အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ခန္ဓာကိုယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်က အရေးပါတဲ့ စနစ်တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကနေ အာဟာရစုပ်ယူဖို့ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက လုပ်ပေးမှ ရတာပါ။ ဒီလိုစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်တစ်ခု ဖြစ်ဖို့ ဘာတွေလုပ်လို့ရလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား

ဝမ်းလျှောလို့ ဓာတ်ဆားရည်သောက်လိုက်တာ ခုတော့ ဝမ်းပိတ်ရုံတင်မကဘူး။ ဝမ်းပါချုပ်သွားပြီလို့ ပြောတာ ကြားဖူးမှာပါ။ ဝမ်းချုပ်တာကို ဓာတ်ချုပ်တယ်လို့လည်း ပြောကြတော့ ဓာတ်ဆားရည်တွေ သောက်လိုက်လို့ ဝမ်းချုပ်သွားတာများလားလို့ တွေးတတ်ကြပါတယ်။ တကယ်ပဲ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်တွေမှာ ဘာတွေပါဝင်သလဲ။ ဓာတ်ဆားရည်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆားဓာတ်တွေ ဖြစ်တဲ့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်၊ ဂလူးကို့စ်၊ ရေ စတာတွေ ပါဝင်ပြီး ဒါတွေက နဂိုလည်း ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဓာတ်တွေပဲ ဖြစ်ပါတယ်။ ဒီဓာတ်တွေက ဝမ်းချုပ်တာနဲ့ မသက်ဆိုင်ပါဘူး။ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်က ဝမ်းချုပ်စေဖို့ မပြောနဲ့။ ဝမ်းပိတ်စေတဲ့ အာနိသင်တောင် မရှိပါဘူး။ ဟုတ်ပါတယ်။ ဝမ်းလျှောတဲ့အခါ ဓာတ်ဆားရည်သောက်တာက ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားဓာတ်ကို ဖြည့်ပေးတာပဲ ဖြစ်ပါတယ်။ ဝမ်းရပ်ဖို့ ဆိုတာက ကုသမှု တစ်ခုခု […]

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကို ရှာဖွေမည်။

ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

အစာမကြေဖြစ်တာ ဘာလို့လဲ

အဓိကကတော့ ကိုယ့်ရဲ့ တစ်နေ့တာ စားသောက်နေထိုင်မှုပုံစံ မမှန်ကန်တာကြောင့် အဖြစ်များပြီး အစာခြေစနစ်နဲ့ ဆက်စပ်နေတဲ့ ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာအလုပ်မလုပ်တာ၊ ချို့ယွင်းတာကြောင့်ဖြစ်ရတာပါ။ အစာမကြေတဲ့အခါ ကိုယ်ခန္ဓာက ဘယ်လိုလက္ခဏာတွေ ပြတတ်လဲ။ ဗိုက်ထဲမှာ အောင့်နေတာ မအီမသာဖြစ်ပြီး မလှုပ်ချင်လောက်အောင် နေရခက်တာ ဗိုက်က ဖောရောင်နေတာ ရင်ပူတာ ခေါင်းမူးတာ အော့အန်တာ ဘာမှမစားလိုက်ရသေးဘဲ ဗိုက်ပြည့်သွားတာ ရင်ခေါင်းအောင့်၊ ရင်ခေါင်းတောင့်တာ ဝမ်းဗိုက်နဲ့ အစာရေပြွန်တစ်ဝိုက်မှာ ပူစပ်ပူလောင်ဖြစ်နေတာ ဗိုက်ထဲမှာ လေတွေနဲ့ ပြည့်နေတယ်လို့ ခံစားရတာ လေချဉ်တက်တဲ့ လက္ခဏာတွေ ပြနိုင်ပါတယ်။ အစာမကြေတာ အရမ်းပြင်းထန်လွန်းတဲ့အခါ အရမ်းအန်တာ၊ အန်လိုက်တဲ့အစာတွေက ကော်ဖီရောင်တွေဖြစ်နေတာ၊ ဝမ်းက အမည်းရောင်ဖြစ်နေတာ၊ အစာမမျိုချနိုင်တာတွေပါ ဖြစ်နိုင်ပါတယ်။ အဓိက ဘာကြောင့် အစာမကြေဖြစ်ရတာလဲ။ များသောအားဖြင့် အစာကို အများကြီးစားလိုက်တာ၊ လောကြီးပြီးတော့ အစာကို တစ်လုပ်ပြီး တစ်လုပ်စားတာ၊ သေချာမဝါးတာကြောင့် […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

