အသည်းရောဂါများ

ကျန်းမာနေစေဖို့အတွက် အရေးကြီးတဲ့ အသည်းကို ကျန်းမာစေဖို့ လိုက်နာရမယ့် အလေ့အထတွေနဲ့ အသည်းကျန်းမာရေးရဲ့ လက္ခဏာတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အသည်းရောဂါများ

အသည်းရောင် အသားဝါရောဂါနဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းများ

အသည်းရောင် အသားဝါရောဂါက အတော်လေး အဖြစ်များလာပါတယ်။ ကိုယ်တိုင်တောင် ရောဂါပိုး ရှိနေမှန်း မသိဘဲ အသည်းရောင်အသားဝါရောဂါပိုး ကူးစက်ခံထားရသူတွေ အများကြီးပါ။ ဒီတစ်ခေါက်တော့ အဖြစ်များလာတဲ့ အသည်းရောင် အသားဝါရောဂါနဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းများ အကြောင်းကို ဒေါက်တာ သူရိန်လှိုင်ဝင်းက အခုလို ဖြေကြားပေးပါတယ်။ အသည်းရောင် အသားဝါရောဂါနဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းများ အသည်းရောင် အသားဝါရောဂါနဲ့ ပတ်သက်ပြီး အမေးများတဲ့မေးခွန်းများကတော့ Q1. အသည်းရောင် အသားဝါပိုး မရှိဘဲ အသည်းရောင်နိုင်သလား။ " အများအားဖြင့်တော့ အသည်းရောင်တာက အသည်းရောင် အသားဝါ ရောဂါပိုးတွေကြောင့် ဖြစ်တတ်ပေမယ့် အရက်သောက်တာ၊ ဆေးသုံးတာ၊ အဆိပ်သင့်တာနဲ့ ကိုယ်ခံအား ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ " Q2. အသည်းရောင် အသားဝါပိုးတွေက ဘယ်လိုကူးစက်တတ်သလဲ။ " အသည်းရောင် အသားဝါ ရောဂါပိုး အမျိုးမျိုးရှိတဲ့အထဲ အများဆုံး […]

အသည်းရောဂါများ ကို ရှာဖွေမည်။

အသည်းရောဂါများ

အသည်းအဆီဖုံးခြင်းနင့် ကိုယ်ဝန်

ကိုယ်ဝန်ဆောင်ချိန်မှာ ရုတ်တရက် အသည်းအဆီဖုံးခြင်း (AFLP) ဆိုတာ ဘာလဲ။ ကိုယ်ဝန်ဆောင်စဉ် ရုတ်တရက် အသည်းအဆီဖုံးခြင်း (AFLP) ဟာ ကိုယ်ဝန်ဆောင်စဉ်မှာ ရှားပါးပေမယ့် ပြင်းထန်တဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ ဒီအခြေအနေမှာ အသည်းအတွင်း (သို့) အသည်းဆဲလ်တွေအတွင်းမှာ အဆီပိုတွေနဲ့ ဖုံးနေမှာဖြစ်ပါတယ်။ AFLP ကို ကိုယ်ဝန်ဆောင်ချိန်မှာ ၁: ၇၀၀၀ ကနေ ၁: ၁၅၀၀၀ ကိုယ်ဝန် တွေမှာ တွေ့ရပြီး မိခင်ရော ကလေးပါ အသက်အန္တရာယ် ရှိပါတယ်။ ဒီအခြေအနေတွေဟာ သားဦးမွေးတဲ့ မိခင်တွေမှာ ပိုအဖြစ်များပြီး ကလေးမွေးချိန်နီးတဲ့အခါ များသောအားဖြင့် ရက်သတ္တပတ် ၃၀ ကျော်ရင် အဖြစ်များပါတယ်။ အဆီဟာ အသည်းအတွင်းမှာ Triglycerides နဲ့ fatty acids ပုံစံနဲ့ နေတတ်ပြီး အဆီပိုတွေဟာ အသည်းကို […]


