အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ခန္ဓာကိုယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်က အရေးပါတဲ့ စနစ်တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကနေ အာဟာရစုပ်ယူဖို့ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက လုပ်ပေးမှ ရတာပါ။ ဒီလိုစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်တစ်ခု ဖြစ်ဖို့ ဘာတွေလုပ်လို့ရလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား

ဝမ်းလျှောလို့ ဓာတ်ဆားရည်သောက်လိုက်တာ ခုတော့ ဝမ်းပိတ်ရုံတင်မကဘူး။ ဝမ်းပါချုပ်သွားပြီလို့ ပြောတာ ကြားဖူးမှာပါ။ ဝမ်းချုပ်တာကို ဓာတ်ချုပ်တယ်လို့လည်း ပြောကြတော့ ဓာတ်ဆားရည်တွေ သောက်လိုက်လို့ ဝမ်းချုပ်သွားတာများလားလို့ တွေးတတ်ကြပါတယ်။ တကယ်ပဲ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်တွေမှာ ဘာတွေပါဝင်သလဲ။ ဓာတ်ဆားရည်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆားဓာတ်တွေ ဖြစ်တဲ့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်၊ ဂလူးကို့စ်၊ ရေ စတာတွေ ပါဝင်ပြီး ဒါတွေက နဂိုလည်း ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဓာတ်တွေပဲ ဖြစ်ပါတယ်။ ဒီဓာတ်တွေက ဝမ်းချုပ်တာနဲ့ မသက်ဆိုင်ပါဘူး။ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်က ဝမ်းချုပ်စေဖို့ မပြောနဲ့။ ဝမ်းပိတ်စေတဲ့ အာနိသင်တောင် မရှိပါဘူး။ ဟုတ်ပါတယ်။ ဝမ်းလျှောတဲ့အခါ ဓာတ်ဆားရည်သောက်တာက ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားဓာတ်ကို ဖြည့်ပေးတာပဲ ဖြစ်ပါတယ်။ ဝမ်းရပ်ဖို့ ဆိုတာက ကုသမှု တစ်ခုခု […]

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကို ရှာဖွေမည်။

အသည်းရောဂါများ

ဘယ်အချိန်မှာအသည်းအစားထိုးဖို့လိုအပ်သလဲ

လူ့ခန္ဓါကိုယ်ရှိအသည်းဟာ အနည်းငယ်ပျက်စီးလျှင် ပျက်စီးသွားသောဆဲလ်များကို သူအလိုလိုပြန်လည် တည်ဆောက်နိုင်စွမ်းရှိကြပါတယ်။ ခန္ဓါကိုယ်မှပြန် လည် တည်ဆောက်နိုင်သော ဆဲလ်ပမာဏထက် ပိုမို ပျက်စီးသွားသောအခါ အသည်းရဲ့ ပုံမှန်လုပ်ဆောင်မှု များ အားနည်းလာပြီး အသည်းအစားထိုးဖို့ လိုအပ်လာ ပြီလား ဟုစတင်စဉ်းစားလာရပါတယ်။ အသည်းအစား ထိုးခြင်းကို အသည်းတစ်နေရာမှာပဲ ရောဂါရှိနေသူ (ဥပမာ အသည်းကင်ဆာ၊အသည်းခြောက်ခြင်း)များမှာ ကုသပျောက်ကင်းနိုင်မယ်လို့မျှော်မှန်းရပါတယ်။ ဒါ့အပြင် အသည်းအစားထိုးလို့ရနိုင်မရနိုင်ကလည်း အသည်းရောဂါဆိုးဝါးနေမှုအခြေအနေ၊လူနာ၏အသက် စသည်တို့ပေါ်မှာလည်းမူတည်နေပါသေးသည်။ ကလေးမျာတွင်အသည်းအစားထိုးရရနိုင်သောအ ကြောင်း ရင်း ကလေးများတွင် သည်းခြေပြွန်လမ်းကြောင်းလေးများ ကောင်းကောင်း မဖွံ့ ဖြိုး၍ ကျဉ်းနေခြင်းဟာ အသည်းမှတဆင့် သည်းခြေအိတ်သို့ သည်းခြေရည် များမစီးဆင်းနိုင်တော့ဘဲ အသည်းမှာပဲစုပိတ်မိကာ အသည်းပျက်စီးသွားတတ်ပါတယ်။ ထိုအကြောင်းရင်း ဟာ ကလေးများမှာအသည်းအစားထိုးရတဲ့အခြေအနေ ထိဖြစ် သွားတတ်သည်။ အရွယ်ရောက်ပြီးသားသူများတွင်အသည်းအစား ထိုးရနိုင်သောအကြောင်းရင်း အရွယ်ရောက်ပြီးသားလူအများစုတွင် အသည်းရောင်အသားဝါစီပိုးဖြင့် အသည်းခြောက်ခြင်းကြောင့် အသည်းအစားထိုးရတတ်သည်။ အခြားအသည်းအစားထိုးရနိုင်သည့်အကြောင်းရင်းများမှာ • အသည်းရောင်အသားဝါဘီပိုးဖြင့်အသည်းခြောက်ခြင်း • သည်းခြေပြွန်ရောဂါများ • အရက်ကြောင့်မဟုတ်သည့်အခြားအသည်းခြောက်ရောဂါ ဒါ့အပြင် […]


