အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ခန္ဓာကိုယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်က အရေးပါတဲ့ စနစ်တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကနေ အာဟာရစုပ်ယူဖို့ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက လုပ်ပေးမှ ရတာပါ။ ဒီလိုစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်တစ်ခု ဖြစ်ဖို့ ဘာတွေလုပ်လို့ရလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား

ဝမ်းလျှောလို့ ဓာတ်ဆားရည်သောက်လိုက်တာ ခုတော့ ဝမ်းပိတ်ရုံတင်မကဘူး။ ဝမ်းပါချုပ်သွားပြီလို့ ပြောတာ ကြားဖူးမှာပါ။ ဝမ်းချုပ်တာကို ဓာတ်ချုပ်တယ်လို့လည်း ပြောကြတော့ ဓာတ်ဆားရည်တွေ သောက်လိုက်လို့ ဝမ်းချုပ်သွားတာများလားလို့ တွေးတတ်ကြပါတယ်။ တကယ်ပဲ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်တွေမှာ ဘာတွေပါဝင်သလဲ။ ဓာတ်ဆားရည်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆားဓာတ်တွေ ဖြစ်တဲ့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်၊ ဂလူးကို့စ်၊ ရေ စတာတွေ ပါဝင်ပြီး ဒါတွေက နဂိုလည်း ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဓာတ်တွေပဲ ဖြစ်ပါတယ်။ ဒီဓာတ်တွေက ဝမ်းချုပ်တာနဲ့ မသက်ဆိုင်ပါဘူး။ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်က ဝမ်းချုပ်စေဖို့ မပြောနဲ့။ ဝမ်းပိတ်စေတဲ့ အာနိသင်တောင် မရှိပါဘူး။ ဟုတ်ပါတယ်။ ဝမ်းလျှောတဲ့အခါ ဓာတ်ဆားရည်သောက်တာက ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားဓာတ်ကို ဖြည့်ပေးတာပဲ ဖြစ်ပါတယ်။ ဝမ်းရပ်ဖို့ ဆိုတာက ကုသမှု တစ်ခုခု […]

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကို ရှာဖွေမည်။

အသည်းရောဂါများ

အရိပ်တကြည့်ကြည့် စောင့်ရှောက်သင့်တဲ့ သင့်အသည်း

အသည်းက လူခန္ဓါကိုယ်ရဲ့အကြီးဆုံးကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်ပြီး အရေးကြီးဆုံးအစိတ်အပိုင်းလည်းဖြစ်ပါတယ်။သွေးထဲမှာရှိတဲ့အဆိပ်အတောက်ဓါတ်တွေအားလုံးကို စစ်ထုတ်ပေးတဲ့တာဝန်ကိုယူထားရုံမက စားလိုက်သမျှအစားအစာတွေကိုချေဖျက်ပြီး ခွန်အားအဖြစ်သိုလှောင်ဖို့ ကူညီပေးပါတယ်။ ဒါ့အပြင် အသည်းဆိုတာ ထိခိုက်လွယ်ဆုံးကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်နေတာကိုရော သင်သိရဲ့လား။ ဒီလိုအရေးကြီးတဲ့ အသည်းရဲ့ကျန်းမာရေးအတွက် စားသောက်နေထိုင်မှုပုံစံကို ဂရုစိုက်သင့်တဲ့အချက်တွေရှိပါတယ်။ ဒါ့ကြောင့် အသည်းမှာ ရောဂါဖြစ်လာမှ ကုသတာထက် မဖြစ်ခင်ကြိုတင်ကာကွယ်တာက အကောင်းဆုံးပါပဲ။နေ့စဉ်ဘဝမှာ သတိထားပေးရင်ပဲ အသည်းရောဂါကို ကာကွယ်နိုင်ဖို့ ဒီအချက်လေးတွေက အထောက်အကူဖြစ်စေမယ်လို့မျှော်လင့်ပါတယ်။ ကျန်းမာတဲ့ကိုယ်အလေးချိန်ကိုထိန်းပါ - အဝလွန်ေနရင် ဒါမှမဟုတ် ကိုယ်အလေးချိန်ကများနေရင် အသည်းအဆီဖုံးလာနိုင်တယ်။ အဲဒီကနေ အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးရောဂါအဆင့်ကိုရောက်လာနိုင်ပါတယ်။ အာဟာရမျှတစွာ စားသုံးပါ- ကယ်လိုရီများတဲ့အစားအစာတွေ၊ပြည့်ဝဆီ၊ပြုပြင်ထားတဲ့ကာဗိုဟိုက်ဒရိတ်ေတွ(ဥပမာ - ဂျုံနုပေါင်မုန့်၊ ဆန်လုံးဖြူ)နဲ့ အချိုတွေကို အများကြီးမစားပါနဲ့။ အခွံမာငါးတွေ၊ ပင်လယ်စာတွေကို အစိမ်း သို့မဟုတ် မကျက်တကျက်တွေမစားပါနဲ့။ အမျှင်ဓါတ်များတာ၊ အာဟာရဓါတ်ပြည့်တာတွေစားပါ။ လတ်ဆတ်တဲ့အသီးအနှံ၊ဟင်းသီးဟင်းရွက်တွေပိုစားပါ။ အနီရောင်ရှိတဲ့အသားလည်း စားလို့ရပေမယ့် အကန့်အသတ်နဲ့စားပါ၊နို့ထွက်ပစ္စည်း( အဆီထုတ်နို့ )၊ အဆီဓါတ်လည်းလိုအပ်ပါတယ်(ဟင်းရွက်ဆီ၊နေကြာဆီစတဲ့ အကျိုးပြုအဆီတွေကိုသုံးပါ)။ ပြုပြင်စီမံထားတဲ့ […]


