အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ခန္ဓာကိုယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်က အရေးပါတဲ့ စနစ်တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကနေ အာဟာရစုပ်ယူဖို့ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက လုပ်ပေးမှ ရတာပါ။ ဒီလိုစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်တစ်ခု ဖြစ်ဖို့ ဘာတွေလုပ်လို့ရလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား

ဝမ်းလျှောလို့ ဓာတ်ဆားရည်သောက်လိုက်တာ ခုတော့ ဝမ်းပိတ်ရုံတင်မကဘူး။ ဝမ်းပါချုပ်သွားပြီလို့ ပြောတာ ကြားဖူးမှာပါ။ ဝမ်းချုပ်တာကို ဓာတ်ချုပ်တယ်လို့လည်း ပြောကြတော့ ဓာတ်ဆားရည်တွေ သောက်လိုက်လို့ ဝမ်းချုပ်သွားတာများလားလို့ တွေးတတ်ကြပါတယ်။ တကယ်ပဲ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်တွေမှာ ဘာတွေပါဝင်သလဲ။ ဓာတ်ဆားရည်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆားဓာတ်တွေ ဖြစ်တဲ့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်၊ ဂလူးကို့စ်၊ ရေ စတာတွေ ပါဝင်ပြီး ဒါတွေက နဂိုလည်း ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဓာတ်တွေပဲ ဖြစ်ပါတယ်။ ဒီဓာတ်တွေက ဝမ်းချုပ်တာနဲ့ မသက်ဆိုင်ပါဘူး။ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်က ဝမ်းချုပ်စေဖို့ မပြောနဲ့။ ဝမ်းပိတ်စေတဲ့ အာနိသင်တောင် မရှိပါဘူး။ ဟုတ်ပါတယ်။ ဝမ်းလျှောတဲ့အခါ ဓာတ်ဆားရည်သောက်တာက ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားဓာတ်ကို ဖြည့်ပေးတာပဲ ဖြစ်ပါတယ်။ ဝမ်းရပ်ဖို့ ဆိုတာက ကုသမှု တစ်ခုခု […]

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကို ရှာဖွေမည်။

အသည်းရောဂါများ

အသည်းရောင် စီရောဂါ ရှိသူတွေအတွက် စားသောက်နေထိုင်မှုပုံစံ

ခုချိန်မှာ အသည်းရောင် စီပိုးရှိတဲ့သူတွေအတွက် အရင်ကထက် ဆေးဝါးကုသမှုတွေရွေးချယ်စရာပိုများလာတယ်ဆိုပေမယ့် ကုသမှုကတော့ အချိန်ယူရဆဲပါပဲ။ ဆေးဝါးအမျိုးအစားကို မူတည်ပြီး ကုထုံးတစ်ခုရဲ့ ကြာချိန်က ၈ ပတ်ကနေ ၂၄ ပတ်အထိ ရှိတတ်ပါတယ်။ နေပြန်ကောင်းလာဖို့ကို အဓိကထားပြီး သည်းခံတာတောင် တချို့မှာ ကုထုံးဒဏ်အတော်ခံရပါတယ်။ဆေးဝါးတိုင်းမှာဘေးထွက်ဆိုးကျိုးဆိုတာရှိပေမယ့် ဒါတွေကို ကာကွယ်နိုင်ဖို့၊ ခံနိုင်ရည်ရှိဖို့၊ သက်သက်သာသာ ကျော်လွန်နိုင်ဖို့ ကိုယ့်ဘက်ကပြင်ဆင်ထားလို့ရပါတယ်။ အသည်းရောင်ရောဂါရှိတဲ့သူတွေအတွက် ဘယ်လိုနေထိုင်စားသောက်သင့်လဲဆိုတာ သိထားသင့်တဲ့အချက်တွေကို အကြံပြုပေးလိုက်ပါတယ်။ (၁) အနားယူချိန် အလုံအလောက်ပေးပါ အသည်းရောင်စီရောဂါ ကုထုံးတွေရဲ့ အဖြစ်များဆုံးဘေးထွက်ဆိုးကျိုးကတော့မောပန်းအားကုန်တာပဲဖြစ်ပါတယ်။ဖြစ်နိုင်ရင် အလုပ်တွေလျှော့ပြီး အနားယူချိန်ပိုပေးပါ။ အိပ်ရာဝင်ချိန်နဲ့ အိပ်ရာထချိန်တစ်ခု ပုံမှန်သတ်မှတ်ပြီး လိုက်နာတာက ညအိပ်မပျော်တဲ့သူတွေအတွက် အဆင်ပြေစေနိုင်ပါတယ်။ ညနောက်ကျချိန်မှာကော်ဖီ၊လက်ဖက်ရည်၊ ကဖင်းတွေမသောက်ဖို့ သတိထားပါ။ ဖုန်းလည်း သိပ်မကြည့်ပါနဲ့။ အိပ်ရေးပျက်ခဲ့ရင် ပင်ပန်းနွမ်းနယ်မှုကို ပိုဆိုးစေနိုင်ပါတယ်။ (၂) ကျန်းမာအားပြည့်အောင် စားပါ အသည်းရောင်စီပိုးရှိတာ သိပြီးတာနဲ့ အသည်းကို အားဖြည့်ဖို့လိုနေပါပြီ။ […]


