အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ခန္ဓာကိုယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်က အရေးပါတဲ့ စနစ်တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကနေ အာဟာရစုပ်ယူဖို့ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက လုပ်ပေးမှ ရတာပါ။ ဒီလိုစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်တစ်ခု ဖြစ်ဖို့ ဘာတွေလုပ်လို့ရလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား

ဝမ်းလျှောလို့ ဓာတ်ဆားရည်သောက်လိုက်တာ ခုတော့ ဝမ်းပိတ်ရုံတင်မကဘူး။ ဝမ်းပါချုပ်သွားပြီလို့ ပြောတာ ကြားဖူးမှာပါ။ ဝမ်းချုပ်တာကို ဓာတ်ချုပ်တယ်လို့လည်း ပြောကြတော့ ဓာတ်ဆားရည်တွေ သောက်လိုက်လို့ ဝမ်းချုပ်သွားတာများလားလို့ တွေးတတ်ကြပါတယ်။ တကယ်ပဲ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်တွေမှာ ဘာတွေပါဝင်သလဲ။ ဓာတ်ဆားရည်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆားဓာတ်တွေ ဖြစ်တဲ့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်၊ ဂလူးကို့စ်၊ ရေ စတာတွေ ပါဝင်ပြီး ဒါတွေက နဂိုလည်း ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဓာတ်တွေပဲ ဖြစ်ပါတယ်။ ဒီဓာတ်တွေက ဝမ်းချုပ်တာနဲ့ မသက်ဆိုင်ပါဘူး။ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်က ဝမ်းချုပ်စေဖို့ မပြောနဲ့။ ဝမ်းပိတ်စေတဲ့ အာနိသင်တောင် မရှိပါဘူး။ ဟုတ်ပါတယ်။ ဝမ်းလျှောတဲ့အခါ ဓာတ်ဆားရည်သောက်တာက ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားဓာတ်ကို ဖြည့်ပေးတာပဲ ဖြစ်ပါတယ်။ ဝမ်းရပ်ဖို့ ဆိုတာက ကုသမှု တစ်ခုခု […]

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကို ရှာဖွေမည်။

ရင်ပူခြင်း၊ ရင်ခေါင်းအောင့်ခြင်း

အစာမကြေရင်ပူချိန်မှာ နာနတ်သီးနဲ့ တည့်ရဲ့လား

တစ်ခုခုစားပြီးချိန်မှာ အစာရေမြိုတဝိုက်မှာ ပူလောင်တဲ့ ခံစားမှုကို တွေ့ကြုံဖူးပါလိမ့်မယ်။ အဆိုပါပြဿနာဟာ အစာအိမ်ထဲမှာ အပူဓာတ်များပြီး အစာရေမျိုကို လျှံတက်ပြီး လည်ချောင်းဝအထိ ရောက်လာလို့ ဖြစ်ပါတယ်။ အစာရေမျိုအဝမှာ အပေါက်ကိုပိတ်ပေးတဲ့ ပတ်လည်ကြွက်သားဟာ အပြည့်မပိတ်နိုင်တာကြောင့် အစာအိမ်ထဲက အစာခြေရည်တွေ လျှံတက်လာခြင်း ဖြစ်ပါတယ်။ ဒါဟာ လူတိုင်းလိုလိုကြုံဖူးတဲ့ ပြဿနာဖြစ်ပြီး နေရထိုင်ရခက်လောက်အောင် ကြုံရတတ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဆိုရင် နေ့စဉ်လိုလိုကြုံတွေ့ရပါတယ်။ သာမန်လူတွေရဲ့ သုံးပုံတပုံခန့်ဟာလည်း ဒီပြဿနာကို လစဉ်လိုလိုကြုံရတတ်ကြောင်း စစ်တမ်းများအရ သိရပါတယ်။ အစာခြေရည်ပြန်လျှံတက်ခြင်းကြောင့် အစာရေမြိုကို ထိခိုက်ပျက်စီးစေမယ် ဆိုရင်တော့ နောင်အမြဲလိုလို ကြုံသွားရတတ်ပါတယ်။ အစားအစာတချို့ဟာ အစာချေရည်ပြန်လျှံတက်ခြင်းကို ပိုဖြစ်စေတတ်ပါတယ်။ ယေဘုယျအားဖြင့် ဆရာဝန်များဟာ အက်ဆစ်ဓာတ်များတဲ့ အစားအစာတွေကို ရှောင်ခိုင်းတတ်ကြပါတယ်။ ဒီအထဲမှာ နာနတ်သီးလည်း ပါတတ်ပါတယ်။ ဒါပေမယ့် နာနတ်သီးကို ရှောင်ဖို့မဆုံးဖြတ်ခင် နာနတ်သီးမှာပါဝင်တဲ့ အာဟာရဓာတ်တွေကို သိထားသင့်ပါတယ်။ နာနတ်သီးကနေ […]


