အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ခန္ဓာကိုယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်က အရေးပါတဲ့ စနစ်တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကနေ အာဟာရစုပ်ယူဖို့ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက လုပ်ပေးမှ ရတာပါ။ ဒီလိုစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်တစ်ခု ဖြစ်ဖို့ ဘာတွေလုပ်လို့ရလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား

ဝမ်းလျှောလို့ ဓာတ်ဆားရည်သောက်လိုက်တာ ခုတော့ ဝမ်းပိတ်ရုံတင်မကဘူး။ ဝမ်းပါချုပ်သွားပြီလို့ ပြောတာ ကြားဖူးမှာပါ။ ဝမ်းချုပ်တာကို ဓာတ်ချုပ်တယ်လို့လည်း ပြောကြတော့ ဓာတ်ဆားရည်တွေ သောက်လိုက်လို့ ဝမ်းချုပ်သွားတာများလားလို့ တွေးတတ်ကြပါတယ်။ တကယ်ပဲ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်တွေမှာ ဘာတွေပါဝင်သလဲ။ ဓာတ်ဆားရည်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆားဓာတ်တွေ ဖြစ်တဲ့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်၊ ဂလူးကို့စ်၊ ရေ စတာတွေ ပါဝင်ပြီး ဒါတွေက နဂိုလည်း ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဓာတ်တွေပဲ ဖြစ်ပါတယ်။ ဒီဓာတ်တွေက ဝမ်းချုပ်တာနဲ့ မသက်ဆိုင်ပါဘူး။ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်က ဝမ်းချုပ်စေဖို့ မပြောနဲ့။ ဝမ်းပိတ်စေတဲ့ အာနိသင်တောင် မရှိပါဘူး။ ဟုတ်ပါတယ်။ ဝမ်းလျှောတဲ့အခါ ဓာတ်ဆားရည်သောက်တာက ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားဓာတ်ကို ဖြည့်ပေးတာပဲ ဖြစ်ပါတယ်။ ဝမ်းရပ်ဖို့ ဆိုတာက ကုသမှု တစ်ခုခု […]

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကို ရှာဖွေမည်။

အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ဆေးမသောက်ရဘဲ ဗိုက်အောင့်သက်သာစေမယ့် နည်းလေးတွေရှိတယ်

အစာစားချိန်နောက်ကျလို့အောင့်တယ်၊ အစားများလို့အောင့်တယ်၊ လေထိုးလေအောင့်တယ်၊ အစာမကြေလို့ အောင့်တယ်၊ အစာအိမ်နာလို့အောင့်တယ် ဗိုက်အောင့်တဲ့အကြောင်းရင်းကစုံလို့ပါပဲ။ ဗိုက်အောင့်ဗိုက်နာတဲ့အချိန် ဆေးခန်းသွားစရာမလိုဘဲ အိမ်မှာတင်သက်သာစေမယ့် နည်းလမ်းလေးတွေ ရှိတယ်နော်။ (၁) ဒိန်ချဉ် ဗိုက်အောင့်နေတဲ့အချိန်မှာ အစာခြေစနစ်ကိုသက်တောင့်သက်သာဖြစ်စေပြီး ကိုယ်ခံအားစနစ်ကိုပါ ကောင်းစေမယ့် အကျိုးပြုဘက်တီးရီးယားလေးတွေ ဒိန်ချဉ်ထဲမှာပါပါတယ်။ ဒါပေမယ့် အဆီများတဲ့ဒိန်ချဉ်တွေ၊ အရသာတွေထပ်ပေါင်းဖြည့်စွက်ထားတဲ့ဒိန်ချဉ်တွေ မဟုတ်ရင်တော့ပိုကောင်းပါလိမ့်မယ်။ (၂) ချင်း ဟိုးအရင်တည်းက ချင်းဟာ စွယ်စုံရအိမ်သုံးဆေးဝါး ဖြစ်ခဲ့ပါတယ်။ နာကျင်တာကအစ ပျို့အန်မအီမသာဖြစ်တာတွေအထိ ချင်းကိုအသုံးပြုနိုင်ပါတယ်။ ချင်းဟာရောင်ရမ်းတာတွေကို သက်သာစေတဲ့သတ္တိရှိတဲ့အပြင် အစာကြေစေတယ်၊ ဗိုက်အောင့်တာကိုလည်း သက်သာစေပါတယ်။ တချို့တွေက ချင်းနဲ့ပြုလုပ်ထားတဲ့သကြားလုံးလေးတွေ၊ ဖြည့်စွက်စာလေးတွေကို စားလေ့ရှိကြသလို ချင်းပြုတ်ရည်သောက်တာ ဒါမှမဟုတ် ရေနွေးကြမ်းနှပ်ပြီး သောက်တာမျိုးလည်းရပါတယ်။ အများကြီးတော့မသုံးနဲ့ပေါ့။ (၃) ရေနွေးအိတ် လေထိုးလေအောင့်တာ၊အစာမကြေတာလိုမျိုး ဗိုက်အောင့်ဝေဒနာတွေမှာ အရမ်းမပူတဲ့ ရေနွေးအိတ်လေး ကပ်ပေးတာက မြန်မြန်သက်သာစေနိုင်ပါတယ်။ ရေနွေးစပ်ပြီးရေချိုးတာလည်း ရပါတယ်။ ရေနွေးအိတ်ကပ်ရင်တော့ မိနစ် ၂၀ လောက်နေရာလေးရွှေ့ပြီးကပ်ပေးလို့ရပါတယ်။ (၄) […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

