အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ခန္ဓာကိုယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်က အရေးပါတဲ့ စနစ်တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကနေ အာဟာရစုပ်ယူဖို့ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက လုပ်ပေးမှ ရတာပါ။ ဒီလိုစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်တစ်ခု ဖြစ်ဖို့ ဘာတွေလုပ်လို့ရလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား

ဝမ်းလျှောလို့ ဓာတ်ဆားရည်သောက်လိုက်တာ ခုတော့ ဝမ်းပိတ်ရုံတင်မကဘူး။ ဝမ်းပါချုပ်သွားပြီလို့ ပြောတာ ကြားဖူးမှာပါ။ ဝမ်းချုပ်တာကို ဓာတ်ချုပ်တယ်လို့လည်း ပြောကြတော့ ဓာတ်ဆားရည်တွေ သောက်လိုက်လို့ ဝမ်းချုပ်သွားတာများလားလို့ တွေးတတ်ကြပါတယ်။ တကယ်ပဲ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်တွေမှာ ဘာတွေပါဝင်သလဲ။ ဓာတ်ဆားရည်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆားဓာတ်တွေ ဖြစ်တဲ့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်၊ ဂလူးကို့စ်၊ ရေ စတာတွေ ပါဝင်ပြီး ဒါတွေက နဂိုလည်း ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဓာတ်တွေပဲ ဖြစ်ပါတယ်။ ဒီဓာတ်တွေက ဝမ်းချုပ်တာနဲ့ မသက်ဆိုင်ပါဘူး။ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်က ဝမ်းချုပ်စေဖို့ မပြောနဲ့။ ဝမ်းပိတ်စေတဲ့ အာနိသင်တောင် မရှိပါဘူး။ ဟုတ်ပါတယ်။ ဝမ်းလျှောတဲ့အခါ ဓာတ်ဆားရည်သောက်တာက ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားဓာတ်ကို ဖြည့်ပေးတာပဲ ဖြစ်ပါတယ်။ ဝမ်းရပ်ဖို့ ဆိုတာက ကုသမှု တစ်ခုခု […]

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကို ရှာဖွေမည်။

ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

လေထိုးလေအောင့် ဖြစ်စေတာ ဒီအမူအကျင့်တွေကြောင့်နော်

ဗိုက်ပွတယ်၊ လေထိုးလေအောင့်ဖြစ်တယ် ဆိုတာ ရုတ်တရက်ခံစားရတတ်တဲ့ဝေဒနာဖြစ်ပြီး အတော်ခံရခက်ပါတယ်။ အစာစားပြီးခါစမှာလည်းဖြစ်တတ်တယ်၊ အဆာလွန်ရင်လည်း လေအောင့်တတ်တယ်။ အကြောင်းရင်းကျတော့ အဲဒါ အအေးစာတွေစားလို့ဖြစ်တာ၊ ဘာလို့၊ ညာလို့ ဆိုပြီး ပြောတတ်ကြသေးတယ်။ လေထိုးလေအောင့်ဖြစ်စေနိုင်တဲ့ အမူအကျင့်တွေက ဘာတွေလဲဆိုတာရော သိထားကြပြီလား။ တချို့ဟာတွေက သတိမထားမိလောက်ပေမယ့် နေ့စဉ်ဘဝမှာ အများဆုံးလုပ်မိလေ့ရှိတဲ့ အရာတွေနော်။ (၁) အစားကိုအမြန်စားမိတာ သူငယ်ချင်းတွေနဲ့ ဆိုင်မှာသွားစားတယ်၊ မောင်နှမတွေ အိမ်မှာအတူစားသောက်ကြတယ်ထား။ စကားပြောရင်း၊ လုစားကြရင်း အမြန်စားမိကြမှာပဲ။ တစ်ခါတလေ သိပ်ဆာနေတဲ့အချိန် ဒရောသောပါး စားမိတတ်ကြပါတယ်။ အရသာတောင်သိပ်မခံလိုက်မိတာမျိုး။ အဲဒီအချိန်မှာ လေတွေပါမျိုချမိနိုင်တာကြောင့် ဗိုက်ထဲလေပွတာ၊ လေထိုးတာ တွေဖြစ်နိုင်တယ်နော်။ (၂) အချိုရည်ကို ပိုက်နဲ့သောက်တာ အချိုရည်သောက်ပြီဆို ဘူးမှာဖြစ်ဖြစ်၊ အအေးခွက်မှာဖြစ်ဖြစ် ပိုက်ကလေးနဲ့သောက်ကြရတာပဲ။ တော်တန်ရုံက ဘာမှသိပ်မဖြစ်ပေမယ့် သောက်တာများရင်တော့ သောက်လိုက်တိုင်း ဝင်သွားတဲ့လေတွေစုပြီး လေပွစေမှာပေါ့။ လေတက်ရင်၊ လေလည်ရင်တော့ ဝေဒနာသက်သာတာပေါ့။ (၃) ရေသိပ်မသောက်တာ ရေဓါတ်အလုံအလောက်မဖြည့်ပေးရင် […]


