အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ခန္ဓာကိုယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်က အရေးပါတဲ့ စနစ်တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကနေ အာဟာရစုပ်ယူဖို့ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက လုပ်ပေးမှ ရတာပါ။ ဒီလိုစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်တစ်ခု ဖြစ်ဖို့ ဘာတွေလုပ်လို့ရလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား

ဝမ်းလျှောလို့ ဓာတ်ဆားရည်သောက်လိုက်တာ ခုတော့ ဝမ်းပိတ်ရုံတင်မကဘူး။ ဝမ်းပါချုပ်သွားပြီလို့ ပြောတာ ကြားဖူးမှာပါ။ ဝမ်းချုပ်တာကို ဓာတ်ချုပ်တယ်လို့လည်း ပြောကြတော့ ဓာတ်ဆားရည်တွေ သောက်လိုက်လို့ ဝမ်းချုပ်သွားတာများလားလို့ တွေးတတ်ကြပါတယ်။ တကယ်ပဲ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်တွေမှာ ဘာတွေပါဝင်သလဲ။ ဓာတ်ဆားရည်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆားဓာတ်တွေ ဖြစ်တဲ့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်၊ ဂလူးကို့စ်၊ ရေ စတာတွေ ပါဝင်ပြီး ဒါတွေက နဂိုလည်း ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဓာတ်တွေပဲ ဖြစ်ပါတယ်။ ဒီဓာတ်တွေက ဝမ်းချုပ်တာနဲ့ မသက်ဆိုင်ပါဘူး။ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်က ဝမ်းချုပ်စေဖို့ မပြောနဲ့။ ဝမ်းပိတ်စေတဲ့ အာနိသင်တောင် မရှိပါဘူး။ ဟုတ်ပါတယ်။ ဝမ်းလျှောတဲ့အခါ ဓာတ်ဆားရည်သောက်တာက ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားဓာတ်ကို ဖြည့်ပေးတာပဲ ဖြစ်ပါတယ်။ ဝမ်းရပ်ဖို့ ဆိုတာက ကုသမှု တစ်ခုခု […]

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကို ရှာဖွေမည်။

အစာအိမ်ရောင်ခြင်း

အစာအိမ် ရောင်တဲ့အခါ ဒါတွေရှောင်ပါ

အစာအိမ် အူလမ်းကြောင်းရောင်ရမ်းတာက ဗိုင်းရပ်စ်၊ ဘက်တီးရီးယား ဒါမှမဟုတ် ကပ်ပါးပိုးတွေကြောင့် ဖြစ်ပါတယ်။ အများအားဖြင့် – အစားအသောက် (အထူးသဖြင့် ပင်လယ်စာ) သောက်သုံးရေ ရောဂါပိုးရှိနေတဲ့ လူနဲ့ထိတွေ့မှု လက်မဆေးခြင်း ဇွန်း၊တူ စတာတွေ မသန့်ရှင်းခြင်း တို့ကတဆင့် ရောဂါပိုးကို ကူးစက်ရရှိနိုင်ပါတယ်။ လက္ခဏာတွေကတော့ – မအီမသာဖြစ်ခြင်း၊ ချွေးထွက်များခြင်း၊ ရင်ခေါင်းတောင့်ခြင်း ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်း၊ အနည်းငယ် ကိုယ်ပူခြင်းတို့ပဲဖြစ်ပါတယ်။ ရောင်ရမ်းခြင်းရဲ့ အကြောင်းရင်းပေါ်မူတည်ပြီး ဒီလက္ခဏာတွေဟာ တစ်ရက်ကနေ တစ်ပတ်ကျော်အထိ ကြာမြင့်တတ်ပါတယ်။ အစာအိမ် ရောင်ပြီဆိုရင် - အကြမ်းဖျင်းအားဖြင့်တော့ အစာအိမ်ရောင်တဲ့အခါ အချဉ်၊ အစပ် မပါတဲ့ အစာပျော့ပျော့ပဲစားရမှာပါ။ ရှောင်သင့်တဲ့အရာတွေအကြောင်း အသေးစိတ်လေး ပြောရရင်တော့ - ဆီကြော်နဲ့ အဆီများတဲ့ အစားအစာတွေ ၊ ချဉ်ဖတ်နဲ့ အချဉ်တည်ထားတာတွေ၊ ဆားရည်စိမ်တွေ၊ အငန်နဲ့အစပ်ကဲတဲ့ […]


