အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ခန္ဓာကိုယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်က အရေးပါတဲ့ စနစ်တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကနေ အာဟာရစုပ်ယူဖို့ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက လုပ်ပေးမှ ရတာပါ။ ဒီလိုစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်တစ်ခု ဖြစ်ဖို့ ဘာတွေလုပ်လို့ရလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား

ဝမ်းလျှောလို့ ဓာတ်ဆားရည်သောက်လိုက်တာ ခုတော့ ဝမ်းပိတ်ရုံတင်မကဘူး။ ဝမ်းပါချုပ်သွားပြီလို့ ပြောတာ ကြားဖူးမှာပါ။ ဝမ်းချုပ်တာကို ဓာတ်ချုပ်တယ်လို့လည်း ပြောကြတော့ ဓာတ်ဆားရည်တွေ သောက်လိုက်လို့ ဝမ်းချုပ်သွားတာများလားလို့ တွေးတတ်ကြပါတယ်။ တကယ်ပဲ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်တွေမှာ ဘာတွေပါဝင်သလဲ။ ဓာတ်ဆားရည်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆားဓာတ်တွေ ဖြစ်တဲ့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်၊ ဂလူးကို့စ်၊ ရေ စတာတွေ ပါဝင်ပြီး ဒါတွေက နဂိုလည်း ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဓာတ်တွေပဲ ဖြစ်ပါတယ်။ ဒီဓာတ်တွေက ဝမ်းချုပ်တာနဲ့ မသက်ဆိုင်ပါဘူး။ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်က ဝမ်းချုပ်စေဖို့ မပြောနဲ့။ ဝမ်းပိတ်စေတဲ့ အာနိသင်တောင် မရှိပါဘူး။ ဟုတ်ပါတယ်။ ဝမ်းလျှောတဲ့အခါ ဓာတ်ဆားရည်သောက်တာက ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားဓာတ်ကို ဖြည့်ပေးတာပဲ ဖြစ်ပါတယ်။ ဝမ်းရပ်ဖို့ ဆိုတာက ကုသမှု တစ်ခုခု […]

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကို ရှာဖွေမည်။

အသည်းရောဂါများ

အသည်းက အဆိပ်အတောက်တွေကို ဖယ်ရှားကြမယ်

အသည်းက လူ့ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေထဲမှာ အကြီးမားဆုံးအစိတ်အပိုင်းပါ။ အသည်းက ခန္ဓာကိုယ်အတွက် လုပ်ငန်းဆောင်တာပေါင်း ၅၀၀ ကျော်ကို လုပ်ဆောင်ပေးနေပါတယ်။ အသည်းလုပ်ငန်းဆောင်တာတွေထဲမှာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာလည်း တစ်ခုအပါအဝင်ပေါ့။ အသည်းက ခန္ဓာကိုယ်ရဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်သလို ကျန်းမာတဲ့ အစာခြေစနစ်ဖြစ်ပေါ်လာစေဖို့အတွက် သည်းခြေရည်ကိုလည်း ထုတ်လုပ်ပေးပါတယ်။ အသည်းကျန်းမာနေမှ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ထိထိရောက်ရောက်ဖယ်ရှားပေးနိုင်မှာပါ။ ဒါကြောင့် အသည်းကျန်းမာရေးက မေ့ထားလို့မဖြစ်တဲ့ အချက်တစ်ခုပေါ့။ အသည်းမှာရောဂါတစ်ခုခုခံစားရပြီဆိုရင် ကိုယ်တွင်း ကအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်စွမ်းနည်းလာပြီး အမျိုးမျိုးသော ရောဂါလက္ခဏာတွေဖြစ်လာနိုင်ပါတယ်။ ဒီလိုလက္ခဏာတွေခံစားနေရပြီဆိုရင် အသည်းမှာ ရောဂါတစ်ခုခုဖြစ်နေတာပါ ခန္ဓကိုယ်အတွက် အရေးပါတဲ့အစိတ်အပိုင်းဖြစ်တဲ့ အသည်းမှာ ရောဂါတစ်ခုခုဖြစ်နေပြီဆိုရင် - အရေပြားတွေ ယားယံမယ် အသားတွေ ဝါလာမယ် ရောင်ရမ်းမယ် သွေးကြောဆိုင်ရာ ရောဂါတွေခံစားရမယ် ခြေကုန်လက်ပမ်းကျမယ် မအီမသာဖြစ်မယ် ဝမ်းလျှောမယ် ဆီးအရောင်ရင့်မယ် ဗိုက်ထဲကအောင့်မယ် […]


