အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ခန္ဓာကိုယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်က အရေးပါတဲ့ စနစ်တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကနေ အာဟာရစုပ်ယူဖို့ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက လုပ်ပေးမှ ရတာပါ။ ဒီလိုစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်တစ်ခု ဖြစ်ဖို့ ဘာတွေလုပ်လို့ရလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား

ဝမ်းလျှောလို့ ဓာတ်ဆားရည်သောက်လိုက်တာ ခုတော့ ဝမ်းပိတ်ရုံတင်မကဘူး။ ဝမ်းပါချုပ်သွားပြီလို့ ပြောတာ ကြားဖူးမှာပါ။ ဝမ်းချုပ်တာကို ဓာတ်ချုပ်တယ်လို့လည်း ပြောကြတော့ ဓာတ်ဆားရည်တွေ သောက်လိုက်လို့ ဝမ်းချုပ်သွားတာများလားလို့ တွေးတတ်ကြပါတယ်။ တကယ်ပဲ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်တွေမှာ ဘာတွေပါဝင်သလဲ။ ဓာတ်ဆားရည်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆားဓာတ်တွေ ဖြစ်တဲ့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်၊ ဂလူးကို့စ်၊ ရေ စတာတွေ ပါဝင်ပြီး ဒါတွေက နဂိုလည်း ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဓာတ်တွေပဲ ဖြစ်ပါတယ်။ ဒီဓာတ်တွေက ဝမ်းချုပ်တာနဲ့ မသက်ဆိုင်ပါဘူး။ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်က ဝမ်းချုပ်စေဖို့ မပြောနဲ့။ ဝမ်းပိတ်စေတဲ့ အာနိသင်တောင် မရှိပါဘူး။ ဟုတ်ပါတယ်။ ဝမ်းလျှောတဲ့အခါ ဓာတ်ဆားရည်သောက်တာက ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားဓာတ်ကို ဖြည့်ပေးတာပဲ ဖြစ်ပါတယ်။ ဝမ်းရပ်ဖို့ ဆိုတာက ကုသမှု တစ်ခုခု […]

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကို ရှာဖွေမည်။

လိပ်ခေါင်းရောဂါများ

လိပ်ခေါင်းရှိနေရင် ဘယ်လို အစားအသောက်တွေ ရှောင်သင့်လဲ။ ။

လိပ်ခေါင်းထွက်တယ်ဆိုတဲ့ ပြဿနာဟာ တစ်ကယ်ကို နေရထိုင်ရ ခက်ပြီး သက်တောင့်သက်တာ မရှိစေတဲ့ ရောဂါတစ်ခုပါ။ လိပ်ခေါင်းထွက်ရတဲ့ အကြောင်းအရင်းကတော့ အားလုံးသိကြတဲ့အတိုင်း ဝမ်းချုပ်တာကြောင့် အများအားဖြင့် ဖြစ်ရတာပါ။ ဒီတော့ ဝမ်းချုပ်စေတဲ့ အကြောင်းအရာ အာလုံးဟာ လိပ်ခေါင်းထွက်စေတဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ ဒီအထဲမှာ အစားအသောက်က အရေးကြီးဆုံးပါ။ ဝမ်းမှန်စေတဲ့ စားသောက်မှုပုံစံမျိုး ကိုယ့်မှာ မရှိတာကြောင့် ဝမ်းချုပ်သွားခဲ့ရင် လိပ်ခေါင်းအပြင် နောက်ဆက်တွဲဖြစ်နိုင်တဲ့ ရောဂါတွေက အများကြီးပါ။ ကိုယ့်ရဲ့ နေထိုင် စားသောက်မှု ပုံစံက လိပ်ခေါင်းမဖြစ်အောင် ကာကွယ်တဲ့နေရာမှာ အရေးကြီးသလို လိပ်ခေါင်းဖြစ်နေတဲ့သူတွေမှာလည်း ဖြစ်နေတဲ့ လိပ်ခေါင်းပိုဆိုး မသွားအောင် ရှောင်သင့်တဲ့ အစားအသောက်တွေ ရှိပါတယ်။ လိပ်ခေါင်းရောဂါဖြစ်နေတဲ့သူတွေ ရှောင်သင့်တဲ့ အစားအစာများ ။ ။ ကဖင်းပါတဲ့ အစားအသောက်တွေ - ကော်ဖီတို့ လက်ဖက်ရည်တို့၊ အားဖြည့်အချိုရည်တို့မှာပါတဲ့ […]