အသည်းရောဂါများ

အသည်းရောင်အသားဝါ ရောဂါကိုဖြစ်စေတဲ့ရောဂါပိုးများနဲ့ဘယ်လိုကာကွယ်ကြမလဲ။

အသည်းရောင်အသားဝါ ရောဂါဆိုတာ အသည်းကိုထိခိုက်ပျက်စီးစေနိုင်ပြီး အသည်းခြောက်၊ အသည်းကင်ဆာ အထိ ဖြစ်စေနိုင်တဲ့အတွက် အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ဒီရောဂါကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ အဓိက အားဖြင့်တော့ အသည်းရောင် အသားဝါ ပိုး ၅ မျိုး ( A,B,C,D,E ) ကြောင့် ဖြစ်နိုင်ပါတယ်။ ၁။ အသည်းရောင်အသားဝါ A ပိုး။ အသည်းရောင်အသားဝါ A ပိုးဟာ ပိုးပါတဲ့ အစားအစာ၊ ရေတွေကို စားသောက်မိခြင်း၊ လိင်မှတဆင့် ကူးစက်ခြင်း၊ ရောဂါရှိသူနဲ့ အနီးကပ်ထိတွေ့ခြင်းမှ တစ်ဆင့်ကူးစက်နိုင်ပါတယ်။ အသည်းရောင်အသားဝါ A ပိုးကြောင့် ဖြစ်တဲ့ ရောဂါဟာ များသောအားဖြင့် သိပ်မပြင်းထန်ပဲ ပြန်လည်ကောင်းမွန်နိုင်ခြေ များပါတယ်။ ၂။ အသည်းရောင် အသားဝါ B ပိုး။ အသည်းရောင်အသားဝါ Bပိုး ဟာ […]


အသည်းရောဂါများ

အသည်းရောင်အသားဝါ Bပိုး မကူးအောင်ဘယ်လိုကာကွယ်ကြမလဲ။

ဒီနေ့ဆောင်းပါးလေးမှာကတော့ Bပိုး မဖြစ်အောင်၊ အထူးသဖြင့် အတူနေ အိမ်သားတစ်ယောက်ယောက်မှာ Bပိုး ရှိနေတဲ့အခါ မကူးအောင် ဘယ်လို ဂရုစိုက်နေထိုင်ကြမလဲ ဆိုတာလေးကို အဓိက မျှဝေပေးချင်ပါတယ်။ အသည်းရောင် အသားဝါ B ပိုးဆိုတာ အသည်းကိုထိခိုက်စေနိုင်တဲ့ အသည်းရောင်ရောဂါကို ဖြစ်စေတဲ့ ပိုးတစ်မျိုးဖြစ်ပြီး Bပိုး ကြောင့် ဖြစ်တဲ့ အသည်းရောင်ရောဂါဟာ ကုသလို့ပျောက်နိုင်သေးပါဘူး။ နောက်ဆက်တွဲ အနေနဲ့ အသည်းခြောက်ခြင်း နှင့် အသည်းကင်ဆာကို ဖြစ်စေနိုင်ပြီး အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ အထိ ဆိုးရွားနိုင်ပါတယ်။ မပြန့်ပွားအောင် ကူးစက်မခံရအောင် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ မပြောပြခင်မှာ အရင်ဆုံး ဘယ်လို လူတွေမှာ Bပိုး ကူးစက်ခံရနိုင်ခြေများတယ် ဆိုတာလေး နည်းနည်း မျှဝေပေးချင်ပါတယ်။ ၁။ မကြာခဏ သွေးသွင်းကုသမှုခံယူရသူများ။ ၂။ လိင်ဆက်ဆံဖော်များသူများ၊ ရောဂါရှိသူနဲ့ အကာကွယ်မဲ့ လိင်ဆက်ဆံမှု ရှိသူများ။ ၃။ […]