အသည်းရောဂါများ

အသည်းအစားထိုးပြီးနောက် ဘယ်လိုနေထိုင်မလဲ

အသည်းအစားထိုးပြီးနောက် သင်ဟာအလွယ်တကူနေမကောင်း ဖြစ်လာနိုင်ပါတယ်။ မိမိကိုယ်ကိုကာကွယ်ဖို့နှင့်အသည်းထပ်မပျက်စီးဖို့အတွက် နေစဉ်ဘဝနေထိုင်မှုပုံစံကိုပြောင်းလဲဖို့လိုအပ်ပါတယ်။ ဘာတွေတကယ်ပြောင်းလဲဖို့လိုလဲ?   အစားအသောက်ကိုမျှတအောင်စားသုံးခြင်း ကျန်းမာရေးနှင့် ညီညွှတ်သောအစားအစာတွေဖြစ်တဲ့ ဟင်းသီးဟင်းရွက်အသီးအနှံ၊အစေ့အဆံများ၊အဆီမပါအသား၊ငါး၊ဥအမျိုးမျိုး၊နို့ထွက်ပစ္စည်းများကိုစားသုံးသင့်ပါတယ်။ အလွယ်တကူစားသောက်နိုင်သော အသင့်စားအစားအစာများကိုရှောင်ရှားသင့်ပါတယ်။ ထို့ပြင် အဆီအဆိမ့်များ၊အငန်များ၊အချိုများကိုလည်းရှောင်ရပါမယ်။ အသည်းဆရာဝန်နှင့်အာဟာရကျန်းမာရေးဆိုင်ရာပညာရှင်များအကြံပြုချက်အတိုင်းစားသုံးခြင်းကလည်း သင့်ကိုအမြန်ပြန်ကျန်းမာလာအောင် အထောက်အကူပြုပါလိမ့်မည်။ အိမ်အလုပ်လုပ်ခြင်းကလည်းလှုပ်ရှားမှုလုပ်ခြင်းတစ်ခုပါပဲ သင့်အတွက်သင့်တော်မယ့် ကိုယ်လက်လှုပ်ရှားမှုတခုခုစလုပ်ဖို့ သင့်ဆရာဝန်နှင့်တိုင်ပင်ပါ။ ကိုယ်လက်လှုပ်ရှားမှုဟာ သင့်ကျန်းမာရေးကိုအထောက်အကူပြုရုံမျှမက ကိုယ်ရောစိတ်ပါလန်းဆန်းစေသည့်အတွက် ပင်ပန်းနွမ်းနယ်မှုတွေကိုပါဖြေဖျောက်ပေးပါတယ်။ တဖက်မှာလည်း ဝိတ်မတက်လာအောင်ထိန်းပေးသည့်အပြင် ကြွက်သားနှင့် အရိုးကိုလည်းသန်မာတောင့်တင်းလာစေပါတယ်။ မည့်သည့်ကိုယ်လက်လှုပ်ရှားမှုမဆိုသင့်အတွက်အကျိုးရှိပါတယ်။ စက်ဘီးစီးခြင်း၊ပြေးခြင်း၊ရေကူးခြင်း၊ဝိတ်မခြင်း၊ဂေါက်ရိုက်ခြင်း၊တင်းနစ်ကစားခြင်းတို့အပြင်အခြားအားကစားတွကိုလည်းလုပ်နိုင်ပါတယ်။ အိမ်အလုပ်လုပ်ခြင်းကလည်း ကိုယ်လက်လှုပ်ရှားမှုတစ်ခုပဲဖြစ်ပါတယ်။ ဒါပေမယ့်အရေးကြီးတာတစ်ခုက ဘယ်ဟာကိုမဆို အလွန်အကြူးမလုပ်မိလိုက်မိဖို့ပါပ။ ဒါဟာ သင့်ကျန်းမာရေးကိုပိုဆိုးသွားစေပါတယ်။ ....အချိန်တန်တော့လည်း အသည်းအစားထိုးပြီးဘယ်အချိန်မှာကာမဆက်ဆံလို့ရသလဲ? ဒါကတော့ သင့်အပေါ်မှာပဲမူတည်နေပါတယ်။ အသည်းအစားထိုးပြီးနောက်ကျန်းမာလာတာနဲ့အမျှ သင်ဟာအရင်လိုပြန်လည်နေထိုင်ချင်လာပါလိမ့်မယ်။ အဲဒီအခါ သက်ဆိုင်ရာဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး ခွဲထားတဲ့ချုပ်ရိုးမပြဲအောင်၊လိင်ဆက်ဆံခြင်းကြောင့် တခြားရောဂါတွေမရလာအောင် ဆောင်ရန်ရှောင်ရန်တွေကိုမှတ်သားထားသင့်ပါတယ်။ ● တစ်လင်တစ်မယားစနစ်ကိုကျင့်သုံးပါ ● မဆက်ဆံခင်နှင့်ဆက်ဆံပြီးမှာ လိင်အဂါၤတစ်ဝိုက်ကိုဆေးကြောသန့်စင်ပါ ● သုတ်သတ်ဆေးပါသောရာဘာကွန်ဒုံးကိုအသုံးပြုပါ ● လိင်အဂါၤမှာအနာရှိသူ၊ဆီးပူညောင်းကျဖြစ်နေသူနှင့် လိင်ဆက်ဆံခြင်းမှရှောင်ကြဉ်ပါ ● စအိုပေါက်နှင့်လိင်ဆက်ဆံခြင်းကိုရှောင်ကြဉ်ပါ စိတ်အတက်အကျဖြစ်နိုင်ခြင်း အသည်းအစားထိုးခွဲစိတ်ခြင်းဟာ စိုးရိမ်ပူပန်စွာဖြတ်သန်းရတဲ့ကာလတစ်ခုပါ။ ခွဲစိတ်ပြီးအစောပိုင်းကာလတွေမှာလည်း ဒေါသထွက်ခြင်း၊စိတ်အလိုမကျခြင်း၊အပြစ်ရှိတယ်လို့ခံစားရခြင်း၊စိတ္ဓါတ်ကျခြင်းတို့ကိုခံစားရတတ်ပါတယ်။ မိသားစု၊ချစ်သူခင်သူများနှင့်အတူနေထိုင်ရင်း ဒီကာလတွေကိုဖြတ်ကျော်ပါ။ ဘဝကိုကောင်းသောအမြင်များနှင့်မြင် နိုင်အောင်ကြိုးစားပါ။   ကလေးယူမယ်ဆိုရင်သတိထားရမည့်အချက်များ အသည်းအစားထိုးပြီးနှစ်နှစ်အတွင်းမှာတော့ ကိုယ်ဝန်ဆောင်ရန်မသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အသည်းအစားထိုးပြီးလျှင်သောက်ရသည့်ဆေးများသည် ကလေးအတွက်အန္တရာယ်ရှိနိုင်သည်။ […]