လိပ်ခေါင်းရောဂါများ

လိပ်ခေါင်းရောဂါ ကိုဒီလိုကာကွယ်ပါ။

ဝမ်းသွားမလို့ ထိုင်လိုက်တာ သွေးတွေ ဗွမ်းကနဲထွက်လာမျိုးကြုံဖူးလား။ ဒါဆိုရင် ခေါင်းထဲမှာ ငါတော့ လိပ်ခေါင်းရောဂါ ဖြစ်နေပြီနဲ့တူတယ်လို့ ထင်ကြပါတယ်။ လူ၄ယောက်မှာ ၃ယောက်မှာ လိပ်ခေါင်းဖြစ်ဖူးကြပါတယ်။ ဒါကြောင့် ဒီရောဂါကမရှားပါဘူး။ လိပ်ခေါင်းဆိုတာ တကယ်တော့ မစင်အိမ်နဲ့ စအိုနားက သွေးပြန်ကြောတွေ ဖောင်းလို့ဖြစ်လာတာပါ။ ဖြစ်တဲ့နေရာပေါ်မူတည်ပြီး အပြင်လိပ်နဲ့ အတွင်းလိပ်လို့လည်း ခွဲထားပါတယ်။လိပ်ခေါင်းက ဘာလို့ဖြစ်တာလဲ။ မကုဘဲထားရင်ဘာဖြစ်မလဲ။ အသက်အန္တရာယ်စိုးရိမ်ရလား။ ကာကွယ်လို့ရလားဆိုတာကို ပြောပြပေးပါမယ်။ လိပ်ခေါင်းရောဂါ ဘာလက္ခဏာတွေပြမလဲ။ လိပ်ခေါင်းရောဂါ ဖြစ်တဲ့နေရာပေါ်မူတည်ပြီး လက္ခဏာတွေကလည်း မတူပါဘူး။ အပြင်လိပ် စအိုပတ်လည်က အရေပြားမှာတွေ့ရပါတယ်။ လက္ခဏာတွေကတော့ -စအိုနားတစ်ဝိုက်မှာယားပါမယ်။ -နာမယ်။ နေရတာ အဆင်မပြေပါဘူး။ -စအိုနားမှာ အလုံးစမ်းမိပါမယ်။ -သွေးထွက်ပါမယ်။ အတွင်းလိပ် မစင်အိမ်ထဲမှာဖြစ်တာပါ။ မြင်လည်းမမြင်ရသလို စမ်းကြည့်လို့လည်း မရပါဘူး။ ဒါကြောင့် ရှိလို့ရှိမှန်းတောင်မသိပါဘူး။ ဝမ်းသွားလိုက်တဲ့အခါမှသာ -သွေးပါလာမယ်။ မနာဘူး။ ဝမ်းသွားပြီးမှ အိမ်သာခွက်မှာ သွေးပေနေတာတွေ့မယ်။ -တစ်ခါတစ်လေ ဝမ်းညှစ်လိုက်မှ လိပ်ခေါင်းက အပြင်ကို ထွက်လာမယ်။ အဲ့တော့မှ နာလို့ သိတာမျိုးလည်းဖြစ်နိုင်ပါတယ်။ လိပ်ခဲ အပြင်လိပ်မှာရှိတဲ့ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ပန်ကရိယ ရောင်ခြင်း