အစာအိမ်ရောင်ခြင်း

ကော်ဖီကြောင့် အစာအိမ်အောင့်နိုင်သလား

ကော်ဖီဟာ ကမ္ဘာပေါ်မှာ လူကြိုက်များတဲ့ စားသောက်ကုန်တမျိုးဖြစ်ပါတယ်။ လူကို တက်ကြွလန်းဆန်းစေရုံမက တခြားအကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်စေခြင်း၊ လေ့ကျင့်ခန်းလုပ်ဆောင်နိုင်စွမ်း တိုးတက်စေခြင်း၊ နှလုံးရောဂါနှင့် အယ်လ်ဇိုင်းမား ဖြစ်ပွားနိုင်ခြေ လျော့နည်းစေခြင်း စတဲ့အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။ လူတချို့မှာတော့ ကော်ဖီဟာ အစာအိမ်အူလမ်းကြောင်းအပေါ် သက်ရောက်မှု ရှိတယ်လို့ သိရပါတယ်။ ယခု ဆက်လက်ဖော်ပြမှာကတော့ ကော်ဖီဟာ အစာအိမ်အပေါ် ဘယ်လိုသက်ရောက်မှု ရှိသလဲ ဆိုတာပါပဲ။ အစာအိမ် ထိခိုက်စေသော ပစ္စည်းများ ကော်ဖီမှာ အစာအိမ်ထိခိုက်စေတဲ့ ပစ္စည်းမျိုးစုံပါဝင်ပါတယ်။ ကဖိန်း ကဖိန်းဟာ အာရုံကြောကို လှုံ့ဆော်ပေးနိုင်တာကြောင့် တက်ကြွလန်းဆန်းစေပါတယ်။ ကော်ဖီ ၂၄၀ မီလီလီတာမှာဆိုရင် ကဖိန်းဓာတ် ၉၅ မီလီဂရမ် ပါဝင်ပါတယ်။ ကဖိန်းဟာ စိတ်ပိုင်းဆိုင်ရာကို နိုးကြားတက်ကြွစေတယ်လိုပေမယ့် အူလမ်းကြောင်း ကျုံ့ခြင်းဆန့်ခြင်းဖြစ်ပေါ်မှုကို အကြိမ်ရေ ပိုစိတ်လာစေပါတယ်။ သုတေသနတခုအရ ကဖိန်းအပြည့် ပါဝင်တဲ့ ကော်ဖိများဟာ […]


အသည်းရောဂါများ

သင့်အသည်းကို တိတ်တိတ်လေး ဖျက်ဆီးနေတဲ့ အရာ ၉ ခု

အသည်းဆိုတာ လူ့ခန္တာကိုယ်မှာ အရေးပါအရာရောက်တဲ့ ကိုယ်တွင်း အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အသည်းဟာ စားလိုက်သမျှ အစားအစာတွေ၊ သောက်လိုက်သမျှ အရည်တွေကို ဓာတ်ပြုဖြိုခဲ့ပြီး အာဟာရဓာတ်တွေကို သွေးကြောထဲပို့ပေးတဲ့အလုပ်ကို လုပ်ဆောင်ပေးပါတယ်။ ကိုယ်တွင်းထဲက မကောင်းတဲ့ အကျိုးမပြုတဲ့ ဓာတ်တွေကို စွန့်ထုတ်ပေးတဲ့ လုပ်ငန်းစဉ်ကိုလည်း အသည်းကပဲ လုပ်ဆောင်ပေးတာပါ။ ဒီလောက် အရေးပါအရာရောက်တဲ့အသည်းဟာ လူတွေရဲ့ မဆင်မချင်ပြုမှုနေထိုင်မှုတွေကြောင့် အမြဲတစေ ထိခိုက်ပျက်စီးရတတ်ပါတယ်။ တစ်ချို့သေ အပြုအမူတွေနဲ့ စားသောက်နေထိုင်မှုပုံစံတွေဟာ အသည်းကို အကြီးအကျယ် ထိခိုက်စေနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုဖြစ်စေနိုင်တယ်ဆိုတာကို လူအတော်များများက သတိမူမိခြင်းမရှိတတ်ပါဘူး။ အရက်သောက်ခြင်းဟာ အသည်းကိုထိခိုက်စေနိုင်တယ်လို့ လူအတော်များများက သိထားကြပါတယ်။ ဒါပေမယ့် ဒီလိုမျိုး အသည်းကို ထိခိုက်စေနိုင်တဲ့ တခြားအချက်တွေ ရှိနေပါသေးတယ်။ အဲ့ဒီအချက်တွေကို ပြောပြချင်ပါတယ်။ သင့်အသည်းကို ထိခိုက်စေမယ့် အရာ ၉ ခု သကြား - သကြားအလွန်အမင်း စားတာဟာ […]


အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

အသည်း ရောဂါ ရှိရင် မဖြစ်မ‌နေ ရှောင်သင့်တဲ့ (၅) ချက်

အသည်း ကျန်းမာရေးကို ထိခိုက်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိသလို အသည်းနဲ့ ပတ်သက်တဲ့ ရောဂါတွေကလည်း အမျိုးကို စုံလို့ပါပဲ။ အသည်း နဲ့ ပတ်သက်ပြီး မကျန်းမာတဲ့သူတွေ အနေနဲ့ ရှောင်ရမယ့် အရာက အရက်တစ်မျိုးတည်း မဟုတ်ပါဘူးနော်။ မဖြစ်မနေ ရှောင်သင့်တဲ့ အရာလေး (၅) ခုအကြောင်း Hello ဆရာဝန် ပရိသတ်တွေကို ဒီဆောင်းပါးလေးနဲ့ သတိပေးလိုက်ပါတယ်။ (၁) ဆေးလိပ်သောက်တာ အသည်းရောင် စီ ပိုး ရှိသူ တွေမှာ ဆေးလိပ်သောက်တဲ့ အလေ့အကျင့်က အသည်းကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။ အဆုတ်ကိုလည်း ထိခိုက်စေပါတယ်။ အသည်းအစားထိုးကုသနိုင်ဖို့လည်း အောင်မြင်ဖို့ အခွင့်အလမ်းနည်းစေပါတယ်နော်။ အဲဒီကနေ အသည်းခြောက်ခြင်း၊ နောက်ဆုံး အသည်း အလုပ်မလုပ်ခြင်းတို့အထိ ဖြစ်လာနိုင်ပါတယ်။ ဆေးလိပ်  ဖြတ်ဖို့ ဆိုတာ မလွယ်ကူတဲ့ ကိစ္စ ဖြစ်ပေမယ့် ဆရာဝန်၊ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ပျို့အန်ချင်စိတ်ကို ပယ်ဖျောက်နိုင်မယ့် နည်းလမ်းများ

ပျို့အန်ချင်စိတ်ဟာ အစာအိမ်ကနေ အော်ဂလီဆန်စွာ ပေါ်ထွက်လာတတ်ပြီး အန်ခြင်းကို့ဖြစ်စေတတ်ပါတယ်။ ရောဂါပိုး၊ အစာအိမ်အူလမ်းကြောင်း ပြဿနာ၊ ကိုယ်ဝန်ဆောင်ခြင်း၊ နှစ်သက်ဖွယ်မရှိသော အနံ့အသက် စတာတွေကနေ အစပျိုးတတ်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ ပျို့အန်ချင်စိတ်ကို ပျောက်ကင်းစေနိုင်မယ့် နည်းလမ်းတွေဖြစ်ပါတယ်။ ယာယီသက်သာစေမယ့် နည်းလမ်းတွေကနေ ရေရှည်အတွက် ကျင့်သုံးသင့်တဲ့ နည်းလမ်းတွေအထိ ပါဝင်ပါတယ်။ ၁။ မတ်မတ်ထိုင်ပါ၊ အစာအိမ်ကို ဖိမထားပါနဲ့ အစာစားပြီးချိန်မှာ လှဲမနေဖို့ ငယ်ငယ်ကတည်းက လူကြီးတွေပြောဆိုတာကို ကြားဖူးကြပါလိမ့်မယ်။ လှဲနေတဲ့အချိန်မှာ အစာခြေရည်များဟာ အစာရေမျိုကနေ ထွက်လာပြီး ပျို့အန်ချင်စိတ်နဲ့ မအီမသာဖြစ်စေပါတယ်။ ဗိုက်ကိုဖိပြီးနေခြင်းဟာလည်း သက်တောင့်သက်သာမဖြစ်စေဘဲ ပျို့အန်ချင်စိတ်ကို ပိုဆိုးစေပါတယ်။ တကယ်လို့ အန်ချင်စိတ်ဖြစ်နေရင် ခန္ဓာကိုယ်ကို မတ်မတ်နေရပါမယ်။ အထက်ပိုင်းကို နောက်ဖက်မှီထားသင့်ပါတယ်။ တတ်နိုင်သလောက် လှုပ်လှုပ်ရှားရှားလည်း နေသင့်ပါတယ်။ ၂။ ပြတင်းပေါက်တွေဖွင့်ပါ၊ ပန်ကာရှေ့ထိုင်ပါ ကားမူးတဲ့သူတွေဟာ ကားမှန်ချပြီး ခေါင်းတွေကို အပြင်ထုတ်တတ်တာလည်း ဒီသဘောပါပဲ။ လတ်ဆတ်တဲ့လေဟာ လူအများစုရဲ့ ပျို့အန်ချင်စိတ်ကို […]


