အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ခန္ဓာကိုယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်က အရေးပါတဲ့ စနစ်တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကနေ အာဟာရစုပ်ယူဖို့ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက လုပ်ပေးမှ ရတာပါ။ ဒီလိုစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်တစ်ခု ဖြစ်ဖို့ ဘာတွေလုပ်လို့ရလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား

ဝမ်းလျှောလို့ ဓာတ်ဆားရည်သောက်လိုက်တာ ခုတော့ ဝမ်းပိတ်ရုံတင်မကဘူး။ ဝမ်းပါချုပ်သွားပြီလို့ ပြောတာ ကြားဖူးမှာပါ။ ဝမ်းချုပ်တာကို ဓာတ်ချုပ်တယ်လို့လည်း ပြောကြတော့ ဓာတ်ဆားရည်တွေ သောက်လိုက်လို့ ဝမ်းချုပ်သွားတာများလားလို့ တွေးတတ်ကြပါတယ်။ တကယ်ပဲ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်တွေမှာ ဘာတွေပါဝင်သလဲ။ ဓာတ်ဆားရည်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆားဓာတ်တွေ ဖြစ်တဲ့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်၊ ဂလူးကို့စ်၊ ရေ စတာတွေ ပါဝင်ပြီး ဒါတွေက နဂိုလည်း ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဓာတ်တွေပဲ ဖြစ်ပါတယ်။ ဒီဓာတ်တွေက ဝမ်းချုပ်တာနဲ့ မသက်ဆိုင်ပါဘူး။ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်က ဝမ်းချုပ်စေဖို့ မပြောနဲ့။ ဝမ်းပိတ်စေတဲ့ အာနိသင်တောင် မရှိပါဘူး။ ဟုတ်ပါတယ်။ ဝမ်းလျှောတဲ့အခါ ဓာတ်ဆားရည်သောက်တာက ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားဓာတ်ကို ဖြည့်ပေးတာပဲ ဖြစ်ပါတယ်။ ဝမ်းရပ်ဖို့ ဆိုတာက ကုသမှု တစ်ခုခု […]

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကို ရှာဖွေမည်။

အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Acute Appendicitis (ရုတ်တရတ်ပြင်းထန်အူအတက်ရောင်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Acute Appendicitis (ရုတ်တရတ်ပြင်းထန်အူအတက်ရောင်ခြင်း ) ကဘာလဲ။ ရုတ်တရတ်ပြင်းထန်အူအတက်ရောင်ခြင်းဆိုသည်မှာ ဝမ်းဗိုက်ညာဖက်ခြမ်းရှိ အူမကြီးမှ ခွဲထွက်လာသည့် လက်ချောင်းပုံသဏ္ဍာန်ရှိ သေးငယ်သော အူအတက် ရောင်ရမ်းခြင်းကို ဆိုလိုပါသည်။ အူအတက်သည် Vestigial အင်္ဂါ (ဆင့်ကဲဖြစ်စဉ်မှ ကျန်ခဲ့သော အင်္ဂါ) ဖြစ်ပြီး သိရသလောက် ဘာလုပ်ငန်းမှ လုပ်သည်မရှိသော်လည်း ရောဂါတော့ ဖြစ်နိုင်ပါသည်။ ဆိုရလျှင် ရုတ်တရတ်ပြင်းထန်အူအတက်ရောင်ခြင်းကြောင့် ဗိုက်ခွဲရခြင်းသည် ကမ္ဘာပေါ်တွင် ဗိုက်ခွဲရဆုံး အကြောင်းအရင်းပင်ဖြစ်သည်။ ချက်ချင်းမကုသလျှင် ရောင်နေသော အူအတက်မှ ပေါက်ထွက်သွားပြီး မစင်များ ဝမ်းဗိုက်ခေါင်းအတွင်းသို့ လျှံကျသွားစေနိုင်သည်။ ရလဒ်အနေဖြင့် အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သော်လည်း (ဝမ်းဗိုက်အကာရောင်ခြင်းကြောင့်) ပိုးကူးစက်မှုသည် အပြင်မပြန့်နိုင်အောင် ပိတ်မိသွားကာ ပြည်တည်ခြင်း ဖြစ်ပေါ်နိုင်ပါသည်။ Acute Appendicitis (ရုတ်တရတ်ပြင်းထန်အူအတက်ရောင်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါသည် အလွန့်အလွန်အဖြစ်များ၏။ အမျိုးသမီးများထက် အမျိုးသားများတွင် ပိုအဖြစ်များ၏။ အသက်အရွယ်မရွေးဖြစ်နိုင်သည်။ […]


အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

Hepatic Cyst (အသည်းအရည်အိတ်တည်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hepatic Cyst (အသည်းအရည်အိတ်တည်ခြင်း) ကဘာလဲ။ အသည်းအရည်အိတ်တည်ခြင်းသည် လူဦးရေ၏ ၅%တွင် ဖြစ်တတ်သော အသည်းတွင် အရည်ပြည့်နေသည့်အိတ်တည်ခြင်း ဖြစ်ပါသည်။ များသောအားဖြင့် လက္ခဏာမပြတတ်ပဲ ကွန်ပျူတာဓါတ်မှန် သို့ သံလိုက်ဓါတ်မှန်တို့ကဲ့သို့ ဗိုက်အားပုံရိပ်ဖော်စစ်ဆေးခြင်းများ ပြုလုပ်ရန်အကြောင်းစုံလာပါမှ မကြာခဏဆိုသလို တွေ့ရှိရသည်ဖြစ်သည်။ အသည်းအရည်အိတ် တစ်ခုနှစ်ခုသည် ပြဿနာမဖြစ်နိုင်ပဲ ကုသရန်လဲ မလိုအပ်ပါ။ သို့သော် တစ်ခါတစ်ရံ အရည်အိတ်များ များလာခြင်း သို့မဟုတ် အလွန်ကြီးလာခြင်းများဖြစ်ပါက ဆေးကုသမှုခံယူရန် လိုအပ်ပါသည်။ တစ်ခုထက်ပိုသော အရည်အိတ်များ ကြီးလာလျှင် ဗိုက်ညာဖက်အပေါ်ခြမ်းတွင် မအီမသာ သို့မဟုတ် နာကျင်မှုကို ခံစားရနိုင်ပါသည်။ သိသိသာသာ မအီမသာဖြစ်လာပါက အရည်အိတ်များကို စုပ်ထုတ်ခြင်း သို့ ခွဲထုတ်ခြင်းများ ဆေးရုံတွင် ပြုလုပ်နိုင်သည်။ ဒီလောက်ထိ မဆိုးဝါးခင် သိထားခြင်းသည် အကောင်းဆုံးပင်ဖြစ်သည်။ အသည်းအရည်အိတ်တည်ခြင်းအမျိုးမျိုးရှိ၏။ ရိုးရှင်းသောအရည်အိတ်များ အရည်အိတ်များသော အသည်းရောဂါ (မျိုးရိုးလိုက်သောရောဂါ) ကပ်ပါးပိုးကြောင့်အရည်အိတ်တည်ခြင်း (hydatid ရောဂါမျိုးဝ အသည်းကင်ဆာနှင့်တွဲသော အရည်အိတ်များ Hepatic […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Umbilical Hernia (ချက်တစ်ဝိုက်အူကျွံခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Umbilical Hernia (ချက်တစ်ဝိုက်အူကျွံခြင်း ) ကဘာလဲ။ ချက်တစ်ဝိုက်အူကျွံခြင်းသည် ဝမ်းဗိုက်ကြွက်သားများရှိ ချက်အပေါက်အတွင်းသို့ အူအစိတ်အပိုင်း ထိုးဝင်လာခြင်းဖြစ်သည်။ ချက်တစ်ဝိုက်အူကျွံခြင်းသည် အဖြစ်များပြီး ပုံမှန်အားဖြင့် အန္တရာယ်မရှိပါ။ မွေးကင်းစမှတစ်နှစ်သားများတွင် အဖြစ်မျာသော်လည်း အရွယ်ရောက်ပြီးသူများတွင်လည်း ဖြစ်နိုင်ပါသည်။ မွေးကင်းစမှတစ်နှစ်သားများတွင် ချက်တစ်ဝိုက်အူကျွံခြင်းသည် အထူးသဖြင့် မွေးကင်းစ ငိုရာမှ ချက်စူထွက်လာပြီး ကျွံခြင်းဖြစ်သည်။ ချက်တစ်ဝိုက်အူကျွံခြင်းသည် ချက်တစ်ဝိုက်တွင် မနာကျင်သော အဖုအနေဖြင့် ပေါ်လာပါသည်။ ရယ်ခြင်း ချောင်းဆိုးခြင်း ငိုခြင်း ဝမ်းညှစ်ခြင်း စသည့်အချိန်များတွင် ပိုဖောင်းလာပြီး လှဲလိုက်လျှင် စိတ်လျော့လိုက်လျှင် လျော့သွားတတ်ပါသည်။ ဖြစ်ရပ်အများအပြားတွင် ချက်တစ်ဝိုက်အူကျွံခြင်း ပြန်ဝင်သွားပြီး ကလေးတစ်နှစ်မပြည့်ခင် ကြွက်သားများ ပြန်ပိတ်သွားတတ်၏။ ချက်တစ်ဝိုက်အူကျွံခြင်းသည် လူကြီးများတွင်လဲ ဖြစ်ပွားနိုင်သည်။ ကုသမှုမခံယူပါက အချိန်ကြာသည်နှင့် ပိုဆိုးလာနိုင်၏။ Umbilical Hernia (ချက်တစ်ဝိုက်အူကျွံခြင်း ) က ဘယ်လောက်အဖြစ်များသလဲ ချက်တစ်ဝိုက်အူကျွံခြင်းသည် အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Esophagitis (အစာရေမျိုပြွန်ရောင်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Esophagitis (အစာရေမျိုပြွန်ရောင်ခြင်း ) ကဘာလဲ။ အစာရေမျိုပြွန်ရောင်ခြင်းသည် အစာရေမျိုပြွန်ရှိ နံရံများ ရောင်ခြင်းဖြစ်ပြီး အစာရေမျိုပြွန်ဆိုသည်မှာ အစာများကို လည်ချောင်းမှ အစာအိမ်ဆီပို့ပေးသော ပြွန်ဖြစ်ပါသည်။ မကုသပဲထားပါက ဒီအခြေအနေသည် မအီမသာဖြစ်လာနိုင်ပြီး မျိုရခက်ခြင်း၊ အနာဖြစ်ခြင်းနှင့် အစာရေမျိုပြွန်အမာရွတ်ထင်ခြင်းများ ဖြစ်စေနိုင်ပါသည်။ နာကျင်ခြင်း၊ မျိုရခက်ခြင်းတို့အပြင် တစ်ခါတစ်ရံ ရင်ဘတ်အောင့်ခြင်းလည်း ဖြစ်စေနိုင်ပါသည်။ တစ်ချို့တွင် ဘာရပ်အစာရေမျိုပြွန်ရောဂါ ဖြစ်လာနိုင်ပြီး အစာရေမျိုပြွန်ကင်ဆာ ဖြစ်နိုင်ချေမြင့်စေသည့် အချက်တစ်ချက်ဖြစ်၏။ Esophagitis (အစာရေမျိုပြွန်ရောင်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ အစာရေမျိုပြွန်ရောင်ခြင်းကို အရွယ်ရောက်ပြီးသူများတွင် တွေ့ရများပြိး ကလေးများတွင် သိပ်မဖြစ်တတ်ပါ။ အဖြစ်များဆုံးသော အစာရေမျိုပြွန်ရောင်ခြင်းအမျိုးအစားမှာ အစာခြေရန် ပြန်တက်ခြင်း (GERD) နှင့်ဆက်စပ်သော အမျိုးအစားဖြစ်သည်။ အစာခြေရည်ပြန်တက်ခြင်းလက္ခဏာများသည် လစဉ် လူဦးရေ၏ ၃၃-၄၄% ခန့် ဖြစ်ပွားနေပြီး ၇-၁၀% သည် နေ့စဉ် လက္ခဏာများကို ခံစားနေရပါသည်။ သို့သော် ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို […]


