အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ခန္ဓာကိုယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်က အရေးပါတဲ့ စနစ်တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကနေ အာဟာရစုပ်ယူဖို့ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက လုပ်ပေးမှ ရတာပါ။ ဒီလိုစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်တစ်ခု ဖြစ်ဖို့ ဘာတွေလုပ်လို့ရလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား

ဝမ်းလျှောလို့ ဓာတ်ဆားရည်သောက်လိုက်တာ ခုတော့ ဝမ်းပိတ်ရုံတင်မကဘူး။ ဝမ်းပါချုပ်သွားပြီလို့ ပြောတာ ကြားဖူးမှာပါ။ ဝမ်းချုပ်တာကို ဓာတ်ချုပ်တယ်လို့လည်း ပြောကြတော့ ဓာတ်ဆားရည်တွေ သောက်လိုက်လို့ ဝမ်းချုပ်သွားတာများလားလို့ တွေးတတ်ကြပါတယ်။ တကယ်ပဲ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်တွေမှာ ဘာတွေပါဝင်သလဲ။ ဓာတ်ဆားရည်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆားဓာတ်တွေ ဖြစ်တဲ့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်၊ ဂလူးကို့စ်၊ ရေ စတာတွေ ပါဝင်ပြီး ဒါတွေက နဂိုလည်း ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဓာတ်တွေပဲ ဖြစ်ပါတယ်။ ဒီဓာတ်တွေက ဝမ်းချုပ်တာနဲ့ မသက်ဆိုင်ပါဘူး။ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်က ဝမ်းချုပ်စေဖို့ မပြောနဲ့။ ဝမ်းပိတ်စေတဲ့ အာနိသင်တောင် မရှိပါဘူး။ ဟုတ်ပါတယ်။ ဝမ်းလျှောတဲ့အခါ ဓာတ်ဆားရည်သောက်တာက ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားဓာတ်ကို ဖြည့်ပေးတာပဲ ဖြစ်ပါတယ်။ ဝမ်းရပ်ဖို့ ဆိုတာက ကုသမှု တစ်ခုခု […]

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကို ရှာဖွေမည်။

ရင်ပူခြင်း၊ ရင်ခေါင်းအောင့်ခြင်း

ရင်ပူခြင်းကို သက်သာစေမယ့် အစားအသောက် (၆) မျိုး

ခုပဲ ထမင်းစားပြီးတယ်၊ ထပ်ဆာလာတယ်။ ထပ်စားတယ်၊ ထပ်ဆာတယ်။ ဗိုက်သာပြည့်ပြီးတောင့်လာတယ် ပူလောင်နေတုန်းပဲ။ ရင်ပူတယ်၊ အစာအိမ်ကပူလောင်နေတယ်။ ဒါကို ရင်ပူနာလို့ခေါ်ပါတယ်။ ဆေးပညာအရတော့ အစာအိမ်အက်စစ်တွေပြန်ဆန်တက်တဲ့ GERDရောဂါပါ။ ရင်ပူနာကိုဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေက အများကြီးရှိပေမယ့် သက်သာလျော့ပါးအောင်လုပ်နိုင်တဲ့နည်းကတော့ တူတူပါပဲ။ ဆေးကိုပဲအားကိုးမနေဘဲ အနေအထိုင်နဲ့အစားအသောက်ကိုဆင်ခြင်ရမှာပေါ့။ လုပ်ချင်ရာလုပ်နေပြီး ထစ်ခနဲရှိဆေးတွေဝါးစားလိုက်တာမျိုးပဲလုပ်နေရင် ကြာလာတဲ့အခါ ထိခိုက်လာမှာ ကိုယ်ကိုယ်တိုင်ပါပဲ။ တော်ကြာ အပ်နဲ့ထွင်းရမယ့်နေရာ ပုဆိန်နဲ့ပေါက်နေရပါလိမ့်မယ်။ GERD မှာ သက်ရောက်မှုအရှိစေဆုံးက အစားအသောက်တွေပါပဲ။ ချောကလက်၊ကြက်သွန်နီ၊အက်စစ်ဓါတ်များတဲ့အစားအစာတွေနဲ့အနီရောင်ရှိတဲ့အသားတွေအပါအဝင် ရှောင်သင့်တဲ့အစားအသောက်တွေက တသီတတန်းကြီးရှိနေသလို ရင်ပူခြင်းကိုသက်သာစေမယ့် အစားအစာတွေလည်းရှိပါတယ်။ ရင်ပူနြာဖစ်တတ်ရင် ဒါတွေစားပေးနော် (၁) ကြက်ရင်အုံသား အဆီမပါဘဲ ပရိုတင်းကြွယ်ဝတဲ့ ကြက်ရင်အုံသားက အစာကြေလည်းလွယ်ပါတယ်။ အရေခွံတွေခွာပစ်ဖို့တော့ မမေ့ပါနဲ့။ (၂) ရေ GERDဖြစ်ရင်ရေပုံမှန်သောက်ဖို့မမေ့ပါနဲ့။ ရင်ပူလို့ဆိုပြီး အချိုရည်တွေသောက်တာ၊ အက်စစ်ဓါတ်များတဲ့အချိုရည်ဗူးတွေသောက်တာက ပိုဆိုးစေနိုင်ပါတယ်။ အရက်၊ဘီယာရှောင်ပြီးရေပဲပိုသောက်ပေးပါ။ ဂက်စ်များတဲ့အချိုရည်ဗူးတွေကလေပွစေပြီး ဗိုက်ကယ်စေနိုင်ပါတယ်။ (၃) ချင်း ချင်းက ဗိုက်ပြဿနာတွေအတွက် ထိန်းပေးနိုင်တဲ့ဆေးတစ်လက်ပါ။ လက်ဖက်ရည်ကြမ်းထဲကို […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ဗိုက်အောင့်စေတတ်တဲ့ အကြောင်းအရင်း ပေါင်း သောင်းခြောက်ထောင် ။ ။

