အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ခန္ဓာကိုယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်က အရေးပါတဲ့ စနစ်တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကနေ အာဟာရစုပ်ယူဖို့ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက လုပ်ပေးမှ ရတာပါ။ ဒီလိုစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်တစ်ခု ဖြစ်ဖို့ ဘာတွေလုပ်လို့ရလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား

ဝမ်းလျှောလို့ ဓာတ်ဆားရည်သောက်လိုက်တာ ခုတော့ ဝမ်းပိတ်ရုံတင်မကဘူး။ ဝမ်းပါချုပ်သွားပြီလို့ ပြောတာ ကြားဖူးမှာပါ။ ဝမ်းချုပ်တာကို ဓာတ်ချုပ်တယ်လို့လည်း ပြောကြတော့ ဓာတ်ဆားရည်တွေ သောက်လိုက်လို့ ဝမ်းချုပ်သွားတာများလားလို့ တွေးတတ်ကြပါတယ်။ တကယ်ပဲ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်တွေမှာ ဘာတွေပါဝင်သလဲ။ ဓာတ်ဆားရည်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆားဓာတ်တွေ ဖြစ်တဲ့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်၊ ဂလူးကို့စ်၊ ရေ စတာတွေ ပါဝင်ပြီး ဒါတွေက နဂိုလည်း ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဓာတ်တွေပဲ ဖြစ်ပါတယ်။ ဒီဓာတ်တွေက ဝမ်းချုပ်တာနဲ့ မသက်ဆိုင်ပါဘူး။ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်က ဝမ်းချုပ်စေဖို့ မပြောနဲ့။ ဝမ်းပိတ်စေတဲ့ အာနိသင်တောင် မရှိပါဘူး။ ဟုတ်ပါတယ်။ ဝမ်းလျှောတဲ့အခါ ဓာတ်ဆားရည်သောက်တာက ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားဓာတ်ကို ဖြည့်ပေးတာပဲ ဖြစ်ပါတယ်။ ဝမ်းရပ်ဖို့ ဆိုတာက ကုသမှု တစ်ခုခု […]

