အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ခန္ဓာကိုယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်က အရေးပါတဲ့ စနစ်တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကနေ အာဟာရစုပ်ယူဖို့ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက လုပ်ပေးမှ ရတာပါ။ ဒီလိုစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်တစ်ခု ဖြစ်ဖို့ ဘာတွေလုပ်လို့ရလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား

ဝမ်းလျှောလို့ ဓာတ်ဆားရည်သောက်လိုက်တာ ခုတော့ ဝမ်းပိတ်ရုံတင်မကဘူး။ ဝမ်းပါချုပ်သွားပြီလို့ ပြောတာ ကြားဖူးမှာပါ။ ဝမ်းချုပ်တာကို ဓာတ်ချုပ်တယ်လို့လည်း ပြောကြတော့ ဓာတ်ဆားရည်တွေ သောက်လိုက်လို့ ဝမ်းချုပ်သွားတာများလားလို့ တွေးတတ်ကြပါတယ်။ တကယ်ပဲ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်တွေမှာ ဘာတွေပါဝင်သလဲ။ ဓာတ်ဆားရည်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆားဓာတ်တွေ ဖြစ်တဲ့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်၊ ဂလူးကို့စ်၊ ရေ စတာတွေ ပါဝင်ပြီး ဒါတွေက နဂိုလည်း ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဓာတ်တွေပဲ ဖြစ်ပါတယ်။ ဒီဓာတ်တွေက ဝမ်းချုပ်တာနဲ့ မသက်ဆိုင်ပါဘူး။ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်က ဝမ်းချုပ်စေဖို့ မပြောနဲ့။ ဝမ်းပိတ်စေတဲ့ အာနိသင်တောင် မရှိပါဘူး။ ဟုတ်ပါတယ်။ ဝမ်းလျှောတဲ့အခါ ဓာတ်ဆားရည်သောက်တာက ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားဓာတ်ကို ဖြည့်ပေးတာပဲ ဖြစ်ပါတယ်။ ဝမ်းရပ်ဖို့ ဆိုတာက ကုသမှု တစ်ခုခု […]