အသည်းရောဂါများ

အသည်းခြောက်တဲ့သူတွေ သိထားသင့်တဲ့ စားသောက်နေထိုင်မှု ပုံစံ ။

အသည်းဆိုတာ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ထုတ်ပေး၊ ကိုယ်သောက်လိုက်တဲ့ဆေးတွေ အာဟာရတွေကိုဖြိုခွဲပေး၊ ပိုနေတဲ့ ဂလူးကိုစ့်တွေကို သိမ်းဆည်းပေး၊ လိုလာရင် ပြန်ထုတ်ပေးလိုက်နဲ့ တကယ်ကို အလုပ်များပြီး အရေးကြီးလွန်းတဲ့ကိုယ်တွင်းကလီစာတစ်ခုပါ။ ခက်တာက နောက်ပိုင်း ပြောင်းလဲလာတဲ့ လူနေမှု ပုံစံရယ်၊ မဆင်ခြင်တဲ့ ကိုယ်တွေရဲ့ စားသောက်ပုံစံတွေကြောင့် အသည်းရောင်အသားဝါပိုးတွေ ကူးစက်ခံရတာ၊ အသည်းမှာထိခိုက်သွားတာ၊ ကနေ အဆိုးဆုံးတွေဖြစ်တဲ့ အသည်းခြောက်၊ အသည်းကင်ဆာတွေ အထိ ဖြစ်သွားပြီး အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ အရက်ကြောင့်အသည်းခြောက်မယ် အသည်းရောင်အသားဝါ ပိုးတွေကြောင့် အသည်းခြာက်မယ် အသည်းအဆီဖုံးရာကနေ နောက်ဆုံး အသည်းခြောက်မယ်။ စသဖြင့် နည်းပေါင်းစုံနဲ့ အသည်းခြောက်နိုင်ပါတယ်။ အသည်းခြောက်သွားပြီဆို ပြန်ကောင်းဖို့ အခွင့်အလမ်းနည်းပါးပြီး အသည်းတစ်ခုလုံး အစားထိုးကုသမှု ပြန်ကောင်းမယ့် ရောဂါတစ်ခုပါ။ ဒီလို ဆိုးဝါးတဲ့ အသည်းခြောက်တဲ့ ပြဿနာကိုယ့်ဆီမှာ ကံမကောင်းစွာနဲ့ ဖြစ်နေပြီဆိုရင်တော့ ကိုယ့်ဘက်က […]


