အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ခန္ဓာကိုယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်က အရေးပါတဲ့ စနစ်တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကနေ အာဟာရစုပ်ယူဖို့ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက လုပ်ပေးမှ ရတာပါ။ ဒီလိုစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်တစ်ခု ဖြစ်ဖို့ ဘာတွေလုပ်လို့ရလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား

ဝမ်းလျှောလို့ ဓာတ်ဆားရည်သောက်လိုက်တာ ခုတော့ ဝမ်းပိတ်ရုံတင်မကဘူး။ ဝမ်းပါချုပ်သွားပြီလို့ ပြောတာ ကြားဖူးမှာပါ။ ဝမ်းချုပ်တာကို ဓာတ်ချုပ်တယ်လို့လည်း ပြောကြတော့ ဓာတ်ဆားရည်တွေ သောက်လိုက်လို့ ဝမ်းချုပ်သွားတာများလားလို့ တွေးတတ်ကြပါတယ်။ တကယ်ပဲ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်တွေမှာ ဘာတွေပါဝင်သလဲ။ ဓာတ်ဆားရည်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆားဓာတ်တွေ ဖြစ်တဲ့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်၊ ဂလူးကို့စ်၊ ရေ စတာတွေ ပါဝင်ပြီး ဒါတွေက နဂိုလည်း ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဓာတ်တွေပဲ ဖြစ်ပါတယ်။ ဒီဓာတ်တွေက ဝမ်းချုပ်တာနဲ့ မသက်ဆိုင်ပါဘူး။ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်က ဝမ်းချုပ်စေဖို့ မပြောနဲ့။ ဝမ်းပိတ်စေတဲ့ အာနိသင်တောင် မရှိပါဘူး။ ဟုတ်ပါတယ်။ ဝမ်းလျှောတဲ့အခါ ဓာတ်ဆားရည်သောက်တာက ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားဓာတ်ကို ဖြည့်ပေးတာပဲ ဖြစ်ပါတယ်။ ဝမ်းရပ်ဖို့ ဆိုတာက ကုသမှု တစ်ခုခု […]

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကို ရှာဖွေမည်။

အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Eosinophilic esophagitis (အီရိုစင်နိုဖေးလ်ကြောင့် အစာရေမျိုပြွန်ရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Eosinophilic esophagitis (အီရိုစင်နိုဖေးလ်ကြောင့် အစာရေမျိုပြွန်ရောင်ခြင်း) ကဘာလဲ။ အီရိုစင်နိုဖေးလ်ကြောင့် အစာရေမျိုပြွန်ရောင်ခြင်းတွင် အီရိုစင်နိုဖေးလ်ဟုခေါ်သော သွေးဖြူဥတစ်မျိုးသည် အသာရေမျိုပြွန်နံရံတွင် စုပုံလာပါသည်။ ၎င်းသည် အစာ၊ အလာဂျင် သို့မဟုတ် အစာချေအက်စစ် ပြန်တက်ခြင်းအား တုန့်ပြန်ခြင်းဖြစ်ပြီး အစာရေမျိုတစ်ရှူးများကို ထိခိုက်ရောင်ရမ်းစေနိုင်၏။ ပျက်စီးနေသော အစာရေမျိုပြွန်တစ်ရှူးများကြောင့် မျိုချရခက်ခြင်း သို့မဟုတ် မျိုချသည့်အခါ အစာတစ်နေခြင်းမျိုး ဖြစ်နိုင်ပါသည်။ အီရိုစင်နိုဖေးလ်ကြောင့် အစာရေမျိုပြွန်ရောင်ခြင်းမှာ နာတာရှည် ကိုယ်ခံအားစနစ် ရောဂါမျိုးဖြစ်သည်။ လွန်ခဲ့သည့် ဆယ်စုနှစ် ၂ ခုလောက်ကမှသာ သတ်မှတ်နိုင်ခဲ့ခြင်းဖြစ်သော်လည်း ယခုအခါ အဖြစ်များဆုံး အစာအိမ်နှင့်အူလမ်းကြောင်းရောဂါ အဖြစ် ယူဆနေရပါသည်။ သုတေသနများ ဆက်လုပ်နေပြီး ရောဂါအမည်တပ်ခြင်းနှင့် ကုသမှုများအား ပြန်လည်စစ်ဆေးရန် ဦးတည်လျက်ရှိပါသည်။ Eosinophilic esophagitis (အီရိုစင်နိုဖေးလ်ကြောင့် အစာရေမျိုပြွန်ရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အီရိုစင်နိုဖေးလ်ကြောင့် အစာရေမျိုပြွန်ရောင်ခြင်းမှာ ကလေး ၁၀၀၀ လျှင် […]