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကို ရှာဖွေမည်။

အသည်းရောဂါများ

အသည်းရောင်ရောဂါအမျိုးမျိုး

ဗိုင်းရပ်(စ်)ပိုးကြောင့်ဖြစ်သော အသည်းရောင်ရောဂါဆိုသည်မှာ အသည်း၏လုပ်ငန်းများကိုထိခိုက်စေပြီး အသည်းကင်ဆာအထိဖြစ်ပွားစေနိုင်ပါသည်။ အသည်းရောင်ရောဂါ A,B,C,D,E ဟူ၍ မျိုးကွဲငါးမျိုးရှိပြီး ပိုးအားလုံးဟာအသည်းရောင်ရောဂါဖြစ်ပွားစေနိုင်သော်လည်း ဖြစ်ပွားပုံနည်းလမ်းများကွာခြားပါသည်။ အသည်းရောင်ရောဂါ(အေ)ပိုး အသည်းရောင်ရောဂါ(အေ)ကိုဖြစ်စေပြီး ကူးစက်မြန်ပါတယ်။ လူနာ၏မစင်တွင်ပါတတ်ပြီး မသန့်ရှင်းသောရေနှင့် အစားအစာတို့မှကူးစက်နိုင်ပါသည်။ ထို့အပြင်လိင်ဆက်ဆံခြင်းမှလည်းကူးစက်နိုင်သည်။ မပြင်းထန်သော အသည်းရောင်ရောဂါ(အေ)သည် ကုသရန်မလိုပါ။ အသည်းအား တစ်စုံတစ်ရာထိခိုက်ခြင်းမရှိဘဲ ပြန်ကောင်းနိုင်ပါသည်။ သို့သော်လည်း အသည်းရောင်ရောဂါ(အေ)သည် တစ်ခါတရံတွင် ပြင်းထန်စွာ ဖြစ်ပွားတတ်ပြီး အသက်အန္တရယ်ဖြစ်စေနိုင်ပါသည်။ ညစ်ညမ်းသောနေရာများတွင်အဖြစ်များသည့်အတွက်ကြောင့် တစ်ကိုယ်ရေသန့်ရှင်းမှြုမှင့်တင်ခြင်းသည် အကောင်းဆုံးကာကွယ်မှုဖြစ်သည်။ အသည်းရောင်ရောဂါပိုး (အေ)ကို ကာကွယ်ရန်အတွက် လုံခြုံထိရောက်သော ကာကွယ်ဆေးများလည်းရရှိနေပါပြီ။ အသည်းရောင်ရောဂါ(ဘီ)ပိုး အသည်းရောင်ရောဂါ(ဘီ)သည် အသည်းရောင်အသားဝါ(ဘီ)ပိုးကြောင့်ဖြစ်သော ပြင်းထန်သည့်အသည်းရောဂါဖြစ်သည်။ ရောဂါပိုးပါသောသွေး၊ သုတ်ပိုးနှင့် အခြားခန္ဓါကိုယ်မှ အရည်များဖြင့်ထိတွေ့ခြင်းဖြင့် ကူးစက်နိုင်သည်။ ရောဂါပိုးပါသောသွေးအားသွင်းမိခြင်း၊ အပ်စူးခြင်းတို့မှလည်းကူးစက်နိုင်သည်။ အသည်းရောင်အသားဝါ(ဘီ)ပိုးရှိသော မိခင်မှကလေးမွေးချိန်တွင်လည်းကောင်း ၊ကလေးငယ်သေးချိန်တွင်အသည်းရောင်အသားဝါ(ဘီ)ပိုးရှိသော မိသားစုဝင်မှလည်းကောင်းကူးစက်နိုင်သည်။ တစ်နှစ်အောက်ကလေးနှင့်ကလေးငယ်များတွင် နာတာရှည်အသည်းရောင်ရောဂါ(ဘီ)ဖြစ်လွယ်သည်။ ကျန်းမာရေးလုပ်သားများတွင်လည်း အဖြစ်များပြီးရောဂါပိုးသယ်ဆောင်သော အပ်စူးမိခြင်းမှကူးနိင်သည်။ လုံခြုံထိရောက်သောကာကွယ်ဆေးများလည်းရရှိနေပါပြီ။ ရောဂါကိုပျောက်ကင်းအောင်မကုသနိုင်သေးပါ။ ရောဂါပိုးရှိသူသည် အခြားသူများအားမကူးစက်အောင် ကြိုတင်ကာကွယ်မှုများပြုလုပ်ကာ ရောဂါမပြန့်ပွားစေရန် ပြုလုပ်ရမည်ဖြစ်သည်။ အချို့သူများတွင် […]


အသည်းရောဂါများ

အသည်းရောင်ရောဂါနှင့်ဆိုင်သော လူနေမှုပုံစံပြောင်းလဲမှုများအတွက် အကြံပြုချက်များ

မည်သည့်ရောဂါမဆို ကုသရာတွင် ဆရာဝန်ပေးသော ကုသမှုနှင့်အတူ လူနေမှုပုံစံသည်လည်း အရေးကြီးပါသည်။ အထူးသဖြင့် အသည်းရောင် ရောဂါ ရှိချိန်တွင်ဖြစ်သည်။ သင့် အသည်းရောင် ရောဂါ အခြေအနေ နှင့် ကျန်းမာရေး ပိုကောင်းလာစေရန် လူနေမှုပုံစံကို ဘယ်လို ပြောင်းလဲသင့်သလဲ။ အသည်းရောင်ရောဂါနှင့်ဆိုင်သော လူနေမှုပုံစံ ပြောင်းလဲမှုများအတွက် အကြံပြုချက်များ ကို ဆက်ကြည့်လိုက်နော်။ အသည်းရောင်ရောဂါနှင့်ဆိုင်သော လူနေမှုပုံစံပြောင်းလဲမှုများအတွက် အကြံပြုချက်များ အသည်းရောင်ရောဂါနှင့်ဆိုင်သော လူနေမှုပုံစံပြောင်းလဲမှုများအတွက် အကြံပြုချက်များ ကတော့ အရက်ကိုရှောင်ကြဉ်ပါ။ အရက်သည် အသည်းရောင် ရောဂါဖြစ်စေသည့် အကြောင်းအရင်း မဟုတ်လျှင်တောင် အရက်သောက်ခြင်းကို စွန့်လွှတ်သင့်သည်။ အကြောင်းမှာ အရက်ဆက်လက် သောက်ပါက အသည်းပို၍ ပျက်စီးနိုင်သောကြောင့် ဖြစ်သည်။ ကျန်းမာရေးနှင့်ညီညွတ်သော အစာကို စားသုံးပါ။ အစားအစာတွင် အရေးအကြီးဆုံး ပြောင်းလဲမှုမှာ ဆိုဒီယမ် စားသုံးမှုကို လျှော့ချရမည်ဖြစ်သည်။ ဆိုဒီယမ်ဓါတ် နည်းသော အစားအစာကို […]


