အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ခန္ဓာကိုယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်က အရေးပါတဲ့ စနစ်တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကနေ အာဟာရစုပ်ယူဖို့ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက လုပ်ပေးမှ ရတာပါ။ ဒီလိုစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်တစ်ခု ဖြစ်ဖို့ ဘာတွေလုပ်လို့ရလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား

ဝမ်းလျှောလို့ ဓာတ်ဆားရည်သောက်လိုက်တာ ခုတော့ ဝမ်းပိတ်ရုံတင်မကဘူး။ ဝမ်းပါချုပ်သွားပြီလို့ ပြောတာ ကြားဖူးမှာပါ။ ဝမ်းချုပ်တာကို ဓာတ်ချုပ်တယ်လို့လည်း ပြောကြတော့ ဓာတ်ဆားရည်တွေ သောက်လိုက်လို့ ဝမ်းချုပ်သွားတာများလားလို့ တွေးတတ်ကြပါတယ်။ တကယ်ပဲ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်တွေမှာ ဘာတွေပါဝင်သလဲ။ ဓာတ်ဆားရည်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆားဓာတ်တွေ ဖြစ်တဲ့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်၊ ဂလူးကို့စ်၊ ရေ စတာတွေ ပါဝင်ပြီး ဒါတွေက နဂိုလည်း ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဓာတ်တွေပဲ ဖြစ်ပါတယ်။ ဒီဓာတ်တွေက ဝမ်းချုပ်တာနဲ့ မသက်ဆိုင်ပါဘူး။ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်က ဝမ်းချုပ်စေဖို့ မပြောနဲ့။ ဝမ်းပိတ်စေတဲ့ အာနိသင်တောင် မရှိပါဘူး။ ဟုတ်ပါတယ်။ ဝမ်းလျှောတဲ့အခါ ဓာတ်ဆားရည်သောက်တာက ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားဓာတ်ကို ဖြည့်ပေးတာပဲ ဖြစ်ပါတယ်။ ဝမ်းရပ်ဖို့ ဆိုတာက ကုသမှု တစ်ခုခု […]

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကို ရှာဖွေမည်။

အစာအိမ်နှင့် အူလမ်းကြောင်းအနာ

အနာအဖြစ်များစေတဲ့ အကြောင်းအရင်းများ

အစာအိမ်နဲ့ အူသိမ်နံရံတွေမှာ ပေါက်တတ်တဲ့ အနာကို အက်စစ်နာ လို့ခေါ်ပါတယ်။ ဝမ်းဗိုက်တွင်းနာကျင်ခြင်း၊ လေပွခြင်း၊ ရင်ပူခြင်းတို့ဖြစ်စေနိုင်ပါတယ်။ ပြင်းထန်တဲ့အခါ သွေးယိုခြင်းပင်ဖြစ်စေနိုင်တယ်။ ဘာကြောင့်အနာဖြစ်ရသလဲ အစာအိမ်တွင်းအက်စစ်များခြင်းကြောင့်ဖြစ်တယ်လို့ယူဆကြတယ်။ အချိန်တစ်ခုကြာအောင် အစပ်စားလို့ အစာအိမ်တွင်းအက်စစ်ပမာဏတက်ရတယ်လို့ ထင်ကြပါတယ်။ ဒါပေမယ့်လတ်တလောလေ့လာမှုတွေကတော့ တခြားအချက်တွေကိုသက်သေပြခဲ့ပါတယ်။ အစာအိမ်ထဲမှာ အစာအိမ်နံရံကိုအက်စစ်ဒဏ်ကနေကာကွယ်ပေးတဲ့ အကျိအချွဲအလွှာတစ်ခုရှိပါတယ်။ ထိုအကျိအချွဲအလွှာနည်းသွားတဲ့အခါမှာ အစာအိမ် သို့ အူနံရံဟာ အက်စစ်တွေဖျက်စီးခြင်းခံရဖို့များသွားတယ်။ ဒါကြောင့် အစာမရှိဘဲ ကော်ဖီသောက်ပါက အနာဖြစ်နိုင်ချေများပါတယ်။ ကော်ဖီက အစာအိမ်တွင်းမှာရှိတဲ့ အက်စစ်ပမာဏကိုများစေတယ်။ အစာမရှိဘဲ အစာအိမ်တွင်းအက်စစ်ထွက်လာပြီး အစာအိမ်၊ အူကိုထိခိုက်ဖျက်စီးနိုင်ပါတယ်။ နောက်ထပ်အချက်တွေလည်းရှိနိုင်ပါသေးတယ်- H.pylori ဘတ်တီးရီးယား ခန္ဓါကိုယ်ရဲ့အစာခြေစနစ်တွင်းနေထိုင်တဲ့ ဘတ်တီးရီးယားတစ်မျိုးဖြစ်တယ်။ အစာအိမ်နံရံမှာ အကွာအကွယ်ရှိစဉ်မှာ အနာမဖြစ်စေနိုင်၊ လက္ခဏာတွေမပြစေနိုင်ပေမယ့် ကာပေးထားတဲ့ အလွှာပျောက်သွားတဲ့အခါမှာ နံရံတွေကိုထိခိုက်ဖျက်စီးပြီး အနာတွေဖြစ်လာစေနိုင်ပါတယ်။ ဒီအချက်ဟာ အဖြစ်အများဆုံးအကြောင်းအရင်းဖြစ်တယ်။ တခါတလေ မကုသဘဲထားလိုက်ရာမှ ကင်ဆာအထိဖြစ်နိုင်ပါတယ်။ အကိုက်အခဲပျောက်ဆေး အကိုက်အခဲပျောက်ဆေးများအချိန်ကြာသောက်ပါကလည်း အစာအိမ်အတွင်းရှိ အကျိအချဲွအလွှာကို ထိခိုက်ပျက်စီးစေနိုင်တယ်။ လူတိုင်းမှာ COX-1 နဲ့ […]


အူရောင်ရောဂါများ (IBD)

အူလမ်းကြောင်း ရောင်ရမ်းခြင်းရောဂါ ဆိုတာ ဘာလဲ

အူလမ်းကြောင်း ရောင်ရမ်းခြင်းရောဂါသည် အူလမ်းကြောင်း တစ်လျှောက်တွင် မူမမှန်မှုများဖြစ်ပြီး ရောင်ရမ်းခြင်းဖြစ်ပါသည်။ အူလမ်းကြောင်းဆိုရာတွင် ပါးစပ်၊ အစာရေမျိုပြွန်၊ အစာအိမ်၊ အူသိမ်နှင့် အူမကြီး တစ်လျှောက်လုံးပါဝင်ပါသည်။ အူလမ်းကြောင်း၏ တာဝန်မှာ အစာချေဖျက်ခြင်း၊ အာဟာရများကို စုပ်ယူခြင်းနှင့် အညစ်အကြေးများ စွန့်ထုတ်ခြင်းတို့ဖြစ်ပါသည်။ အူလမ်းကြောင်း ရောင်ရမ်းခြင်းရောဂါ အမျိုးအစားများက ဘာလဲ။ အဖြစ်အများဆုံး အမျိုးအစား ၂ ခုမှာ အူမကြီး အနာဖြစ်ပြီး ရောင်ရမ်းခြင်းနှင့် ခရုန်းအူရောင်ရောဂါ တို့ဖြစ်ပါသည်။ အူမကြီး အနာဖြစ်ပြီး ရောင်ရမ်းခြင်းကို ဖြစ်သော နေရာနှင့် ရောဂါ အခြေအနေအပေါ်မူတည်ပြီး အမျိုးအစားများထပ်ခွဲထားပါသေးသည်။ · စအိုရောင်ခြင်း ထိုရောင်ရမ်းမှုသည် ရောဂါ၏ အနုဆုံး အမျိုးအစားဖြစ်ပါသည်။ · အူကောက်ပိုင်းနှင့် စအိုရောင်ခြင်း ယင်းသည် အူမကြီး နောက်ဆုံးအပိုင်းနှင့် စအိုနေရာတို့ ရောင်ခြင်းဖြစ်ပါသည်။ · ဘယ်ဘက် အူမကြီးရောင်ခြင်း ယင်းသည် အစာဟောင်းအိမ်မှ အူမကြီး ဘယ်ဘက်အပိုင်း ရောင်ခြင်းဖြစ်ပါသည်။ · အူမကြီးတစ်ခုလုံးရောင်ခြင်း · […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