အသည်းရောဂါများ

Autoimmune Hepatatis (မိမိကိုယ်ခံအားကြောင့် အသည်းရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Autoimmune Hepatatis (မိမိကိုယ်ခံအားကြောင့် အသည်းရောင်ခြင်း) ကဘာလဲ။ မိမိခန္ဓါကိုယ်ရဲ့ ကိုယ်ခံအားစနစ်ဟာ အသည်းဆဲလ်တွေကို တိုက်ခိုက်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ဖြစ်ပွားရတဲ့ အကြောင်းအရင်းကို အတိအကျ မသိရသေးပေမယ့် မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင် အခြေအနေတွေက ဖြစ်ပွားစေတယ်လို့ ယူဆရပါတယ်။ မကုသဘဲ နေသွားရင် အသည်းခြောက်ပြီး အသည်းပျက်စီးခြင်း ဖြစ်နိုင်ပါတယ်။ စောစီးစွာ သိရှိထားပြီး ကိုယ်ခံအားကိုနှိမ့်ပေးတဲ့ဆေးတွေနဲ့ ကုသရင် အသည်းရောင်ခြင်းပြသနာကို ထိန်းချုပ်နိုင်ပါတယ်။ Autoimmune Hepatatis (မိမိကိုယ်ခံအားကြောင့် အသည်းရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ မိသားစုတွင်းမှာ ဖြစ်ပွားနိုင်ပါတယ်။ မျိုးရိုးဗီဇကြောင့် ဖြစ်နိုင်ပါတယ်။ ငယ်ရွယ်တဲ့ မိန်းကလေးတွေနဲ့ အမျိုးသမီးတွေမှာ ဖြစ်ပွားတတ်ပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများAutoimmune Hepatatis (မိမိကိုယ်ခံအားကြောင့် အသည်းရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ လက္ခဏာတွေဟာ သာမန်လောက်ကနေ ဆိုးရွားတဲ့အထိ ဖြစ်နိုင်ပါတယ်။ အစောပိုင်းမှာ လက္ခဏာတွေ မပြနိုင်ပါဘူး။ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Bowel obstruction (အူလမ်းကြောင်းပိတ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Bowel obstruction (အူလမ်းကြောင်းပိတ်ခြင်း) ကဘာလဲ။ အူလမ်းကြောင်းပိတ်ခြင်းဆိုတာ သင့်ရဲ့ အူသိမ် သို့ အူမကြီး လုံး၀ သို့ တစိတ်တပိုင်းပိတ်ခြင်းဖြစ်တယ်။ ထိုပိတ်ဆို့သွားခြင်းဟာ အစာ၊ အရည်နဲ့ ဂက်စ်တွေကို အူအတွင်း သာမန်လမ်းကြောင်းအလိုက် ရွေ့ခြင်းကိုတားဆီးတယ်။ နာလိုက်ပျောက်လိုက်ဖြစ်တတ်တဲ့ ပြင်းထန်တဲ့နာကျင်မှုကိုလည်းဖြစ်စေနိုင်ပါတယ်။ Bowel obstruction (အူလမ်းကြောင်းပိတ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ များသောအဖြင့်တော့ ဖြစ်လေ့မရှိပါဘူး။ အသေးစိတ်အချက်အလက်အတွက် ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။ လက္ခဏာများBowel obstruction (အူလမ်းကြောင်းပိတ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အူလမ်းကြောင်းပိတ်ခြင်းမှာ တွေ့ရလေ့ရှိတဲ့ လက္ခဏာတွေကတော့ – နာလိုက်၊ ပျောက်လိုက်ဖြစ်တတ်သည့် ဆွဲဆုတ်ထားသကဲ့သို့ ဗိုက်နာခြင်း။ အစားအသောက်ပျက်ခြင်း။ ဝမ်းချုပ်ခြင်း အန်ခြင်း အူမလှုပ်ရှားနိုင်ခြင်း၊ လေမလည်နိုင်ခြင်း။ ဝမ်းဗိုက်ဖောင်းနေခြင်း။ ဖော်ပြထားတာတွေအပြင်တခြားအချက်တွေလည်းရှိနိုင်တာကြောင့် စိတ်ပူသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။   ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ ပြင်းပြင်းထန်ထန်နဲ့ ဆက်တိုက် ဗိုက်အောင့်၊ ဗိုက်နာနေမယ်ဆိုရင်တော့ ဆရာဝန်ချက်ခြင်းပြပါ။ ဒါဟာ အူလမ်းကြောင်းပေါက်သွားတာကြောင့် အူကိုထောက်ပံ့နေတဲ့ သွေးလမ်းကြောင်း ပြတ်တောက်သွားတာဖြစ်နိုင်ပြီး အရေးပေါ်အခြေအနေဖြစ်တယ်။ အကြောင်းရင်းများBowel obstruction (အူလမ်းကြောင်းပိတ်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ အကျိတ်များ၊ အမာတ်ရွတ်တစ်သျူး၊ […]