အသည်းရောဂါများ

B ပိုးကာကွယ်ဆေး ထိုးတော့မယ်ဆိုရင် ဒါလေးတွေ သိထားဖို့လိုတယ်နော်။

B ပိုးကာကွယ်ဆေး ထိုးတော့မယ်ဆိုရင် ဒါလေးတွေ သိထားဖို့လိုတယ်နော်။ အသည်းရောင် အသားဝါ ဘီပိုးဆိုတာ လူတွေနဲ့ မစိမ်းတဲ့ ရောဂါပိုးတစ်ခုပါ။ သွေးတွေ၊ ချွေးတွေနဲ့ ကိုယ်ခန္ဓာကထွက်တဲ့အရည်တွေကတဆင့် ကူးစက်တာဆိုတော့ ကူးစက်နိုင်ဖို့ အလားအလာလည်း အင်မတန်များတဲ့ ရောဂါတစ်ခုပါ။ လက္ခဏာတွေကလည်း သိပ်မသိသာဘဲ ရောဂါကျွမ်းမှ၊ မတော်တဆသွေးစစ်ရင်းနဲ့မှ တွေ့သွားတတ်တာဆိုတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ဘီပိုးရှိတဲ့သူတွေ များချင်များနေမှာနော်။ နောက်ပြီး ဘီပိုးက အသည်းရောင်စေတာအပြင် နောက်ဆုံး အသည်းခြောက်တာ၊ အသည်းကင်ဆာစတဲ့ ရောဂါဆိုးတွေကို ဖြစ်စေနိုင်ပါတယ်။ ပိုဆိုးတာက သူ့ကို အပြတ်ကုသနိုင်တဲ့ ဆေးနည်းကလည်း မပေါ်သေးဘဲ ရောဂါဆက်မကြီးအောင် ထိန်းထားနိုင်တဲ့ ဆေးနည်းတွေပဲ ပေါ်သေးတာဆိုတော့ ကိုယ့်ဆီ ဘီပိုးရောက်မလာအောင် ကြိုတင်ကာကွယ်ထားဖို့က အရေးအကြီးဆုံး ဖြစ်လာပြီလေ။ ကံကောင်းတာတစ်ခုက ဘီပိုးကိုယ့်ဆီ မကူးစက်အောင်လို့ တားထားလို့ရတဲ့ B ပိုးကာကွယ်ဆေးတွေ ပေါ်နေပြီလေ။ ကာကွယ်ဆေးရှိနေပြီဆိုတော့ ကာကွယ်ဆေးအကြောင်း […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အူအတက်ရောင်တာဆိုရင် မပေါ့နဲ့၊ သတိထား

အသက်ငယ်ငယ်လေးနဲ့ ဗိုက်အောင့်လို့ ဆေးရုံရောက်လာတယ်၊ အကြောင်းရင်းလည်း သေချာမသိဘဲ ရုတ်တရက်ထဖြစ်တယ်၊ မခံမရပ်နိုင်အောင့် ဗိုက်အောင့်တယ်၊ ချက်ရဲ့ ဘေးပတ်ပတ်လည်ကနေ အောင့်နေတယ်ဆိုရင်တော့ အူအတက်ရောင်တာ သေချာသလောက် ဖြစ်နေပါပြီ။ ဒီပြဿနာက အသက်အရွယ်၊ ကျား၊ မ မရွေး ဖြစ်တတ်တဲ့ ပြဿနာမို့ အရေးရယ် အကြောင်းရယ်ဆို ပျာယာခတ်မနေဘဲ ဘယ်လိုလုပ်လို့ရမလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ အူအတက်ရောင်ခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ။ ဝမ်းဗိုက်ရဲ့ အပေါ်ဘက်နား၊ ညာဘက်အောက်နား ဒါမှမဟုတ် ချက်ရဲ့ ဘေးပတ်ပတ်လည်မှာ မခံမရပ်နိုင်အောင် နာကျင်တာ အစာစားချင်စိတ် မရှိတာ မစာမကြေသလို ဖြစ်နေတာ မူးဝေတာ အော့အန်တာ ဝမ်းလျှောတာ ဝမ်းချုပ်တာ ဗိုက်က ဖောရောင်နေတာ လေမလည်နိုင်တာ အဖျားလေး နည်းနည်းရှိတာ စတဲ့ လက္ခဏာတွေကို တွေ့ရပါတယ်။ ဖြစ်ကာစမှာတော့ လူနာက ရိုးရိုးဗိုက်နာတာလောက်ပဲ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ဝမ်းက အစိမ်းရောင်ဘာကြောင့်ဖြစ်နေရတာလဲ ။ ။

