အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ခန္ဓာကိုယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်က အရေးပါတဲ့ စနစ်တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကနေ အာဟာရစုပ်ယူဖို့ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက လုပ်ပေးမှ ရတာပါ။ ဒီလိုစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်တစ်ခု ဖြစ်ဖို့ ဘာတွေလုပ်လို့ရလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား

ဝမ်းလျှောလို့ ဓာတ်ဆားရည်သောက်လိုက်တာ ခုတော့ ဝမ်းပိတ်ရုံတင်မကဘူး။ ဝမ်းပါချုပ်သွားပြီလို့ ပြောတာ ကြားဖူးမှာပါ။ ဝမ်းချုပ်တာကို ဓာတ်ချုပ်တယ်လို့လည်း ပြောကြတော့ ဓာတ်ဆားရည်တွေ သောက်လိုက်လို့ ဝမ်းချုပ်သွားတာများလားလို့ တွေးတတ်ကြပါတယ်။ တကယ်ပဲ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်တွေမှာ ဘာတွေပါဝင်သလဲ။ ဓာတ်ဆားရည်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆားဓာတ်တွေ ဖြစ်တဲ့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်၊ ဂလူးကို့စ်၊ ရေ စတာတွေ ပါဝင်ပြီး ဒါတွေက နဂိုလည်း ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဓာတ်တွေပဲ ဖြစ်ပါတယ်။ ဒီဓာတ်တွေက ဝမ်းချုပ်တာနဲ့ မသက်ဆိုင်ပါဘူး။ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်က ဝမ်းချုပ်စေဖို့ မပြောနဲ့။ ဝမ်းပိတ်စေတဲ့ အာနိသင်တောင် မရှိပါဘူး။ ဟုတ်ပါတယ်။ ဝမ်းလျှောတဲ့အခါ ဓာတ်ဆားရည်သောက်တာက ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားဓာတ်ကို ဖြည့်ပေးတာပဲ ဖြစ်ပါတယ်။ ဝမ်းရပ်ဖို့ ဆိုတာက ကုသမှု တစ်ခုခု […]

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကို ရှာဖွေမည်။

အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ပန်ခရိယရောင်ရမ်းခြင်းအတွက် စားသောက်မှုပုံစံ

ပန်ခရိယကို မုန့်ချိုအိတ်လို့လည်း ခေါ်ပါတယ်။ ပန်ခရိယဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းရာမှာ ပါဝင်ပါတယ်။ အင်ဇိုင်းများထုတ်လုပ်ပေးပြီး အစာချေရာမှာလည်း ပါဝင်ကူညီပါတယ်။ ပန်ခရိယဟာ ရောင်ရမ်းနေချိန်မှာတော့ သူ့ရဲ့လုပ်ငန်းတာဝန်များကို လုပ်ဆောင်နိုင်ခြင်း မရှိတော့ပါဘူး။ ပန်ခရိယဟာ အစာခြေလုပ်ငန်းစဉ်မှာ အဓိကပါဝင်တာကြောင့် သင်ဘာတွေစားလိုက်သလဲဆိုတာ ပန်ခရိယပေါ် သက်ရောက်မှု ရှိပါတယ်။ ပန်ခရိယ ရုတ်တရက်ရောင်ရမ်းခြင်းဖြစ်တာဟာ များသောအားဖြင့် သည်းခြေကျောက်များကြောင့် ဖြစ်တတ်ပါတယ်။ ကာလရှည်ကြာ ရောင်ရမ်းခြင်းကတော့ စားသောက်မှုပုံစံကြောင့် ဖြစ်နိုင်ပါတယ်။ သုတေသီတွေအနေနဲ့ ပန်ခရိယ မကောင်းချိန်မှာ ဘယ်လို အစားအသောက်တွေကို စားသုံးသင့်ကြောင်း လေ့လာနေကြပါတယ်။ ယခု ဆက်လက်ဖော်ပြမှာကတော့ ပန်ခရိယရောင်ရမ်းချိန်မှာ ဘယ်အစားအသောက်တွေ ရှောင်ကြဉ်သင့်တယ်၊ ဘယ်အစားအသောက်တွေကို စားသုံးသင့်သလဲ ဆိုတာပါပဲ။ ဘာတွေ စားသင့်သလဲ ပန်ခရိယ ကျန်းမာရေးကောင်းအောင် ပရိုတိန်းကြွယ်ဝတဲ့ အစားအစာများနဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းများကို ရွေးချယ်စားသုံးသင့်ပါတယ်။ တိရစ္ဆာန်များကရတဲ့ အဆီဓာတ်ကို လျှော့ချစားသုံးရပါမယ်။ အဆီဓာတ်နည်းတဲ့ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

