အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ခန္ဓာကိုယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်က အရေးပါတဲ့ စနစ်တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကနေ အာဟာရစုပ်ယူဖို့ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက လုပ်ပေးမှ ရတာပါ။ ဒီလိုစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်တစ်ခု ဖြစ်ဖို့ ဘာတွေလုပ်လို့ရလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား

ဝမ်းလျှောလို့ ဓာတ်ဆားရည်သောက်လိုက်တာ ခုတော့ ဝမ်းပိတ်ရုံတင်မကဘူး။ ဝမ်းပါချုပ်သွားပြီလို့ ပြောတာ ကြားဖူးမှာပါ။ ဝမ်းချုပ်တာကို ဓာတ်ချုပ်တယ်လို့လည်း ပြောကြတော့ ဓာတ်ဆားရည်တွေ သောက်လိုက်လို့ ဝမ်းချုပ်သွားတာများလားလို့ တွေးတတ်ကြပါတယ်။ တကယ်ပဲ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်တွေမှာ ဘာတွေပါဝင်သလဲ။ ဓာတ်ဆားရည်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆားဓာတ်တွေ ဖြစ်တဲ့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်၊ ဂလူးကို့စ်၊ ရေ စတာတွေ ပါဝင်ပြီး ဒါတွေက နဂိုလည်း ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဓာတ်တွေပဲ ဖြစ်ပါတယ်။ ဒီဓာတ်တွေက ဝမ်းချုပ်တာနဲ့ မသက်ဆိုင်ပါဘူး။ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်က ဝမ်းချုပ်စေဖို့ မပြောနဲ့။ ဝမ်းပိတ်စေတဲ့ အာနိသင်တောင် မရှိပါဘူး။ ဟုတ်ပါတယ်။ ဝမ်းလျှောတဲ့အခါ ဓာတ်ဆားရည်သောက်တာက ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားဓာတ်ကို ဖြည့်ပေးတာပဲ ဖြစ်ပါတယ်။ ဝမ်းရပ်ဖို့ ဆိုတာက ကုသမှု တစ်ခုခု […]

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကို ရှာဖွေမည်။

ဝမ်းချုပ်ခြင်း

ဝမ်းချုပ် တာကို သက်သာစေဖို့

သင် ဝမ်းချုပ် တတ်လား။ အဲဒါဆိုရင် ဒါတွေကိုသိသင့်ပါတယ်။ သက်တမ်းတစ်လျှောက်မှာ ဝမ်းချုပ် တာကိုမကြုံဖူးတဲ့သူဆိုတာမရှိပါဘူး။ သာမန်ဝမ်းချုပ်တာလောက်ဆိုရင်ပြဿနာမရှိပေမယ့်ဝမ်းချုပ်တာကအမြဲလိုလိုဖြစ်လာမယ်ဆိုရင်နေ့စဉ်နေထိုင်မှုဘဝပေါ်မှာထိခိုက်တာတွေရှိလာနိုင်သလိုနောက်ဆက်တွဲဝေဒနာတွေခံစားရတာမျိုးရှိလာနိုင်ပါတယ်။ ဒီလိုမဖြစ်စေဖို့ဝမ်းချုပ်တာကိုဘယ်လိုသက်သာအောင်လုပ်မလဲ။ ကင်ဆာဝေဒနာနဲ့အူမကြီးလှုပ်ဆောင်မှုမူမမှန်တာတွေနဲ့ပတ်သက်ပြီး minimally invasive (laparoscopic) နဲ့ robotic surgery ကိုအထူးပြုလေ့လာခဲ့တဲ့ခွဲစိတ်ကုဆရာဝန်ဒေါက်တာMark Wong ကတော့ဘာကြောင့်ဝမ်းချုပ်ရတာလဲဆိုတာနဲ့ဝမ်းချုပ်တာကိုသက်သာအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အကြောင်းတွေကိုပြောပြခဲ့ပါတယ်။ ဝမ်းချုပ် တယ်ဆိုတာက ဝမ်းချုပ်တယ်ဆိုတာကဝမ်းသွားရခက်ခဲတာ (သို့မဟုတ်) ပုံမှန်လောက်ဝမ်းသွားရမလွယ်တဲ့အနေအထားမျိုးဆိုတာကိုပြောစရာမလိုအောင်သိထားပြီးဖြစ်မှာပါ။ အူမကြီးရဲ့ပုံမှန်လှုပ်ရှားမှုကတစ်ရက်မှာ၃ကြိမ်လောက်ကနေ၃ရက်မှာတစ်ကြိမ်လောက်တော့လှုပ်ရှားနိုင်ပါတယ်။၃ရက်ကျော်တဲ့အထိမှအူမကြီးကလှုပ်ရှားမှုမရှိဘူးဆိုရင်တော့ဝမ်းတွေကခဲကျပ်သွားပြီးဝမ်းသွားရတာကပုံမှန်ထက်ခက်တာမျိုးဖြစ်လာနိုင်ပါတယ်။ ဗိုက်ထဲမှာလေပွသလိုဖြစ်နေတာ၊ဗိုက်ကရစ်ပြီးနာတာနဲ့အရမ်းပြင်းထန်ရင်အော့အန်တာမျိုးအထိတောင်ဖြစ်နိုင်ပါတယ်။ အနေအထားပုံစံတွေကွာခြားပေမယ့်တစ်ပတ်ကို၂ကြိမ်ဒါမှမဟုတ်၁ကြိမ်လောက်ပဲဝမ်းသွားမယ်ဆိုရင်တော့ဝမ်းချုပ်နေတာပါ။ တကယ်လို့သင့်အနေနဲ့အချိန်၃လကျော်လောက်အထိအောက်မှာပြောတဲ့လက္ခဏာတွေထဲက၂ခုဒါမှမဟုတ်၂ခုကျော်လောက်ခံစားနေရမယ်ဆိုရင်တော့ဝမ်းချုပ်နေပြီလို့ပြောလို့ရပါတယ်။ ဝမ်းသွားတဲ့အခါပုံမှန်ထက်ခက်ခဲတာ ဝမ်းတွေမာနေတာ ဝမ်းမကုန်တာမျိုးခံစားနေတာ ဝမ်းချုပ်တာကဘယ်လောက်အထိအဖြစ်များလဲ ဝမ်းချုပ်တာကကမ္ဘာတစ်လွှားမှာကြုံတွေ့နေရတဲ့အဖြစ်အများဆုံးအစာခြေစနစ်ပြဿနာတွေထဲတစ်ခုပါ။ အမေရိကန်တစ်နိုင်ငံထဲမှာတင်အရွယ်ရောက်ပြီးသူအရေအတွက်ရဲ့၂ရာခိုင်နှုန်းကဝမ်းချုပ်တာကိုခံစားနေကြရပါတယ်။ စင်ကာပူနိုင်ငံမှာတော့အသက်၁၆နှစ်နဲ့၁၆နှစ်အထက်လူဦးရေရဲ့၇.၃ရာခိုင်နှုန်းဟာ ဝမ်းချုပ်တဲ့ပြဿနာနဲ့ရင်ဆိုင်နေရပါတယ်လို့၂၀၀၀ခုနှစ်ကထုတ်ပြန်ခဲ့တဲ့ဒေသတွင်းလေ့လာမှုတစ်ရပ်အရသိရပါတယ်။ ဘာကြောင့်ဝမ်းချုပ်ရတာလဲ ဝမ်းချုပ်ရတဲ့အကြောင်းရင်းတွေကတော်တော်လေးများပါတယ်။ အချို့မှာတော့ဝမ်းချုပ်ရတဲ့အကြောင်းကတစ်ခုမကရှိနေတတ်ပါတယ်။ ဝမ်းချုပ်တိုင်းဝမ်းနုတ်ဆေးကအဖြေမဖြစ်နိုင်ပါဘူး။ ဝမ်းချုပ်ရတဲ့အကြောင်းအရင်းတွေအများကြီးရှိနေနိုင်ပါတယ်။ အဲဒါတွေကတော့ စားသောက်မှုပုံစံမမှန်တာ (ရေသောက်နည်းတာ၊အမျှင်ဓါတ်စားသုံးမှုနည်းတာ၊အမျှင်ဓါတ်အစားများတာ) လှုပ်ရှားမှုနည်းတာ၊လေ့ကျင့်ခန်းမလုပ်တာ စိတ်ဖိစီးမှုများလွန်းတာ ဟော်မုန်းမညီမျှတာ၊လေဖြတ်တာ နဲ့Parkinson’s disease လိုမျိုးအာရုံကြောဆိုင်ရာဝေဒနာခံစားနေရတာ၊စိတ်ဓါတ်ကျတာနဲ့စားသောက်မှုပုံစံမမှန်တာတွေလိုမျိုးကျန်းမာရေးအခြေအနေတွေ ကယ်လ်ဆီယမ်နဲ့အလူမီနီယမ်ဓါတ်တွေပါဝင်နေတဲ့antacids၊အကိုက်အခဲပျောက်ဆေးတွေ၊စိတ်ငြိမ်ဆေး၊သံဓါတ်အားဖြည့်ဆေးလိုမျိုးဆေးတွေသောက်သုံးနေရတာ ကိုယ်ဝန်ဆောင်ထားတာ အူမကြီးကင်ဆာခံစားနေရတာ ဝမ်းချုပ်တာကတော်ရုံဆိုရင်နေထိုင်စားသောက်မှုပုံစံကိုဂရုစိုက်လိုက်ရုံနဲ့ ပြန်ကောင်းသွားတတ်ပါတယ်။ အရမ်းပြင်းထန်ရင်တော့ဆရာဝန်နဲ့ပြသဖို့လိုမှာဖြစ်ပါတယ်။ အူမကြီးကင်ဆာလိုမျိုးဝေဒနာတွေကတော့ခွဲစိတ်ကုသဖို့လိုအပ်မှာဖြစ်ပါတယ်။ နာတာရှည်ဝမ်းချုပ်ခြင်း ဝမ်းချုပ်တာကအသက်သေစေနိုင်တဲ့ရောဂါအခြေအနေမျိုးမဟုတ်ပေမယ့်ဝမ်းချုပ်ရင်ကိုယ်ထဲမှာနေမထိထိုင်မသာဖြစ်တာတော့အမှန်ပါပဲ။ ဝမ်းချုပ်နေတာကအပေါ်မှာပြောခဲ့တဲ့အကြောင်းအရင်းတွေကြောင့်မဟုတ်ဘူးဆိုရင်တော့နာတာရှည်ဝမ်းချုပ်တာကိုခံစားနေရတာပါ။ ဝမ်းချုပ်တာကိုခံစားနေရသူတွေထဲက၃၀ရာခိုင်နှုန်းလောက်ကနာတာရှည်ဝမ်းချုပ်တာကိုခံစားနေရတာပါ။ ဒီဝေဒနာကခန္ဓါကိုယ်မှာသိသိသာသာလက္ခပြတာမျိုးမရှိပါဘူး။တော်တော်များများကရောဂါကိုလွဲမှားစွာကောက်ချက်ချမိပြီးဝမ်းနုတ်ဆေးတွေကိုရေရှည်သုံးစွဲမိတာမျိုးရှိလာကြပါတယ်။တကယ်တော့သူတို့တွေကနာတာရှည်ဝမ်းချုပ်ဝေဒနာ၂မျိုးထဲကတစ်မျိုးကိုခံစားနေရတာပါ။ ဘယ်အချိန်မှာဆရာဝန်ပြဖို့လိုမလဲ ဝမ်းချုပ်တဲ့သူအများစုကစစ်ဆေးစမ်းသပ်တာတွေဆရာဝန်နဲ့သွားရောက်ပြသတာမျိုးမလုပ်ဘဲနဲ့သက်သာသွားတတ်ကြပါတယ်။ အခုပြောပြမယ့်လက္ခဏာတွေထဲကတစ်ခုခုခံစားနေရမယ်ဆိုရင်တော့အူမကြီးကင်ဆာလိုမျိုးပြင်းထန်တဲ့အခြေအနေတစ်ရပ်ရပ်ဖြစ်နေနိုင်တာကြောင့်ဆရာဝန်နဲ့သွားရောက်ပြသဖို့လိုမှာပါ။ အရင်ကဝမ်းချုပ်လေ့မရှိဘဲဝမ်းချုပ်တာ၊အချိန်အတော်ကြာတဲ့အထိမသက်သာတာ၊သီတင်းပတ်၂ပတ်ကျော်တဲ့အထိဝမ်းချုပ်နေတာ ဝမ်းသွားရင်သွေးပါတာ ကိုယ်အလေးချိန်ချနေတာမျိုးမဟုတ်ဘဲကိုယ်အလေးချိန်ကျလာတာ ဝမ်းသွားရင်နာကျင်တာ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Esophageal stricture (အစာမျိုပြွန်ကျဉ်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Esophageal stricture (အစာမျိုပြွန်ကျဉ်းခြင်း) ကဘာလဲ။ အစာမျိုပြွန်ရောင်ရမ်းခြင်း၊ ပျက်စီးခြင်းကြောင့် အမာရွတ်ဖြစ်ရာမှ အစာမျိုပြွန် ကျဉ်းသွားခြင်းဖြစ်သည်။   Esophageal stricture (အစာမျိုပြွန်ကျဉ်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများEsophageal stricture (အစာမျိုပြွန်ကျဉ်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အစာမျိုပြွန်ကျဉ်းခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ အစာခြေရည်ပြန်တက်ခြင်း သို့မဟုတ် ရင်ပူခြင်း ပါးစပ်ထဲတွင် ခါးသည့်/ ချဉ်သည့် အရသာရခြင်း အစာမျိုရခက်ခြင်း၊ အစာမျိုလျှင်နာခြင်း မကြာခဏလေတက်ခြင်း၊ ကြို့ထိုးခြင်း အလိုလိုကိုယ်အလေးချိန်ကျသွားခြင်း တို့ဖြစ်သည်။   အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။   ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။ အကြောင်းရင်းများEsophageal stricture (အစာမျိုပြွန်ကျဉ်းခြင်း) ကိုဘာတွေကဖြစ်စေသလဲ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်သည်။ အများအားဖြင့်တော့ ကင်ဆာကြောင့်မဟုတ်ပါ။ အစာခြေရည်ပြန်တက်သည့်ရောဂါကြောင့်ဖြစ်ပြီး အသက်၄၀ကျော်လျှင် အဖြစ်အများဆုံးဖြစ်သော်လည်း အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သည်။ အဓိကပြဿနာမှာ အစာအိမ်ထဲမှ အစာချေအက်ဆစ်များ […]


ဝမ်းပျက်ဝမ်းလျှောခြင်း

