အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ခန္ဓာကိုယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်က အရေးပါတဲ့ စနစ်တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကနေ အာဟာရစုပ်ယူဖို့ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက လုပ်ပေးမှ ရတာပါ။ ဒီလိုစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်တစ်ခု ဖြစ်ဖို့ ဘာတွေလုပ်လို့ရလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား

ဝမ်းလျှောလို့ ဓာတ်ဆားရည်သောက်လိုက်တာ ခုတော့ ဝမ်းပိတ်ရုံတင်မကဘူး။ ဝမ်းပါချုပ်သွားပြီလို့ ပြောတာ ကြားဖူးမှာပါ။ ဝမ်းချုပ်တာကို ဓာတ်ချုပ်တယ်လို့လည်း ပြောကြတော့ ဓာတ်ဆားရည်တွေ သောက်လိုက်လို့ ဝမ်းချုပ်သွားတာများလားလို့ တွေးတတ်ကြပါတယ်။ တကယ်ပဲ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်တွေမှာ ဘာတွေပါဝင်သလဲ။ ဓာတ်ဆားရည်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆားဓာတ်တွေ ဖြစ်တဲ့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်၊ ဂလူးကို့စ်၊ ရေ စတာတွေ ပါဝင်ပြီး ဒါတွေက နဂိုလည်း ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဓာတ်တွေပဲ ဖြစ်ပါတယ်။ ဒီဓာတ်တွေက ဝမ်းချုပ်တာနဲ့ မသက်ဆိုင်ပါဘူး။ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်က ဝမ်းချုပ်စေဖို့ မပြောနဲ့။ ဝမ်းပိတ်စေတဲ့ အာနိသင်တောင် မရှိပါဘူး။ ဟုတ်ပါတယ်။ ဝမ်းလျှောတဲ့အခါ ဓာတ်ဆားရည်သောက်တာက ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားဓာတ်ကို ဖြည့်ပေးတာပဲ ဖြစ်ပါတယ်။ ဝမ်းရပ်ဖို့ ဆိုတာက ကုသမှု တစ်ခုခု […]

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကို ရှာဖွေမည်။

အသည်းရောဂါများ

အသည်းကောင်းမှ ကျန်းမာရေးကောင်းမည်

အသည်းဆိုတာ လူ့ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အရေးကြီးသော အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ အသည်းကနေ ကိုယ်ခန္ဓါအတွက် အလုပ်တွေအများကြီး လုပ်ပေးပါတယ်။ ဘာတွေလဲဆိုတော့ စားလိုက်လို့ ပိုလျှံနေတဲ့ ဂလူးကို့စ်( Glucose)တွေကို ဂလိုင်ကိုဂျင်( glycogen) အဖြစ်သိမ်းထားပေးပြီး လိုအပ်တဲ့ အခါမှ ဂလူးကို့စ်အဖြစ်ပြန်ထုတ်ပေးပါတယ်။ စားလိုက်တဲ့ အစားအစာတွေကနေရတဲ့ ဗီတာမင်တွေကို သိမ်းထားပေးပါတယ်။ စားလိုက်တဲ့ အစားအစာတွေကိုလည်း အသည်းကပဲ ဖြိုခွဲပြီး ကိုယ်ခန္ဓါက အသုံးပြုလို့ရတဲ့ စွမ်းအင်တွေ အဖြစ်ပြန်ထုတ်ပေးတယ်။ ထိခိုက်ဒဏ်ရာရလို့ သွေးထွက်ပြီဆိုရင်လည်း သွေးတိတ်အောင် albumin လို့ခေါ်တဲ့ ပရိုတင်း တစ်မျိုးကို အသည်းက ထုတ်ပေးရတယ်။ စားလိုက်တဲ့ အထဲမှာ အဆီများသွားရင် အဆီကိုချေဖို့ လိုအပ်တဲ့ သည်းခြေရည်တွေထွက်အောင်လည်း အသည်းက ကူညီပေးတယ်။ ( Immunoglibulin ) လို့ခေါ်တဲ့ ကိုယ်ခန္ဓါရဲ့ […]