သင့်ကိုယ်ခန္ဓာထဲက အစာခြေအင်ဇိုင်းများအကြောင်း

အင်ဇိုင်းဆိုတာ ဆဲလ်အတွင်းမှာ တွေ့ရတဲ့ ပရိုတိန်းအမျိုးအစားတစ်မျိုးပဲ ဖြစ်ပါတယ်။ အင်ဇိုင်းတွေဟာ လူ့ကိုယ်ခန္ဓာထဲမှာ ဓာတုဓာတ်ပြုခြင်းတွေကို လုပ်ဆောင်ပါတယ်။ ကြွက်သားများ တည်ဆောက်ပေးခြင်း၊ အဆိပ်အတောက်များကို ချေဖျက်ပေးခြင်း၊ အစာစားပြီး အစာခြေပေးခြင်း စတဲ့အရေးကြီးလုပ်ငန်းတာဝန်တွေကို ထမ်းဆောင်ကြပါတယ်။ ဒီအင်ဇိုင်းတွေကို ကိုယ်ခန္ဓာထဲမှာပဲ သဘာဝအလျောက် ထုတ်လုပ်ပါတယ်။ ဥပမာ အစာချေဖို့ လိုအပ်တဲ့ အင်ဇိုင်းတွေကို ပန်ခရိယ၊ အစာအိမ်နဲ့ အူသိမ်ထဲမှာ အများဆုံး ထုတ်လုပ်ပါတယ်။ ဒါပေမယ့် လိုအပ်ချက်အရ အစာကိုဝါးနေချိန်မှာပါ ချေဖျက်နိုင်အောင် တံတွေးဂလင်းများကပါ အစာချေအင်ဇိုင်းတွေကို ထုတ်လုပ်ပေးပါတယ်။ အစာအိမ်အူလမ်းကြောင်းပြဿနာ ရှိနေရင် လိုအပ်တဲ့အခါ အစာခြေအင်ဇိုင်းတွေပါတဲ့ ဆေးပြားတွေ သောက်သုံးနိုင်ပါတယ်။ အစာခြေအင်ဇိုင်း အမျိုးအစားများ အစာခြေအင်ဇိုင်းကို အဓိကအားဖြင့် အုပ်စုသုံးစုခွဲနိုင်ပါတယ်။ ၎င်းတို့ကတော့ - အမိုင်းလေ့စ် (Amylase) အင်ဇိုင်း။ ကာဘိုဟိုက်ဒရိတ်ကို သကြားများအဖြစ် ဖြိုခွဲပါတယ်။ - ပရိုတီယေ့စ် (Protease) အင်ဇိုင်း။ ပရိုတိန်းကို […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ပန်ခရိယ (သို့မဟုတ်) မုန့်ချိုအိတ် ရောင်ရမ်းခြင်းအကြောင်း