အသည်းရောဂါများ

အသည်းရောင် အသားဝါ B ပိုးရှိနေပြီလား။ ဒီအချက်တွေ ကို သိထားပြီး လိုက်နာသင့်တယ်နော်။

အသည်းရောင် အသားဝါ B ပိုးဆိုတာ အသံတိတ် လူသတ်သမား အုပ်စုမှာပါတဲ့ အဖွဲ့ဝင်တစ်ယောက်ပါ။ သူရှိကြောင်း လက္ခဏာတွေ သိပ်မပြတာကြောင့် သွေးစစ်ကြည့်မှ ရှိနေမှန်းသိသလို၊ တချို့ ကံမကောင်းရင်တော့ ရောဂါတော်တော်ကျွမ်းမှပဲ B ပိုး ရှိနေကြောင်း သိကြတာများပါတယ်။ ဖြစ်ချိန်တန်ရင် ဖြစ်ကိုဖြစ်လာတဲ့ ရှောင်လွဲလို့ မရတဲ့ ကံတရားကလည်း ရှိနေတော့ မတော်တဆ ကိုယ့်မှာ အသည်းရောင် အသားဝါ B ပိုးရှိနေပြီဆိုပါတေ့ာ။ ရှေ့လျှောက် ပိုမဆိုးလာအောင် ထိန်းဖို့၊ B ပိုးကို အနိုင်တိုက်ဖို့ အခြေအနေ ရောက်သွားပြီဆိုရင်တော့ ဒါတွေ သိထားဖို့ လိုလာပါပြီ ။ အသည်းရောင် အသားဝါ B ပိုးရှိသူတိုင်း သိထားသင့်တဲ့ အချက်တွေ  ၁ - ကိုယ့်ရဲ့ ပိုးကောင်းရေ များလာလား၊ နည်းသွားလား ပုံမှန် သွေးစစ်ပါ။ ဘယ်သူမှတော့ ကိုယ့်အသားကို […]