ပန်ကရိယ ဆိုတာ အစာအိမ်နောက်မှာရှိတဲ့ ရှည်မျောမျော အင်္ဂါတစ်ခုပါ။ သူက အစာခြေစနစ်အတွက်လိုအပ်တဲ့ အင်ဇိုင်းတွေ၊ သွေးချိုဓာတ်ကို ထိန်းပေးတဲ့ ဟော်မုန်းတွေ ထွက်ပေးပါတယ်။ ပန်ကရိယရောင်တာက ရုတ်တရက်ရောင်တာလည်း ဖြစ်နိုင်သလို၊ နာတာရှည်ရောင်ရမ်းတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ပန်ကရိယရောင်တာက သိပ်မဆိုးရင် ဒီတိုင်းသက်သာပေမယ့် ပြင်းထန်လာရင်တော့ အသက်အန္တရာယ်စိုးရိမ်ရပါတယ်။ ဒီဆောင်းပါးမှာ ပန်ကရိယရောင်ရင် ဘယ်လိုခံစားရမှာလဲ။ အသက်အန္တရာယ်ရှိလား။ ဘာလို့ဖြစ်ရတာလဲ စတာတွေကို ပြောပြပေးသွားမှာပါ။ ခံစားရတဲ့ လက္ခဏာများ ရုတ်တရက်ရောင်တာလား၊ နာတာရှည်လားဆိုတာပေါ် မူတည်ပြီး လက္ခဏာတွေ ကွဲသွားပါတယ်။ ရုတ်တရက်ရောင်ရမ်းရင် -ဝမ်းဗိုက်အပေါ်ပိုင်းက နာမယ် -နောက်ကျောထိပျံ့မယ် -အစာစားရင် ပိုနာမယ် -ဖျားမယ် -သွေးခုန်နှုန်းမြန်မယ် -ပျို့မယ် -အန်မယ် -ဗိုက်က အထိမခံနိုင်အောင် နာမယ်။ နာတာရှည်ရောင်ရမ်းရင်တော့ -ဝမ်းဗိုက်အပေါ်ပိုင်းက နာမယ် ​-အလိုလိုနေရင်းပိန်လာမယ် -ဝမ်းနံ့ဆိုးပြီး အဆီများမယ် (steatorrhoea) တကယ်လို့ ဝမ်းဗိုက်က အဆက်မပြတ်နာမယ်။ နာလွန်းလို့ ထိုင်တောင်မထိုင်နိုင်ဘူး။ လူးလိမ့်နေရမယ်ဆိုရင် ဆေးရုံကို အမြန်သွားသင့်ပါပြီ။ ဘာလို့ဖြစ်ရတာလဲ။ -သည်းခြေကျောက်တည်တာ -အရက်အလွန်အကျွံသောက်တာ -parathyroidဟော်မုန်းများပြီး သွေးထဲမှာ ကယ်လ်ဆီယမ်များတာ -သွေးထဲမှာ triglycerides အဆီများတာ -ပိုးဝင်တာ -အဝလွန်တာ -ပန်ကရိယကင်ဆာရှိနေတာ -ဝမ်းဗိုက်ဒဏ်ရာရတာ -ဝမ်းဗိုက်ခွဲစိတ်ကုသမှုလုပ်တာနဲ့ တချို့ဆေးတွေကြောင့် ဖြစ်တတ်ပါတယ်။ -ERCPလို့ခေါ်တဲ့ မှန်ပြောင်းနဲ့ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ရုတ်တရက်ထပြီး ဗိုက်နာ ၊ မအောင့်မအည်းနိုင်ဖြစ်ဖူးလား