အစာမကြေဖြစ်တာနဲ့ အစာအဆိပ်သင့်တာ ဘယ်လိုခွဲခြားမလဲ

အစာစားပြီးနောက်ပိုင်းမှာဖြစ်လာတာချင်းတူတယ်ဆိုပေမယ့် ဝေဒနာအတိမ်အနက်ကမတူပါဘူး။ အစာအဆိပ်သင့်ဖြစ်နေတာကို ရိုးရိုးအစာမကြေတာလို့ ထင်နေပြီးပေါ့ဆနေမိရင် အန္တရာယ်ရှိပါတယ်။ ဒါ့ကြောင့် ဒီနှစ်မျိုးကို ခွဲခြားနိုင်ဖို့၊ စောစောကုသနိုင်ဖို့ အရေးကြီးပါတယ်။ ဘာတွေကွာခြားလဲ အစာမကြေဖြစ်ပြီဆိုရင် - နေထိုင်မကောင်းလောက်အောင်ပြည့်ကယ်နေခြင်း ခေါင်းကိုက်၊ မအီမသာဖြစ်ခြင်း လေချဉ်တက်ခြင်း အစာအိမ်ထဲမှအစာများပြန်တက်လာခြင်း လေပွခြင်း ပျို့ခြင်း၊ အန်ခြင်း တို့လို လက္ခဏာတွေဖြစ်လာတတ်ပါတယ်။ အစာအဆိပ်သင့်တယ်ဆိုတာ ကိုယ်စားလိုက်တဲ့အစားအသောက်တွေမှာ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်နဲ့ ကပ်ပါးပိုးတွေ ပါနေတာကြောင့်ပါ။ ရောဂါပိုးပါနေတဲ့အစားအသောက်တွေကို စားမိပြီး နာရီပိုင်းအတွင်းမှာပဲ လက္ခဏာစပြတတ်ပါတယ်။ အများအားဖြင့်တော့ အစာအဆိပ်သင့်တာက သိပ်မပြင်းထန်ဘဲ ဂရုစိုက်စောင့်ရှောက်ရင်း သက်သာသွားတတ်ပါတယ်။ ဒါပေမယ့် ကူးစက်ရရှိတဲ့ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားကို မူတည်ပြီး လက္ခဏာပြင်းထန်သူတချို့ကိုတော့ ဆေးရုံတင်ဖို့လိုအပ်နိုင်ပါတယ်။ အစာအဆိပ်သင့်တဲ့အခါ သိသာတဲ့လက္ခဏာတွေကတော့ မအီမသာဖြစ်မယ်၊ အန်မယ်၊ ဝမ်းလျှောမယ်၊ ဝမ်းမှာသွေးပါမယ်၊ ဗိုက်အောင့်တယ်၊ ကိုယ်ပူမယ်။ အစာအဆိပ်သင့်ရင် စားပြီး နာရီပိုင်းအတွင်း လက္ခဏာစတတ်တယ်။ ရက်ပိုင်း ဒါမှမဟုတ် […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အစာအိမ်လေးနဲ့ပတ်သက်တဲ့ ယုံတမ်းစကားတချို့

