အမျိုးအစား (၂) ဆီးချို

အမျိုးအစား (၂) ဆီးချို ရောဂါနဲ့ ပတ်သက်ပြီး ကုသမှုတွေ၊ စားသောက်မှု ပုံစံနဲ့ ဆောင်ရန် ရှောင်ရန်တွေကို လေ့လာသိရှိနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ် ထိန်းပေးမယ့် စားစရာများ

ဆီးချို ရှိနေမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့နဲ့ စားသောက်မှုပုံစံ မှန်ကန်စေဖို့အတွက် စီမံရတာ ဘယ်လောက်ခက်တယ်ဆိုတာကို သိထားပြီး ဖြစ်မှာပါ။ အစားအစာတွေထဲမှာ အချို့သော အစားအစာတွေက သွေးချိုတက်စေနိုင်ပြီး အချို့သော အစားအစာတွေက သွေးတွင်းသကြားဓာတ်ကို ထိန်ညှိပေးနိုင်ပါတယ်။ နားလည်လွယ်အောင် ပြောပြရရင် သွေးချို ကျစေတယ်ပေါ့။ ဒါပေမယ့် ဘယ်အစားအစာတွေက သွေးချိုတက်စေပြီး ဘယ်အစားအစာတွေက သွေးချိုကျစေလဲဆိုတာကို သေသေချာချာ သိရှိသူကတော့ ခပ်ရှားရှားပါ။ ဒီအချက်ကို တိတိကျကျ ပြောနိုင်ဖို့ နှစ်ပေါင်းများစွာ လေ့လာမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ သိပ္ပံနည်းကျ လေ့လာမှုတွေကနေ သိရှိလာခဲ့တဲ့ ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ် ထိန်းပေးမယ့် စားစရာများ အကြောင်းကို နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ ဆီးချိုဆိုတာ ဆီးချို ဖြစ်နေပြီဆိုရင် သွေးတွင်းဂလူးကို့စ် ဒါမှမဟုတ် သွေးတွင်းသကြားဓာတ်က ပုံမှန်ထက် တော်တော်လေး မြင့်နေမှာပါ။ ဂလူးကို့စ်တွေက စားလိုက်တဲ့ အစားအစာတွေကနေတဆင့် […]

အမျိုးအစား (၂) ဆီးချို ကို ရှာဖွေမည်။

အမျိုးအစား (၂) ဆီးချို

မျက်ကွင်းညိုခြင်းကို သက်သာစေဖို့ အသုံးပြုနိုင်သော အစားအစာများ

အဓိပ္ပါယ်ဖွင့်ဆိုချက်မျက်လုံးအောက်မှာ ရှိတဲ့ အညိုရောင် နေရာကို “dark circles” (မျက်ကွင်းညိုခြင်း) လို့ခေါ်ပါတယ်။ ယောက်ျားရော မိန်းမရောမှာ မျက်ကွင်းညိုခြင်းဟာ သူတို့ရဲ့ ရုပ်ပန်းသွင်ပြင်ကို အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။ စိတ်ဖိစီးမှု၊ အိပ်ရာထ နောက်ကျခြင်း၊ မျိုးရိုး၊ နေရောင်ခြည် ထိတွေ့ခြင်းနဲ့ ကွန်ပျူတာနဲ့ အလုပ်လုပ်ခြင်းအပါအဝင် မျက်ကွင်းညိုခြင်းကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းရာများစွာရှိပါတယ်။ မျက်ကွင်းညိုခြင်းကို ကုသဖို့အတွက် အလှပြင်ပစ္စည်းတွေ၊ ဓါတုပစ္စည်းတွေနဲ့ သဘာဝ ကုသမှုတွေကို အသုံးပြုနိုင်ပါတယ်။ အခြေခံအစားအစာများမျက်ကွင်းညိုခြင်းကို ကုသဖို့အတွက် ဈေးကြီးတဲ့ ကုသမှုတွေသာမက အခြေခံကျတဲ့ အစားအစာတွေကိုလဲ သုံးစွဲနိုင်ပါတယ်။ ထိုအစားအစာတွေကို မီးဖိုချောင်မှာ အလွယ်တကူတွေ့ရှိနိုင်ပြီးတော့ ဈေးလည်း သက်သာပါတယ်။ ၁။ ခရမ်းချဉ်သီး ခရမ်းချဉ်သီးမှာ မျက်ကွင်းညိုခြင်းကို ကုသဖို့ အရေးကြီးတဲ့ အာဟာရဓါတ်တစ်ခုဖြစ်တဲ့ ဗီတာမင်အေ ပါဝင်ပါတယ်။ ဗီတာမင်အေဟာ မျက်ကွင်းညိုခြင်းကိုဖြစ်စေတဲ့ မျက်စိရောဂါတွေဖြစ်တဲ့ မျက်လုံးခြောက်သွေ့ခြင်း […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရောဂါဖြစ်နိုင်ချေကို လျော့ချပေးသော အစားအစာများ

