အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ခန္ဓာကိုယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်က အရေးပါတဲ့ စနစ်တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကနေ အာဟာရစုပ်ယူဖို့ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက လုပ်ပေးမှ ရတာပါ။ ဒီလိုစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်တစ်ခု ဖြစ်ဖို့ ဘာတွေလုပ်လို့ရလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား

ဝမ်းလျှောလို့ ဓာတ်ဆားရည်သောက်လိုက်တာ ခုတော့ ဝမ်းပိတ်ရုံတင်မကဘူး။ ဝမ်းပါချုပ်သွားပြီလို့ ပြောတာ ကြားဖူးမှာပါ။ ဝမ်းချုပ်တာကို ဓာတ်ချုပ်တယ်လို့လည်း ပြောကြတော့ ဓာတ်ဆားရည်တွေ သောက်လိုက်လို့ ဝမ်းချုပ်သွားတာများလားလို့ တွေးတတ်ကြပါတယ်။ တကယ်ပဲ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်တွေမှာ ဘာတွေပါဝင်သလဲ။ ဓာတ်ဆားရည်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆားဓာတ်တွေ ဖြစ်တဲ့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်၊ ဂလူးကို့စ်၊ ရေ စတာတွေ ပါဝင်ပြီး ဒါတွေက နဂိုလည်း ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဓာတ်တွေပဲ ဖြစ်ပါတယ်။ ဒီဓာတ်တွေက ဝမ်းချုပ်တာနဲ့ မသက်ဆိုင်ပါဘူး။ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်က ဝမ်းချုပ်စေဖို့ မပြောနဲ့။ ဝမ်းပိတ်စေတဲ့ အာနိသင်တောင် မရှိပါဘူး။ ဟုတ်ပါတယ်။ ဝမ်းလျှောတဲ့အခါ ဓာတ်ဆားရည်သောက်တာက ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားဓာတ်ကို ဖြည့်ပေးတာပဲ ဖြစ်ပါတယ်။ ဝမ်းရပ်ဖို့ ဆိုတာက ကုသမှု တစ်ခုခု […]

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကို ရှာဖွေမည်။

ဝမ်းပျက်ဝမ်းလျှောခြင်း

အစာစားပြီးမကြာခင် ဝမ်းပျက်ခြင်းကို ဘယ်လိုကာကွယ်မလဲ

အစားတခုခုစားပြီးချိန် ဝမ်းပျက်ခြင်းကို အင်္ဂလိပ်လို postprandial diarrhea (PD) လို့ ခေါ်ပါတယ်။ အစားစားပြီး သိပ်မကြာခင်မှာ ဝမ်းသွားချင်လာပြီး အိမ်သာနေရာကို အလျင်စလို ရှာဖွေရတဲ့အထိ ဖြစ်တတ်ပါတယ်။ ဒီပြဿနာရှိတဲ့ လူတချို့ဟာ ဝမ်းသွားခါနီး ဗိုက်အောင့်လာတတ်ပါတယ်။ များသောအားဖြင့် ဝမ်းသွားပြီးချိန်မှာ သက်သာသွားတတ်ပါတယ်။ အစာစားပြီး သိပ်မကြာခင် ဝမ်းပျက်ခြင်း ဘာကြောင့်ဖြစ်သလဲ အောက်ပါအခြေအနေတွေကြောင့် ဖြစ်တတ်ပါတယ်။ ဗိုင်းရပ်စ်ပိုးဝင်ရောက်ခြင်း။ အစာအိမ်အူလမ်းကြောင်းကို ဗိုင်းရပ်စ်ပိုးဝင်ရောက်ခြင်းကြောင့် အစာစားပြီး ဝမ်းပျက်ခြင်း ဖြစ်နိုင်ပါတယ်။ အဆိုပါအချိန်မှာ အစာအိမ်လမ်းကြောင်းဟာ အစားအသောက် အတော်ရွေးပြီး ဝမ်းပျက်လွယ်ပါတယ်။ ရက်အနည်းငယ်ထိ ကြာတတ်ပါတယ်။ လက်တို့စ်မတည့်ခြင်း။ နို့ထွက်ပစ္စည်းတွေမှာ တွေ့ရတဲ့ သကြားတမျိုးဖြစ်တဲ့ လက်တို့စ်နဲ့ မတည့်သူတွေဟာ လက်တို့စ်ပါတဲ့ အစားအစာတခုခုကို စားသောက်ပြီးတာနဲ့ ဝမ်းပျက်တတ်ပါတယ်။ လေပွခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းပျက်ခြင်း စတာတွေ ကြုံရပါတယ်။ အစာအဆိပ်သင့်ခြင်း။ […]