အစာအိမ်ဆိုတာ အစာတွေကိုချေဖျက်ပေးတဲ့ ဗိုက်ထဲကအစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာအပြင် ဘာတွေသိထားပါသလဲ။ အစာအိမ်အကြောင်း သေချာမသိထားဘဲ မှတ်ထားတာတွေက မှန်ကန်ရဲ့လား။ အတော်များများ လက်ခံထားကြတဲ့ ယုံတမ်းစကားတွေထဲက ဟုတ်သယောင်ယောင်နဲ့ မှားနေတာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်... (၁) အစာအိမ်ထဲမှာပဲ အစာခြေတယ် အစာချေဖျက်ခြင်းရဲ့ အဓိကလုပ်ငန်းစဉ်က အူသိမ်ထဲမှာ လုပ်ဆောင်တာ ဖြစ်ပါတယ်။ အစာအိမ်က အစာတွေလက်ခံပြီးတဲ့အခါရောမွှေပြီး အပိုင်းအစငယ်တွေအဖြစ်ဖြိုခွဲပေးပါတယ်။ပြီးတော့မှ အူသိမ်ထဲကို နည်းနည်းချင်းအစုလိုက်ပို့ထုတ်ပေးပြီး အစာချေဖျက်မှုအများစုကို လုပ်ဆောင်တာဖြစ်ပါတယ်။ အများစုထင်ထားကြသလို အရင်စားတာကိုအရင်ခြေတာမျိုး အစဉ်လိုက်လုပ်ဆောင်တာမဟုတ်ပါဘူး။ အစာအိမ်ထဲရောက်လာသမျှကို အတူရောမွှေပြီး အူသိမ်ထဲကို ပို့တာဖြစ်ပါတယ်။ (၂) အစားလျှော့လိုက်ရင် အစာအိမ်ကျဉ်းသွားမယ် လူတစ်ယောက်က အရွယ်ရောက်လာပြီဆိုရင် ဗိုက်ထဲကအစာအိမ်ဟာ ရှိသင့်တဲ့အရွယ်အစားထိ ဖွံ့ဖြိုးနေမှာပါပဲ။ အကြောင်းရင်းတစ်ခုခုကြောင့် ခွဲစိတ်မှုနဲ့မလုပ်ထားသရွေ့ အစာအိမ်က အလိုလိုကျုံ့သွားမှာမဟုတ်ပါဘူး။ အစားလျှော့စားရင်း သိပ်မစားနိုင်တော့တာက အစာစားချင်စိတ်ထိန်းချုပ်မှုကိုပြန်ချိန်ညှိဖို့ အထောက်အကူဖြစ်စေလို့ သိပ်မဆာတော့တာဖြစ်ပါတယ်။ (၃) ပိန်တဲ့သူတွေက အစာအိမ်ပိုသေးတယ် "ဘယ်စားနိုင်မလဲ လူကောင်သေးသေးလေးဆိုတော့"ဆိုတဲ့စကား ပြောမိဖူးကြတယ်မလား။ ပိန်တဲ့သူုတွေကို လျှော့တွက်မိကြတယ်လေ။ […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