အသည်းရောဂါများ

အသည်းရောင် အသားဝါပိုးက အသည်းကို ဘယ်လိုထိခိုက်စေနိုင်လဲ

အသည်းရောင် အသားဝါရောဂါ အသည်းရောင် အသားဝါရောဂါဆိုတာက အသည်းကဆဲလ်တွေကိုရောင်ရမ်းစေပြီး အသည်းကို ထိခိုက်ပျက်စီးစေနိုင်တဲ့ရောဂါတစ်မျိုးပေါ့။ အသည်းရောင်အသားဝါရောဂါအမျိုးအစားတွေအမျိုးမျိုးရှိသလိုရောဂါဖြစ်စေတဲ့အကြောင်းရင်းခံတွေလည်း အမျိုးမျိုးရှိပေမယ့်ရောဂါလက္ခဏာတွေကတော့ ခပ်ဆင်ဆင် တူတတ်ကြပါတယ်။ ခန္ဓာကိုယ်အတွက် အသည်းကဒီလိုအရေးပါပါတယ် အသည်းက ကိုယ်တွင်းအင်္ဂါတွေထဲမှာ အကြီးဆုံးအစိတ်အပိုင်းတစ်ခုဖြစ်ပြီး လုပ်ဆောင်ပေးရတဲ့ တာဝန်တွေကလည်းတော်တော်လေးတော့များပါတယ်။ အသည်းရဲ့ တာဝန်တွေက - သွေးထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်တွေကို သိမ်းဆည်းပေးတယ် ဟော်မုန်းတွေထုတ်ပေးတယ် အစာခြေဖို့ သည်းခြေရည်ထုတ်ပေးတယ် ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်းနဲ့ အဆီတွေကိုဖြိုခွဲပေးတယ် သွေးတိတ်အောင်လုပ်ပေးတယ် ကျန်းမာနေတဲ့ အသည်းက ဒီတာဝန်တွေကို အကုန်လုံးပြီးပြည့်စုံအောင်လုပ်ဆောင်နိုင်ပေမယ့် အသည်းရောင်အသားဝါရောဂါပိုး ကူးစက်ခံလိုက်ရတဲ့အခါရောဂါပိုးတွေက အသည်းရဲ့ လုပ်ငန်းစဉ်တွေကို အနှောင့်အယှက်ဖြစ်စေပြီး ခန္ဓာကိုယ်မှာ ကြီးမားတဲ့ ကျန်းမာရေးပြဿနာတွေကိုဖြစ်စေတော့တာပါပဲ။ အသည်းရောင်အသားဝါရောဂါအမျိုးအစားတွေက အသည်းရောင်အသားဝါ ဗိုင်းရပ်စ်အမျိုးအစားကတော်တော်လေးတော့များပါတယ်။ အသည်းရောင် အသားဝါ A ဗိုင်းရပ်စ် အသည်းရောင် အသားဝါ B ဗိုင်းရပ်စ် အသည်းရောင် အသားဝါ C ဗိုင်းရပ်စ် […]


အသည်းရောဂါများ

Fatty Liver (အသည်းအဆီဖုံးခြင်း)