ပန်ခရိယ (ခေါ်) မုန့်ချိုအိတ်ဟာ အစာအိမ်ရဲ့အနောက် ကပ်လျက်ရှိတဲ့ ကိုယ်တွင်းအင်္ဂါဖြစ်ပါတယ်။ စားလိုက်တဲ့ အစာတွေကို ချေဖျက်ဖို့၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးဖို့ အင်ဇိုင်းနဲ့ ဟော်မုန်းတွေ ထုတ်လုပ်ပေးတဲ့ အရေးကြီးအင်္ဂါ အစိတ်အပိုင်း ဖြစ်ပါတယ်။ ပန်ခရိယဟာ အကြောင်းတစ်စုံတစ်ရာကြောင့် ရောင်ရမ်းတဲ့အခါမှာတော့ ပုံမှန်လုပ်ငန်းတာဝန်တွေ မထမ်းဆောင်နိုင်တော့ဘဲ ရောဂါဝေဒနာတွေပါ ပေါ်ပေါက်လာပါတယ်။ ပန်ခရိယရောင်ရမ်းခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ ပန်ခရိယရောင်ရမ်းသူအများစုဟာ ဝမ်းဗိုက်အပေါ်ပိုင်း ဘယ်ဘက်အလယ်ခြမ်းမှာ ထိုးအောင့်တတ်ပါတယ်။ နာတာရှည် ရောင်ရမ်းသူတွေမှာတော့ ကွန်ပျူတာဓာတ်မှန် ရိုက်တဲ့အခါ ရောင်ရမ်းတဲ့လက္ခဏာကို မြင်တွေ့နိုင်ပါတယ်။ တခြားတွေ့နိုင်တဲ့ လက္ခဏာတွေကတော့ - ကိုယ်ခန္ဓာအပေါ်ပိုင်း ရင်ဘတ်နှင့်ကျော ညှပ်အောင့်ခြင်း - အစာမကြေခြင်း - ပျို့ခြင်း၊ အန်ခြင်း - ဗိုက်နာခြင်း - ရုတ်တရက် ကိုယ်အလေးချိန်ကျခြင်း - ဗိုက်ထဲတွင် လေပွခြင်း၊ တင်းခံနေခြင်း - ကြို့ထိုးခြင်း - ဖျားခြင်း စတာတွေ ဖြစ်ပါတယ်။ နာတာရှည် ပန်ခရိယရောင်ရမ်းခြင်းမှာတော့ အဆီများပါပြီး အနံ့ဆိုးတဲ့ […]


အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ဝမ်းချုပ် ခြင်းကို အားပေးတဲ့ အစားအသောက် (၈) မျိုး

ဝမ်းချုပ် စေတတ်တဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဒီထဲမှာ ရေ သိပ်မသောက်လို့ ၊ လှုပ်ရှားမှု နည်းလို့ ၊ အစာခြေစနစ် မကျန်းမာလို့၊ အူလမ်းကြောင်းလှုပ်ရှားမှုမမှန်လို့ ဆိုတာတွေ ပါဝင်တာပေါ့။ တချို့က ဝမ်းနှုတ်ဆေးကို သုံးတတ်ကြပေမယ့် ဝမ်းနှုတ်ဆေးဆိုတာ မကြာခဏ သုံးလို့ကောင်းတဲ့ နည်းလမ်းမဟုတ်ပါဘူး။ ဒီတော့ သဘာဝအတိုင်းသာ ဝမ်းမှန်အောင် ကြိုးစားရမှာဖြစ်ပါတယ်။ ရေ ကို လုံလောက်အောင် သောက်ပါ၊ အသီးအနှံ၊ အသီးအရွက်တွေ မျှတအောင် စားပါ၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပါ ဒါဆို လုံလောက်ပါတယ်။ ဒါပေမယ့် နေထိုင်မှုပုံစံကြောင့် ဖြစ်စေ ရောဂါအခံကြောင့် ဖြစ်စေ ဝမ်းချုပ် ဝေဒနာ ဖြစ်လာတဲ့အခါ အထူးသဖြင့် ဒါတွေကို သတိထားစားသုံးဖို့ အကြံပြုပေးလိုက်ပါတယ်။ ဆင်ခြင် စားသုံးသင့်တဲ့ အစားအသောက်များ (၁) နို့ထွက်ပစ္စည်း မကြာခဏ ဝမ်းချုပ်တတ်တယ် ဆိုရင် […]


