲ၀င်သွားတာက ပိုဆိုးစေပါတယ်။ […]


အခြေခံကျန်းမာရေး

ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်အရ ကြိုက်နှစ်သက်တဲ့အရသာတွေ အမြဲတမ်းပြောင်းလဲနေတတ်တယ်ဆိုတာ

လူတွေဟာ တစ်ယောက်နဲ့တစ်ယောက်၊ လူမျိုးတစ်မျိုးနဲ့တစ်မျိုး ကြိုက်နှစ်သက်တဲ့ အစားအစာတွေ မတူကြတာသဘာဝပါပဲ။ အနောက်တိုင်းလူမျိုး‌တွေဟာ အဆီအဆိမ့် အစားများပြီး အရှေ့တိုင်းလူမျိုးတွေဟာ ချဉ်ငံစပ် အရသာတွေကို ပိုခံတွင်းတွေ့တတ်ကြပါတယ်။ ဒါပေမယ့် အဲဒီမှာမှ လူတစ်ယောက်ထဲမှာတောင် အချိန် ရာသီဥတုတို့အပေါ် မူတည်ပြီး ခံတွင်းတွေ့တဲ့စားစရာ‌တွေ အလိုက်သင့်‌ပြောင်းလဲ‌နေတတ်ပါ‌ေသးတယ်။ ဥပမာ - ချမ်းအေးတဲ့အချိန်မှာဆို ပူပူစပ်စပ်လေးတွေကို ပိုခံတွင်းတွေ့ကြတာမျိုးပေါ့။ ဒီမှာပြောပြပေးသွားမှာကတော့ အချိန် ရာသီဥတုတွေကြောင့် မဟုတ်ဘဲ ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်အရ‌သော်လည်း‌ကောင်း ဟော်မုန်းပြောင်းလဲမှုကြောင့်သော်လည်းကောင်း ကြိုက်နှစ်သက်တဲ့ အရသာ ရုတ်တရက် ပြောင်းလဲသွားတတ်တယ်ဆိုတာပါပဲ။ သွေးကတောင့်တတယ်တို့ ၊ချဉ်ခြင်းတက်တယ်တို့လည်း ကျွန်မတို့ ပြောလေ့ရှိကြပါတယ်။ ရုတ်တရက် အဲ့ဒီအရသာကိုမှ စားချင်လာတယ်ဆို‌တာမျိုးပေါ့။ ဒီဆောင်းပါးမှာတော့ လက်လှမ်းမီသလောက် လေ့လာချက်တွေရဲ့ ဖော်ပြချက်တွေကို မှီငြမ်းပြီး အဓိက ချို၊ ချဉ်၊ ငန်၊ ခါး၊ ဖန် ဆိုတဲ့ […]


