အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ခန္ဓာကိုယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်က အရေးပါတဲ့ စနစ်တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကနေ အာဟာရစုပ်ယူဖို့ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက လုပ်ပေးမှ ရတာပါ။ ဒီလိုစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်တစ်ခု ဖြစ်ဖို့ ဘာတွေလုပ်လို့ရလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား

ဝမ်းလျှောလို့ ဓာတ်ဆားရည်သောက်လိုက်တာ ခုတော့ ဝမ်းပိတ်ရုံတင်မကဘူး။ ဝမ်းပါချုပ်သွားပြီလို့ ပြောတာ ကြားဖူးမှာပါ။ ဝမ်းချုပ်တာကို ဓာတ်ချုပ်တယ်လို့လည်း ပြောကြတော့ ဓာတ်ဆားရည်တွေ သောက်လိုက်လို့ ဝမ်းချုပ်သွားတာများလားလို့ တွေးတတ်ကြပါတယ်။ တကယ်ပဲ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်တွေမှာ ဘာတွေပါဝင်သလဲ။ ဓာတ်ဆားရည်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆားဓာတ်တွေ ဖြစ်တဲ့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်၊ ဂလူးကို့စ်၊ ရေ စတာတွေ ပါဝင်ပြီး ဒါတွေက နဂိုလည်း ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဓာတ်တွေပဲ ဖြစ်ပါတယ်။ ဒီဓာတ်တွေက ဝမ်းချုပ်တာနဲ့ မသက်ဆိုင်ပါဘူး။ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်က ဝမ်းချုပ်စေဖို့ မပြောနဲ့။ ဝမ်းပိတ်စေတဲ့ အာနိသင်တောင် မရှိပါဘူး။ ဟုတ်ပါတယ်။ ဝမ်းလျှောတဲ့အခါ ဓာတ်ဆားရည်သောက်တာက ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားဓာတ်ကို ဖြည့်ပေးတာပဲ ဖြစ်ပါတယ်။ ဝမ်းရပ်ဖို့ ဆိုတာက ကုသမှု တစ်ခုခု […]

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကို ရှာဖွေမည်။

အသည်းရောဂါများ

အသည်းအဆီဖုံးတဲ့ပြဿနာရှိသူတိုင်း သိထားသင့်တဲ့ စားသောက်မှု ပုံစံ ။ ။

ရောဂါတစ်ခုရယ်လို့ ဖြစ်လာပြီဆိုရင် ရောဂါကို ကုသတာရယ် ကိုယ်နေ့စဉ်စားနေတဲ့ အစားအသောက်ကို ဆင်ခြင်တာရယ်က နှစ်ခုလုံးက အရေးကြီးတဲ့ အရာတွေပါ။ အသည်းအဆီဖုံးတဲ့ ပြဿနာတွေ ဆိုပိုဆိုးတာပေါ့။ အစားအသောက်တွေကလည်း အသည်းအဆီဖုံးတာကိုဖြစ်စေနိုင်တဲ့ အထဲမှာပါတာကိုး။ ဒီတော့ အသည်းအဆီဖုံးနေတဲ့သူတွေအတွက် စားသောက်မှု ပုံစံက အရေးကြီးလာပြီလေ။ ဒီဆောင်းပါးထဲမှာ အသည်းအဆီဖုံးတဲ့ ပြဿနာရှိသူတိုင်း သိထားသင့်တဲ့ ဘယ်အစားအစာတွေကို စားပေးရမလဲ ဘယ်လို အစားအစာတွေကို ရှောင်ရမလဲဆိုတာလေးတွေ ပြောပြပေးချင်ပါတယ်။ အရင် ဆုံးစားပေးသင့်တဲ့ အစားအစာလေးတွေကို ပြောပြပေးချင်ပါတယ်။ ( ၁ ) ကော်ဖီ- ပုံမှန်မဟုတ်တဲ့ အသည်းအင်ဇိုင်းတွေကို လျှော့ချပေးတယ်။ လေ့လာချက်တွေအရတော့ ကော်ဖီသောက်လေ့ရှိတဲ့ အသည်းအဆီဖုံးတဲ့သူအများစုဟာ မသောက်တဲ့သူတွေထက် အသည်းထိခိုက်မှုနည်းတယ်လို့ဆိုကြပါတယ်။ အကြောင်းက ကော်ဖီပါတဲ့ ကဖင်းဓါတ် ကြောင့် အသည်းကိုထိခိုက်နိုင်တဲ့ ပုံမှန်မဟုတ်တဲ့ အသည်းအင်ဇိုင်းတွေ နည်းသွားတာကြောင့် ဖြစ်ရတာပါ။ ( ၂ ) […]