လိပ်ခေါင်းရောဂါများ

ရင်သွေးငယ်လေးတွေမှာ ဖြစ်တဲ့ လိပ်ခေါင်း

လိပ်ခေါင်း (Hemorrhoids) ဆိုတာ ဘာလဲ။ စအိုအတွင်းမှာ ရှိတဲ့ အညစ်အကြေး စွန့်ရာ လမ်းကြောင်း ရောင်ရမ်းခြင်းလို့ ဆိုနိုင်ပါတယ်။ လိပ်ခေါင်းမှာ အတွင်းလိပ် (Internal Hemorrhoids) နဲ့ အပြင်လိပ် (External Hemorrhoids) ဆိုပြီး ၂ မျိုး ရှိပါတယ်။ အတွင်းလိပ်ကတော့ စအိုအတွင်းမှာ ရောင်ရမ်းတာဖြစ်ပြီး အပြင်လိပ်ကတော့ စအိုထိပ် ပတ်လည်မှာ ရောင်ရမ်းနေတာပါ။ မကုသဘဲ ပစ်ထားမယ်ဆိုရင် ကိုယ့်ရဲ့ တစ်နေ့တာကို ကောင်းကောင်း ဒုက္ခပေးနိုင်တယ်ဆိုပေမယ့် ကုသပျောက်ကင်းဖို့လည်း လွယ်ကူတဲ့ ကျန်းမာရေး ပြဿနာထဲမှာ ပါပါတယ်။ ပုံမှန် ကျွန်တော်တို့ ဝမ်းသွားတဲ့အခါမှာ စအိုလမ်းကြောင်းတွင်းမှာ ရှိတဲ့ တစ်ရှူးတွေသည် သွေးများဖြင့် ပြည့်နှက်ကာ ဖောင်းကြွလာပါတယ်။ ဒီတစ်ရှူးတွေနဲ့ ဖွဲ့စည်းထားတဲ့ လမ်းကြောင်းဟာ ဝမ်းသွားရ ချောမွေ့စေဖို့ ကူညီထိန်းချုပ်ပေးပါတယ်။ လိပ်ခေါင်းဖြစ်နေတဲ့ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

သန်ကောင် တွေရဲ့ အန္တရာယ်ကနေ ကင်းဝေးအောင် နေကြမယ်။

ကျွန်ုပ်တို့ နေထိုင်ရာ ပတ်ဝန်းကျင်မှာ လူတွေကို ဒုက္ခပေးနိုင်တဲ့ သန်လုံးကောင်၊ သန်ပြားကောင်၊ သန်ချိတ်ကောင် စတဲ့ သန်ကောင်တွေ အများကြီးရှိနေပါတယ်။ အကောင်အမျိုးအစားအပေါ် မူတည်ပြီး သန်ကောင် တွေဟာ ခန္ဓာကိုယ်ထဲကို အစာလမ်းကြောင်းက တစ်ဆင့် (သို့) အရေပြားတွေကတစ်ဆင့် ဖောက်ပြီး ဝင်လာနိုင်ပါတယ်။  ခန္ဓာကိုယ်ထဲရောက်လာတဲ့အခါ ကပ်ပါးကောင်တွေလိုမျိုး ကျွန်ုပ်တို့ စားသောက်ထားတဲ့ အာဟာရဓာတ်တွေကို စုပ်ယူစားသုံးပြီး ရှင်သန်ကြပါတယ်။ ဒီလို အာဟာရဓာတ်တွေကို စုပ်ယူရုံတင်မကဘဲ လူသားတွေကိုလည်း ဘေးအန္တရာယ်ဖြစ်စေနိုင်ပါသေးတယ်။ သန်ကောင် တွေကြောင့် ဖြစ်နိုင်သော ကျန်းမာရေးဆိုးကျိုး လက္ခဏာများ။ ၁။ ဗိုက်နာခြင်း။ ၂။ ဝမ်းပျက်ဝမ်းလျှော ဖြစ်ခြင်း။ ၃။ ပျို့အန်ခြင်း။ ၄။ ရင်ပြည့်သလို ခံစားရခြင်း။ ၅။ အကြောင်းမဲ့ ကိုယ်အလေးချိန်ကျလာခြင်း။ ၆။ အရေပြား ယားယံမှုဖြစ်ခြင်း။ ၇။ မောပန်းလွယ်ခြင်း စတဲ့ လက္ခဏာတွေခံစားရနိုင်ပါတယ်။ ဒါ့အပြင် နောက်ဆက်တွဲ အနေနဲ့ သန်ကောင်တွေကြောင့် အူလမ်းကြောင်းပိတ်ဆို့ခြင်း ၊သွေးအားနည်းခြင်း […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

