အသည်းရောဂါများ

ကျန်းမာနေစေဖို့အတွက် အရေးကြီးတဲ့ အသည်းကို ကျန်းမာစေဖို့ လိုက်နာရမယ့် အလေ့အထတွေနဲ့ အသည်းကျန်းမာရေးရဲ့ လက္ခဏာတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အသည်းရောဂါများ

အသည်းရောင် အသားဝါရောဂါနဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းများ

အသည်းရောင် အသားဝါရောဂါက အတော်လေး အဖြစ်များလာပါတယ်။ ကိုယ်တိုင်တောင် ရောဂါပိုး ရှိနေမှန်း မသိဘဲ အသည်းရောင်အသားဝါရောဂါပိုး ကူးစက်ခံထားရသူတွေ အများကြီးပါ။ ဒီတစ်ခေါက်တော့ အဖြစ်များလာတဲ့ အသည်းရောင် အသားဝါရောဂါနဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းများ အကြောင်းကို ဒေါက်တာ သူရိန်လှိုင်ဝင်းက အခုလို ဖြေကြားပေးပါတယ်။ အသည်းရောင် အသားဝါရောဂါနဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းများ အသည်းရောင် အသားဝါရောဂါနဲ့ ပတ်သက်ပြီး အမေးများတဲ့မေးခွန်းများကတော့ Q1. အသည်းရောင် အသားဝါပိုး မရှိဘဲ အသည်းရောင်နိုင်သလား။ " အများအားဖြင့်တော့ အသည်းရောင်တာက အသည်းရောင် အသားဝါ ရောဂါပိုးတွေကြောင့် ဖြစ်တတ်ပေမယ့် အရက်သောက်တာ၊ ဆေးသုံးတာ၊ အဆိပ်သင့်တာနဲ့ ကိုယ်ခံအား ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ " Q2. အသည်းရောင် အသားဝါပိုးတွေက ဘယ်လိုကူးစက်တတ်သလဲ။ " အသည်းရောင် အသားဝါ ရောဂါပိုး အမျိုးမျိုးရှိတဲ့အထဲ အများဆုံး […]

အသည်းရောဂါများ ကို ရှာဖွေမည်။

အသည်းရောဂါများ

Acute Hepatitis (ရုတ်တရတ်ပြင်းထန် အသည်းရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Acute Hepatitis (ရုတ်တရတ်ပြင်းထန် အသည်းရောင်ခြင်း) ကဘာလဲ။ ရုတ်တရတ်ပြင်းထန် အသည်းရောင်ခြင်းသည် အသည်းတွင် ရောင်ရမ်းမှုဖြစ်ပေါ်ခြင်းဖြစ်သည်။ များသောအားဖြင့် ဗိုင်းရပ်စ်ပိုးကြောင့်ဟု လူသိများသော်လည်း တခြားသောအကြောင်းရင်းများစွာ ရှိပါသည်။ ထိုအထဲတွင် ကိုယ်ခံအားမှပြန်တိုက်သောအသည်းရောင်ခြင်းနှင့် ဆေးများ၊ အဆိပ်များနှင့် အရက်တို့ကြောင့်ဖြစ်သော တစ်ဆင့်ခံအသည်းရောင်ခြင်းတို့ ပါဝင်သည်။ ကိုယ်ခံအားမှပြန်တိုက်သောအသည်းရောင်ခြင်းသည် သင့်ခန္ဓါကိုယ်မှ အသည်းအားတိုက်ရန် ပဋ္ဋိပစ္စည်းများထုတ်ခြင်းဖြစ်သည်။ Acute Hepatitis (ရုတ်တရတ်ပြင်းထန် အသည်းရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါသည် အလွန်အဖြစ်များ၏။ အမျိုးသမီးများထက် အမျိုးသားများတွင် ပိုအဖြစ်များ၏။ အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ လက္ခဏာများAcute Hepatitis (ရုတ်တရတ်ပြင်းထန် အသည်းရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ရုတ်တရတ်ပြင်းထန် အသည်းရောင်ခြင်း၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ လျင်လျင်မြန်မြန်ပင် ပေါ်လာတတ်၏။ ၎င်းတို့မှာ – မောပန်းလွယ်ခြင်း ပျို့ခြင်း အစာမစားချင်ခြင်း ဗိုက်မအီမသာဖြစ်ခြင်း (အသည်းအောင့်ခြင်း) ဆီးရောင်မည်းခြင်းနှင့် အသားဝါခြင်း တုပ်ကွေးနှင့်တူသောလက္ခဏာများ ဝမ်းရောင်ဖျော့ခြင်း အကြောင်းပြချက်မရှိပဲ ကိုယ်အလေးချိန်ကျခြင်း ငွေ့ငွေ့နှင့်ခဏတာလောက် ဖျားနိုင်ပြီး ရောဂါစဖြစ်စတွင် ဘာမှန်းမသိသည့် အကွက်များထလာနိုင်သည်။ ယားယံခြင်းကိုမူ […]


အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

Hepatomegaly (အသည်းကြီးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hepatomegaly (အသည်းကြီးခြင်း) ကဘာလဲ။ Hepatomegaly ဟာ အသည်းကြီးတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ အသည်းကြီးခြင်းဟာ ပြင်းထန်တဲ့ ရောဂါတွေရဲ့ လက္ခဏာ တစ်ခုဖြစ်နိုင်ပါတယ်။ Hepatomegaly (အသည်းကြီးခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီအခြေအနေဟာ ရှားပါးပြီး အသက်ကြီးသူတွေမှာ အဖြစ်များပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများHepatomegaly (အသည်းကြီးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ Hepatomegaly ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ပင်ပန်းခြင်း ကြွက်သားနာကျင်ခြင်း ပျို့ခြင်း အစာစားချင်စိတ်မရှိခြင်း၊ ကိုယ်အလေးချိန် ကျဆင်းခြင်း အသားဝါခြင်း၊ မျက်လုံးဝါခြင်း အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ အကြောင်းရင်းများHepatomegaly (အသည်းကြီးခြင်း) ကိုဘာတွေကဖြစ်စေသလဲ အရက်ကြောင့် ဖြစ်သော […]


အသည်းရောဂါများ

အသည်းရှိအဆိပ်အတောက်များကို သန့်စင်ပေးသော အစားအသောက်များ

သင့်ခန္ဓါကိုယ်တွင် နှလုံးပြီးလျှင် အသည်းသည် ဒုတိယအလုပ်လုပ်ရဆုံးအင်္ဂါဖြစ်သည်။ Bilirubin (အဝါဓါတ်)၊ အမိုးနီးယားနှင့် သွေးကြောထဲရှိအခြားသောအဆိပ်အတောက်များကိုအသည်းမှသန့်စင်ပေးရသည်။ ထိုကြောင့်သင့်အသည်းကိုဖြစ်နိုင်လျှင် အဆိပ်အတောက်များကြောင့် ထိခိုက်မှုနည်းနိုင်သမျှနည်းစေရန် သန့်စင်ပေးနိင်ရန် ကျန်းမာရေးဗဟုသုတအချို့ကို မျှဝေပေးချင်ပါသည်။   ဘယ်အချိန်မှာသင့်အသည်း၏အဆိပ်အတောက်များကိုသန့်စင်သင့်သလဲ။ အသည်းသည်သွေးကြောထဲရှိအခြားသောအဆိပ်အတောက်များကိုသန့်စင်ပေးခြင်း၊ အဆီကိုချေဖျက်ရန် အစာချေရည်ထုတ်ပေးခြင်း၊ ဟော်မုန်းအချို့ကိုဖျက်ပေးခြင်း၊ လိုအပ်သောသတ္တုဓါတ်၊ သံဓါတ်စသည်တို့ကိုသိုလှောင်ပေးခြင်းစသည့်လုပ်ငန်းတို့ကိုလုပ်ဆောင်ရသည်။ ခန္ဓါကိုယ်အတွက်လိုအပ်သောအာဟာရနှင့် မလိုအပ်သောပစ္စည်းများကိုလည်းခွဲခြားပေးသည်။ ထိုကြောင့် အသည်းသည် အဆိပ်အတောက်များနှင့် ပိတ်ဆို့နေလျှင် အထက်ပါ အရေးကြီးသည့်လုပ်ငန်းဆောင်တာများကိုမလုပ်နိုင်တော့ဘဲအောက်ပါလက္ခဏာများခံစားရနိုင်ပါသည်။ • ရေဖျဉ်းစွဲခြင်း • အသည်းတည်ရှိရာဗိုက်၏ညာဘက်အပေါ်ပိုင်းတွင်အောင့်ခြင်း • ဗိုက်အဆီများစုဝေးလာခြင်း • အဆီများသောအစားအစာများစားလျှင် အစာမကြေဖြစ်ခြင်း • သည်းခြေအိတ်ထုတ်လိုက်ရခြင်း • ရင်ပူခြင်း၊ စားချဉ့်ပြန်ခြင်း • အရေပြားပေါ်တွင် အသည်းအားနည်းခြင်းကြောင့် အမည်းစက်များပေါ်လာခြင်း • ချွေးထွက်များခြင်းနှင့် ပုံမှန်ထက်ပူအိုက်တတ်လာခြင်း • ဝက်ခြံနှငိ နီရဲသောဝက်ခြံများ၊ ယားယံသောအကွက်များထွက်ခြင်း • ကိုယ်အလေးချိန် အလွန်အမင်းတက်လာခြင်းနှင့် အစားအသောက်ထိန်းသော်လည်းကိုယ်အလေးချိန်ကျမသွားခြင်း အထက်ပါအချက်များကိုသတိပြူမိပါကသင့်ထံတွင် အသည်းရောဂါ ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေသင့် အသည်းကိုအဆိပ်အတောက်သန့်စင်သင့်ပါသည်။   အသည်းကိုအဆိပ်အတောက်သန့်စင်ရန် ဘယ်လိုအစားအသောက်တွေစားသင့်ပါသလဲ။ အရက်သေစာနှင့် မူးယစ်ဆေးများကိုရှောင်ကြဉ်ပါ။ ၎င်းတို့ကိုသွေးကြောထဲတွင်အဆိပ်အတောက်ပမာဏနည်းစေရန် အသည်းမှသန့်စင်ပေးရသည်။ ထိုအခါ အသည်းသည် ပုံမှန်ထက်များစွာအလုပ်လုပ်ရသဖြင့် ပျက်စီးလာရသည်။ […]