အူလမ်းကြောင်းလှုပ်ရှားမှု မူမမှန်ခြင်း(IBS) ဆိုတာ အဖြစ်များတဲ့ နာတာရှည် အစာခြေစနစ်ပြဿနာတစ်ခုဖြစ်ပါတယ်။ သူ့လက္ခဏာတွေက များသောအားဖြင့် ဗိုက်ရစ်ရစ်ပြီးနာတာ၊ ဗိုက်အောင့်တာ၊ လေပွတာ၊ ဝမ်းလျှောတာ၊ ဝမ်းကိုက်သလို ‌မကြာခဏ အိမ်သာသွားရတာ၊ ဝမ်းချုပ်တာတို့ ဖြစ်တတ်တယ်။ သူ့ရဲ့ လက္ခဏာတွေက များသောအားဖြင့် ဗိုက်နာ ခြင်းနှင့် နောက်ဖေးသွားတဲ့ အလေ့အကျင့်ပြောင်းလဲခြင်း တို့ဖြစ်တတ်ပါတယ်။ ဥပမာ – ဝမ်းချုပ်လေ့ရှိသူများက ဝမ်းသွားခြင်းနဲ့ ဝမ်းချုပ်ခြင်းတလှည့်စီခံစားရတာမျိုးဖြစ်တယ်။ ဗိုက်နာ တာက များသောအားဖြင့် စားပြီးချိန်မှာ ပိုဆိုးတတ်ပြီး နောက်ဖေးသွားပြီးရင် သက်သာသွားတတ်ပါတယ်။ IBS လက္ခဏာတွေက တစ်ချိန်နဲ့တစ်ချိန်မတူဖြစ်တတ်ပြီး ပြောင်းလဲတတ်ပါတယ်။ အဖြစ်များဆုံးလက္ခဏာတွေကတော့ - ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်း ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်း၊ စသည်ဖြင့်ပြောင်းလဲခြင်း လေပွခြင်း၊ ဖောခြင်း ဝမ်းမနိုင်ခြင်း ဝမ်းကျန်နေသလိုခံစားရခြင်း ဝမ်းသွားရင် ချွဲပါခြင်း IBS ဖြစ်ရတဲ့အကြောင်းအရင်းကိုသေချာမသိသေးပေမယ့် အူတွေရဲ့လုပ်ဆောင်ချက် […]


ဝမ်းပျက်ဝမ်းလျှောခြင်း

ပိုးသတ်ဆေး ကြောင့် ဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှော

ပိုးသတ်ဆေး ကြောင့်ဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှော ဖြစ်နိုင်တယ်ဆိုတာ တကယ်ကြီးလား။ ပိုးသတ်ဆေးဆိုတာ ဘတ်တီးရီးယားပိုးတွေကို သတ်တဲ့နေရာမှာ သုံးတဲ့ဆေးတွေပါ။ တစ်ခါတစ်လေ ဒီဆေးတွေကြောင့်ပဲ ဘေးထွက်ဆိုးကျိုးတွေ ခံစားရတတ်ပါတယ်။ ဒီထဲမှာ ဝမ်းလျှောတာကန အတွေ့ရအများဆုံးပါပဲ။ ပိုးသတ်ဆေးသောက်သူတွေရဲ့ ၅-၂၅ရာခိုင်နှုန်းမှာတွေ့ရတတ်ပါတယ်။ ဒါပေမယ့် ဘာလို့ ဒီလိုဖြစ်ရတာလဲ။ ကာကွယ်လို့မရဘူးလား။ ဖြစ်လာရင် ဘယ်လိုတွေလုပ်ကြမလဲဆိုတာ ဆက်ကြည့်ရအောင်။ ဘာလို့ဖြစ်ရတာလဲ။ ပိုးသတ်ဆေးသောက်လိုက်ပြီဆိုရင် သူက ခန္ဓာကိုယ်ထဲက ဆဲလ်တွေကလွဲပြီး ပိုးတွေအကုန်လုံးကို သတ်လိုက်ပါတယ်။ ဒီထဲမှာ ကောင်းတဲ့ပိုးရော မကောင်းတဲ့ပိုးရော အကုန်ပါသွားပါတယ်။ ခန္ဓာကိုယ်ရဲ့ထူးခြားချက်က ကောင်းတဲ့ပိုးတွေနည်းသွားတဲ့အခါ မကောင်းတဲ့ပိုးတွေက ပိုများလာသလို ဖြစ်သွားပါတယ်။ မကောင်းတဲ့ပိုးထဲမှာ Clostridium difficileဆိုတဲ့ပိုးလည်းပါပါတယ်။ သူက အဆိပ်တွေထုတ်တဲ့အတွက် အူနံရံတွေ ရောင်ပြီး ဝမ်းလျှောလာပါတယ်။ လက္ခဏာများ လက္ခဏာတွေကတော့ ပိုးသတ်ဆေးသောက်တဲ့အချိန်အတွင်းမှာ တစ်နေ့ကို ၃ခါလောက် ဝမ်းလျှောပါတယ်။ ဆေးစသောက်ပြီး ၁ပတ်နေရင် စဖြစ်နိုင်သလို ဆေးရပ်လိုက်ပြီး […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