အစာအိမ်အက်ဆစ်ရည်ပြန်ဆန်တက်ခြင်း

စိတ်ဖိစီးလို့ ဗိုက်အောင့်တာ ဒီတိုင်းကြိတ်ခံနေတော့မလား

တစ်ခုခုကြောင့် စိတ်တိုဒေါသထွက်တဲ့အခါ၊ စိတ်ညစ်သွားရတဲ့အခါ စိတ်ဖိစီးနေတဲ့အခါ ဒါမှမဟုတ် စိတ်အရမ်းလှုပ်ရှားနေတဲ့အခါ ရင်တွေတုန်လာတယ်၊ ရင်ပူလာတယ်၊ မောတယ် ဆိုတာဖြစ်လေ့ရှိတဲ့ အရာတွေပါ။ ဒါပေမယ့် တချို့တွေမှာ အခန့်မသင့်ရင်၊ အထူးသဖြင့် အစာခြေစနစ် သိပ်မကောင်းတဲ့သူတွေမှာ ချက်ချင်းဗိုက်ထဲပူလောင်မှုဝေဒနာခံစားရပြီး၊ စူးခနဲအောင့်တာမျိုး ဖြစ်တတ်ပါတယ်။ ဥပမာ ပါးလှပ်နေတဲ့ ပိုက်ဆံအိတ်ကိုဖွင့်ကြည့်မိရင်လည်း ရင်ထဲပူလောင်လာရော မဟုတ်လား။ စိတ်ဖိစီးမှုကြောင့် အစာအိမ်မှာညှစ်ထားသလိုခံစားရပြီး ရင်ခေါင်းနားမှာပူနေပါရော။ ရင်ခေါင်းတွေတောင့်ပြီး အစာလည်းမကြေတော့ဘူး။ အရင်တည်းက ရင်ပူနာဖြစ်တတ်တဲ့သူ၊ ဖြစ်ဖူးတဲ့သူဆို စိတ်ဖိစီးမှုကြောင့် လက္ခဏာပိုဆိုးစေနိုင်ပါတယ်။ ရင်ပူနာဆိုတာ အစာခြေရည်ပြန်ဆန်တက်တဲ့ Acid Reflux ရောဂါရဲ့လက္ခဏာတစ်ခုဖြစ်နေလို့ပါ။ ဘယ်အချိန်မှာဖြစ်လဲဆိုတော့ အစာခြေအက်စစ်တွေက အစာရေမျိုထဲကို ပြန်တက်လာတဲ့အခါမှာပေါ့။ စားချလိုက်တဲ့ အစာက အစာအိမ်ထဲရောက်တာနဲ့ ခန္ဓါကိုယ်က ချေဖျက်ဖို့အက်စစ်ထုတ်ပေးပါတယ်။ အဲဒီအက်စစ်က အစာအိမ်ထဲမှာရှိတဲ့အခါမှာ ဘာမှမဖြစ်ပေမယ့် အစာရေမျိုထဲရောက်တဲ့အခါ လောင်ပါတော့တယ်။ ဒီဝေဒနာတွေဖြစ်လာရင်တော့ ကယ်နိုင်တာက အမြန်သက်သာစေနိုင်တဲ့ အစာအိမ်လေဆေးတွေဖြစ်ပါတယ်။ ဖြစ်တာကြာလာရင်တော့ […]


