အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ခန္ဓာကိုယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်က အရေးပါတဲ့ စနစ်တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကနေ အာဟာရစုပ်ယူဖို့ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက လုပ်ပေးမှ ရတာပါ။ ဒီလိုစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်တစ်ခု ဖြစ်ဖို့ ဘာတွေလုပ်လို့ရလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား

ဝမ်းလျှောလို့ ဓာတ်ဆားရည်သောက်လိုက်တာ ခုတော့ ဝမ်းပိတ်ရုံတင်မကဘူး။ ဝမ်းပါချုပ်သွားပြီလို့ ပြောတာ ကြားဖူးမှာပါ။ ဝမ်းချုပ်တာကို ဓာတ်ချုပ်တယ်လို့လည်း ပြောကြတော့ ဓာတ်ဆားရည်တွေ သောက်လိုက်လို့ ဝမ်းချုပ်သွားတာများလားလို့ တွေးတတ်ကြပါတယ်။ တကယ်ပဲ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်တွေမှာ ဘာတွေပါဝင်သလဲ။ ဓာတ်ဆားရည်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆားဓာတ်တွေ ဖြစ်တဲ့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်၊ ဂလူးကို့စ်၊ ရေ စတာတွေ ပါဝင်ပြီး ဒါတွေက နဂိုလည်း ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဓာတ်တွေပဲ ဖြစ်ပါတယ်။ ဒီဓာတ်တွေက ဝမ်းချုပ်တာနဲ့ မသက်ဆိုင်ပါဘူး။ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်က ဝမ်းချုပ်စေဖို့ မပြောနဲ့။ ဝမ်းပိတ်စေတဲ့ အာနိသင်တောင် မရှိပါဘူး။ ဟုတ်ပါတယ်။ ဝမ်းလျှောတဲ့အခါ ဓာတ်ဆားရည်သောက်တာက ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားဓာတ်ကို ဖြည့်ပေးတာပဲ ဖြစ်ပါတယ်။ ဝမ်းရပ်ဖို့ ဆိုတာက ကုသမှု တစ်ခုခု […]