ဆီးချိုရောဂါကိုထိန်းချုပ်ခြင်း ဆီးချိုရောဂါကိုကာကွယ်ထိန်းချုပ်နိုင်ရန် အရေးပါဆုံးမှာကိုယ်အလေးချိန်လျော့ချရ်ဖြစ်သည်။ ရှိပြီး ခန္ဓါကိုယ်အလေးချိန် ၅% မှ ၁၀% တို့ကိုလျော့ချနိုင်ပါကသွေးတွင်းသကြားဓါတ်ကိုထိန်းချုပ်ရာတွင် အထောက်အကူပြုပြီးသွေးပေါင်ချိန်နှင့် သွေးတွင်းအဆီဓါတ်ကိုလည်းလျော့ကျစေပါသည်။ ကိုယ်အလေးချိန် လျော့ချခြင်းနှင့် ကျန်းမာစွာစားသုံးခြင်းသည် သင်၏စိတ်၊ စွမ်းဆောင်ရည်နှင့် နေထိုင်ကောင်းမှုအပေါ် အကျိုးသက်ရောက်မှု ရှိပါသည်။ သင့်တွင် ဆီးချိုရောဂါဖြစ်နေစေဦးတော့ ကောင်းသောပြောင်းလဲခြင်းပြုလုပ်ရန် နောက်မကျသေးပါ။ သင့်ကျန်းမာရေးအတွက် သင်ပြုလုပ်ရမည့်အရာသည် သင်တွေးထင်ထားသလောက် မခက်ခဲပါ။ ဝမ်းဗိုက်အဆီကို စောင့်ကြည့်ခြင်း ခန္ဓါကိုယ်ရှိအဆီသည် နေရာလိုက်၍ ကွဲပြားမှုရှိသည်။ ဝမ်းဗိုက်ရှိအဆီများလျှင် ထိုအဆီက ဝမ်းဗိုက်အတွင်း ကလီစာများနှင့် အသည်းတို့ကိုဖုံးအုပ်ထားသည့်အတွက် အခြားပေါင်၊ တင်ပါးတို့မှ အဆီနှင့်မတူပဲဆီးချိုရောဂါဖြစ်နိုင်ခြေကိုတိုးမြင့်စေသည်။ ထိုမှတစ်ဆင့် အင်ဆူလင်ဟော်မုန်းကိုတုန့်ပြန်မှုလျော့ကျလာပြီးဆီးချိုရောဂါကို ဖြစ်စေနိုင်သည်။ အမျိုးသမီးတစ်ဦးအတွက် ခါး( လုံးပတ် ) ၃၅ လက်မနှင့်အထက်ရှိလျှင်၊ အမျိုးသားတစ်ဦးအတွက် ခါး ( လုံးပတ် ) ၄၀ လက်မနှင့် အထက်ရှိလျှင် ရောဂါဖြစ်နိုင်ခြေရှိပါသည်။ ဆိုဒါပါသောအချိုရည်များ၊ အားဖြည့်အချိုရည်များ၊ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုကြောင့် သွေးအတွင်းသကြားဓါတ်နည်းခြင်း