အသည်းရောဂါများ

အသည်းအဆီဖုံးခြင်းကို ဘယ်လိုကုသလို့ရသလဲ ။

အသည်းအဆီဖုံးတဲ့ ပြဿနာဟာ လူတော်တော်များများကို ဒုက္ခပေးနေတဲ့ အဖြစ်အများဆုံး အသည်းပြဿနာတစ်ခုပါ။ လက္ခဏာ သိသိသာသာ မပြတာကြောင့် အာထရာဆောင်းရိုက်ကြည့်မှပဲ သိတာများပါတယ်။ ဒီတော့ ကိုယ့်မှာ အသည်းအဆီဖုံးတဲ့ ပြဿနာရှိမရှိ ကြိုသိချင်ရင် စစ်ဆေးလို့ရတဲ့ နည်းတွေနဲ့ အသည်းအဆီဖုံးတာဖြစ်နေရင်ညလ်း ဘယ်လိုကုသလို့ရလဲဆိုတဲ့အကြောင်းလေးတွေ ပြောပြပေးချင်ပါတယ်။ အသည်းအဆီဖုံးတဲ့ ပြဿနာကို ဘယ်လိုသိနိုင်သလဲ ။ ရောဂါကိုယ်တိုင်က သိသာတဲ့ လက္ခဏာ မရှိတာကြောင့် အခြားရောဂါတွေကို စစ်ဆေးကြည့်တဲ့အချိန်ကျမှ သူ့ကို သွားတွေ့တာများပါတယ်။ လုပ်နိုင်တဲ့ရောဂါ စစ်ဆေးခြင်းတွေကတော့ သွေးစစ်ခြင်း ။ ။ Complete Blood count - သွေးဆဲလ်တွေအားလုံးနဲ့ ေသွးအားနည်းြခင်းရှိမရှိကို စစ်ဆေးခြင်း အသည်းအင်ဇိုင်းနဲ့ အသည်းလုပ်ဆောင်နိုင်အားကို စစ်ဆေးခြင်း အသည်းရောင်အသားဝါရောဂါပိုး ( A,B,C ) ရှိမရှိစစ်ဆေးခြင်း Celiac disease လို့ခေါ်တဲ့ ရောဂါရှိမရှိစစ်ဆေးခြင်း သွေးတွင်းသကြားဓါတ်ကို […]


အသည်းရောဂါများ

အရက်မသောက်လည်းဘဲ အသည်းအဆီဖုံးနိုင်ပါတယ် ။

အရက် ကြောင့် အသည်းအဆီဖုံးတယ်ဆိုတာ အားလုံးသိကြမှာပါ။ ဒါပေမယ့် ဒီနေ့ပြောမှာကတော့ အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးခြင်းအကြောင်းပါ။ အသည်းအဆီဖုံးတဲ့ ပြဿနာဟာ လူတိုင်းနီးပါးမှာ ရှိနေတတ်ပြီး လက္ခဏာသိပ်မပြတတ်တဲ့ ရောဂါတစ်ခုပါ။ အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးခြင်းဆိုတော့ အရက်ကြောင့်ဖြစ်တာ မဟုတ်ဘဲ အခြားအကြောင်းအရာတွေကြောင့် ဖြစ်ရတဲ့အသည်းအဆီဖုံးခြင်းပါ။ ဒီအသည်းအဆီဖုံးတဲ့ ပြဿနာဟာ စိုးရိမ်ရလား။ အသည်းအဆီဖုံးတယ်ဆိုတော့ အသည်းဆဲလ်တွေကြားထဲ အဆီဆဲလ်တွေ အများကြီးရောက်နေတဲ့ ပြဿနာပါ။ သူ့ကြောင့် အသည်းရောင်လာပြီး သေချာမကုသတဲ့အခါ နောက်ပိုင်း တဖြည်းဖြည်း ကုသလို့မရတဲ့ ထိခိုက်မှုမျိုး အသည်းမှာ ဖြစ်သွားတတ်ပါတယ်။ ဒီထိခိုက်မှုဟာ အရက်တအားသောက်လို့ ဖြစ်ရတဲ့ အသည်းအဆီဖုံးခြင်းနဲ့ သွားတူပါတယ်။ ပိုဆိုးတာက အသည်းအဆီဖုံးတာကို သေချာမကုသရင် နောက်ပိုင်း အသည်းခြောက်တာနဲ့ အသည်းပျက်စီးတာတွေ ဆက်ဖြစ်သွားနိုင်ပါတယ်။ ဘယ်သူတွေက ပိုဖြစ်နိုင်တာလဲ။ ။ အသက် ၄၀ ကျော် ၅၀ နောက်ပိုင်းရောက်နေတဲ့သူတွေ အဝလွန် နေတဲ့သူတွေ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ပီကေဝါးရင်း မျိုချမိရင် အန္တရာယ်ရှိလား