ဗိုက်နာတယ်၊ ဗိုက်အောင့်တယ် ဆိုတာ လူတိုင်းဖြစ်ဖူးနေတဲ့ အရာတစ်ခုပါ။ ဗိုက်အောင့်တယ်ဆိုတာနဲ့ လူတိုင်းက လေအောင့်တာကို ပဲ အရင်ပြေးမြင်ကြပြီး အစာအိမ်အောင့်တယ်လို့ပဲ ထင်တတ်ကြပါတယ်။ တကယ်တော့ သင့်ကို ဗိုက်အောင့်စေတတ်တဲ့ အကြောင်းအရင်း တွေ အများကြီးရှိပါတယ်။ သူတို့က ဘာတွေလဲဆိုတာ ကြည့်ကြရအောင် ။ ။ ဗိုက်အောင့်စေတတ်တဲ့ အကြောင်းအရင်း တွေက ဘာတွေလဲ ။ ။ ဗိုက်ထဲမှာ အစာအိမ်နဲ့ အူတင် မဟုတ်ဘဲ တခြား ကလီစာတွေလည်းရှိတာကြောင့် ဗိုက်နာတာကိုဖြစ်စေတဲ့ အကြောင်းအရင်းပေါင်းများစွာရှိပါတယ်။ ခုပြောပြပေးမှာကတော့ သူတို့ကဘာတွေလဲ။ ဘယ်လို လက္ခဏာတွေ ရှိတတ်လဲ ။ ။ အစာအိမ်အောင့်တာ- အစာမကြေ လေအောင့်တယ်ဆိုတာ အဖြစ်အများဆုံး ဗိုက်အောင့်စေတတ်တဲ့ အကြောင်းအရင်း တစ်ခုပါ။ ဗိုက်ဆာလာရင် ဗိုက်ထဲ ဟာတာတာဖြစ်ပြီး နာလာတာ၊ စားပြီးရင်လည်း အစာမကြေဘဲ […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