အူရောင်ရောဂါများ (IBD)

ခရုန်းရောဂါ အကြောင်း တစေ့တစောင်း

Crohn's disease ခရုန်းရောဂါ ဆိုတာဘာလဲ။ Crohn's disease ဆိုတာဟာ အစာချေအင်္ဂါအဖွဲ့အစည်းရဲ့ အတွင်းဖက်နံရံတွေကို ရောင်ရမ်းစေတဲ့ ရောဂါတမျိုး ဖြစ်ပါတယ်။ အစာချေလမ်းကြောင်းတလျှောက်လုံး (ပါးစပ်က စလို့ စအိုဝအထိ) ကို ရောင်ရမ်းစေတာဖြစ်ပေမယ့် အဓိကအားဖြင့် အူသိမ်အဆုံးပိုင်း ဒါမှမဟုတ် အူမကြီးတို့ကို အများဆုံး ထိခိုက်စေလေ့ ရှိပါတယ်။ Crohn's disease ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ Crohn's disease ဟာ အမျိုးသားတွေနဲ့ အမျိုးသမီးတွေမှာ တန်းတူပဲ ဖြစ်ပွားလေ့ရှိပြီး အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်။ ဒါပေမယ့် ဆယ်ကျော်သက်အရွယ်တွေနဲ့ လူငယ်၊လူလတ်ပိုင်းတွေ (အသက် ၁၅နှစ်ကနေ ၃၅နှစ်လောက်အထိ)မှာ ပိုပြီးဖြစ်ပွားလေ့ရှိပါတယ်။ ရောဂါ ဖြစ်ပွားစေတဲ့ အချက်တွေကို လျှော့ချခြင်းအားဖြင့် Crohn's disease ကို ကာကွယ်နိုင်ပါတယ်။ အသေးစိတ် ထပ်မံသိလိုတာတွေရှိရင် သင့်ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးပါ။   Crohn’s […]


အူရောင်ရောဂါများ (IBD)