ပီကေစားရင်း မျိုချမိရင် အူမှာကပ်ပြီးသေတတ်တယ်၊ ပီကေက အစာအိမ်ထဲ၊ အူထဲမှာ ကပ်သွားပြီး လုံးဝပြန်မထွက်တော့ဘူး ဆိုတဲ့ စကားတွေ ငယ်ငယ်က ကြားဖူးမှာပါ။ ဒီလိုစိတ်ပူတတ်တဲ့ လူကြီးတွေက ကိုယ်တွေကို ပီကေမစားရဘူးလို့ တားမြစ်ခဲ့ကြပါတယ်။ ပီကေဆိုတာ လူကြီးဖြစ်မှ စားရမယ်ဆိုတဲ့အသိလေးလည်းခေါင်းထဲစွဲလို့။ ခုချိန်ထိ ပီကေမျိုချမိမှာကို အရမ်းကြောက်နေမိတာလည်း အမှန်ပါပဲ။ တကယ်ရော ဘာဖြစ်သွားမှာလဲ.... မတော်တဆ မျိုချမိတဲ့အခါ ပီကေရဲ့ပါဝင်ပစ္စည်းအများစုက သဘာဝကုန်ကြမ်းတွေမဟုတ်တဲ့အတွက် လူ့အစာအိမ်ထဲမှာ ဒါတွေကိုချေဖျက်နိုင်တဲ့ အင်ဇိုင်းတွေမရှိပါဘူး။ ဒါပေမယ့်နောက်ဆုံးမှာ ပီကေကို အူမကြီးအထိရွေ့လျားရောပါသွားပြီး ဝမ်းအညစ်အကြေးတွေနဲ့အတူ စွန့်ထုတ်လိုက်မှာပါ။ အူနံရံမှာကပ်နေမှာတို့၊ တစ်သက်လုံးပြန်မထွက်တော့ဘူးလို့ကြောက်စရာအတွေးတွေ ဖိစီးနေဖို့ မလိုပါဘူး။ ဗိုက်ထဲမှာ ဘယ်လောက်ကြာမှာလဲ ပီကေကို မျိုချမိပြီးတဲ့အခါ အများအားဖြင့် တစ်ရက်၊နှစ်ရက်၊သုံးရက်လောက်ကြာမှပြန်စွန့်ထုတ်လာနိုင်ပေမယ့် သိပ်မကြာတဲ့သူတွေလည်းရှိပါတယ်။ လူတစ်ဦးချင်းစီရဲ့အစာခြေစနစ်အလုပ်လုပ်ပုံနဲ့ ဆိုင်ပါလိမ့်မယ်။ယေဘုယျတော့ ရက်ပိုင်းအတွင်းပဲ ကြာနိုင်ပါတယ်။ သီတင်းပတ်လည်းမချီဘူး၊ နှစ်နဲ့လည်းမချီနိုင်ပါဘူး။ အန္တရာယ်ရှိလား ပီကေဆိုတာ မျိုမချဘဲ ဝါးဖို့ပဲ စီမံထုတ်လုပ်ထားတာဖြစ်ပေမယ့် တစ်ခါတစ်လေတော့ မျိုချမိလည်း […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ဝမ်းမှာအချွဲတွေ ပါနေတာ ဘာကြောင့်လဲ