အသည်းရောဂါများ

သင့်အသည်းမကျန်းမာဘူးဆိုတာ ဘယ်လိုသိနိုင်မလဲ

သင့်အသည်းမကျန်းမာဘူးဆိုတာ ဘယ်လိုသိနိုင်မလဲ ။ အသည်း ကျန်းမာမှ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ထိထိရောက်ရောက် ဖယ်ရှားနိုင်မှာပါ။ အသည်း - အကြီးဆုံးကိုယ်အင်္ဂါ အသည်းဟာ ကြီးမားပြီး နီညိုရောင်ရှိကာ အစာအိမ်အပေါ်ဘက်၊ ရင်ဝမ်းခြားကြွက်သား အောက်ဘက်မှာ ရှိတဲ့ ဝမ်းဗိုက်ရဲ့ ညာဘက်အပေါ်ပိုင်းက ကိုယ်အင်္ဂါတစ်ခု ဖြစ်ပါတယ်။ အမျိုးသမီးတွေမှာ ၁.၃ ကီလိုလေးပြီး အမျိုးသားတွေမှာ ၁.၈ ကီလိုလေးပါတယ်။ အသည်းဟာ ကိုယ်ခန္ဓါမှာ အကြီးမားဆုံး ကိုယ်အင်္ဂါအစိတ်အပိုင်း ဖြစ်ပါတယ်။ အသည်းဟာ ကိုယ်ခန္ဓါ သွေးစီးဆင်းမှုရဲ့ ၁၃ ရာခိုင်နှုန်းကို ထိန်းထားပြီးတော့ မတူညီတဲ့ လုပ်ငန်းဆောင်တာပေါင်း ၅၀၀ လောက်ကို ပြုလုပ်ပေးပါတယ်။ အသည်းမှာ အသည်းဆဲလ်တွေ ပါဝင်ပြီး သူတို့ဟာ အာဟာရဓါတ်တွေကို စုပ်ယူကာ အန္တရာယ်ရှိတဲ့ အရာဝတ္ထုတွေကို အဆိပ်ဖြေပြီး သွေးအတွင်းမှ ထုတ်ပေးပါတယ်။ အသည်းဟာ အစာခြေခြင်းနဲ့ အဆိပ်ချေဖျက်ခြင်းအတွက် […]