အူမကြီးအနာပေါက်ရောဂါ အကြောင်း သိကောင်းစရာ

Ulcerative colitis အူမကြီးအနာပေါက်ရောဂါ ဆိုတာ ဘာလဲ။ Ulcerative colitis ဆိုတာဟာ Inflammable bowel diseases (IBD) လို့ခေါ်တဲ့ အူလမ်းကြောင်းရောင်ရမ်းခြင်းဆိုင်ရာ ရောဂါနှစ်မျိုးထဲက တမျိုးဖြစ်ပါတယ်။ ဒီရောဂါဟာ အူမကြီးအတွင်းဖက်နံရံတွေမှာ ဖြစ်ပေါ်လေ့ရှိပါတယ်။ အကယ်၍ သင့်မှာ Ulcerative colitis ရောဂါရှိမယ်ဆိုရင် အူမကြီးမှာ အနာသေးသေးလေးတွေ ဖြစ်ပေါ်လာမှာဖြစ်ပြီး ဒီအနာလေးတွေကနေ သွေးတွေ၊ပြည်တွေ ထွက်လာမှာပဲ ဖြစ်ပါတယ်။Ulcerative colitis အများစုဟာ အူမကြီးအနောက်ဖက်ပိုင်းမှာ စတင်ဖြစ်ပေါ်လေ့ရှိပေမယ့် အူမကြီးတခုလုံးကိုလည်း ထိခိုက်တတ်ပါတယ်။ rectum လို့ခေါ်တဲ့ အူမကြီးအနောက်ဆုံးပိုင်းကိုပဲ ထိရင် proctitis လို့ခေါ်ပြီး အူမကြီးအပေါ်ပိုင်း (colon) တခုလုံးကို ထိရင်တော့ total colitis ဒါမှမဟုတ် pancolitis လို့ခေါ်ပါတယ်။Ulcerative colitis ဟာ နာတာရှည်ရောဂါတမျိုးဖြစ်ပြီး ရောဂါလက္ခဏာတွေဟာ ပေါ်လိုက်ပျောက်လိုက် ဖြစ်လေ့ရှိပါတယ်။ Ulcerative […]


အူရောင်ရောဂါများ (IBD)

အူလမ်းကြောင်းရောင်ရမ်းသောရောဂါအတွက်ရှောင်သင့်သော အစားအစာများ

အစာအိမ်ရောဂါများသည် အစားအသောက်ကြောင့် အများဆုံးဖြစ်သောကြာင့် ရှောင်သင့်သည်ကိုရှောင်နိုင်မှ သင့်ရောဂါကို ထိန်းချုပ်နိုင်လိမ့်မည်။ အထူးသဖြင့် အူရောင်ရောဂါရှိသူများအတွက် အစားအသောက်ရွေးချယ်မှုသည် အရေးကြီးပါသည်။ အူလမ်းကြောင်းရောင်ရမ်းသောရောဂါဆိုတာ ဘာလဲ။ အူလမ်းကြောင်းရောင်ရမ်းသောရောဂါဆိုသည်မှာ အူသိမ်တွင် အနာဖြစ်သော ရောဂါဖြစ်သည်။.ထိုရောဂါသည် မည်သည့်အသက်ရွယ်တွင်မဆိုဖြစ်နိုင်သော်လည်း အသက်၃၀ ဝန်းကျင်တွင်အဖြစ်များပြီး အမျိုးသားများတွင်ပို ဖြစ်တတ်သည်။ အူလမ်းကြောင်းရောင်ရမ်းသောရောဂါ တွင် ခရုန်းအမည်ရှိအူရောင်ရောဂါနှင့် အူမကြီးအနာဖြစ်သောရောဂါဟူပြီး ၂မျိုးပါဝင်သည်။ ခရုန်းအူရောင်ရောဂါ ခရုန်းအူရောင်ရောဂါသည် အူသိမ်နှင့် အူမကြီးတို့တလျှောက် မည်သည့်နေရာတွင်မဆိုဖြစ်နိုင်သည်။ ရောင်ရမ်းမှုသည် အူနံရံအတွင်းထိဖြစ်ပြီး ဝမ်းလျှောခြင်း၊ အူများသိမ်သွားခြင်၊ ဂရင်ဂျီနာဖြစ်ခြင်း၊ အစာအာဟာရများ မစုပ်ယူနိုင်ခြင်း စသည်တို့ ခံစားရပါသည်။ ခရုန်းရောဂါသည် ခွဲစိတ်ကုသသော်လည်း ပြန်ဖြစ်နိုင်ချေများပါသည်။ အူမကြီးအနာဖြစ်သော အူရောင်ရောဂါ ၎င်းသည် အူမကြီးကို ထိခိုက်သော ရောဂါဖြစ်ပြီး သွေးဝမ်းသွားခြင်းဖြစ်စေသည်။ ခရုန်းနှင့်မတူသော အချက်မှာ ထိုရောဂါသည် အူနံရံတခုလုံးမဖြစ်သည့်အတွက် ခွဲစိတ်ကုသလျှင်ပျောက်နိုင်ချေများပါသည်။ အူရောင်သော ရောဂါများကို ပျောက်ကင်းစေသော အစားအစာမရှိသော်လည်း အနာဖြစ်ခြင်းနှင့် အူရောင်ခြင်းကို ကာကွယ်ရန် မှန်ကန်သော […]