ကိုယ်ခန္ဓာတွင်းမှာ အချွဲတွေ ရှိနေတာသဘာဝပါပဲ။ ပုံမှန်အားဖြင့် တစ်ရှူးတွေကနေ အချွဲတွေထုတ်ပေးပြီး ဒီအချွဲတွေက ပါးစပ်၊ နှာခေါင်း၊ အသက်ရှူလမ်းကြောင်း၊ လည်ပင်း၊ အဆုတ်နဲ့ အူတို့ကို ကာကွယ်ပေးပါတယ်။ အရောင်အားဖြင့်တော့ အကြည်ရောင်ရှိပြီး အမျှင်ပါးပါးလေးသာ ဖြစ်ပါတယ်။ တစ်ခါတလေ ဖျားနာတာ၊ ပတ်ဝန်းကျင်က အဆိပ်သင့်စေတဲ့ အရာတွေ၊ စားသောက်မှုပုံစံကြောင့် အချွဲတွေက ပိုစေးပျစ်လာကာ အရောင်ပြောင်းတာမျိုး ဖြစ်နိုင်ပါတယ်။ ဝမ်းမှာ ဘာလို့အချွဲပါနေတာလဲ။ အူမကြီးကနေ ဝမ်းကို အဆင်ပြေချောမွေ့စွာ စွန့်ထုတ်နိုင်ဖို့ အချွဲနံရံတွေက ကူညီပေးပါတယ်။ ပုံမှန်ဝမ်းသွားတဲ့အချိန်မှာလည်း အချွဲတွေက ပါနိုင်ပေမယ့် သာမန်မျက်စိနဲ့ မြင်ရလောက်တဲ့အထိတော့ မများပါဘူး။ အရောင်အားဖြင့်တော့ အဝါရောင် သို့မဟုတ် အကြည်ရောင်ရှိပြီး ပမာဏအလွန်နည်းပါတယ်။ ဒါကတော့ ပုံမှန်ဖြစ်စဉ်ပါ။ စိတ်ပူဖို့ လိုအပ်တာက ဝမ်းသွားပြီး တစ်ရှူးနဲ့ သုတ်လိုက်တဲ့အချိန် အချွဲတွေပဲ တွေ့နေတာမျိုးပါ။ ရေဓာတ်ခမ်းခြောက်တာ၊ ဝမ်းချုပ်တာ၊ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အူမကြီးကို သန့်စင်ပေးနိုင်တဲ့ သဘာဝ ဖျော်ရည် (၅) မျိုး

အူမကြီး ကျန်းမာမှ ခန္ဓာကိုယ်က ရောဂါကင်းပြီး ကျန်းမာမှာပါ။ စားလိုက်တဲ့ အစာအာဟာရတွေကနေ လိုအပ်တဲ့ အာဟာရကို စုပ်ယူပြီးတဲ့အခါ မလိုအပ်တဲ့ အညစ်အကြေးတွေကို ခန္ဓာကိုယ်ပြင်ပကို စွန့်ထုတ်မှ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်က ဟန်ချက်ညီပြီး ကျန်းမာမှာပါ။ ဒီတော့ အူမကြီးက ကောင်းကောင်းအလုပ်လုပ်ဖို့ မလိုပေဘူးလား။ ဒီတော့ ခန္ဓာကိုယ်ကျန်းမာဖို့ လိုအပ်တဲ့ အူမကြီးကျန်းမာစေဖို့အတွက် အထောက်အကူပြုမယ့်နည်းလမ်းလေးပြောပြပေးပါရစေလား။ ဒါကတော့ အူမကြီးကို သန့်စင်ပေးနိုင်တဲ့ သဘာဝ ဖျော်ရည် လေးတွေ သောက်ပေးတာပါ။ အူမကြီး ဆိုတာ အူမကြီးက ခန္ဓာကိုယ်အတွက် ဘာတွေလုပ်ပေးလဲ........ အူမကြီးက အစာခြေစနစ်မှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ပါဝင်နေတဲ့ အူတွေရဲ့ အကြီးဆုံးအစိတ်အပိုင်းပါ။ စားလိုက်တဲ့ အစားအစာတွေထဲကပိုလျှံနေတဲ့ရေတွေ၊ ဆားတွေကို ထိန်းသိမ်းပေးထားပြီး အစာဟောင်းတွေကို စအိုဆီကိုပို့ဆောင်ပေးလို့ ခန္ဓာကိုယ်ပြင်ပကို မစင်အဖြစ်စွန့်ထုတ်စေဖို့ လုပ်ဆောင်ပေးတဲ့ အစိတ်အပိုင်းပါ။ အူမကြီး မကျန်းမာရင် အူမကြီးကောင်းကောင်းအလုပ်မလုပ်ရင် ဘာတွေဖြစ်လာနိုင်လဲ........ အူမကြီးကကောင်းကောင်းအလုပ်မလုပ်နိုင်တဲ့အခါ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ဝမ်းသွားပြီးနောက်ပိုင်း သွေးတစ်စက် တစ်စက်ကျနေတာ ဘာဖြစ်လို့လဲ ။