အသည်းရောဂါများ

Obstructive jaundice (ပြွန်ပိတ်အသားဝါရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်ပြွန်ပိတ်အသားဝါရောဂါ ဆိုတာဘာလဲ။ ပြွန်ပိတ်အသားဝါရောဂါဆိုတာက အသည်းကနေထွက်တဲ့ သည်းခြေရည်ပြွန်ပေါက် ပိတ်တာကနေဖြစ်လာတဲ့ အခြေအနေဖြစ်ပါတယ်။ ရလဒ်အနေနဲ့ ပိုနေတဲ့သည်းခြေရည်တွေနဲ့ သည်းခြေပစ္စည်းတွေ သွေးထဲကိုကန်ထွက်လာပြီး သည်းခြေရည်စွန့်ထုတ်မှုကို အပြည့်အဝမလုပ်နိုင်တော့ပါဘူး။ သည်းခြေရည်မှာ သွေးနီဥတွေကိုဖျက်တာကနေလာတဲ့ ဘီလီရူဘင် ရောင်ခြယ်ပစ္စည်းပါဝင်ပါတယ်။ ဘီလီရူဘင်က အဝါရောင်ပါ။ ဒါကြောင့် အသားဝါရောဂါဖြစ်တဲ့အခါ အသားရေ၊ မျက်လုံးနဲ့ အမြှေးပါးတွေ အဝါရောင်ဖြစ်လာပါတယ်။   ပြွန်ပိတ်အသားဝါရောဂါ ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ အချက်အလက်တွေကို ထပ်ပြီးသိလိုတယ်ဆိုရင် ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။ ရောဂါလက္ခဏာများပြွန်ပိတ်အသားဝါရောဂါ ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ ပြွန်ပိတ်အသားဝါရောဂါ ရဲ့ အဖြစ်အများဆုံး လက္ခဏာတွေကတော့ မျက်လုံးအဖြူသားနဲ့ အသားအရည် ဝါလာခြင်း ဆီးအရောင်ရင့်ပြီး ဝမ်းဖျော့ဖျော့သွားခြင်း အပြင်းအထန်ယားယံခြင်း အခြေအနေဆိုးလာတာနဲ့ တခြားလက္ခဏာတွေလည်း ပေါ်လာပါတယ်။ ဗိုက်အရမ်းနာခြင်း ဖျားခြင်း ချမ်းတုန်ခြင်း အန်ခြင်းနှင့်ပျို့ခြင်း ပြွန်ပိတ်ရတဲ့အောက်ခံအကြောင်းရင်းပေါ်မူတည်ပြီး လက္ခဏာအမျိုးမျိုးဖြစ်နိုင်ပါတယ်။ မောပန်းနေသလို ခံစားရတာမျိုးလည်းရှိနိုင်ပါတယ်။ အပေါ်မှာပြောထားတဲ့လက္ခဏာတွေထဲမှာ မပါသေးတဲ့တခြားလက္ခဏာတွေလည်း ရှိနေနိုင်ပါတယ်။ တစ်ကယ်လို့များ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခု ရှိနေနိုင်လားဆိုပြီး စိုးရိမ်နေရင်တော့ ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။   ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။ သင့်ဆီမှာ […]