အိမ်သာသွားပြီးနောက်ပိုင်း ဝမ်းအရောင်က ပုံမှန်အရောင်ဖြစ်မနေဘဲ အစိမ်းရောင်ဖြစ်နေရင် လူတိုင်းလန့်သွားကြမှာပါ။ ပုံမှန်ဆို ဝါညိုရောင်လေးရှိနေရမယ့် ဝမ်းက အစိမ်းရောင်ဖြစ်နေတာ ဘာ့ကြောင့်လဲ။ စိုးရိမ်ရလား ။ ဝမ်းအစိမ်ရောင်ဖြစ်စေတဲ့အကြောင်းအရင်းများ ။ ။ ( ၁ ) အစိမ်းရောင် အသီးအရွက်တွေ အစားများသွားတာကြောင့် ဖြစ်နိုင်ပါတယ်။ အသီးအရွက်တွေမှာပါတဲ့အစိမ်းရောင်ခြယ် chlorophyll ဟာ ဝမ်းကိုစိမ်းစေတဲ့ အာနိသင်ရှိပါတယ်။ ဒါပေမယ့် နည်းနည်းလေးစားရင် ဘာမှမဖြစ်ပေမယ့် အများကြီး စားမိတဲ့ အခါမျိုးမှသာ ခုလို ဝမ်းအစိမ်းရောင်ပြောင်းသွားမှာ ဖြစ်ပါတယ်။ ( ၂ ) အပြာရောင်နဲ့ ခရမ်းရောင်ရှိတဲ အစားအစာတွေ အစိမ်းရောင်ရှိတဲ့အစားအစာတွေကပဲ ဝမ်းအစိမ်းသွားစေနိုင်တာ မဟုတ်ပါဘူး။ အပြာရောင်တို့ ခရမ်းရောင်စတဲ့အရောင်တွေက ဗိုက်ထဲ ရောက်သွားတဲ့အခါကျရင် အစာခြေအက်ဆစ်နဲ့ သည်းခြေရည်တို့နဲ့ ရောသွားပြီး အစိမ်းရောင်ပြောင်းသွားတတ်ပါတယ်။ ( ၃ ) ကော်ဖီ၊ ပူစပ်တဲ့အစားအစာ၊ အရက်။ ပုံမှန်ဆိုရင် ဝမ်းစစဖြစ်ချင်းအရောင်က အစိမ်းရောင်ပါ။ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အူရောင်ပြီး အူနာ ဗိုက်တင်းနေတဲ့သူတွေ သိထားသင့်တဲ့စားသောက်မှုပုံစံ။

အစပ် လေးစားလိုက်တာနဲ့ ဗိုက်ခဏ ခဏအောင့်တယ်၊ ဗိုက်ကြီးကယ်ပြီး တင်းနေတယ်၊ ဝမ်းလျှော ဝမ်းချုပ်တွေဖြစ်နေတတ် အာထရာဆောင်းရိုက်ကြည့်လိုက်တဲ့အခါ အူရောင်တဲ့ အဖြေထွက်လာတယ်ဆိုရင် တော့ ခုပြောမယ့် စားသောက်မှုပုံစံကို သိထားဖို့ လိုလာပါပြီ။ အစားအသောက်တွေ ခြေဖျက် အာဟာရ တွေစုပ်ယူနေတာ ဒီ အူလေးတွေပဲ မလား။ သူတို့ကျန်းမာနေရင်သူတို့ အလုပ်လုပ်နေမှန်းတောင် မသိပေမယ့် သူတို့ မကျန်းမာတဲ့အခါ တော်တော်ကြီးကိုမှ ခံရပါတယ်။ ဝမ်းတစ်လုံးကောင်းမှ ခေါင်းမခဲနိုင်မှာလေ။ ဒီတော့ အူနာတဲ့ဝေဒနာခံစားနေရတဲ့သူတိုင်း ဘာတွေရှောင်စားရမလဲ။ ။ အူရောင်တယ်ဆိုတာ ဘာ့ကြောင့် ဖြစ်ရတာလဲ။ အူရောင်တယ်ဆိုတာ အူအတွင်းထဲကို ရောဂါပိုးတွေဖြစ်တဲ့ ဗိုင်းရပ်တို့ ဘက်တီးရီးယားတို့ ဝင်ပြီး အူအတွင်းသားနံရံတွေ ရောင်တာကို ဆိုလိုတာပါ။ မသန့်တဲ့ အစားအစာတွေကနေ အများဆုံးဝင်တာဖြစ်ပြီး ဆေးမကုဘဲ သူ့ဘာသာ ပြန်ပျောက်သွားတတ်ပေမယ့် သေချာ အမြစ်မပြတ်တဲ့အခါ ထပ်ခါထပ်ခါပြန်ဖြစ်နေပြီး […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ကိုယ့်အူလေးတွေ ကျန်းမာစေချင်ရင် ဒါတွေလိုက်နာပါ။