အခြေခံကျန်းမာရေး

နေရောင်ခြည်၏ အကျိုးကျေးဇူးများ

နေရောင်ခြည်နှင့် ဆီရိုတိုနင် နေရောင်ခြည်ဟာ အရေပြားကို ထိခိုက်စေတယ်လို့ အကြိမ်ကြိမ် ကြားဖူးခဲ့ကြပါတယ်။ ဒါပေမယ့် ဘယ်နေရာမှာမဆို အကျိုးအပြစ်ရှိသလို နေရောင်ခြည်ကြောင့် ရနိုင်တဲ့ အကျိုးကျေးဇူးတွေလည်း ရှိပါသေးတယ်။ နေရာင်ခြည်ရော အမှောင်ထုပါ ဦးနှောက်ကနေ ဟော်မုန်းတွေကို ထွက်လာဖို့ နှိုးဆွပေးပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့ချိန်မှာ ဦးနှောက်ကနေ ဆီရိုတိုနင်ဟော်မုန်းကို ထွက်လာစေပါတယ်။ ဆီရိုတိုနင်ဟာ စိတ်အခြေအနေကို တည်ငြိမ်ကောင်းမွန်စေပြီး အာရုံစူးစိုက်မှု ကောင်းစေပါတယ်။ ညဖက်အမှောင်မှာတော့ ဦးနှောက်ကနေ မယ်လတိုနင်ဟော်မုန်းကို ထွက်လာစေပါတယ်။ ဒီဟော်မုန်းဟာ သင့်ကို အိပ်ပျော်စေပါတယ်။ နေရောင်ကောင်းကောင်းမရရင် ဆီရိုတိုနင်ဟော်မုန်း ကျဆင်းနိုင်ပါတယ်။ ဆီရိုတိုနင်ကျလာခြင်းဟာ ရာသီဥတုပေါ် မူတည်ပြီးဖြစ်တတ်တဲ့ စိတ်ဓာတ်ကျခြင်းနဲ့ ဆက်စပ်နေပါတယ်။ အထူးသဖြင့် ထိုင်းမှိုင်းပြီး နေရောင်မမြင်ရတဲ့ ရာသီတွေမှာ ဖြစ်တတ်ပါတယ်။ တကယ်တော့ နေရောင်ခြည်ဟာ စိတ်ကိုမြှင့်တင်ပေးနိုင်ရုံတင် မကပါဘူး။ အတော်တသင့်ပြင်းအားပဲရှိတဲ့ နေရောင်ခြည်ဟာ ကျန်းမာရေးနဲ့ပတ်သက်ပြီး အကျိုးကျေးဇူးများစွာ ရရှိစေပါတယ်။ နေရောင်ခြည်ထိတွေ့မှုလျော့နည်းခြင်းဟာ […]


အခြေခံကျန်းမာရေး

ပြန်လည်ကျန်းမာသန်စွမ်းမှုအပေါ် သက်ရောက်နေတဲ့ အချက်အချို့

နေမကောင်းဖြစ်တယ်။ ထိခိုက်မှု တစ်ခုခု ဖြစ်တယ်။ ရောဂါတစ်ခုခုခံစားရတယ် ဆိုတဲ့ နာမကျန်းမှုပြီးရင် ပြန်လည်နလန်ထူတယ်ဆိုတဲ့အဆင့်ကို ကျော်ဖြတ်ရစမြဲပါ။ ဒီအဆင့်က လူတစ်​ယောက်နဲ့တစ်ယောက် အချိန်ယူရပုံချင်း မတူကြပါဘူး။ ဒီတော့ ပြန်လည် နလန်ထူချိန်တိုတိုနဲ့ အမြန်ဆုံး ပြန်လည်ကျန်းမာစေဖို့ ဘယ်အချက်တွေကို သိထားဖို့လိုမလဲဆိုတာပြောပြမယ်နော်။ ပြန်လည်ကျန်းမာသန်စွမ်းမှုအပေါ် သက်ရောက်နေတဲ့ အချက်အချို့ ရောဂါတစ်ခုခုကနေ အမြန်ဆုံးနဲ့ အပြည့်အဝပြန်လည် ဖွံ့ဖြိုးလာစေဖို့ဆိုရင် ဒီအချက်လေးကို ဂရုစိုက်ရပါမယ်။ အာဟာရပြည့်ဝအောင် စားပါ ခန္ဓာကိုယ် ကျန်းမာဖို့ အရေးအကြီးအဆုံးက အာဟာရပြည့်ဝဖို့ပါ။ ဒါကြောင့် နေကောင်းခါစမှာ ပရိုတင်း၊ ဗီတာမင် နဲ့ သတ္တုဓာတ်တို့ ပြည့်ဝအောင် စားသုံးပါ။ ကြက်စွပ်ပြုတ်၊ ဆန်ပြုတ်၊ မြူစွမ်ပြုတ် တို့ကို စားပေးပါ။ တစ်နေ့ကို ၃ ကြိမ် သေချာလေး စားပေးရပါမယ်။ စိတ်ဖိစီးမှုကို ဖြေလျော့ပါ စိတ်ဖိစီးမှု များတာကလည်း ပြန်လည်ကျန်းမာလာမှုကို နှောင့်နှေးစေနိုင်ပါတယ်။ ဒါကြောင့် နေကောင်းကာစ […]