အသည်းရောဂါများ

အသည်းအားဖြည့်ဆေးများက အသည်းရောင်အသားဝါ ရောဂါဘီ အတွက် အကျိုးရှိနိုင်သလား။

အသည်းရောင် ရောဂါများ အသည်းကို ရောင်ရမ်းစေတဲ့ အခြေအနေကို အသည်းရောင်ရောဂါလို့ ခေါ်ပါတယ်။ အဖြစ်အများဆုံးအကြောင်းရင်းကတော့ ဗိုင်းရပ်စ်တွေကြောင့် ဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်ပိုးတွေထဲမှာမှ အဖြစ်အများဆုံး ဗိုင်းရပ်စ်ပိုးတွေကတော့ အသည်းရောင်အသားဝါ ရောဂါပိုး အေ၊ ဘီ၊ စီ၊ ဒီ နဲ့ အီး ရောဂါပိုးတွေ (Hepatitis A, B, C, D and E) ဖြစ်ကြပါတယ်။ ဒီရောဂါပိုးတွေအနက် အသည်းရောင်ရောဂါ အေနဲ့ အီးတို့က အသည်းရောင်တာ ခဏတာပဲဖြစ်နိုင်ပြီး ဘီ၊ စီနဲ့ ဒီတို့ကတော့ နာတာရှည်အသည်းရောင်တာတွေဖြစ်ပေါ်နိုင်ပါတယ်။ အသည်းရောင် အသားဝါ ရောဂါဘီ (Hepatitis B) အသည်းရောင် အသားဝါရောဂါဘီဆိုတာက သင့်ရဲ့အသည်းကို ရောဂါပိုးကူးစက်ခံရခြင်းဖြစ်ပါတယ်။ ဒီရောဂါပိုးက အသည်းကို အမာရွတ်တွေဖြစ်စေပြီး အသည်းပျက်စီးတာနဲ့ ကင်ဆာတွေထိဖြစ်နိုင်ပြီး ကုသမှုမခံယူဘူးဆိုရင် သေဆုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။ အသည်းရောင် […]


ဝမ်းပျက်ဝမ်းလျှောခြင်း

ဝမ်းပျက်ဝမ်းလျှောခြင်းအတွက် Probiotics

ဝမ်းပျက်ဝမ်းလျှော ဖြစ်ရတဲ့အကြောင်းရင်းက အမျိုးမျိုးရှိပါတယ်။ အစားအစာကြောင့်၊ ဘက်တီးရီးယားပိုးကြောင့် (အစားအစာ သို့မဟုတ်ရေမသန့်ခြင်းမှတဆင့်)၊Crohn’s disease(အစာအိမ်၊အူနံရံရောင်ရောဂါ) သို့မဟုတ်ulcerative colitis(အစာခြေလမ်းကြောင်းအနာဖြစ်ခြင်း) တို့လို အူရောဂါတွေကြောင့်၊ စိတ်ဖိစီးမှုကြောင့်၊ဆေးဝါးဘေးထွက်ဆိုးကျိုးေကြာင့် စသည်ဖြင့် ရှိနိုင်ပါတယ်။ ဝမ်းအရည်တွေသွားတာ၊ ဗိုက်ထဲမအီမသာဖြစ်တာတွေအပြင်ရေဓါတ်ဆုံးရှုံးမှုေကြာင့် ကလေးငယ်တွေနဲ့ အသက်ကြီးသူတွေမှာ အန္တရာယ်ရှိလာနိုင်ပါတယ်။ရောဂါပိုးကြောင့် ဝမ်းပျက်ပြီဆိုရင် ပဋိဇီဝဆေးတွေသောက်ရပြီးနောက်ပိုင်း အစာအိမ်နဲ့ အူလမ်းကြောင်းအတွင်းမှာ ရှိတဲ့ ပိုးမွှားတွေပါ ရှင်းလင်းပြီးသားဖြစ်သွားတတ်ပါတယ်။ များလွန်းလှတဲ့ အူတွင်းဘက်တီးရီးယားတွေထဲမှာ Probiotics လို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားတွေပါဝင်ပြီး ပဋိဇီဝဆေးတွေရဲ့ တိုက်ခိုက်မှုကို ခံရတာကြောင့် ပျက်သုဉ်းကုန်ပါတယ်။  Probiotics ဆိုတာဘာလဲ Probiotics ဆိုတာ လူ့ခန္ဓါကိုယ်ကို အထူးသဖြင့် အစာခြေစနစ်ကျန်းမာရေးကို အကျိုးပြုနေတဲ့ အဏုဇီဝပိုးမွှားလေးတွေဖြစ်ပါတယ်။ အထက်မှာပြောခဲ့သလို ပဋိဇီဝပိုးသတ်ဆေးတွေကြောင့် ပျက်စီးသွားရတဲ့ အူတွင်းProbiotics တွေကို ဆေးတချို့နဲ့ အစားအစာတချို့ကနေ ရရှိနိုင်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောခြင်းအတွက် Probiotics က ဘယ်လိုအကျိုးပြုသလဲ Probioticsတွေက အူတွင်းဘက်တီးရီးယားတွေကိုထိန်းညှိပေးပြီး ဝမ်းလျှောခြင်းလက္ခဏာတွေကို […]