အသည်းရောဂါများ

Liver Failure (အသည်းလုပ်ဆောင်ချက်ပျက်စီးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Liver Failure (အသည်းလုပ်ဆောင်ချက်ပျက်စီးခြင်း) ကဘာလဲ။ အသည်းပျက်စီးခြင်း သို့မဟုတ် အသည်းခြောက်ခြင်း သည် အသည်း၏ အစိတ်အပိုင်း ကြီးကြီးမားမား ပျက်စီးပြီး အသည်း၏ လုပ်ဆောင်ချက်များပျက်စီးခြင်းဖြစ်သည်။ အသည်းပျက်စီးခြင်းသည် အရေးပေါ် ဆေးကုသရန်လိုအပ်သော အသက်အန္တရာယ်ရှိသည့် အနေအထားဖြစ်သည်။ အသည်းပျက်စီးခြင်းသည် တဖြည်းဖြည်းနှင့် နှစ်ပေါင်းများစွာအကြာတွင် ဖြစ်လာခြင်းဖြစ်သည်။ သို့သော် တခါတရံ ခဏတာ ၄၈ နာရီအတွင်း မြန်ဆန်စွာ အသည်း၏ လုပ်ဆောင်ချက်များမရှိတော့ခြင်းလည်း ဖြစ်နိုင်သည်။ ထိုသို့ဖြစ်ခြင်းသည် အစပိုင်းတွင် သိနိုင်ရန်ခက်ခဲသည်။ Liver Failure (အသည်းလုပ်ဆောင်ချက်ပျက်စီးခြင်း) က ဘယ်လောက်အဖြစ်များသလဲ ၎င်းသည် အမျိုးသားများတွင် အမျိုးသမီးများထက်ပိုအဖြစ်များသည်။ သို့သော် ဖြစ်နိုင်ချေကို များစေနိုင်သော အချက်များကို လျော့ချခြင်းဖြင့် ထိန်းချုပ်နိုင်သည်။ ပိုမိုသိရှိနိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများLiver Failure (အသည်းလုပ်ဆောင်ချက်ပျက်စီးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ရောဂါလက္ခဏာများသည် ရောဂါ၏ ပြင်းထန်မှုအဆင့်အရ ပြောင်းလဲနိုင်သည်။ အစပိုင်းတွင် […]


အစာအိမ်ရောင်ခြင်း

Gastric Antrum Inflammation (အစာအိမ်နှင့် အူသိမ် ဆက်ကြောင်းဝရောင်ခြင်း)