သန်ချဖို့ လိုနေပြီလား သိနိုင်ဖို့

သန်ကျဆေးဘယ်လောက်စွမ်းကြောင်း ၊ဘယ်လောက်ကောင်းကြောင်းကို တီဗီကြော်ငြာတွေမှာတွေ့နေရပေမယ့် ရွံစရာကြီးပါကွာ ဆိုပြီး မျက်နှာလွှဲခဲ့ကြတာများပါတယ်။ အမှန်က သန်ကောင်၊တုတ်ကောင်ဆိုတာနဲ့ ရွံစရာအကောင်တွေအဖြစ်ပြေးမမြင်ဘဲ ကိုယ့်ခန္ဓါကိုယ်ထဲကနေ ဖယ်ရှားရှင်းလင်းပစ်သင့်တဲ့ကပ်ပါးတွေအဖြစ်တွေးလိုက်ရမှာပါ။ ခန္ဓါကိုယ်ကျန်းမာရေးနဲ့ သန့်ရှင်းရေးအတွက် အခါအားလျော်စွာ သန်ချပေးဖို့က မဖြစ်မနေလိုအပ်ပါတယ်။ သန်ကောင်တွေဟာ သက်ရှိသတ္တဝါတွေရဲ့ခန္ဓါကိုယ်တွင်းမှာ ကပ်တွယ်ရှင်သန်တဲ့ ကပ်ပါးပိုးတွေဖြစ်ပြီး လက်ခံ ခန္ဓါကိုယ်က စားသုံးသမျှအာဟာရကို မှီခိုနေကြပါတယ်။ သန်ကောင်ပိုးဝင်ရောက်နိုင်တဲ့နည်းလမ်းကအများကြီးရှိပါတယ်။ အဖြစ်များဆုံးကတော့ အစားအသောက်တဆင့် ကူးစက်ရရှိတာပဲဖြစ်ပါတယ်။ ဥပမာ ကြက်သားနဲ့ဝက်သားအစိမ်းတွေမှာ သန်ကောင်ဥတွေ ပါလာတတ်ပါတယ်။ မကျက်တကျက်ကို စားသုံးမိရင် အဲဒီသန်ကောင်ပိုးတွေခန္ဓါကိုယ်ထဲရောက်ရှိရှင်သန်စေနိုင်ပါတယ်။ အဲဒီသားစိမ်းငါးစိမ်းတွေကို အသီးအရွက်တွေနဲ့ရောနှောထားရှိရင်လည်း ထပ်ပြန့်စေတာပေါ့။ နောက်တစ်ခုကရေ။ မသန့်ရှင်းတဲ့ရေ ကိုသောက်မိရင်လည်း သန်ကောင်ကူးစက်ခံရနိုင်ပါတယ်။ ဒါ့အပြင် လက်မသန့်တာ၊ခွေး၊ကြောင် စတာတွေနဲ့ ထိတွေ့မှုများတာတွေကတဆင့် ကူးစက်ရရှိဖို့ အရမ်းလွယ်ပါတယ်။ သန်ချသင့်တယ်ဆိုတာတော့ သိပြီ၊ ပုံမှန်လေး သန်ချလို့ရတယ်ဆိုတာလည်းသိပြီ၊ ဒါဆို ဘယ်အချိန်မှာ သန်ချမလဲ။ ကိုယ့်မှာ သန်ကောင်တွေရှိနေရင် ဘာလက္ခဏာတွေဖြစ်လာနိုင်မလဲ […]


သည်းခြေဆိုင်ရာရောဂါများ

Gallstones (သည်းခြေကျောက်တည်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်သည်းခြေကျောက်တည်ခြင်း (gallstones) ဆိုတာ သည်းခြေဆိုတာက အသည်းအောက်ဘက်ပိုင်းမှာရှိတဲ့ အင်္ဂါအသေးစားလေးပါ။ အိတ်သေးသေးလေးပုံသဏ္ဍာန်ရှိပြီး အစိမ်းရောင်ရှိတဲ့ သည်းခြေရည်တွေကို သိမ်းဆည်းထားပါတယ်။ သည်းခြေရည်က အစာတွေကို ချေဖျက်ပေးတဲ့ အစာခြေရည်အဖြစ်လုပ်ဆောင်ပေးပါတယ်။ သည်းခြေကျောက်တော်တော်များများက သည်းခြေရည်ထဲမှာ ကိုလက်စထရောများလွန်းတာကြောင့်ဖြစ်ရတာပါ။ သည်းခြေကျောက်က သဲမှုန်လောက်သေးသေးလေးကစလို့ဂေါက်သီးအရွယ်အစားထိရှိတတ်ပါတယ်။ အချို့လူတွေမှာ သည်းခြေကျောက်က တစ်လုံးတည်းရှိတတ်ပေမယ့် အချို့မှာတော့ သည်းခြေကျောက်တွေအများကြီးတည်နေတာမျိုးရှိတတ်ပါတယ်။ လက္ခဏာများသည်းခြေကျောက်တည်ခြင်း (gallstones) လက္ခဏာတွေကဘာတွေလဲ သည်းခြေကျောက်တည်တဲ့အခါ ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်းကအောင့်တာမျိုးဖြစ်လာနိုင်ပါတယ်။ ဆီကြော်တွေလိုမျိုး အဆီများတဲ့အစားအစာတွေကိုစားသုံးတဲ့ အချိန်မှာ သည်းခြေအောင့်တာကိုခံစားရနိုင်ပါတယ်။ အရမ်းအကြာကြီးနာတာမျိုးတော့မဟုတ်ပါဘူး။ မအီမသာဖြစ်တာ အော့အန်တာ ဆီးမည်းမည်းတွေသွားတာ ဝမ်းညိုညစ်ညစ်အရောင်တွေသွားတာ ဗိုက်အောင့်တာ လေတက်တာ ဝမ်းလျှောတာ အစာမကြေတာ ဝမ်းဗိုက်အထက်ပိုင်းကအောင့်တာ ရင်ညွှန့်အောက်ဘက်က စူခနဲအောင့်တာ ညာဘက်ပခုံးနာကျင်တာမျိုးတွေခံစားရနိုင်ပါတယ်။ Risk Factorsသည်းခြေကျောက်တည်ခြင်း (gallstones)ဖြစ်နိုင်ခြေကို ဘာတွေကမြင့်တက်စေလဲ အမျိုးသမီးဖြစ်နေတာ အသက် ၄၀ ဒါမှမဟုတ် အသက် ၄၀ကျော်နေတာ အဝလွန်နေတာ အထိုင်များတာ ကိုယ်ဝန်ဆောင် အဆီများတဲ့အစားအစာတွေအစားများတာ ကိုလက်စထရောများတဲ့ အစားတွေအစားများတာ အမျှင်ဓါတ်နည်းတဲ့ အစားတွေစားတာများတာ မျိုးရိုးရှိတာ ဆီးချိုရောဂါအခံရှိတာ အသည်းရောဂါအခံရှိနေတာ နောက်ဆက်တွဲရောဂါတွေသည်းခြေကျောက်တည်တာ (gallstones) ကြောင့် ဘယ်လိုနောက်ဆက်တွဲရောဂါတွေဖြစ်နိုင်လဲ သည်းခြေကျောက်တည်တာကို အချိန်ကြာတဲ့အထိမကုသဘဲ ထားမယ်ဆိုရင် – သည်းခြေအိတ်ရောင်ရမ်းတာ သည်းခြေပြွန်ပိတ်ဆို့တာ သရက်ရွက်ပြွှန်မှာပိတ်ဆို့တာ သည်းခြေအိတ်ကင်ဆာ အသည်းရောင်အသားဝါ သရက်ရွက်ရောင်ရမ်းတာ သွေးဆိပ်တက်တာ သည်းခြေပြွန်မှာ ပိုးဝင်ကူးစက်တာ သည်းခြေအိတ်ပိုးဝင်တာ ဘယ်လိုကာကွယ်မလဲသည်းခြေကျောက်တည်ခြင်း (gallstones) မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ သည်းခြေကျောက်မတည်အောင်ကာကွယ်လို့ရပါတယ်။ နည်းလမ်းတွေကတော့ – အစားစားချိန်မှန်ပါစေ – တစ်နေ့တာရဲ့ အစားစားချိန်တွေကို […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Mesenteric