အသည်းရောဂါများ

အသည်းကျန်းမာရေး, လေ့ကျင့်ခန်း

လေ့ကျင့်ခန်းနှင့် အသည်းကျန်းမာရေး ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ အဆိုအရ အသည်းကင်ဆာ သည် ကမ္ဘာ့ပေါ်တွင် သေဆုံးမှုကိုဖြစ်စေသော အကြောင်း ရင်းတစ်ရပ် ဖြစ်သည်။ ၎င်းသည် အသည်းကင်ဆာဖြင့် မရှင်သန်နိုင်ပါဟု မဆိုလိုပါ။ နေထိုင်မှု ပုံစံကို ပြောင်းလဲ ခြင်း သင်၏ ရလဒ်ကို ပြောင်းလဲနိုင်ပါသည်။ ထိုပြောင်းလဲ မှုများအနက် တစ်ခုမှာ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း ဖြစ် သည်။ မည်သည့် လေ့ကျင့်ခန်းကို မဆို မစတင်မီ အသည်း ကင်ဆာရှိပါက သင်သိသင့်သည်များ ရှိပါသည်။ ၎င်းတို့ကို အောက်တွင် ဖော်ပြထားသည်။   လေ့ကျင့်ခန်းလုပ်ခြင်း၏ အသည်းကို ကျန်းမာစေသော အကျိုးများက ဘာတွေလဲ။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းသည် အသည်းရောဂါ ပိုဆိုး လာခြင်းမှ ကူညီပေးနိုင်သည်။ ပုံမှန် လေ့ကျင့်ခန်း လုပ်သူ များသည် ပို၍ ကျန်းမာပြီး၊ ခန္ဓါကိုယ်တောင့်တင်းပြီး […]