အစာမကြေမဖြစ်ချင်ရင် ရှောင်သင့်တဲ့အချက်များ

ဟိုဟာစားလည်း အစာမကြေ၊ ဒီဟာစားလည်းအစာမကြေဖြစ်နေတယ်ဆို စိတ်ညစ်စရာပေါ့နော်။ အစားတလိုင်းလေးတွေဆို ပိုခံစားရတာပေါ့။ အစာစားလိုက်၊ မအီမသာဖြစ်လိုက်၊ လေထိုးလေအောင့်ဖြစ်လိုက်နဲ့ ပတ်ချာလည်ကိုရိုက်နေရော။ အကောင်းဆုံးနည်းလမ်းကတော့ ကိုယ့်ဝေဒနာသက်သာတဲ့အထိ ရှောင်သင့်တာရှောင်နိုင်ဖို့ပဲ။ ဘယ်အစားအစာတွေက အစာမကြေဖြစ်စေနိုင်သလဲ၊ ဘယ်အပြုအမူ၊ ဘယ်အခြေအနေတွေက အစာမကြေခြင်းကိုပိုဆိုးစေနိုင်သလဲဆိုတာ သိထားဖို့တော့လိုမယ်နော်။ အလွယ်ဆုံးနည်းကတော့ စားကြည့်လို့ ဒီတခါဖြစ်ရင် နောက်တခါမစားနဲ့ပေါ့။ နောက်တာပါ။ တကယ်တော့ အစားအစာတစ်ခုကို ကိုယ်စားလိုက်လို့ အစာမကြေဖြစ်ထားဖူးတယ်ဆို မှတ်သာထားလိုက်ပါ။ နောက် ချင့်ချိန်လို့ရတာပေါ့။ ကဲ အစာမကြေဖြစ်တတ်သူတွေ ရှောင်ရမှာတွေပြောပြမယ် - တစ်ခါတည်း တနင့်တပိုးမစားနဲ့။ အလှူမှာကြိတ်တာ၊ အဝစားဘူဖေးမှာ အချိန်မပြည့်မချင်းနင်းကန်စားတာတွေနော်၊ သတိထားပါ။ အစာအိမ်ကို ဝန်မပိစေဖို့ ပမာဏနည်းနည်းချင်း အကြိမ်ရေခွဲစားတာကောင်းပါတယ်။ အမြန်မစားနဲ့။ သိပ်မဝါးဘဲ ကျားလိုက်သလို မျိုချတာက အစာမကြေဖြစ်စေတဲ့အပြင် ဗိုက်ဝမှန်းမသိ၊ မဝမှန်းမသိ တရစပ်စားမိတတ်တာကြောင့် ဝိတ်တောင်ပိုတက်စေလိမ့်မယ် နော်။ အက်စစ်ဓာတ်များတာတွေမစားနဲ့။ အရည်ရွှမ်းတဲ့ အချဉ်သီးတွေ၊ ခရမ်းချဉ်သီးတွေလို အက်စစ်ဓာတ်ပါဝင်မှုများတာတွေ သိပ်မစားနဲ့။ (လုံးဝရှောင်ခိုင်းတာမဟုတ်) ကဖင်းလျှော့ပါ။ ကော်ဖီ၊ လက်ဖက်ရည် […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