လိပ်ခေါင်းရောဂါများ

အိမ်သာတက်ရင်း ဖုန်းသုံးတဲ့သူတွေ လိပ်ခေါင်းဖြစ်နိုင်ခြေ ပိုများ

ခဏလေးပါပဲ ဆိုပြီး အိမ်သာသွားတက်ရာကနေ ဖုန်းပွတ်တာ ကြာလို့ကြာမှန်းမသိ ဖြစ်သွားတာမျိုး ကြုံဖူးကြမှာပါ။ ဒီလိုမျိုးလုပ်တာ တစ်ခါတစ်လေဆို ပြဿနာမရှိပေမဲ့ နေ့တိုင်းလိုလို အိမ်သာဖြောင့်ဖြောင့်မသွားဘဲ ဖုန်းအကြာကြီးထိုင်သုံးနေမယ်ဆိုရင်တော့ လိပ်ခေါင်းဖြစ်နိုင်ခြေ ပိုများနိုင်တယ်ဆိုတာ သတိထားဖို့တော့ လိုမယ်နော်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ အထူးသဖြင့် လူငယ်တော်တော်များများက ဖုန်းသုံးတဲ့အခါ ကျန်တဲ့ကိစ္စတွေကို မေ့သွားတတ်ကြပါတယ်။ အဲ့တော့ အထဲမှာထိုင်ပြီး ဖုန်းလေးပွတ်လိုက်၊ ဖေ့စ်ဘွတ်ခ်မှာ လျှောက်ကြည့်လိုက်၊ ဗွီဒီယိုဘက်ရောက်သွားလိုက်နဲ့ ကိုယ့်ကိစ္စပြီးသွားတာတောင် အပြင်ထွက်လာဖို့ မေ့နေကြတာပေါ့။ ဒီလိုမျိုး အိမ်သာဘိုထိုင်ခွက်ပေါ်မှာ အချိန်အကြာကြီး ထိုင်တဲ့အကျင့်ကြောင့် ကိုယ့်ရဲ့ စအိုမှာဖိအားသက်ရောက်မှုပိုများပြီး လိပ်ခေါင်းဖြစ်နိုင်ခြေ ပိုများနိုင်ပါတယ်။ တစ်ဘက်ကနေ ကြည့်ရင်လည်း အိမ်သာဆိုတာ အညစ်အကြေးပေါင်းစုံ စွန့်ပစ်ရာနေရာဖြစ်တဲ့အတွက် ဘက်တီးရီးယားပိုးတွေဆိုတာ လေထုထဲမှာ အပြည့်ပါပဲ။ ကိုယ်က အိမ်သာထဲမှာ ကြာကြာနေလေ အဲ့ဒီဘက်တီးရီးယားတွေက ကိုယ့်ရဲ့ အသက်ရှူလမ်းကြောင်းနဲ့ ပြင်ပ ခန္ဓာကိုယ်ပေါ်မှာပါ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ဒါတွေကြောင့် ကြို့ထိုးရတာပါ။ ။