အသည်းရောဂါများ

အသည်းရောဂါအတွက် လူနေမှုပုံစံများ

တခြားရောဂါများကဲ့သို့ပင် အသည်းရောဂါကိုကုသရာမှာ တိုးတက်ကောင်းမွန်ရန် ဆေးကုသမှုအပြင် မှန်ကန်သော နေ့စဉ်နေထိုင်မှုပုံစံသည်လည်းလိုအပ်ပေသည်။ ဒါကြောင့်အသည်းရောဂါဖြစ်လာပြီဆို ဘယ်လိုနေထိုင်စားသောက်ဖို့လိုအပ်သလဲ?   အရက်ကိုလုံးဝရှောင်ကြဉ်သင့်သည်။ အရက်သည်အသည်းကိုလုံးဝပျက်စီးစေတတ်သလို၊ပျက်စီးစပြုနေတဲ့အသည်းကိုလည်း ပိုမိုပျက်စီးစေတတ်သောကြောင့် အသည်းရောဂါသမားများအရက်သောက်ခြင်းကိုလုံးဝရှောင်ကြဉ်သင့်သည်။   ကျန်းမာရေးနှင့်ညီညွှတ်သောအစာစားခြင်း အသည်းရောဂါသမားများဟာ အငန်ကိုလျှော့စားသင့်ပါတယ်။ အဓိကအငန် ဓါတ်ဟာ ဟင်းချက်ဆားကရတာမို့ ဟင်းချက်သောအခါ ဆားလျှော့ထည့်ခြင်း ၊ အရသာပေါ့သောအစားအသောက်များကို ရွေးချယ်စားသုံးခြင်းများကိုပြုလုပ်ပေးသင့်ပါတယ်။ ထို့အပြင်အငန်အစားများလာပါက အသည်းသမားများတွင် ရေဖျင်းဆွဲခြင်း၊ ခြေထောက်ဖောခြင်းများဖြစ်လာနိုင်ပါတယ်။ ခန္ဓါကိုယ် ခုခံအားစနစ်အတွက်လိုအပ်သော ဗီတာမင်နှင့် သတ္တုဓါတ်များရရှိရန်အတွက် အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များက် စားသုံးပေးသင့်သည်။ ထို့အပြင် အသားဓါတ်ရရန်အတွက်လည်းပဲ၊အဆီမပါအသား၊ငါး အစရှိသည်တို့ကိုလည်းစားသုံးပေးသင့်သည်။ သို့သော်ပင်လယ်စာအစိမ်းစားခြင်းကိုတေ ရှောင်ကြဉ်သင့်သည်။   ညွှန်ကြားချက်မပါသောဆေးဝါးများကိုရှောင်ကြဉ်ခြင်း အသည်းရောဂါသမားများဟာ အသည်းရဲ့ဆေးချေဖျက်မှုစနစ်အားနည်မှုကြောင့် ညွှန်ကြားချက်မပါသော ဆေးဝါးများသောက်သုံးခြင်းဟာ အသည်းကိုပိုမိုထိခိုက်စေနိုင်သည့်အပြင် တခြားကျန်းမာရေးဘေးထွက်ဆိုးကျိုးများကိုလည်းဖြစ်ပေါ်စေနိုင်ပါတယ်။ ထို့ကြောင့် ဆေးကောင်တာများတွင်ဆေးဝါးများကိုအလွယ်တကူ ဝယ်ယူသောက်သုံးခြင်း ကိုရှောင်ကြဉ်သင့်ပြီး မည်သည့်ဆေးဝါးကိုမဆို မသောက်သုံးမီ ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နှင့်တိုင်ပင်ခြင်းများကိုလုပ်ဆောင်သင့်ပါသည်။   အသည်းအားကောင်းစေမည့်အလေ့အကျင့်များကိုလုပ်ဆောင်ခြင်း ဆေးလိပ်သောက်ခြင်းကိုစွန့်လွှတ်လိုက်ပါ။ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းနှင့် ဆရာဝန်ညွှန်ကြားသည့် အသည်းအားဆေးများသောက်ခြင်းတို့ကိုလည်းပြုလုပ်သင့်ပါတယ်။ ဒါ့အပြင်သွားကျန်းမာရေးကိုလည်း အထူးပင်ဂရုစိုက်သင့်ပါတယ်။ အသည်းရောဂါသမားများအနေဖြင့် အသည်းရောင်အသားဝါ ဘီပိုး၊အေပိုးကာကွယ်ဆေး၊အဆုတ်ရောင်ကာကွယ်ဆေးများကိုကြိုတင်ထိုးထားသင့်သည့်အပြင် ရက်ချိန်းအတိအကျပြန်ထိုးရန်လည်းလိုအပ်ပေသည်။   ကာမဆက်ဆံရာတွင်အကာအကွယ်ယူခြင်း အသည်းရောင်အသားဝါဘီပိုး ၊စီပိုးဟာ […]