အသည်းရောဂါများ

အရက်အလွန်အကျွံသောက်ရင် အသည်းကိုဘယ်လိုထိခိုက်စေသလဲ

အရက် ကို တစ်ခါတရံလောက်ပဲ သောက်ရာကနေ ရေရှည်စွဲသွားတာမျိုး၊ မသောက်ရမနေနိုင် ဖြစ်သွားတာမျိုး ရှိတတ်ပါတယ်။ ဒါပေမယ့် အရက်သောက်ခြင်းဟာ သေချာစဉ်းစားရမယ့် ကိစ္စမျိုး ဖြစ်ပါတယ်။ အရက်ကို ရေရှည် အလွန်အကျွံ သောက်ရင် လူမှုရေးပြဿနာများသာမကပဲ ကျန်းမာရေးလည်း ထိခိုက်လာနိုင်ပါတယ်။ အထူးသဖြင့် အသည်းရောဂါများ ဖြစ်ပါတယ်။ အရက်ကို ကိုယ်ခန္ဓါက ဘယ်လိုစုပ်ယူသလဲ အရက်သောက်ချိန်မှာ အရက်ကို အစာအိမ်နဲ့ အူလမ်းကြောင်းမှတဆင့် သွေးကြောတွေထဲကို စုပ်ယူလိုက်ပါတယ်။ အစာလမ်းကြောင်းကလာတဲ့ အရက်များဟာ နှလုံးဆီမရောက်ခင် အသည်းကို ဖြတ်ရပါတယ်။ ဒါကြောင့် အသည်းမှာ အရက်ပမာဏ အများဆုံးစုဝေးပါတယ်။ အသည်းရဲ့ဆဲလ်တွေမှာ အရက်ကို အင်ဇိုင်းစနစ်ရဲ့ ဓါတုဖြစ်စဉ်အဆင့်များစွာနဲ့ ပြောင်းလဲအပြီးမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ ရေအဖြစ် ထွက်လာစေပါတယ်။ ပြီးရင် ဆီးထဲနဲ့ အဆုတ်ထဲ ရောက်သွားပါတယ်။ ဒါပေမယ့် အသည်းမှာလည်း အကန့်အသတ်ရှိပါတယ်။ နာရီတိုင်းမှာ အတိုင်းအတာတစ်ခုအထိပဲ […]


အသည်းရောဂါများ

သင့်အသည်းကျန်းမာဖို့ လေ့ကျင့်ခန်းလုပ်ကြစို့။

ကျန်းမာတဲ့အသည်းတစ်ခု ပိုင်ဆိုင်ဖို့ဆိုတာ အလွန်ကိုပဲ အရေးကြီးပါတယ်။ အသည်းဆိုတာ သူ့ဘာသာသူဆို အကောင်းပါ။ လူတွေ ကြောင့်သာ အသည်းကျန်းမာရေး ယိုယွင်းလာရတာဖြစ်ပါတယ်။ အစားမှာဆို ဆီကြော်မုန့်တွေ၊ ဆိုးဆေးတွေ၊ မှိုတက်နေတဲ့ငရုတ်သီးတွေ၊ ဆေးတွေ ကနေ အသည်းကို ဒုက္ခပေးနိုင်ပြီး အသောက်ဆိုရင်တော့ အရက်က အသည်းကို ထိခိုက်စေတဲ့ နေရာမှာ ထိပ်ဆုံးပါ။ အသည်းကို ထိခိုက်စေနိုင်တဲ့အရာတွေကို လူတွေက သိရက်နဲ့ဖြစ်ဖြစ် မသိဘဲနဲ့ဖြစ်ဖြစ် လုပ်မိနေတတ်ကြပါတယ်။ ဒီလိုမျိုး အသည်းကို ထိခိုက်စေနိုင်တဲ့ အရာတွေကို လုပ်မိနေပြီဆိုရင်တော့ သင့်အနေနဲ့ အသည်းကျန်းမာအောင် ပြန်ပြီးလုပ်ပေးသင့်တာတွေရှိပါတယ်။ အရက်လျှော့သောက်တာ၊ ကျန်းမာရေးနဲ့ ညီညွတ်တာတွေစားတာ၊ အသည်းအားဆေးတွေ သောက်တာ၊ မျိုးတွေ လုပ်ပေးနိုင်တဲ့အပြင် ကိုယ်ခန္ဓါ ကျန်းမာစေဖို့အတွက်လုပ်တဲ့ လေ့ကျင့်ခန်းတွေကလည်း အသည်း အပေါ်မှာ သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် အသည်းအတွက် လုပ်သင့်တဲ့ […]