ကြို့ထိုးတာနဲ့ စိမ်းတဲ့သူ ရှိမယ် မထင်ပါဘူး။ ကြို့ထိုးတယ်ဆိုတာ လူကိုလည်း ပင်ပန်းစေပြီး နေရလည်း ခက်စေတဲ့ အရာတစ်ခုပါ။ ခက်တာက သူ့ဘာသူ ဖြစ်ချင်တဲ့အချိန်ဖြစ် ပျောက်ချင်တဲ့အချိန် ပျောက်နေတော့ ကိုယ်က လိုက်ပြီး ထိန်းချုပ်လို့ မရတာကတော့ စိတ်ပျက်စရာပါ။ ကြို့ထိုးတယ်ဆိုတာ ဖြစ်တတ်တဲ့ သဘာဝတစ်ခုဖြစ်ပေမယ့် တစ်ချို့ရောဂါ ကြီးကြီးမားမား အခံကြောင့်လည်း ကြို့ထိုးနိုင်ပါတယ်။ ဒီတော့ ကြို့ထိုးတာကို ဖြစ်စေတဲ့ အကြောင်းတွေကို သိဖို့လိုလာပြီပေါနော် ။ ။ ကြို့ထိုးတာ ဘယ်လိုဖြစ်ပေါ်လာတာလဲ ။ ။ ကြို့ထိုးတာဟာ အသက်ရှူတဲ့ အချိန်မှာ အလုပ်လုပ်ရတဲ့ ရင်ဝမ်းခြားကြွက်သား ညှစ်လွန်းအားကြီးလို့ဖြစ်ရတာဖြစ်ပြီး တစ်ခါညှစ်တိုင်း အသံအိုးကို သွားသွားပိတ်လို့ “အစ်” ဆိုတဲ့ အသံလေးထွက်တာဖြစ်ပါတယ်။ ကြို့ထိုးခြင်းကို ဖြစ်စေတဲ့အကြောင်းတွေ ။ ။ ကြို့ထိုးခြင်းကို ဖြစ်စေတဲ့အကြောင်းတွေကို ဒီလို ခွဲလိုက်ကြရအောင်။ တစ်ချို့သူတွေ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

လေနဲ့ ဝမ်းနဲ့ မကွဲရတာ ဘာ့ကြောင့်လဲ ။ ။

အစာခြေစနစ်နဲ့ သက်ဆိုင်တဲ့ ပြဿနာတွေထဲမှာ ဝမ်းလျှောတာ၊ ဝမ်းချုပ်တာ ၊ လေအောင့်တာ အပြင် လေနဲ့ဝမ်းနဲ့ မကွဲတာလည်း ရှိတတ်ပါသေးတယ်။ ။ လေလည်တယ်ဆိုတာ ကျန်းမာတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းရဲ့ သင်္ကေတပါ။ လေလည်တာဟာ စကားပြောရင်း၊ အစားစားရင်း လေကိုမျိုချမိတာ၊ ပီကေဝါးတာ၊ ဆေးလိပ်သောက်တာကနေဖြစ်လာရတဲ့ သဘာဝဖြစ်စဉ်တစ်ခုပါ။ လေမလည်ရင် ကျန်းမာရေးအတွက် မကောင်းဘူးဆိုရလောက်အောင် လေလည်ခြင်းက အူလမ်းကြောင်းအတွက် အရေးကြီးပါတယ်။ အမှန်ဆို လေလည်တဲ့အချိန် လေပဲပါရမှာ ဝမ်းပျော့ပျော့လေးပါသွားရင်တော့ ပုံမှန် မဟုတ်တာတစ်ခုခုတော့ဖြစ်တာသေချာနေပါပြီ။ ဒါမျိုး ဘာ့ကြောင့်ဖြစ်ရလဲ ။ လေနဲ့ဝမ်းနဲ့ မကွဲတဲ့ အကြောင်းအရင်းတွေက ဘာ့ကြောင့်လဲ ။ ။ အူလမ်းကြောင်းပိုးဝင်ခြင်း။ ။ မသန့်ရှင်းတဲ့ အစားအသောက်တွေ စားမိတဲ့အခါမျိုးမှာ အစာအိမ်နဲ့အူလမ်းကြောင်းထဲ ဗိုင်းရပ်စ်နဲ့ ဘက်တီရီးယားပိုးတွေဝင်လာတဲ့အခါ၊ အူလမ်းကြောင်းရောင်ရမ်းပြီး အစာတွေက အစာအိမ်နဲ့ အူလမ်းကြောင်းကို မြန်မြန်ဖြတ်သွားပြီး ဝမ်းလျှောတာတွေ ဖြစ်တတ်ပါတယ်။ […]