အသည်းရောဂါများ

အသည်းရောဂါအတွက် ကျန်းမာရေးအစားအစာများ

လူကိုးယောက်ကိုစမ်းသပ်ကြည့်တဲ့အခါမှာ ဓါတုပစ္စည်း၅၃မျိုးကြောင့်ကင်ဆာ၊၆၂မျိုးကြောင့် ဦးနှောက်နှင့်အာရုံကြောဆိုင်ရာပြဿနာ၊၅၅မျိုးကြောင့်မွေးဖွားခြင်းဆိုင်ရာပြဿနာတွေ တွေ့ရပါတယ်။ ဒီအဆိပ်တွေရဲ့အန္တရာယ်ကနေ ဖယ်ရှားပေးခြင်းအလုပ်ကို ကျွန်ုပ်တို့ရဲ့အသည်းကလုပ်ဆောင်ပေးပါတယ။်   အသည်းကျန်းမာခြင်း ရဲ့အကျိုးကျေးဇူးတွေကဘာတွေလဲ။ သင့်အသည်းကျန်းမာရေးကို ထိန်းသိမ်းခြင်းဖြင့် အောက်ပါကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေရနိုင်ပါတယ်။ အင်အားများလာခြင်း ကိုယ်ခံအားမြင့်တက်လာခြင်း စိတ်ပိုင်းဆိုင်ရာခံစားချက်များ ပိုကောင်းလာခြင်း လေလမ်းကြောင်းနာကျင်မှုမရှိတော့ခြင်း ဗိုက်အောင့်ခြင်း အစာမကြေခြင်းများထပ်မဖြစ်တော့ခြင်း အသက်ရှူရမခက်တော့ခြင်း အရေပြားသန့်စင်လာခြင်း ရာသီသွေးပုံမှန်ဆင်းခြင်း   အသည်းကျန်းမာရေးအတွက် အစားအစာများ ရေ ကျွန်ုပ်တို့ခန္ဓါကိုယ်ရဲ့၆၀ရာခိုင်နှုန်းက ရေတွေဖြစ်ပါတယ်။ ကုလားအုတ်တွေလိုတော့ ကျောပေါ်ကအိတ်ကြီးထဲမှာ ရေတွေသိမ်းဆည်းထားလို့တော့ မရပါဘူး။ ကျွန်ုပ်တို့ခန္ဓါကိုယ်မှာရှိတဲ့ရေတွေကတော့ သွေးလည်ပတ်မှုစီးကြောင်းနဲ့ ဆဲလ်တွေထဲမှာသိမ်းဆည်းထားတဲ့ပမာဏဖြစ်ပါတယ်။ ရေဓါတ် လုံလုံလောက်လောက်မရဘူးဆိုရင် အသည်းဟာကျန်းမာနိုင်တော့မှာမဟုတ်ပါဘူး။ အဆိပ်တွေဟာ ခန္ဓါကိုယ်ထဲကနေ ဆီး၊ ချွေးစတဲ့ရေတွေကနေတစ်ဆင့် ထွက်သွားပါတယ်။ တစ်နေ့ကိုရေ၃လီတာလောက်သောက်သင့်ပါတယ်။ အလွန်အကျွံသောက်ရင်လည်း အဆိပ်ဖြစ်စေနိုင်တာကြောင့်အလွန်အကျွံမသောက်သင့်ပါဘူး။   ပန်းမုန်လာ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ ၊ တရုတ်ဂေါ်ဖီစတာတွေပါဝင်တဲ့ ဟင်းသီးဟင်းရွက် ဟင်းရွက်အုပ်စုကြီးဖြစ်ပါတယ်။ ကြက်ခြေခတ်ပုံစံရှိတဲ့ ပွင့်ချပ်ပုံစံတွေမူတည်ပြီး နာမည်ပေးထားတာဖြစ်ပါတယ်။ flavonoids, carotenoids, sulforaphane, and indolesစတဲ့အာဟာရတွေ ပါဝင်ပါတယ်။ သင့်အသည်း ဓါတုပစ္စည်း၊ပိုးသတ်ဆေး၊ ဆေးဝါး၊ […]