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကို ရှာဖွေမည်။

အသည်းရောဂါများ

အသည်းရောဂါအတွက် ကျန်းမာရေးအစားအစာများ

လူကိုးယောက်ကိုစမ်းသပ်ကြည့်တဲ့အခါမှာ ဓါတုပစ္စည်း၅၃မျိုးကြောင့်ကင်ဆာ၊၆၂မျိုးကြောင့် ဦးနှောက်နှင့်အာရုံကြောဆိုင်ရာပြဿနာ၊၅၅မျိုးကြောင့်မွေးဖွားခြင်းဆိုင်ရာပြဿနာတွေ တွေ့ရပါတယ်။ ဒီအဆိပ်တွေရဲ့အန္တရာယ်ကနေ ဖယ်ရှားပေးခြင်းအလုပ်ကို ကျွန်ုပ်တို့ရဲ့အသည်းကလုပ်ဆောင်ပေးပါတယ။်   အသည်းကျန်းမာခြင်း ရဲ့အကျိုးကျေးဇူးတွေကဘာတွေလဲ။ သင့်အသည်းကျန်းမာရေးကို ထိန်းသိမ်းခြင်းဖြင့် အောက်ပါကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေရနိုင်ပါတယ်။ အင်အားများလာခြင်း ကိုယ်ခံအားမြင့်တက်လာခြင်း စိတ်ပိုင်းဆိုင်ရာခံစားချက်များ ပိုကောင်းလာခြင်း လေလမ်းကြောင်းနာကျင်မှုမရှိတော့ခြင်း ဗိုက်အောင့်ခြင်း အစာမကြေခြင်းများထပ်မဖြစ်တော့ခြင်း အသက်ရှူရမခက်တော့ခြင်း အရေပြားသန့်စင်လာခြင်း ရာသီသွေးပုံမှန်ဆင်းခြင်း   အသည်းကျန်းမာရေးအတွက် အစားအစာများ ရေ ကျွန်ုပ်တို့ခန္ဓါကိုယ်ရဲ့၆၀ရာခိုင်နှုန်းက ရေတွေဖြစ်ပါတယ်။ ကုလားအုတ်တွေလိုတော့ ကျောပေါ်ကအိတ်ကြီးထဲမှာ ရေတွေသိမ်းဆည်းထားလို့တော့ မရပါဘူး။ ကျွန်ုပ်တို့ခန္ဓါကိုယ်မှာရှိတဲ့ရေတွေကတော့ သွေးလည်ပတ်မှုစီးကြောင်းနဲ့ ဆဲလ်တွေထဲမှာသိမ်းဆည်းထားတဲ့ပမာဏဖြစ်ပါတယ်။ ရေဓါတ် လုံလုံလောက်လောက်မရဘူးဆိုရင် အသည်းဟာကျန်းမာနိုင်တော့မှာမဟုတ်ပါဘူး။ အဆိပ်တွေဟာ ခန္ဓါကိုယ်ထဲကနေ ဆီး၊ ချွေးစတဲ့ရေတွေကနေတစ်ဆင့် ထွက်သွားပါတယ်။ တစ်နေ့ကိုရေ၃လီတာလောက်သောက်သင့်ပါတယ်။ အလွန်အကျွံသောက်ရင်လည်း အဆိပ်ဖြစ်စေနိုင်တာကြောင့်အလွန်အကျွံမသောက်သင့်ပါဘူး။   ပန်းမုန်လာ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ ၊ တရုတ်ဂေါ်ဖီစတာတွေပါဝင်တဲ့ ဟင်းသီးဟင်းရွက် ဟင်းရွက်အုပ်စုကြီးဖြစ်ပါတယ်။ ကြက်ခြေခတ်ပုံစံရှိတဲ့ ပွင့်ချပ်ပုံစံတွေမူတည်ပြီး နာမည်ပေးထားတာဖြစ်ပါတယ်။ flavonoids, carotenoids, sulforaphane, and indolesစတဲ့အာဟာရတွေ ပါဝင်ပါတယ်။ သင့်အသည်း ဓါတုပစ္စည်း၊ပိုးသတ်ဆေး၊ ဆေးဝါး၊ […]