ရင်ပူခြင်း၊ ရင်ခေါင်းအောင့်ခြင်း

ရင်ပူခြင်း အကြောင်း သိကောင်းစရာများ

အစာအိမ်အက်ဆစ်တွေကြောင့် သင့်ရင်ဘတ်ထဲမှာ ပူလောင်နာကျင်တာကို ရင်ပူခြင်း လို့ ခေါ်ပါတယ်။ အက်ဆစ်ပြန်ကန်တက်ခြင်းလို့လည်း ခေါ်လေ့ရှိကြပါတယ်။ ဒီလို ပူလောင်နာကျင်တာဟာ ရင်ဘတ်အလယ်တည့်တည့် ဒါမှမဟုတ် ရင်ညွန့်နေရာလောက်မှာ ဖြစ်ပေါ်လေ့ရှိပါတယ်။ နေထိုင်မှုပုံစံကို ပြောင်းလဲခြင်း၊ အလွယ်တကူ ဝယ်ယူလို့ရတဲ့ ဆေးလေးတွေကို သောက်ပေးခြင်းအားဖြင့် ရင်ပူတာကို သက်သာစေပါလိမ့်မယ်။ တကယ်လို့ ရင်ပူတာဟာ အကြိမ်ရေစိတ်လာတယ် ဒါမှမဟုတ် ပိုဆိုးလာတယ်ဆိုရင် ဒါဟာ ပိုပြီးပြင်းထန်တဲ့ ရောဂါတစ်ခုခုကြောင့် ဖြစ်နေနိုင်တာမို့ ဆရာဝန်နဲ့ ပြသတိုင်ပင်ဖို့ လိုအပ်ပါလိမ့်မယ်။ ရင်ပူခြင်း ဘာလို့ဖြစ်သလဲ။ အကြောင်းရင်းခံတွေ အများကြီးရှိတယ်လို့ ပြောလို့ရပေမယ့် ရင်ပူရခြင်းရဲ့ အဓိကတရားခံက အစာရေမျိုအောက်ခြေပိုင်းက ဆန့်ကျုံ့ကြွက်သားကြောင့်ပဲ ဖြစ်ပါတယ်။ ဆန့်ကျုံ့ကြွက်သားရဲ့ အလုပ်က မျိုချလိုက်တဲ့ အစာနဲ့ ရေတွေကို အစာအိမ်ထဲ ရောက်သွားအောင် ကြွက်သားကို ဖြေလျှော့ပြီး ဖြတ်သန်းခွင့်ပေးရတဲ့ အလုပ်ဖြစ်ပါတယ်။ အစာတွေဖြတ်သွားပြီးတဲ့အခါ ဒီကြွက်သားဟာ ပြန်ညှစ်ပြီး တင်းထားလိုက်ပါတယ်။ […]


အစာအိမ်အက်ဆစ်ရည်ပြန်ဆန်တက်ခြင်း

အစာအိမ်အက်ဆစ်တွေ ပြန်ဆန်တက်ခြင်းကြောင့် ညဖက်ရင်ပူတာကို ဖြေရှင်းပေးနိုင်မယ့် အချက်၁၂ချက်