အခြေခံကျန်းမာရေး

ကျီးကန်းပါးစပ် ကို ဘယ်လိုကုမလဲ။

ကျီးကန်းပါးစပ် ဆိုတာ လူတော်တော်များများ ဖြစ်ဖူးကြမှာပါ။ နှုတ်ခမ်းထောင့်မှာ နီရဲနေပြီး ပါးစပ် ဟမရ ပြုမရနဲ့ တော်တော် ကသိကအောက်နိုင်တဲ့ ရောဂါပါ။ ပါးစပ်လည်း ကောင်းကောင်း မစေ့နိုင်ဘဲ ဟတတလေး ဖြစ်နေလို့ ကျီးကန်းပါးစပ်လို့ ခေါ်တာပါ။ ဆေးပညာအရတော့ angular cheilitis ဒါမှမဟုတ် angular stomatitis လို့ ခေါ်ပါတယ်။ တစ်ဖက်တည်း ဖြစ်နိုင်သလို တစ်ခါတည်း နှစ်ဖက်လုံး တစ်ပြိုင်တည်း ဖြစ်နိုင်ပါတယ်။ ကလေးပေါက်စက စလို့ လူကြီးအထိ ဖြစ်နိုင်ပါတယ်။ တစ်ခါဖြစ်ရင် ရက်အနည်းငယ်ကနေ ဒီထက်လည်း ပိုကြာတတ်ပါတယ်။ ကျီးကန်းပါးစပ် အပြင် ဘာလက္ခဏာတွေ ပြနိုင်သေးလဲ။ ကျီးကန်းပါးစပ်က နှုတ်ခမ်းထောင့်မှာ နီရဲပြီး ရောင်ရမ်းနေတဲ့ အတွက် သိသာပါတယ်။ ရောင်တာအပြင် သွေးထွက်တာ နှုတ်ခမ်းကွဲတာ အရည်ကြည်ဖုထွက်တာ နှုတ်ခမ်း ခြောက်ပြီးကွာတာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ပလတ်စတစ်ဟာ ဘာ‌ကြောင့် အန္တရာယ်ရှိတာလဲ

ပလတ်စတစ်တွေရဲ့ သက်တမ်းဟာ အလွန်ကြာရှည်ပါတယ်။    ။ လူသားတွေသုံးစွဲနေကြတဲ့ ပလတ်စတစ်တွေ ပျက်စီးဖို့ နှစ်ပေါင်းများစွာကြာပါတယ်။ (၃၃) ရာခိုင်နှုန်းသော ပလတ်စတစ်အသုံးအဆောင်တွေ (ဥပမာ-ရေသန့်ဘူး၊ ပလတ်စတစ်အိတ်နဲ့ ပိုက် စတဲ့ အရာတွေ)ကို တစ်ခါသုံးပြီးတာနဲ့ လွှင့်ပစ်လိုက်ကြပါတယ်။ ပလတ်စတစ်ဟာ သဘာဝအတိုင်း ပျက်စီးဖို့ရန် အလွန့်အလွန်ကြာပါတယ်။ ပြိုကွဲပျက်စီးခဲ့သည့်တိုင် ပလတ်စတစ်ဒြပ်ပေါင်း အပိုင်းအစလေးတွေအဖြစ် ကျန်ရှိနေဦးမှာပါ။ လူတွေရဲ့ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။    ။ ပလတ်စတစ်အသုံးအဆောင်တွေက နေထွက်လာတဲ့ အဆိပ်အတောက်ဓာတုပစ္စည်းတွေကိုလူတွေရဲ့ သွေးကြောနဲ့ တစ်ရှူးတွေမှာ စမ်းသပ်တွေ့ရှိနိုင်ပါတယ်။ ပလတ်စတစ်ရေသန့်ဘူးတွေ၊ ပလတ်စတစ်အိတ်တွေနဲ့ ပူလောင်နေတဲ့ စားစရာတွေကို သယ်ဆောင်တဲ့ အခါမှာ ပလတ်စတစ်က စိမ့်ထွက်လာတဲ့ဓာတုပစ္စည်းတွေဟာ လူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာပါတယ်။ ဒီလိုအဆိပ်အတောက်တွေကြောင့် ကင်ဆာရောဂါ၊ မွေးရာပါချို့တဲ့မှုတွေ၊ ကိုယ်လက်အင်္ဂါမစုံမှုတွေ၊ ကိုယ်ခံအားကျဆင်းမှုတွေ၊ ဟော်မုန်းဆိုင်ရာပျက်စီးမှုတွေနဲ့ အစာလမ်းကြောင်းတလျှောက် ပျက်စီးမှုတွေ ဖြစ်လာနိုင်ပါတယ်။ ရေအောက်ရေအရင်းအမြစ်ကိုပျက်စီးစေပါတယ်။     ။ မြောင်းတွေကတစ်ဆင့် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ပြင်းထန်ဆိုးရွားတဲ့ ရောဂါပိုးတွေရန်ကနေ ကာကွယ်ပေးနိုင်မယ့် အကောင်းဆုံးနည်းလမ်း