ဝမ်းချုပ်ခြင်း

ဘယ်အချိန်မှာ ဝမ်းပျော့ဆေး သောက်သင့်လဲ

ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်တွေညီညွတ်မျှတမှာ ခန္ဓါကိုယ်ကကျန်းမာတာပါ။ ကားတစ်စီးကောင်းကောင်းမောင်းနိုင်ဖို့ ဆီ၊ရေ၊လေ၊ဝိုင်ပြည့်စုံဖို့လိုအပ်သလို လူတစ်ယောက်ကျန်းမာဖို့အတွက်ဆိုရင်လည်း ဆီး၊ဝမ်း၊လေမှန်ဖို့လိုပါမယ်။ လူတစ်ယောက်ဟာနေ့စဉ် အာဟာရမျှတအောင်စားရမယ်၊ အိပ်ချိန်ပြည့်ပြည့်ဝဝအိပ်ရမယ်။ ဆီး၊ဝမ်းပုံမှန်စွန့်ရပါမယ်။ ပုံမှန်အားဖြင့်တော့ ခန္ဓါကိုယ်က သူ့ရဲ့ ဇီဝကမ္မလုပ်ငန်းစဉ်တွေကို စည်းချက်ညီညီနဲ့လည်ပတ်နေစေတာပါ။ ဒါပေမယ့် ဒီလုပ်ငန်းစဉ်တွေထဲက တစ်ခုမှာလိုအပ်ချက်ရှိသွားပြီဆိုရင်တော့ အခြားဖြစ်စဉ်တွေမှာပါ သွားထိခိုက်တော့တာပါပဲ။ ဝမ်းချုပ်ခြင်း ဝမ်းချုပ်တယ်ဆိုတာက လူတိုင်းလိုလိုကြုံတွေ့နေရတဲ့ ကျန်းမာရေးပြဿနာတစ်ခုပေါ့။ လူတစ်ယောက်က တစ်နေ့ကို တစ်ခေါက်ဝမ်းပုံမှန်သွားရမယ်တော့မဟုတ်ပါဘူး။ ဒါပေမယ့် အနည်းဆုံး နှစ်ရက်တစ်ခါလောက်တော့ ပုံမှန်ဝမ်းသွားနေဖို့လိုအပ်မှာပါ။ ဝမ်းချုပ်တယ်ဆိုတဲ့နေရာမှာလည်း ဝမ်းလုံးဝမသွားဘဲ ဗိုက်ထဲမှာတင်းတောင့်တောင့်ကြီးဖြစ်နေတာမျိုးဖြစ်နိုင်သလို ဝမ်းသွားတဲ့အခါ ခက်ခက်ခဲခဲသွားရတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဝမ်းချုပ်တဲ့အခါ ခန္ဓါကိုယ်မှာညောင်းညာကိုက်ခဲတာ၊ အရေပြားမှာ အဖုအပိမ့်တွေဖြစ်တာ၊နေရထိုင်ရတာ မအီမသာဖြစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ ဒီအချက်တွေကြောင့် ဝမ်းချုပ်နိုင်ပါတယ် ဝမ်းချုပ်ရတဲ့အကြောင်းအရင်းကတော်တော်လေးတော့များပါတယ်။ သင့်အနေနဲ့အခုပြောပြတဲ့အချက်လေးတွေကိုလုပ်မိနေတာကြောင့်လည်း ဝမ်းချုပ်တာမျိုးဖြစ်နိုင်ပါတယ်။ အမျှင်ဓါတ်လုံလောက်လောက်မစားသုံးမိတာ - ဒါကတော့ ဝမ်းချုပ်တာကိုအများဆုံးဖြစ်စေနိုင်တဲ့အကြောင်းရင်းပါ။ လူတစ်ယောက်အနေနဲ့ ဝမ်းမှန်ဖို့ဆိုရင် တစ်နေ့ကို အမျှင်ဓါတ်၁၈ ဂရမ်စားသုံးမိဖို့လိုပါမယ်။ အမျှင်ဓါတ်ကအစာကြေခဲပြီး အူမကြီးထဲမှာကျန်ရှိနေတဲ့အတွက် ဝမ်းသွားစေဖို့ လှုံ့ဆော်ပေးပြီး အူမကြီးကို […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