ဝမ်းသွားပြီး နောက်ပိုင်း စအိုကနေ သွေးတစ်စက်ပြီး တစ်စက်ကျလာတာ ပုံမှန် မဟုတ်ဘူးဆိုတာ လူတိုင်းသိမှာပါ။ အများစုသိကြတာကတော့ ဒီလို ဝမ်းသွားပြီး သွေးဆင်းရင် လိပ်ခေါင်းရှိနေတာ ဖြစ်နိုင်တယ်ဆိုတာပါ။ မှန်ပါတယ်။ ဝမ်းသွားပြီးနောက်ပိုင်းသွေးဆင်းတာဟာ လိပ်ခေါင်း ရောဂါရဲ့ အဓိက လက္ခဏာပါ။ ဒါပေမယ့် ဒီလို ဝမ်းသွားပြီး သွေးဆင်းတဲ့ပြဿနာဟာ လိပ်ခေါင်းရောဂါ တစ်ခုတည်းကြောင့် ဖြစ်တာတော့ မဟုတ်ပါဘူး။ သူ့ကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ ဘာတွေလဲဆိုတာ ဆက်ကြည့်လိုက်ရအောင် ။ ။ ဝမ်းသွားပြီးနောက်ပိုင်း သွေးဆင်းခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများ ။ ။ ဝမ်းသွားပြီးနောက်ပိုင်း သွေးဆင်းတဲ့ ပြဿနာကို အဖြစ်များတာ( common causes )နဲ့ အဖြစ်နည်းတာ ( rare causes ) ဆိုပြီး ၂ မျိုးခွဲလိုက်လို့ရပါတယ်။ ဝမ်းသွားပြီးနောက်ပိုင်း သွေးဆင်းခြင်းကို အဖြစ်များစေတဲ့ […]


ဝမ်းချုပ်ခြင်း

ဝမ်းချုပ်နေတဲ့အချိန် ဒါတွေစားရင် ပိုဆိုးစေနိုင်တယ်

ရေသောက်နည်းလို့၊ အညောင်းထိုင်တာများလို့ စတဲ့အကြောင်းရင်းတွေကြောင့် ဝမ်းချုပ်ကြတယ်။ ဝမ်းတစ်လုံးမကောင်းတော့လည်းခေါင်းခဲရ၊ အသားအရေညစ်၊ ဝက်ခြံတွေထွက်တာ လိုမျိုး ခန္ဓါကိုယ်မှာ သက်ရောက်မှုတွေဖြစ်လာနိုင်တော့ ဝမ်းမှန်အောင်ဂရုစိုက်သင့်ပါတယ်။ ဝမ်းပျော့ဆေးကို အလွယ်သောက်ကြပေမယ့် တကယ်တမ်းက ဆေးကိုအားကိုးတာထက် သဘာဝအလျောက်ဝမ်းမှန်တာပိုကောင်းပါတယ်။ ဒါပေမယ့် ဝမ်းမှန်ဖို့ကြိုးစားနေချိန်မှာ တချို့အစားအစာတွေကြောင့် ဝမ်းချုပ်ခြင်းကိုပိုဆိုးစေနိုင်ပါတယ်။ ဝမ်းချုပ်နေရင် ဒါတွေသိပ်မစားပါနဲ့လို့ အကြံပေးချင်ပါတယ်။ နို့ထွက်ပစ္စည်း မကြာခဏဝမ်းချုပ်တတ်တယ်ဆိုရင် အစားအသောက်ရွေးတဲ့နေရာမှာ ဂရုစိုက်ပေးပါ။ ဥပမာ ချိစ်နဲ့နွားနို့စားတာများလွန်းရင် ဝမ်းချုပ်တတ်ပါတယ်။ ဒါပေမယ့် နို့ထွက်ပစ္စည်းတွေကို လုံးဝရှောင်စရာမလိုပါဘူး။ ဒီလိုအချိန်မှာ နည်းနည်းလျှော့စားဖို့ပဲလိုတာပါ။ အစာခြေစနစ်အတွက်ကောင်းတဲ့ အကျိုးပြုဘက်တီးရီးယားတွေပါဝင်နေတဲ့ ဒိန်ချဉ်ကိုရွေးချယ်တာကောင်းပါမယ်။ အသင့်အမြန်စား အစားအစာတွေ အလုပ်တွေများလို့ လမ်းမှာအလွယ်စား၊ ဝယ်စားတတ်တာလား။ ရယ်ဒီမိတ်အစားအစာတွေက အဆင်ပြေလွယ်ကူတယ်၊ အချိန်ကုန်သက်သာတယ်ဆိုပေမယ့် ဆိုးကျိုးတွေကရှိနေပါတယ်။ သူတို့တွေအများစုက အစာခြေစနစ်နဲ့ဝမ်းမှန်စေဖို့အထောက်အကူပြုတဲ့ အမျှင်ဓါတ်တွေနည်းပါးပြီး ကျန်းမာရေးနဲ့မညီတဲ့အချက်တွေများပါတယ်။ အကြော်အလှော် ကြက်ကြော်၊ အာလူးကြော်စတဲ့ ဆီကြော်အစားအစာတွေက ဝမ်းချုပ်ခြင်းကိုပိုဆိုးစေနိုင်ပါတယ်။ အကြော်အလှော်တွေက အဆီများပြီးချေဖျက်ဖို့ခက်ခဲပါတယ်။ ဒီအစားအစာတွေက အူမကြီးထဲရွေ့လျားမှုနှေးစေပြီး သူ့ကို […]


