အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ခန္ဓာကိုယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်က အရေးပါတဲ့ စနစ်တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကနေ အာဟာရစုပ်ယူဖို့ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက လုပ်ပေးမှ ရတာပါ။ ဒီလိုစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်တစ်ခု ဖြစ်ဖို့ ဘာတွေလုပ်လို့ရလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား

ဝမ်းလျှောလို့ ဓာတ်ဆားရည်သောက်လိုက်တာ ခုတော့ ဝမ်းပိတ်ရုံတင်မကဘူး။ ဝမ်းပါချုပ်သွားပြီလို့ ပြောတာ ကြားဖူးမှာပါ။ ဝမ်းချုပ်တာကို ဓာတ်ချုပ်တယ်လို့လည်း ပြောကြတော့ ဓာတ်ဆားရည်တွေ သောက်လိုက်လို့ ဝမ်းချုပ်သွားတာများလားလို့ တွေးတတ်ကြပါတယ်။ တကယ်ပဲ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်တွေမှာ ဘာတွေပါဝင်သလဲ။ ဓာတ်ဆားရည်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆားဓာတ်တွေ ဖြစ်တဲ့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်၊ ဂလူးကို့စ်၊ ရေ စတာတွေ ပါဝင်ပြီး ဒါတွေက နဂိုလည်း ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဓာတ်တွေပဲ ဖြစ်ပါတယ်။ ဒီဓာတ်တွေက ဝမ်းချုပ်တာနဲ့ မသက်ဆိုင်ပါဘူး။ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်က ဝမ်းချုပ်စေဖို့ မပြောနဲ့။ ဝမ်းပိတ်စေတဲ့ အာနိသင်တောင် မရှိပါဘူး။ ဟုတ်ပါတယ်။ ဝမ်းလျှောတဲ့အခါ ဓာတ်ဆားရည်သောက်တာက ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားဓာတ်ကို ဖြည့်ပေးတာပဲ ဖြစ်ပါတယ်။ ဝမ်းရပ်ဖို့ ဆိုတာက ကုသမှု တစ်ခုခု […]

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကို ရှာဖွေမည်။

ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

လေလည် ခြင်း (သို့) အီးပေါက်ခြင်း အနုပညာ

လေလည် ခြင်း ဆိုတာ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်ထဲမှာ Gas တွေများလာတဲ့အခါ အပြင်ကို စွန့်ထုတ်ဖို့အတွက် ဖြစ်လာရတဲ့ သဘာဝလုပ်ငန်းလေးတစ်ခုပဲဖြစ်ပါတယ်။ တချို့က လေလည်တာကို ရှက်စရာ ကိစ္စတစ်ခုအနေနဲ့ စဉ်းစားကြပါတယ်။ လူတွေအရှေ့မှာ လေလည်တဲ့အခါ အသံထွက်လာမှာ၊ အနံ့ဆိုးနေမှာ စိုးရိမ်တဲ့ စိတ်တွေနဲ့ တစ်ခါတစ်လေမှာ အတင်းအောင့်ထားတတ်ကြပါတယ်။ ဒီဆောင်းပါးလေးမှာတော့ လေဘာကြောင့် လည်ရတယ်၊ အောင့်ထားရင် ဘာတွေ ဖြစ်နိုင်တယ်၊ လေလည်တဲ့ အကြိမ်နည်းသွားအောင် ဘယ်လို နည်းလမ်းတွေ သုံးနိုင်တယ်ဆိုတာတွေ နဲ့ ပတ်သတ်ပြီး သိသင့်တဲ့ အချက်လေးတွေကို ကျန်းမာရေး ရှုထောင့်ကနေ ပြောပြပေးသွားမှာဖြစ်ပါတယ်။ ဘာကြောင့် လေလည် ရသလဲ။ ကျွန်ုပ်တို့ စားလိုက်တဲ့အစာတွေကို ခြေဖျက်တဲ့ အခါ gas တွေထွက်လာပါတယ်။ ဒါ့အပြင် စားသောက်ရင်း လေတွေ မျိုချမိတာ၊ carbonated drinks […]