ခဏခဏလေတက်နေတာ ဘယ်လိုလုပ်ရမလဲ

တအေ့အေ့နဲ့ လေတက်တယ်ဆိုတာ တနည်းနည်းနဲ့ ဗိုက်ထဲရောက်နေတဲ့လေတွေကို အစာရေမျိုကနေ ပြန်စွန့်ထုတ်နေတာပါ။ အစားအမြန်စားမိတာ၊ အစာစားရင်းစကားပြောတာ၊ ပီကေဝါးတာ၊ ဂက်စ်ပါတဲ့အချိုရည်တွေသောက်တာ၊ ဆေးလိပ်သောက်တာတွေကြောင့် လေတွေမျိုချမိစေနိုင်ပါတယ်။ အစာခြေရည်ပြန်ဆန်တက်ခြင်းနဲ့ရင်ပူနာ ဝေဒနာတွေကြောင့်လည်း လေတက်တဲ့လက္ခဏာဖြစ်တတ်ပါတယ်။ မကြာခဏ လေတက်သံတွေထွက်နေရတယ်ဆိုရင်တော့ Helicobacter pylori ဘက်တီးရီးယားကြောင့် ဒါမှမဟုတ် အစာအိမ်နံရံရောင်ရမ်းခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ လေတက်ခြင်းကို သက်သာစေနိုင်တဲ့နည်းလမ်းတွေက -  ဖြည်းဖြည်းစားပါ၊ ဖြည်းဖြည်းသောက်ပါ  ဖြည်းဖြည်းစားသောက်မယ်ဆို လေတွေသိပ်မျိုမချမိစေဘူးပေါ့။ စိတ်လောနေရင်၊ စိတ်ဖိစီးနေရင် လေမျိုချမိတာပိုများစေနိုင်လို့ အစားစားချိန်မှာ စိတ်ကိုဖြေလျှော့ထားပါ။ ဂက်စ်ပါတဲ့အချိုရည်နဲ့ ဘီယာကို ရှောင်ပါ လေနဲ့ပတ်သက်တဲ့ဝေဒနာရှိတတ်သူဟာ ကာဗွန်ဒိုင်အောက်ဆိုက်တွေဖြစ်စေတဲ့ ဒီသောက်စရာတွေကိုရှောင်သင့်ပါတယ်။ ပီကေဝါးတာ၊ သကြားလုံးစုပ်လုံးစားတာ ရှောင်ပါ ဒါတွေစားတဲ့အခါ ပုံမှန်ထက်ပိုပြီး ခဏခဏမျိုချရတာများတာမို့ လေတွေပိုဝင်နိုင်စေတာပေါ့။ ဆေးလိပ်လျှော့သောက်ပါ  မသောက်ပါနဲ့လို့ တားလို့ရမှာမဟုတ်တော့ လျှော့သောက်ဖို့ပဲ ပြောရမှာပေါ့။ ဆေးလိပ်ကိုရှိုက်တဲ့အခါ လေကို နှာခေါင်းကရှူသွင်းရုံမကဘဲ ပါးစပ်ကပါ မျိုချမိပါလိမ့်မယ်။ လှုပ်ရှားပါ အစာစားပြီး ငြိမ်အိပ်မနေဘဲ ခဏလောက်တော့ ဖြည်းဖြည်းလမ်းလျှောက်လိုက်ပါ။ ရင်ပူနာကို ကုသပါ  အစာခြေရည်ပြန်ဆန်တက်ခြင်း၊ ရင်ပူနာ တို့ကို ဒီအတိုင်းမထားဘဲ […]