လိပ်ခေါင်းရောဂါများ

လိပ်ခေါင်းရောဂါ တိုက်ဖျက်ဖို့ ဒါတွေစားကြစို့

လူအတော်များများ တစ်ကြိမ်တစ်ခါတော့ လိပ်ခေါင်းရောဂါ ရဖူးကြပါတယ်။ လိပ်ခေါင်း ရောဂါဆိုတာ အူမကြီးလမ်းကြောင်းအဆုံး၊ စအိုဝနားက သွေးကြောတွေရောင်ရမ်းပြီး ဖြစ်လာတဲ့ ရောဂါတစ်ခုပါ။ လိပ်ခေါင်း အမျိုးအစားအမျိုးမျိုးရှိပြီး အတွင်းလိပ်၊ အပြင်လိပ်စသည်ဖြင့် ခွဲခြားနိုင်ပါတယ်။ အခုဆောင်းပါးမှာတော့ လိပ်ခေါင်းရောဂါမဖြစ်အောင် စားသုံးပေးရမယ့် အစားအစာတွေကို ပြောပြပေးပါ့မယ်။ စအိုဝနားက သွေးကြောတွေအပေါ် ဖိအားသက်ရောက်မှု သာမန်ထက်များလာတဲ့အခါ လိပ်ခေါင်းရောဂါ ဖြစ်လာပါတယ်။ အိမ်သာအကြာကြီးတက်တာ၊ အဝလွန်တာ၊ ကိုယ်ဝန်ဆောင်ထားရတာ၊ အထိုင် များတာ စတာတွေအားလုံးက စအိုဝသွေးကြောတွေကို ဖိအားပိုသက်ရောက်စေပါတယ်။ ဝမ်းသွားချင်တာကို မသွားဘဲ အောင့်အီးချုပ်တည်းထားတာနဲ့ ဝမ်းမာမာတွေသွားတာလည်း လိပ်ခေါင်းထွက်အောင် အားပေးပါတယ်။ ဒါ့ကြောင့် ဝမ်းသွားချင်ရင် လုံးဝမချုပ်တည်းထားဖို့ လိုပါတယ်။ ဝမ်းပျော့ပျော့သွားဖို့အတွက် အမျှင်ဓာတ်နဲ့ ရေဓာတ်လုံလုံလောက်လောက်ရအောင် စားသောက်ရပါမယ်။ အမျှင်ဓာတ်ရဖို့အတွက် အောက်ပါအစားအသောက်တွေ များများစားပေးပါ။ ပဲမျိုးစုံ - အစားအစာတွေကနေ soluble နဲ့ […]