Fatty Liver (အသည်းအဆီဖုံးခြင်း) ကဘာလဲ။ Fatty Liver အသည်းအဆီဖုံးခြင်း သို့မဟုတ် steatosis ဆိုသည်မှာ အသည်းအတွင်း အဆီများစုပုံလာခြင်းကိုခေါ်ဆိုခြင်းဖြစ်သည်။ အသည်းတွင် အဆီများရှိသည်မှာ ပုံမှန်ဖြစ်သော်လည်း အသည်း၏အလေးချိန် ၅-၁၀ % မှာ အဆီကြောင့်ဆိုပါက အသည်းအဆီဖုံးပြီဟုသတ်မှတ်ပါသည်။ အသည်းအဆီဖုံးခြင်းမှာ အပြုအမူြေပါင်းခြင်းဖြင့် ပြန်ကောင်းနိုင်သောအခြေအနေဖြစ်သည်။ လက္ခဏာများ မပြတတ်သလို လုံးဝအသည်းပျက်စီးသွားခြင်းကိုလည်း မဖြစ်စေပါ။ အသည်းမှာ ခန္ဓါကိုယ်အတွင်း ဒုတိယအကြီးဆုံး အင်္ဂါဖြစ်သည်။ အသည်း၏လုပ်ငန်းမှာ ကျွန်ုပ်တို့ နေ့စဉ်စားသောက်သမျှကို ပြုပြင်ပေးပြီး အဆိပ်အတောက်များကို စစ်ပေးခြင်းဖြစ်သည်။ အဆီများလာပါက ထိုလုပ်ငန်းစဉ် အနှောက်အယှက်ခံရပါမည်။ အသည်းသည် ဆဲလ်ဟောင်းများ ပျက်စီးသွားသည့်အခါ ဆဲလ်အသစ်များ ထုတ်ပေးခြင်းဖြင့် ပြန်ကောင်းအောင်လုပ်၏။ အသည်းကို ထပ်ခါထပ်ခါ ထိခိုက်မှုရှိလာသည့်အခါ ပြင်မရသည့် အမာရွတ်များအစားထိုးလာပါသည်။ ထိုအခြေအနေကို အသည်းခြောက်သည်ဟု ခေါ်ခြင်းဖြစ်သည်။ Fatty Liver (အသည်းအဆီဖုံးခြင်း) က […]


အသည်းရောဂါများ

အသည်းအတွက် အကောင်းဆုံးအာဟာရ

အသည်းကောင်းရဲ့လား။ အသည်းနာလှချည်ရဲ့ဆိုတာက ခံစားချက်အတွက်ပဲပြောလို့ကောင်းတာပါ။ တကယ့်ကျန်းမာရေးမှာ အသည်းကို အနာခံလို့မဖြစ်ပါဘူးနော်။ အသည်းဆိုတာ အစာခြေဖျက်ရာမှာအရေးပါတဲ့လုပ်ဆောင်ချက်ရှိသလို ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ဗီတာမင်နဲ့သတ္တုဓါတ်တွေကို သိုလှောင်သိမ်းဆည်းရာမှာ အဓိကကျတဲ့ကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်ပါတယ်။ အဆိပ်အတောက်ြဖစ်စေနိုင်တဲ့၊ အန္တရာယ်ရှိနိုင်တဲ့ဓါတ်ပစ္စည်းတွေကို ခန္ဓါကိုယ်ထဲကနေ ဖယ်ရှားသန့်စင်နိုင်ဖို့ အသည်းကပဲလုပ်ဆောင်ပေးရတာပါ။ သူကပဲ ဘက်တီးရီးယား၊ မှိုပိုး၊ ဗိုင်းရပ်စ်တွေနဲ့ ကပ်ပါးပိုးတွေကို သွေးထဲကနေ ဖယ်ရှားပေးတဲ့အတွက် ရောဂါပိုးတွေမဝင်ရောက်နိုင်အောင်ကာကွယ်နိုင်ပါတယ်။ ဒီလောက်အရေးပါတဲ့ အသည်းကို စောင့်ရှောက်ကာကွယ်ဖို့ ကြိုးစားဂရုစိုက်သင့်တယ်မဟုတ်ဘူးလား။ ဒါ့ကြောင့် အသည်းကို အဆိပ်အတောက်တွေသန့်စင်ပေးနိုင်မယ့် ဗီတာမင်နဲ့လိုအပ်တဲ့ဓါတ်တွေကဘာတွေလဲဆိုတာ သိထားသင့်တယ်နော်။ ဗီတာမင် C ခန္ဓါကိုယ်တွင်းအဆိပ်အတောက်တွေဖယ်ရှားသန့်စင်ဖို့ ၊ အထူးသဖြင့် အသည်းအတွက်ဆိုရင် ဗီတာမင် C ကို မရှိမဖြစ်လိုအပ်ပါတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက ဆဲလ်ပျက်စီးမှုတွေဖြစ်စေနိုင်တဲ့ free radicals တွေကို ဓါတ်ပြယ်စေဖို့ အကူအညီပေးတာကြောင့်ပါပဲ။ ဗီတာမင် B ဗီတာမင် B အုပ်စုဝင် ဘယ်အမျိုးအစားပဲဖြစ်ဖြစ် အသည်းကိုကာကွယ်တဲ့နေရာမှာ အရေးပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်ပါတယ်။ ဗီတာမင် B […]