လေထိုးလေအောင့် ဖြစ်တတ်တဲ့သူတွေ ဒါတွေကို ရှောင်စားပါ။ ။

အစာအိမ်လေထိုး၊ လေအောင့်တယ်ဆိုတာ တကယ်ကိုခံစားရခက်တဲ့ ဝေဒနာတစ်ခုပါ။ စားချင်တာတွေစားပြီး ဗိုက်ထဲမှာ တင်းပြီးအောင့်လာလို့ တကယ်ကို သက်သောင့်သက်သာ မရှိစေပါဘူး။ အစာအိမ်ပြဿနာရှိတဲ့သူ အများစု ဖြစ်တတ်ပြီး၊ လေထစာတွေ စားလိုက်ရင် ပိုဆိုးသွားတတ်ပါတယ်။ ဒါကြောင့် လေထတဲ့ ဝေဒနာကို မခံစားချင်ဘူးဆိုရင် ဘယ်လိုအစားအသောက်တွေက လေထစေလဲဆိုတာ သိထားဖို့လိုအပ်ပြီး ရှောင်သင့်ပါတယ်။ ။ ပဲအမျိုးမျိုး ။ ။ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့ အပြင် ပရိုတင်းဓာတ်တွေ အများကြီးပါတဲ့ ပဲအမျိုးမျိုးဟာ ကျန်းမာရေးအတွက် အထောက်အကူပြုတယ်ပေမယ့် ဆိုးကျိုးအနေနဲ့ လေအောင့်တာကိုဖြစ်စေတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပဲမှာပါတဲ့ ကာဘိုဟိုက်ဒရိတ် တစ်မျိုးဟာ အူအတွင်းမှာ ရှိတဲ့ ဘက်တီးရီးယားကြောင့် အချဉ်ပေါက်သွားပြီး gas တွေထွက်လာတာဖြစ်ပါတယ်။ ဒီထွက်လာတဲ့ လေတွေဟာ အပြင်ကို မထွက်နိုင်ဘဲ အူထဲမှာပဲ ပတ်နေလို့ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အူမကြီးကို ဒီလိုသန့်ရှင်းကြမယ်

ခန္ဓာကိုယ်ကလည်း တကယ်တော့ စက်ယန္တရားတစ်ခုပါပဲ။ အစိတ်အပိုင်းတိုင်းက ကောင်းကောင်းလည်ပတ်နေမှ ခန္ဓာကိုယ်က ကျန်းမာမှာပါ။ ဒီတော့ ခေါင်းကနေစလို့ ခြေဖျားအထိ အကောင်းဆုံးဂရုစိုက်နိုင်မှ တော်ကာကျမှာပါ။ မြင်ရတဲ့ အစိတ်အပိုင်းတွေကိုက ဂရုစိုက်ရတာလွယ်ပေမယ့် မမြင်ရတဲ့ ကိုယ်တွင်းအစိတ်အပိုင်းတွေကိုတော့ ဂရုစိုက်ရတာခက်ခဲပါတယ်။ ဒါပေမယ့်လည်း ခန္ဓာကိုယ်ကြီး ကျန်းမာဖို့ကတော့ တတ်နိုင်တဲ့ဘက်က ဂရုစိုက်ရမှာပါပဲ။ ဒီတစ်ခေါက်တော့ ခန္ဓာကိုယ်ကျန်းမာဖို့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ အူမကြီးကို အိမ်မှာပဲ ဘယ်လိုသန့်စင်ရမလဲဆိုတဲ့အကြောင်းလေးပြောပြပေးပါရစေ။ အူမကြီးရဲ့ အခန်းကဏ္ဍ အူမကြီးက အစာခြေစနစ်အဖွဲ့ဝင်တစ်ဦးပါ။ အစာခြေလမ်းကြောင်းတလျှောက် ချေဖျက်မှုအတွင်း မချေဖျက်နိုင်တဲ့ အစားအစာတွေထဲမှာပါတဲ့ ရေဓာတ်၊ ဆားဓာတ်၊ ဗီတာမင်တွေနဲ့ အာဟာရဓာတ်တွေကို စုပ်ယူတဲ့တာဝန်၊ အူသိမ်ထဲမှာချေဖျက်လို့မရတဲ့ အစားအစာတွေကို ချေဖျက်ဖြိုခွဲမှုနဲ့ ချေဖျက်မရတဲ့အစားအစာတွေကို ပြင်ပကို စွန့်ထုတ်ရတဲ့ တာဝန်တွေကို ထမ်းဆောင်ပေးနေတာပါ။ အူမကြီးကောင်းကောင်းအလုပ်မလုပ်ရင် တကယ်လို့ အူမကြီးက အလုပ်ကောင်းကောင်းမလုပ်ဘူးဆိုရင် ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ ခက်သလို […]