အစာအိမ်အနာ

အစာအိမ်အနာဖြစ်သူများအတွက် စားသောက်မှုပုံစံ

အစာအိမ်အောင့်ခြင်းဟာ ခံစားရခက်တဲ့ ဝေဒနာဖြစ်ပါတယ်။ အထူးသဖြင့် အစာအိမ်မှာ အနာဖြစ်ရင် ပိုဆိုးပါတယ်။ အစာအိမ်အနာဆိုတာ အစာအိမ်အတွင်းပိုင်းနံရံမှာ အနာဖြစ်ခြင်းကို ဆိုလိုပါတယ်။ အစာအိမ်ရောဂါဖြစ်ရင် အစားအသောက်ကို သတိပြုစားသုံးရန်လိုပါတယ်။ အထူးသဖြင့် အစာအိမ်အနာဖြစ်ဖူးသူများဟာ ထပ်မံမဖြစ်ပွားအောင် ဂရုစိုက်ရပါတယ်။ ဘာတွေက အစာအိမ်အနာ ဖြစ်နိုင်ခြေများစေသလဲ အစာအိမ်အနာဖြစ်စေတဲ့ အရာတွေထဲမှာ H pylori လို့ခေါ်တဲ့ ဘက်တီးရီးယားဟာ အဓိကကျပါတယ်။ အကိုက်အခဲပျောက်ဆေးတွေကို ရေရှည်စွဲသုံးရင်လည်း ဖြစ်နိုင်ပါတယ်။ အစာအိမ်အနာဖြစ်သူတွေ ဘာကို စားသင့်သလဲ အစာအိမ်အနာအတွက် ကုသရာမှာ ဆရာဝန်ညွှန်ကြားချက်အတိုင်း ပဋိဇီဝဆေးသောက်ခြင်း၊ အစာအိမ်ဆေးများ သောက်သုံးခြင်းအပြင် H Pylori ဘက်တီးရီးယားကို နှိမ်နင်းရာမှာ အထောက်အကူပြုတဲ့ အောက်ပါအစားအစာများ စားသုံးနိုင်ပါတယ်။ အဆိုပါ အစားအစာများကတော့ - ပန်းဂေါ်ဖီ - ဂေါ်ဖီထုတ် - ပန်းသီး - ဘလူးဘယ်ရီ - ရက်စ်ဘယ်ရီ - စတော်ဘယ်ရီ - မုန်လာဥနီ - ပန်းပွင့်စိမ်း - ကိုက်လန် - ဟင်းနုနွယ် - […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ဘာကြောင့် အမြဲလိုလို ဗိုက်ဆာနေတာလဲ

စားနေသောက်နေလျက်နဲ့ အမြဲလိုလိုဗိုက်ဆာနေရတဲ့ အကြောင်းတွေကိုပြောပြပေးချင်ပါတယ်။ ဗိုက်ဆာတယ်ဆိုတာ ခန္ဓာကိုယ်က အစားအစာလိုအပ်နေပြီလို့ အချက်ပြတဲ့သဘောပါပဲ။ ဗိုက်ဆာလာတာကို မစားဘဲ နေလိုက်ရင် ဗိုက်နာမယ်၊ ဗိုက်အောင့်မယ်၊ ခေါင်းကိုက်မယ်၊ နုံးချိချိဖြစ်လာမယ်၊ အာရုံကောင်းကောင်း မစူးစိုက်နိုင်ဖြစ်စေပါတယ်။ ဒါ့ကြောင့် ဗိုက်ဆာတာကို လျစ်လျူမရှုသင့်ပါဘူး။ ဒါပေမဲ့ ဗိုက်ဆာလို့အပြင် ခဏခဏ စားချင်သောက်ချင်စိတ် ဖြစ်ရတဲ့ တခြားအကြောင်းအရင်းတွေ ရှိပါသေးတယ်။ ဒါတွေကတော့ ကျန်းမာရေးကြောင့်လား ခဏခဏဗိုက်ဆာတယ်ဆိုတာ ဆီးချိုရောဂါရဲ့ လက္ခဏာတွေထဲက တစ်ချက်ဖြစ်ပါတယ်။ ပုံမှန်ဆိုစားလိုက်တဲ့ အစားအစာတွေကို ခန္ဓာကိုယ်ထဲမှာ သကြားအဖြစ် ပြောင်းလဲသုံးစွဲပစ်ပါတယ်။ ဆီးချိုရောဂါရှိနေရင်တော့ ကိုယ်တွင်းဆဲလ်တွေက သကြားဓာတ်တွေ ရယူမသုံးစွဲနိုင်တော့တဲ့အတွက် ခဏခဏစားသောက်ဖို့ အားပေးသလိုဖြစ်နေပါတယ်။ Hyperthyroidism လို့ခေါ်တဲ့ သိုင်းရွိုက်ဟော်မုန်း ပုံမှန်ထက်များတဲ့ အခြေအနေမှာလည်း ခဏခဏဗိုက်ဆာ တတ်ပါတယ်။ ပိုလျှံနေတဲ့သိုင်းရွိုက်ဟော်မုန်းတွေက စားချင်စိတ်ကို ပိုအားကောင်းစေလို့ပါ။ လူတိုင်းမဟုတ်ပေမဲ့ တချို့တွေက စိတ်ဓာတ်ကျတဲ့အချိန် (ဒါမှမဟုတ်) အရမ်းစိတ်လှုပ်ရှားတဲ့အချိန်တွေ မှာဗိုက်ဆာတတ်ကြပါတယ်။ စားသောက်တာက […]