အသည်းရောဂါများ

အသည်းရောင်အသားဝါရောဂါရှိတဲ့သူတွေအတွက် ရှောင်ရမယ့်အစားအသောက်များ

တချို့သော အစားအစာတွေက အသည်းကို ထိခိုက်နိုင်တာကြောင့် အသည်းရောင်အသားဝါရောဂါ ရှိရင် အစားအစာတွေကို ဂရုတစိုက်ရွေးချယ်စားသုံးသင့်ပါတယ်။ အသည်းရောဂါရှိရင် အလွန်အကျွံမစားသင့်တဲ့ အစားအစာနဲ့ ရှောင်ကြဉ်ရမယ့် အစားအစာတွေကို မှတ်သားနိုင်ရန် အောက်မှာ ဖော်ပြထားပါတယ်။ အသည်းရောင်အသားဝါရောဂါရှိတဲ့သူတွေအတွက် ရှောင်ရမယ့်အစားအသောက်များ အာဟာရဖြစ်စေတဲ့ အစားအစာတွေအပြင် ကျန်းမာရေးကို ထိခိုက်စေသော၊ အသည်းကို ထိခိုက်နိုင်သော အစားအစာတွေလည်း ရှိပါတယ်။ အသည်းရောင်အသားဝါရောဂါရှိတဲ့သူတွေအတွက် ရှောင်ရမယ့်အစားအသောက်များ ကတော့ အရက်ဖြတ်ပါ။ အရက်က အသည်းကို အဆိပ်အတောက်ဖြစ်စေပြီး အူမှ အာဟာရဓာတ်များ စုပ်ယူခြင်းကို ဟန့်တားတာကြောင့် အသည်းရောင် အသားဝါရောဂါ ရှိသူများရှောင်ကြဉ်သင့်တဲ့ အစားအစာတွေဲမှာ ပါဝင်ပါတယ်။ ဘီယာ၊ ဝိုင်၊ ရှန်ပိန်၊ အရက်ပြင်းများသောက်ခြင်းကို ရှောင်ကြဉ်ပါ။ ဆေးဆိုင်တွင် အလွယ်တကူရနိုင်သော ချောင်းဆိုးပျောက်ဆေးရည်တချို့မှာ အရက်ပါဝင်တတ်ပါတယ်။ ဒါကြောင့် ချောင်းဆိုးပျောက်ဆေးသောက်မယ်ဆို ဆရာဝန် ဒါမှမဟုတ် ဆေးဝါးပညာရှင်ကို အရင်မေးမြန်းသင့်ပါတယ်။ ဆိုဒီယမ်ဓာတ် (ဆား) ပါဝင်သော အစားအစာများ […]