အသည်းရောဂါများ

မျိုးရိုးလိုက်သောအသည်းရောဂါ ။ Alpha-1 antitrypsin ချို့ယွင်းခြင်း

Alpha-1 antitrypsin ချို့ယွင်းမှု အတွက် အချက်အလက်တွေကို ရှာဖွေနေပါသလား။ အသုံးဝင်တဲ့ အချက်အလက်တွေကို ဒီဆောင်းပါးမှာ ဖေါ်ပြပေးမှာ ဖြစ်ပါတယ်။ Alpha-1 antitrypsin ချို့ယွင်းမှုဆိုတာ ဘာလဲ။ Alpha-1 antitrypsin ချို့ယွင်းမှုဟာ အဆုတ်နဲ့ အသည်းကို ထိခိုက်စေတဲ့ မျိုးရိုးလိုက်တတ်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ လက္ခဏာတွေနဲ့ ဒီရောဂါဖြစ်တတ်တဲ့ အသက်အရွယ်တွေဟာ လူပေါ်လိုက်ပြီး ကွာခြားမှု ရှိပါတယ်။ ဘယ်အရာတွေက Alpha-1 antitrypsin ချို့ယွင်းမှုကို ဖြစ်စေပါသလဲ။ တကယ်တော့ Alpha-1 antitrypsin ဟာ အသည်းမှာ ပြုလုပ်တဲ့ ပရိုတင်းတစ်မျိုး ဖြစ်ပြီး ကိုယ်အင်္ဂါ အတော်များများမှာ အင်ဇိုင်းတွေကို ချေဖျက်ဖို့ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ Alpha-1 antitrypsin ချို့ ယွင်းမှု ဟာ သင့်မှာ ဒီပရိုတင်းကို ထုတ်လုပ်ဖို့ တားမြစ်နေတဲ့ […]


အသည်းရောဂါများ

မျိုးရိုးလိုက်သော အသည်းရောဂါများ

အဖြစ်အများဆုံးမွေးရာပါ အသည်းရောဂါနှစ်မျိုးကတော့ သံဓါတ်များပြားစုပုံခြင်း (Hemochromatosis) နဲ့ alpha-1 antitrypsin ချို့ယွင်းခြင်းတို့ပဲ ဖြစ်ပါတယ်။ သံဓါတ်များသောရောဂါ(Hemochromatosis) ဒီရောဂါဟာ အသည်းနဲ့ အခြားကိုယ်အင်္ဂါတွေမှာ သံဓါတ် စုပြုံတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီရောဂါရဲ့ အဓိက ပုံစံဟာ အဖြစ်များတဲ့ မွေးရာပါတစ်ခု ဖြစ်ပြီးတော့ လူအယောက် ၂၀၀မှာ တစ်ယောက် ဖြစ်တတ်ပါတယ်။ မိသားစုဝင်တစ်ဦးမှာ ဒီရောဂါဖြစ်နေပြီဆိုရင် ကျန်မိသားစုဝင်တွေမှာလည်း ရောဂါဖြစ်နိုင်ခြေ ရှိပါတယ်။ ဒီရောဂါရဲ့ ဒုတိယပုံစံကတော့ မျိုးရိုးလိုက်ခြင်းကြောင့် မဟုတ်ပဲ အခြားရောဂါတွေ ဖြစ်တဲ့ သယ်လ်ဆီးမီယားရောဂါ၊ သွေးအားနည်းရောဂါလိုမျိုး သွေးရောဂါတွေကြောင့် ဖြစ်ပါတယ်။ Hemochromatosis နဲ့ ဆက်စပ်နေတဲ့ သံဓါတ်များခြင်းဟာ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုမို ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေဟာ ရာသီလာစဉ်မှာ သွေးဆုံးရှုံးမှု ရှိတာကြောင့် သွေးဆုံးချိန်မရောက်မချင်း သံဓါတ်များခြင်းရဲ့ လက္ခဏာတွေကို ကြုံတွေ့ရခြင်း မရှိပါဘူး။ Hemochromatosis […]