ဝမ်းချုပ်ခြင်း

အပူအပုပ်များလို့ ဝမ်းချုပ်တာလား

ဝမ်းချုပ်စေတဲ့ အကြောင်းရင်းတွေမှာ စားသုံးတဲ့ အစားအစာတွေထဲမှာ အပူအပုပ်များတာ၊ အမျှင်ဓာတ် အားနည်းတာ၊ ဝမ်းသွားချင်နေချိန်မှာ အောင့်ထားလိုက်တာ၊ ရေအလုံအလောက် မသောက်တာ၊ ကိုယ်လက်လှုပ်ရှားမှု နည်းပါးတာတို့ကိုပဲ လူသိများကြပါတယ်။ ဝမ်းချုပ်တိုင်း အပူအပုပ်များလို့ ဝမ်းချုပ်တာလား လို့ မထင်စေချင်ပါဘူး။ အခြား အကြောင်းအရင်းတွေကြောင့်လည်း ဝမ်းချုပ် နိုင်ပါသေးတယ်။ အပူအပုပ်များလို့ ဝမ်းချုပ်တာလား ဒါပေမဲ့ ကိုယ်သောက်သုံးနေရတဲ့ ဆေးဝါးတွေ၊ အားဆေးတွေကြောင့်လိုမျိုး လူသိနည်းတဲ့ တခြားအကြောင်းရင်းတွေရှိနေသလို ဒါမှမဟုတ် ပြင်းထန်တဲ့ရောဂါတွေဖြစ်လာနိုင်တဲ့လက္ခဏာ ဖြစ်နိုင်ပါတယ်။ အကြောင်းရင်းတွေကတော့- အူရောဂါ အူရောဂါ (IBD)မှာ Crohn’s Disease နဲ့ ulcerative colitis ဆိုပြီး နာတာရှည်ရောဂါ အမျိုးအစား နှစ်ခုရှိပါတယ်။ နှစ်မျိုးစလုံးဟာ ကြွက်တက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ သွေးဝမ်းသွားခြင်းနဲ့ တခြား ကျန်းမာရေးပြဿနာ တွေဖြစ်စေနိုင်ပါတယ်။ လည်ပင်းကြီးရောဂါ လည်ပင်းကြီးရောဂါကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကို နှေးကွေးစေနိုင်ပါတယ်။ ဒါပေမဲ့ ဒီရောဂါရှိသူတိုင်း […]


ဝမ်းချုပ်ခြင်း

ဝမ်းချုပ်တာကိုဖြေရှင်းပေးမယ့် စူပါ အစားအသောက် ၉ မျိုး။ ။

ဝမ်းချုပ်တယ်။ ဆေးလည်းမသောက်ချင်ဘူး။ သဘာဝအတိုင်းပဲ ဝမ်းမှန်ချင်တယ်၊ ဝမ်းသွားရတာလည်း လွယ်ချင်တယ်ဆိုရင် သင့်ပြဿနာကို ဖြေရှင်း ပေးဖို့ အစားအသောက်တွေလောက် ကောင်းတဲ့အရာမရှိတော့ပါဘူး။ ဝမ်းဆိုတာလည်း အစားအသောက်တွေရဲ့ နောက်ဆုံးဖြစ် အကြွင်းအကျန်ပဲမဟုတ်လား။ ။ ဘယ်လို အစားအသောက်တွေက သင့်ကို ဝမ်းမှန်စေမှာလဲ။ ။ ၁။ ဘယ်ရီသီးများ။ ။ အမျှင်ဓါတ်တွေ ကြွယ်ဝတဲ့ ဘယ်ရီသီးတွေကြောင့် သင်ဝမ်းမှန်မယ့်အပြင် ဘယ်ရီသီးတွေမှာ ပါတဲ့ ဗီတာမင် C ရဲ့ ဓါတ်တိုးဆန့်ကျင်အာနိသင်တွေကြောင့် အူမကြီး ကင်ဆြာဖစ်တာကိုလည်း သူတို့က ကြိုတင်ကာကွယ်ပေးဦးမှာပါ။ ၂ ။ သစ်တော်သီး။ ။ သစ်တော်သီးမှာ ဗီတာမင်နဲ့ သတ္တုဓါတ်ေတွကြွယ်ဝတဲ့ အပြင် အမျှင်ဓါတ်နဲ့ ရေဓါတ်လည်း အများကြီးပါတာကြောင့် သင်ဖြစ်နေတဲ့ ဝမ်းချုပ်တဲ့ ပြဿနာကို သူက အကောင်းဆုံးဖြေရှင်းပေးမှာပါ။ သစ်တော်သီး တစ်လုံးမှာ ကယ်လိုရီ ၆၀ […]