ညကြီးသန်းခေါင် ရင်ပူလို့ဆိုပြီး လန့်နိုးလာရတာမျိုး ဖြစ်ဖူးပါသလား။ ဒီလိုမျိုး ညဖက်ရင်ပူခြင်းဟာ အိပ်ရေးပျက်စေတဲ့အတွက် နောက်နေ့တွေမှာလည်း အလုပ်ကောင်းကောင်း လုပ်နိုင်မှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် သင့်အနေနဲ့ ရင်ပူတဲ့ ဝေဒနာကို နေ့စဉ်ခံစားနေရတဲ့အတွက် သက်သာပျောက်ကင်းချင်တယ်ဆိုရင် အောက်မှာမျှဝေပေးမယ့် အချက်လေးတွေကို စမ်းကြည့်နိုင်ပါတယ်။   ၁။ သင့်တော်တဲ့ ကိုယ်အလေးချိန်ကို ထိန်းထားပါ။ တကယ်လို့ သင့်အနေနဲ့ အဝလွန်နေရင် ကိုယ်အလေးချိန်လျှော့ချဖို့အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအသောက်တွေကို စားပေးရမှာ ဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းနေ့စဉ်လုပ်ခြင်းဟာလည်း ကိုယ်အလေးချိန်ထိန်းသိမ်းရာမှာ အရေးပါ ပါတယ်။ တကယ်လို့ ဝိတ်ချရတာ အခက်အခဲရှိတယ်ဆိုရင် အနည်းဆုံးတော့ ကိုယ်အလေးချိန်ထပ်တက်မလာဖို့ ကြိုးစားပါ။ ဘာလို့လဲဆိုတော့ ကိုယ်အလေးချိန်တက်လေလေ ရင်ပူတာပိုဆိုးလေမို့ပါပဲ။   ၂။ အိပ်စက်တဲ့ အနေအထား မှန်ကန်ပါစေ ဘယ်ဘက်ကို စောင်းအိပ်ဖို့နဲ့ ခန္ဓါကိုယ်အပေါ်ပိုင်းကို အောက်ပိုင်းထက် အနည်းငယ် ပိုမြင့်နေစေဖို့ မမေ့ပါနဲ့။ ညီညာတဲ့ မွေ့ယာပေါ်မှာ ခေါင်းအုံးခပ်နိမ့်နိမ့်နဲ့ အိပ်စက်ခြင်းက ရင်ပူတာကို […]


အစာအိမ်အက်ဆစ်ရည်ပြန်ဆန်တက်ခြင်း

အစာအိမ်အက်ဆစ်တွေ လျှံတက်ခြင်းကြောင့် ရင်ပူခြင်းကို သက်သာစေမယ့် နည်းလမ်းခြောက်သွယ်

သင့်မှာ ရင်ပူတဲ့ဝေဒနာ ခံစားနေရပါသလား။ ဘာအစာပဲ စားလိုက်စားလိုက် အက်ဆစ်တွေ ပြန်ဆန်တက်လာပြီး ရင်ပူမှာကို ကြောက်နေပါသလား။ တချို့အစားအစာတွေဟာ အစာအိမ်ကနေ အက်ဆစ်ထုတ်လုပ်မှုကို ပိုများစေတဲ့အတွက် ရင်ပူတဲ့ဝေဒနာကို ပိုမိုခံစားရစေနိုင်တယ်ဆိုတာ မှန်ပါတယ်။ အစားအသောက်ကို နည်းနည်းချင်းစီစားတာ၊အစာစားပြီးပြီးချင်းမှာ အကုန်းအကွပြုလုပ်တာ ဒါမှမဟုတ် လဲလျောင်းတာတို့ကို ရှောင်ကျဉ်တာတွေအပြင် အခြားသော အကျိုးရှိတဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးထားပါတယ်။   အချိုနဲ့ ကာဘိုဟိုက်ဒရိတ်များတဲ့ အရည်တွေကို အများကြီးမသောက်ပါနဲ့။ အချိုနဲ့ ကာဘိုဟိုက်ဒရိတ်ပမာဏ များပြားစွာ ပါဝင်တဲ့ အစားအစာတွေဟာ ရင်ပူရခြင်းရဲ့ အဓိက အကြောင်းရင်းတွေ ဖြစ်တဲ့အတွက် သင်စားနေကျအစာတွေမှာ ပါဝင်တဲ့ ကာဘိုဟိုက်ဒရိတ်ပမာဏကို ထိန်းချုပ်လိုက်ခြင်းအားဖြင့် ရင်ပူတဲ့ ဝေဒနာကို အလွယ်တကူ သက်သာစေမှာ ဖြစ်ပါတယ်။ အစာအိမ်တွင်း အက်ဆစ်ဓါတ်နည်းပါးခြင်းနဲ့ ကာဘိုဟိုက်ဒရိတ်ဓါတ် အလွန်အမင်းများပြားခြင်းဟာ ရင်ပူရခြင်းရဲ့ နောက်ခံအကြောင်းရင်းတခု ဖြစ်လို့ပါပဲ။ ကာဘိုဟိုက်ဒရိတ်တွေဟာ အစာအိမ်ထဲမှာ အချဉ်ပေါက်ပြီး ဓါတ်ငွေ့တွေ […]