အစာအိမ်နှင့် အူလမ်းကြောင်းအနာ

အစာအိမ်နာတတ်သူတွေအတွက် အကောင်းဆုံး အစားအစာ ဘာတွေဖြစ်မလဲ

အစာအိမ်က အရေးကြီးတယ်ဆိုတာ လက်ခံကြတယ်ဟုတ်။ လူဆိုတာ မစားဘဲမှ မနေနိုင်တာ။ ဒီခန္ဓာကိုယ်က ဆက်လှုပ်ရှားနေနိုင်အောင် ပါးစပ်ကနေ လောင်စာဖြည့်သမျှ ဒီအစာအိမ်ထဲပဲရောက်တာကိုး။ ကိုယ်စားလိုက်တဲ့ အစားအစာတွေရဲ့ ကောင်းကျိုး၊ဆိုးကျိုးတွေကို အစာအိမ်က တိုက်ရိုက်လက်ခံရတာပါ။ အစာအိမ်ကို ဝေဒနာဖြစ်စေတာလည်း အစားအသောက်ကြောင့်ပါပဲ။ မသန့်ရှင်းတာတွေ၊ အပူအစပ်တွေ၊ မလတ်ဆတ်တာတွေ၊ ဘက်တီးရီးယားပါနေတာတွေ ကြောင့် အစာအိမ်ကို ထိခိုက်စေပါတယ်။ ဒါပေမယ့် အစာအိမ်နာကိုသက်သာစေနိုင်တဲ့ အစားအသောက်တွေလည်းရှိနေတယ်ဆိုတာက ဝမ်းသာစရာတစ်ခုပါပဲနော်။ အစာအိမ်အတွက်ဆို ဒီအစားအစာတွေ စားပေးပါ - (၁) ဒိန်ချဉ် ဒိန်ချဉ်၊ ပဲပြား၊ ကင်ချီ၊ စတဲ့ အစားအစာတွေမှာ probiotics လို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားတွေပါဝင်ပါတယ်။ အဲဒီ probiotics လေးတွေက H. pylori ရောဂါပိုးကို ခုခံတိုက်ထုတ်ပေးတယ် ဒါမှမဟုတ် ကုသမှုတွေ၊ ဆေးတွေကို အာနိသင်ပိုထိရောက်အောင် ကူညီပေးတယ်ဆိုတော့ အစာအိမ်နာကိုသက်သာစေတာပေါ့။   (၂) ပန်းသီး၊သစ်တော်သီး ပန်းသီး၊ သစ်တော်သီး၊ […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

အဝစားဘူဖေးသွားစားရင် အစာမကြေမဖြစ်အောင် သိထားသင့်တဲ့ နည်းလမ်း (၆) ခု

ဟိုနားမှာ ဆိုင်သစ်ဖွင့်တယ်၊ ပရိုမိုးရှင်းတန်တယ်ဟေ့၊ ပင်လယ်စာတွေသိပ်လတ်တာပဲ ဆိုပြီးပြောတတ်ကြတဲ့ အဝစားဘူဖေး ချစ်သူတို့ရေ။ ယူတို့အစာအိမ်လေးတွေမထိခိုက်စေဘဲ အဝကြိတ်နိုင်မယ့် နည်းလေးမသိချင်ဘူးလား။ ဟော့ပေါ့ဘူဖေး၊ အကင်ဘူဖေးဆိုင်တွေနဲ့ ဟိုတယ်အဆင့်မြင့်ဘူဖေးတွေ လူကြိုက်များနေတဲ့အချိန် အဓိကကျတဲ့ အစာအိမ်ကျန်းမာရေးကိုတော့ မေ့ထားလို့မဖြစ်ဘူးနော်။ ဒီအစာအိမ်ကောင်းမှ အစားကောင်းကောင်းစားနိုင်မှာပေါ့။ ကဲ ကဲ… အစာမကြေဗိုက်အောင့်တာလည်းမဖြစ်အောင် ဘူဖေးလည်းတန်အောင် ဘယ်လိုဉာဏ်သုံးရမလဲ ဖတ်ကြည့်လိုက်ပါဦး - (၁) ဘူဖေးမစားခင် ဘာမှစားမထားဘဲ မသွားပါနဲ့ ဟိုရောက်ရင်မစားနိုင်ဘဲနေမယ်၊ ပြီးမှအပီအပြင်ကြိတ်မယ်လို့ မတွေးလိုက်ပါနဲ့။ အစောပိုင်းမှာ အဆာပြေတစ်ခုခုတော့ နည်းနည်းစားထားသင့်ပါတယ်။ မဟုတ်ရင် ရောက်ရောက်ချင်း ဆာဆာနဲ့အလောတကြီးစားမိပြီး အမျိုးစုံအောင်မစားနိုင်ခင် ဗိုက်ပြည့်သွားနိုင်တယ်၊ အစာမကြေဖြစ်လွယ်တယ်။ ဟိုရောက်မှကြိတ်မယ်လို့တွေးထားတယ်ဆိုရင်  အစာကောင်းကောင်းခြေနိုင်ဖို့က ရေဓာတ်လိုအပ်တာမို့ ရေလည်းနည်းနည်းသောက်ထားပါ။ (၂) ရောက်ရင် သေချာကြည့်ပါ ဘူဖေးအစားအစာတွေတွေ့ရင် ဘာတွေရှိလဲ၊ ဘာတွေပြင်ဆင်ထားလဲ အခြေအနေတစ်ချက်ပတ်ကြည့်ပါ။ စားကောင်းမယ်ထင်ရာတွေ တွေ့ရာဆွဲမထည့်ပါနဲ့ဦး။ တကယ်ကောင်းတဲ့စားစရာကိုတွေ့တဲ့အခါ ကိုယ်ကဗိုက်ပြည့်ပြီးနေပြီဆို နှမြောစရာကြီး။ တကယ်စားကောင်းမယ့်ဟာကိုမှ များများစားဖို့ကြံပါ။ (၃) […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အဖြစ်များတဲ့ ဗိုက်ထဲကဝေဒနာတွေနဲ့ အယူအဆအလွဲ (၅) ခု