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကို ရှာဖွေမည်။

ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

Bloating (ဗိုက်တင်းခြင်းနဲ့ ပတ်သတ်ပြီး ဘာတွေသိထားဖို့လိုသလဲ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Bloating (ဗိုက်တင်းခြင်းနဲ့ ပတ်သတ်ပြီး ဘာတွေသိထားဖို့လိုသလဲ) ကဘာလဲ။ ယင်းအခြေအနေဟာ အစာအိမ်ကြီး တင်းပြီး သက်တောင့်သက်တာမဖြစ်တာပါ။ ဗိုက်ထဲမှာ တစ်ခုခုရှိနေတယ်လို့ ခံစားနေရပြီး အသံတွေလည်းကျယ်လောင်စွာ မြည်နေပါတယ်။ ဒါပေမယ့်လည်း စိုးရိမ်ရတဲ့ ရောဂါတစ်ခုတော့ မဟုတ်ပါဘူး။ နည်းမှန်လမ်းမှန်နဲ့ ဂရုစိုက်စိုက်ပေးဖို့ပဲ လိုပါတယ်။ Bloating (ဗိုက်တင်းခြင်းနဲ့ ပတ်သတ်ပြီး ဘာတွေသိထားဖို့လိုသလဲ) က ဘယ်လောက်အဖြစ်များသလဲ ဗိုက်တင်းတာက အသက်အရွယ်မရွေး တော်တော်အဖြစ်များပါတယ်။ အန္တရယ်ရှိအချက်များကို ရှောင်ကျဉ်ခြင်းဖြင့် ရင်ဆိုင်နိုင်ပါတယ်။ နောက်ထပ်သိရှိလိုသည်များကို ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လက္ခဏာများBloating (ဗိုက်တင်းခြင်းနဲ့ ပတ်သတ်ပြီး ဘာတွေသိထားဖို့လိုသလဲ) ရဲ့လက္ခဏာတွေကဘာတွေလဲ အဓိကတော့ ဗိုက်မကောင်းတာပါ။ ဗိုက်တင်းရင်းတင်းရင်းနဲ့ အရမ်းဆိုးလာပြီဆိုရင် ကလေးရှိတယ်လို့တောင် ထင်နေရပါတယ်။ ဘာတွေပဲဖြစ်ဖြစ် ဒါဟာဗိုက်တင်းတာလေးတစ်ခုပါပဲ။ စားသောက်မှုပုံစံပြောင်းလဲရုံနဲ့ ပုံမှန်ပြန်ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့်လည်း ဗိုက်တင်းရုံသာမက အောက်ပါ အခြားလက္ခဏာတွေနဲ့ တွဲလာပြီဆိုရင်တော့ ဗိုက်တင်းတာမဟုတ်တဲ့အခြားရောဂါတစ်ခုခုကို ခံစားနေရရပါပြီ။ အဖျားတက်ခြင်း ဝမ်းချုပ်ခြင်း ဝမ်းလျောခြင်း အော့အန်ခြင်း ဗိုက်အောင့်ခြင်း ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အထက်တွင် ဖော်ပြထားသော […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Bowel Incontinence (ဝမ်းမထိန်းနိုင်ခြင်းဆိုတာဘာလဲ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Bowel Incontinence (ဝမ်းမထိန်းနိုင်ခြင်းဆိုတာဘာလဲ) ကဘာလဲ။ ဝမ်းမထိန်းနိုင်ဘူးဆိုတာ အူရွေ့လျားမှုတွေမူမမှန်တော့တဲ့ အခြေအနေတစ်ရပ်ပါ။ ပုံမှန်လူတွေမှာဆို အူတွေက လှုပ်ရှားနေကျအတိုင်း လှုပ်ရှားနေပါတယ်။ ဒါပေမယ့် ဝမ်းမထိန်းနိုင်တဲ့လူတွေမှာတော့ ညဘက် မစင်ယိုစိမ့်ထွက်ခြင်း အဖြစ်များပါတယ်။ ကျွန်တော်တို့စားသောက်ပြီးနောက်မှာ မချေဖျက်ရသေးတဲ့အစာတွေ၊ ဘက်တီးရီးယားတွေ၊ အကျိအချွဲတွေနဲ့ ဆဲလ်သေတွေ ပေါင်းပြီး အစိုင်အခဲပုံစံကြီးတစ်ခုဖြစ်လာပါတယ်။ ယင်းအရာကိုတော့ မစင်လို့ခေါ်ပါတယ်။ ထို့နောက် အူတွေကို ဖြတ်သန်းပြီး စအိုကနေ ခန္ဓါကိုယ်အပြင်ဘက်သို့ စွန့်ထုတ်လိုက်ပါတယ်။ ယင်းဖြစ်စဉ်တစ်ခုလုံးကို အူရွေ့လျားခြင်းလို့ခေါ်ပါတယ်။ အူရဲ့လုပ်ငန်းဆောင်တာတွေ ပုံမှန်မဟုတ်တော့တဲ့အခါမှာ ဝမ်းမထိန်းနိုင်ခြင်း ဖြစ်လာပါတယ်။ ဘယ်အချိန်မှာ ဝမ်းသွားရမယ်၊ ဘယ်အချိန်မှာ ထိန်းထားရမယ်ဆိုတာ မသိတော့တာကြောင့် ကသိကအောက်ဖြစ်ရပါတယ်။ ကံကောင်းထောက်မစွာဖြင့် ဝမ်းမထိန်းနိုင်ခြင်းက ဆိုးဆိုးရွားရွားရောဂါတစ်ခုမဟုတ်ပဲ ကုသပျောက်ကင်းနိုင်ပါတယ်။ Bowel Incontinence (ဝမ်းမထိန်းနိုင်ခြင်းဆိုတာဘာလဲ) က ဘယ်လောက်အဖြစ်များသလဲ အသက်အရွယ်မရွေး တော်တော်လေးအဖြစ်များပါတယ်။ အန္တရယ်ရှိအချက်များကို လျော့ချခြင်းဖြင့် ရင်ဆိုင်နိုင်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Digestive Disorders (အစာချေဖျက်ခြင်းနှင့် ပတ်သက်သော မူမမှန်မှုများ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Digestive Disorders (အစာချေဖျက်ခြင်းနှင့် ပတ်သက်သော မူမမှန်မှုများ) ကဘာလဲ။ အစာချေစနစ်သည် ကိုယ်ထဲရှိ အကောက်အကွေ့များနှင့် ကျယ်ပြန့်သော ပါးစပ်မှသည် စအိုအထိ ရှည်လျားသော အစိတ်အပိုင်း ဖြစ်ပါသည်။ အစာချေလမ်းကြောင်းမှသည် ကိုယ်ခန္ဓာအတွက် လိုအပ်သော အစာဟာရများကို စုပ်ယူပြီး မလိုအပ်သော အညစ်အကြေးများကို ပြင်ပသို့ စွန့်ထုတ်ပေးပါသည်။ အစာချေဖျက်ခြင်းနှင့် ပတ်သက်သော မူမမှန်မှုများဖြစ်လာလျှင် မကုသဘဲ ပစ်ထားပါက ပိုပြင်းထန်လာစေပြီး နာတာရှည်လာစေပါသည်။ အများအားဖြင့် အစာအိမ်မှ အက်ဆစ်များအပေါ်လျှံတက်ပြီး ရင်ပူခြင်း၊အူရောင်ခြင်းနှင့် ဝမ်းလျှောခြင်းတို့ အဖြစ်များပါသည်။ Digestive Disorders (အစာချေဖျက်ခြင်းနှင့် ပတ်သက်သော မူမမှန်မှုများ) က ဘယ်လောက်အဖြစ်များသလဲ အစာချေဖျက်ခြင်းနှင့် ပတ်သက်သော မူမမှန်မှုများသည် အဖြစ်များပါသည်။ သို့သော် ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။   လက္ခဏာများDigestive Disorders (အစာချေဖျက်ခြင်းနှင့် ပတ်သက်သော မူမမှန်မှုများ) […]