လိပ်ခေါင်းရောဂါများ

လိပ်ခေါင်းရောဂါကို အိမ်မှာတင် သက်သာအောင် လုပ်နိုင်တယ်ဆိုတာ သင်သိပါသလား။ ။

လိပ်ခေါင်းရောဂါ ဆိုတာ စိတ်ကိုရော နေ့စဉ်လူနေမှု ဘဝကိုပါ နှောင့်ယှက်တတ်တာမျိုးပါ။ သူဖြစ်ပြီဆိုတာနဲ့ စအိုနားတစ်ဝိုက်မှာ တင်းနေသလိုလို၊ နာသလိုလို၊ ယားသလိုလိုဖြစ်တဲ့အပြင် ဝမ်းသွားရင်လည်း သွေးတွေပါတတ်တော့ လူတိုင်း လန့်ကြတဲ့ရောဂါတစ်ခုပေ့ါ။ ဒါ့အပြင် သူကလည်း လူမြင်ခံလို့မရတဲ့နေရာမှာဖြစ်နေတာဆိုတော့ ရှက်တတ်တဲ့ မြန်မာလူမျိုးတွေ အနေနဲ့ လိပ်ခေါင်း ဖြစ်ပြီဆို ဆရာဝန် သွားပြဖို့ အင်မတန်မှ ဝန်လေးကြပါတယ်။ ဆရာဝန်ဆီလည်း မသွားရဲ၊ လိပ်ခေါင်းပြန်ဝင်အောင် ဘယ်လိုနည်းလမ်းမှန် နေထိုင်ရမှန်းလည်း မသိနဲ့ ပိုဆိုးသွားကြတဲ့သူတွေ အများကြီးပါ။ ဒါကြောင့် ဒီဆောင်းပါးလေးထဲမှာ စစချင်းထွက်နေတဲ့ လိပ်ခေါင်းကို ပြန်ဝင်အောင် ဆရာဝန်ဆီ သွားစရာမလိုဘဲ အိမ်မှာတင် လုပ်လို့ရတဲ့ နည်းလေးတွေ ဝေမျှပေးချင်ပါတယ်။ ။ လိပ်ခေါင်းက သူ့ဘာသာသူ ပျောက်သွားနိုင်လား။ ။ လိပ်ခေါင်းရောဂါကို အိမ်မှာတင် သက်သာအောင် လုပ်နိုင်တယ်ဆိုတာ သင်သိပါသလား။ ။ […]


အသည်းရောဂါများ

အသည်းရောဂါရှိနေရင် ဒီအစားအစာတွေကိုရှောင်ပါ

ရောဂါဆိုတာက မဖြစ်ခင်ကကြိုတင်ကာကွယ်တာအကောင်းဆုံးပါ။ဖြစ်လာပြီဆိုရင်ဆေးသောက်ရမယ်၊ အနေအထိုင်ဂရုစိုက်ရတယ်။ စိတ်ရှိတိုင်းလုပ်လို့မရတဲ့ အချက်တွေကတော်တော်လေးတော့များသွားပြီပေါ့။ အရာရာကို သတိထားရပြီလေ။ ခံစားရတဲ့ရောဂါက နာတာရှည်ဆိုနေ့စဉ်နဲ့အမျှ သတိထားနေထိုင်ရတဲ့ ပုံစံကို မဖြစ်မနေမွေးမြူရပြီလေ။ ဒီတစ်ခေါက်တော့ အခုနောက်ပိုင်းမြန်မာနိုင်ငံမှာရော ကမ္ဘာတဝှမ်းမှာပါ ခံစားရများလာတဲ့ အသည်းရောဂါအကြောင်းလေးပြောပြပေးချင်ပါတယ်။ အသည်းက ခန္ဓာကိုယ်တစ်ခုလုံးကျန်းမာနေစေဖို့ အလုပ်အများဆုံးကို တာဝန်ယူပေးထားတဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတစ်ခုပါ။ ဒီလိုအရေးကြီးတဲ့ အစိတ်အပိုင်းကို ဂရုစိုက်ဖို့လိုမယ်ဆိုတာပြောနေစရာတောင်မလိုပါဘူး။ အသည်းမကောင်းတဲ့အခါ ခန္ဓာကိုယ်မှာ ထိခိုက်လာနိုင်တဲ့အရာတွေအများကြီးပါ။ ဒါကြောင့် အသည်းကျန်းမာရေးကိုသေသေချာချာဂရုစိုက်ဖို့လိုပါမယ်။ အသည်းမကျန်းမာရင် ဘာတွေဖြစ်လာနိုင်လဲ အသည်းမကျန်းမာတဲ့အခါ - သွေးတိတ်အောင် လုပ်ဆောင်နိုင်စွမ်းကျသွားမယ် အစာခြေနိုင်စွမ်းနည်းသွားမယ် အာဟာရမပြည့်ဝသလိုဖြစ်လာမယ် အရေပြားနဲ့ မျက်လုံးအဖြူသားတွေဝါလာမယ် ဗိုက်အထက်နားကအောင့်မယ် ဝမ်းဗိုက်ရောင်ရမ်းမယ် ပင်ပန်းနွမ်းနယ်မယ် အော့အန်မယ် အိပ်ရေးပျက်မယ် အသည်းရဲ့ လုပ်ငန်းဆောင်တာတွေက အသည်းက ဒီတာဝန်တွေကို ယူထားရတာပါ။ သွေးတွေကို စစ်ထုတ်သန့်စင်ပေးတယ် သည်းခြေရည်ထုတ်ပေးတယ် အဆီတွေကို ချေဖျက်ပေးတယ် လိုအပ်တဲ့ အာဟာရတွေကို စုပ်ယူသိုလှောင်ပေးတယ် သွေးတိတ်အောင်လုပ်ဆောင်ပေးတယ် အသည်းရောဂါခံစားနေရသူတွေက ဘာတွေမစားသင့်ဘူးလဲ အသည်းရောဂါခံစားနေရတဲ့သူတွေအနေနဲ့ […]