ဗိုက်အောင့်တာ၊ ဗိုက်ပွတာ၊ ဗိုက်ကယ်တာတွေကတော့ အဖြစ်များလွန်းတဲ့ အစာခြေစနစ်ပြဿနာတွေပါ။ အဖြစ်များကြပေမယ့် သူတို့နဲ့ပတ်သက်တဲ့ ဗဟုသုတမှာတော့ လူတိုင်းက အမှန်မသိကြပါဘူး။ (၁) ပီကေမျိုချမိရင် ကပ်နေတတ်တယ် ပီကေစားရင် မျိုချမိမယ်နော်၊ မျိုချမိရင် အူမှာကပ်သွားလိမ့်မယ်၊ သေတတ်တယ်လို့ ငယ်ငယ်တည်းက ကြားဖူးတယ်။ ကလေးကိုပီကေမကျွေးနဲ့တို့ဘာတို့ (အမှန်က အသက်ရှူလမ်းကြောင်းပိတ်ဆို့မှာစိုးတာဖြစ်ပါလိမ့်မယ်)။ ပီကေကို အစာခြေစနစ်က မချေဖျက်နိုင်တာမှန်ပါတယ်။ ဒါပေမယ့် သူက အစာခြေလမ်းကြောင်းမှာလည်း ကပ်မနေပါဘူး။ အန္တရာယ်မရှိနိုင်တဲ့အပြင် ရက်အနည်းငယ်အတွင်း တခြားအရာတွေလိုပဲ မစင်နဲ့အတူ စွန့်ထုတ်ခံရမှာသာဖြစ်ပါတယ်။ (၂) အစပ်တွေစားရင် အစာအိမ်နာဖြစ်လိမ့်မယ် အစပ်ကြိုက်တဲ့ ငရုတ်သီးချစ်သူတွေအတွက် သတင်းကောင်းပါနော်။ အပူအစပ်များများစားရင် အစာအိမ်အနာဖြစ်လိမ့်မယ်လို့ ထင်ကြတယ်။ ဒါပေမယ့် အစာအိမ်နံရံမှာအနာအများစုက Helicobacter pylori (H. pylori)  လို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့် ဒါမှမဟုတ် အကိုက်အခဲပျောက်ဆေးတွေကြောင့်ဖြစ်ရတာပါ။ အပူအစပ်တွေက အစာအိမ်အနာဖြစ်ပြီးသား၊ ရောဂါရှိပြီးသားလူတချို့အတွက် ဝေဒနာပိုဆိုးစေနိုင်ပေမယ့် သူ့ကြောင့်ချည်းတော့ […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