ဝမ်းပျက်ဝမ်းလျှောခြင်း

ဝမ်းလျှောဝမ်းပျက်စေသော အစားအသောက်များ

ဝမ်းလျှောဝမ်းပျက်ခြင်းဟာ အစာအိမ်အူလမ်းကြောင်း ပြဿနာပဲ ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူအများစုဟာ နှစ်စဉ် ဝမ်းပျက်ဝမ်းလျှောခြင်းကို ကြုံတွေ့ရပါတယ်။ များသောအားဖြင့် မကောင်းတဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ် စတာတွေကို ကိုယ်ခန္ဓာကနေ ဖယ်ရှားဖို့ လုပ်ဆောင်ခြင်းကြောင့် ဖြစ်ပါတယ်။ ဝမ်းလျှောဝမ်းပျက်ခြင်းကို ဖြစ်စေတဲ့ အစားအသောက်တွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ အများအားဖြင့် အဆိုပါအစားအစာတွေမှာ သဘာဝအတိုင်းမဟုတ်ဘဲ လူတို့ဖန်တီးထားတဲ့ ဆိုးဆေး၊ ဟင်းခတ်ပစ္စည်း စတာမျိုးတွေ ပါဝင်ပြီး စားမိသူတွေကို အစာအိမမ်အူလမ်းကြောင်းကို ထိခိုက်စေတတ်ပါတယ်။ ၁။ ပူစပ်သော ဟင်းခတ်ပစ္စည်းများ အစပ်အရသာဟာ လူတွေရဲ့ ခံတွင်းကို နှိုးဆွနိုင်ပေမယ့် အစာကြောင့် ဝမ်းပျက်ခြင်းကို အများဆုံးဖြစ်စေတဲ့ အကြောင်းအရင်းဖြစ်ပါတယ်။ အထူးသဖြင့် စားဖူးနေကြသိပ်မဟုတ်တဲ့ အစပ်ပြင်းတဲ့ အရသာမျိုးဖြစ်ပါတယ်။ ပူစပ်ေသာအရသာဟာ အစာအိမ်နံရံကိုပါ နာစေပါတယ်။ လေပွခြင်း၊ ရင်ပူခြင်း၊ ဗိုက်အောင့်ခြင်းတွေအပြင် ဝမ်းပျက်ခြင်းကိုပါ ဖြစ်စေတတ်ပါတယ်။ ငရုတ်သီးမှုန့်တွေ ငရုတ်ဆီတွေဟာ ဖြစ်စေပါတယ်။ ခံတွင်းမြိန်စေဖို့ […]


ဝမ်းပျက်ဝမ်းလျှောခြင်း

ပဋိဇီဝပိုးသတ်ဆေး ကြောင့် ဖြစ်တဲ့ ဝမ်း ပြဿနာ

အစားအသောက်တော့ ဂရုစိုက်နေတာပဲ၊ ဗိုက်ကမကောင်းဘူး၊ တော်ကြာ ဝမ်း ချုပ်လိုက်၊ ဝမ်းမကောင်းလိုက် ဖြစ်နေတယ်။ ဒီအခြေအနေမျိုး ဖြစ်ဖူးကြမှာပါ။ ဘာမှလည်းမစားရပါဘဲ ခဏခဏဝမ်းပျက်တယ်။ ဝမ်းပျက်လို့ ဆိုပြီး ဆေးတွေသောက်ရတယ်၊ နောက်ပိုင်း ပိုဆိုးလာတယ်။ လုံးလည်ချာလည် လိုက်နေတာ ဘာကြောင့်ဖြစ်မလဲ။ အကြောင်းရင်းခံ တစ်ခုခုကြောင့် ပဋိဇီဝဆေးတွေ ဆေးပတ်လည်အောင် သောက်ခဲ့ရပြီးနောက်ပိုင်း probiotics တွေကို သောက်ဖို့ ဆရာဝန်တွေ ညွှန်းတာ ဘာကြောင့်လဲ။ ဟုတ်ပါတယ်။ ဒီလိုအခြေအနေမျိုးတွေကို ပုံမှန်ဖြစ်အောင် ပြန်ထိန်းညှိပေးဖို့ probiotics တွေကို လိုအပ်တာပါ။ Probiotic ဆိုတာ ဘာလဲ Probiotic ဆိုတာ အစာခြေလမ်းကြောင်းမှာ ရှိနေပြီး ခန္ဓာကိုယ်ရဲ့အာဟာရဓာတ်စုပ်ယူနိုင်စွမ်း နဲ့ ရောဂါပိုးတွေ ခုခံနိုင်စွမ်းကို ထောက်ပံ့ပေးတဲ့ အကျိုးပြုဘက်တီးရီးယားတွေ ဖြစ်ပါတယ်။ Probiotic တွေက ကိုယ်ခံအားစနစ်ရဲ့ လုပ်ဆောင်ချက်ကို ထောက်ကူတဲ့အပြင် ရောင်ရမ်းမှုတွေ လျော့ကျစေပြီး […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