အစာအိမ်အက်ဆစ်ရည်ပြန်ဆန်တက်ခြင်း

အစာအိမ်အချဉ်ပေါက်ချိန်မှာ ရှောင်ကြဉ်သင့်သော အစားအစာများ

အစာအိမ်အချဉ်ပေါက်ခြင်းဆိုတာ အစာအိမ်ထဲမှာရှိတဲ့ အစားအစာများ၊ အစာချေရည်များဟာ အစာမျိုပြွန်ထဲကို ပြန်လျှံတက်လာခြင်းကို ဆိုလိုပါတယ်။ အစာမျိုပြွန်အောက်ခြေ ကြွက်သားလျော့ရဲသွားပြီး အစာအိမ်ထဲက အက်ဆစ်ဓာတ်တွေ အစာမျိုပြွန်ထဲ ရောက်ကုန်ရင် ဖြစ်တတ်ပါတယ်။ တကယ်လို့ အဲဒီအခြေအနေတွေ တစ်ပတ်ကို နှစ်ကြိမ်ထက် ပိုဖြစ်နေမယ်ဆိုရင် ဆေးပညာအရ GERD (Gastroesophageal disease) လို့ ရောဂါအမည်တပ်ပါတယ်။ အစာအိမ်အချဉ်ပေါက်ခြင်းနဲ့ ဆက်စပ်နေတဲ့ အခြေအနေတွေဟာ အောက်ပါအတိုင်း ဖြစ်ပါတယ်။ - စားသောက်ပြီးနောက် သင့်ကိုယ်ခန္ဓာ၏ ပုံစံအနေအထား - စားသောက်သည့်ပမာဏ - အစားအသောက်အမျိုးအစား စတာတွေ ဖြစ်ပါတယ်။ သင့်အနေနဲ့ အစာအိမ် အူလမ်းကြောင်းပြဿနာတခုခုဖြစ်ပြီဆိုရင် ဘယ်လောက်စားမယ်၊ ဘာစားမယ်ဆိုတာ သတိပြုသင့်ပါတယ်။ စားသောက်ပြီးချိန်မှာ မတ်မတ်ထိုင်နေခြင်း၊ အစားကို နည်းနည်းစီ အချိန်ခွဲစားခြင်း စတာတွေဟာ အစာအိမ်အချဉ်ပေါက်ခြင်းကို ကာကွယ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဘာကိုရှောင်ရမလဲ၊ ဘာကိုစားရမလဲဆိုတာဟာ စဉ်းစားဖို့ လိုပါမယ်။ အစာအိမ်အချဉ်ပေါက်ခြင်းကို ဘယ်အစားအစာတွေက […]