အသည်းရောဂါများ

အသည်းအစားထိုးပြီး ဘယ်လိုပြုစုစောင့်ရှောက်မလဲ

အသည်းအစားထိုးကုသပြီးနောက် သင့်အနေနဲ့ဖြတ်ကျော်ရမယ့် စိန်ခေါ်မှုတွေအများကြီး တွေ့ရပါလိမ့်မယ်။ အထူးသဖြင့် နောက်ဆက်တွဲဆိုးကျိုးတွေနဲ့ ပုံမှန်ဘဝကိုပြန်ရနိုင်ဖို့ဖြစ်ပါတယ်။ သင့်တော်တဲ့စောင့်ရှောက်မှုတွေမပေးဘူးဆိုရင် သင့်ရဲ့အစားထိုးထားတဲ့အသည်းနဲ့ သင့်ကျန်းမာရေးအတွက် အလွန်အန္တရာယ်များပါတယ်။ အသည်းအစားထိုးပြီးချိန် သင်နဲ့သင့်မိသားစုလုပ်ဆောင်သင့်တာတွေက ဘာတွေလဲ။ နောက်ဆက်တွဲဆိုးကျိုးတွေကို ရှောင်နိုင်ဖို့ဆိုရင် ဆရာဝန်ရဲ့ညွှန်ကြားချက်တွေကို လိုက်နာဖို့လိုပါလိမ့်မယ်။ အသည်းအစားထိုးကုသပြီးချိန် သင့်ခန္ဓါကိုယ်ရဲ့ကိုယ်ခံအားစနစ်ကသင့်ရဲ့အစားထိုးထားတဲ့အသည်းကို ပြင်ပပစ္စည်းအနေနဲ့ အသိအမှတ်ပြုပြီး ပြန်လည်တိုက်ခိုက်ကာ ့သင့်ကိုကာကွယ်ဖို့ကြိုးစားပေးပါတယ်။ နောက်ဆက်တွဲရလဒ်တွေ ဝင်လာစေတဲ့အဓိကအကြောင်းရင်းတွေကတော့ သွေးထွက်ခြင်း ပေးလှူတဲ့လူနဲ့ လက်ခံတဲ့လူနာ နှစ်ယောက်ရဲ့သွေးကြောတွေပေါင်းချုပ်ပြီးနောက် ဆုံတဲ့နေရာမှာ သွေးထွက်နိုင်ချေအနည်းငယ်ရှိပါတယ်။ အသည်းဆိုင်ရာသွေးကြောသွေးခဲခြင်း အသည်းကိုထောက်ပံ့ပေးတဲ့သွေးကြောအတွင်း သွေးခဲခဲ့မယ်ဆိုရင် အသည်းရဲ့လုပ်ဆောင်နိုင်မှုတွေ ကျသွားစေနိုင်ပါတယ်။ သည်းခြေရည်ပို့ပြွန်ပေါက်ခြင်း အသည်းအသစ်နဲ့ သည်းခြေရည်ပို့ပြွန် ဆက်တဲ့နေရာမှာ သို့ အူနဲ့ အဆက်နေရာမှာ ပေါက်သွားနိုင်ပါတယ်။ ဝမ်းဗိုက်ထဲကို သည်းခြေရည်တွေဝင်သွားနိုင်ပြီး ကူးစက်ရောဂါပိုးတွေဝင်နိုင်ပါတယ်။ ငြင်းပယ်ခြင်း သင့်အသည်းအသစ်ကို သင့်ခန္ဓါကိုယ်က ပြင်ပပစ္စည်းအနေနဲ့သာသိတဲ့အတွက်ကြောင့် ပြန်လည်တိုက်ခိုက်ဖို့ ခုခံအားဆိုင်ရာဆဲလ်လေးတွေ ကြီးထွားလာပါတယ်။ ကူးစက်ရောဂါပိုးဝင်ခြင်း အစားထိုးပြီးချိန်မှာ သင့်ကိုယ်ခံအားစနစ်ကို ဆေးတွေနဲ့ဖိနှိပ်ထားတဲ့အတွက်ကြောင့် ကူးစက်ပိုးဝင်နိုင်ချေများပါတယ်။ အထူးသဖြင့် ခွဲစိတ်ထားတဲ့နေရာကို သေသေချာချာဂရုမစိုက်ဘူးဆိုရင် ကူးစက်ပိုးတွေဝင်နိုင်ပါတယ်။ အသည်းပြန်ရောင်ခြင်း အစားထိုးပြီးချိန် အထူးသဖြင့်အသည်းရောင်ပိုးဘီသို့စီ အကူးခံထားရသူတွေမှာ ပြန်လည်ဖြစ်နိုင်ချေရှိပါတယ်။ နောက်ဆက်တွဲရလဒ်တွေကို ရှောင်နိုင်ဖို့အတွက်ဆိုရင် ဆရာဝန်ပေးထားတဲ့ဆေးတွေသောက်ခြင်း၊ […]