အသည်းရောဂါများ

အသည်းအဆိပ်ဖြေမယ့် ဆေးဖက်ဝင်အပင်များ

အသည်းဟာ ပတ်ဝန်းကျင်မှ မိမိခန္ဓာကိုယ်ထဲသို့ ရှူသွင်းသောလေ၊ စားသောက်သော အစာ၊ ကိုယ်တွင်းဇီဝရုပ်ပြောင်းလဲမှုမှ ထွက်ပေါ်လာသော အစရှိတဲ့ မမြင်နိုင်သော အဆိပ်အတောက်ပေါင်းများကို ချေဖျက်ပေးသည့် အရေးကြီးခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒီလိုမျိုး အသည်းရဲ့ အဆိပ်အတောက်ချေဖျက်မှုကို အားပေးတဲ့ ဆေးဖက်ဝင်အပင် ၆မျိုးရှိပါတယ်။ အသည်းအဆိပ်ဖြေမယ့် ဆေးဖက်ဝင်အပင်များ က ဘာတွေဖြစ်မလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ အသည်းအဆိပ်ဖြေမယ့် ဆေးဖက်ဝင်အပင်များ အသည်းအဆိပ်ဖြေမယ့် ဆေးဖက်ဝင်အပင်များ ကတော့ (၁) ဆူးပင် ဆူးပင်ဟာ လွန်ခဲ့သော နှစ်ပေါင်း၂၀၀၀ကျော်လောက်ကတည်းက အသည်းရဲ့အဆိပ်အတောက်တွေကို ပယ်ဖျက်ပေးနိုင်တဲ့ ဆေးဖက်ဝင်ပင်အဖြစ် သိရှိခဲ့ကြပါတယ်။ အရက်သေစာလို အဆိပ်အတောက်များကို အသည်းမှ ဖယ်ရှားပေးနိုင်ရုံမက အသည်းရဲ့ ဆဲလ် ပြန်လည်တည်ဆောက်ခြင်းကိုပါ အားပေးပါတယ်။ ခုခံအားကိုလည်း အားကောင်းစေတဲ့အတွက် ရောဂါပိုးများကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ (၂) ဒုဓလီပေါင်းပင် တခါတရံ မြက်ခင်းပြင်တွေမှာ အလေ့ကျ ပေါက်လေ့ရှိတဲ့ အဝါရောင်ပန်းပွင့်နဲ့ ပေါင်းပင်လေးတွေဟာ ဒုဓလီပေါင်းပင်လေးတွေပဲ ဖြစ်ပါတယ်။ အသည်းရဲ့ […]


ဝမ်းချုပ်ခြင်း

ကင်ဆာဆေးသွင်းပြီးနောက် ဝမ်းချုပ်ခြင်းကို ဘယ်လိုဖြေရှင်းမလဲ

ကင်ဆာဆေးသွင်းကုသမှု ခံယူပြီးနောက်တွင် လူအချို့သည် ၎င်းတို့ ဝမ်းသွားပုံသည် ပုံမှန်မဟုတ်ဘဲ ဝမ်းသွားနည်းခြင်း (သို့) ဝမ်းသွားရခက်ခဲခြင်းကို ခံစားရလေသည်။ ၎င်းကို ဝမ်းချုပ်ခြင်း ဟု ခေါ်သည်။ ကင်ဆာလူနာများခံစားရသော ဝမ်းချုပ်ခြင်းကို ဘယ်လိုကာကွယ်စီမံရမလဲဆိုသော နည်းလမ်းအချို့ကို ဤ ဆောင်းပါးတွင် ဖော်ပြလိုက်ပါသည်။ ကင်ဆာဆေးသွင်းပြီးနောက် ဝမ်းချုပ်ခြင်းကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာ ကြည့်လိုက်ရအောင်နော်။ ကင်ဆာဆေးသွင်းပြီးနောက် ဝမ်းချုပ်ခြင်းကို ဘယ်လိုဖြေရှင်းမလဲ ကင်ဆာဆေးသွင်းပြီးနောက် ဝမ်းချုပ်ခြင်းကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာကို မပြောခင် ဝမ်းချုပ်ခြင်းဆိုတာဘာလဲ။ ဝမ်းချုပ်ခြင်းသည် ကင်ဆာဆေးသွင်းကုသခြင်းနှင့် အခြား ကင်ဆာကုသမှုများနှင့် ဘယ်လိုဆက်စပ်နေပါသလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ ဝမ်းချုပ်ခြင်းဆိုသည်မှာ ပုံမှန်မဟုတ်ဘဲ ဝမ်းသွားနှေးခြင်း၊နည်းခြင်း (သို့) မာပြီးခြောက်နေသော ဝမ်းမစင်များသွားခြင်းကို ဆိုလိုသည်။ ကင်ဆာဆေးသွင်းကုသခြင်းသည် ဘာကြောင့် ဝမ်းချုပ်ခြင်းကို ဖြစ်စေတာလဲ။ အချို့ကိစ္စများတွင် ကင်ဆာဆေးသွင်းကုသခြင်းသည် အူနံရံကို ထိခိုက်စေပြီး ပြောင်းလဲမှုများဖြစ်ပေါ်စေသည်။ ၎င်းသည် […]


