အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ခန္ဓာကိုယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်က အရေးပါတဲ့ စနစ်တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကနေ အာဟာရစုပ်ယူဖို့ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက လုပ်ပေးမှ ရတာပါ။ ဒီလိုစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်တစ်ခု ဖြစ်ဖို့ ဘာတွေလုပ်လို့ရလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား

ဝမ်းလျှောလို့ ဓာတ်ဆားရည်သောက်လိုက်တာ ခုတော့ ဝမ်းပိတ်ရုံတင်မကဘူး။ ဝမ်းပါချုပ်သွားပြီလို့ ပြောတာ ကြားဖူးမှာပါ။ ဝမ်းချုပ်တာကို ဓာတ်ချုပ်တယ်လို့လည်း ပြောကြတော့ ဓာတ်ဆားရည်တွေ သောက်လိုက်လို့ ဝမ်းချုပ်သွားတာများလားလို့ တွေးတတ်ကြပါတယ်။ တကယ်ပဲ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်တွေမှာ ဘာတွေပါဝင်သလဲ။ ဓာတ်ဆားရည်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆားဓာတ်တွေ ဖြစ်တဲ့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်၊ ဂလူးကို့စ်၊ ရေ စတာတွေ ပါဝင်ပြီး ဒါတွေက နဂိုလည်း ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဓာတ်တွေပဲ ဖြစ်ပါတယ်။ ဒီဓာတ်တွေက ဝမ်းချုပ်တာနဲ့ မသက်ဆိုင်ပါဘူး။ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်က ဝမ်းချုပ်စေဖို့ မပြောနဲ့။ ဝမ်းပိတ်စေတဲ့ အာနိသင်တောင် မရှိပါဘူး။ ဟုတ်ပါတယ်။ ဝမ်းလျှောတဲ့အခါ ဓာတ်ဆားရည်သောက်တာက ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားဓာတ်ကို ဖြည့်ပေးတာပဲ ဖြစ်ပါတယ်။ ဝမ်းရပ်ဖို့ ဆိုတာက ကုသမှု တစ်ခုခု […]

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကို ရှာဖွေမည်။

အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Esophageal spasm (အစာမျိုပြွန်ညှစ်အားမမှန်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Esophageal spasm (အစာမျိုပြွန်ညှစ်အားမမှန်ခြင်း) ကဘာလဲ။ ပုံမှန်အားဖြင့် ပါးစပ်နဲ့ အစာအိမ်ကို ဆက်သွယ်ပေးထားတဲ့ အစာမျိုပြွန်ဟာ အစာတွေကို ရွေ့လျားဖို့ ပုံမှန်စည်းချက်နဲ့ ညှစ်အားဖြစ်ပေါ်စေပါတယ်။ တခါတရံ ညှစ်အားဟာ ပုံစံမမှန်တဲ့ အခြေအနေကြုံနိုင်ပါတယ်။ အံဝင်ခွင်ကျမရှိတတ်ဘဲ တခါတရံညှစ်အားဟာ ပြင်းထန်နေတတ်ပါတယ်။ ဒီအခြေအနေကို အစာမျိုပြွန်ညှစ်အားမမှန်ခြင်း (DES) လို့ ခေါ်ပါတယ်။ အဲဒီလိုဖြစ်ရင် အစာတွေ အစာအိမ်ထဲရောက်မသွားအောင် အတားအဆီး ဖြစ်သွားစေပါတယ်။ အစာနင်တတ်ပါတယ်။ တခါတရံ ညှစ်အားဟာမှန်ပေမယ့် ပုံမှန်ထက် ပိုပြီး ပြင်းထန်နေတတ်ပါတယ်။ အစာတွေဟာ အစာမျိုပြွန်ကို ဖြတ်သန်းပြီး ဝင်ရောက်သွားနိုင်ပေမယ့် အရမ်းနာကျင်ပါတယ်။ Esophageal spasm (အစာမျိုပြွန်ညှစ်အားမမှန်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ သိပ်တော့မဖြစ်တတ်ပါဘူး။ အသက် ၆၀နဲ့ ၈၀ကြားအရွယ်မှာ ပိုဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများEsophageal spasm (အစာမျိုပြွန်ညှစ်အားမမှန်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ တွေ့ရများတဲ့လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ ရင်ဘတ်ထဲတွင် […]