ဒါတွေက ဗိုက်ပွ စေနိုင်တာ သင်သိရဲ့လား

ဗိုက်ပွ ၊လေပွတယ်ဆိုတာ ဘယ်လောက်နေရခက်တယ်ဆိုတာ ခံစားဖူးတဲ့သူတွေပဲသိပါတယ်။ အခန့်မသင့်ရင်လေထိုးလေအောင့်တာတွေလည်း ထဖြစ်နိုင်သေးတယ်။ရေတောင်သိပ်မသောက်ရဲဘဲ အီလည်လည်နဲ့ ဗိုက်ကယ်နေတတ်တာပါ။ ဆိုးဆိုးဝါးဝါးမဟုတ်ပေမယ့် မသိမသာဝေဒနာလေးတွေကနေနေလို့မကောင်းဖြစ်စေတာလေ။ ဒီလိုဗိုက်ပွဝေဒနာဖြစ်လွယ်စေတဲ့ အစားအစာတွေကိုတော့ သိထားသင့်တယ်မဟုတ်လား။ အထူးသဖြင့် အစာမကြေဖြစ်လွယ်၊ လေထိုးလေအောင့်လွယ်၊ လေပွလွယ်၊ ရင်ပြည့်ရင်ကယ်ဖြစ်လွယ်တဲ့သူတွေအတွက် အသုံးဝင်မှာပါ။ သူတို့မှာ အရေးပါတဲ့ အာဟာရဓါတ်တွေပါဝင်တာမို့ အပြီးရှောင်ရမှာမဟုတ်ပေမယ့် ကိုယ့်အစာအိမ်အခြေအနေကို ချင့်ချိန်ပြီး ဉာဏ်ရှိသလိုစားသုံးနိုင်ဖို့ပြောပြပေးမှာဖြစ်ပါတယ်။ ဗိုက်ပွ စေနိုင်တဲ့ အစားအစာ (၈) မျိုး (၁) ပန်းသီး ပန်းသီးမှာ sorbitol လို့ခေါ်တဲ့ သဘာဝသကြားဓါတ် ပါဝင်ပါတယ်။ တချို့လူတွေရဲ့ခန္ဓါကိုယ်က ဒီဓါတ်ကိုကောင်းကောင်းမစုပ်ယူနိုင်တဲ့အခါလေပွတာတွေဖြစ်လာနိုင်တယ်။ (၂) ဘလက်ဘယ်ရီသီး ဒီတိုင်းလည်းစားတယ်၊ဖျော်သောက်တယ်၊ မုန့်ထဲထည့်လုပ်တယ်၊ အသီးခြောက်စားတယ်။ ဘလက်ဘယ်ရီသီးကို ပုံစံအမျိုးမျိုးစားကြပါတယ်။ သူ့ရဲ့သဘာဝသကြားဓါတ်က အချိုလျှော့စားချင်သူတွေအတွက် အဆင်ပြေတယ်ဆိုပေမယ့် အူအတွက်တော့ အမြဲတမ်းမကောင်းပါဘူး။sorbitol ကို စားသုံးလိုက်တဲ့အခါချေဖျက်ဖို့ပြဿနာရှိတဲ့သူတွေမှာလေပွတာ၊ ဗိုက်အောင့်တာ၊လေထိုးလေအောင့်ဖြစ်တာ၊ မအီမသာဖြစ်တာတွေ ခံစားရနိုင်တယ်။ (၃) ဖရဲသီး ချိုအေးတဲ့ ဖရဲသီးမှာfructose ဆိုတဲ့ သကြားဓါတ်ပါဝင်မှုများပါတယ်။ […]