လေပွ၊ဗိုက်ကယ်၊နေရခက်တာ မကြာခဏမဖြစ်အောင် ဒါလေးတွေသတိထားပါ

ဗိုက်ထဲနေလို့မကောင်းသလိုပဲ။လေပွနေသလို ဗိုက်ကယ်နေတာ၊ ရင်ခေါင်းတွေတောင့်ပြီး ထိုင်မရ ထမရနဲ့ အတော်နေရခက်ပါတယ်။ အခန့်မသင့်ရင်လေထိုးလေအောင့်က ဖြစ်ပါသေးတယ်။ ဘာလို့ ဗိုက်ကယ်တာလဲ သိပ်တောင်မစားရသေးဘူး ဘာလို့ဗိုက်ကပြည့်ကားပြီးနေရခက်နေတာလဲ။ ကိုယ်စားလိုက်တဲ့အစားအသောက်အမျိုးအစားနဲ့ဆိုင်မယ်၊ ဒါမှမဟုတ် အဲဒီအစားအသောက်မှာပါတဲ့ အရာတွေနဲ့ဆိုင်မယ်၊ ကိုယ်အလေးချိန်၊ဝမ်းချုပ်ခြင်းတွေအပြင် အစာခြေစနစ်ပြဿနာတွေ၊ရောဂါအခံတွေ စတဲ့အကြောင်းရင်းတွေအများကြီးရှိနိုင်ပါတယ်။ ဒီလိုနေရခက်တာတွေ ခဏခဏမဖြစ်အောင် ဘာတွေသတိထားရမလဲ (၁) လေပွစေနိုင်တဲ့ အစားအသောက်တွေရှိတယ် ပဲတွေက အမျှင်ဓါတ်နဲ့အသားဓါတ်ကြွယ်ဝတဲ့အရင်းအမြစ်တွေပါ။ ဒါပေမယ့် သူတို့မှာraffinose ဆိုတဲ့ဓါတ်ပစ္စည်းတစ်မျိုးပါဝင်လို့လေပွစေနိုင်ပါတယ်။ ဒါ့ကြောင့် ပဲကြီးလှော်စားပြီးလေလည်ကြတာပြောစမှတ်ဖြစ်ကြပါတယ်။ ဒါက ဆိုးကျိုးပေးတာတော့မဟုတ်သလိုလေပွ၊ ဗိုက်ပွတဲ့အတိုင်းအတာကလည်း လူတစ်ယောက်နဲ့တစ်ယောက်၊ ပဲတစ်မျိုးနဲ့တစ်မျိုး မတူညီကြပါဘူး။ ပန်းဂေါ်ဖီစိမ်း၊ဂေါ်ဖီထုပ်တို့မှာလည်းraffinose ပါဝင်ပါတယ်။ ဒါတွေကိုရှောင်ဖို့မလိုပါဘူး၊ အချင့်အဆနဲ့စားသောက်ပါ၊ဖြစ်လာရင်လေကြေဆေးတွေသောက်ပါ။ (၂) ဖြည်းဖြည်းစားပါ အစားအသောက် မြန်မြန်စားလေ၊ ဗိုက်ထဲကိုလေတွေမျိုချမိလေပါပဲ။ အစာအိမ်ထဲမှာလေတွေရှိနေတဲ့အခါဖောင်းလာတတ်ပြီး တစ်ခါတလေ အူတွေထဲကိုရောက်ရှိသွားတတ်ပါတယ်။နောက်တစ်ချက်ကမြန်မြန်စားချတဲ့အခါ ဗိုက်ပြည့်မှန်းမသိ ပိုစားမိတတ်ပါတယ်။ (၃) ဂက်စ်များတာတွေ ကြည့်ကျက်သောက်ပါ ဂက်စ်ပါတဲ့ဘူးအချိုရည်တွေ၊ ဘီယာ ၊ဆိုဒါ တို့ကိုသောက်လိုက်တဲ့အခါလေတွေပါ ပါသွားနိုင်လို့ အစာခြေစနစ်ထဲရောက်ရှိသွားနိုင်ပါတယ်။ တချို့တဝက်ကိုလေတက်လိုက်ရင်ပြန်ထုတ်လိုက်နိုင်ပေမယ့် တချို့က ကျန်ရစ်ခဲ့ပြီး […]