အသည်းရောဂါများ

အသည်းအစားထိုးပြီး ဘယ်လိုပြုစုစောင့်ရှောက်မလဲ

အသည်းအစားထိုးကုသပြီးနောက် သင့်အနေနဲ့ဖြတ်ကျော်ရမယ့် စိန်ခေါ်မှုတွေအများကြီး တွေ့ရပါလိမ့်မယ်။ အထူးသဖြင့် နောက်ဆက်တွဲဆိုးကျိုးတွေနဲ့ ပုံမှန်ဘဝကိုပြန်ရနိုင်ဖို့ဖြစ်ပါတယ်။ သင့်တော်တဲ့စောင့်ရှောက်မှုတွေမပေးဘူးဆိုရင် သင့်ရဲ့အစားထိုးထားတဲ့အသည်းနဲ့ သင့်ကျန်းမာရေးအတွက် အလွန်အန္တရာယ်များပါတယ်။ အသည်းအစားထိုးပြီးချိန် သင်နဲ့သင့်မိသားစုလုပ်ဆောင်သင့်တာတွေက ဘာတွေလဲ။ နောက်ဆက်တွဲဆိုးကျိုးတွေကို ရှောင်နိုင်ဖို့ဆိုရင် ဆရာဝန်ရဲ့ညွှန်ကြားချက်တွေကို လိုက်နာဖို့လိုပါလိမ့်မယ်။ အသည်းအစားထိုးကုသပြီးချိန် သင့်ခန္ဓါကိုယ်ရဲ့ကိုယ်ခံအားစနစ်ကသင့်ရဲ့အစားထိုးထားတဲ့အသည်းကို ပြင်ပပစ္စည်းအနေနဲ့ အသိအမှတ်ပြုပြီး ပြန်လည်တိုက်ခိုက်ကာ ့သင့်ကိုကာကွယ်ဖို့ကြိုးစားပေးပါတယ်။ နောက်ဆက်တွဲရလဒ်တွေ ဝင်လာစေတဲ့အဓိကအကြောင်းရင်းတွေကတော့ သွေးထွက်ခြင်း ပေးလှူတဲ့လူနဲ့ လက်ခံတဲ့လူနာ နှစ်ယောက်ရဲ့သွေးကြောတွေပေါင်းချုပ်ပြီးနောက် ဆုံတဲ့နေရာမှာ သွေးထွက်နိုင်ချေအနည်းငယ်ရှိပါတယ်။ အသည်းဆိုင်ရာသွေးကြောသွေးခဲခြင်း အသည်းကိုထောက်ပံ့ပေးတဲ့သွေးကြောအတွင်း သွေးခဲခဲ့မယ်ဆိုရင် အသည်းရဲ့လုပ်ဆောင်နိုင်မှုတွေ ကျသွားစေနိုင်ပါတယ်။ သည်းခြေရည်ပို့ပြွန်ပေါက်ခြင်း အသည်းအသစ်နဲ့ သည်းခြေရည်ပို့ပြွန် ဆက်တဲ့နေရာမှာ သို့ အူနဲ့ အဆက်နေရာမှာ ပေါက်သွားနိုင်ပါတယ်။ ဝမ်းဗိုက်ထဲကို သည်းခြေရည်တွေဝင်သွားနိုင်ပြီး ကူးစက်ရောဂါပိုးတွေဝင်နိုင်ပါတယ်။ ငြင်းပယ်ခြင်း သင့်အသည်းအသစ်ကို သင့်ခန္ဓါကိုယ်က ပြင်ပပစ္စည်းအနေနဲ့သာသိတဲ့အတွက်ကြောင့် ပြန်လည်တိုက်ခိုက်ဖို့ ခုခံအားဆိုင်ရာဆဲလ်လေးတွေ ကြီးထွားလာပါတယ်။ ကူးစက်ရောဂါပိုးဝင်ခြင်း အစားထိုးပြီးချိန်မှာ သင့်ကိုယ်ခံအားစနစ်ကို ဆေးတွေနဲ့ဖိနှိပ်ထားတဲ့အတွက်ကြောင့် ကူးစက်ပိုးဝင်နိုင်ချေများပါတယ်။ အထူးသဖြင့် ခွဲစိတ်ထားတဲ့နေရာကို သေသေချာချာဂရုမစိုက်ဘူးဆိုရင် ကူးစက်ပိုးတွေဝင်နိုင်ပါတယ်။ အသည်းပြန်ရောင်ခြင်း အစားထိုးပြီးချိန် အထူးသဖြင့်အသည်းရောင်ပိုးဘီသို့စီ အကူးခံထားရသူတွေမှာ ပြန်လည်ဖြစ်နိုင်ချေရှိပါတယ်။ နောက်ဆက်တွဲရလဒ်တွေကို ရှောင်နိုင်ဖို့အတွက်ဆိုရင် ဆရာဝန်ပေးထားတဲ့ဆေးတွေသောက်ခြင်း၊ […]


အစာအိမ်အက်ဆစ်ရည်ပြန်ဆန်တက်ခြင်း

အစာအိမ်အက်ဆစ်ပြန်ဆန်တက်ခြင်း (GERD)