အသည်းရောဂါများ

ဘယ်အချိန်မှာအသည်းအစားထိုးဖို့လိုအပ်သလဲ

လူ့ခန္ဓါကိုယ်ရှိအသည်းဟာ အနည်းငယ်ပျက်စီးလျှင် ပျက်စီးသွားသောဆဲလ်များကို သူအလိုလိုပြန်လည် တည်ဆောက်နိုင်စွမ်းရှိကြပါတယ်။ ခန္ဓါကိုယ်မှပြန် လည် တည်ဆောက်နိုင်သော ဆဲလ်ပမာဏထက် ပိုမို ပျက်စီးသွားသောအခါ အသည်းရဲ့ ပုံမှန်လုပ်ဆောင်မှု များ အားနည်းလာပြီး အသည်းအစားထိုးဖို့ လိုအပ်လာ ပြီလား ဟုစတင်စဉ်းစားလာရပါတယ်။ အသည်းအစား ထိုးခြင်းကို အသည်းတစ်နေရာမှာပဲ ရောဂါရှိနေသူ (ဥပမာ အသည်းကင်ဆာ၊အသည်းခြောက်ခြင်း)များမှာ ကုသပျောက်ကင်းနိုင်မယ်လို့မျှော်မှန်းရပါတယ်။ ဒါ့အပြင် အသည်းအစားထိုးလို့ရနိုင်မရနိုင်ကလည်း အသည်းရောဂါဆိုးဝါးနေမှုအခြေအနေ၊လူနာ၏အသက် စသည်တို့ပေါ်မှာလည်းမူတည်နေပါသေးသည်။ ကလေးမျာတွင်အသည်းအစားထိုးရရနိုင်သောအ ကြောင်း ရင်း ကလေးများတွင် သည်းခြေပြွန်လမ်းကြောင်းလေးများ ကောင်းကောင်း မဖွံ့ ဖြိုး၍ ကျဉ်းနေခြင်းဟာ အသည်းမှတဆင့် သည်းခြေအိတ်သို့ သည်းခြေရည် များမစီးဆင်းနိုင်တော့ဘဲ အသည်းမှာပဲစုပိတ်မိကာ အသည်းပျက်စီးသွားတတ်ပါတယ်။ ထိုအကြောင်းရင်း ဟာ ကလေးများမှာအသည်းအစားထိုးရတဲ့အခြေအနေ ထိဖြစ် သွားတတ်သည်။ အရွယ်ရောက်ပြီးသားသူများတွင်အသည်းအစား ထိုးရနိုင်သောအကြောင်းရင်း အရွယ်ရောက်ပြီးသားလူအများစုတွင် အသည်းရောင်အသားဝါစီပိုးဖြင့် အသည်းခြောက်ခြင်းကြောင့် အသည်းအစားထိုးရတတ်သည်။ အခြားအသည်းအစားထိုးရနိုင်သည့်အကြောင်းရင်းများမှာ • အသည်းရောင်အသားဝါဘီပိုးဖြင့်အသည်းခြောက်ခြင်း • သည်းခြေပြွန်ရောဂါများ • အရက်ကြောင့်မဟုတ်သည့်အခြားအသည်းခြောက်ရောဂါ ဒါ့အပြင် […]


အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

Hepatic Cyst (အသည်းအရည်အိတ်တည်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hepatic Cyst (အသည်းအရည်အိတ်တည်ခြင်း) ကဘာလဲ။ အသည်းအရည်အိတ်တည်ခြင်းသည် လူဦးရေ၏ ၅%တွင် ဖြစ်တတ်သော အသည်းတွင် အရည်ပြည့်နေသည့်အိတ်တည်ခြင်း ဖြစ်ပါသည်။ များသောအားဖြင့် လက္ခဏာမပြတတ်ပဲ ကွန်ပျူတာဓါတ်မှန် သို့ သံလိုက်ဓါတ်မှန်တို့ကဲ့သို့ ဗိုက်အားပုံရိပ်ဖော်စစ်ဆေးခြင်းများ ပြုလုပ်ရန်အကြောင်းစုံလာပါမှ မကြာခဏဆိုသလို တွေ့ရှိရသည်ဖြစ်သည်။ အသည်းအရည်အိတ် တစ်ခုနှစ်ခုသည် ပြဿနာမဖြစ်နိုင်ပဲ ကုသရန်လဲ မလိုအပ်ပါ။ သို့သော် တစ်ခါတစ်ရံ အရည်အိတ်များ များလာခြင်း သို့မဟုတ် အလွန်ကြီးလာခြင်းများဖြစ်ပါက ဆေးကုသမှုခံယူရန် လိုအပ်ပါသည်။ တစ်ခုထက်ပိုသော အရည်အိတ်များ ကြီးလာလျှင် ဗိုက်ညာဖက်အပေါ်ခြမ်းတွင် မအီမသာ သို့မဟုတ် နာကျင်မှုကို ခံစားရနိုင်ပါသည်။ သိသိသာသာ မအီမသာဖြစ်လာပါက အရည်အိတ်များကို စုပ်ထုတ်ခြင်း သို့ ခွဲထုတ်ခြင်းများ ဆေးရုံတွင် ပြုလုပ်နိုင်သည်။ ဒီလောက်ထိ မဆိုးဝါးခင် သိထားခြင်းသည် အကောင်းဆုံးပင်ဖြစ်သည်။ အသည်းအရည်အိတ်တည်ခြင်းအမျိုးမျိုးရှိ၏။ ရိုးရှင်းသောအရည်အိတ်များ အရည်အိတ်များသော အသည်းရောဂါ (မျိုးရိုးလိုက်သောရောဂါ) ကပ်ပါးပိုးကြောင့်အရည်အိတ်တည်ခြင်း (hydatid ရောဂါမျိုးဝ အသည်းကင်ဆာနှင့်တွဲသော အရည်အိတ်များ Hepatic […]