အသည်းရောဂါများ

ဒီအချက်တွေကြောင့် အသည်းရောဂါဖြစ်နိုင်တယ်ဆိုတာ သိပါသလား

အသည်းရဲ့အဓိကအလုပ်ကတော့ အစာခြေလမ်းကြောင်းထဲကထွက်လာတဲ့သွေးတွေကို သန့်စင်ပေးဖို့ပဲဖြစ်ပါတယ်။ နောက်ပြီး ခန္ဓာကိုယ်ထဲဝင်ရောက်လာတဲ့ ဓာတုဓာတ်အမျိုးမျိုးနဲ့ သောက်သုံးလိုက်တဲ့ ဆေးဝါးတွေကို ချေဖျက်ပေးတာ၊ သွေးခဲတဲ့လုပ်ငန်းစဉ်မှာလိုအပ်တဲ့ ပရိုတင်းဓာတ်ထုတ်လုပ်ပေးတာတွေလည်း လုပ်ဆောင်ပေးနေပါတယ်။ ပြောရရင်တော့ အသည်းဆိုတာ ခန္ဓာကိုယ်ဇီဝဖြစ်ပျက်မှုတွေပုံမှန်ဖြစ်နေဖို့အတွက် အရမ်းအရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒါပေမဲ့ အခုပြောမယ့် အလေ့အကျင့်တွေလုပ်နေမိပြီဆိုရင် အသည်းကိုတဖြည်းဖြည်းပျက်စီးစေနိုင်တယ်နော်။ ဘာတွေကိုဂရုစိုက်ရမလဲဆိုတာ တစ်ချက်လောက် လေ့လာကြည့်လိုက်ပါဦး။ ၁. အချိုတွေအရမ်းစားတာ အချိုတွေအစားများရင် သွားပျက်စီးတတ်တယ်ဆိုတာ အတော်များများသိပေမဲ့ အသည်းကိုပါ ထိခိုက်နိုင်တယ်ဆိုတာ သိပါသလား။ အသည်းကအဆီပြုလုပ်ဖို့အတွက် fructose ဆိုတဲ့သကြားဓာတ်လိုအပ်ပါတယ်။ ပြုပြင်ထားတဲ့သကြားနဲ့လုပ်ထားတဲ့အချိုမုန့်တွေအစားများရင် အသည်းမှာအဆီတွေလိုတာထက်ပိုများလာပြီးအသည်းရောဂါဖြစ်လာစေမှာပါ။ ဒါ့ကြောင့် အမြဲတမ်းလျှာအလိုမလိုက်မိဖို့လိုမယ်နော်။ ၂. ဖြည့်စွက်စာတွေ အကုန်လျှောက်သောက်တာ အခုခေတ်မှာ ဖြည့်စွက်စာတွေမှီဝဲတာအတော်လေးကျယ်ပြန့်လာတာတွေ့ရပါတယ်။ “ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ သက်စောင့်ဓာတ်တွေပါဝင်တယ်၊ သဘာဝအတိုင်းထုတ်လုပ်ထားလို့စိတ်ချလက်ချသောက်သုံးနိုင်ပါတယ်” စသည်ဖြင့် အမျိုးမျိုး ကြော်ငြာနေကြပေမဲ့ တကယ်တမ်းကျတော့ ဖြည့်စွက်စာအချို့မှာပါတဲ့ဓာတ်တွေက အသည်းရဲ့ပုံမှန်လုပ်ငန်းဆောင်တာကို ထိခိုက်စေတတ်ပါတယ်။ ဥပမာပြောရရင် ဗီတာမင် အေ ဓာတ်ကိုကျွန်တော်တို့ခန္ဓာကိုယ်က လိုအပ်တာမှန်ပေမဲ့ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အူမကြီးမှန်ပြောင်း ကြည့်ရင် သိထားသင့်တာတွေ