သွေးအတွင်းသကြားဓါတ်နည်းခြင်းဆိုတာဟာကိုယ်ခန္ဓါထဲကသကြားဓါတ်ဟာ 70mg/dl အောက်ကိုအများကြီးလျော့နည်းသွားတာပါ။ အဲဒီအတိုင်းအတာ သို့မဟုတ် အဲဒီအောက်ထက် လျော့နည်းမယ်ဆိုရင် ဆိုးရွားတဲ့ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ဆေးပညာမှာတော့ သွေးတွင်းသကြားဓါတ်လျော့နည်းခြင်းကို hypoglycemia လို့ ခေါ်ပါတယ်။     Hypoglycemia ဆိုတာဘာလဲ Hypoglycemia ဆိုတာသွေးထဲမှာရှိတဲ့ ဂလူးကို့စ် ဓါတ်ဟာပုံမှန်ထက်လျော့ကျသွားတဲ့အခါ ဖြစ်လာတတ်တဲ့ သွေးတွင်းသကြားဓါတ်နည်းခြင်းသို့မဟုတ် သွေးတွင်းဂလူးကို့စ်ဓါတ်နည်းခြင်းပါပဲ။ Hypoglycemia ဟာရုတ်တရက် ဖြစ်တတ်ပါတယ်။ များသောအားဖြင့် မစိုးရိမ်ရပါဘူး။ သကြားဓါတ် ကြွယ်ဝသော အစားအသောက်တစ်ခုခုကို မြန်မြန်စားခြင်း ဖြင့် အလွယ်တကူကုသနိုင်ပါတယ်။ မကုဘဲနေရင်တော့ hypoglycemia ဟာပိုဆိုးလာပြီးသတိလွတ်တတ်ခြင်း၊ လှုပ်ရှားသွားလာခက်ခဲခြင်း၊ သတိလစ်သွားခြင်းစတဲ့ အခြေအနေတွေ ဖြစ်စေတတ်ပါတယ်။ Hypoglycemia အရမ်းဆိုးသွားရင် တက်ခြင်း၊ ကြာမြင့်စွာသတိမေ့မျောသွားခြင်းအပြင် အသက်အန္တရာယ်နဲ့ပါ ရင်ဆိုင်နိုင်ပါတယ်။     Hypoglycemia ဘာကြောင့်ရတတ်သလဲ Hypoglycemia ဘာကြောင့်ရတတ်သလဲသိမထားခင် ကိုယ်တွင်းမှာဂလူးကို့စ်ရဲ့ ဇီဝဖြစ်ပျက်မှု ပြုလုပ်ပုံကိုသိသင့်ပါတယ်။     ဂလူးကို့စ်၏ ဇီဝဖြစ်ပျက်မှု ဂလူးကို့စ်ဟာကိုယ်ခန္ဓါအတွက် အရေးကြီးတဲ့ စွမ်းအင်ရင်းမြစ်ဖြစ်ပြီးအစားအစာကနေရရှိပါတယ်။ ကစီဓါတ်ဟာဂလူးကို့စ်အတွက် အဓိကရင်းမြစ်ပါပဲ။ ကစီဓါတ်များတဲ့ အစားအစာတွေကတော့ ဆန်၊ အာလူး၊ […]


အမျိုးအစား (၂) ဆီးချို

Diabetes Mellitus Type 2 (ဆီးချိုသွေးချို အမျိုးအစား (၂))

