အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ခန္ဓာကိုယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်က အရေးပါတဲ့ စနစ်တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကနေ အာဟာရစုပ်ယူဖို့ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက လုပ်ပေးမှ ရတာပါ။ ဒီလိုစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်တစ်ခု ဖြစ်ဖို့ ဘာတွေလုပ်လို့ရလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား

ဝမ်းလျှောလို့ ဓာတ်ဆားရည်သောက်လိုက်တာ ခုတော့ ဝမ်းပိတ်ရုံတင်မကဘူး။ ဝမ်းပါချုပ်သွားပြီလို့ ပြောတာ ကြားဖူးမှာပါ။ ဝမ်းချုပ်တာကို ဓာတ်ချုပ်တယ်လို့လည်း ပြောကြတော့ ဓာတ်ဆားရည်တွေ သောက်လိုက်လို့ ဝမ်းချုပ်သွားတာများလားလို့ တွေးတတ်ကြပါတယ်။ တကယ်ပဲ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်တွေမှာ ဘာတွေပါဝင်သလဲ။ ဓာတ်ဆားရည်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆားဓာတ်တွေ ဖြစ်တဲ့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်၊ ဂလူးကို့စ်၊ ရေ စတာတွေ ပါဝင်ပြီး ဒါတွေက နဂိုလည်း ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဓာတ်တွေပဲ ဖြစ်ပါတယ်။ ဒီဓာတ်တွေက ဝမ်းချုပ်တာနဲ့ မသက်ဆိုင်ပါဘူး။ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်က ဝမ်းချုပ်စေဖို့ မပြောနဲ့။ ဝမ်းပိတ်စေတဲ့ အာနိသင်တောင် မရှိပါဘူး။ ဟုတ်ပါတယ်။ ဝမ်းလျှောတဲ့အခါ ဓာတ်ဆားရည်သောက်တာက ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားဓာတ်ကို ဖြည့်ပေးတာပဲ ဖြစ်ပါတယ်။ ဝမ်းရပ်ဖို့ ဆိုတာက ကုသမှု တစ်ခုခု […]

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကို ရှာဖွေမည်။

အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Abdominal Migraine (ဝမ်းဗိုက်တစ်ခြမ်းအောင့်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Abdominal Migraine (ဝမ်းဗိုက်တစ်ခြမ်းအောင့်ခြင်း) ကဘာလဲ။ နာမည်ပေးထားသလိုပဲ ဝမ်းဗိုက်တစ်ခြမ်း အောင့်ခြင်းဆိုတာ ခေါင်းကိုက်သလိုပဲ ဖြစ်ပါတယ်။ အလွန်နာကျင်တတ်ပြီး ပျို့ချင်အန်ချင်တာ၊ ကြွက်တတ်တာ၊ အန်တာ အထိ ဖြစ်တတ်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက် မိုင်ဂရိန်းရောဂါ ရှိတဲ့ မိသားစုဝင်တွေ ရှိမယ်ဆိုရင် မွေးဖွားလာတဲ့ ကလေးတွေမှာ ဝမ်းဗိုက်တစ်ခြမ်း အောင့်ခြင်း (ဝမ်းဗိုက်မိုင်ဂရိန်း) ဖြစ်တတ်ပါတယ်။ ဝမ်းဗိုက်မိုင်ဂရိန်း ရှိတဲ့ ကလေးတွေဟာ အသက်ကြီးလာတာနဲ့ အမျှ မိုင်ဂရိန်းခေါင်းကိုက်ဝေဒနာကို ခံစားရတတ်ပါတယ်။ မွေးကင်းစကလေးတွေ၊ လေးဖက်ထောက်စ ကလေးတွေ၊ ကလေးငယ်တွေ နဲ့ ဆယ်ကျော်သက် လူငယ် တွေမှာ ဖြစ်တတ်ပါတယ်။ ကလေးတွေမှာ ဖြစ်တတ်တဲ့ ဝမ်းဗိုက်မိုင်ဂရိန်း ဟာ နောက်ပိုင်းမှာ မိုင်ဂရိန်း ဝေဒနာအဖြစ် ပြောင်းလဲသွားတတ်ပါတယ်။ လူကြီးတွေမှာ ဆိုရင် ပြင်းထန်တဲ့ ဝမ်းဗိုက်မိုင်ဂရိန်း ကမိုင်ဂရိန်းခေါင်းကိုက်ခြင်းကို ဖြစ်စေပါတယ်။ အစာအိမ်မိုင်ဂရန်း လို့လည်း […]


အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ဂလတ်တို့စ် ဓါတ် ကို မချေဖျက်နိုင်သော ရောဂါ

သင်သည်ကလေးယူဖို့ မစဉ်းစားခင် သင့်မိသားစုတွင် ဂလတ်တို့စ် ဓါတ် မချေဖျက်နိုင်သော မျိုးရိုးလိုက်သော ရောဂါရှိမရှိ အရင်စစ်ဆေးသင့်သည်။ အကယ်၍ ရှိလျှင် သင့်ကလေးတွင် ထိုရောဂါဖြစ်နိုင်ချေ အန္တရာယ်ရှိပါသည်။ ဂလတ်တို့စ် ဓါတ်ကို မချေဖျက်နိုင်သော ရောဂါဆိုသည်မှာ အဘယ်နည်း။ ဂလတ်တို့စ်ဓါတ် မချေဖျက်နိုင်သော ရောဂါဆိုသည်မှာ နို့ထွက်ကုန်များတွင် ပါသော သကြားဓါတ်တစ်မျိုး၊ ဂလတ်တို့စ် ဓါတ်ကို မချေဖျက်နိုင်သော ရောဂါဖြစ်သည်။ ထိုရောဂါရှိခြင်းသည် သွေးထဲတွင် အသုံးမပြုသော ဂလတ်တို့စ်သကြားဓါတ်များ အလွန်များပြားနေသည်ဟု ဆိုလိုသည်။ သင် နို့ထွက်ကုန်များ စားသုံးသောအခါ လတ်တို့စ် ဓါတ်သည် ဂလူးကို့စ် နှင့် ဂလတ်တို့စ် ဓါတ် အဖြစ်ပြိုကွဲသည်။ ဂလတ်တို့စ်ဓါတ်ကို မချေဖျက်နိုင်သော ရောဂါရှိသူများတွင် မည့်သည့်နို့ (မိခင်နို့ (သို့) တိရိစ္ဆာန်နို့) အမျိုးအစားကိုမှ မချေဖျက်နိုင်ပါ။ သူတို့သည် ဂလတ်တို့စ် ဓါတ်ပါသော အစားအသောက်တိုင်းကို […]