အသည်းရောဂါများ

အသည်းရောဂါ ကူးစက်နိုင်ခြေများတဲ့အရာတွေ သင်ဘယ်နှမျိုး လုပ်မိနေသလဲ

အသည်းရောင်ရောဂါဆိုတာ ဗိုင်းရပ်စ်ပိုးတွေကြောင့်ဖြစ်လာတာပါ။ အသည်းရောင်ရောဂါဗိုင်းရပ်စ်ပေါင်းအများကြီးရှိပေမယ့် အဓိကအားဖြင့် အသည်းရောင်အေဗိုင်းရပ်စ်၊ ဘီဗိုင်းရပ်စ်နဲ့ စီဗိုင်းရပ်စ်တို့ကို အဖြစ်များပါတယ်။ အဲဒီအထဲက အသည်းရောင်အေပိုးဟာ အစာအိမ်ရောဂါဗိုင်းရပ်စ်နဲ့ လက္ခဏာဆင်တူတတ်ပြီး လပိုင်းအတွင်းကုသပျောက်ကင်းနိုင်ပါတယ်။ ဒါပေမယ့် ဘယ်အမျိုးအစားပဲဖြစ်ဖြစ်သေချာမကုသရင်နောက်ဆုံးမှာ နာတာရှည်အသည်းရောဂါဖြစ်လာနိုင်ပြီး အသည်းခြောက်ခြင်း၊ အသည်းကင်ဆာအထိဖြစ်လာနိုင်ပါတယ်။ ဒီတစ်ခါတော့ အသည်းရောင်ရောဂါအေပိုးကို ကူးစက်ရရှိနိုင်ခြေများစေတဲ့အရာတွေအကြောင်း သတိပေးချင်ပါတယ်။ ဘယ်လိုကူးစက်တတ်လို့လဲ အသည်းရောင်အသားဝါအေရောဂါကရောဂါပိုးပါနေတဲ့ အစားအသောက်တွေကတဆင့် ကူးစက်ပြန့်ပွားတတ်တာဖြစ်ပါတယ်။ရောဂါပိုးရှိသူနဲ့ နီးစပ်ထိတွေ့မှုကနေကူးနိုင်တယ်၊ရေမသန့်တာ၊ တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းတာတွေကြောင့် ကူးစက်ရရှိနိုင်ခြေပိုများတယ်။ နေ့စဉ်ဘဝမှာ ကူးစက်နိုင်ခြေများစေတဲ့ အရာတွေ အသီးအနှံတွေသေချာမဆေးတာ၊ရေမသန့်တာ အသည်းရောင်အသားဝါအေပိုးက အသီးအနှံတွေ၊ အသုပ်တွေစတဲ့ စားစရာတွေကနေ ပါလာတတ်လို့ မစားခင်သေချာစင်အောင်ဆေးပါ။ရေကိုလည်းရေသန့်သောက်ပါ၊ ကျိုချက်သောက်ပါ။ အခွံမာငါးတွေ အစိမ်းစားတာ အခွံမာငါးတွေနဲ့ပင်လယ်စာတွေဟာ ညစ်ညမ်းနေတဲ့ရေတွေထဲနေလာတာဖြစ်လို့ ကမာ၊ဂုံး၊ ခရုတွေကိုမချက်မပြုတ်ဘဲ အစိမ်းစားရင် ဒီရောဂါပိုးရရှိနိုင်ပါတယ်။ သေချာချက်ပြုတ်ပြီးစားတာအကောင်းဆုံးပါ။ လက်မသန့်တာ အသည်းရောင်အသားဝါအေ ဗိုင်းရပ်စ်က ခန္ဓါကိုယ်ပြင်ပမှာ လနဲ့ချီပြီးရှင်သန်နိုင်ပါတယ်။ အိမ်သာကအထွက်လက်ဆေးတာ၊ လက်သန့်ဆေးရည်သုံးတာ၊ အစာမစားခင်လက်ဆေးတာ အပါအဝင် တစ်ကိုယ်ရည်သန့်ရှင်းမှုရှိမှ အသည်းရောင်အေရောဂါပိုးကူးစက်မှုကို ကာကွယ်နိုင်မှာပါ။ မသန့်တဲ့သွေးနဲ့ ထိတွေ့မိတာ ရောဂါပိုးရှိတဲ့သွေးနဲ့ ခန္ဓါကိုယ်အရည်တွေက အသည်းရောင်အသားဝါ […]