အသည်းရောဂါများ

အသည်းအဆီဖုံးခြင်းနင့် ကိုယ်ဝန်

ကိုယ်ဝန်ဆောင်ချိန်မှာ ရုတ်တရက် အသည်းအဆီဖုံးခြင်း (AFLP) ဆိုတာ ဘာလဲ။ ကိုယ်ဝန်ဆောင်စဉ် ရုတ်တရက် အသည်းအဆီဖုံးခြင်း (AFLP) ဟာ ကိုယ်ဝန်ဆောင်စဉ်မှာ ရှားပါးပေမယ့် ပြင်းထန်တဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ ဒီအခြေအနေမှာ အသည်းအတွင်း (သို့) အသည်းဆဲလ်တွေအတွင်းမှာ အဆီပိုတွေနဲ့ ဖုံးနေမှာဖြစ်ပါတယ်။ AFLP ကို ကိုယ်ဝန်ဆောင်ချိန်မှာ ၁: ၇၀၀၀ ကနေ ၁: ၁၅၀၀၀ ကိုယ်ဝန် တွေမှာ တွေ့ရပြီး မိခင်ရော ကလေးပါ အသက်အန္တရာယ် ရှိပါတယ်။ ဒီအခြေအနေတွေဟာ သားဦးမွေးတဲ့ မိခင်တွေမှာ ပိုအဖြစ်များပြီး ကလေးမွေးချိန်နီးတဲ့အခါ များသောအားဖြင့် ရက်သတ္တပတ် ၃၀ ကျော်ရင် အဖြစ်များပါတယ်။ အဆီဟာ အသည်းအတွင်းမှာ Triglycerides နဲ့ fatty acids ပုံစံနဲ့ နေတတ်ပြီး အဆီပိုတွေဟာ အသည်းကို […]