စအိုကွဲခြင်း (Anal Fissure) အကြောင်း သိထားသင့်သမျှ

စအိုကွဲခြင်း (Anal Fissure) ဆိုတာ စအိုအတွင်း မစင်စွန့်ရာ လမ်းကြောင်းဟာ ပွန်းပဲ့ထိခိုက်ပြီး အက်ကွဲကြောင်း ဒဏ်ရာလို ဖြစ်သွားတာကို ဆိုလိုတာပါ။ ဝမ်းသွားစဉ်မှာ အလွန်အမင်း နာကျင်တာ၊ သွေးထွက်တာမျိုး ဖြစ်စေတဲ့ ကျန်းမာရေး ပြဿနာ တစ်ခုပါ။ အချိန် ကြာလာတာနဲ့အမျှ စအို ကြွက်သားအတွင်းမှာ ရှိတဲ့ တစ်ရှူးတွေကို ဒဏ်ဖြစ်လာစေနိုင်တဲ့အထိ ဒဏ်ရာက ပြင်းထန်ပြီး နက်လာတတ်ပါတယ်။ ပုံမှန်အားဖြင့် စအိုကွဲတာသည် စိုးရိမ်စရာ ကောင်းတဲ့ ပြဿနာတစ်ခု မဟုတ်ပေမဲ့ သေချာ ကုသမှုခံယူဖို့ လိုအပ်သလို ဖြစ်နေချိန်မှာလည်း ဒဏ်ရာကို ဂရုစိုက်သင့်ပြီး မှန်ကန်စွာ စားသောက်နေထိုင်ဖို့ လိုအပ်ပါတယ်။ ကလေးငယ်တွေရော လူကြီးတွေမှာပါ အကြောင်း အမျိုးမျိုးကြောင့် စအိုကွဲခြင်း ဖြစ်တတ်ပါတယ်။ စအိုကွဲခြင်း ဖြစ်စေနိုင်တဲ့ အကြောင်းရင်း • ဝမ်းမကြာခဏ ချုပ်တတ်ခြင်း • ဝမ်းအမာ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အစာခြေလမ်းကြောင်း တွင် ဖြစ်တတ်သော အနာများနှင့် ဘယ်လိုကာကွယ်ကြမလဲ။

အစာခြေလမ်းကြောင်း ဆိုတာ ပါးစပ်၊ လည်မျို ကစ အစာအိမ်၊ အူနဲ့ စအို အဆုံး လမ်းကြောင်းတစ်လျှောက်ကို ခေါ်ပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ အစာခြေလမ်းကြောင်းမှာ အဖြစ်များတဲ့ peptic ulcer လေးအကြောင်းကို မျှဝေပေးသွားမှာပါ။ peptic ulcer မှာ အဓိကအားဖြင့် အစာအိမ်အနာဖြစ်ခြင်း (gastric ulcer) နဲ့ အူသိမ်ဦးပိုင်းအနာ ဖြစ်ခြင်း (Duodenal ulcer) ဆိုပြီး နှစ်မျိုးပါဝင်ပါတယ်။ အစာအိမ်အနာ နဲ့ အူသိမ်ဦးပိုင်းအနာတွေဟာ ကို ဖြစ်စေသော အကြောင်းအရင်းများ။ ဒီအစာခြေလမ်းကြောင်းအနာနှစ်မျိုးဟာ H.Pylori လို့ခေါ်တဲ့ ဘက်တီးရီးယား ပိုးတစ်မျိုးကြောင့် အများဆုံး ဖြစ်တတ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ အစာအိမ်နဲ့ အူနံရံတွေမှာ အစာခြေဖို့အတွက် ထုတ်လိုက်တဲ့ အက်ဆစ်တွေကို ကာကွယ်နိုင်ဖို့အတွက် ထူထဲတဲ့ mucous အလွှာလေးတွေရှိပါတယ်။ အဲဒီအလွှာလေးတွေက ပါးသွားပြီး မကာကွယ်နိုင်တော့တဲ့အခါ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အူလမ်းကြောင်းဘက်တီးရီးယားများကို အထောက်အပံ့ဖြစ်စေမည့် နည်လမ်းများ