အသည်းရောဂါများ

အရက်ကြောင့်ဖြစ်တဲ့ အသည်းရောဂါ

အရက်ေကြာင့်ဖြစ်တဲ့ အသည်းရောဂါ (Alcoholic liver disease) က အရက်ကို အလွန်အကျွံသောက်သုံးတာကြောင့် အသည်းထိခိုက်တဲ့ရောဂါတစ်မျိုးပါ။ နောက်ဆက်တွဲတွေအနေနဲ့ အသည်းအဆီဖုံးတာ၊ အသည်းရောင်တာ နဲ့ အသည်းမှာ အနြာဖစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ ဒီဝေဒနာက အသက်ဆုံးရှုံးတဲ့အထိဖြစ်စေနိုင်ပါတယ်။ အသည်းက ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ခန္ဓါကိုယ်အတွက်လိုအပ်တဲ့အာဟာရဓါတ်တွေကို သိုလှောင်သိမ်းဆည်းပေးထားတဲ့အတွက် ကျန်းမာတဲ့ဘဝနေထိုင်မှုကို ပိုင်ဆိုင်ဖို့ရင် အသည်းကျန်းမာနေစေဖို့ မဖြစ်မနေဂရုစိုက်ရမှာပါ။ ကဲ အသက်ရှည်ရှည်ကျန်းကျန်းမာမာနေဖို့ အရေးပါတဲ့ အသည်းကို ကျန်းမာအောင် ဘယ်လိုဂရုစိုက်မလဲ။ တစ်ခါတလေမှာ ဒီလက္ခဏာတွေက အစာအိမ်မှာ ပိုးဝင်တာနဲ့ အခြားသောအစာခြေစနစ်ပြဿနာေတွကြောင့်ဖြစ်တယ်လို့ ထင်စရာအကြောင်းရှိပါတယ်။ ဒီလိုအနေအထားမျိုးမှာ ရောဂါကို ကုသတာမျိုးမလုပ်ဘဲ ခပ်ပေါ့ပေါ့နေရင်း အရက်တွေကို ဆက်လက်သောက်သုံးနေမယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ ရောဂါဖြစ်ပွားမှုနှုန်းက မြန်လာပြီး ရောဂါကျွမ်းသွားတဲ့အထိဖြစ်လာနိုင်ပါတယ်။ အရက်ကြောင့်ဖြစ်တဲ့ အသည်းရောဂါ ဘာတွေကြောင့်ဖြစ်နိုင်သလဲ။ နှစ်ကာလရှည်ကြာစွာ အရက်ကို အတိုင်းအဆမရှိ အကြိုက်သောက်သုံးလာခဲ့တဲ့အခါ အချိန်ကြာလာတာနဲ့အမျှ အသည်းမှာထိခိုက်လာပြီး အသည်းရောဂါတွေကို ခံစားရနိုင်ပါတယ်။ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Colostomy ဖောက်ရပြီဆိုရင်

