အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ခန္ဓာကိုယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်က အရေးပါတဲ့ စနစ်တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကနေ အာဟာရစုပ်ယူဖို့ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက လုပ်ပေးမှ ရတာပါ။ ဒီလိုစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်တစ်ခု ဖြစ်ဖို့ ဘာတွေလုပ်လို့ရလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား

ဝမ်းလျှောလို့ ဓာတ်ဆားရည်သောက်လိုက်တာ ခုတော့ ဝမ်းပိတ်ရုံတင်မကဘူး။ ဝမ်းပါချုပ်သွားပြီလို့ ပြောတာ ကြားဖူးမှာပါ။ ဝမ်းချုပ်တာကို ဓာတ်ချုပ်တယ်လို့လည်း ပြောကြတော့ ဓာတ်ဆားရည်တွေ သောက်လိုက်လို့ ဝမ်းချုပ်သွားတာများလားလို့ တွေးတတ်ကြပါတယ်။ တကယ်ပဲ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်တွေမှာ ဘာတွေပါဝင်သလဲ။ ဓာတ်ဆားရည်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆားဓာတ်တွေ ဖြစ်တဲ့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်၊ ဂလူးကို့စ်၊ ရေ စတာတွေ ပါဝင်ပြီး ဒါတွေက နဂိုလည်း ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဓာတ်တွေပဲ ဖြစ်ပါတယ်။ ဒီဓာတ်တွေက ဝမ်းချုပ်တာနဲ့ မသက်ဆိုင်ပါဘူး။ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်က ဝမ်းချုပ်စေဖို့ မပြောနဲ့။ ဝမ်းပိတ်စေတဲ့ အာနိသင်တောင် မရှိပါဘူး။ ဟုတ်ပါတယ်။ ဝမ်းလျှောတဲ့အခါ ဓာတ်ဆားရည်သောက်တာက ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားဓာတ်ကို ဖြည့်ပေးတာပဲ ဖြစ်ပါတယ်။ ဝမ်းရပ်ဖို့ ဆိုတာက ကုသမှု တစ်ခုခု […]

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကို ရှာဖွေမည်။

အသည်းရောဂါများ

အသည်းရောင်အသားဝါ စီပိုးကို ဘယ်လိုကုသလဲ

အသည်းကင်ဆာအဖြစ်နိုင်ဆုံး အကြောင်းရင်းဖြစ်တဲ့ အသည်းရောင်အသားဝါ စီပိုးကူးစက်ခံရရင် ဘယ်လိုနည်းလမ်းတွေနဲ့ ပျောက်ကင်းအောင်ကုသလို့ရလဲဆိုတာ ပြောပြပေးသွားပါ့မယ်။ အသည်းရောင်အသားဝါ စီပိုးက ရောဂါပိုးရှိသူရဲ့ သွေးကနေတဆင့် အဓိက ကူးစက်ပါတယ်။ နောက်ပြီး ဆေးထိုးအပ်တွေ မျှဝေသုံးစွဲတာ၊ လိင်ဆက်ဆံမိရာကနေလည်း ကူးစက်ခံရနိုင်ပါသေးတယ်။ အသည်းရောင် အသားဝါ စီပိုးက ကြောက်စရာကောင်းပေမယ့် ကူးစက်ခံရတဲ့လူတိုင်းလည်း ကုသမှုခံယူစရာ မလိုအပ်တာကို တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုရင် တချို့ကိုယ်ခံအားကောင်းတဲ့သူတွေမှာ စီပိုးကို ခန္ဓာကိုယ်က သူ့ဖာသာရှင်းထုတ်ပစ်လိုက်တဲ့အတွက် ဖြစ်ပါတယ်။ ဒါမျိုးက ရှားတော့ ရှားပေမယ့် ရှိတတ်ပါတယ်။ တကယ်လို့ ခုခံအားက မရှင်းပစ်ရင်ရော။ မရှင်းပစ်ရင်လည်း သိပ်မစိုးရိမ်ပါနဲ့။ ကံကောင်းတဲ့ အချက်က စီပိုးကို ပျောက်ကင်းအောင် ကုသလို့ရနေပါပြီ။ အသည်းရောင်အသားဝါ စီပိုးကို ဘယ်လိုကုသလဲ အသည်းရောင်အသားဝါ စီပိုးကို ဘယ်လိုကုသလဲ ဆိုတော့ အဓိကနည်းလမ်း (၂) ခုသုံးပြီး ကုသလို့ရပါတယ်။ ဗိုင်းရပ်စ်ပိုးတွေကို နှိမ်နင်းပစ်ပြီး […]


အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ပိုးသတ်ဆေး သောက်ပြီးနောက် ဝမ်းလျှောလာခဲ့ရင်

ပဋိဇီဝပိုးသတ်ဆေး (Antibiotics) ဆိုတာ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ ရောဂါတွေကို ကုသတဲ့နေရာမှာ အသုံးပြုတဲ့ ဆေးဖြစ်ပါတယ်။ ဆေးဆိုတဲ့အတိုင်းပဲ ရောဂါကို ကုသပေးနိုင်သလို နောက်ထပ် ဘေးထွက်ဆိုးကျိုး တချို့ကိုလည်း ကြုံတွေ့ရနိုင်ပါတယ်။ ဘယ်ဆေးမဆို ဘေးထွက်ဆိုးကျိုးအနည်းနဲ့အများတော့ ရှိတတ်ကြပါတယ်။ ဝမ်းလျှောခြင်းကတော့ ပိုးသတ်ဆေးသောက်ပြီးနောက် အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးများထဲက တစ်ခုဖြစ်ပါတယ်။ ဘာကြောင့် ပိုးသတ်ဆေး သောက်ပြီး ဝမ်းလျှောတာလဲ ? ပိုးသတ်ဆေးတွေဟာ ကျွန်တော်တို့ ကိုယ်ခန္ဓာထဲမှာ ရှိနေတဲ့ ဆဲလ်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ပုံချင်း ကွဲပြားတဲ့ ဘက်တီးရီးယားဆဲလ်တွေကို အဓိက ပစ်မှတ်ထားပြီး တိုက်ခိုက်ပါတယ်။ ဘက်တီးရီးယားမှာ ပြင်ပကနေ ခန္ဓာကိုယ်ကို ဒုက္ခပေးဖို့ ဝင်ရောက်လာတဲ့ အမျိုးအစားရှိသလို အစာခြေစနစ်နဲ့ အူလမ်းကြောင်းမှာ သဘာဝအတိုင်း ရှိနေတတ်တဲ့ ကျန်းမာရေး အကျိုးပြုဘက်တီးရီးယားတွေလည်း ပါပါတယ်။ ကျန်းမာရေးအကျိုးပြု ဘက်တီးရီးယားတွေဟာ အစာခြေစနစ်ကို ကောင်းစွာ အလုပ်လုပ်စေသလို အူလမ်းကြောင်းထဲမှာ မကောင်းတဲ့ […]


အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ဝမ်းလျှောတိုင်း ပိုးသတ်ဆေးသောက်ဖို့ လိုသလား

ဝမ်းပျက်ဝမ်းလျှောတာဟာ မိုးရာသီကာလတွေမှာ အဖြစ်များတတ်တဲ့ ရောဂါတစ်မျိုးပါ။ Diarrhea လို့ခေါ်တဲ့ ဝမ်းပျက်ဝမ်းလျှောခြင်းဟာ ဝမ်းအရည်ကျဲကျဲတွေ ခဏခဏ (သို့) ဆက်တိုက်သွားခြင်းကို ခေါ်ဆိုတာပါ။ များသောအားဖြင့် ကြာချိန်အပေါ်မူတည်ပြီး ဝမ်းပျက်ဝမ်းလျှောခြင်းကို (၃) မျိုး ခွဲခြားလို့ရပါတယ်။ ရက်အနည်းငယ်ကနေ တစ်ပတ်ဝန်းကျင်ဆိုရင် ရေတို ဝမ်းလျှောတာ၊ ၃ ပတ်ဝန်းကျင်လောက်ကြာတာမျိုးကို အချိန်အတော်ကြာ ဝမ်းလျှောတာ၊ ၄ ပတ်ထက် ပိုကြာရင် နာတာရှည် ဝမ်းလျှောတာဆိုပြီး ခွဲခြားနိုင်ပါတယ်။ ဒီရောဂါက ကျား၊ မ မရွေးဖြစ်နိုင်သလို အရွယ်ရောက်ပြီးသူတိုင်း တစ်နှစ်ကို ၄ ကြိမ်လောက် ဝမ်းလျှောတတ်ကြပါတယ်။ များသောအားဖြင့် သာမန်ဝမ်းလျှောတာမျိုးသာ အဖြစ်များပေမယ့် အသက်အန္တရာယ်ကို ထိခိုက်တဲ့အထိ ဖြစ်နိုင်တဲ့ ရောဂါမျိုးမို့ ပေါ့ဆလို့ မဖြစ်တဲ့ ဝေဒနာတစ်မျိုးပါ။ ဝမ်းပျက်ခြင်းနဲ့ ပိုးသတ်ဆေး ဝမ်းပျက်တဲ့အခါ Antibiotics လို့ခေါ်တဲ့ ပိုးသတ်ဆေးလို့လည်း လူသိများကြတဲ့ […]


အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

အစာအိမ်အကြောင်း ယုံတမ်းအထွေထွေ

အစာအိမ်ဆိုတာ ဘာလဲ။ တကယ်တော့ အစာအိမ်ဆိုတာ ကိုယ်နေ့စဉ်နဲ့အမျှ စားသောက်လိုက်တဲ့ အစာတွေကို ချေဖျက်ပေးနိုင်တဲ့ ခန္ဓာကိုယ်အတွင်းက အစိတ်အပိုင်းတစ်ခုပါ။ ဝမ်းတစ်လုံးမကောင်းရင် ခေါင်းခဲရတယ်ဆိုတဲ့ မြန်မာစကားပုံလေးလည်း ရှိတယ်မဟုတ်လား။ အစာအိမ်က အစားအစာတွေကို ကောင်းကောင်းမချေဖျက်နိုင်ရင် ကိုယ့်ရဲ့ ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ ဒီလိုအရေးပါလှတဲ့ အစာအိမ်နဲ့ပတ်သက်ပြီး လူတွေရဲ့အကြားမှာ ယုံတမ်းစကားတွေ၊ အယူအဆမှားတွေ အများအပြားရှိနေပါတယ်။ အစာအိမ်လေးကျန်းမာနေဖို့ဆိုရင် ဒီလို ယုံတမ်းအမှားတွေကို ရှောင်ရှားနိုင်ဖို့ လိုမှာပါ။ အစာအိမ်အကြောင်း သေသေချာချာ သိရှိမထားဘူးဆိုရင် လူအများစု လက်ခံထားကြတဲ့ ယုံတမ်းစကားတွေကို အမှန်တရားထင်ပြီး အမှားတွေ ကျူးလွန်မိနိုင်ပါတယ်။ ဒါကြောင့် အစာအိမ်လေးနဲ့ ပတ်သက်နေတဲ့ ယုံတမ်းအထွေထွေကို စုစည်းဖော်ပြပေးချင်ပါရဲ့။ အစာအိမ်အကြောင်း ယုံတမ်း အမှန်၊ အမှားများ Myth: ပီကေတွေကို အစာခြေဖျက်နိုင်ဖို့ နှစ်ချီကြာတတ်တယ် ပီကေတွေ မျိုချမိရင် အစာချေဖျက်နိုင်ဖို့ အချိန်ယူရတာမှန်ပါတယ်။ ဒါပေမယ့် နှစ်ချီတော့ မကြာပါဘူး။ […]


အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

လိပ်ခေါင်းရောဂါ သံသရာကို ဘယ်လိုရှောင်လွှဲကြမလဲ

လိပ်ခေါင်းရောဂါ (Hemorrhoids) လို့ ဆိုလိုက်တာနဲ့ အလိုလို ရှက်တာလိုလို ဘာလိုလို ဖြစ်သွားတတ်ကြတယ်။ ဒီရောဂါကြီး မဖြစ်ချင်ပါဘူးလို့လည်း တချို့က ဆိုကြသေးရဲ့။ ရောဂါဖြစ်လို့ ကုတော့မယ်ဆိုတာနဲ့ စပြီး ကိုယ့်အရှက်သိက္ခာကို လှစ်ဟပြရမယ့် ရောဂါကိုး။ အရှက်အကြောက်ကြီးတဲ့ လူတွေအတွက်တော့ ရှက်စရာပေကိုး။ တကယ်တော့ လိပ်ခေါင်းရောဂါဆိုတာက စအို ဒါမှမဟုတ် အူမကြီးရဲ့ အောက်ဘက်က သွေးပြန်ကြောတွေ ရောင်ရမ်းတဲ့ဝေဒနာဖြစ်ပါတယ်။ ဒီရောဂါဖြစ်စေရတဲ့ အဓိကအချက်ကတော့ ဝမ်းသွားရာမှာ အားစိုက်ညှစ်တာကြောင့်ပါ။ မဖြစ်ချင်ဘူးလို့ ဆိုပင်ဆိုငြားသော်လည်းပဲ အသက် ၅၀ ကျော်လူကြီးတွေရဲ့ ၅၀ ရာခိုင်နှုန်းလောက်ဟာ လိပ်ခေါင်းဝေဒနာ ခံစားနေရတတ်ပါတယ်။ အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်နိုင်ခြေ ရှိပါတယ်။ လိပ်ခေါင်းမှာ ယေဘုယျအားဖြင့် အတွင်းလိပ်ခေါင်းနဲ့ အပြင်လိပ်ခေါင်းဆိုပြီး ၂ မျိုးရှိပါတယ်။ အတွင်းလိပ်ခေါင်းက အူမကြီးအောက်ပိုင်းမှာဖြစ်တတ်ပြီး များသောအားဖြင့် နာကျင်မှု နည်းပါးပြီး သွေးထွက်နိုင်ပါတယ်။ အပြင်လိပ်ခေါင်းကတော့ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အစာခြေခြင်း အကြောင်းသိကောင်းစရာ

အစာစားခြင်းဟာ လူသားတို့အတွက် အခြေခံလိုအပ်ချက်ဖြစ်ပြီး အသက်ရှင်ရပ်တည်ရေးအတွက် စွမ်းအင်နဲ့ အာဟာရဓာတ်တွေ အထောက်အပံ့ပေးပါတယ်။ ယခုဆောင်းပါးမှာတော့ အစာစားပြီးချိန်မှာ အစာဘယ်လိုခြေသလဲ၊ ဘာတွေဆက်လက်လုပ်ဆောင်သလဲ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အစာခြေဖို့ ဘယ်လောက်ကြာသလဲ သင်စားသုံးလိုက်တဲ့ အစားအစာဟာ အစာအိမ်အူလမ်းကြောင်းတခုလုံးကို ဖြတ်သန်းသွားဖို့ ၂၄ နာရီကနေ ၇၂ နာရီထိ ကြာတတ်ပါတယ်။ သင်စားလိုက်တဲ့ အစားအစာအမျိုးအစားပေါ် မူတည်ပြီး ကွဲပြားပါတယ်။ ဒါ့အပြင် ကျား/မကွဲပြားခြင်း၊ ဇီဝဖြစ်ပျက်မှုနဲ့ အစာအိမ်အူလမ်းကြောင်းမှာ ပြဿနာ တစ်စုံတစ်ရာရှိမရှိဆိုတာပေါ် မူတည်ပါသေးတယ်။ စတင်စားသောက်ချိန်မှာ အစားအသောက်များဟာ အူလမ်းကြောင်းထဲကို လျင်မြန်စွာ ဝင်ရောက်နိုင်ပါတယ်။ ၆ နာရီကနေ ၈ နာရီအတွင်းမှာ အစာများဟာ အစာအိမ်၊ အူသိမ်နဲ့ အူမကို ဖြတ်သန်းသွားနိုင်ပါတယ်။ အူမထဲရောက်ရင်တော့ တစ်ဝက်တစ်ပျက်ချေဖျက်ပြီးသား အစားအစာများကို အပြီးတိုင်ချေဖျက်ဖို့ တစ်ရက်ခန့် အချိန်ယူပါတယ်။ ယေဘုယျအားဖြင့် အစာအိမ်အတွင်း အစာခြေချိန်ဟာ ၂နာရီမှ […]