လေလည်ရလွန်းလို့ စိတ်အနှောင့်အယှက်ဖြစ်နေသလား

လေလည်ခြင်းဟာ အစာအိမ်အူလမ်းကြောင်းရဲ့ သဘာဝလှုပ်ရှားမှုတစ်ခုဖြစ်ပြီး ကျန်းမာရေးကောင်းမွန်တဲ့ သင်္ကေတလို့ မှတ်ယူကြပါတယ်။ ကိုယ်ခန္ဓာထဲကလေဟာ အပြင်ကို မထွက်ရင် ဝမ်းဗိုက်ဟာ ပူဖောင်းကြီးလို ဖောင်းကားလာနိုင်ပါတယ်။ သုတေသနတစ်ခုအရ လူအများစုဟာ တစ်နေ့တာမှာ ၁၄ ကြိမ်ကနေ ၂၃ ကြိမ်အတွင်း လေလည်လေ့ရှိတယ်လို့ ဆိုပါတယ်။ လေလည်လိုက်တဲ့ လေအများစုဟာ မျိုချလိုက်မိတဲ့လေ ဖြစ်ပါတယ်။ တစ်နေ့တာ စားသောက်ရာကနေ အစာအိမ်အူလမ်းကြောင်းထဲ ရောက်သွားတဲ့လေတွေ ဖြစ်ပါတယ်။ ကျန်တဲ့လေများကတော့ အစာအိမ်အူလမ်းကြောင်းကနေ အစားအစာတွေကို ချေဖျက်ရာကနေ ထွက်လာတဲ့လေ ဖြစ်ပါတယ်။ လေလည်ခြင်းဟာ နေ့စဉ်ဘဝရဲ့ သာမန်အစိတ်အပိုင်းဆိုပေမယ့် တခါတရံမှာ လူမှုရေးအရ ကသိကအောင့်ဖြစ်ရပါတယ်။ အထူးသဖြင့် အနံ့ဆိုးနေချိန်မှာ ဖြစ်ပါတယ်။ လေလည်ခြင်းကို လုံးဝရပ်တန့်ထားဖို့ မဖြစ်နိုင်ပေမယ့် လေလည်တာကို လျော့ကျသက်သာစေမယ့် နည်းလမ်းတွေ ရှိပါတယ်။ ၁။ အစားအစာကို ကြေညက်စွာ ဝါးစားပါ လေအများစုဟာ မျိုချလိုက်မိတဲ့လေတွေ ဖြစ်ပါတယ်။ […]


အစာအိမ်ရောင်ခြင်း

အစာအိမ်သမားတွေ နွားနို့သောက် တာ ကောင်းလား

အစာအိမ်ရောဂါရှိတာလား နွားနို့သောက် လေ။ နွားနို့က အစာအိမ်အတွက်ကောင်းတယ်တဲ့။ ဟိုးအရင်တည်းက ဒီလိုသိထားကြတာပဲ။ ဒါက တကယ်ရော မှန်ရဲ့လား။ အမှန်တော့ အစာအိမ်အက်စစ်ပြန်ဆန်တက်တဲ့ဝေဒနာကို သက်သာဖို့ နွားနို့သောက်ကြတာပါ။ ရင်ပူလာရင် အစာအိမ်အက်စစ်ထွက်တာလျော့သွားအောင် နွားနို့သောက် ျခင္းက ကူညီပေးနိုင်တယ်ပေါ့။ အဲဒီမှာ နွားနို့က အစာအိမ်အက်စစ်ထွက်တာကို ယာယီပဲလျော့စေနိုင်တာဖြစ်ပြီး တကယ်ကုသပေးနိုင်တာမဟုတ်ပါဘူး။ နွားနို့မှာပါတဲ့ ပရိုတင်းက အူသိမ်ဦးပိုင်းကြွက်သားတွေကိုအားကောင်းစေပြီး အစာအိမ်ရင်ပူခြင်း ကိုကာကွယ်ပေးနိုင်တယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် ရင်ပူဝေဒနာကို မကြာခဏခံစားနေကျ အစာအိမ်သမားတွေမှာ အဆီများတဲ့အစားအသောက်တွေကြောင့် အစာအိမ်အက်စစ်ပိုထွက်စေနိုင်လို့ သောက်မယ်ဆို အဆီထုတ်နွားနို့ကမှ နည်းနည်းအဆင်ပြေနိုင်ပါတယ်။ နွားနို့သောက် လိုက်ရင် ရင်ပူတာနဲ့ အစာအိမ်အက်စစ်ကြောင့်ဖြစ်တဲ့ အနာတို့ရဲ့လက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။ သောက်တာများရင်တော့ အက်စစ်ပိုထွက်စေပြီး ပိုလို့တောင်ဆိုးစေနိုင်ပါတယ်။ ဒါ့ကြောင့် အစာအိမ်သမားတွေအနေနဲ့ အက်စစ်ထွက်ရှိမှုထိန်းနိုင်ဖို့ နွားနို့နဲ့နို့ထွက်ပစ္စည်းတွေကို တစ်နေ့ သုံးကြိမ်ထက် ပိုမစား၊သောက်ဖို့ ကျန်းမာရေးပညာရှင်တွေက သတိပေးထားပါတယ်။ နွားနို့သောက် မလား […]