လေလည်ချင်တာ အောင့်ထားလိုက်ရင် ဘာဖြစ်မှာလဲ

လူကြားထဲလေလည်တာမကောင်းဘူး၊လေထုညစ်ညမ်းတယ်(နံတယ်ပေါ့)၊ ယဉ်ကျေးမှုမရှိဘူး စတာတွေပြောကြတယ်။ အိမ်မှာ လူကြီးတွေပြောကြတာတော့ မိန်းကလေးကလေလည်စရာလားတဲ့။ ဒိုးခပါပဲ။လေလည်တာက လူတိုင်းဖြစ်တတ်တဲ့(လူသိသိ မသိသိ) ကျန်းမာရေးအလေ့အထနော်။ ကဲ ဒီအသံတွေကိုကြောက်လို့၊ သူများနှာခေါင်းရှုံ့မှာစိုးလို့လေလည်တာကိုအောင့်ထားလိုက်မယ်ဆိုရင် ဘာဆက်ဖြစ်မလဲသိလား။ သင်သတိမထားမိလောက်ပေမယ့် ခန္ဓါကိုယ်ထဲကပြန်ထွက်ချင်နေတဲ့လေကအောက်ကနေမထွက်ရတဲ့အခါ ပါးစပ်ကပြန်ထွက်လာနိုင်ပါတယ်။ လေမလည်ဘူးဆိုရင် ခန္ဓါကိုယ်ထဲမှာရှိနေတဲ့လေတွေကိုပြန်စုပ်ယူပြီး အသက်ရှူထုတ်တဲ့အထဲ ပါသွားစေတဲ့ဖြစ်စဉ်အကြောင်းကိုUniversity of Newcastle ပါမောက္ခ ကလဲရ်ကောလင်းစ် ကထောက်ပြခဲ့ပါတယ်။ ဒီတော့လေလည်ချင်တာအောင့်ထားလိုက်လို့ပျောက်သွားတယ်ဆို အဲဒီလေက သင့်ပါးစပ်ကနေပြန်ထွက်သွားပါလိမ့်မယ်နော်။ ပါးစပ်ကထွက်တယ်ဆို လေလည်သံလည်းမမြည်၊ အနံ့လည်းမနံတော့ မဆိုးဘူးပေါ့နော် လို့ သူကပြောပါတယ်။ "လေလည်တာကို ကြာကြာအောင့်ထားလိုက်ရင် အူလမ်းကြောင်းမှာ စုနေတဲ့လေတွေက နောက်ဆုံးမှာ ထိန်းမရအောင် ကန်ထွက်တော့တာပဲ။" ထိန်းမရတဲ့အခါ ေလလည်သံကျယ်ကျယ်နဲ့ ဝုန်းခနဲပေါက်ကွဲနိုင်သလို ဗိုက်အောင့်တာလည်းဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့်လေလည်ချင်နေပြီဆိုရင် ဖွင့်ချလိုက်ပါ။ လူရှင်းတဲ့နေရာကို လစ်တာပဲဖြစ်ဖြစ်၊ အိမ်သာထဲပြေးတာဖြစ်ဖြစ် မသိမသာလေးဖြေရှင်းလိုက်ပါ။အောင့်ထားလိုက်လို့ အန္တရာယ်ကြီးကြီးမားမားမဖြစ်ပေမယ့်နေရခက်တာ၊လေထိုးလေအောင့်တာတွေဖြစ်နိုင်တာကိုး။ အမှန်တော့ လေလည်တယ်ဆိုတာက အစာကို ဖြိုခွဲပြီး ချေဖျက်ဖို့ ခန္ဓါကိုယ်က ကြိုးစားတဲ့အခါ သဘာဝအလျောက်တုံ့ပြန်မှုတစ်ခုပါပဲ။ ကိုယ်စားချလိုက်တဲ့အစားအသောက်ေတွကို အစာအိမ်နဲ့ […]