အစာအိမ်အက်ဆစ်ရည်ပြန်ဆန်တက်ခြင်း

Acid Reflux (အက်စစ်ပြန်စီးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Acid Reflux (အက်စစ်ပြန်စီးခြင်း) ကဘာလဲ။ အက်စစ်ပြန်စီးခြင်းဆိုသည်မှာ အစာအိမ်မှ အက်စစ်များ အစာရေမြို ( လည်ချောင်းနှင့် အစာအိမ်ကို ဆက်ထားသော ပြွန်) သို့ပြန်တက်ပြီး လည်ချောင်းသို့ရောက်ကာ တစ်ရှူး ရောင်ရမ်းခြင်းကို ဖြစ်စေသော အခြေအနေတစ်ခု ဖြစ်သည်။ အစာအိမ်တွင် hydrochloric အက်စစ်ဟုခေါ်သော အက်စစ် ပြင်းတစ်မျိုး ပါဝင်သည်။ ၎င်းသည် အစာခြေခြင်းတွင် ကူညီ ပြီး ဘတ်တီးရီးယားကဲ့သို့ မလိုအပ်သော ပိုးမွှားများရန်မှ ကာကွယ်ပေးသည်။ အစာအိမ် အဝင်ဝတွင် အဆို့ရှင်တစ်ခု ရှိသည်။ ၎င်းသည် အစာကို အစာအိမ်ထဲသို့ဝင်စေသည်။ သို့သော် အစာရေမြိုထဲသို့ ပြန်မထွက်စေပါ။ ထိုအဆို့ရှင် ပုံမှန် အတိုင်း အလုပ်မလုပ်တော့ပါက အစာအိမ်ထဲရှိ အရာများ သည် အစာရေမြိုထဲသို့ ပြန်ထွက်ပြီး အက်စစ်ပြန်စီးခြင်းကို ဖြစ်စေသည်။   Acid Reflux […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