ရင်ပူခြင်း၊ ရင်ခေါင်းအောင့်ခြင်း

ရင်ပူ နေသူတွေအတွက် ဓါတ်စာ

စိုးရိမ်စိတ်ကြောင့်ဖြစ်တဲ့ရင်ပူမှုမဟုတ်ပါဘူး။ အယ်လ်ကိုဟောပါတဲ့သောက်စရာနဲ့ အစားအသောက်တွေကြာင့်ဖြစ်တဲ့ ရင်ပူမှုအကြောင်းလေးပြောချင်တာပါနော်။ မတည့်တာတွေကို မတည့်မှန်းသိပေမယ့် စားလိုက်မိတယ်၊ပြီးမှ အစာမကြေဘူး။ ရင်ထဲကပူတယ်ဆိုပြီးဖြစ်တတ်တဲ့ သူငယ်ချင်းလေးတွေများရှိလား။ ဒါဆိုရင်တော့ဒီဆောင်းပါးလေးက စားချင်တာတွေကို အကြိုက်စားပြီး ရင်ပူ တတ်တယ်ဆိုတဲ့သူတွေအတွက် အသုံးတည့်မှာပါ။ ရင်ပူတယ် ရင်ပူတယ်ဆိုတာက အစာရေမြိုအတွင်းကို အစာအိမ်ထဲက အက်ဆစ်တွေပြန်ဆန်တက်လာတာကြောင့် ရင်ဘတ်ထဲမှာ ပူစပ်ပူလောင်ကြီးခံစားရတာပါ။ များသောအားဖြင့် ရင်ဘတ်အလည်တည့်တည့်မှာခံစားရနိုင်ပါတယ်။ လှဲအိပ်တဲ့အခါမျိုး ညာဘက်စောင်းအိပ်တဲ့အခါမျိုးမှာ ရင်ပူမှုကို ပိုခံစားရနိုင်ပါတယ်။ ရင်ပူတာက အရမ်းမပြင်းထန်ဘူးဆိုရင် ဆရာဝန်ပြစရာမလိုပါဘူး။ များသောအားဖြင့်ကတော့ ရင်ပူတာက သူ့အလိုလိုသက်သာသွားတာပါ။ တကယ်လို့များ ရင်ပူတာနဲ့အတူ အသက်ရှုရခက်တာမျိုးနဲ့ အခြားပြင်းထန်တဲ့ရောဂါလက္ခဏာတွေကိုပါခံစားရမယ်ဆိုရင်တော့ နှလုံးနဲ့ပတ်သက်တဲ့ရောဂါတစ်ခုခုခံစားနေရတာဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ပြသကြည့်သင့်ပါတယ်။ တစ်ပတ်ကို ၂ ကြိမ်ထက်မနည်း ရင်ပူတဲ့ဝေဒနာခံစားရမယ်ဆိုရင်လည်း ဆရာဝန်နဲ့ ပြသကြည့်ဖို့လိုအပ်ပါမယ်။ ရင်ပူရင် ဘယ်လိုလက္ခဏာတွေခံစားရနိုင်လဲ အာခေါင်ထဲမှာ ချဉ်နေသလိုလိုဖြစ်နေမယ် စားထားတာတွေပြန်အန်မယ် လည်ပင်းထဲမှာ အစားတွေရှိနေသလိုခံစားရမယ် ခေါင်းထဲက မူးပြီးချွေးတွေပြန်နေမယ် ရင်ပူ သက်သာစေမယ့် အစားအစာတွေက ရင်ပူတာက အစာအိမ်ထဲမှာရှိနေတဲ့ […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

ဗိုက်ထဲမှာ ရစ်နေတဲ့လေတွေကို ဘယ်လို ထုတ်ကြမလဲ ။ ။

ဗိုက်ထဲလေပွပြီး လေအောင့်တတ်တဲ့သူတွေရှိကြတယ်မလား။ လေကလည်း ပွ၊ ပွနေတဲ့လေတွေကလည်း အပြင်ကို မထွက်ဘဲ ဗိုက်ထဲမှာပဲ လည်နေတဲ့ ခံစားချက်ကြီးက တကယ်ကို မသက်မသာဖြစ်စေတယ်လေ။ ဒီလို အပြင်လည်း မထွက် အထဲမှာပဲ လည်နေတဲ့လေတွေကိုကြောင့် ပေါ်လာတဲ့ ဗိုက်အောင့်၊ လေထိုးလေအောင့်တယ်ဆိုတဲ့ ဝေဒနာကို ဘယ်လိုနည်းတွေနဲ့ အမြန်ဆုံး သက်သာအောင် လုပ်ကြမလဲ ။ ။ အပြင်မထွက်ဘဲ အထဲမှာပဲ လည်နေတဲ့ လေတွေကို အမြန်ဆုံး ထုတ်နိုင်မယ့် အချက် များ ။ ။ လေထုတ်ပါ။ အထဲကလေ အပြင်ကို ထွက်ပါစေ ။ ။ ဗိုက်ထဲမှာ လေပွတင်းနေပြီး လေထိုးလေအောင့် ပါထပ်ဖြစ်နေတယ်ဆိုရင် တော့ ဒီလေတွေကို အပြင်ကိုထွက်စေဖို့ နည်းမျိုးစုံနဲ့လုပ်ကိုလုပ်ပေးမှာရမှာပါ ။ လူကြားထဲရောက်နေလို့ဆိုပြီး ေလလည်ရမှာရှက်ပြီး မချုပ်ထားပါနဲ့။ လေကို အပြင်ပေးမထွက်လို့ ပြန်ဝင်သွားတဲ့အခါ […]