Colostomy ဆိုတာဘာလဲ   Colostomy အကြောင်း မပြောခင် အူမကြီးအပေါ်ပိုင်း (colon)အကြောင်းကို အရင်ပြောပြချင်ပါတယ်။ အူမကြီးအပေါ်ပိုင်း (colon)ဟာ အူမကြီးရဲ့ အစပိုင်း ၄ - ၅ လက်မလောက်ကို ဆိုလိုပြီး အစာချေအဖွဲ့အစည်းမှာ ပါဝင်ပါတယ်။ သူ့ရဲ့ အဓိကအလုပ်ကတော့ ခန္ဓါကိုယ်အပြင်ကို စွန့်ပစ်မယ့် အညစ်အကြေး (မစင်)တွေဆီကနေ ရေဓါတ်နဲ့ အာဟာရဓါတ် အကြွင်းအကျန်တွေကို ပြန်လည်စုပ်ယူပေးခြင်းပဲ ဖြစ်ပါတယ်။ ခန္ဓါကိုယ်အတွက် လိုအပ်နေသေးတဲ့ အရာမှန်သမျှကို အပြီးသတ် စုပ်ယူပြီးချိန်မှာ အဆိုပါ အညစ်အကြေးတွေကို rectum လို့ခေါ်တဲ့ အူမကြီးအောက်ပိုင်းဆီ ဆက်လက်ပို့ဆောင်ကာ နောက်ဆုံးမှာတော့ စအိုကတဆင့် အပြင်ကို စွန့်ပစ်ပါမယ်။ ဒါကြောင့် သင့်ခန္ဓါကိုယ်ထဲက အညစ်အကြေးတွေကို စွန့်ပစ်ရာမှာ အူမကြီးနဲ့ စအိုပေါက်ဟာ မရှိမဖြစ် လိုအပ်တဲ့ အင်္ဂါအစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ […]


အသည်းရောဂါများ

သင့်အသည်းက ခန္ဓါကိုယ်အတွက် ဘာတွေလုပ်ပေးလဲ။

အသည်း။ ။ ပြောရမယ်ဆို ကိုယ်တွင်း အင်္ဂါထဲမှာ အလုပ်အများဆုံးနဲ့ အကြီးဆုံးလို့ ဆိုရမယ့် ကိုယ်တွင်းအင်္ဂါတစ်ခု။ အလုပ်အများဆုံးလို့ပြောရတာလည်း ကိုယ်ခန္ဓါ အတွက် မလုပ်မဖြစ်လုပ်ရတဲ့ အလုပ်ပေါင်း ၅၀၀ ကျော်ကို သူတစ်ယောက်တည်းလုပ်နေရတဲ့ ကိုယ်တွင်းက အကြီးဆုံးဂလင်းလေးတစ်ခု။ ဆဲလ်တွေကို အသစ်ပြန်ပြန်ပွားနိုင်တဲ့ တစ်ခုတည်းသော ကိုယ်တွင်းအင်္ဂါဆိုလို့ အသည်းပဲရှိတယ်။ ဒီလိုအရေးပါ အရာရောက်တဲ့ ရာထူးတစ်ခုကို ရထားတော့ ထုံးစံအတိုင်း တာဝန်ယူ ရတဲ့ အလုပ်ကလည်းများပြီပေါ့။ ဒီထဲကမှ အသည်းအရေးအကြီးဆုံး လုပ်နေရတဲ့ တာဝန်တွေက ဘာတွေလဲဆိုတာ ပြောပြပေးချင်ပါတယ်။ အသည်းရဲ့လုပ်ဆောင်ချက်များ။ ။ အသည်းရဲ့ ကိုယ်ခန္ဓါ အတွက်လုပ်ဆောင်ပေးချက်တွေကို ပြောရမယ်ဆို ၅၀၀ ကျော်လောက်တောင်ရှိတာမို့ ရေးလို့လည်း ဖတ်လို့လည်းနိုင်မှာမဟုတ်။ ဒီတော့ အရေးကြီးတယ်ဆိုတာတွေကိုပဲ ပြောပြချင်ပါတယ်။ အသည်းရဲ့လုပ်ဆောင်ချက်တွေကို အဓိက အပိုင်းကြီးလေးပိုင်းခွဲထားလို့ရတယ်။ ၁။ တည်ဆောက်သိမ်းဆည်းပေးတဲ့အပိုင်း ၂။ ဖြိုခွဲပေးတဲ့အပိုင်း ၃။ ထုတ်လုပ်ပေးတဲ့အပိုင်း ၄။ […]