အဓိပ္ပါယ်ဖွင့်ဆိုချက်Diabetes Mellitus Type 2 (ဆီးချိုသွေးချို အမျိုးအစား (၂)) ကဘာလဲ။ ဆီးချိုအမျိုးအစား၂ဆိုသည်မှာခန္ဓါကိုယ်ကသကြား(ဂလူးကို့စ်) ဓါတ်ကိုချေဖျက်သောလုပ်ငန်းစဉ်ကိုထိခိုက်စေသောနာတာရှည် အခြေအနေတစ်ခုဖြစ်ပါသည်။ ဆီးချို အမျိုးအစား ၂ ရှိပါကသင်၏ ခန္ဓါကိုယ်သည် ကိုယ်တွင်းသကြားပမာဏကိုထိန်းညိပေးသောဟော်မုန်းတစ်မျိုးဖြစ်သည့် အင်ဆူလင်ကိုခုခံတွန်းလှန်ခြင်း (သို့)ပုံမှန်သကြားပမာဏကိုထိန်းပေးဖို့လုံလောက်တဲ့အင်ဆူလင်ပမာဏကိုမထုတ်လုပ်နိုင်ခြင်း ဖြစ်နေပါသည်။ ဆီးချိုအမျိုးအစား ၂ ကိုပျောက်ကင်းအောင် ကုသနိုင်ခြင်းမရှိသေးသော်လည်းအစာကောင်းစွာစားခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း နှင့် ကိုယ်အလေးချိန်ထိန်းခြင်းဖြင့် ရောဂါ အခြေအနေကိုထိန်းချုပ်နိုင်ပါသည်။ လေ့ကျင့်ခန်းနှင့် အစားအသောက် က သွေးတွင်းသကြားကိုမထိန်းသိမ်းနိုင်ပါကဆီးချိုဆေးသောက်ခြင်း(သို့)အင်ဆူလင်ဆေးထိုးဖို့လိုအပ်ပါမည်။ Diabetes Mellitus Type 2 (ဆီးချိုသွေးချို အမျိုးအစား (၂)) က ဘယ်လောက်အဖြစ်များသလဲ ဆီးချိုအမျိုးအစား ၂ သည် အရွယ်ရောက်ပြီးသူများတွင် အဖြစ်များပါသည်။ သို့သော် ကလေးများတွင်လည်းအဝလွန်ခြင်းကြောင့်ရောဂါ ဖြစ်ပွားမှု တိုးမြင့်လာပြီဖြစ်သည်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့အစည်းမှ အောက်ပါအချက်များကိုထုတ်ပြန်ထားပါသည်။ ၂၀၁၄ ခုနစ် ကမ္ဘာလုံးဆိုင်ရာဆီးချိုဖြစ်ပွားမှုသည် အရွယ်ရောက်ပြီးသူများ၏ ၉ ရာခိုင်နှုန်း […]


အမျိုးအစား (၂) ဆီးချို

Hypoglycemia (သွေးတွင်း သကြားဓါတ်လျော့နည်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hypoglycemia (သွေးတွင်း သကြားဓါတ်လျော့နည်းခြင်း) ကဘာလဲ။ သွေးထဲတွင် ဂလူးကို့စ် သို့မဟုတ် သကြားဓါတ် နည်းခြင်းသည် သွေးထဲသကြားဓါတ်များပုံမှန် ပမာဏအောက် နည်းပါးသွားသောအခါတွင် ဖြစ်ပွားပါသည်။ ခန္ဓါကိုယ်အတွက် စွမ်းအင် ရင်းမြစ် ဖြစ်သောဂလူးကို့စ် သကြားကိုအစားအစာ မှ ရရှိပါသည်။ ကာဗွန်ဟိုက်ဒရိတ် သည် ဂလူးကို့စ် ၏ အစားအစာမှရသောအဓိကရင်းမြစ်ဖြစ်ပါသည်။ ထမင်း၊ အာလူး၊ ပေါင်မုန့်၊ ပြောင်းမုံ့ ညက်ဖြင့် လုပ်ထားသောမုန့်၊ ကောက်ပဲသီးနှံများ၊ နို့၊ သစ်သီးများ နှင့် သကြားလုံးများသည် ကာဗွန်ဟိုက်ဒရိတ် ကြွယ်ဝသောအစားအစာများဖြစ်ပါသည်။ သရက်ရွက်သည် သွေးထဲသကြားကိုထိန်းချုပ်ရာတွင် အရေးပါသောအခန်းမှ ပါဝင်ပါသည်။ သရက်ရွက်မှ ပြုလုပ်သောအင်စူလင် ဟော်မုန်းသည် ဆဲလ်များစွမ်းအင်ထုတ်ရန် အတွက် ဂလူးကို့စ် သုံးရာတွင် ကူညီပေးပြီးသွေးထဲဂလူးကို့စ် ကိုလျော့ကျစေပါသည်။ သွေးထဲဂလူးကို့စ် ပမာဏကိုထိန်းချုပ်ရာတွင် အရေးပါသောအခြားဟော်မုန်းတစ်မျိုးမှာ glucagon ဖြစ်ပြီးသွေးထဲသကြားပမာဏကိုများစေပါသည်။ သရက်ရွက်မှ လုံလောက်သော glucagon […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း