ဝမ်းပျက်ဝမ်းလျှောခြင်း

အရက်သောက်ပြီး နောက်တစ်နေ့မှာ ဝမ်းခဏခဏသွားတာဘာကြောင့်လဲ

ဒီဘက်ခေတ်မှာ လူကြီး၊ လူငယ်မရွေး အရက်နဲ့ ကင်းနိုင်ကြတာမဟုတ်ပါဘူး။ ပေါင်းသင်းဆက်ဆံရေးအရ၊ အလုပ်ခွင်မှာ မိတ်ဆုံစားပွဲလုပ်တာဖြစ်ဖြစ် အရက်လေးကတော့ အနည်းနဲ့ အများပါလိုက်ကြတာပါပဲ။ အရက်သောက်တာက ကျန်းမာရေးကို ထိခိုက်စေတာမှန်ပေမယ့် နေ့စဉ်နေ့တိုင်းသောက်တာ၊ သောက်တဲ့ပမာဏ မများဘူးဆိုရင်တော့ အဆင်ပြေပါတယ်။ ကဲ ဒါဆိုရင် အားလုံးစိတ်ညစ်ရတဲ့ အရက်နာကျတဲ့အကြောင်း ဆက်သွားလိုက်ကြတာပေါ့။ အရက်နာကျရင် ဘာတွေခံစားရမလဲ။ အရက်သောက်ပြီး နောက်တစ်နေ့နိုးလာတာနဲ့ ပထမဆုံးခံစားရမယ့် ပြဿနာကတော့ အရက်နာကျတာပါပဲ။ ဒါက သောက်လိုက်တဲ့ပမာဏရော၊ လူတစ်ယောက်ရဲ့ သောက်နိုင်တဲ့ ပမာဏပေါ် မူတည်ပြီး ဝေဒနာ ပြင်းထန်မှုကွာသွားနိုင်ပါတယ်။ များသောအားဖြင့် အရက်နာကျတဲ့အခါမှာ ခေါင်းတွေ အရမ်းမူးမယ် ခေါင်းကိုက်မယ် အော့အန်ချင်တာ ဗိုက်ထဲမှာ အောင့်သလို ရေ၊ လေတွေများပြီး မအီမသာဖြစ်တာ အစာစားချင်စိတ်၊ ရေသောက်ချင်စိတ်တောင် မရှိတာ လူတစ်ကိုယ်လုံး ကိုင်ရိုက်ခံထားရသလို မလှုပ်ချင်တော့တာ နေအလင်းရောင်စူးစူးကို စိုက်မကြည့်နိုင်တာ […]


အသည်းရောဂါများ

အသည်းရောင် အသားဝါ ဘီပိုးရှိသူတွေ ကျန်းမာနေစေဖို့

ပြောင်းလဲလာတဲ့ နေထိုင်စားသောက်မှုပုံစံတွေကြောင့် မြန်မာနိုင်ငံမှာလည်း အသည်းရောဂါခံစားရသူဦးရေဟာ တစ်နှစ်ထက်တစ်နှစ်ပိုများလို့ လာပါတယ်။ အသည်းရောဂါတွေထဲမှာမှ အဖြစ်များတဲ့ အသည်းရောင် အသားဝါ ဘီပိုးရှိသူတွေ အနေနဲ့ ကျန်းမာနေစေဖို့ ဘာတွေကိုဂရုစိုက်ဖို့လိုမလဲဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့်ပြောပြပေးပါရစေ။ အသည်းရောင် အသားဝါ ဘီပိုး ဆိုတာဘာလဲ..... ရောဂါပိုးကူးစက်ခံထားရသူရဲ့သွေးနဲ့ ထိတွေ့မိတာ၊ မျိုးပွားအင်္ဂါကထွက်တဲ့အရည် ၊ သုက်ပိုးနဲ့ ထိတွေ့မိတာတွေကြောင့် ကူးစက်နိုင်ပါတယ်။ အသည်းရောငအသားဝါ ဘီပိုးကူးစက်ခံရတဲ့အခါ အသည်းမှာ အမာရွတ်ဖြစ်တာ၊ အသည်းလုပ်ဆောင်ရည်ကျဆင်းသွားတာ၊ အသည်းကင်ဆာဖြစ်တာတွေ ခံစားရနိုင်ပါတယ်။သေချာမကုသဘဲထားမယ်ဆိုရင် အသက်သေဆုံးသည်အထိဖြစ်နိုင်ပါတယ်။ ရောဂါလက္ခဏာတွေက ဘာတွေလဲ... အသည်းရောင် အသားဝါ ဘီပိုးရှိသူတွေမှာ အသားဝါမယ်၊ မျက်လုံးအဖြူသားတွေ ဝါလာမယ်။ ဝမ်းအရောင်ဖျော့ဖျော့တွေ သွားမယ် အဖျားတက်မယ် ရက်ရှည်လများ ပင်းပန်းနုံးချိသလို ခံစားနေရမယ် အစားစားချင်စိတ်မရှိဖြစ်မယ်၊ အော့အန်မယ် ဗိုက်ထဲက အောင့်မယ် စတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ အသည်းရောင် အသားဝါ ဘီပိုးရှိသူတွေ ကျန်းမာနေစေဖို့ ဘယ်လိုနေထိုင်မလဲ......... အသည်းရောင်အသားဝါ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ရုတ်တရက်အိမ်သာတက်ချင်လာရင် ဖြေရှင်းနိုင်မယ့် အမြန်ဆုံးနည်းလမ်း(၅)ခု