ဝမ်းပျက်ဝမ်းလျှောခြင်း

ဝမ်းပျက်ဝမ်းလျှော ဖြစ်နေချိန်မှာ ဆောင်ရန်၊ ရှောင်ရန်များ

လူတိုင်း ဝမ်းပျက်ဝမ်းလျှော ဖြစ်ဖူးကြမှာပါ။ ပုံမှန်အားဖြင့် တစ်နှစ်ကို အနည်းဆုံး ၁ကြိမ်မှ ၂ကြိမ်ထိ ဝမ်းလျှောတတ်ပြီး ရက်အနည်းငယ်အတွင်းမှာ ဝေဒနာ သက်သာသွားနိုင်ပါတယ်။ စိုးရိမ်စရာ ရောဂါဝေဒနာမျိုးတော့ မဟုတ်ပေမယ့် ခံစားရတဲ့သူအတွက်တော့ အစားပျက်၊ အအိပ်ပျက်၊ နေရထိုင်ရခက်နဲ့ တော်တော်လေးကို စိတ်ကသိကအောက် နိုင်တဲ့ ကိစ္စပါ။ ဒါကြောင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပြီဆိုရင် တတ်နိုင်သလောက် အိမ်မှာ ကောင်းကောင်းအနားယူပါ။ အစားအသောက်ဟာ ဝေဒနာကို ပိုဆိုးစေနိုင်သလို မြန်မြန်လည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ်နေချိန်မှာ အိမ်မှာ အလွယ်တကူ လုပ်လို့ရတဲ့ ဆောင်ရန်၊ ရှောင်ရန်အချက်လေးတွေကို ဗဟုသုတအနေနဲ့ ဝေမျှပေးချင်ပါတယ်။ ဝမ်းပျက်ဝမ်းလျှော ဖြစ်တယ်ဆိုတာ ဘာလဲ။ ပုံမမှန်တဲ့ ဝမ်းသွားခြင်း၊ အစိုင်အခဲထက် အရည်ဝမ်းသွားခြင်း၊ မကြာခဏ ဝမ်းသွားခြင်း၊ ဝမ်းအပျော့သွားခြင်း ဖြစ်ပါတယ်။ ဝမ်းပျက်ဝမ်းလျှော ဖြစ်ခြင်း အစာခြေစနစ်နဲ့လည်း အများကြီး […]