အစာအိမ်နှင့် အူလမ်းကြောင်းအနာ

Helicobacter Pylori Infection (Heliocbacter pylori ရောဂါပိုး)

အဓိပ္ပါယ်ဖွင့်ဆိုချက်Helicobacter Pylori Infection (Heliocbacter pylori ရောဂါပိုး) ကဘာလဲ။ H pyloriရောဂါပိုးဆိုသည်မှာ အစာအိမ်ကို ထိခိုက်စေသည့် helicobacter pyloriဟုခေါ်သောဘက်တီးရီးယားတခုမှ ဖြစ်ပွားစေသည့်ရောဂါဖြစ်သည်။ ကလေးဘဝတွင် အများအားဖြင့်ဖြစ်ပွားတတ်သည်။ အစာအိမ်အနာများ၏ အဖြစ်များစေသောအကြောင်းအရင်းတခုဖြစ်ပြီး ကမ္ဘာပေါ်ရှိလူတစ်ဝက်ကျော်လောက်တွင် ရှိနေသောရောဂါပိုးဖြစ်သည်။ လူအများစုတွင် ထိုပိုးကြောင့် မဖျားနာသောကြောင့် ရှိမှန်းပင်သတိမထားမိကြပေ။ အကယ်၍သင့်တွင် အစာအိမ်နာ၏လက္ခဏာများပြလာပါက သင်၏ဆရာဝန်သည် h pylori ရောဂါပိုးရှိမရှိကို စမ်းဆေးပါလိမ့်မည်။h pylori သည် ပိုးသတ်ဆေးများဖြင့် ပျောက်ကင်းနိုင်ပါသည်။ Helicobacter Pylori Infection (Heliocbacter pylori ရောဂါပိုး) က ဘယ်လောက်အဖြစ်များသလဲ H pylori ပိုးသည် အဖြစ်များပါသည်။ ကမ္ဘာ့ လူဦးရေ၏သုံးပုံနှစ်ပုံတွင် ပင် ရှိနေသောပိုးဖြစ်သည်။ လူအများစုအတွက် အနာများ(သို့)အခြားသောလက္ခဏာများမဖြစ်ပွားစေပါ။ အကယ်၍သင့်တွင် ပြဿနာများရှိလာပါက ထိုပိုးများကိုသတ်နိုင်သောဆေးများနှင့် အနာပြန်ကျက်စေသောဆေးများကို အသုံးပြုရပါမည်။ သို့သော် ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို […]


အူရောင်ရောဂါများ (IBD)

Inflammatory bowel disease (IBD) (အူရောင်ရမ်းသောရောဂါ)