အသည်းရောဂါများ

Alcoholic Liver Cirrhosis: Causes, Symptoms & Diagnosis (အရက်ကြောင့်အသည်းခြောက်ခြင်းဆိုတာ ဘာလဲ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Alcoholic Liver Cirrhosis: Causes, Symptoms & Diagnosis (အရက်ကြောင့်အသည်းခြောက်ခြင်းဆိုတာ ဘာလဲ) ကဘာလဲ။ အရက်ကြောင့်အသည်းခြောက်ခြင်းဆိုတာ အသည်းမှာ ပျက်စီးသွားတဲ့ အသည်းဆဲလ်တွေနေရာကို အစားထိုးပေးတဲ့ အမျှင်ဓါတ်တစ်သျှူး အမျိုးအစား များလာပြီး အမာရွတ်ထင်ကျန်ခြင်းကို ဆိုလိုပါတယ်။ အသည်းခြောက်ခြင်းဟာ အရက်ဖြတ်ပြီးချိန်မှာတောင် ပြန်မကောင်းနိုင်ပါဘူး။ Alcoholic Liver Cirrhosis: Causes, Symptoms & Diagnosis (အရက်ကြောင့်အသည်းခြောက်ခြင်းဆိုတာ ဘာလဲ) က ဘယ်လောက်အဖြစ်များသလဲ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများAlcoholic Liver Cirrhosis: Causes, Symptoms & Diagnosis (အရက်ကြောင့်အသည်းခြောက်ခြင်းဆိုတာ ဘာလဲ) ရဲ့လက္ခဏာတွေကဘာတွေလဲ အသည်းခြောက်ခြင်း စဖြစ်ချိန်မှာ လက္ခဏာတွေမပြသလို သွေးစစ်ဆေးမှုဟာလည်း ပုံမှန်ပါပဲ။ ဒါမှမဟုတ် အသည်းကြီးခြင်း တခါတရံ ဘေလုံးကြီးခြင်း တွေ့ရနိုင်ပါတယ်။ အသည်းခြောက်ခြင်းပိုဆိုးလာရင်တော့ ကြွက်သားသိမ်ခြင်း၊ အားနည်းခြင်း၊ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Abdominal Pain (ဝမ်းဗိုက်နံရံ ချို့ယွင်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Abdominal Pain (ဝမ်းဗိုက်နံရံ ချို့ယွင်းခြင်း) ကဘာလဲ။ ဝမ်းဗိုက်နံရံ ချို့ယွင်းခြင်းဆိုတာ မွေးရာပါချို့ယွင်းချက် ဖြစ်ပြီး အစာအိမ်၊ အူများနဲ့ တခြား ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေဟာ ဝမ်းဗိုက်ရဲ့ ပုံမှန်မဟုတ်တဲ့ အပေါက်ကနေ အပြင်ဘက်ကို ထွက်နေခြင်း ဖြစ်ပါတယ်။ သန္ဓေသား ဖွံ့ဖြိုးကြီးထွားလာချိန်မှာ သားအိမ်ထဲမှာ မမျှော်လင့်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပါတယ်။ အထူးသဖြင့် အစာအိမ်၊ အူများနဲ့ တခြား အင်္ဂါအစိတ်အပိုင်းတွေဟာ သန္ဓေသားရဲ့ ဝမ်းဗိုက်အပြင်ပိုင်းမှာ ဖွံ့ဖြိုးကြီးထွားလာပါတယ်။ တဖြည်းဖြည်းကြီးထွားလာတာနဲ့အမျှ ဝမ်းဗိုက်နံရံဟာ ဒီအစိတ်အပိုင်းတွေကို ဖုံးအုပ်ပြီး ပိတ်သွားပါတယ်။ တခါတရံ ချို့ယွင်းမှုဖြစ်ချိန်မှာ အင်္ဂါအစိတ်အပိုင်းတွေဟာ ဝမ်းဗိုက်ရဲ့ အပြင်ဘက်မှာ ကျန်ရစ်ခဲ့ခြင်းမျိုး ဖြစ်တတ်ပါတယ်။ ဝမ်းဗိုက်နံရံ ချို့ယွင်းခြင်းဟာ ဖွံ့ဖြိုးပြောင်းလဲမှုပေါ် မူတည်ပြီး ၂မျိုးဖြစ်တတ်ပါတယ်။ သူတို့ကို omphalocele နဲ့ Gastroschisis လို့ ခေါ်ပါတယ်။ Gastroschisis […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Esophageal Atresia (အစာရေမြို ပိတ်တယ် )

