အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ခန္ဓာကိုယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်က အရေးပါတဲ့ စနစ်တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကနေ အာဟာရစုပ်ယူဖို့ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက လုပ်ပေးမှ ရတာပါ။ ဒီလိုစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်တစ်ခု ဖြစ်ဖို့ ဘာတွေလုပ်လို့ရလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား

ဝမ်းလျှောလို့ ဓာတ်ဆားရည်သောက်လိုက်တာ ခုတော့ ဝမ်းပိတ်ရုံတင်မကဘူး။ ဝမ်းပါချုပ်သွားပြီလို့ ပြောတာ ကြားဖူးမှာပါ။ ဝမ်းချုပ်တာကို ဓာတ်ချုပ်တယ်လို့လည်း ပြောကြတော့ ဓာတ်ဆားရည်တွေ သောက်လိုက်လို့ ဝမ်းချုပ်သွားတာများလားလို့ တွေးတတ်ကြပါတယ်။ တကယ်ပဲ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်တွေမှာ ဘာတွေပါဝင်သလဲ။ ဓာတ်ဆားရည်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆားဓာတ်တွေ ဖြစ်တဲ့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်၊ ဂလူးကို့စ်၊ ရေ စတာတွေ ပါဝင်ပြီး ဒါတွေက နဂိုလည်း ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဓာတ်တွေပဲ ဖြစ်ပါတယ်။ ဒီဓာတ်တွေက ဝမ်းချုပ်တာနဲ့ မသက်ဆိုင်ပါဘူး။ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်က ဝမ်းချုပ်စေဖို့ မပြောနဲ့။ ဝမ်းပိတ်စေတဲ့ အာနိသင်တောင် မရှိပါဘူး။ ဟုတ်ပါတယ်။ ဝမ်းလျှောတဲ့အခါ ဓာတ်ဆားရည်သောက်တာက ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားဓာတ်ကို ဖြည့်ပေးတာပဲ ဖြစ်ပါတယ်။ ဝမ်းရပ်ဖို့ ဆိုတာက ကုသမှု တစ်ခုခု […]

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကို ရှာဖွေမည်။

အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အစာအိမ်အူလမ်းကြောင်းရောင်ရမ်းတဲ့အခါ မြန်မြန်သက်သာစေဖို့ ဒါတွေဂရုစိုက်ပါ

အစာအိမ်ရောဂါဖြစ်လာတဲ့အခါ ခံစားရတာ မသက်သာလှပါဘူး။ ဆန်ပြုတ်သောက်ရုံ၊ နားနေရုံနဲ့ သက်တောင့်သက်သာ အမြန်နေကောင်းလာမယ်ထင်ပါသလား။ ပုံမှန်အတိုင်း အစားစားလို့လည်းမရ၊ မစားလို့လည်းမရ၊ စားလိုက်လည်း အစာအိမ်ကသိပ်လက်မခံတာ၊ အန်ချင်လာတာနဲ့ အတော်ခံစားရခက်ပါတယ်။ ပြောတော့သာ အစာအိမ်ပြဿနာ၊ တကယ်တမ်းဖြစ်တဲ့ လက္ခဏာကျတော့ ဗိုက်အောင့်ရုံတင်မကဘဲ လက္ခဏာပေါင်းစုံစုပေးထားသလိုမျိုး။ ခေါင်းကိုက်ရင်ကိုက်မယ်၊ မအီမသာလည်းဖြစ်တယ်၊ အဖျားတက်သလို ချမ်းတုန်ရင်တုန်နေမယ်၊ အစာဝင်တာနဲ့ ထအန်ရင်အန်မယ်၊ ဝမ်းလျှောထားတဲ့ လူတစ်ယောက်လို အားကုန်နုံးချိနေမယ်၊ ပူလိုက်အေးလိုက်နဲ့ ခန္ဓာကိုယ်အပူချိန်မမှန်တာလည်း ဖြစ်ရင်ဖြစ်မယ်၊ ရင်ခေါင်းတွေအောင့်မယ်၊ တစ်ခါတစ်ခါ အလူးအလိမ့်ခံစားရတာတွေက  လူတစ်ယောက်နဲ့တစ်ယောက် လက္ခဏာချင်းမတူနိုင်ပါဘူး။ ဒီလိုအချိန်မှာ ဆေးခန်းပြထားတယ်၊ ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေသောက်နေတယ်ဆိုပေမယ့်လည်း မြန်မြန်သက်သာအောင် ဘယ်လိုလုပ်မလဲဆိုတာနဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို သိထားမယ်ဆို ခံစားရတဲ့ဒဏ်တွေလျော့တာပေါ့။ ရေများများသောက်ပါ။ ချွေးထွက်တာ၊ အန်တာတွေကြောင့် ခန္ဓာကိုယ်ကနေ ဆုံးရှုံးသွားတဲ့အရည်ဓာတ်တွေ ကို ပြန်ရရှိဖို့ လိုအပ်ပါတယ်။ ဒီအချိန်မှာ ရေသောက်ဖို့ အဆင်မပြေသေးဘူးဆိုရင်လည်း ဇွန်းလေးနဲ့ တစ်ဇွန်းချင်းဖြစ်ဖြစ်၊ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အစာအိမ်အူလမ်းကြောင်းရောင်ရမ်းတာ ဘယ်လိုမျိုးလဲ