အသည်းရောဂါများ

အသည်းရောဂါ ရှာဖွေအတည်ပြုခြင်းအကြောင်း သိကောင်းစရာ

ဆရာဝန်ဆီ သွားရောက်ပြသခြင်းဟာ အနည်းငယ်ကြောက်စရာကောင်းနိုင်ပါတယ်။ ဆရာဝန်တွေနဲ့ ဆရာမတွေဟာ သင့်ကိုအကြောင်းရင်းတစ်စုံတစ်ရာ မပြောပြပဲ သွေးဖေါက်နိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဒီလိုသွေးဖောက် စစ်ဆေးမှုတွေအကြောင်းကို စိုးရိမ်မှုလျော့ပါးစေဖို့ ရှင်းပြပေးမှာ ဖြစ်ပါတယ်။ ကိုယ်ခန္ဓါနဲ့ ရောဂါရာဇဝင် စစ်ဆေးခြင်း သင့်ဆရာဝန် ပထမဆုံးလုပ်မယ့်အရာကတော့ ကိုယ်ခန္ဓါ စစ်ဆေးမှုပြုလုပ်ပြီး ကျန်းမာရေးရာဇဝင် မေးမှာ ဖြစ်ပါတယ်။ သင့်ဆရာဝန်ဟာ သင့်ကို မေးခွန်းတွေ မေးပြီး ရောဂါလက္ခဏာတွေကို ရှာဖွေမှာ ဖြစ်ပါတယ်။ ဒီလက္ခဏာတွေကတော့- • အသားဝါခြင်း၊ မျက်လုံးဝါခြင်း • ဗိုက်အောင့်ခြင်း၊ ရောင်ရမ်းခြင်း • ခြေထောက်၊ ခြေချင်းဝတ် ရောင်ရမ်းခြင်း • အရေပြား ယားယံခြင်း • ဆီးအရောင်ရင့်ခြင်း • ဝမ်းအရောင် ဖျော့ခြင်း၊ သွေး ပါခြင်း (သို့) ကတ္တရာစေးရောင် ဝမ်းသွားခြင်း • နာတာရှည် ပင်ပန်းနွမ်းနယ်ခြင်း • ပျို့အန်ခြင်း • အစာစားချင်စိတ် မရှိခြင်း • အလွယ်အကူ အညိုအမဲ စွဲခြင်း ဒီလက္ခဏာတွေကို […]


အသည်းရောဂါများ

အသည်းအစားထိုးကုသမှုအကြောင်း သိကောင်းစရာ

သင့်အသည်းမှာ ပြင်းထန်တဲ့ အမာရွတ်ထင်ကျန်ခြင်းကြောင့် အသည်းလုပ်ငန်းဆောင်တာ ကောင်းစွာ မလုပ်နိုင်ဘူးဆိုရင် သင့်ဆရာဝန်က သင့်ကို အသည်းအစားထိုးဖို့ အကြံပြုနိုင်ပါတယ်။ အသည်းအစားထိုးခြင်းဆိုတာ ဘာလဲ။ အသည်းအစားထိုးခြင်းဟာ သင့်ကို အသည်း ကျန်းမာတဲ့ အသည်းအသစ် (အလှူရှင်အသည်း)ကို အစားထိုးပေးခြင်း ဖြစ်ပါတယ်။ အသည်းအစားထိုးခြင်းမှာ ခွဲစိတ်မှု သုံးခု ပါဝင်ပါတယ်။ အလှူရှင် ခွဲစိတ်ခြင်း၊ အစားထိုးအသည်းကို ပြင်ဆင်ခြင်းနဲ့ လက်ခံသူ ခွဲစိတ်ခြင်းတွေပဲ ဖြစ်ပါတယ်။ အစားထိုးကုသမှုအတွက် ပူးပေါင်းဆောင်ရွက်သူတွေဟာ ဒီခွဲစိတ်မှုတွေကို ညှိနှိုင်းပေးမှာ ဖြစ်ပါတယ်။ အလှူရှင် ခွဲစိတ်ခြင်း အလှူရှင် ခွဲစိတ်ခြင်းဟာ အလှူရှင် အသည်းကို ဖယ်ထုတ်လိုက်တာ ဖြစ်ပါတယ်။ ဒီခွဲစိတ်မှုဟာ အလှူရှင်အသည်းကို အရင်းအမြစ် သုံးခုကနေ ရရှိမှာ ဖြစ်ပါတယ်။ • အလှူရှင်ဟာ မကြာသေးမီကမှ သေဆုံးသွားသူဖြစ်ပြီး အသည်းကို ကျန်ရစ်သူမိသားစုရဲ့ သဘောတူညီချက် (သို့) သေဆုံးသူ အသက်ရှင်စဉ် လှူဒါန်းထားချက်တွေကြောင့် […]