Gastric antrum inflammation (အစာအိမ်နှင့် အူသိမ် ဆက်ကြောင်းဝရောင်ခြင်း)ဆိုတာဘာလဲ။ Gastric antrum inflammation သို့ antral gastritis အစာအိမ်နှင့် အူသိမ် ဆက်ကြောင်းဝရောင်ခြင်း ဟာ ခံစားရသူကို အတော်မသက်မသာဖြစ်စေတဲ့ autoimmune ပြဿနာတစ်မျိုး ဖြစ်ပါတယ်။ တခါတလေမှာ ဒီရောဂါရှိသူတွေဟာ သူနဲ့တွဲနေတဲ့ လက္ခဏာတွေကို သတိမထားမိတတ်ပါဘူး။ ဖြစ်စေတဲ့အကြောင်းရင်းကို ဖြေရှင်းဖို့ အက်ဆစ်ကို ကျစေတဲ့ ဆေးတွေနဲ့ အခြားဆေးတွေကို သောက်ခြင်းဖြင့် သက်သာစေနိုင်တဲ့ အစာအိမ်ရောင်ခြင်း အမျိုးမျိုးရှိပါတယ်။ အစာအိမ်ရောင်ခြင်း အမျိုးအစား အတော်များများကတော့ gastric mucosa တစ်ခုလုံးကို ရောင်စေပေမယ့် antral gastritis ကတော့ အစာအိမ်ရဲ့ အစိတ်အပိုင်းတစ်ခုကို သာ ရောင်စေတာဖြစ်ပါတယ်။ သင့်ရောဂါကို မကုသရင် အခြားနေရာတွေကို ပြန့်သွားပြီး နာတာရှည်ရောဂါဖြစ်သွားနိုင်ကာ ကုသဖို့ ပိုမိုခက်ခဲနိုင်ပါတယ်။ ပျော့တဲ့ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Hirschsprung (ဟစ်ခ်ျပရောင်း ခေါ် အူမကြီးဆိုင်ရာရောဂါ)

Hirschsprung (ဟစ်ခ်ျပရောင်း ခေါ် အူမကြီးဆိုင်ရာရောဂါ)ဆိုတာဘာလဲ။ Hirschsprung ရောဂါဟာ အူမကြီးကို ထိခိုက်နိုင်တဲ့ အခြေအနေတစ်ခုဖြစ်ပြီး ဝမ်းသွားခြင်းမှာ ပြဿနာဖြစ်စေနိုင်ပါတယ်။ ဒီအခြေအနေဟာ မွေးတဲ့အချိန်မှာ ကလေးငယ်ရဲ့ အူမကြီးကြွက်သားတွေကြားမှာ အာရုံကြောပျောက်ဆုံးမှုကြောင့် ဖြစ်နိုင်ပါတယ်။ ဒါဟာ အူအတွင်း ကြွက်သားလှုပ်ရှားမှု နည်းပါးတာကြောင့် အူမကြီးပိတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ Hirschsprung ရောဂါရှိတဲ့ မွေးကင်းစကလေးငယ်တွေဟာ မွေးပြီး ရက်အနည်းငယ်အတွင်းမှာ အူလှုပ်ရှားမှုမရှိပါဘူး။ ပျော့တဲ့ အခြေအနေတွေမှာ ဒီအခြေအနေဟာ ကလေးငယ်အသက်ကြီးတဲ့အထိ တွေ့ရမှာမဟုတ်ပါဘူး။ Hirschsprung(ဟစ်ခ်ျပရောင်း ခေါ် အူမကြီးဆိုင်ရာရောဂါ) ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ Hirschsprung ဟာ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ Hirschsprung(ဟစ်ခ်ျပရောင်း ခေါ် အူမကြီးဆိုင်ရာရောဂါ) ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ Hirschsprung ရဲ့ လက္ခဏာတွေဟာ ရောဂါပြင်းထန်မှုပေါ် မူတည်ပါတယ်။ ရောဂါလက္ခဏာတွေဟာ […]


အသည်းရောဂါများ

Chronic Hepatitis (နာတာရှည် အသည်းရောင်ရောဂါ)

Chronic Hepatitis (နာတာရှည် အသည်းရောင်ရောဂါ)ဆိုတာဘာလဲ။ Chronic Heptitis ဟာ ၆ လ ထက်ပိုပြီး အသည်းရောင်ခြင်း ဖြစ်ပါတယ်။ လူအတော်များများမာ လက္ခဏာမပြတတ်ပေမယ့် မသေချာတဲ့ လက္ခဏာတွေ ဖြစ်တဲ့ နေမကောင်းဖြစ်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ ပင်ပန်းခြင်းတွေ ဖြစ်တတ်ပါတယ်။ နာတာရှည်အသည်းရောင်ခြင်းဟာ အသည်းခြောက်ခြင်းနဲ့ သရက်ရွက်ကြီးခြင်း၊ ဝမ်းဗိုက်အတွင်း အရည်စုပြုံခြင်း၊ ဦးနှောက် လုပ်ငန်းဆောင်တာပျက်စီးခြင်းတွေ ဖြစ်နိုင်ပါတယ်။     Chronic Hepatitis (နာတာရှည် အသည်းရောင်ရောဂါ) ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ Chronic Hepatitis ဟာ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ Chronic Hepatitis (နာတာရှည် အသည်းရောင်ရောဂါ) ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ Chronic hepatitis ရဲ့ လူနာပေါင်း သုံးပုံနှစ်ပုံမှာ သူဟာ ဖြည်းဖြည်းချင်း […]