အသည်းရောဂါများ

အသည်းရောဂါ ရဲ့ နောက်ဆက်တွဲဆိုးကျိုးများ။

အသည်းရောဂါ ဆိုတာ အသည်းရဲ့လုပ်ဆောင်ချက်တွေမှာ ပျက်ယွင်းမှုတစ်ခုခုရှိနေတာကိုဆိုလိုပါတယ်။ အသည်း ဟာ ခန္ဓါကိုယ်အတွင်းက အရေးပါတဲ့လုပ်ဆောင်ချက်ပေါင်းများစွာအတွက် အကျိုးပြုနေတဲ့အစိတ်အပိုင်းဖြစ်တဲ့အတွက် သူ့မှာရောဂါဖြစ်တာ၊ ထိခိုက်တာတွေဖြစ်လာရင် ချွတ်ယွင်းမှုတွေက သိသာပါတယ်။ အသည်းရောဂါ ဖြစ်စေတဲ့ အကြောင်းရင်းများ အသည်းရောဂါ ဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေက အများကြီးရှိနိုင်ပါတယ်။ ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင်။ အရက်ကြောင့် အရက်အလွန်အကျွံသောက်သုံးမှုကြောင့် အသည်းကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။ရောဂါပြင်းထန်မှုက အဆင့်ဆင့်ရှိပြီး လက္ခဏာတွေလည်းအမျိုးမျိုးရှိပါတယ်။ ဆေးကြောင့် ဆေးဝါးတွေကြောင့် အသည်းဆဲလ်တွေ ခဏတာ သို့မဟုတ် ရေရှည်ရောင်ရမ်းလာတာဖြစ်လာနိုင်ပါတယ်။ တချို့ကသောက်သုံးမှုလွန်ကဲတဲ့အခါ အသည်းကိုထိတတ်ပေမယ့် တချို့ဆေးတွေကျ ပုံမှန်ပမာဏနဲ့ပဲ ထိခိုက်စေနိုင်ပါတယ်။ ကူးစက်နိုင်တဲ့အသည်းရောင်ရောဂါပိုးကြောင့် အသည်းရောင်ရောဂါဆိုတာရောဂါပိုးကူးစက်ခံရလို့ အသည်းဆဲလ်တွေရာင်ရမ်းလာတာဖြစ်ပါတယ်။ ကပ်ပါးပိုးတွေနဲ့ ဗိုင်းရပ်စ်တွေကသွေး သို့မဟုတ် ခန္ဓါကိုယ်အရည်တွေကတဆင့်၊ ရောဂါပိုးပါတဲ့ အစားအစာနဲ့ရေတို့ကတဆင့်၊ ဒါမှမဟုတ်ရောဂါကူးစက်ခံရတဲ့ သူနဲ့နီးနီးကပ်ကပ်နေမိရာကတဆင့် ကူးစက်ပြန့်ပွားနိုင်ပြီး အသည်းကိုပျက်စီးစေပါတယ်။ အသည်းရောဂါဖြစ်စေတဲ့အထဲက အဖြစ်များဆုံးရောဂါပိုးတွေကတော့ - အသည်းရောင် A ဗိုင်းရပ်စ်- အသည်းရောင် A ပိုးဟာ မစင်ကတဆင့် လူကိုကူးစက်တတ်တဲ့ဗိုင်းရပ်စ်ဖြစ်တဲ့အတွက် အစားအစာကိုင်တွယ်ပြင်ဆင်ရာမှာ သန့်ရှင်းဖို့ […]


အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

အသည်းရောဂါတွေ မဖြစ်လာအောင် ဒီနည်းလမ်းတွေနဲ့ ကာကွယ်ပါ

အသည်းရောဂါ တော်တော်များများက ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရမျှတတဲ့ စားသောက်မှုပုံစံကိုမွေးမြူတာ၊ အရက်သေစာနဲ့ဆေးဝါးတွေကိုသာ ဆင်ခြင်လိုက်မယ်ဆိုရင်ကို ကာကွယ်ပြီးသားဖြစ်နေပါပြီ။ အသည်းရောဂါတွေ က အခြေအနေပြင်းထန်မယ်ဆိုရင် အသက်သေဆုံးတဲ့ထိဖြစ်စေနိုင်တာကြောင့် မဖြစ်ခင်က ကြိုတင်ကာကွယ်တာအကောင်းဆုံးဖြစ်မှာပါ။ အသည်းရောဂါတွေ ကို ကာကွယ်ပေးနိုင်မယ့် လွယ်ကူရိုးစင်းတဲ့နည်းလမ်းတွေက အသည်းက ခန္ဓါကိုယ်ကျန်းမာဖို့အတွက်တော်တော်လေးအရေးပါတာကြောင့် ကျန်းကျန်းမာမာနဲ့ သက်တမ်းစေ့စေ့နေဖို့ဆိုရင် အသည်းကျန်းမာနေဖို့လိုပါတယ်။ အသည်းကို ထိခိုက်စေနိုင်တဲ့ အရာတွေကနေ့စဉ်ထိတွေ့နေတဲ့ ပတ်ဝန်းကျင်မှာရှိနေနိုင်တာကြောင့်သေသေချာချာသတိထားဖို့လိုမှာပါ။ အမှုအမှတ်မဲ့ လုပ်ရပ်တွေကြောင့် အသည်းရောဂါခံစားရတာမျိုးတွေ ကင်းဝေးစေဖို့ ဒီအချက်လေးတွေကို သတိထားပေးပါနော်။ ကျန်းမာတဲ့ကိုယ်အလေးချိန်ကို ထိန်းထားပါ - ခန္ဓါကိုယ်ရဲ့ အလေးချိန်က လူတစ်ယောက်ရဲ့ ကျန်းမာရေးအပေါ်မှာတော်တော်လေးသက်ရောက်နေတာပါ။ အစားတွေကို စားကောင်းတိုင်း အများကြီးစားနေမယ်ဆိုရင် ကိုယ်တွင်းမှာ အဆီပိုတွေများလာပြီး မလိုလားအပ်တဲ့ရောဂါတွေဝင်ရောက်လာနိုင်ပါတယ်။ ကိုယ်တွင်းမှာ အဆီပိုတွေများလာရင်ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ခုက အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးရောဂါကို ခံစားရနိုင်တာပါ။ အဝလွန်တဲ့သူတွေ ပုံမှန်ထက် ကိုယ်အလေးချိန်များနေသူတွေက အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးရောဂါ ခံစားရနိုင်ခြေများတာကြောင့် […]