ဝမ်းပျက်ဝမ်းလျှောခြင်း

ဝမ်းလျှောခြင်းအကြောင်း တစေ့တစောင်း

ဗိုက်ထဲက ရစ်ရစ်ပြီးနာတယ်၊ ဝမ်းသွားနေတာ ခဏခဏပဲ။ ဝမ်းကလည်း သွားလိုက်တိုင်း အရည်တွေ ဖြစ်နေတယ်။ ခြေလက်တွေတောင် မသယ်ချင်တော့ဘူး။ အာခေါင်တွေပါ ခြောက်လာတယ်ဆိုရင်တော့ သင်ဝမ်းလျှောနေပါပြီ။ ဝမ်းလျှောခြင်း ဆိုတာ ဝမ်းလျှောတယ်ဆိုတာက ဝမ်းအရည်တွေ ခဏခဏ သွားတာပါ။ ဝမ်းလျှောနေပြီဆိုရင် တစ်နေ့တာမှာ ဝမ်းအရည်တွေ ၃ ကြိမ် ဒါမှမဟုတ် ၃ ကြိမ်နဲ့ အထက် သွားတာမျိုး ခံစားရနိုင်ပါတယ်။ ဝမ်းလျှောတာက လူတော်တော်များများ ခံစားရနိုင်တဲ့ ကျန်းမာရေး ကိစ္စ တစ်ရပ်ပါ။ ကံကောင်းတာ တစ်ချက်က သာမန် ဝမ်းလျှောတာက ၂ ရက် ကနေ ၃ ရက်အတွင်းမှာ သူ့အလိုလို ပျောက်သွားတတ်ပါတယ်။ တကယ်လို့ ဝမ်းလျှောတာက ၃ ရက်နဲ့အထက် ကြာနေပြီဆိုရင်တော့ ပြင်းထန်တဲ့ အခြေအနေတစ်ရပ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ ဝမ်းလျှောတာက ၄ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ဘာလို့ အူကျရတာလဲ။ ဘယ်လိုကုသကြမလဲ။

အူကျတယ်ဆိုတာ ခန္ဓာကိုယ်ထဲက ကလီစာတစ်ခုခု (ဥပမာ အူဖြစ်ဖြစ် ) အပြင်ကို ကျွံထွက်လာတာပါ။ အထူးသဖြင့် ဝမ်းဗိုက်ရဲ့ အားနည်းတဲ့ အပိုင်းကနေပေါ့။ အူကျတာက ဘာလက္ခဏာမှ မပြဘဲ ဒီတိုင်း ဖောင်းရုံလေးပဲ ဖြစ်နိုင်သလို တစ်ခါတလေ အရေးပေါ် ခွဲစိတ်ရမယ့် အခြေအနေမျိုးလည်း ရှိနိုင်ပါတယ်။ အူကျတာက လူတိုင်းသိတဲ့ ကပ္ပာယ်အိတ်ထဲကို အူကျတာ အပါအဝင် ပေါင်ခြံကနေ အူကျတာ၊ ချက်ပတ်လည်ကနေ အူကျတာ၊ အရင်ဗိုက်ခွဲထားတဲ့ နေရာကနေ အူကျတာ အမျိုးမျိုး ရှိနိုင်ပါတယ်။ အူကျတာရဲ့ အဓိက ကုသမှုကတော့ ခွဲစိတ်တဲ့ နည်းလမ်းပါပဲ။ ဒီဆောင်းပါးမှာ အူကျရင် ဘယ်လို ခံစားရမှာလဲ။ ဘယ်လိုနည်းလမ်းတွေနဲ့ ခွဲစိတ်ကုသလို့ ရလဲဆိုတာ ပြောပြပေးသွားပါမယ်။ အူကျခြင်း အမျိုးအစားများ ခန္ဓာကိုယ်ရဲ့ တစ်နေရာရာမှာ အားနည်းတဲ့နေရာ weak point […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အန်တဲ့အခါ ဝမ်းသွားတဲ့အခါ သွေးပါခြင်း