တကယ်လို့ သင့်ဆရာဝန်က အူမကြီးမှန်ပြောင်းကြည့်ပါလို့ ညွှန်ကြားလိုက်ရင် အရမ်းကြောက်မသွားပါနဲ့နော်။ အူလမ်းကြောင်းထဲ မှန်ပြောင်းကြည့်တယ်ဆိုတာ အူမကြီးကင်ဆာကို ထိထိရောက်ရောက်ကာကွယ်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်တာကြောင့် အသက် ၄၅ နဲ့အထက်လူကြီးတွေဆို မှန်ပြောင်းကြည့်ဖို့ ဆရာဝန်တွေက ညွှန်ကြားလေ့ရှိပါတယ်။ အူမကြီးကင်ဆာတင်မကပဲ အကြောင်းအရင်းမသိမရှိ ဗိုက်အောင့်အောင့်နေတာ၊ သွေးဝမ်းသွားတာ၊ အစားအသောက်ပျက်တာလို ပြဿနာတွေပါ ကြုံရရင်လည်း အူမကြီးမှန်ပြောင်း ကြည့်ဖို့ လိုအပ်နိုင်ပါတယ်။ ဒါဆို အူမကြီးမှန်ပြောင်းကြည့်တာနဲ့ ပတ်သတ်ပြီး ကြိုတင်ပြင်ဆင်သင့်တာလေးတွေနဲ့ သိသင့်တာလေးတွေကို Hello Sayarwon ပရိသတ်တွေသိအောင် ပြောပြပေးသွားမယ်နော်။ အူမကြီးမှန်ပြောင်း မကြည့်ခင် ဘာလုပ်ရမလဲ သင့်ကို အူမကြီးမှန်ပြောင်း မကြည့်ခင် သင့်မှာထူးခြားတဲ့ ကျန်းမာရေးအခြေအနေ တစ်မျိုးမျိုးခံစားနေရတာမျိုး ရှိမရှိ ဆရာဝန်က မေးမြန်းမှာဖြစ်ပါတယ်။ ဒီအချိန်မှာ အမှန်အတိုင်း၊ ကိုယ်ခံစားနေရတဲ့အတိုင်း ဆရာဝန်ကို ပြောပြပါ။ အဓိကအားဖြင့် -           ကိုယ်ဝန်ရှိမရှိ -           နှလုံးရောဂါရှိမရှိ -           အဆုတ်ပြဿနာရှိမရှိ -           သောက်ဆေးတစ်မျိုးမျိုးနဲ့ […]