လေချဉ်တက် တဲ့ ပြဿနာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းရအောင်

တအေ့အေ့ နဲ့ လေချဉ်တက် တယ် ဆိုတာ တစ်နည်းနည်း နဲ့ ဗိုက်ထဲရောက်နေတဲ့ လေတွေကို အစာရေမျိုကနေ ပြန်စွန့်ထုတ်နေတာပါ။ အစား အမြန်စားမိတာ၊ အစာစားရင်း စကားပြောတာ၊ ပီကေ ဝါးတာ၊ ဂက်စ်ပါတဲ့ အချိုရည်တွေ သောက်တာ၊ ဆေးလိပ်သောက်တာတွေကြောင့် လေတွေ မျိုချမိစေနိုင်ပါတယ်။ အစာခြေရည် ပြန်ဆန်တက်ခြင်း နဲ့ ရင်ပူနာ ဝေဒနာတွေ ကြောင့်လည်း လေတက်တဲ့ လက္ခဏာ ဖြစ်တတ်ပါတယ်။ မကြာခဏ လေတက်သံတွေ ထွက်နေရတယ် ဆိုရင်တော့ အစာအိမ်အနာဖြစ်စေတဲ့ Helicobacter pylori ဘက်တီးရီးယား ကြောင့် ဒါမှမဟုတ် အစာအိမ်နံရံ ရောင်ရမ်းခြင်း ကြောင့် ဖြစ်နိုင်ပါတယ်။ လေချဉ်တက် ခြင်း ကို သက်သာ စေနိုင်တဲ့ နည်းလမ်းတွေက - (၁) ဖြည်းဖြည်းစားပါ၊ ဖြည်းဖြည်းသောက်ပါ ဖြည်းဖြည်း စားသောက်မယ်ဆို လေတွေ […]


ဝမ်းချုပ်ခြင်း

လူသိနည်းတဲ့ ဝမ်းချုပ် စေတဲ့ အကြောင်းရင်း (၁၁) မျိုး

ရေသောက်နည်းရင်၊ အသီးအရွက် သိပ်မစားရင် ဝမ်းချုပ် တယ် လို့ ပြောလေ့ရှိကြပါတယ်။ ရှိသေးတယ်… ကောက်ညှင်းစားရင်၊ အပူအပုပ်များရင်လည်း ဝမ်းချုပ်မယ်တဲ့။ ဒါပေမယ့် ဒီလို လူသိများတဲ့အရာတွေထက် နောက်ထပ် တခြား အကြောင်းရင်း တွေ ရှိနေနိုင်တယ် ဆိုတာရော သင်သိပြီးပြီလား။ ဒါတွေကြောင့် ဝမ်းချုပ်စေနိုင်တယ်ဆိုတာ လူသိနည်းပါတယ် - (၁) အူရောဂါ အူရောဂါ (IBD) မှာ Crohn’s Disease နဲ့ ulcerative colitis ဆိုပြီး နာတာရှည်ရောဂါ အမျိုးအစားနှစ်ခု ရှိပါတယ်။ နှစ်မျိုးစလုံးဟာ ကြွက်တက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ သွေးဝမ်းသွားခြင်းနဲ့ တခြား ကျန်းမာရေးပြဿနာ တွေဖြစ်စေနိုင်ပါတယ်။ (၂) လည်ပင်းကြီးရောဂါ လည်ပင်းကြီးရောဂါကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကို နှေးကွေးစေနိုင်ပါတယ်။ ဒါပေမဲ့ သည်ရောဂါရှိသူတိုင်း ဝမ်းချုပ်တာ မဟုတ်သလို ဝမ်းချုပ်တိုင်းလည်း လည်ပင်းအကျိတ် ဂလင်းက လုပ်ဆောင်ချက် […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ကလေးတွေပဲ သန်ချ ရမှာလား