အန်တဲ့အခါ သွေးပါတာ၊ ကော်ဖီရောင်အန်တာ၊ ဝမ်းသွားတဲ့အခါ သွေးပါတာ၊ ကတ္တရာစေးလို ဝမ်းမည်းမည်းတွေသွားတာက အစာအိမ်နဲ့ အူလမ်းကြောင်း တစ်နေရာရာမှာ သွေးယိုနေတဲ့ လက္ခဏာပါ။ ဒါပေမယ့် သိပ်မစိုးရိမ်ပါနဲ့လို့ ပြောပါရစေ။ အကြောင်းကတော့ ဆေးပညာတွေ တိုးတက်နေတဲ့ ဒီလိုအချိန်မှာ အချိန်မီသာသိမယ်ဆိုရင် ကုသလို့ နည်းလမ်းတွေ အများကြီး ရှိနေလို့ပါ။  အစာခြေစနစ်မှာ သွေးထွက်ရတဲ့ အကြောင်းအရင်းများ။ အစာခြေစနစ် အပေါ်ပိုင်းမှာ သွေးထွက်တဲ့အခါ အန်ရင် သွေးပါတာမျိုး ဖြစ်စေနိုင်ပြီး အစာခြေစနစ် အောက်ပိုင်းမှာ သွေးထွက်တဲ့အခါ ဝမ်းသွားရင် သွေးပါတာမျိုး ဖြစ်နိုင်ပါတယ်။ အစာခြေစနစ် အထက်ပိုင်းမှာ သွေးထွက်ရတဲ့ အကြောင်းအရင်း Peptic ulcer (အစာအိမ် အနာ)  အစာရေမျိုနံရံ စုတ်ပြဲတာ အစာရေမျိုသွေးပြန်ကြော ကြီးနေတာ  အစာရေမျို ရောင်ရမ်းခြင်း အစာခြေစနစ် အောက်ပိုင်းမှာ သွေးထွက်ရတဲ့ အကြောင်းအရင်း Diverticular disease […]


အသည်းရောဂါများ

အရက်မသောက်ပဲအသည်းအဆီဖုံးတာကို ဘယ်လိုတိုက်ထုတ်မလဲ

အသည်းအဆီဖုံးတယ်ဆိုတဲ့ရောဂါဟာ အရက်ကြောင့်ဖြစ်တာလို့ လူသိများပါတယ်။ ဒါပေမယ့် အရက်တစ်ခုတည်းက အသည်းအဆီဖုံးစေတာမဟုတ်ပါဘူး။ ယေဘုယျအားဖြင့် အသည်းအဆီဖုံးတဲ့ ပြဿနာက လူတိုင်းနီးပါးမှာ ရှိနေတတ်ပြီး လက္ခဏာသိပ်မပြတတ်တဲ့ ရောဂါတစ်ခုပါ။ အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးခြင်း (Non-alcoholic Fatty Liver Disease - NAFLD) ဆိုတာကတော့ အရက်ကြောင့်မဟုတ်ပဲ အခြားအကြောင်းအရာတွေကြောင့် ဖြစ်ရတဲ့ အသည်းအဆီဖုံးခြင်းပါ။ တကယ်တမ်း အသည်းအဆီဖုံးတယ်ဆိုတာက အသည်းဆဲလ်တွေကြားထဲမှာ အဆီဆဲလ်တွေ အများကြီးရောက်နေတဲ့ ပြဿနာပါ။ သူ့ကြောင့် အသည်းရောင်လာပြီး သေချာမကုသတဲ့အခါ နောက်ပိုင်း တဖြည်းဖြည်း ကုသလို့မရတဲ့ ထိခိုက်မှုမျိုး အသည်းမှာ ဖြစ်သွားတတ်ပါတယ်။ အသည်းအဆီဖုံးတာကို သေချာမကုသရင် နောက်ပိုင်း အသည်းခြောက်တာနဲ့ အသည်းပျက်စီးတာတွေ ဆက်ဖြစ်သွားနိုင်ပါတယ်။ အကြမ်းဖျဉ်းအားဖြင့် အောက်ပါလူတွေမှာ အသည်းအဆီဖုံးနိုင်ပါတယ်။ အသက် ၄၀-၅၀ ကျော်အရွယ် လူကြီးတွေ အဝလွန် နေတဲ့သူတွေ အမျိုးအစား-၂ ဆီးချို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း