အသည်းရောဂါများ

အသည်းကျန်းမာဖို့စားသင့်သောအစားအစာများ

အသည်းသည် ခန္ဓာကိုယ်ရှိ အကြီးဆုံးအင်္ဂါများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ကျွန်ုပ်တို့ စားသုံးသောအစားအစာများမှ အန္တရာယ်ရှိသောအရာများ၊ အဆိပ်အတောက်များကို ဖယ်ရှားပေးပါတယ်။ ထို့ကြောင့် အသည်းရောဂါဖြစ်ပါက ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာများကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အသည်းအတွက်အားဖြည့်သောအစားအစာများ စားသင့်သည့်အပြင် အရက်နှင့်ဆေးလိပ်ကိုလည်း ရှောင်ကြဉ်သင့်ပါ တယ်။ အသည်းမကောင်းပါက အချို့သောအစားအစာများ (ဥပမာ-အငန်)ကို လျှော့စားသင့်ပါတယ်။ အသည်းအတွက် ကောင်း မွန်သောအစားအစာများမှာ ကြက်သွန်ဖြူ ကြက်သွန်ဖြူသည် အသည်းမှ အဆိပ်အတောက်ဖယ်ရှားနိုင်ဖို့ အားဖြည့်ပေးပါတယ်။ ကြက်သွန်ဖြူသည် allicin နှင့် selenium စသောဒြပ်ပေါင်းများကြွယ်ဝသောကြောင့် ခန္ဓာကိုယ်တွင်းကို သန့်စင်စေပြီး အားအင်ပြည့်ဝစေပါတယ်။ ကြက်သွန်ဖြူကို အမွှာလိုက် သို့ အလုံးလိုက်စားသုံးခြင်းက ပို၍ကောင်းမွန်ပါတယ်။ ကြက်သွန်နီ ကြက်သွန်နီသည် ကြက်သွန်ဖြူကဲ့သို့ပင် allicin ပါဝင်သောကြောင့် အသည်းအတွက် ကောင်းမွန်ပါတယ်။ ပိုတက်ဆီယမ်၊ အမျှင်ဓာတ်နှင့် flavonoids စသည့်ဒြပ်ပေါင်းများလည်း ပါဝင်ပါတယ်။ ကြက်သွန်နီသည် […]


အသည်းရောဂါများ

အသည်းရောင်အသားဝါရောဂါနှင့် စိတ်အားငယ်ခြင်းကိုအားပေးခြင်း

အသည်းရောင်အသားဝါရောဂါဖြစ်ခြင်းသည် ဘဝတွင် အခက်ခဲဆုံးသောတွေ့ကြုံမှုဖြစ်ပါတယ်။ သင်မထမဆုံးရင် ဆိုင်ကြုံတွေ့ရမှာကတော့ စိတ်အလိုမကျခြင်းဖြစ်ပါတယ်။ ၎င်းကိုကျော်လွှား ရန်ခက်ခဲသော်လည်း မိမိစိတ်ကိုထိန်း ချုပ်ရန်နှင့်မကောင်းသောအတွေးများမတွေးရန်ကြိုးစား သင့်ပါတယ်။ အခက်အခဲများကိုသင်ရင်ဆိုင်ကျော်လွှား နိုင်ရန်သတင်းအချက်အလက်အချို့ကိုအောက် တွင်ဖော်ပြထားပါတယ်။ သင့်တွင်အသည်းရောင်အသားဝါရောဂါရှိမှန်းသိသောအခါ နောက်ဆက်တွဲစိတ်မတည်ငြိမ်ခြင်းများ(စိတ်ပူပန်ခြင်း၊ ကြောက်ရွံ့ခြင်း၊ စိတ်ဓါတ်ကျခြင်း၊ စိတ်တိုလွယ်ခြင်း၊ အကာအကွယ်မဲ့ခြင်း) ကိုခံစားရနိုင်ပါတယ်။ စိတ်မတည် ငြိမ်ခြင်းကိုကိုင်တွယ်ရသည်မှာသိပ်တော့မလွယ်ကူလှပါဘူး။ မိသားစုနှင့် သူငယ်ချင်းဖေးမမှုများလိုအပ်သလို အခက်အခဲ များကိုကျော်လွှားရန် အဓိကအကြောင်းရင်းမှာသင်ကိုယ် တိုင်ပင်ဖြစ်ပါတယ်။ မိမိခန္ဓါကိုယ်ကို ဂရုစိုက်ပါ။ ခန္ဓါကိုယ်ကျန်းမာပြီး အားအင်ပြည့်ဝနေသောအခါ သင့်၏ စိတ်သည်လည်းပို၍ရွှင်လန်းနေမှာပါ။ အားကစားလုပ်ခြင်း၊ အာဟာရရှိသောအစာစားခြင်း၊ လုံလောက်စွာအိပ်စက်ခြင်း များသည်သင်၏ခန္ဓါကိုယ်ကျန်းမာလှပစေဖို့အခြေခံလိုအပ် သောနည်းလမ်းများဖြစ်ပြီး စိတ်အလိုမကျမှုများကိုပို၍ခံနိုင် ရည်ရှိလာပါလိမ့်မည်။ မကျန်းမာစေသောအလေ့အထများ (ဆေးလိပ်သောက်ခြင်း၊ အရက်သေစာသောက်ခြင်း၊ ဆရာဝန်မညွှန်ကြားဘဲဆေးသောက်ခြင်း) ကိုရှောင်ကြဉ်ရန် မမေ့ပါနှင့်။ သင့်ရောဂါနှင့်ပတ်သက်သောဗဟုသုတများကိုရှာဖွေပါ။ သင့်ရောဂါအကြောင်းပို၍သိလာလေ၊ သင်ခံစားနေရသော စိတ်ဖိစီးမှုများလျော့နည်းလာလေဖြစ်မည်။ အဘယ်ကြောင့် ဆိုသော် ရောဂါနှင့်ပတ်သက်၍ဗဟုသုတရှိလျှင် သင့်ကျန်း မာရေးပိုမိုကောင်းမွန်ရန် ဘာလုပ်ရမည်ကိုသိလာသော ကြောင့်ဖြစ်သည်။ ထို့ပြင်သင့်ရောဂါကြောင့်ဖြစ်လာမည့် […]