ဝမ်းပျက်ဝမ်းလျှောခြင်း

မာကျူရီ အဆိပ်သင့်ခြင်း

အခုနောက်ပိုင်းကြားရများလာတာက အသားအရေအတွက်သုံးတဲ့ ပစ္စည်းတွေကြောင့် မာကျူရီအဆိပ်သင့်ကြတယ်ဆိုတာပါ။ အချို့သောဝက်ခြံအတွက်သုံးတဲ့ ပစ္စည်းတွေက မာကျူရီတွေပါဝင်နေတာကြောင့် ခဏတာမှာ အဆင်ပြေပေမယ့်ရေရှည်မှာတော့ အသားအရေကစလို့ ခန္ဓါကိုယ်မှာထိခိုက်မှုတွေအများကြီးပါ။ ဒီတစ်ခေါက်တော့ မာကျူရီအကြောင်းလေးနည်းနည်းလောက်ပြောပြပါရစေ။ မာကျူရီ (ပြဒါး) ဆိုတာ မာကျူရီဆိုတာက သဘာဝအတိုင်းမြေကြီး၊ရေထု နဲ့လေထုထဲမှာတွေ့ရတတ်တဲ့ဒြပ်စင်တစ်မျိုးပါ။ ဒီဓါတ်က အချို့သောငါးတွေမှာပါတတ်ပါတယ်။ ပင်လယ်ငါးတွေမှာမှမဟုတ်ပါဘူး။ရေချိုငါးတွေမှာပါတွေ့ရတတ်တာပါ။ဈေးကနေဝယ်စားနေတဲ့ အချို့ငါးတွေမှာတောင်ပြဒါးဓါတ်ကပါနေနိုင်ပါတယ်။ ဒီဓါတ်က အစားအသောက်တွေမှာတင် မဟုတ်ပါဘူး။ အချို့သောအသားအရေအတွက်သုံးတဲ့ အလှကုန်ပစ္စည်းတွေနဲ့ အခြားသောလူသုံးကုန်တွေမှာပါနေတတ်ပါတယ်။ ဒီဓါတ်ကအနည်းအကျဉ်းဆို ကိစ္စမရှိပေမယ့် အရမ်းများရင်တော့ ခန္ဓါကိုယ်မှာ အဆိပ်သင့်မှုတွေဖြစ်နိုင်ပါတယ်။ မာကျူရီ (ပြဒါး) အဆိပ်သင့်ခြင်းဆိုတာ မာကျူရီအဆိပ်သင့်တာက အာရုံကြောထိခိုက်မှုတွေကိုဖြစ်စေနိုင်ပါတယ်။ ဒီဓါတ်က ခန္ဓါကိုယ်ကို ထိခိုက်စေနိုင်တာကြောင့် ထိတွေ့မှုကို ကန့်သတ်ဖို့လိုမှာပါ။ ထိတွေ့မှုများပြီး ခန္ဓါကိုယ်ထဲမှာပြဒါးဓါတ်တွေများလာတဲ့အခါ အဆိပ်သင့်လာပြီး ခန္ဓါကိုယ်မှာ ထိခိုက်မှုတွေများလာနိုင်ပါတယ်။ မာကျူရီဓါတ်ကို များစွာစားသုံးမိတာကြောင့်လည်း ခန္ဓါကိုယ်မှာ မာကျူရီအဆိပ်သင့်နိုင်ပါတယ်။ မာကျူရီအဆိပ်သင့်နေပြီဆိုတာကို သိနိုင်မယ့် အစောပိုင်းလက္ခဏာတွေ မာကျူရီ (ပြဒါး) ဓါတ်က အာရုံကြောစနစ်ကိုထိခိုက်စေနိုင်ပါတယ်။ ခန္ဓါကိုယ်မှာပြဒါးဓါတ်တွေများလာတာကြောင့်ပြဒါးအဆိပ်သင့်တဲ့အခါ […]


အစာအိမ်အနာ

အစာအိမ်အနာရှိသူတွေအတွက် အကောင်းဆုံးနဲ့အဆိုးဆုံး အစားအသောက်များ

အစာအိမ်အနာ ဘာကြောင့်ဖြစ်ရလဲ ဟိုးအရင်ကတော့ အစာအိမ်အနာဆိုတာ အစားအသောက်တချို့ကြောင့်ဖြစ်ရတာလို့ ဆရာဝန်တွေက ယူဆခဲ့ကြဖူးပါတယ်။ ဒါပေမယ့် အခုတော့ အစာအိမ်အနာဖြစ်စေတာက အကိုက်အခဲပျောက်ဆေးတွေဆက်တိုက်သောက်လွန်းတာ၊ H. pylori လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် စတဲ့အကြောင်းရင်းတွေကို သိလာကြပါပြီ။ အစားအသောက်ကြောင့် ဖြစ်ရတာချည်းမဟုတ်ဘူးဆိုပေမယ့် လည်း အစာအိမ်အနာကို သက်သာစေ ဒါမှမဟုတ် ပိုဆိုးစေနိုင်တဲ့ အစားအသောက်တွေရှိတာတော့အမှန်ပါပဲ။ အကောင်းဆုံး အစားအစာတွေက - Probiotics ပါတဲ့အစားအစာ ဒိန်ချဉ်၊ ပဲပြား၊ ကင်ချီ၊ စတဲ့ အစားအစာတွေမှာ probiotics လို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားတွေပါဝင်ပါတယ်။ အဲဒီ probiotics လေးတွေက H. pylori ရောဂါပိုးကို ခုခံတိုက်ထုတ်ပေးတယ် ဒါမှမဟုတ် ကုသမှုတွေ၊ ဆေးတွေကို အာနိသင်ပိုထိရောက်အောင် ကူညီပေးတယ်ဆိုတော့ အစာအိမ်အနာကိုသက်သာစေတာပေါ့။ အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအစာ ပန်းသီး၊ သစ်တော်သီး၊ အုတ်ဂျုံ စတဲ့အစားအစာတွေမှာ အမျှင်ဓါတ်ပါဝင်မှုများပါတယ်။ အမျှင်ဓါတ်က အစာအိမ်ထဲမှာ အက်စစ်ထွက်ရှိမှုပမာဏကိုလျော့နည်းစေပြီး […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ဝမ်း က ပြောပြနေတဲ့ သင့်ကျန်းမာရေးအကြောင်းကို သင်နားလည်ရဲ့လား ။ ။