အစာအိမ်ရောင်ခြင်း

ခရီးသွားတဲ့အခါ အစာအိမ်ပြဿနာ မပူရအောင် ဘာတွေသိထားရမလဲ

ခရီးထွက်တယ်ဆိုတာ လူသားတွေအတွက် အသက်ရှည်ဆေးတစ်လက်ဆိုတာလည်း အမှန်ပါပဲ။ ဒါပေမယ့် ပင်ပန်းထားတဲ့စိတ်နဲ့ကိုယ်ခန္ဓါကိုယ်ကိုဖြေလျှော့ဖို့၊ အပန်းဖြေဖို့ သွားကြမယ့် ခရီးစဉ်မှာ အထစ်အငေါ့ဖြစ်စေနိင်မယ့် အဓိကပြဿနာက ကျန်းမာရေးဆိုတာ မမေ့ကြနဲ့နော်။ ခရီးသွားပြီဆိုမှတော့ အပြင်စာတွေပဲစားရတော့မှာလေ။ ဒေသထွက်အစားအစာတွေမြင်ရင်လည်း ဗိုက်ထဲထည့်သိမ်းကြဦးမှာမလား။ ဒီတော့ အစာအိမ်ပြဿနာ၊ လေနာပြဿနာ၊ အစာမကြေပြဿနာတွေ ဖြစ်နေရင် ဘယ်လိုပျော်နိုင်ကြမှာတဲ့လဲ။ ဒါ့ကြောင့် လမ်းခရီးတလျှောက် အစာမကြေ၊ လေထိုးလေအောင့်တွေ၊ မအီမသာပျို့အန်တာတွေ မဖြစ်ရအောင် ဒါလေးတွေသတိထားကြပါဦးဗျို့.. အစာအိမ်လေးကို ညှာတာပါ ခရီးမထွက်ခင်တည်းက အများကြီးစားမိရင် ကားမူးတာ၊ ကားပေါ်မှာ အန်တာဖြစ်နိုင်ခြေပိုများပါတယ်။ နောက်ပြီး ဒေသစာတွေအရသာထူးခြားလည်း တထိုင်တည်း အလွန်အကျွံမစားမိဖို့ သတိပေးချင်တယ်။ အကြိမ်ရေခွဲပြီး နောက်မှထပ်စားပါ။ အမျှင်ဓါတ်ပါတဲ့ အစားအစာတွေ ပိုစားပေးပါ အမျှင်ဓါတ်ဟာ အစာကြေလွယ်စေပြီး ဝမ်းချုပ်တာတွေကို ကာကွယ်ပေးတယ်။ နည်းနည်းစားရုံနဲ့ ပြည့်စေလို့ အလွန်အကျူး အစာမစားမိစေဖို့လည်း ထိန်းပြီးသားဖြစ်တယ်။ အစာမကြေဖြစ်စေနိုင်တဲ့အရာတွေ ဆင်ခြင်စားပါ အဆီများတဲ့ အကြော်အလှော်တွေ၊ အပူအစပ်တွေ၊ ချင့်ချိန်စားပါ။ […]