အဓိပ္ပါယ်ဖွင့်ဆိုချက်Esophageal Atresia (အစာရေမြို ပိတ်တယ် ) ကဘာလဲ။ အစာရေမြို ပိတ်တယ်ဆိုတာ ဟာ ကိုယ်ဝန်ဆောင်စဉ်အတွင်း(ကြီးထွား၊ ဖွံ့ဖြိုးချိန်)မှာ အစာရေမြိုက ပိတ်သွားတာကို ဆိုလိုပါတယ်။ ပုံမှန်အားဖြင့် ပါးစပ်နဲ့ အစာအိမ်ကို ဆက်ထားပေးတဲ့ ပြွန်ဖြစ်သွားရမယ့်အစား အစာရေမြိုဟာ မဆက်ဘဲသက်သက်စီ အစိတ်အပိုင်းနှစ်ခု အဖြစ်ကွဲသွားပါတယ်။ အဲလိုအခြေအနေတွေဟာ ကိုယ်ဝန် လေးပတ်လောက်မှာ ဖြစ်လေ့ရှိပါတယ်။ အစာရေမြို ပိတ်တဲ့ အမျိုးအစား ၅မျိုးလောက်ရှိပါတယ်။ အစာရေမြိုမှ ပုံမှန်သွယ်ဆက်လေ့မရှိသော နေရာနဲ့ ဆက်သွယ်ထားတဲ့ ပြွန်နဲ့ အတူ ဖြစ်နိုင်ပါတယ်။ A အမျိုးအစား- အစာရေမြိုမှ ပုံမှန်သွယ်ဆက်လေ့မရှိသော နေရာနဲ့ ဆက်သွယ်ထားတဲ့ ပြွန် မဖြစ်ပေါ်ဘဲ အစာရေမြို ပိတ်ခြင်း။ (၁၀%) B အမျိုးအစား- အပေါ်ဘက် အစာရေမြို အပိုင်းသို့ ပြန်ဆက်သွားတဲ့ ပြွန်ဖြစ်ပေါ်ပြီး အစာရေမြို ပိတ်ခြင်း။ C အမျိုးအစား- […]