ဝမ်း သွားတယ်ဆိုတာ ပုံမှန် ကိုယ်လုပ်နေကျအရာတွေထဲက တစ်ခုဖြစ်ပေမယ့် သူက ကိုယ့်ရဲ့ ကျန်းမာရေးကို တစ်ထောင့်တစ်နေရာကနေ ဖော်ပြနေတဲ့ အရာတစ်ခုပါ။ ငယ်စဉ်တည်းက လုပ်နေတဲ့ အလုပ်တစ်ခုဖြစ်တာကြောင့် လူတွေက သူနဲ့ ပက်သက်ပြီး ထွေထွေထူးထူး တွေးလေ့မရှိပါဘူး။ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုတာ ကောင်းတဲ့ ဘက်တီးရီးယားရော၊ မကောင်းတဲ့ ဘက်တီးရီးယားရော ပေါင်းစုံရှိတဲ့နေရာတစ်ခုပါ။ ဝမ်းတစ်လုံးကောင်းမှ ကျန်းမာရေးကောင်းမှာ ဖြစ်တာကြောင့် ကိုယ့်ဝမ်းက ပြောပြနေတဲ့ သင့်ကျန်းမာရေးအကြောင်းကို နားလည်ဖို့တော့ လိုပါတယ်။ ။ ဝမ်း အရောင် ။ ။ ဝမ်း အရောင်ဆိုတာ သင့်စားလိုက်တဲ့ အစားအသောက်တွေပေါ် မူတည်ပြီး ပြောင်းလဲတတ်တဲ့ အရာတစ်ခုပါ။ ပုံမှန်ဝမ်းအရောင်က ဝါညိုရောင်လေးဖြစ်နေရပါမယ်။ ဝမ်းအမည်းရောင်- မည်းနေပြီး စေးကပ်တဲ့ အနံ့ပြင်းတဲ့ဝမ်းသွားနေပြီဆိုရင်တော့ သင့် အစာအိမ်မှာ သွေးတွေ ထွက်နေတယ်ဆိုတဲ့ သဘောပါ။ ထွက်လာတဲ့ […]