အသည်းရောဂါများ

အသည်းအတွက် အကောင်းဆုံးနဲ့ အဆိုးဆုံး အစားအသောက်များ

လူတွေများ သူတို့စားချင်ပြီဆို အစာလည်းဆေး၊ ဆေးလည်းအစာလို့ပြောကြတယ်။ ဒါကတည့်တယ် စားလို့ရတယ်၊ အသည်းအတွက်ကောင်းတယ်၊ အဆုတ်အတွက်ကောင်းတယ်နဲ့။ ကိုယ်ကြိုက်တဲ့အစားအစာတွေကို ဒီလိုပဲစိတ်ဖြေ၊ နာမည်ကောက်တပ်ပြီး စားပစ်လိုက်တာပဲ။ ကိုယ်သည်သာ ကိုယ့်ဆရာဝန်ပဲ။ ဟုတ်တယ်မလား တော်တော်များများ။ ဘယ်အစားအစာက ဘယ်အတွက် ကောင်းကျိုးပြုတာလဲ၊ ဆိုးကျိုးပြုတာလဲ တကယ်ရော သိပြီလား။ အချိန်ယူပြီး သုတေသနပြု၊ လေ့လာထားကြတဲ့ အထောက်အထားတွေကို အခြေခံတဲ့ ကျန်းမာရေးအကြံပြုချက်တွေကို ရှာဖတ်ပါလေ။ ယုံကြည်စိတ်ချရတဲ့အရင်းအမြစ်တွေဆီကပေါ့။ အွန်လိုင်းမှာရေးသမျှ ဆေးမြီးတိုတွေကို မဆိုလိုပါဘူးနော်။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ အားလုံးအတွက် အစားအသောက်တွေ ရှာဖွေခွဲခြမ်းပြရရင် ဆုံးမှာကိုမဟုတ်လို့ ဒီတစ်ခါတော့ အသည်းအတွက် အကောင်းဆုံးနဲ့ အဆိုးဆုံးအစားအစာတွေ ပြောပြပေးပါမယ်။ တစ်ခုချင်းစီမှာပဲ ရှင်းပြထားမှာမို့လို့ ဘယ်ဟာက ဘာဖြစ်မလဲ ဝင်ဖတ်ကြည့်လိုက်ဦးနော်။ အုတ်ဂျုံ အမျှင်ဓာတ်များတဲ့အစားအစာတွေက အသည်းရဲ့လုပ်ဆောင်ချက်ကို အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ မနက်စာတည်းက အုတ်ဂျုံနဲ့တစ်နေ့တာကို အစပြုရတာ ကောင်းပါတယ်။ သုတေသနတွေအရ အုတ်ဂျုံဟာ […]