ရောဂါပိုးတွေ ရန်ကနေ ဘယ်လိုကာကွယ်မလဲ? ဒီမေးခွန်းကို လူတိုင်း ဖြေတတ်မှာပဲပေါ့။ ကိုယ်ခံအား ကောင်းအောင် နေပါလို့လေ။ဒါပေမယ့် အဲဒီ ကိုယ်ခံအားကောင်းအောင် ဘာလုပ်ရမှာလဲ ရော သေချာသိကြပြီးပြီလား။ ကိုယ်ခံအားကောင်းစေဖို့ ဂရုစိုက်ပေးရမယ့် အချက်တွေ ရှိနေပါတယ်နော်။ ဒါတွေကို မမေ့မလျော့ ထိန်းသိမ်းမှသာ ကိုယ်ခံအားစနစ် ကျန်းမာပြီး ရောဂါပိုးတွေကို ခုခံနိုင်မှာပါ။ ဘယ်အချက်တွေလဲ ဆိုတာ ဆက်ပြီး ကြည့်ရအောင်… (၁) လက်ကို စင်ကြယ်အောင် ဆေးပါ။ လက်ကို ရေဆွတ်ရုံဆေးတာမျိုး မဟုတ်ဘဲ ဆပ်ပြာနဲ့ သေချာသန့်စင်ပြီး ဆေးကြောသင့်ပါတယ်။ လက်ကို လက်ဖဝါးအပြင် လက်ချောင်းကြား၊ လက်သည်း၊ လက်ဖနောင့်၊ လက်ကောက်ဝတ်အထိ ဆပ်ပြာနဲ့ စက္ကန့် ၂၀ လောက်ကြာအောင် သေချာပွတ်တိုက်ပြီး ဆေးကြောပါ။ ဒါမှမဟုတ် လက်သန့်ဆေးရည်နဲ့ အထက်ပါအတိုင်း ပွတ်သပ်သန့်စင်ပါ။ အစာမစားခင်၊ အစားအသောက်တွေကို မကိုင်တွယ်ခင် လက်ဆေးပါ။ အိမ်သာက ထွက်ရင် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သေဆုံးပြီးနောက်မိမိ၏ခန္ဓာကိုယ် အစိတ်အပိုင်း များအားလှူဒါန်းခြင်း