အသည်းရောဂါများ

အသည်းရောဂါရှိနေပြီဆိုရင် ဘယ်လိုဆင်ခြင်နေထိုင်သင့်လဲ

အသည်းဆိုတာ စားလိုက်သမျှ အစားအသောက်တွေကို ခန္ဓါကိုယ်အတွက်မရှိမဖြစ်တဲ့အာဟာရဓါတ်တွေအဖြစ် အသွင်ပြောင်းလဲပေးတဲ့ အဓိကအစိတ်အပိုင်းတစ်ခုပါ။ သူ့ရဲ့လုပ်ဆောင်ချက်တွေက - အဆိပ်အတောက်ဓါတ်တွေလိုမျိုးခန္ဓါကိုယ်ထဲက စွန့်ပစ်ပစ္စည်းတွေကို ဖယ်ရှားစွန့်ထုတ်ပေးတယ် အစာတွေချေဖျက်ဖို့ သည်းခြေရည်ထုတ်ပေးတယ် ခန္ဓါကိုယ်မှာ ခွန်အားအဖြစ်အသုံးပြုနိုင်ဖို့ သကြားဓါတ်ကို သိုလှောင်ပေးတယ် ပရိုတင်းတွေ ထုတ်လုပ်ပေးတယ် ဒါပေမယ့် အသည်းမှာ ကိုယ်မသိလိုက်ဘဲရောဂါဖြစ်နေတတ်ပြီး အချိန်ကြာလေ ပိုထိခိုက်လေဖြစ်လာနိုင်ပါတယ်။ ဘယ်အချက်တွေကြောင့်လဲဆိုတော့သောက်သုံးတဲ့ဆေးတွေ၊အရက်သောက်ခြင်း၊ အဆိပ်အတောက်တွေ၊ မူးယစ်ဆေး၊ အဝလွန်ခြင်း၊ အသည်းရောင်ေရာဂါ ဗိုင်းရပ်စ်တွေ၊ အမျိုးအစား ၂ ဆီးချိုရောဂါနဲ့ မျိုးဗီဇပြဿနာတို့ကြောင့်ဖြစ်လာတတ်ပါတယ်။ အသည်းရောဂါရှိလာရင် အသည်းရောဂါဆိုတာ အသည်းရောင်၊ အသည်းအဆီဖုံး၊ အသည်းခြောက် စတဲ့ ပြင်းထန်မှုအဆင့်၊ နောက်ဆက်တွဲပြဿနာအမျိုးမျိုးနဲ့ အမျိုးအစားတွေရှိပါတယ်။ အဲဒီထဲက ဘယ်အသည်းရောဂါဖြစ်လာလာ အမြန်ဆုံးပုံမှန်ပြန်ဖြစ်အောင်၊ တတ်နိုင်သလောက် အသည်းကျန်းမာရေးပြန်ကောင်းလာအောင်၊ ရောဂါပိုမဆိုးလာအောင် ကြိုးစားနေထိုင်ဖို့ပဲ အဓိကထားရမှာပါ။ ဒါဆို ဘာတွေဂရုစိုက်ရမလဲ အကြံပြုချက်တွေ ဆက်ကြည့်ရအောင်။ အသည်းအထူးကုဆရာဝန်နဲ့ ပုံမှန်ပြပြီး ကုသမှုခံယူပါ။ […]