အန္တရာယ် မလွယ်နိုင်ဘူးလို့ပြောလေ့ရှိကြတယ်။ ရုတ်တရက်ဖြစ်လာခဲ့ရင် တကယ်လည်းလွယ်ထားဖို့ ခက်ပါတယ်။ အလုပ်ကိစ္စအရေးကြီးကာမှ အရေးပေါ်အိမ်သာတက်ချင်တာမျိုး၊ ခရီးဝေးသွားရပါမယ်ဆိုမှ လမ်းမှာ အိမ်သာသွားချင်တာမျိုး အတော်ဒုက္ခရောက်ပါတယ်။ လမ်းသွားရင်း အရေးပေါ်ဖြစ်လာရင် အနီးအနားမှာ ပြေးဝင်လို့ရတဲ့ဆိုင်ရှိရင်တော်သေး၊ မရှိရင် တိုင်ပတ်သွားနိုင်ပါတယ်။ ဖြစ်လာရင်တော့ချွေးစေးပဲထွက်ထွက်၊ ကြက်သီးမွေးညင်းပဲထထအောင့်ထားရမှာပဲပေါ့။အောင့်ထားတာကလည်း ပညာသားပါပါတယ်။ ဒါမှ ဟန်မပျက်ဘဲ အိမ်သာရှာနိုင်မှာ၊ ဒါမှမဟုတ် လိုရာခရီးရောက်တဲ့အထိအောင့်ထားနိုင်မှာပါ။ ကဲ ကြည့်ကြည့်ရအောင် ဘာပညာတွေများလဲလို့။ (၁) စအိုဝကြွက်သားကို ကျုံ့ညှစ်ထားပါ စအိုဝကြွက်သားဟာ အလေးစွန့်တဲ့အခါ အဓိကထိန်းချုပ်ပေးနိုင်တဲ့ အချက်အချာပါ။ ပုံမှန်အားဖြင့်တော့ သူ့အလိုလိုကျုံ့ထားလိုက်ပြီးသားဖြစ်သွားတတ်ပါတယ်။ ဒါပေမယ့် စအိုဝ တင်မကဘဲ တင်ပါးကြွက်သားတွေကိုပါ ကျုံ့ညှစ်တာက ပိုအထောက်အကူဖြစ်ပါတယ်။ (၂) သိပ်မလှုပ်ရှားပါနဲ့ ဝမ်းသွားချင်စိတ်ပျောက်အောင်၊ အာရုံပြောင်းအောင်ဆိုပြီး ဟိုလျှောက်ဒီလျှောက်လုပ်ရင် ပိုဆိုးကုန်မှာပါ။ အိမ်သာရှာနေတဲ့လမ်းမှာဆိုရင်တောင် ထိန်းပြီးလျှောက်ပါ။ လှုပ်ရှားမှုကြောင့် စွန့်ပစ်အညစ်အကြေးတွေ စအိုလမ်းကြောင်းကိုရောက်ရှိမှုမြန်စေပါတယ်။ဖြစ်ဖြစ်ချင်းမှာ အောင့်ပြီး ခဏလောက်ငြိမ်ငြိမ်လေးနေကြည့်ပါ။ပြီးမှ သွားသင့်တဲ့ဆီသွားပါ။ (၃)အောင့်ထားတဲ့အချိန် ထိုင်မနေပါနဲ့ ဒီလိုအချိန်မှာ ထိုင်နေတာထက် မတ်တတ်ရပ်နေတာပိုကောင်းပါမယ်နော်။ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