။ ကိုယ်စားလိုက်သမျှ အစားအစာတွေကိုခြေရတယ်၊ အာဟာရတွေ စုပ်ယူရတယ်၊ အညစ်အကြေးတွေကို စွန့်ထုတ်ရတယ်၊ အကျိုးပြု ဘက်တီးရီးယားနဲ့ မကောင်းတဲ့ ဘက်တီးရီးယားတွေ မျှတအောင်ထိန်းပြီး ခုခံအားစနစ်အတွက်လည်း ပါရသေးတာဆိုတော့ ကိုယ်တွေရဲ့ အစာခြေစနစ်လောက်အလုပ်များပြီး အရေးကြီးတာ မရှိပါဘူး။ သူတို့သာ တစ်ခုခုဖြစ်လို့ကတော့ ဝမ်းလျှောလိုက်၊ ဗိုက်အောင့်လေအော့င်လိုက်နဲ့ နေထိုင်ရတာ သက်သာတော့မှာ မဟုတ်ပါဘူး။ ဝမ်းတစ်လုံးကောင်းမှ ကျန်းမာရေးဒေါင်ဒေါင်မြည်မှာ သေချာတာကြောင့် အရေးကြီးတဲ့ အူလမ်းကြောင်းကျန်းမာရေးကို ဘယ်လိုထိန်းကြမလဲ ။ ။ နေကောင်းကျန်းမာတဲ့ အူလေးတွေ ပိုင်ဆိုင်ချင်ရင် ဒါတွေလုပ်ပါ။ ( ၁ ) စိတ်ဖိစီးမှုတွေ လျှော့ချပါ။ စိတ်ဖိစီးမှုများရင် ကျန်းမာရေးထိခိုက်တယ်ဆိုတာ အားလုံသိကြမှာပါ။ ကျန်းမာရေးဆိုမှတော့ စိတ်ရဲ့ ကြေးမုံပြင်လို့ တင်စားထားကြတဲ့ အူတွေဆို ပိုဆိုးတာပေါ့။ ဒီတောံ့ အူလေးတွေ ကျန်းမာဖို့နဲ့ ကိုယ်ခန္ဓါကျန်းမာရေးကောင်းဖို့ အတွက် စိတ်ချမ်းသာဖို့ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

သင့်အူလေးတွေ မကျန်းမာကြောင်း ပြနေတဲ့ အချက် ၇ ချက် ။ ။

ဟိုနေ့က အစပ်လေးစားမိလိုက်တာ ဒီနေ့တော့ ပန်းကမ္ဘာထဲ ရောက်သွားပြီ။ အစားလေးနည်းနည်းပဲ စားမိတယ် ဘာမှတောင် မလုပ်ရသေးဘူး ဗိုက်ကအောင့်နေပြီ။ တင်းနေပြီ ပြည့်သလိုတွေ ခံစားနေရတယ် ဆိုတဲ့ဝေဒနာတွေကို ခံစားဖူးတဲ့သူတွေရှိကြမှာပါ။ အခြားသူတွေလည်း ကိုယ့်နည်းတူ စားနေကြတာပဲ။ ကိုယ့်ကျမှ ဒါမျိုးတွေ ခံစားရတယ်ဆိုတာ ကိုယ့်အူလမ်းကြောင်း မကျန်းမာလို့ ဖြစ်ရတာတွေပါ ။ ဒါဆို ကိုယ့်အူလေးတွေ မကျန်းမာဘူးဆိုတာကို ဘယ်လို အချက်တွေကနေ သိနိုင်သလဲ ။ ။ ဒီလို အချက်တွေရှိနေပြီဆိုရင်တော့ သင်အူလမ်းကြောင်းကျန်းမာရေးကို ပြန်ဂရုစိုက်ဖို့လိုနေပြီနော် ။ ။ ( ၁ ) ဗိုက်ထဲမှာ လေတွေပြည့်ပြီး ကယ်နေတာ၊ ဝမ်းခဏခဏပျက်တာ၊ လေအောင့်တာ။ ဒီ အချက် ၃ ချက်က ဗိုက်ထဲက အူလမ်းကြောင်း မကျန်းမာတဲ့အကြောင်း ထိပ်ဆုံးက ပြနေတဲ့ အချက် ၃ ချက်ဖြစ်ပါတယ်။ ဒီလိုဖြစ်ရခြင်းရဲ့ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အစာခြေစနစ်က ဘယ်လိုအလုပ်လုပ်သလဲ