အစာအိမ်အက်ဆစ်ပြန်ဆန်တက်ခြင်း (GERD) အကြောင်း လေ့လာရအောင်နော်။ အစာအိမ်အက်ဆစ်ပြန်ဆန်တက်ခြင်း (GERD) ဆိုတာဘာလဲ။ အစာအိမ်အက်ဆစ်ပြန်ဆန်တက်ခြင်း (GERD) ဆိုတာဟာ အစာရေမြိုအောက်ခြေမှာရှိတဲ့ ဆန့်ကျုံ့ကြွက်သားကို ထိခိုက်စေတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ နာတာရှည်ရောဂါတမျိုး ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအပါအဝင် အစာအိမ်အက်ဆစ်ပြန်ဆန်တက်ခြင်း (GERD) ရောဂါကို ခံစားနေရသူတွေ အများအပြားရှိပြီး GERD ဟာ ရင်ပူခြင်း ဒါမှမဟုတ် အက်ဆစ်ဆန်တက်ခြင်းကို အဓိကဖြစ်စေတဲ့ ရောဂါဖြစ်ပါတယ်။ GERD ကြောင့် အစာအိမ်ထဲမှာရှိတဲ့ အက်ဆစ်နဲ့ အစာတွေဟာ အစာရေမြိုထဲကို ပြန်ဆန်တက်ပြီး ရင်ပူခြင်း၊နေမထိထိုင်မသာ ဖြစ်ခြင်းတို့ကို ဖြစ်စေကာ အစာရေမြိုရဲ့ အတွင်းသားတွေကိုလည်း ထိခိုက်စေပါတယ်။ အစာရေမြိုအောက်ခြေမှာရှိတဲ့ ဆန့်ကျုံ့ကြွက်သားကို ထိခိုက်တဲ့အတွက် အထက်ပါ အခြေအနေတွေ ပေါ်ပေါက်လာရခြင်း ဖြစ်ပါတယ်။ အဆိုပါကြွက်သားအနေနဲ့ အလုံပိတ်ရမယ့်အချိန်မှာ သေချာစွာ မပိတ်ထားနိုင်တဲ့အတွက် အစာအိမ်ထဲက အရာတွေဟာ အစာရေမြိုထဲကို ပြန်ဆန်တက်လာနိုင်တာ ဖြစ်ပါတယ်။ GERD ရဲ့ […]


အူရောင်ရောဂါများ (IBD)

ခရုန်းရောဂါအတွက် ဗီတာမင်များ

Crohn’s disease ဆိုသည်မှာ အစာအိမ်အူလမ်းကြောင်း ရောင်ရမ်းခြင်းကို ဖြစ်စေသော နာတာရှည် ရောဂါ တစ်ခုဖြစ်သည်။ ထိုရောဂါသည် အစာအိမ်အူလမ်းကြောင်း တစ်လျှောက် မည်သည့်နေရာတွင် မဆိုဖြစ်နိုင်ပြီး အထူးသဖြင့် အူသိမ်နှင့် အူမကြီး အစတွင် ပို၍ ဖြစ်ပွားတတ်သည်။ သင့်မှာ Crohn’s disease ရောဂါ ဖြစ်ပွားလျှင် ဘယ်ဗီတာမင်ဓါတ်တွေ ချို့တဲ့နိုင်သလဲ။ ဗီတာမင် ဘီ၁၂ အကယ်၍ သင်သည် အူသိမ်အောက်ဖက်ပိုင်းတွင် ခွဲစိတ်မှုပြုခဲ့ဖူးလျှင် ဗီတာမင်ဘီ၁၂ ဓါတ်ကို အလုံအလောက် စုပ်ယူနိုင်စွမ်းမရှိတော့ပေ။ အူသိမ်အောက်ဖက်ပိုင်းကို အူသိမ်အဖျားပိုင်း (ileum) လို့ခေါ်ဝေါ်ကြသည်။ ပုံမှန်တွင် ထိုအူသိမ်အပိုင်း၌ ဗီတာမင် ဘီ၁၂ ကို စုပ်ယူသည်။ သို့ဖြစ်၍ ထိုအပိုင်းကို ခွဲစိတ်ဖြတ်ထုတ်လိုက်ပါက ဗီတာမင်ဘီ၁၂ ဓါတ် ချို့တဲ့မှု ဖြစ်ပွားနိုင်သည်။ ဗီတာမင် ဘီ၁၂ ဓါတ်ကို ခန္ဓါကိုယ်က ထုတ်လုပ်ပြီး […]