အစာအိမ်အူရောင်တယ်ဆိုတာ ရောဂါကြီးတစ်ခုလိုထင်ရပေမယ့် အဖြစ်များကြတာ မသိကြလို့ပါနော်။ ဒီဆောင်းပါးကိုဖတ်ပြီးပြီဆိုရင်တော့ ကိုယ့်မှာဒီဝေဒနာဖြစ်လာတဲ့အခါ စောစောသိရှိပြီး မြန်မြန်ကုသနိုင်ပါလိမ့်မယ်။ ဘာကြောင့်ဖြစ်တာလဲ အစာအိမ်အူလမ်းကြောင်းရောင်ရမ်းတာက ဗိုင်းရပ်စ်၊ ဘက်တီးရီးယား ဒါမှမဟုတ် ကပ်ပါးပိုးတွေကြောင့် ဖြစ်ပါတယ်။ အများအားဖြင့် - အစားအသောက်(အထူးသဖြင့် ပင်လယ်စာ) သောက်သုံးရေ ရောဂါပိုးရှိနေတဲ့ လူနဲ့ထိတွေ့မှု လက်မဆေးခြင်း ဇွန်း၊တူ စတာတွေ မသန့်ရှင်းခြင်း တို့ကတဆင့် ရောဂါပိုးကို ကူးစက်ရရှိနိုင်ပါတယ်။ ဘယ်သူတွေမှာ ဖြစ်နိုင်ခြေပိုများလဲ ဒီအတွက် ဘယ်သူမဆို ရောဂါပိုးကူးစက်ခံရနိုင်ပါတယ်။ ဒါပေမယ့် ဘယ်လိုလူတွေမှာ ပိုဖြစ်လေ့ရှိသလဲ၊ ပိုဖြစ်လွယ်သလဲဆိုရင် - ကလေးငယ်တွေ အဆောင်နေ ကျောင်းသားတွေ ခရီးသွားသူတွေ အပြင်စာ၊ မသန့်ရှင်းစာ ခဏခဏစားသူတွေ ကိုယ်ခံအားနည်းသူတွေ၊ နေမကောင်းခဏခဏဖြစ်သူတွေ ရောဂါအခံရှိသူတွေ မှာဖြစ်နိုင်ခြေအများဆုံးပါ။ လက္ခဏာတွေက ဘာတွေလဲ လက္ခဏာတွေကတော့ - မအီမသာဖြစ်ခြင်း၊ ချွေးထွက်များခြင်း၊ ရင်ခေါင်းအောင့်၊ ရင်ခေါင်းတောင့်ခြင်း ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်း၊ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ခရီးသွားရင်း တွေ့ကရာစားပြီး အစာအိမ်မထိခိုက်အောင် ကာကွယ်မယ်