အသည်းရောဂါများ

အသည်းအစားထိုးပြီးနောက် ဘယ်လိုနေထိုင်မလဲ

အသည်းအစားထိုးပြီးနောက် သင်ဟာအလွယ်တကူနေမကောင်း ဖြစ်လာနိုင်ပါတယ်။ မိမိကိုယ်ကိုကာကွယ်ဖို့နှင့်အသည်းထပ်မပျက်စီးဖို့အတွက် နေစဉ်ဘဝနေထိုင်မှုပုံစံကိုပြောင်းလဲဖို့လိုအပ်ပါတယ်။ ဘာတွေတကယ်ပြောင်းလဲဖို့လိုလဲ?   အစားအသောက်ကိုမျှတအောင်စားသုံးခြင်း ကျန်းမာရေးနှင့် ညီညွှတ်သောအစားအစာတွေဖြစ်တဲ့ ဟင်းသီးဟင်းရွက်အသီးအနှံ၊အစေ့အဆံများ၊အဆီမပါအသား၊ငါး၊ဥအမျိုးမျိုး၊နို့ထွက်ပစ္စည်းများကိုစားသုံးသင့်ပါတယ်။ အလွယ်တကူစားသောက်နိုင်သော အသင့်စားအစားအစာများကိုရှောင်ရှားသင့်ပါတယ်။ ထို့ပြင် အဆီအဆိမ့်များ၊အငန်များ၊အချိုများကိုလည်းရှောင်ရပါမယ်။ အသည်းဆရာဝန်နှင့်အာဟာရကျန်းမာရေးဆိုင်ရာပညာရှင်များအကြံပြုချက်အတိုင်းစားသုံးခြင်းကလည်း သင့်ကိုအမြန်ပြန်ကျန်းမာလာအောင် အထောက်အကူပြုပါလိမ့်မည်။ အိမ်အလုပ်လုပ်ခြင်းကလည်းလှုပ်ရှားမှုလုပ်ခြင်းတစ်ခုပါပဲ သင့်အတွက်သင့်တော်မယ့် ကိုယ်လက်လှုပ်ရှားမှုတခုခုစလုပ်ဖို့ သင့်ဆရာဝန်နှင့်တိုင်ပင်ပါ။ ကိုယ်လက်လှုပ်ရှားမှုဟာ သင့်ကျန်းမာရေးကိုအထောက်အကူပြုရုံမျှမက ကိုယ်ရောစိတ်ပါလန်းဆန်းစေသည့်အတွက် ပင်ပန်းနွမ်းနယ်မှုတွေကိုပါဖြေဖျောက်ပေးပါတယ်။ တဖက်မှာလည်း ဝိတ်မတက်လာအောင်ထိန်းပေးသည့်အပြင် ကြွက်သားနှင့် အရိုးကိုလည်းသန်မာတောင့်တင်းလာစေပါတယ်။ မည့်သည့်ကိုယ်လက်လှုပ်ရှားမှုမဆိုသင့်အတွက်အကျိုးရှိပါတယ်။ စက်ဘီးစီးခြင်း၊ပြေးခြင်း၊ရေကူးခြင်း၊ဝိတ်မခြင်း၊ဂေါက်ရိုက်ခြင်း၊တင်းနစ်ကစားခြင်းတို့အပြင်အခြားအားကစားတွကိုလည်းလုပ်နိုင်ပါတယ်။ အိမ်အလုပ်လုပ်ခြင်းကလည်း ကိုယ်လက်လှုပ်ရှားမှုတစ်ခုပဲဖြစ်ပါတယ်။ ဒါပေမယ့်အရေးကြီးတာတစ်ခုက ဘယ်ဟာကိုမဆို အလွန်အကြူးမလုပ်မိလိုက်မိဖို့ပါပ။ ဒါဟာ သင့်ကျန်းမာရေးကိုပိုဆိုးသွားစေပါတယ်။ ....အချိန်တန်တော့လည်း အသည်းအစားထိုးပြီးဘယ်အချိန်မှာကာမဆက်ဆံလို့ရသလဲ? ဒါကတော့ သင့်အပေါ်မှာပဲမူတည်နေပါတယ်။ အသည်းအစားထိုးပြီးနောက်ကျန်းမာလာတာနဲ့အမျှ သင်ဟာအရင်လိုပြန်လည်နေထိုင်ချင်လာပါလိမ့်မယ်။ အဲဒီအခါ သက်ဆိုင်ရာဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး ခွဲထားတဲ့ချုပ်ရိုးမပြဲအောင်၊လိင်ဆက်ဆံခြင်းကြောင့် တခြားရောဂါတွေမရလာအောင် ဆောင်ရန်ရှောင်ရန်တွေကိုမှတ်သားထားသင့်ပါတယ်။ ● တစ်လင်တစ်မယားစနစ်ကိုကျင့်သုံးပါ ● မဆက်ဆံခင်နှင့်ဆက်ဆံပြီးမှာ လိင်အဂါၤတစ်ဝိုက်ကိုဆေးကြောသန့်စင်ပါ ● သုတ်သတ်ဆေးပါသောရာဘာကွန်ဒုံးကိုအသုံးပြုပါ ● လိင်အဂါၤမှာအနာရှိသူ၊ဆီးပူညောင်းကျဖြစ်နေသူနှင့် လိင်ဆက်ဆံခြင်းမှရှောင်ကြဉ်ပါ ● စအိုပေါက်နှင့်လိင်ဆက်ဆံခြင်းကိုရှောင်ကြဉ်ပါ စိတ်အတက်အကျဖြစ်နိုင်ခြင်း အသည်းအစားထိုးခွဲစိတ်ခြင်းဟာ စိုးရိမ်ပူပန်စွာဖြတ်သန်းရတဲ့ကာလတစ်ခုပါ။ ခွဲစိတ်ပြီးအစောပိုင်းကာလတွေမှာလည်း ဒေါသထွက်ခြင်း၊စိတ်အလိုမကျခြင်း၊အပြစ်ရှိတယ်လို့ခံစားရခြင်း၊စိတ္ဓါတ်ကျခြင်းတို့ကိုခံစားရတတ်ပါတယ်။ မိသားစု၊ချစ်သူခင်သူများနှင့်အတူနေထိုင်ရင်း ဒီကာလတွေကိုဖြတ်ကျော်ပါ။ ဘဝကိုကောင်းသောအမြင်များနှင့်မြင် နိုင်အောင်ကြိုးစားပါ။   ကလေးယူမယ်ဆိုရင်သတိထားရမည့်အချက်များ အသည်းအစားထိုးပြီးနှစ်နှစ်အတွင်းမှာတော့ ကိုယ်ဝန်ဆောင်ရန်မသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အသည်းအစားထိုးပြီးလျှင်သောက်ရသည့်ဆေးများသည် ကလေးအတွက်အန္တရာယ်ရှိနိုင်သည်။ […]


အူရောင်ရောဂါများ (IBD)