အစာအိမ်အက်ဆစ်ရည်ပြန်ဆန်တက်ခြင်း

သင့်ရဲ့ အားလပ်ရက်တွေကို ဖျက်ဆီးပစ်နိုင်တဲ့ အက်ဆစ်ကြောင့်ရင်ပူခြင်းကို ဘယ်လိုရင်ဆိုင်မလဲ

လူတိုင်းလူတိုင်းက အားလပ်ရပ်အပန်းဖြေခရီးထွက်ရတာကို နှစ်သက်သဘောကျကြပါတယ်။ ဒါပေမယ့် သင့်မှာ အစာချေအက်ဆစ်တွေ ပြန်ဆန်တက်တာကြောင့် ရင်ပူတဲ့ ဝေဒနာခံစားနေရမယ်ဆိုရင် အားလပ်ရက်တွေက ပျော်စရာကောင်းမှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် သင့်ရဲ့အားလပ်ရက် အပန်းဖြေခရီးကို ရင်ပူခြင်းက မနှောင့်ယှက်စေဖို့ ဘယ်လိုကာကွယ်ရမလဲဆိုတာကို မျှဝေပေးလိုက်ရပါတယ်။ ဆေးဝါးများ ခရီးသွားရင်း ဘယ်နေရာပဲ ရောက်ရောက် ဆေးတော့ ဝယ်သောက်လို့ရပါတယ်။ ဒါကြောင့် ဆရာဝန်ဆေးစာမလိုတဲ့ ဆေးတွေကို ရောက်တဲ့နေရာမှာ ဝယ်သောက်နိုင်သလို တခါတည်း ဆောင်သွားလို့လည်း ရပါတယ် (အထူးသဖြင့် သင့်ရောဂါအခြေအနေ ပြင်းထန်တဲ့အတွက် ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးကို သောက်နေရတယ်ဆိုရင်ပေါ့)။ အကြံဉာဏ်တောင်းဖို့ လိုအပ်လာခဲ့သည်ရှိသော် သင့်ဆရာဝန်နဲ့ ဆက်သွယ်ဖို့အတွက် ဖုန်းနံပါတ်၊သူပေးထားတဲ့ ဆေးစာ စတာတွေကိုပါ ဆောင်သွားနိုင်မယ်ဆိုရင် အတိုင်းထက်အလွန်ပေါ့။ ရင်ပူတာကို ကုသပေးနိုင်ပြီး ဆရာဝန်ဆေးစာမလိုဘဲ ဝယ်ယူသောက်သုံးနိုင်တဲ့ ဆေးဝါးအချို့ကတော့ Antacids တွေဖြစ်ကြတဲ့ Tums®, Rolaids® နဲ့ […]