ဝမ်းပျက်ဝမ်းလျှောခြင်း

Antibiotic Associated Diarrhea (ပဋိဇီဝတို့နှင့် ဆက်စပ်နေတဲ့ ဝမ်းပျက်ခြင်းဆိုတာ ဘာလဲ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Antibiotic Associated Diarrhea (ပဋိဇီဝတို့နှင့် ဆက်စပ်နေတဲ့ ဝမ်းပျက်ခြင်းဆိုတာ ဘာလဲ) ကဘာလဲ။ Antibiotic associated diarrhea ဆိုတာကတော့ ပဋိဇီဝဆေး (ပိုးသတ်ဆေး)တွေ သောက်သုံးပြီး မကြာခင်မှာ တစ်ရက်ကို သုံးကြိမ်နဲ့အထက် ဝမ်းအရည်ချည်းသွားခြင်းကို ဆိုလိုတာပါ။ အများအားဖြင့်တော့ ဒီအခြေအနေက မပြင်းထန်တတ်ဘဲ ကုသမှုလည်း မလိုအပ်ပါဘူး။ ဝမ်းပျက်ခြင်းဟာ ပဋိဇီဝဆေး မသောက်တော့တဲ့ ရက်အနည်းငယ်အတွင်း ရပ်တန့်သွားမှာပါ။ ပိုပြီးပြင်းထန်တဲ့ အခြေအနေတွေမှာတော့ ဆေးသောက်နေတာကို ရပ်ပစ်ဖို့ သို့မဟုတ် ဆေးပြောင်းသောက်ဖို့ လိုအပ်ပါလိမ့်မယ်။ Antibiotic Associated Diarrhea (ပဋိဇီဝတို့နှင့် ဆက်စပ်နေတဲ့ ဝမ်းပျက်ခြင်းဆိုတာ ဘာလဲ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများAntibiotic Associated Diarrhea (ပဋိဇီဝတို့နှင့် ဆက်စပ်နေတဲ့ […]


အစာအိမ်နှင့် အူလမ်းကြောင်းအနာ

Ulcer (အနာဖြစ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Ulcer (အနာဖြစ်ခြင်း) ကဘာလဲ။ Ulcer ဆိုတာဟာ အနာဖြစ်ခြင်း တစ်မျိုးပါ။ peptic ulcers ဆိုတာကတော့ အစာအိမ်နဲ့ duodenum လို့ခေါ်တဲ့ အူ အပေါ်ပိုင်း တွေမှာ အနာဖြစ်တာကို ခေါ်ပါတယ်။ အဲဒီ peptic ulcer တွေက အဖြစ်များပါတယ်။ Ulcer (အနာဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အနာဖြစ်ခြင်းဟာ တော်တော် အဖြစ်များပါတယ်။ ဘယ်အသက်ရွယ်မှာ မဆိုဖြစ်နိုင်ပါတယ်။ ဒီရောဂါကို ဖြစ်ဖို့အားပေးနေတဲ့ အချက်တွေကို လျှော့ချ ခြင်းအားဖြင့် ရောဂါကို ထိန်းချုပ်လိုက်နိုင်ပါတယ်။ နောက်ထပ် ပိုမိုကောင်းမွန်တဲ့ အချက်အလက်တွေ ရရှိနိုင်ဖို့ ဆရာဝန်နဲ့တွေ့ဆုံဆွေးနွေးသင့်ပါတယ်။ လက္ခဏာများUlcer (အနာဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အစာအိမ်၊အူအနာ ဖြစ်ခြင်းရဲ့ အဓိကရောဂါ လက္ခဏာတွေကတော့ အစာ စားသောက်နေချိန်မှာ ကောင်းနေပြီး စားပြီး ၁ နာရီ၊ ၂နာရီ ကြာမှ ဆိုးလာခြင်း၊နာခြင်း၊ မသက်မသာ […]


အသည်းရောဂါများ

Nonalcoholic Fatty Liver (အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးခြင်း ဆိုတာ ဘာလဲ)