အသည်းရောဂါများ

မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ အသည်းရောဂါများ

အသည်းက တစ်ကိုယ်လုံးကျန်းမာဖို့အတွက် အရေးပါတဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတစ်ခုပါ။ ဘောလုံးတစ်လုံးစာလောက်ပဲအရွယ်အစားရှိပေမယ့် လုပ်ပေးတဲ့တာဝန်တွေက တော်တော်လေးများပါတယ်။ ဒီလိုအရေးပါတဲ့ အသည်းကဘယ်လောက်ထိအရေးပါလဲဆိုတာနဲ့ ဘယ်လိုရောဂါတွေခံစားရနိုင်လဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာဖတ်ကြည့်ပါနော်။ အသည်းက ဘာတွေလုပ်ပေးတာလဲ အရေးပါတဲ့ ကိုယ်တွင်းအစိတ်အပိုင်းဖြစ်တဲ့ အသည်းက - အူသိမ်ကစုပ်ယူထားတဲ့ အာဟာရတွေကို သိမ်းဆည်းသိုလှောင်ပေးတယ်။ ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေကို ထုတ်ပေးတယ်။ ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်။ ပရိုတင်းဓါတ်ထောက်ပံ့ပေးတယ်။ အစာခြေစနစ်အတွက် သည်းခြေရည်ထုတ်ပေးတယ်။ အသည်းကို ထိခိုက်စေနိုင်တဲ့ အပြုအမူအချို့ တစ်ခါတလေမှာ အမှတ်မထင်လုပ်မိတဲ့အပြုအမူတွေကြောင့် အသည်းထိခိုက်မှုတွြေဖစ်နိုင်ပါတယ်။ ဒီလိုအရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ အသည်းဟာ နေ့စဉ်စားသုံးနေတဲ့ အစားအသောက်တွေနဲ့ အပြုအမူတွေကြောင့် ထိခိုက်နိုင်ပါတယ်။ နေ့စဉ်ထိတွေ့မိနေတဲ့အရာတွေကြောင့်လည်း အသည်းမှာထိခိုက်တာတွေဖြစ်နိုင်ပါတယ်။ တစ်ခါတလေမှာတော့ အသည်းရောဂါက မျိုးရိုးလိုက်တာကြောင့်လည်းဖြစ်တတ်ပါသေးတယ်။ အရက်ေတွအလွန်အကျွံသောက်တာ တစ်ခါသုံးအပ်အသုံးမပြုတာ တက်တူးထိုးတာ ခန္ဓါကိုယ်မှာ အပေါက်ဖောက်တာတွေလုပ်တာ ရောဂါရှိသူရဲ့ သွေး၊ခန္ဓါကိုယ်ကထွက်တဲ့အရည်တွေနဲ့ထိတွေ့တာ အကာအကွယ်မဲ့လိင်ဆက်ဆံတာ အဆိပ်ရှိတဲ့အရာတွေ ဓါတုပစ္စည်းတွေကို အရေပြားနဲ့တိုက်ရိုက်ထိတွေ့တာ ဆီးချိုရှိတာ […]