Dyspepsia (အစာမကြေခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Dyspepsia (အစာမကြေခြင်း) ကဘာလဲ။ အစာမကြေခြင်း သို့မဟုတ် ဒစ်ပက်ပ်စီးယားဆိုသည်မှာ အစာအိမ်နှင့်အူလမ်းကြောင်းအပေါ်ပိုင်း (အစာအိမ်၊ အစာရေမျိုပြွန်၊ အူသိမ်ဦး) တွင် မအီမသာ သို့မဟုတ် နာကျင်မှုကိုခံစားရခြင်းဖြစ်သည်။ အစာမကြေခြင်းခြင်းတွင် ရောဂါလက္ခဏာအမျိုးမျိုးပါဝင်ပြီး ဗိုက်ကယ်ခြင်း၊ ပျို့ခြင်းနှင့် လေချဉ်တက်ခြင်းတို့ဖြစ်နိုင်ပါသည်။ အစာမကြေခြင်းသည် အောက်ခံပြဿနာတစ်ခုခု၏ လက္ခဏာတစ်ခုလည်းဖြစ်နိုင်ပါသည်။ Dyspepsia (အစာမကြေခြင်း) က ဘယ်လောက်အဖြစ်များသလဲ အစာမကြေခြင်းကို ရောဂါတစ်ခုအဖြစ်မယူဆသင့်ပါ။ ၎င်းသည် အောက်ခံမကျန်းမာသည့်အခြေအနေ တစ်ခုခု၏ လက္ခဏာတစ်ရပ်ဖြစ်နိုင်သလို လူတိုင်းတွင်လည်း ခဏခဏဖြစ်တတ်သော အခြေအနေတစ်ခုဖြစ်ပါသည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ လက္ခဏာများDyspepsia (အစာမကြေခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အစာမကြေခြင်း၏ အဖြစ်အများဆုံး ရောဂါလက္ခဏာများမှာ ဗိုက်ကယ်ခြင်း ပျို့ခြင်းနှင့်အန်ခြင်း အစာအိမ်ထဲတွင် ပူနေခြင်း ပုံမှန်ပမာဏသာ စားပြီးသော်လည်း အလွယ်တကူဗိုက်ပြည့်သွားခြင်း ပါးစပ်ထဲ၌ချဉ်နေခြင်း လေချဉ်တက်ခြင်း   အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။   ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်၌ အောက်ဖော်ပြပါအချက်အလက်များထဲမှ […]