ရင်ပူခြင်း၊ ရင်ခေါင်းအောင့်ခြင်း

ရင်ပူတာကို သက်သာစေဖို့ အစားအသောက်၊အနေအထိုင်တွေ ဘယ်လိုပြောင်းလဲမလဲ

ဘယ်လိုပြောင်းလဲမလဲ ရင်ညွန့်နေရာလောက်မှာ မီးစနဲ့ ထိုးထားသလို ပူနေတာမျိုး ဖြစ်ဖူးပါသလား။ အများအားဖြင့် ထမင်းတွေအများကြီး စားပြီးချိန်မှာ ဒါမျိုးဖြစ်လေ့ရှိပြီး တော်တော်နဲ့လည်း မပျောက်သွားပါဘူး။ ဒီလိုမျိုး ပူနေတာကို အစာချေရည်ဆန်တက်ခြင်းကြောင့် ရင်ပူတာ လို့ ခေါ်ပါတယ်။ ရင်ပူတာဟာ အစာစားပြီးနောက်ဖြစ်တတ်ပါတယ်။ အစာအိမ်ထဲက အစာတွေ အပေါ်ကို ဆန်တက်ပြီး အစာရေမြိုထဲရောက်ရှိကာ ရင်ညွန့်ရိုးအနောက်နားလောက်မှာ ပူနေတာပဲ ဖြစ်ပါတယ်။ သင်အစာမြိုချတဲ့အခါ အစာရေမြိုကြွက်သားတွေဟာ ဖြေလျှော့ပေးပြီး အစာတွေကို အစာအိမ်ထဲ ဆင်းသွားစေပါတယ်။ ပြီးရင်တော့ အစာတွေ အပေါ်ကို ဆန်တက်လာမှာကို ကာကွယ်ဖို့အတွက် ကြွက်သားတွေကို ပြန်ညှစ်ပြီး တင်းထားလိုက်ပါတယ်။ အဆိုပါ ကြွက်သားတွေ အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ပြီး ကောင်းစွာ အလုပ်မလုပ်နိုင်တဲ့အခါ အစာချေရည်တွေ ဆန်တက်တာ အလွယ်တကူ ဖြစ်ပေါ်လာပါတော့တယ်။   ရင်ပူတာဟာ ဘယ်သူမဆို ဖြစ်လေ့ဖြစ်ထရှိတယ် ဆိုပေမယ့် ဆေးကုသဖို့ လိုအပ်တဲ့ ပြင်းထန်ဆိုးရွားသော ပြဿနာတွေကြောင့်လည်း […]


အစာအိမ်အက်ဆစ်ရည်ပြန်ဆန်တက်ခြင်း

အစာခြေရည်ဆန်တက်တဲ့ရောဂါ (GERD) နဲ့ပတ်သက်ပြီး ဆရာဝန်ကို ဘာတွေမေးမြန်းသင့်သလဲ

ဆရာဝန်ကို ဘာတွေမေးမြန်းသင့်သလဲ သင့်အနေနဲ့ ဆရာဝန်ရှေ့ရောက်တဲ့အခါ ဘာပြောရမှန်းမသိတာမျိုး ဖြစ်ဖူးပါသလား။ လူအများစုဟာ ဆရာဝန်နဲ့ စကားပြောတဲ့အခါ ရှက်နေတာမျိုး ဒါမှမဟုတ် ပြောမထွက်တာမျိုးတွေ ဖြစ်တတ်ကြပါတယ်။ ဆရာဝန်တွေဟာ ရုတ်တရက်ကြည့်လိုက်ရင် ရုတ်တည်ကြီးတွေနဲ့မို့ တမျိုးကြီးဖြစ်ကောင်းဖြစ်နေနိုင်ပေမယ့် သူတို့ဟာ သင့်ရောဂါဝေဒနာတွေကို သက်သာပျောက်ကင်းအောင် ကူညီပေးမယ့်သူတွေ ဖြစ်တယ်ဆိုတာကို သိထားသင့်ပါတယ်။   ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသင့်သလဲ။ အောက်ဖော်ပြပါ လက္ခဏာတွေ ပေါ်လာပြီဆိုရင် ဆရာဝန်နဲ့ ပြသင့်ပါပြီ။ ရက်သတ္တပတ် တပတ် အတွင်းမှာပဲ ရင်ပူတာကို နှစ်ခါနဲ့အထက် ခံစားရခြင်း။ ရင်ပူတာ ပိုဆိုးလာခြင်း။ ညဖက်တွေမှာပါ ရင်ပူတာကို ခံစားရတဲ့အတွက် အိပ်ယာကနေ လန့်နိုးခြင်း။ ရင်ပူတဲ့ ဝေဒနာကို ခံစားနေရတာ နှစ်အတန်ကြာနေပြီဖြစ်ခြင်း။ အစာမြိုရခက်ခြင်း သို့မဟုတ် အစာမြိုချလျင် နာခြင်း။ ရင်ပူတာ ဒါမှမဟုတ် နာကျင်တာတွေက သင့်ရဲ့ နေ့စဉ်လှုပ်ရှားသွားလာမှုကိုပါ ထိခိုက်လာခြင်း။   သင့်ဆရာဝန်နဲ့ ဘယ်လိုစကားပြောရမလဲ။ GERD ရောဂါဟာ ခံတွင်းနံ့နံတာ၊အသံဩတာ၊ရှတတဖြစ်နေလို့ စကားပြောရခက်တာ အစရှိတဲ့ စိတ်ကသိကအောင့်ဖြစ်စရာ ရောဂါလက္ခဏာတွေကို […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Pseudomembranous Colitis (ပိုးသတ်ဆေးကြောင့် အူရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Pseudomembranous Colitis (ပိုးသတ်ဆေးကြောင့် အူရောင်ခြင်း) ကဘာလဲ။ ပိုးသတ်ဆေးကြောင့် အူရောင်ခြင်း သည် အူမကြီးထဲတွင် Clostridium difficile ဟုခေါ်သော ပိုးကောင်များကြီးထွားလာမှုကြောင့် အူမကြီးတွင် ရောင်ရမ်းခြင်းဖြစ်ပြီး ဝမ်းလျှောရောဂါအတွက် ထိုပိုးသတ်ဆေးများသုံးစွဲမှု သည် ဝမ်းလျှောစေသော အဓိကအကြောင်းရင်းဖြစ်သည်။ Pseudomembranous Colitis (ပိုးသတ်ဆေးကြောင့် အူရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ပိုးသတ်ဆေးကြောင့် အူရောင်ခြင်း သည် အလွန်အဖြစ်များပြီး အသက်အရွယ်မရွေးဖြစ်နိုင်ပါသည်။ သို့သော်ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။ လက္ခဏာများPseudomembranous Colitis (ပိုးသတ်ဆေးကြောင့် အူရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ တွေ့ရများသော ရောဂါလက္ခဏာများမှာ ဝမ်းသွားလျှင် ရေကဲ့သို့အရောင်များသွားခြင်း၊ သွေးဝမ်းသွားခြင်း ဗိုက်ရစ်ခြင်း၊ ဗိုက်နာခြင်း၊ ဗိုက်တင်းခြင်း ဖျားခြင်း ဝမ်းထဲတွင် ပြည်များ၊ သွေးများပါခြင်း ပျို့ခြင်း ရေဓါတ်ခမ်းခြောက်ခြင်း တို့ဖြစ်ပါသည်။ ထိုရောဂါ လက္ခဏာများသည် ပိုးသတ်ဆေးသောက်ပြီး ၁ ရက် ၂ ရက်ခန့်တွင် စဖြစ်တတ်ပြီး […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း