ပိတ်ရက်တွေရောက်လာပြီဆို အပီအပြင်လည်ဖို့ ဒါမှမဟုတ် ခရီးထွက်ဖို့ စီစဉ်ထားကြမှာပဲ။  ဒါပေမယ့် ခရီးကိုရောက်တာ တစ်ရက်ပဲရှိသေးတယ် နေမကောင်းဖြစ်သွားရပြီဆို ပလန်တွေအကုန် ပလုံသွားမှာနော်။ အရေးကြီးဆုံးက လမ်းမှာ ဒါမှမဟုတ် ခရီးရောက်တဲ့အခါ  စားမယ့်အစားအသောက်ကိစ္စပါပဲ။ ခရီးသွားရင်း ပျော်ရင်းရွှင်ရင်း လမ်းမှာစားစရာဆိုင်တွေ့ရင်ပဲ ရတနာတွေ့သလို ပြေးဝယ်စားကြ၊ သောက်ကြ တာ ပျော်စရာ။ ဒါပေမယ့် တွေ့ရာစားဖို့ ကိုယ့်ဗိုက်ကရော ကောင်းလို့လား။ ဘယ်အချိန်မဆို ဆင်ခြင်စားသင့်တဲ့ အစားအသောက်စာရင်းကို သတိပေးလိုက်ပါဦးမယ်။ ဆီကြော်စာ ဆီကြော်တွေက ချေဖျက်ရခက်ရတဲ့အထဲ နေရာဒေသအပြောင်း၊ ရာသီအပြောင်းမှာ အစာပိုပြီးမကြေတော့ပါဘူး။ နဂိုတည်းက အစာခြေရည်ပြန်ဆန်တက်တတ်တဲ့၊ ဒါမှမဟုတ် အစာမကြေဖြစ်လွယ်၊ လေထတတ်တဲ့ ဗိုက်ဆို ပိုဆိုးပါတယ်။ ကားမူးတာနဲ့ပေါင်းရင် ပိုဆိုး။ ပြုပြင်စီမံထားတဲ့အစားအစာ ဟော့ဒေါ့လို့ ခေါ်တဲ့ အချောင်းလေးတွေက ပြုပြင်စီမံထားတဲ့အစားအစာတွေပေါ့။ နောက်ပြီး ယူတို့လမ်းမှာ ဖောက်စားတတ်ကြတဲ့ အာလူးကြော် ဘာညာလည်း ဒီထဲပါတာပဲ။ အဲဒါတွေက လေပွစေနိုင်တယ်၊ […]


အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

အစာအိမ်အောင့်ရင် အမြန်ဆုံးသက်သာစေဖို့ ဘာတွေကိုလုပ်မလဲ

ဗိုက်အောင့်လိုက်တာ။ အလုပ်တွေမလုပ်နိုင်တော့ဘူး အစာအိမ်က အောင့်နေပြီ။ ဘယ်လိုလုပ်ရမလဲဆိုတဲ့သူတွေအတွက် အကြံလေးပေးမယ်နော်။ အစာခြေရည်ပြန်ဆန်တက်လို့ ရင်ပူဝေဒနာခံစားနေရသူတွေဆို မကုစားဘဲ ဒီတိုင်းနေလို့ အခန့်မသင့်ရင် ခွဲစိတ်ကုသရတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ဗိုက်အောင့်တာကို အများဆုံးဖြစ်စေတဲ့အကြောင်းရင်းတွေက – ဝမ်းချုပ်တာ၊ အစာမကြေတာ၊ စားချဉ့်ရည်ပြန်ဆန်တက်တာ ၊ အော့အန်တာ၊ စိတ်ဖိစီးမှုများတာ နဲ့ အစာခြေစနစ်ကိုထိခိုက်စေနိုင်တဲ့ ရောဂါတွေအပြင် ပိုပြင်းထန်ရင်တော့ အူအတက်ပေါက်တာ၊ အူအတက်ရောင်တာ၊ သည်းခြေအိတ်ကျောက်တည်တာ၊ ကျောက်ကပ်မှာကျောက်တည်တာ၊ ကျောက်ကပ်ပိုးဝင်တာတွေအထိ ဖြစ်နေနိုင်တယ်။ အစာအိမ်ကြောင့်ဖြစ်တယ်ဆိုရင်တော့ ဒီလက္ခဏာတွေပါ ဖြစ်နေနိုင်ပါတယ် - လေပွနေတာ၊လေလည်တာ လေထိုးလေအောင့်ဖြစ်နေတာ ရင်ပူဝေဒနာဖြစ်လာပြီးရင် ဗိုက်ကယ်ပြီးလေပွနေတာ(နေလို့မကောင်း) မအီမသာနဲ့ ပျို့အန်ချင်တာ ခဏခဏပူလောင်ပြီးဆာတာ အစာမစားခင်နဲ့ အစာစားပြီး အောင့်တာ စတဲ့လက္ခဏာတွေက သိသာပါတယ်။ ဒါ့ကြောင့် အစာအိမ်အောင့်တယ်ဆိုရင် ဘာကြောင့်လဲအဖြေရှာဖို့ ဆေးခန်းမသွားနိုင်သေးခင် ဒီအချက်လေးတွေ လုပ်ကြည့်ပါ။ ဗိုက်အောင့်သက်သာစေမယ့် နည်းလမ်းလေးတွေကတော့ - အမြန်ဆုံးက ဗိုက်အောင့်သက်သာစေတဲ့ အစာအိမ်လေဆေးတွေသောက်ပါ။ […]


ရင်ပူခြင်း၊ ရင်ခေါင်းအောင့်ခြင်း

ရင်တွေပူပြီးနိုးလာတဲ့ညတွေ ပြန်အိပ်မရတာ ဘယ်လိုလုပ်ရမလဲ

အိပ်တုန်းကတော့ အကောင်းပဲ။ အိပ်လို့ကောင်းပြီဆို ရင်တွေပူလို့၊ ရင်ခေါင်းအောင့်ပြီး ဆာလောင်လို့ တရေးနိုးလာရတာ သိပ်ကို စိတ်ညစ်ဖို့ ကောင်းပါတယ်။ အရမ်းအိပ်ချင်တော့ ထလည်းမစားချင်၊ ထစားပြန်လည်း ဗိုက်ပြည့်တာနဲ့ မျက်စိကြောင်တော့မယ်၊ မစားပြန်လည်း ဗိုက်အောင့်ပြီး ဆက်အိပ်မရတော့ဘူး။ ဒီတော့ ရင်တွေပူပြီးနိုးလာတဲ့ညတွေ ပြန်အိပ်မရတာ ဘယ်လိုလုပ်ရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ ရင်တွေပူပြီးနိုးလာတဲ့ညတွေ ပြန်အိပ်မရတာ ဘယ်လိုလုပ်ရမလဲ အစာအိမ်ထဲက အက်ဆစ်တွေ ဆန်တက်တာကြောင့် ညဘက် ရင်ပူ တဲ့ဝေဒနာကို ခံစားရတဲ့အခါ အိပ်ရေးပျက်စေပြီး ကြာလာတဲ့အခါ အိပ်မပျော်တဲ့ ပြဿနာနဲ့ပါ ရင်ဆိုင်ရစေပါတယ်။ ညကြီးသန်းခေါင်မှာ ရင်ပူပြီး နိုးလာမယ်။ သက်သာအောင် ဆေးသောက်ပြီးတဲ့နောက်မှာ ပြန်အိပ်မပျော်တော့တာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။ ဒီလိုဖြစ်ရတာ အစာအိမ်အက်စစ်တွေ ပြန်ဆန်တက်လို့ ဖြစ်ရတာပါ။ ရင်ပူပြီး ဆာလောင်နေတဲ့အခါ လုပ်လို့ရတာက အစာတစ်ခုခု ထစားတာရယ်၊ ရေသောက်တာရယ်၊ အစာအိမ်အချဉ်ဓာတ်ကို ထိန်းပေးနိုင်တဲ့ဆေးတွေ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ဘာလို့ ဗိုက်အောင့်တာလဲ၊ အစာအိမ်ကြောင့်လား ဘယ်လိုသိနိုင်မလဲ