အသည်းရောဂါများ

သင့်အသည်းအတွက် မရှိမဖြစ်အရေးပါတဲ့ဓါတ်ပစ္စည်းတစ်ခု

ဒီနေ့ခေတ်နေထိုင်စားသောက်မှုပုံစံတွေက ကျန်းမာရေးနဲ့မညီတာများလာတာနဲ့အမျှ အသည်းမှာဒဏ်ရာတွေဖြစ်လာတာအမှန်ပါပဲ။ အစားအသောက်မှာပါတဲ့ မှို၊ အရောင်ဆိုးဆေးတွေ နဲ့ အရက်တွေလိုမျိုး ကျန်းမာရေးအတွက်မကောင်းတဲ့အစား၊အသောက်တွေကို မစွန့်လွှတ်တာ၊ ကိုယ်လက်လှုပ်ရှားမှုမရှိတာ၊ အဝလွန်တာ၊ မူးယစ်ဆေးသုံးတာ အကုန်လုံးက အသည်းကိုဒုက္ခပေးပါလိမ့်မယ်။ ဒီလိုနဲ့ အသည်းက ပိုအလုပ်လုပ်ရပြီး အသည်းထိခိုက်ပျက်စီးမှုနဲ့ အသည်းရောဂါတွေ ခံစားရဖို့များလာပါရော။ အဖြစ်များကြတာက အသည်းအဆီဖုံးရောဂါ၊ အသည်းခြောက်ရောဂါ၊ အသည်းရောင်အသားဝါရောဂါ စုံလို့ပါပဲ။ အဲဒီအသည်းရောဂါတွေရဲ့အကြောင်းရင်းက နေထိုင်စားသောက်ပုံတွေကြောင့်ပဲ ဖြစ်ရတာများပါတယ်။ အသည်းအဆီဖုံးရောဂါဆိုရင် အဆီများတာတွေ၊ ဆီမသန့်တာတွေစားမယ်၊ လှုပ်ရှားမှုနည်းမယ်၊ ဆေးလိပ်သောက်တယ်၊ အရက်ေသာက်တယ် ဆိုတာတွေကြောင့်ပါ။ အရက်ကြောင့်ပဲဖြစ်ဖြစ် နေထိုင်စားသောက်မှုကြောင့်ပဲဖြစ်ဖြစ် အသည်းအဆီဖုံးဖြစ်ရင် အသည်းကိုရောင်ခြင်း၊ အသည်းခြောက်ခြင်း၊ အသည်းပျက်စီးခြင်းတွေအထိဖြစ်စေနိုင်ပါတယ်။ ဒါတွေအပြင် အသည်းအဆီဖုံးခြင်းက သွေးတိုးရောဂါ၊ အင်ဆူလင်မတုံ့ပြန်နိုင်ခြင်းနဲ့ အမျိုးအစား ၂ ဆီးချိုရောဂါတို့နဲ့ပါ ဆက်နွှယ်နေပါတယ်။ ဒါတွေကိုကာကွယ်နိုင်ဖို့ ဘာလုပ်ကြမလဲဆိုတော့ ဆင်ခြင်ပေါ့ လို့ပြောကြလိမ့်မယ်။ အစားအသောက်ဆိုင်ကောင်းကောင်းတွေ၊ ထိုင်လို့ကောင်းတဲ့ အဆင်ြ့မင့်ဘားတွေ ပေါနေတဲ့ဒီခေတ်ကြီးမှာ […]


အသည်းရောဂါများ

အသည်းကို ထိခိုက်စေနိုင်သော အပြုအမူဆိုး (၅)ချက်

အသည်းဆိုသည်မှာ လူ့ခန္ဓါကိုယ်တွင် မရှိမဖြစ်လိုအပ်သော အရေးကြီးသည့် အစိတ်အပိုင်း တစ်ခုဖြစ်သည်။ စားလိုက်သမျှ အစားအစာတွေ သောက်လိုက်တဲ့ ဆေးတွေ အားလုံးအသည်းတွင် အရင်ဖြိုခွဲပြီးမှ ကျန်ခဲ့သော အာဟာရဓါတ်များသည် သွေးကြောထဲသို့ရောက်ကာ လိုအပ်သော တစ်ရှူးများ ဆဲလ်များဆီသို့ ုသွားရပေသည်။ အသည်းသည် ကိုယ်ထဲရှိ အခြားမကောင်းသော ဓါတု ပစ္စည်းများကို စွန့်ထုတ်ပေးခြင်း၊ သောက်လိုက်သော ဆေးများကို ဖြိုခွဲပေးခြင်း၊ သည်းခြေရည် ထုတ်ပေးခြင်းနှင့် သွေးခဲရန်အတွက်လိုအပ်သော ပရိုတင်းဓါတ်များကို ထုတ်ပေးခြင်းများပြုလုပ်သည်။ ဤမျှ အလုပ်များသောအသည်းသည် လူတို့၏ မဆင်မခြင် နေထိုင်မှုများတချို့ကြောင့် ထိခိုက်သွားပြီး လုပ်စရာရှိသော တာဝန်များ ကိုကောင်းကောင်းမလုပ်နိုင်တော့ပေ။ အချိန်ကြာလာသည်နှင့် အမျှ အသည်းဆိုးဆိုးဝါးဝါး ထိခိုက်လာပြီး အသက်သေဆုံးသည် အထိ ဖြစ်တတ်ပါသည်။ ထို့ကြောင့် မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်နိုင်ရန် အသည်းကို ဆိုးရွားစွာထိခိုက်စေနိုင်သည့် အပြုအမူ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း