ယေဘုယျအားဖြင့် အစာမြိုချပြီး ကျေညက်သွားသည်အထိ ၂၄ နာရီမှ ၇၂ နာရီထိကြာအောင် ချေဖျက်ရပါတယ်။ ကြာမြင့်ရန်အချိန်ဟာ စားလိုက်တဲ့ အစားအစာနဲ့ ဘယ်လောက်ပမာဏ စားသုံးတယ်ဆိုတာပေါ် မူတည်သလို ကျား၊ မ၊ ဇီဝကမ္မပြောင်းလဲမှုဖြစ်စဉ်၊ အစာချေစနစ်မှာ ပြဿနာရှိမရှိပေါ် မူတည်ပြီး နှေးသွား၊ မြန်သွားနိုင်ပါတယ်။ အစာခြေစနစ်ဆိုတာ ဘာလဲ။ စားလိုက်တဲ့အစားအစာကို ကိုယ်ခန္ဓါက ချေဖျက်ပေးပြီး လိုအပ်တဲ့ အာဟာရဓါတ်ေတွကို ခွဲထုတ်ပေးတဲ့ ဖြစ်စဉ်ပါ။ အာဟာရဓါတ်လည်း မရှိ၊ ချေဖျက်ပြီးသား အစာဟောင်းတွေကိုတော့ ဝမ်းအဖြစ် အပြင်ဘက်ကို စွန့်ထုတ်ပါတယ်။ အစာခြေစနစ်မှာ ဘာတွေပါဝင်လဲ။ ၁။ ပါးစပ် ၂။ လည်ချောင်း ၃။ အစာအိမ် ၄။ အူ ၅။ အူမကြီး ဆိုပြီး အဆင့် ၅ဆင့်ကို ဖြတ်သန်းရပါတယ်။ အစာခြေစနစ် ဘယ်လိုအလုပ်လုပ်သလဲ။ ၁။ အစားအစာကို ဝါးစားလိုက်တဲ့အခါ တံတွေးထဲမှာ ပါဝင်တဲ့ အင်ဇိုင်းတွေဟာ အစားအစာထဲမှာ ပါဝင်နေတဲ့ ကစီဓါတ်ေတွကို […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

အစာမကြေတာကြောင့် ပျော်စရာခရီးစဉ်လေး မပျက်ရစေဖို့

ခရီးထွက်ြပီဆိုကတည်းက လူတိုင်းကတော့ ပျော်စရာခရီးစဉ်လေး ဖြစ်ချင်ကြတာပဲမလား။ စားချင်တာ စားမယ်။ မမြင်ဖူးတဲ့ မတွေ့ဖူးတဲ့ သဘာဝအလှအပတရားတွေကို ရှုမြင်ခံစားမယ်။ နေရာအသစ်၊ ယဉ်ကျေးမှုဓလေ့စရိုက် အသစ်အဆန်းတွေကို ကိုယ်တိုင်လေ့လာမယ်။ စိတ်ပြေလက်ပျောက်လည်း ဖြစ်၊ စိတ်ဖိစီးမှုတွေ၊ တစ်နေ့တာ အလုပ်တွေကနေ ခဏလောက် ပြေးထွက်စရာထွက်ပေါက်အဖြစ် ခရီးထွက်ကြတာ သဘာဝပဲမဟုတ်လား။ လူဆိုတာကလည်း အသစ်အဆန်းဆိုရင် ကိုယ်တိုင်စူးစမ်းလေ့လာတတ်ကြတယ်လေ။ အဲ့တော့ တစ်ခါမှမစားဖူးတဲ့ အစားအစာတွေ စားမိပြီး အစာအဆိပ်သင့်တာ၊ မသန့်တဲ့အစားအစာတွေ၊ ဗိုက်ကိုပြည့်ပြီးတင်းကားနေအောင် စားတတ်ကြတယ်။ နောက်ဆက်တွဲအနေနဲ့ကတော့ ဗိုက်က မအီမလည်ဖြစ်ပြီး ပျော်ရမယ့်အချိန်မှာ မပျော်ရတော့ဘဲ အိမ်သာထဲမှာပဲ အချိန်ကုန်ရတော့မှာပေါ့။ ဒီတော့ စိတ်လွတ်ကိုယ်လွတ်ပျော်ရမယ့် ခရီးမှာ အစာမကြေတာ၊ ဗိုက်အောင့်ဗိုက်နာတာတွေ မဖြစ်ရလေအောင် ဆောင်ရန်၊ ရှောင်ရန်လေးတွေ ပြောပြပေးမယ်နော်။ ၁။ ဗိုက်ကို ပြည့်တင်းနေအောင် မစားပါနဲ့။ ကိုယ်မရောက်ဖူးတဲ့ ဒေသမှာ မစားဖူးတဲ့အစားအစာတွေ တွေ့ရင် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း