အူရောင်ရမ်းသောရောဂါ ဆိုသည်မှာ နာတာရှည် ရောဂါဖြစ်ပြီး အူလမ်းကြောင်းတစ်လျောက်လုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်း ရောင်ရမ်းနေခြင်းကို ခေါ်ပါသည်။ အူရောင်ရမ်းသောရောဂါကို Ulcerative colitis (အနာဖြစ်ပြီး အူရောင်ရမ်းခြင်း)နှင့် Crohn’s disease (ခရုမ်းရောဂါ)ဟု နှစ်မျိုးခွဲခြား နိုင်ပါသည်။ ယင်းရောဂါ နှစ်မျိုးစလုံးမှာ ရောဂါလက္ခဏာများ ထပ်တူညီလုနီးပါးဖြစ်ပြီး ခွဲခြားရန် ခက်ခဲပါသည်။ Ulcerative colitis (အနာဖြစ်သော အူရောင်ရမ်းခြင်း)တွင် နာတာရှည် အူရောင်ရမ်းခြင်းအပြင် အူမကြီးနှင့် အစာဟောင်းအိမ် နေရာရှိ အူအတွင်း နံရံများ၏ အပေါ်ဆုံးအလွှာတွင် အနာများ ဖြစ်ပေါ်နေပါသည်။ Crohn’s disease (ခရုမ်းရောဂါ)တွင်မူ အူရောင်ရမ်းခြင်းသည် အတွင်းနံရံ အပေါ်ဆုံးအလွှာတွင်သာမက အောက်အလွှာများအထိ ပျံ့နှံ့နေသကဲ့သို့ အူသိမ်ပိုင်းမှ အူမကြီးတစ်လျောက်လုံးနေရာအနှံ့ ဖြစ်နိုင်ပါသည်။ Collagenous colitis နှင့် lymphocytic colitis တို့ကဲ့သို့ အူမကြီး ရောင်ရမ်းသည့် […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Intestinal Ischemia (အူလမ်းကြောင်း သွေးပြတ်လပ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Intestinal Ischemia (အူလမ်းကြောင်း သွေးပြတ်လပ်ခြင်း) ကဘာလဲ။ အကြောင်းအရင်း တစုံတရာကြောင့် အူလမ်းကြောင်းဆီသွားတဲ့ သွေးကြော အထူးသဖြင့် သွေးလွှတ်ကြော ပိတ်ဆို့ခြင်းကို အူလမ်းကြောင်း သွေးပြတ်လပ်ခြင်းလို့ ခေါ်ပါတယ်။ အူသိမ်၊ အူမကြီး ဒါမှမဟုတ် နှစ်နေရာလုံးမှာ ဖြစ်တတ်ပါတယ်။ နာကျင်မှုဝေဒနာကို ဖြစ်ပေါ်စေပြီး အူလမ်းကြောင်းရဲ့ လုပ်ငန်းဆောင်တာကို အနှောင့်အယှက်ပေးနိုင်တဲ့ ပြင်းထန်တဲ့ ရောဂါတစ်ခုဖြစ်ပြီး အဆိုးရွားဆုံးအခြေအနေအဖြစ် သွေးလှည့်ပတ်မှုပြတ်တောက်သွားတဲ့ အူအစိတ်အပိုင်းက တစ်ရှုးတွေ ထိခိုက်ပျက်စီးပြီး သုံးမရတော့တဲ့အထိ ဖြစ်နိုင်ပါတယ်။   ဒါပေမယ့်လည်း အူလမ်းကြောင်း သွေးပြတ်လပ်ခြင်းဟာ ကုသလို့မရတဲ့ ရောဂါတစ်ခု မဟုတ်ပါဘူး။ ဒီရောဂါရဲ့ ကနဦးလက္ခဏာတွေကို သတိမူပြီး ဆေးကုသမှုအမြန်ဆုံး ခံယူမယ်ဆိုရင် သက်သာပျောက်ကင်းနိုင်မှာ ဖြစ်ပါတယ်။   Intestinal Ischemia (အူလမ်းကြောင်း သွေးပြတ်လပ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အသက်အရွယ်မရွေး ဖြစ်တတ်ပေမယ့် အသက် ၆၀အထက် လူကြီးပိုင်းတွေမှာ အများဆုံး […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Mallory-Weiss Tear (Mallory-Weiss tear)