အသည်းရောဂါများ

အသည်းရောင် အသားဝါဘီပိုးရှိသူ ပြုလုပ်သင့်သော အရာများ

သင့်မှာ အသည်းရောင် အသားဝါဘီပိုး ရှိနေရင် ဒီရောဂါနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို သိထားသင့်ပါတယ်။ ဒီလို သိထားတာက ရောဂါကို မြန်မြန်သက်သာစေပြီး တခြားသူများကို မကူးစက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါဆို အသည်းရောင် အသားဝါဘီပိုး နဲ့ပတ်သက်ပြီး သင်ဘာတွေသိထားသင့်ပါသလဲ။ အသည်းရောင် အသားဝါဘီပိုးရှိသူ ပြုလုပ်သင့်သော အရာများ က ဘာတွေလဲ။ အသည်းရောင် အသားဝါဘီပိုး ကူးစက်တာက ပြန်ကောင်းလာနိုင်ပါသလား။ အရွယ်ရောက်ပြီးတဲ့သူတွေမှာ ပြန်ကောင်းနိုင်တဲ့ အခွင့်အလမ်းပိုများပြီး ကလေးငယ်တွေနဲ့  မွေးခါစကလေးအများစုမှာဆိုရင်တော့ နာတာရှည် အသည်းရောင်အသားဝါ ဘီရောဂါ ဖြစ်သွားနိုင်ပါတယ်။ အသက်အရွယ်အလိုက် ရောဂါပြန်လည် ပျောက်ကင်းနိုင်တဲ့ ရာခိုင်နှုန်းတွေကို အောက်မှာ ဖော်ပြထားပါတယ်။ အရွယ်ရောက်ပြီး သူများတွင် ၉၀%မှာ ခုခံအားကြောင့် အလိုလိုပျောက်ကင်းနိုင်ပြီး ၁၀%မှာ နာတာရှည်အသည်းရောင်ရောဂါ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လတ်တလောမှာ လောလောလတ်လတ် အကူးခံထားရတဲ့ […]