lymphadenitis (အူ အမြှေးပါးလင့်ဖ်အကြိတ်ရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Mesenteric lymphadenitis (အူ အမြှေးပါးလင့်ဖ်အကြိတ်ရောင်ခြင်း) ကဘာလဲ။ အူ အမြှေးပါးလင့်ဖ်အကြိတ်ရောင်ခြင်းဟာ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ အဓိက အဖြစ်များတဲ့ ရောဂါတမျိုး ဖြစ်ပြီး ဝမ်းဗိုက်အတွင်းမှာရှိတဲ့ လင့်ဖ်အကြိတ်တွေကို ရောင်ရမ်းဖောင်းကားလာစေပါတယ်။ လင့်ဖ်အကြိတ်ဆိုတာဟာ ပဲစေ့အရွယ် သေးငယ်တဲ့ အင်္ဂါလေးတွေဖြစ်ပြီး လင်ဖိုဆိုက်လို့ခေါ်တဲ့ သွေးဖြူဥတမျိုး ပါဝင်ပါတယ်။ ဒီအကြိတ်တွေဟာ လင့်ဖ်ပြန်ရည်ကြောစနစ်ရဲ့ အစိတ်အပိုင်းတွေပဲ ဖြစ်ပြီး ခန္ဓါကိုယ်ရဲ့ ခုခံအားစနစ်မှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ သူတို့ဟာ လင့်ဖ်ပြန်ရည်မှာ ပါဝင်လာတဲ့ ဘက်တီးရီးယားတွေနဲ့ အခြားသော ပိုးမွှားတွေကို စစ်ထုတ်ပေးတာမို့ အဆိုပါ အန္တရာယ်ရှိတဲ့ အရာတွေကို ခန္ဓါကိုယ်ကနေ ဖယ်ထုတ်ပေးနိုင်ပါတယ်။ အူ အမြှေးပါးလင့်ဖ်အကြိတ်ရောင်ခြင်း ရောဂါဟာ အူနဲ့ ဝမ်းဗိုက်နံရံကို ဆက်သွယ်ပေးထားတဲ့ တစ်ရှူးတမျိုး (mesentery)မှာပါဝင်တဲ့ လင့်ဖ်အကြိတ်တွေကို ထိခိုက်စေတာ ဖြစ်ပါတယ်။ Mesenteric lymphadenitis (အူ […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

Gas pains (လေနာခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Gas pains (လေနာခြင်း) ကဘာလဲ။ လေလည်ခြင်းနှင့် လေနာခြင်းတို့သည် အရေးကြီးအစည်းအဝေး သို့မဟုတ် လူထူထပ်သောဓါတ်လှေကားပေါ်တို့ကဲ့သို့ အဆိုးဆုံးအခြေအနေတွင် ဖြစ်ပွားနိုင်သည်။ လေလည်ခြင်းသည် စိုးရိမ်ဖွယ်ရာမရှိသော်လည်း အရှက်၇ဖွယ်ရာ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ အူလမ်းကြောင်းအတွင်း လေများစုဝေးခြင်း ဝမ်းချုပ်ခြင်း ဝမ်းလျှောခြင်းတို့သည် လေနာခြင်းကိုဖြစ်စေနိုင်သည်။ အူလမ်းကြောင်းအတွင်း လေများစုဝေးပြီး အပြင်သို့မစွန့်ထုတ်နိုင်လျှင် လေနာခြင်းဖြစ်နိုင်သည်။ လူအများစုသည် တစ်နေ့ဆယ်ကြိမ်ခန့် လေလည်ကြသည်။ လေနာခြင်းနှင့် လေလည်ခြင်းကိုမတားဆီးနိုင်သော်လည်း ရိုးရှင်းသောလုပ်ဆောင်ချက်အနည်းငယ်လုပ်ရုံဖြင့် သင့်အူလမ်းကြောင်းအတွင်းလေထုတ်လုပ်မှုကို လျော့ကျစေပြီး အရှက်ရခြင်း၊ ကသိကအောက်ဖြစ်ခြင်းတို့မှ သက်သာရာရစေနိုင်သည်။ Gas pains (လေနာခြင်း) က ဘယ်လောက်အဖြစ်များသလဲ လေနာခြင်းသည် အလွန်အဖြစ်များသည်။ အမျိုးသမီးများတွင် ပိုအဖြစ်များပြီး အသက်အရွယ်မရွေး ဖြစ်နိုင်သည်။ ရောဂါဖြစ်ပွာနှုန်း မြင့်မားစေသည့် အကြောင်းအရင်းများကို ရှောင်ကြဉ်ခြင်းဖြင့် ကာကွယ်နိုင်သည်။ သိလိုသည်များ ရှိပါက ဆရာဝန်နှင့်တိုင်ပင်ပါ။ လက္ခဏာများGas pains (လေနာခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ လူအများစုတွင် အောက်ပါ ရောဂါလက္ခဏာများ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Polyp, Rectum (အူမကြီးအလုံးတည်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Polyp, Rectum (အူမကြီးအလုံးတည်ခြင်း) ကဘာလဲ။ အူမကြီးအနားသတ်တစ်လျှောက် အလုံးပေါ်ခြင်းဖြစ်ပါတယ်။ အလုံးတွေက အရွယ်အစားအမျိုးမျိုး၊ အရေအတွက်အမျိုးအမျိုး ဖြစ်နိုင်ပါတယ်။ အူမကြီးအလုံး သုံးမျိုးအသုံးစား/ရှိပါတယ်။ ဟိုက်ပါပလတ်စတစ်အလုံးက အန္တရာယ်မဖြစ်တတ်ပါဘူး။ ကင်ဆာအဖြစ်ကိုလည်း မပြောင်းပါဘူး။ အက်ဒီနိုမေတတ်စ်အလုံးက အဖြစ်အများဆုံးဖြစ်ပါတယ်။ အများစုက ကင်ဆာအဖြစ်မပြောင်းသွောသော်လည်း အူမကြီးကင်ဆာဖြစ်နိုင်ချေတော့ ရှိပါတယ်။ ကင်ဆာမြစ်ပွားနာအလုံးကတော့ အနုကြည့်မှန်ပြောင်းကနေ အသားလုံးကိုကြည့်တဲ့အခါမျာ ကင်ဆာဆဲလ်တွေကို မြင်ရခြင်းဖြစ်ပါတယ်။ Polyp, Rectum (အူမကြီးအလုံးတည်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများPolyp, Rectum (အူမကြီးအလုံးတည်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အူမကြီးအလုံး ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ဝမ်းထဲတွင်သွေးပါခြင်း တစ်ပတ်ထက်ပိုပြီး နာကျင်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမလျှောခြင်း၊ ဝမ်းချူပ်ခြင်း အလုံးတည်နေချိန်မှာ ပျို့အန်ခြင်း မူးဝေခြင်း အများစုမှာ လက္ခဏာမပြတတ်ပါဘူး။ အူမကြီးကင်ဆာစမ်းသပ်တဲ့အခါမှသာ တွေ့လေရှိပါတယ်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Lactose Intolerance (နို့သကြားဓါတ် မစုပ်ယူနိုင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Lactose Intolerance (နို့သကြားဓါတ် မစုပ်ယူံနိုင်ခြင်း) ကဘာလဲ။ နို့သကြားဓါတ်မစုပ်ယူနိုင်သောသူများဆိုသည်မှာ နို့တွင်ပါဝင်သောသကြားဓါတ်အားကောင်းမွန်စွာမချေဖျက်နိုင်ခြင်းကြောင့်ဖြစ်သည်။ ထိုသို့ဖြစ်ပါက ထွက်ပစ္စည်းများစားမိပါကဝမ်းလျောခြင်း လေပွခြင်းများကိုခံစားရတတ်သည်။ နို့သကြားကောင်းမွန်စွာမစုပ်ယူနိုင်ခြင်းဟုလည်းခေါ်သည်။ ဤအခြေအနေသည်များသောအားဖြင့် အန္ဓါရယ်မရှိတတ်သော်လည်းရောဂါ လက္ခဏာများက မသက်မသာဖြစ်စေတတ်သည်။ လက်တေ့ ချို့တဲ့ခြင်း( အူသေးမှထုတ်သောအရာတစ်ခု) ကြောင့်ဖြစ်တတ်သည်။ များသောအားဖြင့် လက်တေံ အနည်းငယ်ရှိတတ်သဖြင့် နို့ထွက်ပစ္စည်းများအားအစာချေနိုင်သည်။ အမှန်တကယ် နို့သကြားဓါတ်မခံနိုင်သူဖြစ်ပါက နို့ပါသောအစာစားပြီးရုံဖြင့် လက္ခဏာများပြတတ်သည်။ များသောအားဖြင့်နို့ထွက်စာရှောင်စေခြင်းဖြင့် စီရင်နိုင်သည်။ Lactose Intolerance (နို့သကြားဓါတ် မစုပ်ယူံနိုင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများLactose Intolerance (နို့သကြားဓါတ် မစုပ်ယူံနိုင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ နို့သကြားဓါတမစုပ်ယူနုင်သူသည် နို့တွင်ပါသော သကြားဓါတ်စားပြီး မိနစ်သုံးဆယ်မှ နှစ်နာရီအတွင်း ရောဂါလက္ခဏာပြတတ်သည်။ အဖြစ်များသောလက္ခဏာများမှာ ဝမ်းလျောခြင်း ပျို့ခြင်း တခါတရံအန်ခြင် ဗိုက်အောင့်ခြင့် ဗိုက်ဖောင်းခြင်း လေပွခြင်းများဖြစ်တတ်သည်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

Colic (လေထိုးလေအောင့်နာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Colic (လေထိုးလေအောင့်နာ) ကဘာလဲ။ လေထိုးလေအောင့်နာဆိုသည် စိတ်ပင်ပန်းစေခြင်းဖြစ်စေသောအခြေအနေတစ်ခုဖြစ်သည်။ ကျန်းမာပြီးအစားအသောက်ကောင်းစွာစားသောကလေးတွင်ပင်ဖြစ်တတ်သည်။ လေထိုးလေအောင့်နာခံစားနေရသောကလေးသည် တနေ့သုံးနာရီထက်မက တပါတ်သုံးရက်မက ငိုတတ်သည်။ သုံးပါတ်ကျော်ထိငိုတတ်သည်။ ကလေးအား သက်သာအောင် သင်ပြုလုပ်ပေးသောအရာမှန်သမျှ ထိုအချိန်တွင်သက်သာမှုမဖြစ်ပါ။ လေထိုးလေအောင့်နာသည် ကလေးကောမိခင်ကိုပါ စိတ်ပင်ပန်းမှုဖြစ်စေသည်။ သို့သော် အချိန်အတန်ကြာတွင် ပြန်ကောင်းသည်။ အပါတ်အနည်းငယ် လအနည်းငယ်တွင်သက်သာမည်ဖြစ်သော်လည်း မိဘဖြစ်ရသောစိန်ခေါ်မှုတရပ်ကိုစတင်ခံစားရသည်ဟုပင်တွေးမိနိုင်သည်။ Colic (လေထိုးလေအောင့်နာ) က ဘယ်လောက်အဖြစ်များသလဲ လေထိုးလေအောင့်နာသည် ခြောက်ပါတ်နှင့် ရှစ်ပါတ်ကလေးများတွင်ဖြစ်တတ်ပြီး ရှစ်ပါတ်နှင့်ဆယ့်လေးပါတ်တွင် ပျောက်ကင်းသွားတတ်သည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများColic (လေထိုးလေအောင့်နာ) ရဲ့လက္ခဏာတွေကဘာတွေလဲ ကြေးများခြင်းနှင့် ငိုခြင်းများဖြစ်တတ်သည်။ သို့သော် ကြေးများသောကလေးတိုင်းက လေထိုးလေအောင့်နာဖြစ်ခြင်းတော့မဟုတ်ပါ။ ကျန်းမာသောကလေးများတွင်ဖြစ်တတ်သော လေထိုးလေအောင့်နာ၏ရောဂါလက္ခဏာများမှာ ကြိုတင်ခန့်မှန်းနိုင်သော ငိုသည့်ကာလ။ လေထိုးလေအောင့်နာဖြစ်တတ်သောကလေးများတွင် နေ့တိုင့်းအချိန်မှန်ငိုတတ်သည်။ များသောအားဖြင့် နေ့ခင်းပိုင်းများနှင့် ညနေများတွင်ဖြစ်သည်။ ဖြစ်သောကြာချိန်မှာ မိနစ်အနည်းငယ်မှ သုံးနာရီလေးနာရီထိကြာတတ်သည်။ လေထိုးလေအောင့်နာဖြစ်ပြီးချိန်တွင် လေလည်ခြင်းနှင့် အူလှုပ်ရှားမှုများတွေ့တတ်သည်။ အလွန်အမင်းသို့မဟုတ် ဖြေသိမ့်၍ မ၇စွာငိုကြွေးခြင်း။ အသံအကျယ်ကြီးနှင့်ငိုပြီး စိတ်ပင်ပန်းစေသည်။ မျက်နှာတခုလုံးနီရဲလာပြီး […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Encopresis (ဝမ်းပေကျံခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Encopresis (ဝမ်းပေကျံခြင်း) ကဘာလဲ။ Encopresis ဆိုသည်မှာ ကိုယ်တိုင်အိမ်သာသွားတတ်သည့်အရွယ် ကလေးငယ်များတွင် အောက်ခံဘောင်းဘီ၌ ဝမ်းများပေကျံခြင်းကိုဆိုလိုပါသည်။ ကလေးငယ်များ ဝမ်းကိုထိန်းတတ်သော်လည်း အသက် ၄ နှစ်အထက်မဟုတ်လျှင် ဒီရောဂါဟု ဆရာဝန်များက မယူဆပါ။ ဤကဲ့သို့ ဝမ်းပေကျံခြင်းသည် ရုပ်ဆိုင်ရာအရ ဖြစ်ရသည့်အကြောင်းရှိသလို ကလေးကိုယ်တိုင် တမင်လုပ်ခြင်းမဟုတ်ပဲ တစ်နည်း စိတ်နှင့်ထိန်းမရပဲ ပေကျံခြင်းဖြစ်ပါသည်။ Encopresis (ဝမ်းပေကျံခြင်း) က ဘယ်လောက်အဖြစ်များသလဲ US တွင် အသက် ၁၀ နှစ်အောက်ကလေး ၁ – ၂% အထိ Encopresis ဖြစ်နေပါသည်။ မိန်းကလေးများထက် ယောက်ျားလေးများတွင် အဖြစ်များပြီး ဖြစ်ရပ် ၈၀% တွင် ယောက်ျားလေးများသာ ဖြစ်လေ့ရှိသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ လက္ခဏာများEncopresis (ဝမ်းပေကျံခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ Encopresis ၏ အဖြစ်အများဆုံး ရောဂါလက္ခဏာများမှာ- အောက်ခံဘောင်းဘီတွင် ဝမ်း […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း