အစာအိမ်အက်ဆစ်ရည်ပြန်ဆန်တက်ခြင်း

အစာအိမ်အချဉ်ပေါက်ပြီး ရင်ပူနေခြင်းကို သက်သာစေဖို့

အစာအစားချိန်မမှန်ခြင်း၊ အပူအစပ် စားမိခြင်းတွေကြောင့် လူအများဟာ အစာအိမ်မချဉ်ပေါက်ခြင်း၊ လေချဉ်တက်ခြင်း၊ ရင်ပူခြင်းတို့ကို ကြုံတွေ့ရတတ်ပါတယ်။ အဲ့ဒီအခါ အစာအိမ်ဆေးများနဲ့ သက်သာပျောက်ကင်းပေမယ့် ရေရှည်အတွက်ဆိုရင် နေထိုင်မှုပုံစံတွေပါ ဆင်ခြင်ပြောင်းလဲပေးနိုင်ဖို့ လိုပါတယ်။ အဓိကကတော့ စားသောက်မှုပုံစံ ဖြစ်ပါတယ်။ အစာအိမ်အချဉ်ပေါက်ခြင်းဆိုတာ ဘယ်လိုမျိုးလဲ အစာအိမ်ထဲမှာ အက်ဆစ်ဓာတ်တွေများလာရင် အပေါ်ကို ပြန်ဆန်တက်ပါတယ်။ အစာရေမျိုထဲကို အချဉ်ဓာတ်တွေ လျှံတက်ပြီး ရင်ပူခြင်း၊ လေချဉ်တက်ခြင်း ဖြစ်တတ်ပါတယ်။ တခါတရံဆို အန္တရာယ်မရှိပေမယ့် မကြာခဏဖြစ်လာရင်တော့ အစာရေမျိုအတွင်းသားကို လောင်စားစေတတ်ပါတယ် အများစုမှာတော့ ရင်ပူခြင်း၊ လည်ချောင်းနာခြင်းတွေ ခံစားရပါတယ်။ ယခုဆက်လက်ဖော်ပြမယ့် အကြောင်းအရာတွေကတော့ ဒီပြဿနာကို ဘယ်လိုကာကွယ်နိုင်မလဲ ဆိုတာပါပဲ။ ၁။ အစားအများကြီးမစားပါနဲ့ အစာရေမျိုကနေ အစာအိမ်ထဲဝင်တဲ့နေရာမှာ ကြွက်သားအရစ်ရှိပြီး အဆို့ရှင်လို လုပ်ဆောင်ပေးပါတယ်။ အစာမျိုချချိန်၊ လေတက်ချိန်၊ အန်ချိန်တွေမှာ ပွင့်ပါတယ်။ အချဉ်ဓာတ် အပေါ်ကို ပြန်ဆန်သူတွေမှာတော့ အဆိုပါကြွက်သားဟာ အားနည်းနေတတ်ပါတယ်။ […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

လေပွလေထစေသော အစားအစာများ

လူ့ကိုယ်ခန္ဓာဟာ ပြင်ပလေကို မျိုချမိရာကနေဖြစ်စေ၊ စားလိုက်တဲ့ အစားအစာတွေကို ချေဖျက်ရာကဖြစ်စေ အူလမ်းကြောင်းထဲမှာ လေပွခြင်းကို ဖြစ်ပေါ်စေပါတယ်။ အဲ့ဒီအခါ လေချဉ်တက်ခြင်း၊ လေပွခြင်း၊ လေလည်ခြင်း စတာတွေဖြစ်ပေါ်ပါတယ်။ ပျမ်းမျှအားဖြင့် လူတယောက်ဟာ တနေ့မှာ အနည်းဆုံး ၁၄ကြိမ်ခန့် လေလည်လေ့ရှိပါတယ်။ လူတချို့ကတော့ တခြားသူတွေနဲ့စာရင် လေပွခြင်း လေလည်ခြင်း ဖြစ်တတ်ပါတယ်။ တကယ်လို့ သင်ဟာ လေပွတတ်သူဆိုရင် သင့်ရဲ့စားသောက်မှုပုံစံတွေကို ပြောင်းလဲခြင်းအားဖြင့် အထောက်အကူ ပြုနိုင်ပါတယ်။ ယခုဖော်ပြပေးမှာကတော့ လေပွခြင်းကို အများဆုံးဖြစ်ပေါ်စေတဲ့ အစားအသောက်တွေပဲ ဖြစ်ပါတယ်။ ဒါတွေကို သတိပြုခြင်းအားဖြင့် လူအများအလယ်မှာ မကြာခဏ လေတက်ခြင်း၊ လေလည်ခြင်းတွေကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။ ၁။ ပဲအမျိုးမျိုး လေပွစေတတ်တဲ့ အစားအစာတွေကို စဉ်းစားရင် ပဲအမျိုးမျိုးဟာ ထိပ်ဆုံးမှာ ရှိနေပါလိမ့်မယ်။ ပဲတွေမှာ raffinose ဆိုတဲ့ သကြားတမျိုး ပါဝင်ပါတယ်။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း