စအိုပတ်လည်မှာ ယားယံတာမျိုးဖြစ်တာ ဘာကြောင့်များလဲ ။ ။

ကိုယ်ခန္ဓာအနှံ့အပြားအကုန်လုံးမှာ ယားယံတဲ့ ပြဿနာဖြစ်နိုင်ပါတယ်။ အခန့်မသ့င်တာကြောင့်ဖြစ်တတ်သလို အခြားကျန်းမာရေး၊ အရေပြား ပြဿနာတွေကြောင့် လည်း ယားယံတာမျိုး ဖြစ်တတ်ပါတယ်။ ဒီအထဲမှာမှ အရေပြားမဟုတ်တဲ့ စအိုပတ်လည်မှာ ယားတာကရော ဘယ်လိုမျိုးကြောင့်ဖြစ်နိုင်လဲ။ ရောဂါတစ်ခုခုကြောင့်လား။ ဒီလိုပဲ ဖြစ်တတ်တာလား။ ။ စအိုပတ်လည်မှာ ယားယံတယ်ဆိုတာဘာလဲ ။ ဆေးပညာအရ pruritus ani လို့ခေါ်တဲ့ စအိုပတ်လည်မှာ ယားယံတဲ့ပြဿနာဟာ လူကြားထဲမှာ ကုတ်မရ ဖဲ့မရနဲ့ အတော်ကို ကသိကအောက်ဖြစ်စရာကိစ္စတစ်ခုပါ။ သန့်ရှင်းရေးအားနည်းတာ ( ဒါမှမဟုတ်) အသန့်ရှင်းလွန်တာကြောင့် စအိုပတ်လည်ယားတတ်သလို၊ ကိုယ်စားလိုက်တဲ့အစားအသောက်တွေ၊ သောက်နေတဲ့ဆေးတွေ အရေပြားနဲ့ အခြား ကျန်းမာရေးပြဿနာတွေကြောင့်လည်း စအိုဝယားယံတာတွေဖြစ်တတ်ပါသေတယ်။ ဘာတွေလဲဆိုတာ ကြည့်ုလိုက်ရအောင်။ ။ စအိုဝဆိုတာက အစာခြေစနစ်ကြီးရဲ့ အဆုံးဖြစ်ပြီး အညစ်အကြေးတွေထုတ်ပေးနေတဲ့ အဓိက နေရာတစ်ခုပါ။ ယားယံတာ စအိုဝတည့်တည့်မှာလည်းဖြစ်နိုင်သလို စအိုပတ်လည်နေရာတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဒီလို […]