အသည်းရောဂါများ

သင်ဟာ အရက်ကြိုက်တတ်သူလား။ ဒါဆို အသည်း မထိခိုက်အောင် ဒီလို ကာကွယ်သင့်ပါတယ်။

အရက်။ ။ ယောက်ျားလေးတွေ အကြိုက်ဆုံးလို့ ပြောရမယ့် အရာတစ်ခု။ ပွဲလမ်းသဘင်၊ မိတ်ဆုံစားပွဲ၊ Boys Night Out၊ ကလပ် နေရာမျိုးစုံ အတွက် သူမပါလို့ မဖြစ်၊ သူမပါရင် ပွဲမစည်။ လူတွေက ကြိုက်လို့ ပဲ ဖြစ်ဖြစ် မသောက်ရင် မကောင်းတတ်လို့ အားနာလို့ပဲဖြစ်ဖြစ် အရက်ကို သောက်မိနေတတ်ကြပါတယ်။ မကောင်းဘူးဆိုတာ သိရက်နဲ့ လည်း သောက်နေကြတဲ့ အရက်ေကြာင့် အသည်းထိခိုက်တာကိုလည်း အားလုံးအသိ။ မသောက်ဘဲနဲ့လည်း မနေနိုင်၊ သောက်ရင်လည်း အသည်းထိခိုက်မှာ ကြောက်နေရတဲ့ သူတွေ အတွက် အရက်လည်းသောက် အသည်းကိုလည်းကာကွယ်လို့ ရနိုင်မယ့် နည်းတွေရှိပါတယ်။ အရက်ကြိုက်တဲ့ သူတွေ အတွက်ကတော့ မျှော်လင့်ချက်ရောင်ခြည်လို့ ပြောရမလားပဲ။ အရက်ကြောင့် အသည်း ဘယ်လို ထိခိုက်တတ်သလဲ။ ။ အရက် ဆိုတာ […]


အသည်းရောဂါများ

သင့်ရဲ့အသည်း

“ဆရာ အဖေ နာနေတယ်ပြောလို့” “ဟုတ်ကျွန်တော်လူနာသက်သာအောင်ဆေးတစ်လုံးထိုးပေးပါမယ်” “အဖေ့အခြေအနေက ဘယ်လိုရှိလဲ ဆရာရယ်” “ဟုတ်ပြောရတာတော့စိတ်မကောင်းပါဘူး၊ သိပြီးသားထင်ပါတယ်။ လူနာက အသည်းကင်ဆာဆိုတော့သိပ်တော့အခြေအနေမကောင်းဘူး။ နောက်ဆုံးအဆင့်ဆိုတော့လေ။ တတ်နိုင်သရွေ့သက်တောင့်သက်သာဖြစ်အောင်တော့လုပ်ပေးနေပါတယ်။” “ဟုတ်ဆရာ အဓိကကတော့အရမ်းကြီး မခံစားစေချင်တာပါ။” အသည်းကင်ဆာဖြစ်ပွားနေသောလူနာ၏ လူနာရှင်နှင့်သမားတော်တို့ပြောနေသောစကားများဖြစ်သည်။ လူနာက အရက်နှင့်ကြောင့်အသည်းခြောက်ရာမှတဆင့်အသည်းကင်ဆာပြောင်းကာ နောက်ဆုံးအဆင့်ရောက်နေခြင်းဖြစ်သည်။ မိသားစုက လုပ်လို့ရသော ကုသမှုတော်တော်များများကိုလုပ်ပေးထားသော်လည်း လူနာအခြေအနေက မကောင်းခဲ့။ ကင်ဆာမှန်းသိချိန်မှာပင်ခွဲစိတ်ကုသ၍မရနိုင်တော့သဖြင့်သွေးကြောအတွင်းသို့ဆေးသွင်းကုသခြင်းကိုသာ လုပ်ဆောင်ပေးခဲ့ရသည်။ သို့သော်အသည်းကင်ဆာ၏ ရောဂါသဘောသဘာဝအတိုင်း ရောဂါအခြေအနေမှာ ပျောက်ကင်းသွားခြင်းမရှိဘဲ ခဏသက်သာသွားရုံသာရှိပြီး နောက်ပိုင်းတွင်ပြန်ဆိုးလာခဲ့သည်။ ယခုအနေအထားတွင်ရောဂါမှာအဆိုးဆုံးအနေအထားသို့ရောက်ရှိလာခြင်းဖြစ်သည်။ အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာအသည်းခြောက်ခြင်းသည်မြန်မာနိုင်ငံတွင်အဖြစ်များသော ရောဂါတစ်မျိုးဖြစ်သည်။ အသည်းခြောက်စေသော အကြောင်းများတွင်အရက်နှင့်အသည်းရောင်အသားဝါ B ပိုး C ပိုးများသည်အဖြစ်များသော အကြောင်းများအဖြစ်ပါဝင်ပါသည်။ အသည်းရောဂါဖြစ်လာပြီဆိုလျှင်အသည်းရောဂါမှာ စတင်ဖြစ်ပွားစတွင်တစ်ခါတစ်ရံသိသိသာသာ လက္ခဏာမပြဘဲလည်း ရှိတတ်သည်။ ပျို့အန်ခြင်း၊ အသားဝါခြင်း၊ ဝမ်းဗိုက်ရင်ခေါင်း ညာဘက်ပိုင်းတွင်နာခြင်းများဖြစ်တတ်သည်။ အသည်းခြောက်လာပြီဆိုလျှင်နောက်ဆက်တွဲ အနေဖြင့်ကိုယ်လက်များဖောယောင်ခြင်း၊ ရေဖျဉ်းစွဲခြင်း၊ အသားဝါခြင်း၊ သွေးအန်ခြင်း၊ သွေးဝမ်းနှင့်ဝမ်းအမည်းများသွားခြင်း များ ဖြစ်လာတတ်သည်။ နောက်ပိုင်းတွင်အသည်းဆိပ်များ ဦးနှောက်ရောက်ပြီး သတိမကောင်းတော့ခြင်း၊ ကျောက်ကပ်နှင့်အဆုတ်များပါထိခိုက်လာခြင်းများဆက်လက်ဖြစ်ပေါ်လာတတ်ပါသည်။ အသည်းခြောက်ခြင်းမှတစ်ခါတစ်ရံအသည်းကင်ဆာ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ဗိုက်အောင့်ဗိုက်နာဖြစ်ခဲ့ရင်