သည်းခြေဆိုင်ရာရောဂါများ

Primary Biliary Cirrhosis (သည်းခြေပြွန်ခြောက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Primary Biliary Cirrhosis (သည်းခြေပြွန်ခြောက်ခြင်း) ကဘာလဲ။ အသည်းမှထုတ်သောအရည်တစ်မျိုးဖြစ်သည့် သည်းခြေရည်သည် အစာခြေရာတွင် အဓိကကျပြီး သေဆုံးသော သွေးနီဥများ၊ ကိုလက်စ်ထရောနှင့် အဆိပ်များကိုဖယ်ထုတ်ရန် အရေးပါသည်။ သည်းခြေပြွန်ခြောက်ခြင်းကို PBC ဟုအတိုခေါ်ပြီး အသည်းမှ သည်းခြေပြွန်လေးများ တဖြည်းဖြည်း ပျက်စီးလာသောရောဂါဖြစ်သည်။ သည်းခြေပြွန်များ ပျက်စီးသည့်အခါတွင် အန္တရာယ်ဖြစ်စေသောပစ္စည်းများ အသည်းထဲ၌စုလာပြီး တခြားတစ်ရံတွင် ပြန်မကောင်းနိုင်တော့အောင် အသည်းတစ်ရှူးများ အမာရွတ်ဖြစ်သွားနိုင်ပါသည်။ (အသည်းခြောက်ခြင်း) Primary Biliary Cirrhosis (သည်းခြေပြွန်ခြောက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါသည် အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ လက္ခဏာများPrimary Biliary Cirrhosis (သည်းခြေပြွန်ခြောက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ သည်းခြေပြွန်ခြောက်ခြင်းကိုအတည်ပြုပြီးသော်လည်း နှစ်များစွာကြာသည်အထိ လက္ခဏာပြတတ်သည်မဟုတ်ပါ။ ဖြစ်လာနိုင်သော အစောပိုင်းအဆင့်လက္ခဏာများမှာ – မောပန်းခြင်း အရေပြားယားယံခြင်း မျက်လုံးနှင့်အာခေါင်ခြောက်ခြင်း နောက်ပိုင်းအဆင့် လက္ခဏာများမှာ – ဗိုက်အပေါ်ညာဖက်ပိုင်းတွင် နာခြင်း အရိုး၊ ကြွက်သားနှင့် အဆစ်များနာခြင်း အရေပြားနှင့်မျက်လုံးများ ဝါခြင်း နေထိခြင်းကြောင့်မဟုတ်ပဲ […]


အသည်းရောဂါများ

Hepatitis C (စီပိုးကြောင့်အသည်းရောင်ခြင်း )

အဓိပ္ပာယ်ဖွင့်ဆိုချက် Hepatitis C (စီပိုးကြောင့်အသည်းရောင်ခြင်း ) ကဘာလဲ။ စီပိုးကြောင့်အသည်းရောင်ခြင်း ဆိုတာက စီပိုးဗိုင်းရပ်စ်က အသည်းကိုတိုက်ခိုက်ပြီး ရောင်ရမ်းစေတာပဲ ဖြစ်ပါတယ်။ အသည်းရောင်စီပိုး ကူးစက်ခံရလျှင် အသည်းကိုရောင်းရမ်းစေပြီး နောက်ဆက်တွဲဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ အသည်းရောင် စီပိုးသည် အဖြစ်များသော အသည်းရောင်ပိုင်းရပ်စ်များထဲမှ တစ်ခုဖြစ်ပြီး အားလုံးထဲတွင် အဆိုးဝါးဆုံးလို့ ယူဆရပါတယ်။ လူအများစုက Medical check up လုပ်ရာကနေ အသည်းရောင်စီပိုးကို တွေ့ရှိကြပါတယ်။ အသည်းရောင်စီပိုးသည် တစ်ခါတရံ လက္ခဏာမပြတတ်ပါ။ ဆယ်စုနှစ်ချီကြာပြီး အသည်းပျက်စီးလို့ လက္ခဏာများပေါ်လာမှသာ သိရှိရတတ်ပါသည်။ Hepatitis C (စီပိုးကြောင့်အသည်းရောင်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါသည် အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းကြီးရဲ့ သုနေသနအရ စီပိုးကြောင့်အသည်းရောင်ခြင်း မှာ အာရှတွင် အဖြစ်များကြောင်း သိရပါသည်။ လက္ခဏာများ Hepatitis C (စီပိုးကြောင့်အသည်းရောင်ခြင်း ) ရဲ့ […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