အသည်းရောဂါများ

အသည်းရောင်တဲ့ပြဿနာ အဆိုးဆုံးအဆင့်နဲ့ကြုံတွေနေရပြီဆိုရင်။

အသည်းရောင် အသားဝါ ရောဂါပိုးတွေ ကြောင့်ဖြစ်ဖြစ် ၊ အရက်ကြောင့်ဖြစ်ဖြစ် ပြင်ပက အကြောင်းအရာ တစ်ခုခုကြော့င် ဖြစ်ဖြစ် အသည်းရောင်လာပါပြီဆိုပါစို့။ စသိလိုက်တဲ့အချိန်တည်းက ရောဂါတော်တော်ပြင်းနေတာမျိုးလည်းဖြစ်နိုင်တယ် သိသိချင်းတုန်းက ရောဂါအခြေအနေမပြင်းထန်သေးပေမယ့် ပေါ့ပေါ့ဆဆ နေမိတာကြောင့် အသည်းရောင်တာပိုဆိုးလာတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်အသည်းရောင်တဲ့ ပြဿနာ တော်တေ်ာကြီးကို ဆိုးနေပြီဖြစ်တာကြောင့် ဆေးသောက်တာအပြင် ကိုယ့်နေထိုင်မှု ပုံစံတွေမှာ ပြောင်းလဲစရာတွေ ရှိနေပါပြီ။ ဘာတွေများဖြစ်မလဲ အသည်းရောင်တဲ့ပြဿနာ အဆိုးဆုံးအဆင့်နဲ့ကြုံတွေနေရချိန် ဒါတွေလိုက်နာသင့်ပါတယ်။ အသည်းရောင်တဲ့ ပြဿနာရဲ့ လက္ခဏာတွေဖြစ်တဲ့ အသားတွေယားတာ၊ နာကျင်ကိုက်ခက်မှု ဝေဒနာတွေအတွက် ဆရာဝန်တွေ ဆေးတွေပေးမှာ ဖြစ်ပါတယ် ။ဒီလို ကုသမှုတွေ ခံယူထားတာ အပြင်ကိုမှ ကိုယ့်ဘက်က အခြားလိုက်နာသင့်တဲ့ ပြောင်းလဲသင့်တဲ့နေထိုင်မှု ပုံစံလေးတွေ ရှိပါတယ်။ ဒါတွေကတော့ အာဟာရ မျှတအောင်စားပါ။ - အသည်းရောင်တာရဲ့ နောက်ဆက်တွဲ ဆက်ဖြစ်နိုင်တဲ့အဆိုးဆုံးက အသည်းခြောက်တဲ့ ပြဿနာမဟုတ်လား။ […]


အသည်းရောဂါများ

အသည်းရောင် အသားဝါ C ပိုးရှိနေတဲ့သူတစ်ယောက် ဘယ်လိုဆက်ပြီး ကျန်းမာအောင် နေထိုင်ရမလဲ ။ ။

အားလုံးသိကြမှာပါ။ အသည်းကို ဒုက္ခပေးနေတဲ့ ရောဂါပိုးတွေထဲမှာမှ အသည်းရောင် အသားဝါ Bပိုးနဲ့ C ပိုးက အဆိုးဆုံးဆိုတာ။ B ပိုးကမှ ကာကွယ်ဆေးထိုးပြီး ကြိုကာကွယ်လို့ရသေးတယ်။ စမ်းသပ်ဆဲဖြစ်လို့ ကာကွယ်ဆေးမရှိသေးဘူးလို့ပြောလို့ရတဲ့ C ပိုး ကူးစက်ခံရပြီဆိုရင် ဘာတွေဆက်လုပ်ကြမလဲ။ အသည်းရောင် အသားဝါ C ပိုးရှိနေတဲ့သူတစ်ယောက် ဘယ်လိုဆက်ပြီး ကျန်းမာအောင် နေထိုင်ရမလဲ ။ ။ စီပိုးရှိနေတယ်လို့ ဆိုလိုက်တာနဲ့ လူတိုင်း စိတ်ဓာတ်ကျသွားမှာ အမှန်ပါ။ သူက ကိုယ့်ဆီကနေ အခြားသူဆီကို သွေးကနေ လိင်ဆက်ဆံရာကနေ ကူးစက်တတ်တဲ့ ရောဂါဆိုတော့ ဒီရောဂါပိုးရှိနေပြီဆိုတာနဲ့ စိတ်ညစ်တတ်ကြတာ အမှန်ပါ။ ဒါပေမယ့် နောက်ပိုင်းတိုးတက်လာတဲ့ ဆေးပညာအရ ဆေးပုံမှန်သောက်မယ်ဆိုရင် စီပိုးကနေ အသည်းကိုဒုက္ခမပေးနိုင်တော့အောင် ကာကွယ်နိုင်မှာဖြစ်သလို ကူးစက်မှုနှုန်းကိုလည်း လျော့ချပေးနိုင်မှာဖြစ်ပါတယ် ။ တစ်ခုရှိတာက ဆေးသောက်တာနဲ့တင် ပြီးပြီလား။ အခြား […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း