အစာအိမ်အက်ဆစ်ရည်ပြန်ဆန်တက်ခြင်း

ဘာစားစား နင်နေပြီလား

အခုတလော ဘာစားစား လည်ပင်းမှာ တစ်ဆို့တစ်ဆို့နဲ့ ကောင်းကောင်းမျိုမရဖြစ်နေပြီလား။ အစာမျိုရင် အရင်ကလို ရှောရှောရှူရှူ မဟုတ်ဘဲ အားနဲ့ မျိုချနေရပြီလား။ ရေသောက်တာတောင် လည်ပင်းမှာ ကပ်တပ်တပ်ကြီး ဖြစ်နေပြီလား။ ဒါဆိုရင် ဒီဆောင်းပါးကို ဆက်ဖတ်လိုက်ပါ။ အစားမြန်မြန်စားရင်ပဲ ဖြစ်ဖြစ်၊ သေချာ မဝါးဘဲ မျိုချရင် ဖြစ်ဖြစ် အစာနင်တတ်တာ သဘာဝပါ။ ဒါပေမယ့် သဘာဝ မဟုတ်တဲ့ တချို့သော ကျန်းမာရေး ပြဿနာလေးတွေမှာလည်း အစာနင်တတ်ပါသေးတယ်။ စစချင်းဆို နင်တယ်လို့တောင် မထင်ဘူး။ စားလိုက်ရင် အစာက အောက်မကျဘဲ ရင်ခေါင်းမှာ ခပ်တောင့်တောင့်၊ ခပ်အောင့်အောင့်လေး ခံစားရပါတယ်။ တချို့ဆို နင်ရုံမက သီးပါ သီးတော့တာ။ နင်တာကလည်း အစာစားလည်း နင်၊ ရေသောက်လည်း နင် ဖြစ်လာပြီဆိုရင်တော့ ဂရုစိုက်ရမယ့် အနေအထား ရောက်လာပါပြီ။ ဘာလို့ […]