ဗိုက်အောင့်နေရင် အလုပ်လုပ်ဖို့မပြောနဲ့ တစ်ခါတလေ ထိုင်နေလို့တောင်အဆင်မပြေဘူး။ လှဲအိပ်နေရတာမျိုး။ ဗိုက်ထဲမှာ အစာအိမ်၊ အသည်း၊ပန်ကရိယ၊ အူသိမ်၊ အူမကြီးနဲ့သည်းခြေအိတ် တို့လို ကိုယ်တွင်းအင်္ဂါတွေ အများကြီးရှိတာမို့ ဘာကြောင့်ဗိုက်အောင့်တယ် တန်းမသိနိုင်ပါဘူး။ ဗိုက်အောင့်စေတဲ့ အကြောင်းအရင်းက အများကြီးရှိနိုင်ပါတယ်။ ဥပမာ ပိုးဝင်ကူးစက်တာ၊ ကိုယ်တွင်းအင်္ဂါတစ်ခုခုရောင်ရမ်းတာ၊ အစာခြေစနစ်နဲ့အူလမ်းကြောင်းမှာ ပြဿနာတွေရှိနေတာတွေ ဖြစ်နိုင်ပါတယ်။ ဗိုက်အောင့်တာကို အများဆုံးဖြစ်စေတဲ့အကြောင်းရင်းတွေက – ဝမ်းချုပ်တာ၊ အစာမကြေတာ၊ စားချဉ့်ရည်ပြန်ဆန်တက်တာ ၊အော့အန်တာ၊ စိတ်ဖိစီးမှုများတာ နဲ့အစာခြေစနစ်ကိုထိခိုက်စေနိုင်တဲ့ ရောဂါတွေအပြင် ပိုပြင်းထန်ရင်တော့ အူအတက်ပေါက်တာ၊ အူအတက်ရောင်တာ၊သည်းခြေအိတ်ကျောက်တည်တာ၊ ကျောက်ကပ်မှာကျောက်တည်တာ၊ ကျောက်ကပ်ပိုးဝင်တာတွေအထိ ဖြစ်နေနိုင်တယ်။ ဒါဆို အစာအိမ်ကြောင့်ဆိုတာ ဘယ်လိုသိနိုင်မလဲဆိုတဲ့မေးခွန်းကို အစာအိမ်သမားတွေ ကောင်းကောင်းသိပါတယ်။ ခံစားရနေကျကိုး။ ဗိုက်အောင့်ဝေဒနာနဲ့အတူ - လေပွနေတာ၊ လေလည်တာ လေထိုးလေအောင့်ဖြစ်နေတာ ရင်ခေါင်းအောင့်၊ ရင်ခေါင်းတောင့်တာ ရင်ပူဝေဒနာဖြစ်လာပြီးရင် ဗိုက်ကယ်ပြီးလေပွနေတာ(နေလို့မကောင်း) မအီမသာနဲ့ ပျို့အန်ချင်တာ ခဏခဏပူလောင်ပြီးဆာတာ […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