လူတို့ရဲ့ခန္ဓာကိုယ်ထဲမှာ ဘက်တီးရီးယားပေါင်း သန်းပေါင်းများစွာရှိပြီး အများစုဟာ အူလမ်းကြောင်းထဲမှာ ရှိပါတယ်။ သူတို့ဟာ လူသားတို့ကျန်းမာရေးကို များစွာ အကျိုးသက်ရောက်ပါတယ်။ တချို့ကတော့ ရောဂါဖြစ်စေတတ်ပါတယ်။ အကျိုးပြုဘက်တီးရီးယားပေါင်းများစွာလည်း အူလမ်းကြောင်းထဲမှာ ရှိပါတယ်။ စိတ်ဝင်စားစရာတစ်ချက်ကတော့ သင်စားလိုက်တဲ့ အစားအစာများဟာလည်း အူလမ်းကြောင်းထဲက အကျိုးပြုဘက်တီးရီးယားတွေအပေါ် အကျိုးသက်ရောက်မှုများစွာရှိတယ် ဆိုတာပါပဲ။ ၁။ အမျိုးမျိုးသော အစားအစာများ စားသုံးပါ အူလမ်းကြောင်းထဲမှာရှိတဲ့ ဘက်တီးရီးယားများဟာ အမျိုးပေါင်းရာချီပါတယ်။ တစ်မျိုးစီဟာ ကျန်းမာရေးအတွက် ကိုယ်စီအရေးပါပြီး မတူညီတဲ့ အာဟာရဓာတ်တွေ လိုအပ်ပါတယ်။ ဒါကြောင့် အစားအစာမျိုးစုံကို စားသုံးပေးဖို့ လိုအပ်ပါတယ်။ အဆီဓာတ်၊ သကြားဓာတ်၊ ပရိုတိန်း၊ ကာဘိုဟိုက်ဒရိတ်၊ အမျှင်ဓာတ် စတာတွေကို သူ့အချိုးအဆနဲ့သူ မျှတစွာ စားသုံးသင့်ပါတယ်။ ၂။ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုးနှင့် သစ်သီးများစွာ စားသုံးပေးပါ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်များဟာ အူလမ်းကြောင်းဘက်တီးရီးယားတွေအတွက် အကောင်းဆုံးသော အာဟာရရင်းမြစ်တွေ ဖြစ်ပါတယ်။ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

သဘာဝအလျောက် အစာခြေအင်ဇိုင်းပါဝင်သော အသီးအနှံများ

လူသားတို့ နေ့စဉ်စားသုံးလိုက်တဲ့ အစားအစာတွေကို ချေဖျက်နိုင်ဖို့ ကိုယ်တွင်းအင်္ဂါများဟာ အတူတကွ ပူးပေါင်းဆောင်ရွက်ပါတယ်။ စားသောက်လိုက်တဲ့ အစာတွေနဲ့အရည်တွေကို ချေဖျက်ပြီး ပရိုတိန်း၊ ကာဘိုဟိုက်ဒရိတ်၊ အဆီနဲ့ ဗီတာမင် စတာတွေအဖြစ် ခွဲထုတ်လိုက်ပါတယ်။ အဆိုပါ အာဟာရဓာတ်များကို အူလမ်းကြောင်းတစ်လျှောက်ကနေ စုပ်ယူပြီး သွေးထဲကို ရောက်သွားစေပါတယ်။ သွေးကတဆင့် ကိုယ်ခန္ဓာအနှံ့ကို ပို့ဆောင်ပေးပါတယ်။ အဆိုပါလုပ်ငန်းစဉ်အတွက် အစာခြေအင်ဇိုင်းတွေကို လိုအပ်ပါတယ်။ အဆီ၊ ပရိုတိန်းနဲ့ ကာဘိုဟိုက်ဒရိတ် မော်လီကျူးများကို ပိုမိုသေးငယ်အောင် ခွဲထုတ်ပြီး စုပ်ယူရလွယ်ကူစေပါတယ်။ အဓိကအင်ဇိုင်းတွေကတော့ - Protease အင်ဇိုင်း။ ပရိုတိန်းကို ပက်တိုဒ်နဲ့ အမိုင်နိုအက်ဆစ်အဖြစ် ဖြိုခွဲပေးပါတယ်။ - Lipase အင်ဇိုင်း။ အဆီဓာတ်ကို ဖက်တီးအက်ဆစ်အနေနဲ့ ဖြိုခွဲပေးပါတယ်။ - Amylase အင်ဇိုင်း။ ကာဘိုဟိုက်ဒရိတ်ကို ပိုမိုသေးငယ်အောင် ဖြိုခွဲပေးပါတယ်။ Lactase၊ maltase နဲ့ sucrose စတဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း