ဝမ်းချုပ်ခြင်း

ဝမ်းချုပ်ခြင်းအတွက် သဘာဝကုထုံးများ

လူအတော်များများဟာ တစ်ချိန်မှာတော့ ဝမ်းချုပ်တဲ့ပြဿနာကို ကြုံဖူးကြပါလိမ့်မယ်။ ဝမ်းချုပ်ခြင်းဟာ ကြီးမားတဲ့ရောဂါတော့ မဟုတ်ပေမယ့် နေရထိုင်ရခက်စေပါတယ်။ တော်သေးတာက နေထိုင်မှုပုံစံ၊ စားသောက်မှုပုံစံ ပြောင်းလဲပေးခြင်းအားဖြင့် ဝမ်းချုပ်ခြင်းကို သက်သာစေနိုင်ပါတယ်။ များသောအားဖြင့် ဆေးဝါးများသုံးစရာမလိုဘဲ သဘာဝနည်းလမ်းများနဲ့ အဆင်ပြေအောင် ကုစားနိုင်ပါတယ်။ အစာအိမ်အူလမ်းကြောင်းအလုပ်လုပ်ပုံ၊ ဝမ်းသွားပုံဟာ တစ်ယောက်နဲ့တစ်ယောက်တော့ မတူပါဘူး။ ယေဘုယျအားဖြင့် အနည်းဆုံး တပတ်မှာ သုံးကြိမ်ကနေ အများဆုံး တစ်ရက်မှာ သုံးကြိမ်ထိ သွားခြင်းကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အတိုင်းအတာလို့ သတ်မှတ်ထားပါတယ်။ ဝမ်းသွားခြင်းဟာ နေ့စဉ် စားသောက်မှုပုံစံ ဒါမှမဟုတ် နေထိုင်ကောင်းခြင်း/မကောင်းခြင်းပေါ်လည်း မူတည်ပါသေးတယ်။ ဝမ်းချုပ်တဲ့အခါ ဝမ်းနုတ်ဆေးများသုံးစွဲနိုင်ပေမယ့် သဘာဝကုထုံးများကျင့်သုံးခြင်းအားဖြင့်လည်း သင့်အူလမ်းကြောင်းကို လှုပ်ရှားမှု ပြန်လည်ကောင်းမွန်စေမှာ ဖြစ်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ ဝမ်းချုပ်ခြင်းကို သက်သာစေမယ့် သဘာဝနည်းလမ်းများဘဲ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ခြင်း ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ အစာအိမ်အူလမ်းကြောင်းက ကြွက်သားတွေကို လှုံ့ဆော်ပေးရာ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

သင့် အစာအိမ်အူလမ်းကြောင်း ကျန်းမာရေးကောင်းစေဖို့

အစာအိမ်အောင့်ခြင်း၊ လေထခြင်း၊ အစာမကြေရင်ပူခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းချုပ်ခြင်း စတဲ့ အစာအိမ်အူလမ်းကြောင်းပြဿနာများကို လူတိုင်းလိုလို ကြုံဖူးကြပါလိမ့်မယ်။ များသောအားဖြင့် ခဏတာမျှသာ ခံစားကြုံကြိုက်ရတာများပါတယ်။ ဒါပေမယ့် ဒီဝေဒနာတွေကို ရက်ရှည်လများ ကြုံတွေ့လာရမယ်ဆိုရင်တော့ နေ့စဉ်ဘဝကိုပါ ထိခိုက်လာပါလိမ့်မယ်။ ယခုဖော်ပြမယ့်နည်းလမ်းတွေကတော့ အစာကြေစေပြီး အစာအိမ်အူလမ်းကြောင်းကို သက်သာရာရစေမယ့် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ၁။ လတ်ဆတ်ပြီး ပြုပြင်မှုနည်းသော အစားအစာများကိုစားပါ စားကောင်းအောင် ပြုပြင်ထားတဲ့ ကာဘိုဟိုက်ဒရိတ်တွေ၊ ပြည့်ဝဆီတွေ၊ ဆိုးဆေးတွေဟာ အစာအိမ်လမ်းကြောင်းကို ဒုက္ခပေးတတ်ပါတယ်။ အဆင့်ဆင့်ပြုပြင်ထားတဲ့ စားသောက်ဖွယ်ရာတွေမှာ တွေ့ရများတဲ့ ပုံပြောင်းဆီဟာလည်း အူလမ်းကြောင်းကို ရောင်ရမ်းစေတတ်တဲ့ အာနိသင် ရှိပါတယ်။ ဒါ့အပြင် စားကောင်းအောင်ပြုပြင်ထားတဲ့ ဖျော်ရည်တွေ၊ ရေခဲမုန့်တွေမှာပါတဲ့ ဆေးသကြားတွေဟာ အူလမ်းကြောင်းက အကျိုးပြုဘက်တီးရီးယားတွေကို ဒုက္ခပေးပြီး အစာအိမ်အူလမ်းကြောင်းပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် အဆင့်ဆင့်ပြုပြင်ထားတဲ့ အစားအစာတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ပြီး လတ်ဆတ်စွာနဲ့ […]


အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

အသည်း ရောဂါ ရှိသူတွေ စားဖို့ သင့်တဲ့ အသီးတချို့

အသည်း နဲ့ ပတ်သက်တဲ့ ရောဂါ တစ်ခုခု ရှိနေတာဖြစ်ဖြစ်၊ အသည်းမကျန်းမာတဲ့သူတွေ အတွက် မကြာခဏ စားသုံးဖို့ လိုတဲ့ အသီးအနှံတွေကို အကြံပြုပေးချင်ပါတယ်။ သံပရာသီး အသည်း အဆီဖုံးနေတာတွေ လျော့ပါးစေဖို့က သံပရာသီးက အကောင်းဆုံးဓာတ်စာ ပါပဲ။ ရေ တစ်ဖန်ခွက်ထဲ သံပရာရည်ညှစ်ထည့်ပြီး နေ့တိုင်း သောက်ပေးတာက အသည်းမှာ စုနေတဲ့အဆီတွေ ကို အမြန်ဆုံး ကျဆင်းစေပါတယ်။ သံပရာသီးက အဆိပ်အတောက် ဖယ်ရှားရာမှာ အစွမ်းထက်သလို ဗီတာမင် စီ လည်း ကြွယ်ဝပါတယ်။ သံပရာသီး ကြောင့် အစာခြေစနစ် ပိုကောင်းစေတဲ့အပြင် အသည်းကိုလည်း အကာအကွယ် ပေးနိုင်ပါတယ်။ မန်ကျည်းသီး ဟင်းချက်တဲ့အခါ ထည့်ချက်နေကျ မန်ကျည်းသီး မှာ အစွမ်းသတ္တိတွေ ရှိနေတယ် ဆိုတာ သင် သိပါသလား။ မန်ကျည်းသီး ဟာ အမျှင်ဓာတ်နဲ့ မပြည့်ဝဆီတွေပါဝင်မှု မြင့်မားလို့ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

မပေါ့ဆသင့်တဲ့ အစာအိမ်အူလမ်းကြောင်း လက္ခဏာများ

ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ကောင်းကောင်းအလုပ်မလုပ်နိုင်ရင် လက္ခဏာအမျိုးမျိုးပြသပြီး အချက်ပေးတတ် ပါတယ်။ ဒီတစ်ခေါက်မှာတော့ အစာအိမ်နဲ့အူလမ်းကြောင်းစနစ်မှာ ပြဿနာရှိနေကြောင်း ပြသတဲ့လက္ခဏာတွေ ကိုပြောပြပေးချင်ပါတယ်။ ဝမ်းထဲသွေးပါခြင်း - အိမ်သာတက်ပြီး စအိုကိုရေနဲ့ဆေးတဲ့အခါမှာဖြစ်ဖြစ် တစ်ရှုးနဲ့သုတ်လိုက်တဲ့အခါမှာဖြစ်ဖြစ် သွေးစလေးတွေပါနေမယ်ဆို သတိထားပါ။ စအိုဝလမ်းကြောင်းမှာ လိပ်ခေါင်းရှိနေတာ၊ ဒါမှမဟုတ် အနာတစ်ခုခုဖြစ်နေကြောင့် သွေးပါတာဖြစ်ဖို့ များပါတယ်။ ဒါပေမဲ့ အူမကြီးကင်ဆာ၊ အူမကြီးအကျိတ်နဲ့ အူလမ်းကြောင်း ရောင်ရမ်းမှုတွေဖြစ်ရင်လည်း သွေးဝမ်းသွားတတ်ပါတယ်။ ဒါ့ကြောင့် ဝမ်းထဲသွေးပါလာခဲ့ရင် တစ်ပတ်လောက်စောင့်ကြည့်ပါ။ သွေးပမာဏများလာမယ် ဒါမှမဟုတ် တစ်ပတ်ကျော်တဲ့အထိ မပျောက်သွားရင် ဆရာဝန်နဲ့ ပြသကြည့်ပါ။ ဗိုက်ညာဖက်အောက်နားကနာကျင်ခြင်း - ဗိုက်ညာဖက်အောက်နား ရုတ်တရက်နာကျင်မှုက အူအတက်ရောင် လက္ခဏာတွေထဲမှာ အဖြစ်အများဆုံးပါ။ နာကျင်မှုက ချက်ပတ်လည်တစ်ဝိုက် မှာစတင်ပြီး ဗိုက်ညာဖက်ကို ရွေ့သွားတတ်ပါတယ်။ အူအတက်ရောင်ခြင်းကို အချိန်မှီမကုသရင် အူအတက်ပေါက်ပြီး အသက်ဆုံးရှုံးနိုင်တာမို့ မပေါ့ဆသင့်တဲ့ လက္ခဏာတစ်ခုပါ။ ရင်ခေါင်းတောင့်ခြင်း - […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ချက်တစ်ဝိုက်က အောင့်နေတယ်။ ဘာကြောင့်များလဲ။