ရင်ပူခြင်း၊ ရင်ခေါင်းအောင့်ခြင်း

ရင်ပူဗိုက်ဆာ ဖြစ်တတ်ရင် ဒါတွေစားနော်

အစာအိမ်ထဲက အက်စစ်တွေနဲ့အစာခြေရည်တွေက အစာမျိုပြွန်ထဲ ပြန်ဆန်တက်လာတဲ့အခါ ရင်ပူခြင်း (heartburn) ဆိုတာဖြစ်လာပါတော့တယ်။ နာမည်ကသာ heartburn ဆိုပေမယ့် နှလုံးနဲ့တော့မသက်ဆိုင်ပါဘူး။ လေချဉ်ပြန်တက်တဲ့အခါ အစာခြေရည်တွေပါလာတတ်တာ သတိထားမိမှာပေါ့။ ရင်တွေပူနေတယ် ရေတွေသောက်တယ်၊ရေခဲရေတွေသောက်တယ်၊ အချိုရည်သောက်တယ်၊ သကြားလုံးစားကြည့်တယ်၊ ဆာလို့များလားဆိုပြီး တခုခုထစားတယ်။ မရဘူး။ ဘယ်ရပါ့မလဲ။ ဒါနဲ့တင် ပျောက်သွားမှာမှမဟုတ်တာ။ အမှန်တော့ ရင်ပူရတာက အစာအိမ်ထဲကနဂိုရှိနေတဲ့အက်စစ်တွေကြောင့်ချည်းမှမဟုတ်တာ။ ကိုယ်စားလိုက်တဲ့ အစားအသောက်တွေကြောင့် ဖြစ်လာရတဲ့ အက်စစ်တွေရဲ့ပံ့ပိုးမှုလည်းပါတာ သေချာတာပေါ့။ အဲတော့ ရင်ပူတာကိုဆိုးစေမယ့် အပူအစပ်၊ ဆီကြော်အစားအစာ၊ ကော်ဖီ၊ အရက် စတာတွေကိုရှောင်ရပါမယ်။ ကဲ အခု ရင်ပူတာကို သက်သာစေမယ့် အစားအစာတွေအကြောင်း ပြောပြမယ်နော်။ ငှက်ပျောသီးနဲ့ ဖရဲသီး ငှက်ပျောသီးက အစာခြေရည်ပြန်ဆန်တက်တဲ့ဝေဒနာအတွက် တကယ်ကိုကောင်းတဲ့အသီးပါ။ ဖရဲသီး၊ သခွားမွှေး တို့လို melon မျိုးဝင် အသီးတွေလည်း စားလို့ရပါတယ်။ ကွေကာအုတ် ကွေကာအုပ်သောက်ရင် ရင်ပူတာသက်သာစေပြီး အမျှင်ဓါတ်ကြောင့် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း