အသည်းရောဂါများ

အသည်းရောင်နေသူများတွင် ရှောင်သင့်သော အချက်များ

အသည်းရောင်နေသူများတွင် ကျန်းမာရေးနှင့် မညီညွတ်စွာ နေထိုင်ခြင်းသည် ပိုပြီးနာတာရှည်လာစေပါသည်။ ကျန်းမာရေးနှင့် ညီညွတ်စွာနေထိုင်ခြင်းသည် အသည်းကို ပျက်စီးခြင်းမှ ကာကွယ်နိုင်သလို အခြားသူများကို ရောဂါ ကူးစက်စေခြင်းမှ လည်း ကာကွယ်နိုင်ပါသည်။ ထို့ကြောင့် ကျန်းမာရေးနှင့် ညီညွတ်စွာနေထိုင်ရမည့် ပုံစံများကို သိထားသင့်ပါသည်။ အောက်ပါအကျင့်များ သင့်တွင်ရှိလျှင် ဖျောက်ပစ်ဖို့ ကြိုးစားပါ။ ဆေးလိပ်သောက်ခြင်း အသည်းရောင် စီ ပိုးရှိသူများတွင် ဆေးလိပ်သောက်ခြင်းက အသည်းကင်ဆာဖြစ်နိုင်ချေကို မြင့်တက်စေပါသည်။ ထို့ပြင် အဆုတ်ကိုလည်း ထိခိုက်စေပါသည်။ အသည်းအစားထိုးပြုလုပ်နိုင်ချေများလည်း လျော့နည်းစေနိုင်ကာ အသည်းခြောက်ခြင်း၊ နောက်ဆုံး အသည်း အလုပ်မလုပ်ခြင်းတို့အထိဖြစ်နိုင်ပါသည်။ ဆေးလိပ်သောက်ခြင်းကို ဖြတ်ရန် အင်မတန်ခက်ခဲပါသည်။ ထို့ကြောင့် ဆရာဝန်၊ မိသားစုနှင့် သင်ချစ်သောသူများ၏ အကူအညီဖြင့် ကြိုးစားပြီး ဖြတ်သင့်ပါသည်။ အရက်သောက်ခြင်း ကျန်းမာနေသူများပင်လျှင် အရက်မသောက်သင့်ပါ။ အသည်းရောင်နေသူများတွင် အသည်းမှ အရက်အပါအဝင် အခြားသော အဆိပ်အတောက်များကို ကောင်းစွာ မသန့်စင်နိုင်ပါ။ […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

အစာမကြေခြင်းရဲ့ အဖြစ်များတဲ့ လက္ခဏာများ

အရသာစိမ့်နေတဲ့ ချိစ်ဘာဂါရယ်၊ ရွှေအိုရောင်သမ်းနေတဲ့ အာလူးကြော်တွေရယ်ကို နှစ်ခြိုက်နေခဲ့တယ်မို့လား။ စိတ်ထဲကျေနပ်နှစ်သက်နေပေမယ့် စားအပြီးမှာ ရင်ထဲကပူလောင်တဲ့ခံစားချက်မျိုးရလာတယ်လား။ ဒါဟာအစာမကြေခြင်းလက္ခဏာပါပဲ။ အစာမကြေခြင်းကို ကိုင်တွယ်ဖြေရှင်းဖို့အကောင်းဆုံးနည်းကတော့ လက္ခဏာတွေကိုအရင်ဆုံးသိထားဖို့ပါပဲ။   အစာမကြေခြင်းဆိုတာဘာလဲ အစာမကြေခြင်းဆိုတာ ရင်ဘက်အောက်နား၊ ဝမ်းဗိုက်အပေါ်ပိုင်းမှာ မီးစနဲ့ထိုးသလိုပူလောင်တဲ့ခံစားချက်ရခြင်းဖြစ်တယ်။ တခါတလေ၊ ဒါမှမဟုတ် မကြာခဏခံစားဖူးလောက်ပါတယ်။ တခါတလေနာကျင်မှုပါပါလာတတ်တယ်။ အစာမကြေခြင်းဟာ တခါတလေမှာ GERD လို့ခေါ်တဲ့အစာများပြန်ဆန်တတ်ခြင်းရောဂါ၊ အစာအိမ်အူအနာ သို့ သည်းခြေရောဂါ စတဲ့ ရောဂါတချို့ရဲ့ လက္ခဏာတွေလည်းဖြစ်နေတတ်တယ်။ ရင်ပူခြင်းနဲ့မရောသင့်ပါဘူး။ ရင်ပူခြင်းကပျို့ပြီး၊ လေပွတတ်တယ်။ ဆိုးရွားတဲ့အစာမကြေခြင်းတွေကတော့ အစာခြေစနစ်နဲ့ပတ်သတ်ပြီး အစာမျိုပြွန်အမာရွတ်ကျန်ခြင်းကဲ့သို့ ဒဏ်ကျန်သွားစေနိုင်ပါတယ်။ အစာမကြေခြင်းဟာအရွယ်မရွေး လူမရွေးဖြစ်နိုင်ပြီး ဖြစ်နိုင်ချေများတာကတော့- အရက်အလွန်အကျွံသောက်ခြင်း အကိုက်အခဲပျောက်ဆေးအလွန်သုံးခြင်း အစာခြေစနစ်တွင် အနာပေါက်ခြင်းကဲ့သို့ ပြဿနာဖြစ်စေနိုင်သော အခြေအနေများ စိတ်ပူပန်ခြင်း၊ စိတ်ဓါတ်ကျခြင်း လက္ခဏာများ အစာမကြေခြင်းလက္ခဏာတွေက အစာစားပြီးချိန် သို့ တစ်ခုခုသောက်ပြီးချိန်မှာပေါ်လာတတ်တယ်။ စိတ်ဖိစီးမှုကြောင့်လည်း လက္ခဏာတွေပိုဆိုးတတ်ပါတယ်။ တကယ်လို့အစာမကြေဘူးဆိုရင်အောက်ပါလက္ခဏာတွေပြနိုင်တယ်- နေထိုင်မကောင်းလောက်အောင်ပြည့်ကယ်နေခြင်း လေချဉ်တက်ခြင်း အစာအိမ်ထဲမှအစာများပြန်တက်လာခြင်း လေပွခြင်း […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