အသည်းရောဂါများ

အသည်းရောဂါရှိတဲ့သူတွေအတွက် သင့်တော်တဲ့ဖြည့်စွက်စာတွေက

အလေးချိန်အရ ၃ပေါင်လောက်ရှိတဲ့ အသည်းက ခန္ဓါကိုယ် ကျန်းမာစေဖို့အတွက် အရေးပါတဲ့လုပ်ငန်းစဉ်ပေါင်း ၅၀၀လောက်ကိုနေ့စဉ်နဲ့အမျှတာဝန်ယူဆောင်ရွက်ပေးနေရတာပါ။ တကယ်တော့ ခန္ဓါကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တိုင်းမှာ အသည်းကမပါမဖြစ်ပါဝင်နေရတာပါ။ စားသုံးလိုက်တဲ့အစားအစာတွေကို အစာအိမ်နဲ့အူတွေကချေဖျက်ပြီးတဲ့အခါ လိုအပ်မယ့်အာဟာရဓါတ်တွေကိုသွေးကြောတွေကနေတဆင့် အသည်းဆီကိုပို့ဆောင်ပါတယ်။ ဒီအခါမှာ အသည်းက လိုအပ်တဲ့အာဟာရဓါတ်တွေကို သိမ်းဆည်းတာနဲ့ စစ်ထုတ်မှုလုပ်ငန်းစဉ်တွေကိုလုပ်ဆောင်ပါတော့တယ်။ အသည်းက အဆီဓါတ်ကိုဖြိုခွဲပြီး စွမ်းအင်အဖြစ်ထုတ်လုပ်ပေးပါတယ်။နောက်တစ်ခုကတော့ အစာခြေစနစ်အတွက်အတွက်လိုအပ်တဲ့ သည်းခြေရည်ကိုထုတ်ပေးတာပါ။ အသည်းရဲ့နောက်တာဝန်တစ်ခုကသွေးကြောတွေအတွင်းက ဂလူးကို့စ်တွေကို ဂလိုင်ကိုဂျင်အဖြစ်နဲ့ သိုလှောင်ထားပေးပါတယ်။သွေးတွင်းမှာ သကြားဓါတ်ကျဆင်းလာတဲ့အခါ အသည်းက ဂလိုင်ကိုဂျင်ကို ဂလူးကို့စ်အဖြစ်ပြောင်းလဲထုတ်လုပ်ပေးပြီးသွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးပါတယ်။ ဒါတွေတင်မကပါဘူး။ အရက်တွေသောက်လိုက်တဲ့အခါမျိုး၊ အသည်းကို အဆိပ်အတောက်ြဖစ်စေတဲ့ အပြုအမူတွေကိုလုပ်လိုက်တဲ့အခါမျိုးမှာလည်း အသည်းက ကိုယ်တွင်းကအဆိပ်အတောက်တွေကို ဖယ်ရှားပေးပြန်ပါတယ်။ အဆိပ်အတောက်ဖြစ်စေမယ့်အရာတွေကို ဆီးတွေဝမ်းတွေကနေတဆင့် ခန္ဓါကိုယ်ပြင်ပကို ထုတ်လွှတ်လိုက်ပါတယ်။ အသည်းက ဒီလောက်အထိကို အလုပ်လုပ်ပေးတာပါ။ အသည်းကောင်းမှလည်း လူတစ်ယောက်က ကျန်းမာနေမှာပါ။ အသည်းကျန်းမာစေဖို့ စားသုံးပေးသင့်တဲ့ဖြည့်စွက်စာတွေက တကယ်လို့ အသည်းရောဂါတစ်ခုခုခံစားနေရပြီဆိုရင် သက်တမ်းစေ့စေ့နဲ့ ကျန်းကျန်းမာမာနေနိုင်စေဖို့အတွက် အသည်းအတွက်လိုအပ်မယ့် ဖြည့်စွက်အာဟာရတွေကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း