ဝမ်းပျက်ဝမ်းလျှောခြင်း

ဝမ်းလျှောခြင်းကို အိမ်တွင် သက်သာစေရန် အကောင်းဆုံး နည်းလမ်းများ

ဝမ်းလျှောခြင်းသည် ဘဝတွင် အကြိမ်ရေများစွာ ခံစားရ သော ကျန်းမာရေး အခြေအနေတစ်ခု ဖြစ်သည်။ ဝမ်းလျှော ခြင်းသည် အဖြစ်များသော ပြဿနာတစ်ခုဖြစ်သော်လည်း အချိန်မီ သေချာမကုသပါက ဆိုးကျိုးများစွာ ဖြစ်စေနိုင်သည်။ ဝမ်းလျှောပါက ဆရာဝန်ညွှန်ကြားသော ဆေးများ သောက်ခြင်းဖြင့် ဖြေရှင်းနိုင်သည်။ ထို့အပြင် ဝမ်းလျှောခြင်းကို သက်သာစေနိုင်သော အိမ်သုံးကုထုံးများစွာ ရှိပါသည်။   ရေဓါတ်ခန်းခြောက်ခြင်းကို ဖြေရှင်းပါ။ ဝမ်းလျှောခြင်းနှင့်တွဲသော အဖြစ်အများဆုံး ပြဿနာမှာ ရေဓါတ်ခန်းခြောက်ခြင်း ဖြစ်သည်။ ၎င်းကို သက်သာစေရန် အောက်ပါ အဆင့်များကို လိုက်နာပါ။ ရေ သို့မဟုတ် sorbitol ကဲ့သို့ ရေဓါတ်ဖြည့်ပေးသော ဖျော်ရည်များ ပုံမှန်သောက်ပါ။ သက်သာလာပါက ပျော့သောအစာများ စတင်စားပါ။ စပ်သော အစာများ သို့မဟုတ် အသီးများ မစားပါနှင့်။ အနည်းဆုံး ၄၈ နာရီအတွင်း ကော်ဖီ သို့မဟုတ် […]