လေနာရောဂါကုသရန်ဆေးဝါးများ

လေနာရောဂါဆိုသည်မှာ အစာအိမ်နှင့်အူနံရံတွင်အက်စစ် စား၍အနာဖြစ်ခြင်းကိုဆိုလိုပါတယ်။ အဓိကအကြောင်းအ ရင်းမှာ H. pylori ပိုးဝင်ခြင်းနှင့် အကိုက်အခဲ ပျောက်ဆေးအသုံးလွန်ခြင်းကြောင့်ဖြစ်ပါတယ်။   လေနာရောဂါကုသပုံများ အချို့မပြင်းထန်သောရောဂါများတွင်ဆေးဝါးနှင့်ကုသနိုင် သော်လည်း ပြင်းထန်လာပါကအနာကိုခွဲစိတ်ရပါမည်။ အနာတွင်H. pylori ပိုးမွှားတွေ့ပါကပိုးသတ်ဆေးသောက် ရန်လိုအပ်ပါလိမ့်မည်။ ထို့ပြင်အောက်ဖော်ပြပါဆေးဝါးများ ကိုဆရာဝန်မှညွှန်ကြားပါလိမ့်မည်။ H2 blockers ၎င်းမှာအက်စစ်လျှော့ချသောဆေးဖြစ်ပါတယ်။ အက်စစ်ပို ထုတ်လုပ်သောလူနာများတွင်ထိန်းညှိပေးသောဆေးဖြစ်ပါ တယ်။ ဆိုးကျိုးများမှာ ဝမ်းလျှောခြင်း၊ ခေါင်းကိုက်ခြင်း၊ မူး ဝေခြင်း၊ အနီစက်များထွက်ခြင်း၊ မောပန်းခြင်းတို့ဖြစ်ပါ တယ်။ Proton pump inhibitors(PPI) ယင်းဆေးသည်လည်းအက်စစ်လျှော့ချသောဆေးဖြစ်ပါ တယ်။ ဆိုးကျိုးများမှာ ဝမ်းလျှောခြင်း၊ ခေါင်းကိုက်ခြင်း၊ မူး ဝေခြင်း၊ အနီစက်များထွက်ခြင်း၊ နှုံးခြင်း တို့ဖြစ်ပါတယ်။ Antacids and cytoprotective agents ၎င်းကိုအသုံးပြုရခြင်းမှာ အစာအိမ်ထဲရှိအက်စစ်ပမာဏ ထိန်းညှိရန်ဖြစ်ပါတယ်။ ဆိုးကျိုးများမှာ ဝမ်းလျှောခြင်း၊ ဝမ်း ချုပ်ခြင်း၊ လေပွခြင်း၊ ဗိုက်ရစ်ခြင်း၊ […]


ဝမ်းချုပ်ခြင်း

ကင်ဆာဆေးသွင်းပြီးနောက် ဝမ်းချုပ်ခြင်းကို ဘယ်လိုဖြေရှင်းမလဲ

ကင်ဆာဆေးသွင်းကုသမှု ခံယူပြီးနောက်တွင် လူအချို့သည် ၎င်းတို့ ဝမ်းသွားပုံသည် ပုံမှန်မဟုတ်ဘဲ ဝမ်းသွားနည်းခြင်း (သို့) ဝမ်းသွားရခက်ခဲခြင်းကို ခံစားရလေသည်။ ၎င်းကို ဝမ်းချုပ်ခြင်းဟု ခေါ်သည်။ ကင်ဆာလူနာများခံစားရသော ဝမ်းချုပ်ခြင်းကို ဘယ်လိုကာကွယ်စီမံရမလဲဆိုသော နည်းလမ်းအချို့ကို ဤ ဆောင်းပါးတွင် ဖော်ပြလိုက်ပါသည်။ ဝမ်းချုပ်ခြင်းဆိုတာဘာလဲ။ ဝမ်းချုပ်ခြင်းသည် ကင်ဆာဆေးသွင်းကုသခြင်းနှင့် အခြား ကင်ဆာကုသမှုများနှင့် ဘယ်လိုဆက်စပ်နေပါသလဲ။ ဝမ်းချုပ်ခြင်းဆိုသည်မှာ ပုံမှန်မဟုတ်ဘဲ ဝမ်းသွားနှေးခြင်း၊နည်းခြင်း (သို့) မာပြီးခြောက်နေသော ဝမ်းမစင်များသွားခြင်းကို ဆိုလိုသည်။   ကင်ဆာဆေးသွင်းကုသခြင်းသည် ဘာကြောင့် ဝမ်းချုပ်ခြင်းကို ဖြစ်စေတာလဲ။ အချို့ကိစ္စများတွင် ကင်ဆာဆေးသွင်းကုသခြင်းသည် အူနံရံကို ထိခိုက်စေပြီး ပြောင်းလဲမှုများဖြစ်ပေါ်စေသည်။ ၎င်းသည် ဝမ်းချုပ်ရခြင်း အဓိက အကြောင်းရင်းပဲဖြစ်သည်။ ထို့ပြင် စားသောက်မှုပုံစံပြောင်းလဲခြင်း၊ လှုပ်ရှားမှုမရှိခြင်းကလည်း ဝမ်းချုပ်ခြင်းကို ပိုမိုဖြစ်ပွားစေသည်။ သင့်ဆရာဝန်သည် သင့်ဝမ်းချုပ်ခြင်းကို ကုသဖို့ ဆေးဝါးများညွှန်ကြားပေးပါလိမ့်မည်။   ဝမ်းချုပ်ခြင်း၏ လက္ခဏာတွေက ဘာတွေလဲ။ · ဝမ်းသွားနည်းခြင်း။ ဝမ်းသွားတာ […]