အစာအိမ်ရောင်ခြင်း

အစာအိမ်နာထနေတဲ့အချိန် စားသင့်တဲ့အစားအသောက် ၅ မျိုး ။ ။

အစာအိမ်အောင့်တာ၊ အစာအိမ်အနာဖြစ်တာ၊ အစာမကြေတာ စတဲ့ အစာခြေလမ်းကြောင်းနဲ့ဆိုင်တဲ့ ပြဿနာတွေ အများကြီးရှိသလို အဲဒီဝေဒနာခံစားနေရတဲ့သူတွေလည်း တစ်ပုံကြီးပါ။ အစာအိမ်ရောဂါဆိုတာ တကယ်တော့ တစ်ခါဖြစ်ဖူးရင်ပျေကာ်ဖို့ တော်တော်မှ ခဲယဉ်းပါတယ်။ အစာအိမ်ရောင် နေတယ်၊ အနာဖြစ်နေတယ်ဆိုရင် အစာအိမ်ကို အနားပေးဖို့ အရေးကြီးတယ်လေ။ ပြဿနာက နေ့တိုင်း အစားမစားဘဲ နေလို့မရဘူးလေ။ ဒီတော့ အစာအိမ်ကို အနားပေးလို့မရ၊ စားတာတွေကလည်း အစာအိမ်နဲ့မတည့်ဖြစ်နေရင်ပိုဆိုးပြီပေါ့။ အစာလည်းဆေး၊ ဆေးလည်းအစာဆိုတာ ကြားဖူးတယ်မလား။ ခုလို အစာအိမ်အနာ၊ အစာအိမ်အောင့်တဲ့ ပြဿနာတွေအတွက်ဆို ကိုယ်စားတဲ့အစားအသောက်တွေကပိုတောင် အရေးကြီးတာပေါ့။ ဒီတော့ အစာအိမ်အောင့်နေတဲ့အချိန် ဘယ်လို အစားအစာတွေ စားပေးရင် သက်သာမှာလဲ ။ ပျော့ပြီး မစပ်တဲ့ အဆီမများတဲ့ အစားအစာတွေကို အဓိက ရွေးချယ်သင်ပါတယ်။ ဒါမှ အစာကြေလွယ်မှာ ဖြစ်ပြီး ခံစားနေရတဲ့ အ စာအိမ်နာ ဝေဒနာသက်သာမှာဖြစ်ပါတယ်။ […]


အစာအိမ်ရောင်ခြင်း

အိပ်ချိန်ကြီးမှာ အစာအိမ်ထထအောင့်နေလို့ စိတ်ညစ်နေပြီလား။

ပြောမယ့်သာ ပြောရတာ အရမ်းကြီးပြင်းထန်တဲ့ ရောဂါတစ်ခု မဟုတ်ပေမယ့် ပျော့ပျော့လေးနဲ့ ကာလရှည်ကြာ လူတွေကို ဒုက္ခပေးတဲ့ ပြဿနာတွေထဲမှာ အစာအိမ်ြပဿနာက ထိပ်ဆုံးကပါ။ အစာအိမ်ရောင်တာ၊ အစာအိမ်အောင့်တာနဲ့ အစာအိမ်အနာဖြစ်တာ စတာတွေပေါ့။ ဒါ့ထက်ပိုဆိုးတာက အစာအိမ်ပြဿနာတွေက အချိန်ကောင်းတွေဖြစ်တဲ့ အိပ်ခါနီး အချိန်မှာ ထအောင့်တာနဲ့၊ မနက်အိပ်ရာနိုးတဲ့အချိန် ဗိုက်အောင့်လို့ မထချင်ပေမယ့် အစားတွေထစားလိုက်ရတဲ့အချိန်တွေက တကယ်ကို ကသိကအောက် ဖြစ်ချင်စရာပါပဲ။ ဗိုက်လေးများတစ်ခါလောက် အဆာမခံလိုက်နဲ့။ အစာအိမ်ြပဿနာပြန်ကိုဖြစ်တော့တာပါပဲ။ ဒီတော့ ညဘက်ကြီးကိုယ်က အိပ်ချင်နေပြီ အစာအိမ်ကအောင့်နေလို့၊ ဗိုက်ကဆာဆာ နာနာကြီးဖြစ်နေလို့ စိတ်ညစ်နေသူအားလုံး ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ် ။ ညညအစာအိမ်အောင့်ပြီးအိပ်လို့မရဖြစ်နေရင် ဒါလေးတွေ တစ်ချက်သတိထားစေချင်ပါတယ် ။ အစာအိမ်အောင့်တဲ့ပြဿနာကို အဓိကဖြစ်စေတာ ကိုယ့်စားလိုက်တဲ့အစားအစာတွေပါ။ နောက်ပြီး စားတဲ့အချိန်ကလည်း အရေးကြီးပါသေးတယ်။ ဘယ်အစားအစာကိုမဆို အိပ်ရာဝင်ခါနီး ၁နာရီ ၂နာရီလောက်ခွာပြီး စားတာ အကောင်းဆုံးပါ။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း