အသည်းရောဂါများ

အလဂျိုင်းရောဂါလက္ခဏာစု (သို့) ရှားပါးသော အသည်းရောဂါတမျိုး

အလဂျိုင်းရောဂါလက္ခဏာစုဆိုတာ ဘာလဲ အလဂျိုင်းရောဂါလက္ခဏာစုဆိုတာ မျီုးရိုးဗီဇရောဂါ တမျိုးဖြစ်ပြီး ကလေးတွေမှာ ကာလကြာရှည် ဖြစ်တတ်တဲ့ အသည်းရောဂါနဲ့ တူပါတယ်။ ဒါပေမယ့် အလဂျိုင်းရောဂါလက္ခဏာစုနဲ့ ကလေးတွေမှာ ဖြစ်တဲ့ တခြားအသည်းနဲ့ သည်းခြေလမ်းကြောင်း ရောဂါတွေကြားမှာ ကွဲပြားမှုတွေ ရှိပါတယ်။ အလဂျိုင်းရောဂါလက္ခဏာစုရှိတဲ့ ကလေးတွေဟာ အသည်းထဲမှာရှိတဲ့ သည်းခြေပြွန်မှာ အနာဖြစ်ပြီး အသည်းပြင်ပက သည်းခြေပြွန်ကိုပါ ကျဉ်းသွားစေပါတယ်။ အသည်းထဲမှာ သည်းခြေများ စုမိသွားရင် အသည်းဆဲလ်တွေကို ပျက်စီးစေပါတယ်။ ဒီရောဂါရှိတဲ့ ကလေးများရဲ့ ၂၀-၃၀%ဟာ အသည်းမှာ အမာရွတ်ဖြစ်ပြီး အသည်းခြောက်သွားတတ်ပါတယ်။   လက္ခဏာများ အောက်ပါလက္ခဏာတွေ ရှိပါတယ်။ - အသားဝါခြင်း - ဖျော့တော့ခြင်း - ဝမ်းပျက်ခြင်း - မွေးပြီးစ ၃လအတွင်း ဖွံ့ဖြိုးမှုနှေးခြင်း - ငယ်စဉ်မှာ အသားဝါကြာရှည်ခြင်း၊ ယားယံခြင်း၊ အရေပြားမှာ အဆီစုခြင်း၊ ဖွံ့ဖြိုးကြီးထွားမှုနောက်ကျခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ များသောအားဖြင့် အသက် ၄နှစ်နဲ့ ၁၀နှစ်ကြားထဲမှာ […]


အသည်းရောဂါများ

အသည်းအစားထိုးခြင်း၏ နောက်ဆက်တွဲပြသနာများ

အသည်းအစားထိုးခြင်း အမျိုးအစားများနှင့် အဓိက နောက်ဆက်တွဲပြသနာများ အသည်းအစားထိုးခြင်း အမျိုးအစား ၂မျိုး ရှိပါတယ်။ တမျိုးကတော့ သေဆုံးပြီးအလှူရှင်ဆီမှ အသည်းကို ရယူအစားထိုးခြင်း (DDLT) ဖြစ်ပါတယ်။ နောက်တမျီုးကတော့ အသက်ရှင်နေသေးတဲ့ အလှူရှင်ဆီကနေ ရယူအစားထိုးခြင်း (LDLT) ဖြစ်ပါတယ်။ အလှူရှင်ဆီက အသည်းလက်ခံတယ်ဆိုရာမှာ အသည်းရဲ့ ၅၀-၇၀%ခန့်ကို လက်ခံခြင်း ဖြစ်ပါတယ်။ ဂရုတစိုက်ပြုလုပ်လိုက်တဲ့ အသည်းအစားထိုးခြင်းကနေ လှူဒါန်းလိုက်တဲ့ အသည်းအစိတ်အပိုင်းဟာ ရောဂါဖြစ်နေတဲ့ အသည်းကို အစားထိုးနိုင်ပါတယ်။ လှူဒါန်းလိုက်သူရော လက်ခံသူမှာပါ အသည်းဟာ ပုံမှန်အရွယ်အစားအတိုင်း ခြောက်လအတွင်း ပြန်လည် ကြီးထွားလာနိုင်ပါတယ်။ ခွဲစိတ်မုဟာ စိတ်ချရရင်တောင် နောက်ဆက်တွဲပြသနာကြုံနိုင်ခြေ ၁၅%ထိရှိနိုင်ပြီး ဝ.၀၅%ထိ သေဆုံးနိုင်ခြေ ရှိနေပါသေးတယ်။ များသောအားဖြင့် အဓိက ၃မျိုး ကြူံရတတ်ပါတယ်။   ကိုယ်ခံအားပြသနာ တခြားကိုယ်တွင်းအင်္ဂါ အစားထိုးခြင်းတွေလိုပဲ လူနာကို ကိုယ်ခံအားနှိမ့်ထားမပေးရင် အစားထိုးလိုက်တဲ့ အသည်းကို ကိုယ်ခန္ဓါကနေ […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