ဘာလို့ ဒီလိုမေးရတာလဲဆိုတော့ လူတွေက သန်ချ တာ အရေးမကြီးဘူးလို့ ယူဆကြလို့ပါ။ လူရဲ့ သဘောကလည်း ကိုယ်သာ ကျန်းမာနေရင် ဘာကိုမှ အားမထုတ်ချင်တာပါ။ ကျန်းမာရေးစာစောင်တွေမှာ သန်ကောင်တွေ အူကနေ အထွေးလိုက် ထွက်လာတယ်လို့၊ အသက်ရှူလမ်းကြောင်းမှာ သန်ကောင်ပိတ်နေတယ်တို့၊ နှာခေါင်းကနေ သန်ကောင် ထွက်လာတယ်လို့ ဆိုတာ တကယ့်အဖြစ်အပျက်တွေပါ။ သန်ကောင်ဆိုတာ ခုဝင် ခုဒုက္ခပေးတတ်တဲ့ အရာမဟုတ်ပါဘူး။ ဒါကြောင့် ပုံမှန် သန်ချနေဖို့ လိုပါတယ်။ အထူးသဖြင့် ဒီနိုင်ငံက လူတွေက ပိုလိုပါတယ်။ ဘာကြောင့်လဲဆိုတာ ဆက်ကြည့်ရအောင်။ ဘာလို့ သန်ထတာလဲ။ သန်ကောင်တွေ ဘာလို့ ကိုယ်ထဲဝင်တာလဲလို့ မေးရင် အရိုးဆုံးဖြေရရင် ညစ်ပတ်လို့ပါ။ ခုထက်ထိကို လက်သန့်၊ ရေသန့်၊ အိမ်သာသန့်ကို လိုက်မလုပ်နိုင်တဲ့ သူတွေ အများကြီး ရှိပါသေးတယ်။ မသန့်ရှင်းတဲ့ လက်နဲ့ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အူအတက်ရောင် ခြင်း အကြောင်း သင်ဘယ်လောက် သိထားလဲ

အူအတက်ရောင် တယ်ဆိုတာ အူအတက်မပေါက်ခင် အရေးပေါ်ခွဲစိတ်မှုခံယူဖို့ လိုအပ်တဲ့ အခြေအနေပါ။ ကံကောင်းတာက အူအတက်ကို ဖယ်ထုတ်လိုက်လည်း ဘာပြဿနာမှမရှိဘဲ နေလို့ရတာပါပဲ။ ဒီလက္ခဏာ တွေ သိသာလာတယ် ဝမ်းဗိုက်ညာဘက် အောက်နားမှာ ဗိုက်အောင့်တာက အူအတက်ရောင်တဲ့ လက္ခဏာဖြစ်တတ်ပါတယ်။ ဒါပေမယ့် အများစုက ချက်နားတဝိုက်မှာ နာကျင်မှု စတင်ပြီး နောက်မှ ညာဘက်ကို ရွေ့လျားလာတာ ဖြစ်ပါတယ်။ အဲဒီကနေ ကိုယ်လှုပ်ရှားလိုက်တဲ့အခါ၊ အသက်ပြင်းပြင်းရှူတဲ့အခါ၊ ချောင်းဆိုးတဲ့အခါ၊ နှာချေလိုက်တဲ့အခါ ပိုဆိုးလာတတ်ပါတယ်။ ရောင်ရမ်းမှု ပိုပြင်းထန်လာတာနဲ့အမျှ ဗိုက်အောင့်တာပိုဆိုးလာပြီး အချိန်မီမကုသနိုင်ရင် အသက်အန္တရာယ် ရှိလာနိုင်ပါတယ်။ တခြားအဖြစ်များတဲ့ လက္ခဏာတွေကတော့ - အစာစားချင်စိတ်မရှိတာ၊ မအီမသာ၊ ပျို့အန်ချင်တာ၊ ကိုယ်ပူတာ၊ ဗိုက်ပွ၊ ဗိုက်ကယ်တာ၊ ဝမ်းလျှောတာ ဒါမှမဟုတ် ဝမ်းချုပ်တာ တို့ပါဝင်ပါတယ်။ အူအတက်ရောင် တာ ဒီလူတွေ အဖြစ်များတယ် အများအားဖြင့် အသက် ၁၀ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ခန္ဓာကိုယ်မှာ သန်ထနေရင် ဘယ်လိုသိနိုင်မလဲ