ဝမ်းချုပ်ခြင်း

သင် ဝမ်းချုပ် တတ်ပါသလား။ ဘယ်လိုကာကွယ်ရမလဲဆိုတာရော သိပြီလား။

ဝမ်းချုပ်တယ်ဆိုတာ လူတိုင်းနဲ့ မစိမ်းတဲ့ အသုံးအနှုန်းတစ်ခုပါ။ လူတွေသတ်မှတ်ထားကြတာကတော့ တစ်နေ့ တစ်ခါ အိမ်သာသွားရင် ဝမ်းမှန်တယ်လို့ဆိုပါတယ်။ ဒါပေမယ့် တစ်ရက်ခြားတစ်ခါ၊ နှစ်ရက်နေမှတစ်ခါ အိမ်သာသွားတဲ့ သူတွေလည်း ရှိပါတယ်။ ဒါဆို သူတို့တွေကို ဝမ်းချုပ် တယ်လို့ ပြောလို့ရပါသလား။ ဝမ်းချုပ် တယ် မချုပ်ဘူးဆိုတာကို ဘယ်လိုအချက်တွေနဲ့ ဆုံးဖြတ်လဲ။ ။ တစ်ရက်တစ်ခါ အိမ်သာမသွားတာနဲ့ပဲ ဝမ်းချုပ်နေတယ်လို့ပြောလို့ရမရပါဘူး။ တစ်ရက်ခြားတစ်ခါ၊ နှစ်ရက်နေမှတစ်ခါ အိမ်သာသွားတဲ့သူတွေလည်း အများကြီးပါ။ သူတို့အတွက်တော့ ရက်ခြားသွားနေရတာ ပုံမှန်လိုတောင်ဖြစ်နေပါပြီ။ တစ်ရက်တစ်ခါ ဝမ်းမသွားလို့ သူတို့ကို ဝမ်းချုပ်နေပြီလို့ပြောလို့မရပါဘူး။ ဒါဆို ဘယ်နှစ်ရက်လောက်နေမှ ဝမ်းသွားတာကို ဝမ်းချုပ်တယ်လို့ခေါ်သလဲ။ ဝမ်းချုပ်တာကို ဘယ်လိုအချက်တွေနဲ့ ဆုံးဖြတ်လဲဆိုတာ ဆက်ကြည့်ရအောင်။ တစ်ပတ်လုံးနေမှ ဝမ်းသွားတာ ၃ကြိမ်တောင် မပြည့်ဘူး။ အိမ်သာသွားတဲ့ အချိန်မှာ အူက သူ့အလိုလို နာလာတာမျိုးမရှိဘဲ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ဝမ်းထဲသွေးပါ ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းများ။

အားလုံး ဝမ်းမချုပ်ဘူးတဲ့သူ မရှိဘူးလို့ထင်ပါတယ်။ ဝမ်းချုပ်တဲ့ ပြဿနာဟာ တကယ်ကို စိတ်ရှုပ်ရတဲ့ ပြဿနာတစ်ခုပါ။ ဝမ်းထဲသွေးပါ ရင် ပိုလို့တောင် အထိတ်တလန့် ဖြစ်ရပါသေးတယ်။ ဘာများဖြစ်နေပြီလဲ စိုးရိမ်ရလားဆိုပြီးတော့ပေါ့။ ဒါကြောင့် ဒီဆောင်းပါးလေးထဲမှာ ဝမ်းထဲ သွေးပါခြင်းကို ဖြစ်စေတဲ့ အကြောင်းအရာတွေ ပြောပြပေးတော့မှာပဲ ဖြစ်ပါတယ်။ ဝမ်းထဲသွေးပါ တာ နှစ်မျိုးရှိပါတယ်။ လတ်လတ်ဆတ်ဆတ် သွေးအနီရောင်တွေ ဝမ်းထဲပါတာ၊ သွေးဝမ်းလို့ခေါ်ကြတဲ့ ဝမ်းမည်းမည်းတွေ ဆိုပြီး နှစ်မျိုးရှိပါတယ်။ ဒီလို ၂ ခုကွဲသွားရခြင်းရဲ့ အကြောင်းအရင်းကတော့ ရောဂါ ဖြစ်တဲ့နေရာ မတူလို့ပဲ ဖြစ်ပါတယ်။ အူသိမ်အပေါ်ပိုင်း အစာခြေလမ်းကြောင်းကထွက်တဲ့ သွေးတွေဟာ အစာအိမ်ထဲက အက်ဆစ်နဲ့ ဓာတ်ပြုပြီး ဝမ်းမည်းမည်းတွေ ဖြစ်သွားလေ့ရှိပါတယ်။ သွေးအနီရောင် လတ်လတ်ဆတ်ဆတ်ကကျတော့ အူသိမ်အောက်ပိုင်း အစာခြေစနစ်မှာ ပြဿနာတစ်ခုခုရှိနေတာကြောင့် ထွက်လာတဲ့ သွေးတွေပါ။ ဒီတော့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း