အစာအိမ်နှင့် အူလမ်းကြောင်းအနာ

Duodenitis ( အူသိမ်အစရောင်ခြင်း)

Duodenitis ( အူသိမ်အစရောင်ခြင်း)ဆိုတာဘာလဲ။ Duodenitis ဟာ အူသိမ်ရဲ့ အစက duodenum ရောင်ခြင်း ဖြစ်ပါတယ်။ duodenum နံရံ ရောင်ခြင်းဟာ ဗိုက်နာခြင်း၊ သွေးထွက်ခြင်းနဲ့ အခြား အူလမ်းကြောင်း လက္ခဏာတွေကို ဖြစ်စေနိုင်ပါတယ်။ အဖြစ်အများဆုံး အကြောင်းရင်းတော့ H pylori ဘက်တီးရီးယားနဲ့ ဆက်စပ်နေတဲ့ အစာအိမ် ရောဂါပိုးဝင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီရောဂါပိုးဟာ ပုံမှန်အတိုင်း duonenum နံရံကို အစာအိမ် အက်ဆစ်တွေကနေ ကာကွယ်ပေးတဲ့ အကျိအချွဲအလွှာကို ထိခိုက်စေနိုင်ပါတယ်။ ဒီအလွှာမရှိတော့ခြင်းဟာ နာတာရှည် ရောင်ရမ်းခြင်းနဲ့ duodenum အနာဖြစ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။   Duodenitis( အူသိမ်အစရောင်ခြင်း) ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေက လူတွေရဲ့ ၈၀% ဟာ Helicobacter Pylori ရောဂါပိုးကူးစက်ခြင်း ရှိနေကြပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Peritonitis (ဝမ်းတွင်းမြှေးရောင်ခြင်း)

Peritonitis ဆိုတာဘာလဲ။ Peritonitis ဟာ ဝမ်းတွင်းမြှေးရောင်ခြင်း ဖြစ်ပါတယ်။ Peritoneum ဟာ ဝမ်းဗိုက်နဲ့ ကိုယ်အင်္ဂါတွေကို ခွဲခြားထားတဲ့ ပါးလွှာတဲ့ အမျှင်တစ်ခုဖြစ်ပါတယ်။ Peritoneum ဟာ ဝမ်းဗိုက်ပိုင်းမှာရှိတဲ့ ကိုယ်အင်္ဂါတွေကို ထောက်ပံ့ပေးပြီး အာရုံကြော၊ သွေးကြော၊ ပြန်ရည်ကြောတွေကို အင်္ဂါတွေကို ဖြတ်သန်းသွားဖို့ ခွင့်ပြုတဲ့ အရာတစ်ခုဖြစ်ပါတယ်။ Peritoneum ပေါက်သွားခြင်း (သို့) အခြားကျန်းမာရေး အခြေအနေတွေက Peritonitis ကို ဖြစ်စေပါတယ်။   Peritonitis ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ Peritonitis ဟာ အဖြစ်များပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများ။ Peritonitis ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ Peritonitis ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ဗိုက်နာခြင်း လေပွခြင်း၊ ဗိုက်တင်းခြင်း အဖျားတက်ခြင်း ပျို့အန်ခြင်း အစာစားချင်စိတ်မရှိခြင်း ဝမ်းလျှောခြင်း ဆီးနည်းခြင်း […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း