အဓိပ္ပါယ်ဖွင့်ဆိုချက်Mallory-Weiss Tear (Mallory-Weiss tear) ကဘာလဲ။ အချိန်ကြာရှည်စွာ ဆိုးဆိုးရွားရွားအော့အန်နေမယ်ဆိုရင် အစာအိမ်နှင့် လည်ချောင်းကို ဆက်ပေးထားသောပြွန်တစ်ခုဖြစ်သည့် အစာရေပြွန်အတွင်းပိုင်းနံရံတွေမှာ ပေါက်ပြဲမှုတွေရှိလာနိုင်ပါတယ်။ Mallory-Weiss tear ဆိုတာ အစာရေပြွန်နဲ့ အစာအိမ်ဆုံတဲ့နေရာ အတွင်းပိုင်းနံရံတွေမှာ ပေါက်ပြဲခြင်းကို ခေါ်တာပါ။ စုတ်ပြဲမှုအများစုကတော့ ကုသမှုရှိရှိမရှိရှိ၇ရက်၁၀ရက်အတွင်းမှာ ပြန်ကောင်းသွားကြသော်လည်း Mallory-Weiss tearကတော့ သွေးအလွန်ထွက်စေနိုင်ပါတယ်။ စုတ်ပြဲမှု၏ ဆိုးရွားမှုအပေါ်မူတည်ပြီး ခွဲစိတ်မှုလည်းလိုအပ်နိုင်ပါတယ်။ Mallory-Weiss Tear (Mallory-Weiss tear) က ဘယ်လောက်အဖြစ်များသလဲ ယောက်ျားများ အထူးသဖြင့် အရက်သမားများမှာ ပိုဖြစ်တတ်ပါတယ်။ အမျိုးသားရှားပါးရောဂါအဖွဲ့အစည်းရဲ့အဆိုအရ အသက်၄၀နဲ့၆၀ကြားလူတွေမှာ ဖြစ်နိုင်ခြေများတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း တစ်ခါတစ်ရံ ကလေးတွေနဲ့ လူငယ်တွေမှာ တွေ့ရတာလည်းရှိပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လက္ခဏာများMallory-Weiss Tear (Mallory-Weiss tear) ရဲ့လက္ခဏာတွေကဘာတွေလဲ အတွေ့များတဲ့ ရောဂါလက္ခဏာတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။   ဗိုက်အောင့်ခြင်း ဆိုးဆိုးရွားရွားအန်ခြင်း Hematemesis လို့ခေါ်သော သွေးအန်ခြင်း အလိုလိုပျို့နေခြင်း အန်လိုက်သောသွေးသည် […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

diverticulosis

အဓိပ္ပါယ်ဖွင့်ဆိုချက်diverticulosis ကဘာလဲ။ Diverticulosis ဆိုတာ အူမကြီး နံရံမှာ အိတ်ကလေးများဖြစ်ပေါ်လာ တဲ့ အခြေအနေဖြစ်ပါတယ်။ ထိုအိတ်လေးများဟာ ၅-၁၀ မီလီမီတာ ထိ သေးငယ်လေ့ရှိပါတယ်။ တစ်ခါတစ်ရံ ထိုထက် ကြီးနိုင်ပါတယ်။ ထိုအိတ်ကလေးများဟာ ရောင်ရမ်းခြင်းမရှိပါက မည်သည့် လက္ခဏာ နာကျင်မှုမှ မပြတတ်ပါ။ ရောင်ရမ်းခြင်းနဲ့ နာကျင်မှုရှိလာပါက Painful diverticular disease or diverticulitis ဟုခေါ်ပါတယ်။ Diverticulosis ရှိသော လူ ၁၀၀ တွင် ၈၀ လောက်မှာ Diverticulitis လုံဝမဖြစ်တတ်ပါဘူး။ ဒီဝေဒနာရှင် တော်တော်များများမှာ အခြားသော ရောဂါဝေဒနာ တစ်ခုခုအတွက် စမ်းသပ်ရှာဖွေမှုများ ပြုလုပ်မှသာ Diverticulosis ရောဂါရှိမှန်း တွေ့ရှိကြတတ်ပါတယ်။ diverticulosis က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက် ၄၀ ကျော် လူ ၁၀၀ […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