သန်ကောင် တွေ ဆိုတာ အရေပြားကနေတဆင့်၊ အစားအသောက်ကနေတဆင့် ခန္ဓာကိုယ်ထဲကို အလွယ်တကူ ပျံ့နှံ့ကူးစက်နိုင်ပါတယ်။ သန်ကောင်ဥရှိနေတဲ့ နေရာကို ထိတွေ့မိရာက အရေပြားကနေ ထိုးဖောက်ကူးစက်နိုင်ပါတယ်။ ကိုယ့်ခန္ဓာကိုယ်ထဲမှာ ဒီလိုကပ်ပါးကောင်တွေရှိနေပြီ ဆိုရင် အပေါ်ယံမှာ မသိသာပေမယ့် လက္ခဏာထူးခြားတာတွေ ဖြစ်လာမှာသေချာပါတယ်။ ဒီလက္ခဏာတွေ သတိထားကြည့်ပါ - (၁) ဝမ်းလျှောမယ် ဝမ်းလျှောခြင်းက ရောဂါအတော်များများရဲ့ အဖြစ်များတဲ့လက္ခဏာတစ်ခု ဖြစ်ပေမယ့် ကျန်းမာရေးနဲ့မညီတဲ့ အစားအသောက်တွေ စားသုံးခြင်း ကနေ နှလုံးနဲ့ အသက်ရှူလမ်းကြောင်းရောဂါ ပိုးဝင်ခြင်းအထိ အကြောင်းရင်းအမျိုးမျိုးရှိနိုင်ပါတယ်။ အူထဲမှာ သန်ကောင် တွေ များလွန်းလာတဲ့အခါ ဝမ်းပျက်တတ်ပါတယ်။ မစင်ထဲမှာ အကောင်တွေပါလာတာ တွေ့ရတတ်ပါတယ်။ (၂) ဗိုက်အောင့်မယ် သန်ကောင် ကြောင့် ရံဖန်ရံခါ ဗိုက်အောင့်ဝေဒနာခံစားရပြီး ပြင်းထန်တဲ့အခါမျိုးလည်းရှိတတ်ပါတယ်။ အမျိုးသမီးတွေကျတော့ ရာသီလာချိန်မှာ နာကျင်ကိုက်ခဲတဲ့ဝေဒနာနဲ့ ဆင်တူတာကြောင့် သိပ်သတိမထားမိကြပါဘူး။ သန်ကောင်ကြောင့်ဖြစ်ရတဲ့ ဝေဒနာက ဝမ်းဗိုက်အောက်ပိုင်း၊ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ပြင်းထန်အူပွရောဂါ (Toxic megacolon)

Toxic megacolonဆိုတာ အူမကြီးပွလာတာပါ။ Megacolonဆိုတာ အူပွလာတာ၊ Toxicဆိုတာ အခြေအနေပြင်းထန်တာပါ။ ရှားပါးတဲ့ရောဂါဖြစ်ပါတယ်။ ဒါပေမယ့် ဖြစ်လာရင် ရက်ပိုင်းအတွင်းမှာပဲ အူက ပွလာပြီး ပေါက်ထွက်နိုင်တာကြောင့်အသက်အန္တရာယ်ရှိပါတယ်။ ဒီပြင်းထန်အူပွရောဂါဘာလို့ဖြစ်တာလဲ။ ဖြစ်လာရင် ဘယ်လိုကုကြမလဲဆိုတာ ဆက်လေ့လာကြည့်ရအောင်။ ဘာကြောင့်ဖြစ်တာလဲ။ ဖြစ်ရတဲ့အကြောင်းကိုတော့ တိတိကျကျမသိရသေးပေမယ့် တချို့သော အူလမ်းကြောင်းရောဂါတွေနဲ့ သက်ဆိုင်နေတယ်လို့ ဆိုပါတယ်။ အဖြစ်အများဆုံးကတော့ Inflammatory Bowel Diseaseလို့ခေါ်တဲ့ နာတာရှည် အူရောင်​တဲ့ ရောဂါစုနဲ့၊ အူလမ်းကြောင်းပိုးဝင်တာပါ။ ဒါ့ပြင်ဆေးဝါးတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ နာတာရှည်အူရောင်ရောဂါစု ဒီရောဂါစုမှာ Ulcerative colitis(UC)လို့ခေါ်တဲ့ အူအနာဖြစ်ပြီး ရောင်ရမ်းခြင်းနဲ့ Crohn’s diseaseတို့ပါဝင်ပါတယ်။ ဒီနှစ်ခုလုံးက ခုခံအားကမောက်ကမဖြစ်တာ ဒါမှမဟုတ် ဗီဇကြောင့်လို့ဆိုပါတယ်။ နှစ်ခုလုံးက အူရောင်ရမ်းတာပါ။ သူတို့ရဲ့ ရောဂါလက္ခဏာတွေကတော့ ဗိုက်နာတာ၊ ဝိတ်ကျတာ၊ ဝမ်းလျှောတာ၊ သွေးဝမ်းသွားတာ၊ ပျို့တာ၊ အဆစ်တွေနာတာ၊ ဖျားတာ၊ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း