အသည်းရောဂါများ

အသည်းအစားထိုးပြီးတဲ့အခါ ဘာတွေဖြစ်သလဲ။

အသည်းအစားထိုးခြင်းပြီးရင် ခွဲစိတ်မှုဟာ အဓိက ခွဲစိတ်မှု ဖြစ်တာကြောင့် လူနာကို အထူးပြုစုခန်းမှာ ထားမှာ ဖြစ်ပါတယ်။ အချို့လူနာတွေဟာ အသက်ရှူခြင်းကို အထောက်အကူ ဖြစ်စေဖို့ ventilator အသက်ရှူစက် လိုနိုင်ပါတယ်။ သွေးကြောတွင်းသွင်းရတဲ့ အရည်တွေ၊ ပိုသတ်ဆေးတွေနဲ့ အာဟာရဆိုင်ရာ ဖြည့်စွက်စာတွေဟာ အချို့လူနာတွေမှာ လိုအပ်နိုင်ပါတယ်။ လူနာတွေကို အထူးကြပ်မတ်ကုသဆောင်မှာ ရက်အနည်းငယ်ထားပြီး ဆေးရုံမှာ အိမ်မပြန်ခင် နောက်ထပ် နှစ်ပတ်ကနေ သုံးပတ်အထိ ထားမှာ ဖြစ်ပါတယ်။ အိမ်မှာ နာလန်ထတဲ့ ဖြစ်စဉ်ဟာ များသောအားဖြင့် ကြာမြင့်ပြီး ရှည်လျားပါတယ်။ လူတစ်ယောက်ဟာ ပုံမှန်လုပ်နေကျ အလုပ်တွေ၊ လှုပ်ရှားမှုတွေကို ပြန်မလုပ်ခင် သုံးလကနေ ခြောက်လအထိ ကြာမြင့်နိုင်ပါတယ်။ လက္ခဏာများ Graft rejection အသည်းအလှူရှင်ထံမှ အသည်းကို လက်ခံသူဆီကို ပြောင်းပြီးတဲ့အခါ ကိုယ်ခန္ဓါက ပြင်ပ အရာဝတ္ထုအဖြစ် မြင်နေပြီး သူ့ကို […]


အသည်းရောဂါများ

အသည်းရောဂါ အကြောင်း အခြေခံ

သင် (သို့) သင့်အသိမိတ်ဆွေ (သို့) သင့်မိသားစုဝင်တစ်ယောက်ယောက်က အသည်းရောဂါနဲ့ ပတ်သက်တဲ့ ပြဿနာတစ်ခုခုကြုံဖူးတယ်ဆိုရင် ဒီသတင်းအချက်အလက်တွေဟာ အသုံးဝင်ပါလိမ့်မယ်။ တကယ်လို့ အဲလိုပြဿနာတွေ မကြုံဖူးဘူးဆိုရင်တောင် သင့်အနေနဲ့ ဘယ်လိုအသည်းရောဂါတွေရှိလဲ ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ အခြေခံအချက်တွေကို သိထားတာ အကျိုးရှိပါတယ်။ အသည်းရောဂါဆိုတာ အသည်းက သင့်ရဲ့ခန္ဓါကိုယ်ထဲမှာ စပျစ်သီးအခိုင်ကြီးနဲ့တူပါတယ်။ သင့်ရဲ့ ညာဘက်ဝမ်းဗိုက် နံရံရိုးအိမ်ရဲ့အောက်မှာတည်ရှိတဲ့ ဘောလုံးတစ်လုံးနဲ့တူပါတယ်။ အသည်းက သင့်အစာခြေဖျက်မှုနဲ့ သင့်ရဲ့ခန္ဓါကိုယ်ထဲက အဆိပ်အတောက်ကိုဖယ်ရှားပေးဖို့အတွက် အရေးပါပါတယ်။ အသည်းရောဂါဟာ မျိုးရိုးလိုက်တာ (သို့) virus ပိုး (သို့) အရက်သောက်တာတွေနဲ ပက်သက်နေပါတယ်။ ဝခြင်းကလည်း ပက်သက်တယ်လို့ဆိုပါတယ်။ အသည်းရောဂါဟာ အချိန်ကြာလာရင် နောက်ဆက်တွဲအနေနဲ့ အသည်းခြောက်ခြင်း၊ အသည်းပျက်စီးခြင်းတို့ကနေ သေသိအထိဖြစ်နိုင်ပါတယ်။ အသည်းရောဂါဖြစ်စေတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ။ အောက်ပါအချက်တွေက အသည်းရောဂါဖြစ်စေတဲ့ အဓိက အကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။ ရောဂါပိုးဝင်ခြင်း ကပ်ပါးပိုးတွေ၊ ဗိုင်းရပ်စ်ပိုးတွေဟာ အသည်းကို ရောဂါပိုးဝင်စေပြီး […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း