အစာအိမ်ရောင်ခြင်း

အစာအိမ်ရောဂါရှိလို့ ဘာစားရမယ်မသိဘူးဆိုသူတွေအတွက်

ခန္ဓါကိုယ်ကျန်းမာဖို့အတွက် အစာခြေစနစ်ရော အစာအိမ်ပါကျန်းမာဖို့လိုပါမယ်။ အစာအိမ်ရောဂါရှိနေတယ်။ ဒါပေမယ့် ကျန်းကျန်းမာမာနေချင်တယ်ဆိုရင် အစာအိမ်လေးရဲ့ ကျန်းမာရေးကိုမေ့ထားလို့မဖြစ်ပါဘူး။ ဒီတစ်ခေါက်တော့ အစာအိမ်ဝေဒနာရှိသူတွေအတွက် ကျန်းမာစွာနေထိုင်နည်းလေးကိုပြောပြပေးပါရစေနော်။ အစာအိမ်ရောဂါဘာကြောင့်ဖြစ်ရတာလဲ............. ဒီနေရာမှာ လူတော်တော်များများယူဆကြတာက အစာအိမ်ရောဂါဖြစ်ရတာက အစားမမှန်လို့လို့ ထင်တတ်ကြပါတယ်။ တကယ်ကတော့ ဒီတစ်ချက်တည်းကြောင့် မဟုတ်ပါဘူး။ အစားစားချိန်မမှန်တာကြောင့် အစာအိမ်ရောဂါဖြစ်နိုင်သလို အစားကိုလိုတာထက်ပိုစားတာ၊ အပူအစပ်တွေစားတာ၊ အက်ဆစ်ပါဝင်မှုလွန်ကဲတာတွေစားသုံးတာ၊ အယ်လ်ကိုဟောသောက်သုံးမှုတွေကြောင့်လည်း အစာအိမ်ထိခိုက်နိုင်ပါတယ်။သောက်သုံးရတဲ့ဆေးဝါးတွေကြောင့်လည်း အစာအိမ်ထိခိုက်နိုင်ပါတယ်။ အစာအိမ်ရောဂါရှိနေတယ် ဘာတွေစားရမလဲ......... အစာအိမ်ရောဂါရှိနေသူတစ်ယောက်အနေနဲ့ အစာအိမ်ကို ထိခိုကစေမယ့်အရာတွေကို မစားမိတာကတော့ အကောင်းဆုံးပါ။ ဒါကြောင့် အပူအစပ်တွေ၊ အဆီများတဲ့ အစားအစာတွေ အစာကြေခဲတဲ့ အစားအစာတွေကို မစားသုံးသင့်ပါဘူး။ ကဖင်း၊ အယ်လ်ကိုဟော နဲ့ဆေးလိပ်သောက်သုံးမှုတွေကိုလည်းရှောင်ကြဉ်ဖို့လိုပါမယ့်။ ဒါ့အပြင် အစာခြေအက်ဆစ်အထွက်များစေမယ့် အစားအစာတွေကိုလည်းရှောင်ဖို့လိုပါမယ်။ ဒီလိုပြောရတဲ့အကြောင်းအရင်းက အစာခြေအက်ဆစ်က လိုတာထက်ပိုများတဲ့အခါ အစာအိမ်နံရံတွေကို ထိခိုက်စေနိုင်တာကြောင့်ပါ။ ဒါ့အပြင်နေ့စဉ်စားသုံးမှုမှာ အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်နေအောင် ဂရုစိုက်သင့်သလိုရေဓါတ်လုံလောက်အောင်သောက်သုံးဖို့လည်း မမေ့သင့်ပါဘူး။ ဂတ်စ်ပါဝင်မှုများတဲ့ အချိုရည်တွေကိုလည်း တတ်နိုင်သမျှရှောင်ဖို့လိုပါမယ်။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း