ဝမ်းပျက်ဝမ်းလျှောခြင်း

ကင်ဆာဆေးသွင်းပြီးနောက် ဝမ်းလျှောခြင်းကို ဘယ်လိုဖြေရှင်းမလဲ

ကင်ဆာဆေးသွင်းကုသပြီးနောက် လူအချို့သည် ဝမ်းသွားသည့် အကြိမ်ရေများလာကာ ဝမ်းသည်လည်း ပုံသဏ္ဍာန်မမှန် (သို့) အရည်ကျဲကျဲဖြစ်လာသည်။ ၎င်းကို ဝမ်းပျက်ဝမ်းလျောဖြစ်သည်ဟု ခေါ်သည်။ ကင်ဆာလူနာများတွင် ဖြစ်သော ဝမ်းပျက်ဝမ်းလျှောကို ကာကွယ်ကုသနိုင်မည့် နည်းလမ်းအချို့ကို ဤဆောင်းပါးတွင် ဖော်ပြလိုက်ပါသည်။   ဝမ်းပျက်ဝမ်းလျှောခြင်း ဆိုတာ ဘာလဲ။ ကင်ဆာ ဆေးသွင်းကုသမှုက ဝမ်းပျက်စေသလား။ ဝမ်းပျက်ဝမ်းလျှောခြင်း ဆိုသည်မှာ ဝမ်းသွားသည့် အကြိမ်ရေများခြင်း ၊ ဝမ်းပျော့ခြင်း (သို့) ဝမ်းအရည်ကျဲကျဲသွားခြင်းကို ခေါ်သည်။ ဝမ်းပျက်ဝမ်းလျှောသည် ရောဂါတစ်ခုဟု ဆိုရမည်ထက် လက္ခဏာတစ်ရပ်သာ ဖြစ်ပါသည်။ ထိုအခြေအနေသည် အခြား ရောဂါ အခံတစ်စုံတစ်ခု (သို့) ကုသမှု တစ်ခုခု (ဥပမာ။ ကင်ဆာ ဆေးသွင်းကုသခြင်း၊ ဓါတ်ရောင်ခြည်ကုသမှု ခံယူခြင်း)ကြောင့် ဖြစ်ပွားနိုင်ပါသည်။ ကင်ဆာကုသမှု ကင်ဆာကုသမှု အမျိုးအစားများစွာသည် ဝမ်းပျက်ဝမ်းလျှောခြင်းကို ဖြစ်ပွားစေနိုင်ပါသည်။ ကင်ဆာဆေးသွင်းကုသခြင်း။ ။ ဤကုသနည်းသည် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း