ဗိုက်ထဲအောင့်သလိုလိုပဲ။နေလို့မကောင်းလိုက်တာလို့များဖြစ်နေလား။ ဗိုက်နာတာကတော်တော်လေးတော့ စိတ်အနှောင့်အယှက်ဖြစ်စရာနော်။ အလုပ်လုပ်ဖို့မပြောနဲ့ ထိုင်နေရတာတောင်အခက်တော်တော်တွေ့နေပြီလေ။ ဗိုက်အောင့်တဲ့အခါ နံရိုးအောက်ဘက်တွေကနေစလို့ ဆီးခုံအပေါ်ပိုင်းအထိ ဗိုက်တစ်ပြင်လုံးကအောင့်နေတတ်တာပါ။ ဗိုက်က ကိုယ်တွင်းအင်္ဂါတွေကို စုစည်းထည့်ထားတဲ့သေတ္တာကြီးပေါ့။ ဗိုက်ထဲမှာ အစာအိမ်၊ အသည်း၊ပန်ကရိယ၊ အူသိမ်၊ အူမကြီးနဲ့သည်းခြေအိတ်တွေပါဝင်နေပါတယ်။ ဒါတွေအပြင် အမျိုးသမီးတွေမှာဆိုရင် မျိုးပွားအင်္ဂါတောင်ပါနေပါသေးတယ်။ ဒါတွေအပြင် ဝမ်းဗိုက်ပိုင်းမှာ ခန္ဓါကိုယ်အတွက်အရေးပါတဲ့သွေးကြောကြီးတွေရှိနေပါသေးတယ်။ ဒီအချက်တွေကြောင့် ဗိုက်အောင့်ဗိုက်နာဖြစ်နိုင်ပါတယ် ဗိုက်အောင့်ဗိုက်နာဖြစ်စေတဲ့ အကြောင်းအရင်းက တစ်ခုမကရှိနေတာပါ။ ဗိုက်အောင့်ဗိုက်နာဖြစ်စေတဲ့အဓိကအကြောင်းအရင်းက ပိုးဝင်ကူးစက်တာ၊ ကိုယ်တွင်းအင်္ဂါတစ်ခုခုရောင်ရမ်းတာ၊ အစာခြေစနစ်နဲ့ အူလမ်းကြောင်းမှာပြဿနာတွေရှိနေတာကြောင့်ပါ။ လည်ချောင်း၊ အူတွေနဲ့သွေးတွင်းမှာရောဂါပိုးတွေဝင်ရောက်ကူးစက်တဲ့အခါ ဘက်တီးရီးယားတွေက အစာခြေလမ်းကြောင်းထဲကိုရောက်ရှိသွားပြီး ဗိုက်အောင့်ဗိုက်နာတာတွေဖြစ်စေနိုင်ပါတယ်။ ဗိုက်အောင့်ဗိုက်နာတာကို အများဆုံးဖြစ်စေတဲ့အကြောင်းအရင်းတွေက - ဝမ်းချုပ်တာ ဝမ်းပျက်ဝမ်းလျှောဖြစ်တာ အထက်လန်အောက်လျှောဖြစ်တာ စားချဉ့်ရည်ပြန်ဆန်တက်တာ အော့အန်တာ စိတ်ဖိစီးမှုများတာ နဲ့ အစာခြေစနစ်ကိုထိခိုက်စေနိုင်တဲ့ရောဂါတွေကြောင့်လည်း ဗိုက်အောင့်ဗိုက်နာတာတွေဖြစ်နိုင်ပါတယ်။ မခံမရပ်နိုင်အောင် ဗိုက်အောင့်နေတာဆိုရင်တော့ - အူအတက်ပေါက်တာ၊ အူအတက်ရောင်တာ သည်းခြေအိတ်ကျောက်တည်တာ ကျောက်ကပ်မှာကျောက်တည်တာ ကျောက်ကပ်ပိုးဝင်တာတွေကြောင့်ဖြစ်နိုင်ပါတယ်။ ဗိုက်အောင့်တာကို သက်သာစေမယ့်နည်းလမ်းတွေက ဗိုက်အောင့်ဗိုက်နာဖြစ်ရတဲ့အကြောင်းအရင်းပေါ်မူတည်ပြီး ကုသစောင့်ရှောက်မှုပေးပုံချင်း […]