ခရုန်းရောဂါ [Crohn's disease] အတွက် ဗီတာမင်များ

ခရုန်းရောဂါ [Crohn's disease] အတွက် ဗီတာမင်များ အကြောင်း လေ့လာကြည့်ရအောင်နော်။ ခရုန်းရောဂါ [Crohn's disease]ဆိုသည်မှာ အစာအိမ်အူလမ်းကြောင်း ရောင်ရမ်းခြင်းကို ဖြစ်စေသော နာတာရှည် ရောဂါ တစ်ခုဖြစ်သည်။ ထိုရောဂါသည် အစာအိမ် အူလမ်းကြောင်း တလျှောက် မည်သည့်နေရာတွင် မဆိုဖြစ်နိုင်ပြီး အထူးသဖြင့် အူသိမ်နှင့် အူမကြီး အစတွင် ပို၍ ဖြစ်ပွားတတ်သည်။ သင့်မှာ ခရုန်းရောဂါ [Crohn's disease]  ဖြစ်ပွားရင် ဘယ်ဗီတာမင်ဓာတ်တွေ ချို့တဲ့နိုင်သလဲ။ ခရုန်းရောဂါ [Crohn’s disease] ဖြစ်ပွားရင် အခုဖော်ပြပေးမယ့် ဗီတာမင်တွေ ချို့တဲ့နိုင်ပါတယ်။ ဗီတာမင် ဘီ၁၂ အကယ်၍ သင်သည် အူသိမ်အောက်ဖက်ပိုင်းတွင် ခွဲစိတ်မှုပြုခဲ့ဖူးလျှင် ဗီတာမင်ဘီ၁၂ ဓါတ်ကို အလုံအလောက် စုပ်ယူနိုင်စွမ်းမရှိတော့ပေ။ အူသိမ်အောက်ဖက်ပိုင်းကို အူသိမ်အဖျားပိုင်း (ileum) လို့ခေါ်ဝေါ်ကြသည်။ ပုံမှန်တွင် ထိုအူသိမ်အပိုင်း၌ […]


အသည်းရောဂါများ

အသည်းကျန်းမာရေး, လေ့ကျင့်ခန်း

လေ့ကျင့်ခန်းနှင့် အသည်းကျန်းမာရေး ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ အဆိုအရ အသည်းကင်ဆာ သည် ကမ္ဘာ့ပေါ်တွင် သေဆုံးမှုကိုဖြစ်စေသော အကြောင်း ရင်းတစ်ရပ် ဖြစ်သည်။ ၎င်းသည် အသည်းကင်ဆာဖြင့် မရှင်သန်နိုင်ပါဟု မဆိုလိုပါ။ နေထိုင်မှု ပုံစံကို ပြောင်းလဲ ခြင်း သင်၏ ရလဒ်ကို ပြောင်းလဲနိုင်ပါသည်။ ထိုပြောင်းလဲ မှုများအနက် တစ်ခုမှာ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း ဖြစ် သည်။ မည်သည့် လေ့ကျင့်ခန်းကို မဆို မစတင်မီ အသည်း ကင်ဆာရှိပါက သင်သိသင့်သည်များ ရှိပါသည်။ ၎င်းတို့ကို အောက်တွင် ဖော်ပြထားသည်။   လေ့ကျင့်ခန်းလုပ်ခြင်း၏ အသည်းကို ကျန်းမာစေသော အကျိုးများက ဘာတွေလဲ။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းသည် အသည်းရောဂါ ပိုဆိုး လာခြင်းမှ ကူညီပေးနိုင်သည်။ ပုံမှန် လေ့ကျင့်ခန်း လုပ်သူ များသည် ပို၍ ကျန်းမာပြီး၊ ခန္ဓါကိုယ်တောင့်တင်းပြီး […]