အဓိပ္ပါယ်ဖွင့်ဆိုချက် Nonalcoholic Fatty Liver (အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးခြင်း ဆိုတာ ဘာလဲ) ကဘာလဲ။ အဆီဆိုတာ ခန္ဓါကိုယ်ရဲ့ စွမ်းအင်ရင်းမြစ်တစ်ခုပါပဲ။ ဒါပေမဲ့ အဆီများလွန်းခြင်းဟာ အလေးချိန်တိုးလာတာထက် ပိုတဲ့ ဆိုးကျိုးတွေ ဖြစ်လာစေနိုင်ပါတယ်။ Nonalcoholic Fatty Liver ဆိုတာဘာလဲ။ အသည်းဆိုတာ ဝမ်းဗိုက်ရဲ့ အပေါ်ညာဘက်မှာရှိတဲ့ ကိုယ်တွင်းအင်္ဂါတ်ခုပါ။ အသည်းရဲ့ အခန်းကဏ္ဍဟာ ခန္ဓါကိုယ်တွင်းက အဆိပ်အတောက်တေါကို စွန့်ထုတ်ဖို့၊ ပရိုတိန်း ထုတ်လုပ်ဖို့နဲ့ အစာခြေဖို့လိုအပ်တဲ့ အစာခြေရည်တွေထုတ်ပေးဖို့ဖြစ်ပါတယ်။ ပုံမှန်လူတစ်ယောက်အသည်းရဲ့ အလေးချိန်ဟာ ၁.၄၄ – ၁.၆၆ ကီလိုဂရမ်ရှိတတ်ပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် အသည်းမှာ အဆီရှိတာ ပြဿနာမရှိပါဘူး။ ဒါပေမဲ့ အဆီတွေများလာပြီဆိုရင်တော့ အသည်းအဆီဖုံးခြင်းလို့ခေါ်ပါတယ်။ ဒီလိုရောဂါ အမျိုးအစားနှစ်မျိုးရှိပါတယ်။ အရက်ကြောင့်အသည်းအဆီဖုံးခြင်း (ALD) နဲ့ အရက်ကြောင့်မဟုတ်သော အသည်းအဆီဖုံးခြင်း (NAFLD) တို့ပါ။ ရိုးရိုးလေးပြောရမယ်ဆိုရင်တော့ NAFLD ဆိုတာက သင်ဟာ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Anal Abscess (စအိုပြည်တည်နာ )

အဓိပ္ပါယ်ဖွင့်ဆိုချက်Anal Abscess (စအိုပြည်တည်နာ ) ကဘာလဲ။ စအိုပြည်တည်နာသည် စအိုရှိ အကြိတ်ဂလင်းများ၌ ရောဂါပိုး ကူစက်ခြင်းကြောင့် ဖြစ်ပေါ်လာပါသည်။ စအိုဝန်းကျင်၌ ပြည်များကို ဖြစ်ပေါ်စေပါသည်။ စအို၀ ဝန်းကျင်၌ အဖြစ်အများဆုံး ဖြစ်ပါသည်။ မမြင်သာသော စအို၏ အတွင်းပိုင်း တစ်ရှုးများ တွင်လည်း ဖြစ်နိုင်ပါသည်။   ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းဖြင့် စအိုပြည်တည်နာကို ထိန်းချုပ် ကာကွယ် နိုင်ပါသည်။ အခြား အချက်အလက်များ ထပ်မံ သိရှိနိုင်ရန် ဆရာဝန်နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။   လက္ခဏာများAnal Abscess (စအိုပြည်တည်နာ ) ရဲ့လက္ခဏာတွေကဘာတွေလဲ စအိုပြည်တည်နာ၏ အဖြစ်အများဆုံး ရောဂါလက္ခဏာသည် စအို၌ စူးရှစွာ နာကျင်ခြင်း ဖြစ်ပါသည် (အထူးသဖြင့် ထိုင်နေချိန်)။ အခြားလက္ခဏာများမှာ စအို၌ ယားယံခြင်း၊ ပြည်ယိုခြင်း နှင့် ဝမ်းချုပ်ခြင်းတို့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း