ရင်ပူခြင်း၊ ရင်ခေါင်းအောင့်ခြင်း

ရင်ပူခြင်းကို ရှောင်ရှားပေးမယ့် အစားအစာ

မသင့်တော်တဲ့ အစားအသောက်တွေကို စားခြင်းနဲ့ အစားအသောက်ပုံစံမမှန်ခြင်းတွေက ရင်ပူတာကို ပိုဆိုးစေပါတယ်။ အစာအိမ်ထဲက အစာနဲ့ အက်ဆစ်တွေ အပေါ်ကို ပြန်ပြီးဆန်တက်မလာအောင် ကာကွယ်ခြင်းအားဖြင့် ရင်ပူခြင်းကို အလွယ်တကူ ရှောင်ရှားနိုင်ပါတယ်။ အစားအသောက်ပြင်ဆင်တဲ့နေရာမှာ ဘာတွေကို သိထားသင့်သလဲ။ သင့်မှာ ရင်ပူတဲ့ဝေဒနာရှိတယ်ဆိုရင် အစာအိမ်အက်ဆစ်ဓါတ်များစေတဲ့ အစားအစာတွေနဲ့ အစာအိမ်ကို ပိုညှစ်စေတဲ့ အစားအစာတွေကို ရှောင်ရှားသင့်ပါတယ်။ ဒါကြောင့် အသီးအနှံ နဲ့ ဟင်းသီးဟင်းရွက်တွေကို ဝယ်ယူတဲ့အခါ အောက်ပါအချက်လေးတွေကို လိုက်နာသင့်ပါတယ်။   အသီးအရွက်များ : ပန်းဂေါ်ဖီစိမ်း၊ရေကညွတ်၊ပဲစိမ်း၊တရုတ်နံနံ နဲ့ ပန်းဂေါ်ဖီတို့အားလုံးဟာ အက်ဆစ်ပါဝင်မှု နည်းပါးပါတယ်။ အာလူး : အာလူးဟာ အင်မတန် အကျိုးများစေပါတယ်။ အမြစ်ကနေ ရတဲ့ ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ဥနီ၊ခါကြက်ဥ စတာတွေကိုလည်း စားပေးသင့်ပါတယ်။ ဒါပေမယ့် ကြက်သွန်နီကိုတော့ မစားသင့်ပါဘူး။ Oatmeal (ကွေကာအုတ်) : Oatmeal ဟာ သကြားပမာဏနည်းပါးပြီး […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Esophageal Varices (အစာရေမျိုပြွန် သွေးပြန်ကြောများဖောင်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Esophageal Varices (အစာရေမျိုပြွန် သွေးပြန်ကြောများဖောင်းခြင်း) ကဘာလဲ။ အစာအိမ်နဲ့ လည်မျိုကိုဆက်ပေးထားတဲ့ ပြွန်အစာရေမျိုပြွန်ရှိ သွေးပြန်ကြောများဖောင်းခြင်းကြောင့်ဖြစ်တဲ့ ပုံမှန်မဟုတ်တဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ ပြင်းထန်တဲ့အသည်းရောဂါသည်တွေမှာ ဖြစ်လေ့ရှိပါတယ်။ အသည်းကိုစီးတဲ့သွေးစီးကြောင်းကို သွေးခဲဒါမှမဟုတ် အသည်းအမာရွတ်တစ်ရှူးက ပိတ်ဆို့လိုက်တဲ့အခါမှာ ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ ပိတ်ဆို့မှုတွေကြောင့် သွေးတွေက သွေးအများကြီးကိုလက်ခံသယ်မပေးနိုင်တဲ့ သွေးကြောငယ်လေးတွေအတွင်းကို စီးဝင်သွားပါတယ်။ သွေးကြောလေးတွေမှာ သွေးယိုစိမ်ြ့ခင်းနဲ့ အသက်အန္တရာယ်ကိုတောင်ပေးနိုင်တဲ့သွေးထွက်ခြင်းတွေထိဖြစ်သွားနိုင်တဲ့ သွေးကြောပေါက်သွားခြင်းအထိဖြစ်နိုင်ပါတယ်။ သွေးထွက်ထားခြင်းဖြစ်ထားမယ်ဆိုရင် နောက်တစ်ကြိမ်ဖြစ်နိုင်ချေကမြင့်လာပါတယ်။ သွေးတွေအများကြီးဆုံးရှုးံရမယ်ဆိုရင် ရှော့ခ်ရသွားနိုင်ပြီး သေစေနိုင်ပါတယ်။ Esophageal Varices (အစာရေမျိုပြွန် သွေးပြန်ကြောများဖောင်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများEsophageal Varices (အစာရေမျိုပြွန် သွေးပြန်ကြောများဖောင်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ သွေးမထွက်မချင်း လက္ခဏာမပြပါဘူး။ အစာရေမျိုပြွန် သွေးပြန်ကြောများဖောင်းခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ သွေးအန်ခြင်း ဝမ်းမည်းမည်းကတ္တရာစေးရောင်သွားခြင်း လစ်ဟာဟာဖြစ်ခြင်း သတိလစ်ခြင်း( ပြင်းထန်တဲ့အခြေအနေတွေမှာ) အသားမျက်လုံးဝါခြင်း ၊ သွေးထွက်လွယ်ခြင်း၊ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Cardiospasm (အစာနင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်အစာနင်ခြင်း ဆိုတာဘာလဲ။ အစာတွေအရည်တွေ အစာအိမ်ထဲရောက်သွားဖို့အတွက် ခက်ခဲခြင်းကိုဖြစ်စေတဲ့ တွေ့ရနည်းတဲ့ပြဿနာတစ်ခုဖြစ်ပါတယ်။ အစာနင်ခြင်းက အစာရေမျိုပြွန်က အစာတွေကိုအောကိကိုညှစ်ချနိုင်စွမ်း မရှိတော့ခြင်းဖြစ်ပါတယ်။ အစာအိမ်နဲ့အစာရေမျိုပြွန်ကြား ကြွက်သားအဆက်က ပြည့်ပြည့်၀၀မလျော့နိုင်တော့တဲ့အခါမှာလည်း ဖြစ်ပါတယ်။ အစာနင်းခြင်းအကြောင်းရင်းကို မသိသေးပေမဲ့ အစာရေမျိုပြွန်ကြွက်သားတွေပျက်စီးသွားခြင်းနဲ့ ပိုအရေးကြီးတာက ကြွက်သားတွေကိုထိန်းချုပ်တဲ့အာရုံကြောတွေ ပျက်စီးသွားခြင်းဖြစ်ပါတယ်။ နောက်ဆက်တွဲတွေကတော့ အဆုတ်ပြဿနာတွေနဲ့ ကိုယ်အလေးချိန်ကျခြင်းဖြစ်ပါတယ်။ အစာနင်ခြင်းက အစာရေမျိုကင်ဆာဖြစ်နိုင်ချေကို များစေပါတယ်။ သေချာတော့ဖေြာ်ပထားခြင်းမရှိပါဘူး။   Cardiospasm (အစာနင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများCardiospasm (အစာနင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အစာနင်တတ်တဲ့လူနာတွေမှာ မျိုချရခက်ခြင်းဒါမှမဟုတ်အစာရေမျိုအတွင်း အစာများကပ်ကျန်နေသလိုခံစားရခြင်းတွေ ဖြစ်ပါတယ်။ အစာမမျိုနိုင်ခြင်းလို့လည်း ခေါ်နိုင်ပါတယ်။ လက္ခဏာတွေကတော့ ချောင်းဆိုးခြင်းသီးခြင်း တွေဖြစ်ုနိင်ပါတယ်။ အခြားလက္ခဏာတွေကတော့ · ရင်ဘတ်အောင့်ခြင်း၊ မအီမလည်ဖြစ်ခြင်း · ကိုယ်အလေးချိန်ကျခြင်း · အစားစားပြီး ပြင်းပြင်းထန်ထန်နာခြင်း မအီမလည်ဖြစ်ခြင်း · အစာရောအရည်ရောမျိုချရခက်ခြင်း · အစာေရေမျိုအတွင်း အစာရေများဖောင်းနေခြင်းကြောင့် […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Interstitial Hernia(အူကျခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Interstitial Hernia (အူကျခြင်း) ကဘာလဲ။ Interstitial hernia( အူကျခြင်း) ဆိုတာဟာ ခန္ဓါကိုယ်အတွင်းရှိ အစိတ်အပိုင်း အတွင်းကလီစာ တစ်ခုခုက ပုံမှန်ကာကွယ်ထားတဲ့ ကြွက်သား(သို့) တစ်ရှုးတစ်ခုခုကို တွန်းပြီး ထွက်လာတာကို ခေါ်ပါတယ်။ များသောအားဖြင့် ပေါင်ခြံ ပိုင်းမှာ ဖြစ်လေ့ရှိပါတယ်။ interstitial hernia ဟာ တစ်ခါတစ်လေမှာ အရှေ့ဘက် ဝမ်းဗိုက်ပိုင်းရဲ့ အလွှာတွေကြားက ဖြတ်လာတတ်ပါတယ်။ ကျွံလာတဲ့ အစိတ်အပိုင်းအိတ်ဟာ ဝမ်းဗိုက်ကြွက်သား အလွှာတွေကြားမှာ ရှိနေလေ့ရှိပါတယ်။ Interstitial Hernia (အူကျခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ ဘယ်အသက်အရွယ်မှာ မဆို ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေထက် အမျိုးသားတွေမှာပို ဖြစ်လေ့ရှိပါတယ်။ ဒါပေမယ့် အဲလိုဖြစ်တာကိုအားပေးတဲ့ အချက်တွေကို လျှော့ချခြင်းဖြင့် ရောဂါကို ထိန်းချုပ်နိုင်ပါတယ်။ နောက်ထပ် သတင်း အချက်အလက်တွေအတွက် ဆရာဝန်နဲ့ ဆက်လက် ဆွေးနွေးနိုင်ပါတယ်။ လက္ခဏာများInterstitial Hernia […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