ဝမ်းဗိုက်လေပွ ခြင်းကို ဖြစ်စေသည့် အကြောင်းအရင်းများ

ဝမ်းဗိုက်လေပွ ခြင်းဆိုတာဘာလဲ tအူထဲက လေနဲ့ ဓာတ်ငွေ့တို့ကြောင့် ဝမ်းဗိုက်တစ်ခုလုံး ပြည့်တင်းသလို ခံစားရခြင်းကို ဝမ်းဗိုက်လေပွ ခြင်းလို့ ခေါ်ပါတယ်။ လေပွတဲ့အခါ သင့်ဝမ်းဗိုက်တစ်ခုလုံး ဖောင်းတင်းပြီး နာကျင်မှုဝေဒနာ ခံစားရနိုင်သလို မကြာခဏ လေထိုးလေအောင့်ခြင်း၊ လေချဉ်တက်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။ ဝမ်းဗိုက်လေပွခြင်းဟာ နေ့စဉ်လူမှုဘ၀ လုပ်ငန်းဆောင်တာတွေကိုပါ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဘာကြောင့် ဝမ်းဗိုက်လေပွ ရသလဲ ဝမ်းဗိုက်လေပွခြင်းရဲ့ အဓိကတရားခံကတော့ အစာစားပြီးချိန်မှာ ထွက်လာတဲ့ ဓာတ်ငွေ့ပဲဖြစ်ပါတယ်။ အစာအိမ်က မချေဖျက်နိုင်တဲ့ အစားအစာတွေ ပြိုကွဲတဲ့အခါ ဒါမှမဟုတ် ပါးစပ်ကနေ လေအများအပြားဝင်ရောက်တဲ့အခါ ဝမ်းဗိုက်ထဲ ဓာတ်ငွေ့တွေ စုပုံလာမှာဖြစ်ပါတယ်။ အမှန်တကယ်တော့ အစာစားတဲ့အချိန်၊ သောက်တဲ့အချိန်တိုင်း ပါးစပ်ကတဆင့် ခန္ဓာကိုယ်ထဲ ပြင်ပလေဝင်ရောက်နိုင်ပေမယ့် အောက်ပါအခြေအနေတွေမှာ ပုံမှန်ဝင်နေကျ လေပမာဏထက် အဆပေါင်းများစွာ ပိုဝင်သွားတတ်ပါတယ်။ အစားအသောက်ကို အလွန်အမင်း မြန်မြန်ဆန်ဆန် စားသောက်ခြင်း ဆေးလိပ်သောက်ခြင်း ပီကေဝါးခြင်း […]


အူရောင်ရောဂါများ (IBD)

Ulcerative Colitis (အစာခြေလမ်းကြောင်းတွင် အနာများဖြစ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Ulcerative Colitis (အစာခြေလမ်းကြောင်းတွင် အနာများဖြစ်ခြင်း) ကဘာလဲ။ ulcerative colitis (UC) ဆိုတာ အစာချေလမ်းကြောင်းမှာ အနာဖြစ်စေတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ အရည်တွေကနေ အူအသေးတွေနဲ့ အူမကြီးမှာ အစာပျော်ဝင်အောင် ပြုလုပ်ပေးခြင်းကြောင့် အနာတွေကို ပြန့်နှံ့စေပါတယ်။၎င်းအနာတွေဟာ သွေးထွက်တတ်ပြီး ပြည် သို့ အချွဲတွေလဲ ထွက်လာတတ်ပါတယ်။ အရည်တွေက အစာချေလမ်းကြောင်းကနေ အူမကြီးဆီရောက်ပါတယ်။ အူမကြီးဟာ ခဏခဏအစာကို ကုန်အောင်လုပ်ရတာကြောင့် တခခါတစ်ရံ ဝမ်းလျှောခြင်းကို ဖြစ်စေပါတယ်။ Ulcerative Colitis (အစာခြေလမ်းကြောင်းတွင် အနာများဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ UC က ကျား/မ မရွေးဖြစ်နိုင်ပြီး မျိုးရိုးဗီဇနဲ့လဲ ဆိုင်သလို ရှိပါတယ်။ ဒီရောဂါ ဖြစ်ပွားတတ်တာတော့ အသက် ၁၅ နှစ် နှင့် ၃၅ နှစ်အတွင်း ဖြစ်နိုင်ပါတယ်။ လူအများစုမှာUC ကို တသက်လုံးဖြစ်နေတာတွေ […]