အောင့်မထားနဲ့…ဖွင့်ချလိုက်ပါ လေပြဿနာ

ဟာ..ဘယ်သူပေါက်လိုက်လဲမသိဘူး နံလိုက်တာ ဆိုတဲ့စကားသံထွက်လာမှာကို လေလည်သူတွေအကြောက်ဆုံး၊ အရှက်ဆုံးပါ။ မသိမသာလေး ခိုးပေါက်တတ်သူတွေရှိသလို ပိတ်အောင့်ထားလိုက်သူတွေလည်း ရှိပါတယ်။ ဒါပေမယ့် လေလည်ရမှာရှက်လို့၊ သူများနှာခေါင်းရှုံ့မှာစိုးလို့ အောင့်ထားလိုက်မယ်ဆိုရင် ဘာဆက်ဖြစ်မလဲသိလား။ ကိုယ်သတိမထားမိလောက်ပေမယ့် ခန္ဓာကိုယ်ထဲက ပြန်ထွက်ချင်နေတဲ့လေက အောက်ကနေမထွက်ရတဲ့အခါ ပါးစပ်ကပြန်ထွက်လာနိုင်ပါတယ်။ အမှန်က လေလည်တာကို ကြာကြာအောင့်ထားလိုက်ရင် အူလမ်းကြောင်းမှာ စုနေတဲ့လေတွေက နောက်ဆုံးမှာ ထိန်းမရအောင် ကန်ထွက်တော့တာပဲ။ ထိန်းမရတဲ့အခါ လေလည်သံကျယ်ကျယ်နဲ့ ဝုန်းခနဲပေါက်ကွဲနိုင်သလို ဗိုက်အောင့်တာလည်းဖြစ်လာနိုင်ပါတယ်။ အခြေအနေကြည့်ပြီး ဖွင့်ချပါ ဒါ့ကြောင့်လေလည်ချင်နေပြီဆိုရင် ဖွင့်ချလိုက်ပါ။ လူရှင်းတဲ့နေရာကို လစ်တာပဲဖြစ်ဖြစ်၊ အိမ်သာထဲပြေးတာဖြစ်ဖြစ် မသိမသာလေးဖြေရှင်းလိုက်ပါ။ အောင့်ထားလိုက်လို့ အန္တရာယ်ကြီးကြီးမားမားမဖြစ်ပေမယ့် နေရခက်တာ၊ လေထိုးလေအောင့်တာတွေဖြစ်နိုင်တာကိုး။ အမှန်တော့ လေလည်တယ်ဆိုတာက အစာကို ဖြိုခွဲပြီး ချေဖျက်ဖို့ ခန္ဓာကိုယ်က ကြိုးစားတဲ့အခါ သဘာဝအလျောက်တုံ့ပြန်မှုတစ်ခုပါပဲ။ ကိုယ်စားချလိုက်တဲ့အစားအသောက်တွေကို အစာအိမ်နဲ့ အစာခြေစနစ်က စီမံခန့်ခွဲရတာဖြစ်လို့ လေနည်းနည်းတော့ စွန့်ထုတ်မှာပါပဲ။ အဲဒီကမှ လေလည်မှာလား၊ လေတက်မှာလား ခန္ဓာကိုယ်ကလုပ်ဆောင်ပါလိမ့်မယ်။ ပျမ်းမျှအားဖြင့် […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