Gas (လေထခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Gas (လေထခြင်း) ကဘာလဲ။ သင့်အစာအိမ်နှင့်အူများမှ အစာများအား စွမ်းအင်ဖြစ်အောင်ခြေဖျက်သည့်အခါ ဓါတ်ငွေ့များထွက်လာပါသည်။ လူတိုင်း လေလည်ကြသည်။ တစ်ချို့မှာ သူများထက်ပိုလည်ကြ၏။ ဆိုရလျှင် တစ်ရက်ကို ၆-၂၀ ကြိမ်ခန့် လေလည်ခြင်းက ပုံမှန်ဟုဆိုနိုင်သည်။ အစာခြေစနစ်တစ်ခုလုံး အစာအိမ်မှ အစာဟောင်းအိမ်ထိ မျိုချခြင်း အစာခြေခြင်းမှ လေများရှိနေပါသည်။ တစ်ချို့သောအစာများ ဥပမာ ပဲကြီးသည် အူမကြီးသို့ရောက်မှသာ အစာလုံးဝကျေသည်။ အူမကြီးတွင် ဘက်တီးရီးယားများက ပဲကြီးများကို အချဉ်ဖောက်ကြပါသည်။ တစ်ခါတစ်ရံတွင် အူတွင်းဓါတ်ငွေ့များခြင်းက အစာခြေစနစ်ရောဂါတစ်ခုကို အတည်ပြုနိုင်ပါသည်။ သို့သော် လူတိုင်းဆိုသလို တစ်ရက်လျှင် အကြိမ်များစွာ လေလည်ကြသည်။ ရံဖန်ရံခါ လေလည် လေချဉ်တက်ခြင်က ပုံမှန်သာဖြစ်ပါသည်။ Gas (လေထခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါသည် အလွန်အဖြစ်များ၏။ အမျိုးသားများထက် အမျိုးသမီးများတွင် ပိုအဖြစ်များ၏။ အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် […]


အူရောင်ရောဂါများ (IBD)

Crohn's Disease (ခရွန်း ရောဂါ )