အသည်းရောဂါများ

အသည်းရောဂါအတွက် လူနေမှုပုံစံများ

တခြားရောဂါများကဲ့သို့ပင် အသည်းရောဂါကိုကုသရာမှာ တိုးတက်ကောင်းမွန်ရန် ဆေးကုသမှုအပြင် မှန်ကန်သော နေ့စဉ်နေထိုင်မှုပုံစံသည်လည်းလိုအပ်ပေသည်။ ဒါကြောင့်အသည်းရောဂါဖြစ်လာပြီဆို ဘယ်လိုနေထိုင်စားသောက်ဖို့လိုအပ်သလဲ?   အရက်ကိုလုံးဝရှောင်ကြဉ်သင့်သည်။ အရက်သည်အသည်းကိုလုံးဝပျက်စီးစေတတ်သလို၊ပျက်စီးစပြုနေတဲ့အသည်းကိုလည်း ပိုမိုပျက်စီးစေတတ်သောကြောင့် အသည်းရောဂါသမားများအရက်သောက်ခြင်းကိုလုံးဝရှောင်ကြဉ်သင့်သည်။   ကျန်းမာရေးနှင့်ညီညွှတ်သောအစာစားခြင်း အသည်းရောဂါသမားများဟာ အငန်ကိုလျှော့စားသင့်ပါတယ်။ အဓိကအငန် ဓါတ်ဟာ ဟင်းချက်ဆားကရတာမို့ ဟင်းချက်သောအခါ ဆားလျှော့ထည့်ခြင်း ၊ အရသာပေါ့သောအစားအသောက်များကို ရွေးချယ်စားသုံးခြင်းများကိုပြုလုပ်ပေးသင့်ပါတယ်။ ထို့အပြင်အငန်အစားများလာပါက အသည်းသမားများတွင် ရေဖျင်းဆွဲခြင်း၊ ခြေထောက်ဖောခြင်းများဖြစ်လာနိုင်ပါတယ်။ ခန္ဓါကိုယ် ခုခံအားစနစ်အတွက်လိုအပ်သော ဗီတာမင်နှင့် သတ္တုဓါတ်များရရှိရန်အတွက် အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များက် စားသုံးပေးသင့်သည်။ ထို့အပြင် အသားဓါတ်ရရန်အတွက်လည်းပဲ၊အဆီမပါအသား၊ငါး အစရှိသည်တို့ကိုလည်းစားသုံးပေးသင့်သည်။ သို့သော်ပင်လယ်စာအစိမ်းစားခြင်းကိုတေ ရှောင်ကြဉ်သင့်သည်။   ညွှန်ကြားချက်မပါသောဆေးဝါးများကိုရှောင်ကြဉ်ခြင်း အသည်းရောဂါသမားများဟာ အသည်းရဲ့ဆေးချေဖျက်မှုစနစ်အားနည်မှုကြောင့် ညွှန်ကြားချက်မပါသော ဆေးဝါးများသောက်သုံးခြင်းဟာ အသည်းကိုပိုမိုထိခိုက်စေနိုင်သည့်အပြင် တခြားကျန်းမာရေးဘေးထွက်ဆိုးကျိုးများကိုလည်းဖြစ်ပေါ်စေနိုင်ပါတယ်။ ထို့ကြောင့် ဆေးကောင်တာများတွင်ဆေးဝါးများကိုအလွယ်တကူ ဝယ်ယူသောက်သုံးခြင်း ကိုရှောင်ကြဉ်သင့်ပြီး မည်သည့်ဆေးဝါးကိုမဆို မသောက်သုံးမီ ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နှင့်တိုင်ပင်ခြင်းများကိုလုပ်ဆောင်သင့်ပါသည်။   အသည်းအားကောင်းစေမည့်အလေ့အကျင့်များကိုလုပ်ဆောင်ခြင်း ဆေးလိပ်သောက်ခြင်းကိုစွန့်လွှတ်လိုက်ပါ။ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းနှင့် ဆရာဝန်ညွှန်ကြားသည့် အသည်းအားဆေးများသောက်ခြင်းတို့ကိုလည်းပြုလုပ်သင့်ပါတယ်။ ဒါ့အပြင်သွားကျန်းမာရေးကိုလည်း အထူးပင်ဂရုစိုက်သင့်ပါတယ်။ အသည်းရောဂါသမားများအနေဖြင့် အသည်းရောင်အသားဝါ ဘီပိုး၊အေပိုးကာကွယ်ဆေး၊အဆုတ်ရောင်ကာကွယ်ဆေးများကိုကြိုတင်ထိုးထားသင့်သည့်အပြင် ရက်ချိန်းအတိအကျပြန်ထိုးရန်လည်းလိုအပ်ပေသည်။   ကာမဆက်ဆံရာတွင်အကာအကွယ်ယူခြင်း အသည်းရောင်အသားဝါဘီပိုး ၊စီပိုးဟာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း