ခဏခဏ လေလည် တတ်လို့ လူကြားထဲအခက်ကြုံရသူတွေအတွက် နည်းလမ်းကောင်း (၈) ခု

အသက်ရှင်ဖို့ အသက်ရှူနေကြတဲ့သူတွေချည်းပဲမို့ ကိုယ်ရှူရှိုက်နေတဲ့လေထုထဲ လေလည်ချလိုက်မှာကို ဘယ်သူမှ သဘောမကျလောက်ပါဘူး။ သူများမပြောနဲ့ ကိုယ့်ဆီကထုတ်လိုက်တဲ့လေတောင် ကိုယ်ပြန်မရှူနိုင်တာ ကိုယ်တွေ့မဟုတ်လား။ လေလည်လိုက်တာက အနံ့ရှိရှိ မရှိရှိ လူက အလိုလိုမျက်နှာလွှဲ၊ နှာခေါင်းအလိုလိုကျုံ့လိုက်မိတာပဲ။ လေလည် တိုင်း နံသလား လေလည်တာ အသံကျယ်ကျယ်၊ မကျယ်ကျယ် ပြဿနာရှိတာက အနံ့ပါ။ အသံမကြားလိုက်ရပေမယ့် အနံ့ထွက်လာရင် လူသိတာပဲမို့ အတော်ဒုက္ခရောက်ရမှာပါ။ ဘာလို့ တစ်ခါတလေ အနံ့မရှိဘဲ တစ်ခါတလေကျ နှာခေါင်းပိတ်ပြေးရတဲ့အထိ အနံ့ဆိုးရတာလဲ။ ဒါက ကိုယ်စားထားတဲ့ အစားအသောက်တွေ၊ အစာအိမ်နဲ့အူလမ်းကြောင်း လုပ်ဆောင်ချက်တွေနဲ့ ဆိုင်ပါတယ်။ အနံ့ပြင်းတဲ့ လေလည်ခြင်းကို ဖြစ်စေတာက - အမျှင်ဓာတ်များတဲ့ အစားအသောက်တွေ၊ ပဋိဇီဝပိုးသတ်ဆေးတွေအပါအဝင် သောက်သုံးနေတဲ့ဆေးဝါးတွေ၊ ဝမ်းချုပ်နေတာ ဒါမှမဟုတ် ဝမ်းအကုန်အစင်မသွားတာ အစာခြေစနစ်အတွင်းမှာ ဘက်တီးရီးယားတွေစုနေတာ စတဲ့အကြောင်းရင်းတွေပါဝင်တတ်ပါတယ်။   လူကြားထဲ အခက်မကြုံရအောင် ဘယ်လိုကာကွယ်၊ ဖြေရှင်းရမလဲ ကဲ […]


အစာအိမ်ရောင်ခြင်း

သောက်တာများပြီး အစာအိမ် မထိခိုက်အောင် ဘယ်လိုကာကွယ်မလဲ

သောက်တာများတယ်ဆိုတာ ရေကိုဆိုလိုတာမဟုတ်မှန်းတော့ သိကြမှာပါနော့။ တစ်ခွက်ပြီးတစ်ခွက် မော့နေတုန်းတော့ ပျော်နေပေမယ့် နောက်ရက်ကျရင် သောက်ထားတဲ့အရှိန်နဲ့ ခေါင်းကိုက်လိုက်၊ ဗိုက်အောင့်လိုက်နဲ့ မှောက်တော့မှာမလား။ အပီကဲပြီး နောက်နေ့မှာ အရက်နာကျတာက သပ်သပ်၊ အရက်ကြောင့် ပူလောင်ပြီး ဗိုက်အောင့်တာက သပ်သပ် ခံစားရမှာသေချာတာပေါ့။ ခံရသက်သာချင်ရင်တော့ ဒီလိုမဖြစ်အောင် ကူညီပေးနိုင်မယ့် နည်းလမ်းလေးတွေ သိထားဖို့တော့လိုပါတယ်။ ဘာလုပ်ရမလဲ ဆိုတော့ - (၁) ရေသောက်ပါ အရက်ဘီယာသောက်တဲ့အခါ ရေဓာတ်မခမ်းခြောက်ဖို့အရေးကြီးပါတယ်။ ဆိုလိုတာက ဟိုဟာတွေသောက်လည်းသောက်၊ ရေလည်းသောက်ပေးဖို့ပါပဲ။ ရေတွေသောက်ပြီး ဆီးသွားပစ်လေ မကောင်းတဲ့အဆိပ်အတောက်တွေပါသွားလေပါ။ (၂) တခြားအရည်တွေသောက်ပါ ရေနဲ့တင်မလုံလောက်ဘူးခံစားနေရရင် အရက်မဟုတ်တဲ့တခြားအရည်တွေနဲ့ ရေဓာတ်ဖြည့်ပါ။ ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာ(ရေဓာတ်ဖြည့်အချိုရည်လိုမျိုး) တစ်ခုခုထပ်သောက်ပါ။ ကိုယ့်မှာဆုံးရှုံးသွားတဲ့ ဓာတ်ဆားနဲ့ ပိုတက်စီယမ်ကိုပြန်ဖြည့်ဆည်းပေးပါလိမ့်မယ်။ (၃) အဆီလေးစားပေးဦး ဟိုးရှေးတည်းကသုံးခဲ့ကြတဲ့နည်းတစ်ခုက မူးပြဲမကွဲအောင်လို့ ပါတီမတက်ခင် သံလွင်ဆီတစ်ဇွန်း ကြိုသောက်ရတယ်တဲ့။ ပီဇာ ဒါမှမဟုတ် အဆီများတဲ့စားစရာတစ်ခုခုကလည်း အာနိသင်တူနိုင်ပါတယ်။ ဒါတွေက အူထဲမှာ ဆီဆွတ်ထားသလိုဖြစ်စေပြီး […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