အဓိပ္ပါယ်ဖွင့်ဆိုချက်Crohn’s Disease (ခရွန်း ရောဂါ ) ကဘာလဲ။ ခရွန်း ရောဂါဆိုသည်မှာ အစာလမ်းကြောင်း နံရံများရောင်ရမ်းခြင်းဖြစ်သည်။ ထိုသို့ရောင်ရမ်းခြင်းသည် အစာချေဖျက်ရေးစနစ် ၏ မည်သည့်နေရာကိုမဆို ထိခိုက်နိုင်သည်။ ဆိုလိုသည်မှာ ပါးစပ်ပေါက်မှ အူထွက်ပေါက်အထိဖြစ်ပြီး အဖြစ်အများဆုံးနေရာမှာ အူသိမ်(သို့)အူမကြီး၏ နောက်ဆုံးအပိုင်းများတွင် ဖြစ်သည်။ Crohn’s Disease (ခရွန်း ရောဂါ ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အမျိုးသားထုရော အမျိုးသမီးထုမှာပါ တူညီစွာ ဖြစ်ကြပြီး အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပါသည်။ ခရွန်းသည် အသက် 15 နှင့် 35 နှစ်အတွင်း ဆယ်ကျော်သက်များနှင့် မြှီးကောင်ပေါက်အရွယ်များတွင် အဖြစ်များသည်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် ရောဂါအား စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများCrohn’s Disease (ခရွန်း ရောဂါ ) ရဲ့လက္ခဏာတွေကဘာတွေလဲ ခရွန်း ရောဂါ ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ဝမ်းလျှောခြင်း ဗိုက်အောင့်ခြင်း မရည်ရွယ်ပဲ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Proctitis (စအိုရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Proctitis (စအိုရောင်ခြင်း) ကဘာလဲ။ စအိုရောင်ခြင်းဆိုတာ စအိုဝနဲ့ အစာဟောင်းအိမ်နံရံများ ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ အစာဟောင်းအိမ်ဆိုတာ အူမကြီးရဲ့ အစွန်ပိုင်းဖြစ်ပါတယ်။ မစင်များဟာ အစာဟောင်းအိမ်ကနေတဆင့် အပြင်ကိုထွက်ပါတယ်။ စအိုရောင်ခြင်းဟာ အစာဟောင်းအိမ်နာကျင်ခြင်းနဲ့ ဝမ်းသွားချင်သလို ခံစားရခြင်းကို ဖြစ်စေပါတယ်။ ယာယီခံစားရသလို ရေရှည်လည်း ဖြစ်နိုင်ပါတယ်။   Proctitis (စအိုရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အသက်အရွယ်မရွေး ဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။   လက္ခဏာများProctitis (စအိုရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ တွေ့ရများတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ စအိုမှသွေးထွက်ခြင်း အချွဲများဆင်းခြင်း အစာဟောင်းအိမ်နာကျင်ခြင်း ဝမ်းဗိုက်ဘယ်ဘက်ခြမ်းအောင့်ခြင်း အစာဟေင်းအိမ်ထဲတွင် ပြည့်နေသလို ခံစားရခြင်း ဝမ်းလျှောခြင်း အူများလှုပ်ရှားလျှင်နာခြင်း အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Barrett's Esophagus (အစာမျိုပြွန်နံရံလောင်စားခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Barrett’s Esophagus (အစာမျိုပြွန်နံရံလောင်စားခြင်း) ကဘာလဲ။ အစာမျိုပြွန်နံရံလောင်စားခြင်းဆိုတာ အစာမျိုပြွန်ရဲ့ နံရံကဆဲလ်များဟာ အစာခြေရည်များကြောင့် ပျက်စီးတဲ့ အခြေအနေဖြစ်ပါတယ်။ နံရံဟာ ပုံမှန်မဟုတ်ဘဲ အစာအိမ်နံရံနဲ့ ဆင်တူသွားပါတယ်။ အစာမျိုပြွန်ကို ပုံမှန်အားဖြင့် အကြေးကွက်ဆဲလ်များနဲ့ တည်ဆောက်ထားပါတယ်။ အစာမျိုပြွန်လောင်စားချိန်မှာတော့ အဲဒီဆဲလ်တွေဟာ ရှာ်မျောမျောပုံစံဆဲလ်တွေ ဖြစ်ကုန်ပါတယ်။ အဲဒီပြသနာရှိသူတွေရဲ့ ၅%ကနေ ၁၀%လောက်ဟာ အစာမျိုပြွန်ကင်ဆာဖြစ်လာတတ်ပါတယ်။ Barrett’s Esophagus (အစာမျိုပြွန်နံရံလောင်စားခြင်း) က ဘယ်လောက်အဖြစ်များသလဲ အစာမျိုပြွန်ရဲ့အဆုံးဟာ အစာအိမ်ကနေ အက်ဆစ်ဓါတ်ထိတွေ့မှုကြောင့် ဖြစ်လာတဲ့ပြသနာကို အစာမျိုပြွန်လောင်စားတဲ့ အခြေအနေမှာ တွေ့ရတတ်ပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။   လက္ခဏာများBarrett’s Esophagus (အစာမျိုပြွန်နံရံလောင်စားခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ လက္ခဏာအများစုဟာ အစာအိမ် အချဉ်ဓါတ်များခြင်း၊ အစာမကြေခြင်း စတဲ့ပုံစံတွေနဲ့ ဆင်တူပါတယ်။ အစာမကြေရင်ပူခြင်းရှိပြီး ညဘက်မှာဖြစ်ပြီး နိုးလာတတ်ပါတယ်။ တခြားလက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ ရင်ဘတ်အောင့်ခြင်း အစာမျိုရန်ခက်ခြင်း အစာနင်ခြင်း အန်ခြင်း အသက်ရှူခက်ခြင်း အသံအိုးရောင်ခြင်း၊ အသံဝင်ခြင်း အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း