အသည်းရောဂါများ

Fatty Liver (အသည်းအဆီဖုံးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Fatty Liver (အသည်းအဆီဖုံးခြင်း) ကဘာလဲ။ အသည်းအဆီဖုံးခြင်း သို့မဟုတ် steatosis ဆိုသည်မှာ အသည်းအတွင်း အဆီများစုပုံလာခြင်းကိုခေါ်ဆိုခြင်းဖြစ်သည်။ အသည်းတွင် အဆီများရှိသည်မှာ ပုံမှန်ဖြစ်သော်လည်း အသည်း၏အလေးချိန် ၅-၁၀ % မှာ အဆီကြောင့်ဆိုပါက အသည်းအဆီဖုံးပြီဟုသတ်မှတ်ပါသည်။ အသည်းအဆီဖုံးခြင်းမှာ အပြုအမူြေပါင်းခြင်းဖြင့် ပြန်ကောင်းနိုင်သောအခြေအနေဖြစ်သည်။ လက္ခဏာများ မပြတတ်သလို လုံးဝအသည်းပျက်စီးသွားခြင်းကိုလည်း မဖြစ်စေပါ။ အသည်းမှာ ခန္ဓါကိုယ်အတွင်း ဒုတိယအကြီးဆုံး အင်္ဂါဖြစ်သည်။ အသည်း၏လုပ်ငန်းမှာ ကျွန်ုပ်တို့ နေ့စဉ်စားသောက်သမျှကို ပြုပြင်ပေးပြီး မကောင်းသည့်အဆိပ်များကို စစ်ပေးခြင်းဖြစ်သည်။ အဆီများလာပါက ထိုလုပ်ငန်းစဉ် အနှောင့်အယှက်ခံရပါမည်။ အသည်းသည် ဆဲလ်ဟောင်းများ ပျက်စီးသွားသည့်အခါ ဆဲလ်အသစ်များ ထုတ်ပေးခြင်းဖြင့် ပြန်ကောင်းအောင်လုပ်၏။ အသည်းကို ထပ်ခါထပ်ခါ ထိခိုက်မှုရှိလာသည့်အခါ ပြင်မရသည့် အမာရွတ်များအစားထိုးလာပါသည်။ ထိုအခြေအနေကို အသည်းခြောက်သည်ဟု ခေါ်ခြင်းဖြစ်သည်။ Fatty Liver (အသည်းအဆီဖုံးခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါသည် အဖြစ်များ၏။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း