ပုံမှန်ထက် ပိုပြီးလေလည်တာ ဒါတွေကြောင့်ဖြစ်နိုင်ပါတယ်

လေလည်တယ်ဆိုတာ အမျှင်ဓာတ်များတဲ့အစားအစာတွေကို အစာခြေစနစ်ရဲ့ပုံမှန်လုပ်ဆောင်ချက်က ချေဖျက်နေတယ်ဆိုတဲ့ သင်္ကေတဖြစ်ပါတယ်။ မီသိန်း၊နိုက်ထရိုဂျင်နဲ့ ဟိုက်ဒရိုဂျင်ဂက်စ်တွေကို စအိုဝကတဆင့် ခန္ဓာကိုယ်ထဲကစွန့်ထုတ်လိုက်တာပါ။ ကောင်းတဲ့အရာတစ်ခုဖြစ်လို့အောင့်မထားသင့်ပါဘူး။ တော်ရုံလောက်ဆို လူမသိသူမသိ ဖြေရှင်းလိုက်ကြတာပါပဲ။ ဒါပေမယ့် ထိန်းလို့မရ၊ နေရာမရွေးတော့ဘဲ လူတစ်ယောက်က ပုံမှန်ထက် ခဏခဏလေလည်နေပြီဆိုရင်ရော… ဒီအကြောင်းရင်းတွေ ရှိနေနိုင်ပါတယ် - အစာကြေဖို့မလွယ်တဲ့ အစားအသောက်တွေ ခန္ဓာကိုယ်က ချေဖျက်ရာမှာ အချိန်ပိုကြာနိုင်တဲ့ တချို့အစားအသောက်တွေရှိပါတယ်။ သူတို့မှာ အမျှင်ဓာတ်နဲ့ သကြားဓာတ်အမျိုးအစားတချို့ ပမာဏများများပါဝင်တာမို့ သူတို့ကို ချေဖျက်တဲ့အခါ အချိန်ပိုကြာတတ်ပါတယ်။ ဒီလိုဖြစ်ရာကနေ လေပွလာစေနိုင်တဲ့ အစားအသောက်တွေထဲမှာ  - ပဲသီးတွေ၊ ပဲနီလေး၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီစိမ်း၊ နို့ထွက်ပစ္စည်းတွေ၊ အသီးတချို့မှာ ဒါမှမဟုတ် အချိုရည်နဲ့ သကြားလုံးတွေမှာ ပါတဲ့ fructose (သကြားဓာတ်)၊ သကြားလုံးနဲ့သကြားအတုတွေမှာသုံးတဲ့အစားထိုးပစ္စည်း sorbitol၊ ဂက်စ်ပါတဲ့ အချိုရည်၊ ဘီယာ၊ ဂျုံ စတာတွေ ပါဝင်ပါတယ်။ အစာခြေစနစ်ပြဿနာတွေ အစာခြေစနစ်၊ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း