အသည်းရောဂါများ

အသည်းကို ချက်ချင်းဂရုစိုက်ဖို့လိုအပ်နေပြီလား

ညဘက်ကိုယ်က နှစ်နှစ်ခြိုက်ခြိုက်အိပ်နေချိန်မှာ မနားမနေအလုပ်လုပ်နေတဲ့ ခန္ဓါကိုယ်အစိတ်အပိုင်းလေးတစ်ခုရှိနေပါတယ်။ တိတ်တိတ်လေးအလုပ်လုပ်နေပမယ့် ခန္ဓါကိုယ်ကျန်းမာဖို့အတွက် အရေးပါတဲ့ အလုပ်တွေကိုလုပ်နေတာပါ။ သူက ခန္ဓါကိုယ်ထဲမှာ လှည့်ပတ်နေတဲ့သွေးတွေထဲက အဆိပ်အတောက်ေတွကို ဖယ်ရှားပေးပြီး စားသုံးလိုက်တဲ့ထဲမှာပါတဲ့ အဆီတွေကို သိမ်းဆည်းထားပေးပါတယ်။ အစာခြေဖို့လိုအပ်တဲ့ သည်းခြေရည်တွေကိုထုတ်ပေးပါတယ်။ ဒီလောက်ဆိုရင်တော့ ခန္ဓါကိုယ်ရဲ့ အလုပ်အများဆုံးနဲ့ အကြိုးစားဆုံး အင်္ဂါအစိတ်အပိုင်းလေးက ဘာလေးလဲဆိုတာကို သိလောက်ပြီထင်ပါတယ်နော်။ ခန္ဓါကိုယ်ရဲ့ ကိုယ်တွင်းအင်္ဂါတွေထဲမှာ အကြီးဆုံးဖြစ်ပြီး အလုပ်လည်းများတဲ့ အသည်းလေးကျန်းမာနေမှနေ့စဉ်ကျန်းမာပျော်ရွှင်တဲ့ ဘဝနေထိုင်မှုပုံစံကို ပိုင်ဆိုင်နိုင်မှာပါ။ ဒီတော့ အသည်းကျန်းမာဖို့ဘာတွေလုပ်ရမလဲ။ မကြာသေးခင်ကတွေ့ရှိချက်တွေအရတော့ အရက်တွေကပဲ အသည်းကိုထိခိုက်စေတာမဟုတ်ဘဲ အဆီများတဲ့ အစားအစာတွေကလည်း အသည်းကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်နေ့စဉ် လုံလောက်တဲ့ ကိုယ်လက်လှုပ်ရှားမှုကိုလုပ်တာ၊ အာဟာရသင့်တင့်မျှတအောင်စားသုံးတာ၊ အယ်လ်ကိုဟောကိုရှောင်တာ၊ဆေးလိပ်ေရှာင်တာ၊ အိပ်ရေးဝအောင်အိပ်စက်တာမျိုးတွေကို သတိထားလုပ်ပေးဖို့လိုပါမယ်။နောက်တစ်ချက်ကတော့ဆေးတွေကို မလိုအပ်ဘဲမသောက်ဖို့နဲ့ ကိုယ်အလေးချိန်ကို ထိန်းဖို့ပါ။ ဒီအချက်တွေခံစားနေရပြီဆိုရင် အသည်းထိခိုက်နေပါပြီ အသည်းက ခန္ဓါကိုယ်ကောင်းကောင်းရပ်တည်နိုင်ဖို့ ထောက်မပေးထားတဲ့ ယက်မကြီးပေါ့။ အသည်းမကောင်းတော့ဘူးဆိုရင် […]


လိပ်ခေါင်းရောဂါများ

လိပ်ခေါင်းပိုင်ရှင်တွေ သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန်တချို့

သီချင်းတွေ အော်ဆိုရင် ဘေးကလူတွေ ဘယ်လို စနောက်ကြလဲ။ လိပ်ခေါင်းပိုင်ရှင်တွေ လိပ်ခေါင်းထွက်မယ်နော်လို့ ပြောလေ့ရှိကြတယ်ဟုတ်။ ဒါပေမယ့် တကယ်တမ်း လိပ်ခေါင်းဖြစ်လာမလာ သေချာသိရဲ့လား။ ဘယ်လို လက္ခဏာမျိုးဆို လိပ်ခေါင်းဖြစ်နိုင်လဲ ၊ ဖြစ်လာရင် ဘာကို သတိထားရမလဲ ၊ မဖြစ်အောင် ဘယ်လို ကာကွယ် နေထိုင်ရမလဲဆိုတာ သိထားသင့်တယ်နော် ။ လိပ်ခေါင်းဖြစ်တဲ့ လက္ခဏာတွေက - ဝမ်းသွားရင် မနာကျင်ဘဲသွေးထွက်တာ ၊ စအိုတဝိုက်မှာ ယားတာ ၊ စပ်တာ ၊ နာတာ ၊ နေရခက်တာ ၊ စအိုတဝိုက် ရောင်ရမ်းလာတာ စအိုဝမှာ စူလာပြီး အထိမခံနိုင်တာ ( သွေးခဲပိတ်တဲ့ လိပ်ခေါင်းရောဂါဖြစ်နေနိုင်ပါတယ် ) လိပ်ခေါင်းပိုင်ရှင်တွေ သိထားသင့်တဲ့ အမျိုးအစားများ အတွင်းလိပ်ခေါင်း စအို အတွင်းပိုင်းမှာ ဖြစ်တဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း