Traveler’s diarrhea (ခရီးသွားစဉ်ဝမ်းလျှောခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Traveler’s diarrhea (ခရီးသွားစဉ်ဝမ်းလျှောခြင်း) ကဘာလဲ။ ခရီးသွားစဉ်ဝမ်းလျှောခြင်းဆိုသည်မှာ ဗိုက်နာပြီး ဝမ်းပျော့ပျော့တွေသွားတဲ့အစာလမ်းကြောင်းရောဂါတစ်ခုပဲ ဖြစ်ပါတယ် ။ မသန့်ရှင်းတဲ့အစားအစာနှင့် ရေများသောက်သုံးမိပြီး ဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။ Traveler’s diarrhea (ခရီးသွားစဉ်ဝမ်းလျှောခြင်း) က ဘယ်လောက်အဖြစ်များသလဲ   ခရီးသွားစဉ်ဝမ်းလျှောခြင်းဟာ ခရီးသွားစဉ်မှာအဖြစ်အများဆုံးရောဂါတစ်ခုပဲဖြစ်ပါတယ်။ မည်သည့်နေရာတွင်မဆိုဖြစ်နိုင်ပြီး အာရှ(ဂျပန်မပါဝင်) ၊ အရှေ့အလယ်ပိုင်း၊ အာဖရိက ၊ မက်စီကို နှင့် အမေရိကဗဟိုနှင့်တောင် အမေရိက တို့တွင်အဖြစ်များပါတယ်။ ခရီးသွားစဉ်ဝမ်းလျှောခြင်းဟာ အသက်အရွယ်မရွေးဖြစ်နိုင်ပြီး အန္တရာယ်ရှိသည်များကိုရှောင်ရှားခြင်းဖြင့်ကာကွယ်နိုင်ပါတယ်။ အသေးစိတ်သိရှိရဖို့ ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများTraveler’s diarrhea (ခရီးသွားစဉ်ဝမ်းလျှောခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်အများဆုံးလက္ခဏာတွေကတော့… – ဝမ်းခဏခဏသွားခြင်း၊ – ဖျားခြင်း ၊ – မူးဝေပျို့အန်ခြင်း ၊ – လေပွခြင်း ၊ – အားနည်းခြင်း ၊ – ဂတ်စ်များကြောင့် နာကျင်ခြင်း ၊ – ဗိုက်နာခြင်း ၊ – ခံတွင်းပျက်ခြင်း..တို့ပဲ ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာရေငတ်ခြင်း ၊ ဆက်တိုက်အန်နေခြင်း ၊ အဖျားကြီးခြင်း ၊ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Gastroparesis And Gastric Motility Disorders (အစာချေချိန် ကြာမြင့်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Gastroparesis And Gastric Motility Disorders (အစာချေချိန် ကြာမြင့်ခြင်း) ကဘာလဲ။ Gastroparesis (delayed gastric emptying) အစာချေချိန် ကြာမြင့်ခြင်း ဆိုတာ အစာအိမ်ထဲမှာ အစာတွေဟာ ပုံမှန်ရှိနေရမဲ့ အချိန်ထက် ပိုကြာပြီးရှိနေတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် အစာတွေကို အစာချေလမ်းကြောင်းတစ်လျှောက် ပို့ဆောင်ပေးတဲ့ အာရုံကြောတွေ ထိခိုက်ပြီး ကြွက်သားတေါကလဲ ပုံမှန်လို အလုပ်မလုပ်နိုင်ခြင်းတွေကြောင့်ဖြစ်ပါတယ်။ ရလဒ်အားဖြင့် အစာတွေဟာ မကြေတော့ပဲ အစာအိမ်ထဲမှာ ကျန်နေကြပါတယ်။   လက္ခဏာများGastroparesis And Gastric Motility Disorders (အစာချေချိန် ကြာမြင့်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ Gastroparesis (အစာချေချိန် ကြာမြင့်ခြင်း) ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ gastroparesis ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ နှလုံးအောင့်ခြင်း ပျို့ခြင်း မကြေစာများ အန်ခြင်း အစာအနည်းငယ်ဖြင့် ဗိုက်ပြည့်လွယ်ခြင်း ကိုယ်အလေးချိန်ကျခြင်း ရင်ပြည့်ခြင်း အစာစားချင်စိတ်မရှိခြင်း သွေးတွင်း သကြားဓါတ်အား ထိန်းချုပ်ရခက်ခြင်း အစာအိမ်တောင့်တင်းခြင်း အက်ဆစ်ပြန်ဆန်တက်ခြင်း gastroparesis လက္ခဏာတွေဟာ vagus nerve […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Achalasia (အစားအစာကို လည်ချောင်းထဲကနေ အစာအိမ်ထဲကို မပို့ဆောင်နိုင်သော ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Achalasia (အစားအစာကို လည်ချောင်းထဲကနေ အစာအိမ်ထဲကို မပို့ဆောင်နိုင်သော ရောဂါ) ကဘာလဲ။ Achalasia ဆိုသည်မှာ ပါးစပ်နှင့်အစာအိမ်ကိုဆက်ထားသည့်အစာရေမျိုပြွန်ရောဂါတစ်မျိုးဖြစ်သည်။ ၎င်းရောဂါသည်အစာမျိုရခက်ခဲမှုကိုဖြစ်စေသည်။ Achalasia ရောဂါခံစားရပါက အစာရေမျိုပြွန်နှင့် အစာအိမ်ဆက်ထားသောကြားကြွက်သား (အောက်ဖက်အစာရေမျိုပြွန်ညှစ်ကြွက်သား) သည် မျိုချပြီးနောက် ပြန်ဖြေလျှော့နိုင်ခြင်းမရှိတော့တာကြောင့်ဖြစ်သည်။ Achalasia (အစားအစာကို လည်ချောင်းထဲကနေ အစာအိမ်ထဲကို မပို့ဆောင်နိုင်သော ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ သူသည်ရှားပါးသည့်ရောဂါတစ်မျိုးဖြစ်ပြီး အမျိုးသားရောအမျိုးသမီးပါဖြစ်နိုင်၏။ အသက်အရွယ်မရွေးဖြစ်နိုင်ပြီး လူကြီးများတွင်တွေ့ရများ၏။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များကိုပိုသိလိုပါက ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးကြည့်ပါ။ လက္ခဏာများAchalasia (အစားအစာကို လည်ချောင်းထဲကနေ အစာအိမ်ထဲကို မပို့ဆောင်နိုင်သော ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ ဘယ်ရောဂါလက္ခဏာတွေကတွေ့ရများသလဲ အဓိကလက္ခဏာမှာ မျိုချရခက်ခဲခြင်း သို့မဟုတ် မျိုးချချိန်ရင်ဘတ်အောင့်ခြင်းဖြစ်သည်။ နာသောကြောင့် မျိုမချနိုင်ရာကနေ အစားမစားနိုင်ပဲ ကိုယ်အလေးချိန်လဲလျှော့ကျသွားနိုင်သည်။ တခြားလက္ခများမှာ ရင်ဘတ်အောင့်ခြင်း၊ နှာချေခြင်း၊ ရင်ပူခြင်း၊ ဗိုက်ဖောခြင်းနှင့် အန်ခြင်းတို့ပါဝင်ပါသည်။ တစ်ချို့ဖြစ်ရပ်များတွင် အစာများနောက်ပြန်ထွက်လာနိုင်ပါသည်။ အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Intestinal Obstruction (အူပိတ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Intestinal Obstruction (အူပိတ်ခြင်း) ကဘာလဲ။ အူသိမ် ဒါမှမဟုတ် အူမကြီးမှာ တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ဖြစ်၊ အကုန်ုလုံးပဲ ဖြစ်ဖြစ် ပိတ်သွားတဲ့ အခါ အူပိတ်တာ ဖြစ်သွားပါတယ်။ အဲ့လို ပိတ်သွားတဲ့အခါ အစာတွေ၊ အရည်တွေ နဲ့ အငွေ့တွေဟာ အူထဲမှာ ပုံမှန်လမ်းကြောင်း အတိုင်းမသွားနိုင်တော့ပဲ ပြင်းထန်တဲ့ နာကျင်မှု ကို ခံစားရပါတော့တယ်။ Intestinal Obstruction (အူပိတ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အူပိတ်တယ်ဆိုတာက အများကြီး ဖြစ်လေ့ဖြစ်ထ မရှိပါဘူး။ ထပ်သိချင်တယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးကြည့်ပါ။ လက္ခဏာများIntestinal Obstruction (အူပိတ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အူပိတ်တာရဲ့ လက္ခဏာတွေက ဘာတွေ ဖြစ်မလဲ။ ဗိုက်ထဲက နေ နာလိုက်၊ မနာလိုက်နဲ့ ဖြစ်နေမယ် အစားအသောက်ပျက်မယ် ဝမ်းချုပ်မယ် အန်မယ် ဝမ်းသွားလို့ မရဘူး၊ လေမလည်နိုင်ဘူး ဝမ်းဗိုက်က ဖောရောင်နေမယ် အပေါ်မှာ ဖော်ပြထားတဲ့ ရောဂါလက္ခဏာတွေ အပြင် တခြား လက္ခဏာတွေလည်း […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Gastrointestinal bleeding (အစာအိမ်အူလမ်းကြောင်းသွေးထွက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Gastrointestinal bleeding (အစာအိမ်အူလမ်းကြောင်းသွေးထွက်ခြင်း) ကဘာလဲ။ သင့် အစာချေစနစ်တွင်ဖြစ်တတ်သောရောဂါလက္ခဏာတစ်မျိုးဖြစ်သည်။ ဝမ်းတွင်သို့မဟုတ် အန်ဖက်တွင်သွေးပါတတ်ပြီး အမြဲတမ်းမျက်စိဖြင့်မမြင်နိုင်ပါ။ သို့သော် ဝမ်းအရောင် အနက်ရောင်ပြောင်းသွားခြင်းတော့မြင်နိုင်သည်။ သွေးထွက်ခြင်းသည် ရောဂါမပြင်းထန်သည်မှ ပြင်းထန်သည် အထိဖြစ်တတ်သည်။ အစာအိမ်သို့မဟုတ် အူမကြီးတွင် သွေးထွက်ပါက သတိထားမိရန်လွယ်သော်လည်း အူသေးတွင်ဖြစ်ပါက သတိထားမိရန်ခက်တတ်သည်။ သို့သော် ရှုပ်ထွေးသောပုံရိပ်ဖော်စနစ်များဖြင့် ပြဿနာဖြစ်နေသောနေရာကို သိနိုင်ပြီး ထိုးဖောက်မှုသိပ်မလုပ်သော လုပ်ဆောင်ချက်များဖြင့်ကုသနိုင်သည်။ Gastrointestinal bleeding (အစာအိမ်အူလမ်းကြောင်းသွေးထွက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများGastrointestinal bleeding (အစာအိမ်အူလမ်းကြောင်းသွေးထွက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ စအိုသို့မဟုတ် အစာအိမ်အူလမ်းကြောင်းသွေးထွက်ခြင်း ရှိမရှိကိုသိနိုင်သောအခြေအနေတချို့ရှိပါသည်။ အကယ်၍ သင့်အစာအိမ်မှသွေးထွက်ပါကသင့်ဝမ်းသည် မဲနေခြင်း ကတ္ထရာစီးကဲ့သို့ကပ်ခြင်းများဖြစ်တတ်သည်။ စအိုမှသွေးထွက်ပါက အိမ်သာတွင်သွေးတွေ့ခြင်း အိမ်သာသုံးသောစက္ကူပေါ်တွင်သွေးစများတွေ့ခြင်းတို့ဖြစ်တ်သည်။ သွေးအရောင်သည်နီရဲတတ်သည်။ သွေးအန်ခြင်းသည် အစာအိမ်လမ်းကြောင်းတစ်နေရာရာတွင်သွေးထွက်နေခြင်းကိုဖော်ပြသည်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်တွင်အထက်ပါလက္ခဏာများရှိလျင်သို့မဟုတ် ကော်ဖီအနှစ်ရောင်အန်လျင် ဆရာဝန်ကိုချက်ချင်းအကြောင်းကြားပါ။ အစာအိမ်အူလမ်းကြောင်းသွေးထွက်ခြင်းသည် တခါတရံ အသက်အန္ဓါရာယ်ရှိသောအခြေအနေဖြစ်တတ်သည်။ အရေးပါ်ကုသမှုများလိုတတ်သည်။ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Bowel obstruction (အူပိတ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Bowel obstruction (အူပိတ်ခြင်း) ကဘာလဲ။ အူပိတ်ခြင်းဟာ သင့်ရဲ့ အူသိမ်နဲ့အူမကြီးမှာ တစ်စိတ်တစ်ပိုင်းဖြစ်စေ အကုန်လုံးဖြစ်စေ ပိတ်နေခြင်းကြောင့် ဖြစ်ရပါတယ်။ ဒီလိုပိတ်ခြင်းကြောင့် အစားအသောက် အရည် နဲ့လေတွေက ပုံမှန်လမ်းကြောင်းအတိုင်း မသွားနိုင်ပဲရှိနေပါတယ်။ ဒီလိုပိတ်ခြင်းကြောင့် အရမ်းနာကျင်ခြင်းဟာ ဖြစ်လိုက် ပျောက်လိုက်နဲ့ရှိတတ်ပါတယ်။ Bowel obstruction (အူပိတ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အူပိတ်ခြင်းဆိုတာ လူတော်တော်များများမှာ တွေ့ရတဲ့အတွေ့ရများတဲ့ပြသနာတစ်ခုတော့မဟုတ်ပါဘူး။ (တစ်ခြားအချက်အလက်တွေသိရဖို့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။) လက္ခဏာများBowel obstruction (အူပိတ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အူပိတ်ခြင်းမှာ အတွေ့ရများတဲ့ရောဂါလက္ခဏာတွေကတော့ -နာလိုက် ပျောက်လိုက်နဲ့ဖြစ်သော ဗိုက်နာခြင်း -အစားအသောက်ပျက်ခြင်း -ဝမ်းချုပ်ခြင်း -အန်ခြင်း -ဝမ်းမသွားခြင်း ဒါမှမဟုတ် လေမလည်ခြင်း -ဗိုက်ဖောင်းလာခြင်း (အပေါ်မှာ မပါခဲ့တဲ့ မပြောခဲ့တဲ့ လက္ခဏာတွေရှိပါသေးတယ်။ တကယ်လို့သင်က သိချင်သေးတဲ့ လက္ခဏာတွေရှိခဲ့ပါက သင့်ရဲ့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။) ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်ဗိုက်က တအားနာတယ် တောက်လျှောက်နာနေတယ်ဆိုရင် သင့်ဆရာဝန်နဲ့ချက်ချင်းပြပါ။ ဒါကဘာကိုပြလဲဆိုတော့ သင့်အူမှာသွေးလျှောက်ခြင်း ပြတ်တောက်သွားလို့ ဒါမှမဟုတ် သင့်အူတစ်နေရာရာမှာ အပေါက်ဖြစ်နေတာကိုပြသပြီး ဒါဟာ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Trichuriasis (သန်ကောင်ထိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Trichuriasis (သန်ကောင်ထိုးခြင်း) ကဘာလဲ။   Whipwormကြာပွတ်ပုံစံသန်ကောင် Trichuris trichiura လို့လည်း ခေါ်တဲ့ လူတွေရဲ့ အူလမ်းကြောင်းမှာနေတဲ့ ကပ်ပါးကောင် ဖြစ်ပါ တယ်။ဥတွေနဲ့ အကောင်ကြီး သန်ကောင်တွေဟာ လူတွေရဲ့ အူထဲမှာနေပြီးတော့ အူလမ်းကြောင်းရောဂါတွေကိုဖြစ်စေပါတယ်။ ကြာပွတ်ပုံစံသန်ကောင်လို့ခေါ်တာကတော့ ကြာပွတ်နဲ့ပုံစံတူတဲ့ သန်ကောင်တွေနဲ့တူလို့ပါ။ ကြာပွတ်ပုံစံသန်ကောင် ပိုးဝင်ခြင်း ဒါမှမ ဟုတ် trichuriasisလို့ ခေါ်တဲ့သန်ကောင်ထိုးခြင်းဟာ အူမကြီးမှာ ကြာပွတ်ပုံစံသန်ကောင် ကပ်ပါးကောင်များ ဝင်နေခြင်းကိုခေါ်ပါ တယ်။ သန်ကောင်ထိုးခြင်းခံရတဲ့ လူတွေမျာ သွေးဝမ်းသွားခြင်း၊ ပျို့အန်ခြင်း၊ဗိုက်နာခြင်းတို့ ဖြစ်တတ်ပါတယ်။ သန်ကောင်ထိုးခြင်းဟာ သန်ကောင် ကပ်ပါးပိုးတွေပါဝင်တဲ့ ဝမ်းတွေကို ကိုင်တွယ်မိရာကနေ ပြန့်နှံ့ကူးစက်ပါတယ်။ ကလေးတွေမှာ အများစု ဖြစ်ကြပြီး အထူးသခြင့် ရာသီဥတုပူနွေးစိုစွတ်တဲ့ နေရာ နဲ့ သန့်ရှင်း မှု မရှိတဲ့နေရာတွေမှာ အဖြစ်များပါတယ်။ သန်ကောင်ထိုးခြင်းကို အများဆုံး ကုသမှုပေးတာကတော့ ကပ်ပါးကောင်သေစေတဲ့ဆေး တိုက်ခြင်းပဲဖြစ်ပါတယ်။ ကုသမှုတစ်ခါ ခံယူလိုက်တာနဲ့ လူတော် တော်များများဟာ လုံးဝအကောင်းအတိုင်းပြန်ဖြစ်ပါတယ်။ Trichuriasis (သန်ကောင်ထိုးခြင်း) […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Pancreatic Cysts (မုန့်ချိုအိတ်တွင်အရည်အိတ်ဖြစ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Pancreatic Cysts (မုန့်ချိုအိတ်တွင်အရည်အိတ်ဖြစ်ခြင်း) ကဘာလဲ။ မုန့်ချိုအိတ်ဆိုတာအစာအိမ်ရဲ့နောက်မှာရှိတဲ့ ကြီးမားတဲ့အဂါၤတစ်ခုဖြစ်ပါတယ်၎င်းက အစာခြေတဲ့ဟော်မုန်းနဲ့အန်ဇိုင်းတွေထုတ်ပေးပြီးအစာခြေရာမှာကူညီပါတယ်။ မုန့်ချိုအိတ်မှာအရည်အိတ်ဖြစ်ခြင်းဆိုတာ မုန့်ချိုအိတ်မှာအရည်အိတ်လေး ဖြစ်ပေါ်နေခြင်းကို ခေါ်ပါတယ်။ မုန့်ချိုအိတ်မှာအရည်အိတ်အများစုဟာကင်ဆာဖြစ်တာ တော့သိပ်မရှိပါဘူးများသောအားဖြင့် ဘာလက္ခဏာမှမပြတတ်ပါဘူး။၎င်းတို့က ယေဘုယျအားဖြင့် တစ်ခြားပြသနာတွေအတွက်ပုံရိပ်ဖော်စမ်းသပ်နည်းတွေစမ်းရင်းနဲ့မှ တွေ့လာရတာများပါတယ်။ သင့်ဆရာဝန်က သင့်ရဲ့မုန့်ချိုအိတ်မှာဖြစ်တဲ့အရည်ကိုနမူနာယူစမ်းပြီးမှ ကင်ဆာဆဲလ်တွေပါမပါ ကြည့်မှာပါ။ Pancreatic Cysts (မုန့်ချိုအိတ်တွင်အရည်အိတ်ဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ မုန့်ချိုအိတ်မှာအရည်အိတ်ဖြစ်ခြင်းဟာအမျိုူးသားနဲ့အမျိုးသမီးကြားအတူတူဖြစ်ကြပါတယ်။ နှစ်စဉ်နဲ့အမျှမှာမုန့်ချိုအိတ်မှာအရည်အိတ်ဖြစ်တာကိုအထူးပြုလေ့လာထားတဲ့ အထူးကုတွေက လူ၃၀၀ထက်မနည်း ဒီအခြေအနေနဲ့ရှိနေကြတယ်လို့ဆိုပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သိပ္ပံပညာရှင်တွေကမုန့်ချိုအိတ်အရည်တည်ခြင်းကိုကုသတာထက် ဒီတိုင်းမကုပဲဂရုတစ်စိုက်ကြည့်ပြီးနေတာဟာပဲအကောင်းဆုံးလို့ဆိုပါတယ်။ သို့သော်လည်းဒါတွေကို အန္တရာယ်ရှိတဲ့အချက်တွေကိုလျှော့ချခြင်းနဲ့ ပြုလုပ်လို့ရပါတယ်။ (တစ်ခြားအချက်အလက်တွေကိုသိရဖို့သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။)   လက္ခဏာများPancreatic Cysts (မုန့်ချိုအိတ်တွင်အရည်အိတ်ဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ မုန့်ချိုအိတ်မှာအရည်အိတ်ဖြစ်ခြင်းရဲ့ ရောဂါလက္ခဏာတွေကဘာတွေလဲ။ သင့်ဆီမှာဘာရောဂါလက္ခဏာတွေမှ သိပ်မတွေ့ရနိုင်ပါဘူး။ တစ်ခြားအကြောင်းတွေကြောင့် သင့်ရဲ့ဗိုက်ကိုပုံရိပ်ဖော်စမ်းသပ်နည်းတွေလုပ်ကြည့်ရင်းနဲ့မှ မကြာခဏတွေ့ရှိရတာမျိုးရှိပါတယ်။ တကယ်လို့ မုန့်ချိုအိတ်မှာအရည်အိတ်ဖြစ်ခြင်းရဲ့ရောဂါလက္ခဏာတွေတွေ့ရမယ်ဆိုရင်တော့ ၎င်းတို့က -ဗိုက်တအားနာခြင်းနဲ့နာတာကနောက်ကျောဘက်ကိုပါပြန့်နိုင်ပါတယ်။ -ဗိုက်အပေါ်ပိုင်းမှာအလုံးအကြိတ်လိုမျိုးစမ်းမိမှာပါ -ပျ ို့အန်ခြင်း ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ စောစောစီးစီးရောဂါရှာဖွေခြင်းနဲ့ကုသခြင်းကအခြေအနေတအားဆိုးခြင်းရယ်အခြားကျန်းမာရေးအရေးပေါ်အခြေအနေတွေကနေရပ်သွားဖို့တားနိုင်မှာပါ။ အဲ့ဒါကြောင့် အရမ်းဆိုးတဲ့အခြေအနေထိမရောက်ခင် ကာကွယ်နိုင်ဖို့ သင့်ဆရာဝန်နဲ့တွေ့ဆုံဆွေးနွေးပါ။ သင်ကတကယ်လို့ မူးမေ့လဲကျခြင်း၊ဗိုက်တအားနာခြင်း၊သတိမေ့ချင်သလိုလိဖြစ်ခြင်း၊နှလုံးခုန်နှုန်းမြန်ခြင်း၊သွေးအန်ခြင်းတို့ တွေ့ကြုံခံစားရပါကအရေးပေါ်ဆေးအသင်းကိုဆက်သွယ်ပါ။ (သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း