လူတော်တော်များများ ချက်တစ်ဝိုက်က နာကျင်တာ၊ အောင့်တာကို တော်တော်များများ ခံစားဖူးကြမှာပါ။ တစ်ခါတစ်လေမှာ ဒီလို ချက်တစ်ဝိုက် အောင့်တာ၊ နာတာက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေရဲ့ လက္ခဏာတွေ ဖြစ်နေနိုင်ပါတယ်။ ဒီလို ချက်တစ်ဝိုက်က အောင့်တဲ့အခါ အကောင်းဆုံး နည်းလမ်းက ဆရာဝန်ကို သေချာပြောပြပြီး ဆွေးနွေးတာပါ။ ဒါမှ စိုးရိမ်ရတဲ့ အနေအထားလား၊ မဖြစ်မနေ ကုသမှုခံယူဖို့ လိုတဲ့ အနေအထားလား ဆိုတာကို သေချာ သိရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါတွေကြောင့် ချက်တစ်ဝိုက်မှာ နာကျင်တာဖြစ်နိုင်ပါတယ် ချက်တစ်ဝိုက်မှာ နာကျင်ရတဲ့ အကြောင်းအရာက တစ်ချက်မက ရှိနေနိုင်ပါတယ်။ ဒါတွေကတော့ ကိုယ်ဝန် ရှိနေတာ -  အမျိုးသမီးတွေ အနေနဲ့ ချက်တစ်ဝိုက်မှာ နာကျင်နေမယ်။ အိမ်ထောင်လည်း ရှိနေမယ်ဆိုရင် ကိုယ်ဝန်ရှိနေတာ ဖြစ်နိုင်ပါတယ်။ အချို့သော ကျန်းမာရေးပြဿနာတွေ - အစာမကြေတာကစလို့ အူအတက်ရောင်တာ၊ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အူအတက်‌ရောင်ခြင်းကို သိနိုင်မယ့် လက္ခဏာ ၇ ချက်

အူအတက်ရောင်ခြင်းကို လူအတော်များများ ကြားဖူးကြပါလိမ့်မယ်။ အမျိုးသား ၉ ရာခိုင်နှုန်း နဲ့ အမျိုးသမီး ၇ ရာခိုင်နှုန်းခန့်ဟာ အူအတက်‌ရောင်ခြင်းကို ဘဝမှာ တစ်ခါတော့ ခံစားဖူးကြတယ်လို့ဆိုပါတယ်။ အူအတက်ရောင်ရာကနေ အလွန်ဆိုးဝါးတဲ့အခါ အူအတက်ပေါက်သွားနိုင်ပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ အဲ့လိုအဆင့်ရောက်ဖို့အတွက် လက္ခဏာတွေ ပြပြီး ၂၄ နာရီခန့် အချိန်ကြာမြင့်နိုင်တဲ့အတွက် လက္ခဏာတွေကို သိရှိပြီး ၂၄ နာရီအတွင်း ဆေးရုံကို အရောက်သွားဖို့ အလွန်အရေးကြီးပါတယ်။ ၁. ဝမ်းဗိုက်အောက်ပိုင်း နာခြင်း၊ အောင့်ခြင်း အူအတက်ရောင်ခြင်းရဲ့ အဓိက လက္ခဏာဖြစ်ပါတယ်။ အူအတက်ရှိရာ ဝမ်းဗိုက်ရဲ့ ညာဘက် အောက်ပိုင်းမှာ နာခြင်း အောင့်ခြင်း တို့ ခံစားရပါလိမ့်မယ်။ ဒါပေမယ့် စစချင်းအနေနဲ့ ချက်ပတ်ပတ်လည်မှာ နာခြင်း၊ အောင့်ခြင်းတို့ စတင်ဖြစ်ပေါ်ပြီးမှ ဗိုက်ရဲ့ ညာဘက်အောက်ပိုင်းကို ရွေ့သွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း