သင်သေသွားပြီးတဲ့အခါမှာ သင့်အတွက် အသုံးမဝင်တော့မယ့် ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေက အခြားအသက်ပေါင်းများစွာနဲ့ ဘဝတွေကို အကျိုးပြုနိုင်တယ်ဆိုတာ သိပါသလား။ အဲ့ဒါကြောင့် သင့်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း တွေကို လိုအပ်တဲ့ သူတွေဆီကို လှူဒါန်းခြင်းက အရမ်းကို အကျိုးရှိပြီး မွန်မြတ်တဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုလှူဒါန်းမှူမျိုးနဲ့ ပတ်သတ်ပြီး တစ်ချို့ သိချင်တာလေးတွေ ရှိနေတဲ့အခါ၊ ဘယ်လိုတွေဆောင်ရွက်တယ် ဆိုတာမျိုးကို အကျွမ်းတဝင်မရှိတဲ့အခါ လှူဖို့ နှောင့်နှေးနေကြတာလေးတွေ ရှိကြပါတယ်။ ဒါ့ကြောင့်လည်း ကျွန်မ ဒီဆောင်ပါးလေးကိုရေးဖို့ စဉ်းစားမိတာပါ။ ဒါ့အပြင် ဒီသေဆုံးပြီးခန္ဓာကိုယ်လှူဒါန်းခြင်းက ဘယ်လိုတွေအကျိုးပြုနိုင်တယ်ဆိုတာလေးကို ပိုပြီး လေးလေးနက်နက် သတိထားမိအောင်လည်း ရည်ရွယ်ပါတယ်။ (၁) ပထမဦးဆုံးအနေနဲ့ ဘယ်အစိတ်အပိုင်းတွေကို လှူလို့ရလဲပေါ့။ ခန္ဓာကိုယ်တစ်ခုလုံး (သို့) ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းမဆို ဥပမာ- ကိုယ်တွင်းကလီစာ ( နှလုံး၊ ကျောက်ကပ်၊ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အားလပ်ရက်ရှည် ကာလအတွင်း ဘယ်လိုနေမလဲ

အားလပ်ရက်ရှည် ကြုံလာရင် ဘာတွေလုပ်ရမလဲ စဉ်းစားပြီး စီစဉ်ရတာဟာ အချိန်ပေးသင့်တဲ့ ကိစ္စပဲဖြစ်ပါတယ်။ ခရီးသွားခြင်း၊ စာဖတ်ခြင်း၊ အပင်စိုက်ခြင်း စသဖြင့် မိမိအားသန်ရာအလိုက် လုပ်ကိုင်ချင်တာတွေကို အစီအစဉ်ဆွဲထားသင့်ပါတယ်။ အကြောင်းကတော့ မိမိကျင်လည်ရာ လုပ်ငန်းခွင်ကနေ ခေတ္တအနားရတဲ့ အခိုက်အတန့်မှာ အချိန်ကို ကျေနပ်နှစ်သိမ့်ဖွယ် ကုန်ဆုံးနိုင်စေဖို့ ဖြစ်ပါတယ်။ အားလပ်ရက်ရှည် ကာလအတွင်း ဘယ်လိုနေမလဲ အောက်ပါနည်းလမ်း ၉ ချက်ကတော့ သင့်ရဲ့အားလပ်ရက်တွေကို ပိုပြီးထူးခြားအောင် ဆောင်ရွက်စေနိုင်မယ့် နည်းလမ်းများပဲ ဖြစ်ပါတယ်။ ၁။ ရေများများသောက်ပါ ရေများများသောက်ခြင်းဟာ ရိုးရှင်းလှတဲ့နည်းလမ်းဖြစ်ပေမယ့် သင့်ကို စွမ်းအင်ပြည့်ဝစေပြီး ကိုယ်ခန္ဓာရဲ့ လှုပ်ရှားမှုတွေကို ပုံမှန်ထိန်းညှိပေးထားနိုင်စေမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အခုလို ပူပြင်းတဲ့ နွေရာသီမှာ ဖြစ်ပါတယ်။ ကောင်းတာကတော့ မနက်စောစောမှာ ရေနှစ်ဖန်ခွက်လောက် သောက်သင့်ပါတယ်။ နေ့လယ်စာစားချိန်မှာ နှစ်ခွက်၊ ညစာစားချိန်မှာလည်း နှစ်ခွက် စသဖြင့် အသီးသီးသောက်သုံးသင့်ပါတယ်။ တနေ့တာမှာ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း