အသည်းရောဂါများ

Liver Failure (အသည်းလုပ်ဆောင်ချက်ပျက်စီးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Liver Failure (အသည်းလုပ်ဆောင်ချက်ပျက်စီးခြင်း) ကဘာလဲ။ အသည်းပျက်စီးခြင်း သို့မဟုတ် အသည်းခြောက်ခြင်း သည် အသည်း၏ အစိတ်အပိုင်း ကြီးကြီးမားမား ပျက်စီးပြီး အသည်း၏ လုပ်ဆောင်ချက်များပျက်စီးခြင်းဖြစ်သည်။ အသည်းပျက်စီးခြင်းသည် အရေးပေါ် ဆေးကုသရန်လိုအပ်သော အသက်အန္တရာယ်ရှိသည့် အနေအထားဖြစ်သည်။ အသည်းပျက်စီးခြင်းသည် တဖြည်းဖြည်းနှင့် နှစ်ပေါင်းများစွာအကြာတွင် ဖြစ်လာခြင်းဖြစ်သည်။ သို့သော် တခါတရံ ခဏတာ ၄၈ နာရီအတွင်း မြန်ဆန်စွာ အသည်း၏ လုပ်ဆောင်ချက်များမရှိတော့ခြင်းလည်း ဖြစ်နိုင်သည်။ ထိုသို့ဖြစ်ခြင်းသည် အစပိုင်းတွင် သိနိုင်ရန်ခက်ခဲသည်။ Liver Failure (အသည်းလုပ်ဆောင်ချက်ပျက်စီးခြင်း) က ဘယ်လောက်အဖြစ်များသလဲ ၎င်းသည် အမျိုးသားများတွင် အမျိုးသမီးများထက်ပိုအဖြစ်များသည်။ သို့သော် ဖြစ်နိုင်ချေကို များစေနိုင်သော အချက်များကို လျော့ချခြင်းဖြင့် ထိန်းချုပ်နိုင်သည်။ ပိုမိုသိရှိနိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများLiver Failure (အသည်းလုပ်ဆောင်ချက်ပျက်စီးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ရောဂါလက္ခဏာများသည် ရောဂါ၏ ပြင်းထန်မှုအဆင့်အရ ပြောင်းလဲနိုင်သည်။ အစပိုင်းတွင် […]


အသည်းရောဂါများ

Chronic Hepatitis (နာတာရှည် အသည်းရောင်ရောဂါ)

Chronic Hepatitis (နာတာရှည် အသည်းရောင်ရောဂါ)ဆိုတာဘာလဲ။ Chronic Heptitis ဟာ ၆ လ ထက်ပိုပြီး အသည်းရောင်ခြင်း ဖြစ်ပါတယ်။ လူအတော်များများမာ လက္ခဏာမပြတတ်ပေမယ့် မသေချာတဲ့ လက္ခဏာတွေ ဖြစ်တဲ့ နေမကောင်းဖြစ်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ ပင်ပန်းခြင်းတွေ ဖြစ်တတ်ပါတယ်။ နာတာရှည်အသည်းရောင်ခြင်းဟာ အသည်းခြောက်ခြင်းနဲ့ သရက်ရွက်ကြီးခြင်း၊ ဝမ်းဗိုက်အတွင်း အရည်စုပြုံခြင်း၊ ဦးနှောက် လုပ်ငန်းဆောင်တာပျက်စီးခြင်းတွေ ဖြစ်နိုင်ပါတယ်။     Chronic Hepatitis (နာတာရှည် အသည်းရောင်ရောဂါ) ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ Chronic Hepatitis ဟာ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ Chronic Hepatitis (နာတာရှည် အသည်းရောင်ရောဂါ) ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ Chronic hepatitis ရဲ့ လူနာပေါင်း သုံးပုံနှစ်ပုံမှာ သူဟာ ဖြည်းဖြည်းချင်း […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း