လိပ်ခေါင်းရောဂါများ

Internal thrombosed hemorrhoids (အတွင်းလိပ်ခေါင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Internal thrombosed hemorrhoids (အတွင်းလိပ်ခေါင်း) ကဘာလဲ။ Internal thrombosed hemorrhoids ဆိုတာ သွေးလည်ပတ်မှု ပုံမမှန်ခြင်းကြောင့် ဝမ်းအိမ်အောက်ပိုင်းရှိ သွေးပြန်ကြောများ ရောင်ရမ်းဖောင်းကြွခြင်းဖြစ်ပါတယ်။ သွေးမခဲရင်တော့ နာကျင်ခြင်းမရှိပါဘူး။ သွေးခဲပိတ်သွာရင်တော့ သွေးကြောထဲ ဖိအားများလာပြီး ရောင်ရမ်းလာကာ ပြင်းထန်တဲ့ နာကျင်မှုကိုဖြစ်စေပါတယ်။   Internal thrombosed hemorrhoids (အတွင်းလိပ်ခေါင်း) က ဘယ်လောက်အဖြစ်များသလဲ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများInternal thrombosed hemorrhoids (အတွင်းလိပ်ခေါင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ Internal thrombosed hemorrhoids ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ -ဝမ်းအိမ်မှ သွေးယိုခြင်း- ရှေးဦးလက္ခဏာဖြစ်ပါတယ်။ ဝမ်းသွားပြီး စအိုကိုသုတ်လိုက်တဲ့ စက္ကူမှာ သွေးစမြင်ရခြင်းဖြစ်ပါတယ်။ ပိုဆိုးလာတာနဲ့အမျှ သွေးယိုနှုန်းဟာ များလာပြီး ဝမ်းချုပ်ခြင်းကို ဖြစ်စေပါတယ်။ -နာကျင်ခြင်း- ပထမပိုင်းမှာတော့ ဝမ်းသွားခါနီး ဗိုက်ရစ်လျှင်သာ နာကျင်မှုကိုခံစားရပါတယ်။ ထိုအချိန်မှာ သင့်တော်တဲ့ ကုသမှုမရပါက ရောင်ရမ်းခြင်းနဲ့ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Gastrointestinal Bleeding (အစာအိမ်နှင့်အူလမ်းကြောင်း သွေးယိုစိမ့်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Gastrointestinal Bleeding (အစာအိမ်နှင့်အူလမ်းကြောင်း သွေးယိုစိမ့်ခြင်း) ကဘာလဲ။ အစာအိမ်နှင့်အူလမ်းကြောင်း သွေးယိုစိမ့်ခြင်း ဆိုတာ အစာခြေဖြတ်ရေးလမ်းကြောင်း တစ်လျှောက် မှာဖြစ်နှိင်တဲ့ ရောဂါလက္ခဏာတစ်ခုဖြစ်တယ်။ ယိုစိမ့်သောသွေးကို စွန့်ပစ် လိုက်သော ဝမ်းထဲမှာသော်လည်းကောင်း၊ အန်ထုတ်လိုက်သော အစာဟောင်းများထဲမှာလည်းကောင်း တွေ့ရတတ်ပါတယ်။ သွေးပါသော ဝမ်းဟာ အမဲရောင် သို့မဟုတ် ကတ္တရာစေးပုံစံဖြစ်နေတတ်ပါတယ်။ သို့သော် သွေးယိုစိမ့်တိုင်း ထိုသို့တွေ့ရမည် မဟုတ်ပါ။ သွေးယိုစိမ့်မှု အဆင့်ပေါ်မူတည်ပြီး ရောဂါလက္ခဏာမှာ အသေးစား မှ ပြင်းထန်/အသက်အန္တရာယ်စိုးရိမ်ရတဲ့ထိ ရှိတတ်ပါတယ်။ အစာအိမ်နဲ့ အူမကြီးမှာ သွေးယိုစိမ့်တယ်ဆိုရင်တော့ အကြောင်းရင်းကိုရှာရလွယ်သော်လည်း အူသိမ်မှာဖြစ်တယ် ဆိုရင်တော့ အကြောင်းရင်းကိုရှာရခက်နိုင်ပါတယ်။ သို့သော် နောက်ဆုံးပေါ် Imaging နည်းပညာတွေသုံးပြီး ရောဂါရဲ့ ဇစ်မြစ်ကိုသိနိုင်သလို၊ ခန္တာကိုယ်ကို အနည်းငယ် ထိုးဖောက်သော နည်းစနစ်များသုံးကာ ကုသနိုင်ပါတယ်။ Gastrointestinal Bleeding (အစာအိမ်နှင့်အူလမ်းကြောင်း သွေးယိုစိမ့်ခြင်း) က […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း