သင့်တော်တဲ့ စားသောက်မှုမရှိလျှင် အစာခြေစနစ်ဘယ်လိုဖြစ်သွားမလဲ

လူတွေရဲ့ အစာခြေစနစ်မှာ ပါးစပ်၊ လည်ချောင်း၊ အစာရေမြိုပြွန်၊ အစာအိမ်၊ အူသိမ်၊ အူမ၊ အသည်း၊ သရက်ရွက်၊ သည်းခြေအိတ်နဲ့ စအိုတို့ပါဝင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့စားသောက်မှုပုံစံဟာ ဒီ အစိတ်အပိုင်းတွေရဲ့ လုပ်ငန်းဆောင်တာတွေကို ပုံမှန်လုပ်ဆောင်နိုင်ဖို့အတွက် အကောင်းဆုံး ကုထုံးပါပဲ။ ဒါပေမဲ့ အချို့သော အချက်တွေကြောင့် (စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရောပေါ့လေ) တစ်ခါတလေမှာ ကျွန်တော်တို့ဟာ အာဟာရဓါတ်လုံလောက်အောင်စားဖို့ကို မေ့လျော့နေတတ်ကြပါတယ်။ ကာလကြာရှည်လာတဲ့အခါမှာ ဒါဟာ သင့်ရဲ့ အစာခြေအင်္ဂါတွေ ပုံမှန်အလုပ်လုပ်နိုင်ခြင်းကိုပါ တားဆီးလာပါတော့တယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့စားသောက်မှုပုံစံက ခန္ဓါကိုယ်အတွက် အလွန်ကို အရေးကြီးပါတယ်။ နာရီစက်ပုံမှန်လည်နေသလိုပဲ ခန္ဓါကိုယ်က ပုံမှန်လှုပ်ရှားနိုင်ဖို့အတွက် ဆဲလ်တွေရော ၊ ဒီအင်္ဂါတွေကပါ မှန်ကန်တဲ့ အာဟာရဓါတ်တွေလိုအပ်ပါတယ်။ အာဟာရဓါတ်အားလုံးကတော့ အရေးကြီးကြတာကြီးပါပဲ။ အသီးအရွက်တွေနဲ့ သစ်သီးတွေမှာပါတဲ့ ဓါတ်တိုးဂုဏ်သတ္တိဟာ သင့်ကို ဒုက္ခပေးမယ့် မော်လီကျူးတွေနဲ့ သင့်ခန္ဓါကိုယ်ဆဲလ်တွေကို တိုက်ခိုက်မယ့်Free radicals တွေကနေ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း