အစာမကြေခြင်းကို ဖြေရှင်းပေးမယ့် နည်းလမ်း ၇ သွယ်

တကယ်လို့အစာစားပြီးတိုင်းပြည့်အင့်သလိုဖြစ်နေမယ်ဆိုရင် အစာမကြေခြင်းခံစားနေတာဖြစ်နိုင်ပါတယ်။ အစားစားပြီးတဲ့အခါ တစ်ခုခုသောက်ပြီးတဲ့အခါမှာ လေပွခြင်း၊ ပျို့ခြင်း၊ အန်ခြင်းနဲ့တကွ ဝမ်းဗိုက်အပေါ်ပိုင်းမှာ နာကျင်လာတတ်တယ်။ တခါတလေမှာတော့ နာရီအနည်းငယ်အတွင်းကောင်းသွားတတ်ပါတယ်။ ဒါပေမယ့် တခါတလေပိုကြာတတ်ပြီး နေရထိုင်ရမသက်မသာဖြစ်စေတယ်။ ကုသနည်းတွေကိုကြည့်လိုက်ရအောင်- ကျန်းမာရေးညီညွတ်သောကိုယ်အလေးချိန်ကိုထိန်းထားပါ အစာမကြေခြင်းဟာ အူမှအစာအိမ်ထဲသို့ပြန်ဆန်တက်လာတဲ့ အက်စစ်တွေကြောင့်ဖြစ်တယ်။ အူကိုပိုက်လုံးတစ်ခုလိုမြင်ကြည့်ပါ။ အလေးချိန်များနေတဲ့အခါ ပိုနေတဲ့အဆီတွေက အူကိုဖိပြီး ထိုအူထဲမှ အက်စစ်တွေကို အစာအိမ်ထဲကိုပြန်ဆန်တက်စေပါတယ်။ ကျန်းကျန်းမာမာ၊ ထိထိရောက်ရောက်အလေးချိန်ချတဲ့နည်းတွေအများကြီးှရိပါတယ်။ မိမိနဲ့သင့်တော်မယ့် ဝိတ်ချနည်းကို ဆရာဝန်နဲ့တိုင်ပင်ကြည့်နိုင်တယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ကျန်းမာရေးညီညွတ်မျှတသောအစာစားခြင်းက အကောင်းဆုံးအလေးချိန်ချနည်းဖြစ်တယ်လို့ ဆိုကြပါတယ်။ ဆေးလိပ်ချက်ခြင်းဖြတ်ပါ။ ဆေးလိပ်သောက်ခြင်းဟာ မရေတွက်နိုင်သော ကျန်းမာရေးပြနာတွေဖြစ်စေပြီး အစာမကြေခြင်းဟာလည်း ထိုထဲမှာတစ်ခုအပါအဝင်ဖြစ်တယ်။ ဆေးလိပ်မှာပါတဲ့ ကယ်မီကယ်တွေက အစာမျိုပြွန်ကြွက်သားတွေကိုအားနည်းစေပြီး အစာအိမ်မှအက်စစ်များပြန်မတက်အောင်တားထားတဲ့ ရှုံ့ကြွက်သားကိုလည်းအားလျော့စေတယ်။ ထိုအခါအစာများ၊ အက်စစ်များအလွယ်တကူပြန်ဆန်တက်ကုန်ပါတယ်။ စားသောက်မှုပုံစံပြောင်းလဲ၊ အရက်လျှော့သောက်ပါ။ အစာမကြေခြင်းဟာ အစားအစာတချို့ကြောင့်လည်းဖြစ်နိုင်တယ်။ အစာမကြေခြင်းပိုဆိုးစေပုံပေါ်တဲ့ အစားအစာ၊ သောက်စရာတို့ကိုမှတ်ထားပြီး တတ်နိုင်သမျှရှောင်သင့်ပါတယ်။ များသောအားဖြင့် အဆီများသောအစာ၊ စပ်သောအစာများ ကဖိန်းများသော ကိုကာ၊ ကော်ဖီ၊ […]


အူမကြီးရောဂါများ (IBS)

IBS အကြောင်းဘာတွေသိထားသင့်လဲ

အများအားဖြင့် ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်းကိုတော့ အားလုံးနီးပါးခံစားဖူးပါတယ်။ ဒါပေမယ့် နာကျင်ခြင်းတစ်ခုထဲမဟုတ်ဘဲ ရူးချင်လောက်အောင် စိတ်ညစ်စရာကောင်းတဲ့ တခြားသောလကဏာတွေရှိပါသေးတယ်။ တချို့အတွက်တော့ IBS လို့ခေါ်တဲ့ ဗိုက်မကောင်းခြင်းပြဿနာတစ်ခုကို နေ့တိုင်းကိုင်တွေဖြေရှင်းနေရတတ်တယ်။ IBS ဆိုတာဘာလဲ IBS ဆိုတာ တွေ့ရလေ့ရှိတဲ့ နာတာရှည် အစာခြေစနစ်ပြဿနာတစ်ခုဖြစ်တယ်။ IBS မှာ များသောအားဖြင့် ဗိုက်ရစ်ရစ်ပြီးနာခြင်း၊ ဗိုက်အောင့်ခြင်း၊ လေပွခြင်း၊ ဝမ်းလျှောခြင်း၊ ဝမ်းချုပ်ခြင်းတို့ဖြစ်တတ်တယ်။ IBS ဟာ လူငါးယောက်မှာတစ်ယောက်အနည်းဆုံး ဖြစ်တတ်တယ်လို့ ဆိုကြပါတယ်။ အသက် ၂၀ နဲ့ ၃၀ အတွင်းဖြစ်တတ်ပြီး အမျိုးသမီးတွေမှာအမျိုးသားတွေထက် ၂ ဆပိုပြီးဖြစ်တတ်တယ်။ IBS ဟာ အသက်အန္တရာယ်မထိခိုက်ပေမယ့် အချိန်ကြာ သေချာကိုင်တွယ်ရင်ဆိုင်ရမယ့် နာတာရှည်ရောဂါတစ်ခုဖြစ်တယ်။ လက္ခဏာတွေကလူတစ်ယောက်နဲ့တစ်ယောက်မတူဘဲ တချို့မှာပိုဆိုးတတ်တယ်။ ရက်အနည်းငယ်မှ လအနည်းငယ်ထိကြာတတ်ပြီး စိတ်ဖိစီးချိန် သို့ တစ်ခုခုစားမိတဲ့အခါ ပိုကြာတတ်ပါတယ်။ အူများလှုပ်ရှားပြီးလျှင် တနည်း ဝမ်းသွားပြီးချိန်မှာ လက္ခဏာတွေသက်သာသွားတတ်ပြီး နာတာရှည်ဖြစ်တတ်တယ်ဆိုသော်လည်း […]


အစာအိမ်နှင့် အူလမ်းကြောင်းအနာ

အနာဆိုတာဘာလဲ

အစာအိမ်နဲ့ အူသိမ်နံရံတွေမှာ ပေါက်တတ်တဲ့ အနာကို အက်စစ်နာ လို့လည်းခေါ်ပါတယ်။ အစာအိမ်၊ အူတွေထဲမှာရှိတဲ့ အက်စစ်တွေကြောင့် အနာဖြစ်ရတယ်ဟုလည်း ယူဆတာမို့ ထိုသို့ခေါ်ရခြင်းဖြစ်တယ်။ ထိုအနာတွေဟာ အူနံရံနေရာမရွေးမှာဖြစ်နိုင်ပါတယ်။ အဖြစ်အများဆုံးကတော့ - · အစာအိမ်အနာ - အစာအိမ်အတွင်းမှာပေါက်သော အနာဖြစ်ပြီး အဖြစ်အများဆုံးဖြစ်တယ်။ · အူသိမ်ဦးပိုင်းအနာ - အူသိမ်အစပိုင်းမှာဖြစ်တတ်ပါတယ်။ · အစာမျိုပြွန်အနာ - လည်ချောင်းနဲ့ အစာအိမ်ကိုဆက်ထားသော အစာမျိုပြွန်အတွင်းမှာ ပေါက်တတ်ပါတယ်။ တစ်ချိန်ထဲမှာ အနာတွေ တစ်မျိုးထက်ပိုပြီးလည်း ပေါက်နိုင်တယ်။ သေချာမကုဘဲထားပါက ပိုဆိုးလာနိုင်တယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ အနာတွေကကုသရလွယ်ပါတယ်။ အစာအိမ်အနာဖြစ်စေနိုင်တဲ့ အချက်တွေရှိတယ်။ တကယ်လို့အောက်ပါအချက်တွေရှိမယ်ဆိုရင် အနာဖြစ်နိုင်ချေများပါတယ် - · ဆေးလိပ်သောက်ခြင်း · စတီးရွိုက် (အကိုက်အခဲပျောက်ဆဲ) မကြာခဏသုံးခြင်း · ကယ်လ်စီယမ်များခြင်း · မိသားစုတွင်းအစာအိမ်အနာဖြစ်သူရှိခြင်း · အသက် ၅၀ ထက်ကျော်ခြင်း · အရက်အလွန်သောက်ခြင်း လက္ခဏာများ အနာနဲ့ပတ်သတ်ပြီး လက္ခဏာအမျိုးမျိုးရှိနိုင်တာကြောင့် ဒီလက္ခဏာတွေရှိတာလည်းဖြစ်နိုင်သလို၊ မရှိတာလည်းဖြစ်နိုင်ပါတယ်။ အနာပိုပြင်းလေလေ၊ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း