အမျိုးအစား (၂) ဆီးချို

အမျိုးအစား (၂) ဆီးချို ရောဂါနဲ့ ပတ်သက်ပြီး ကုသမှုတွေ၊ စားသောက်မှု ပုံစံနဲ့ ဆောင်ရန် ရှောင်ရန်တွေကို လေ့လာသိရှိနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ် ထိန်းပေးမယ့် စားစရာများ

ဆီးချို ရှိနေမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့နဲ့ စားသောက်မှုပုံစံ မှန်ကန်စေဖို့အတွက် စီမံရတာ ဘယ်လောက်ခက်တယ်ဆိုတာကို သိထားပြီး ဖြစ်မှာပါ။ အစားအစာတွေထဲမှာ အချို့သော အစားအစာတွေက သွေးချိုတက်စေနိုင်ပြီး အချို့သော အစားအစာတွေက သွေးတွင်းသကြားဓာတ်ကို ထိန်ညှိပေးနိုင်ပါတယ်။ နားလည်လွယ်အောင် ပြောပြရရင် သွေးချို ကျစေတယ်ပေါ့။ ဒါပေမယ့် ဘယ်အစားအစာတွေက သွေးချိုတက်စေပြီး ဘယ်အစားအစာတွေက သွေးချိုကျစေလဲဆိုတာကို သေသေချာချာ သိရှိသူကတော့ ခပ်ရှားရှားပါ။ ဒီအချက်ကို တိတိကျကျ ပြောနိုင်ဖို့ နှစ်ပေါင်းများစွာ လေ့လာမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ သိပ္ပံနည်းကျ လေ့လာမှုတွေကနေ သိရှိလာခဲ့တဲ့ ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ် ထိန်းပေးမယ့် စားစရာများ အကြောင်းကို နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ ဆီးချိုဆိုတာ ဆီးချို ဖြစ်နေပြီဆိုရင် သွေးတွင်းဂလူးကို့စ် ဒါမှမဟုတ် သွေးတွင်းသကြားဓာတ်က ပုံမှန်ထက် တော်တော်လေး မြင့်နေမှာပါ။ ဂလူးကို့စ်တွေက စားလိုက်တဲ့ အစားအစာတွေကနေတဆင့် […]

အမျိုးအစား (၂) ဆီးချို ကို ရှာဖွေမည်။

အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိလာနိုင်တဲ့အန္တရာယ်တွေ ကိုယ့်မှာရှိနေပြီလား

ဆီးချိုရှိလာနိုင်တဲ့အန္တရာယ်တွေ ကိုယ့်မှာရှိနေပြီလား ဆီးချိုရောဂါဆိုတာ သွေးတွင်းသကြားဓါတ် မြင့်မားခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ရောဂါဖြစ်ပါတယ်။ သွေးတွင်းသကြားဓါတ်ဟာ ခန္ဓါကိုယ်ရဲ့အဓိကခွန်အားအရင်းအမြစ်ဖြစ်ပြီး ကိုယ်စားလိုက်တဲ့ အာဟာရကနေ ရရှိတာဖြစ်ပါတယ်။ ပန်ကိရိယကနေထုတ်ပေးတဲ့ အင်ဆူလင်က အစားအစာကရတဲ့ သကြားဓါတ်ကို စွမ်းအင်အဖြစ်အသုံးပြုနိုင်ဖို့ဆဲလ်တွေဆီရောက်ရှိအောင် ထောက်ကူပေးပါတယ်။ တခါတရံမှာတော့ ခန္ဓါကိုယ်မှာ အင်ဆူလင်အလုံအလောက်မရှိတာ ဒါမှမဟုတ် အင်ဆူလင်လုပ်ဆောင်ချက်မကောင်းတော့တာ ရှိနိုင်ပါတယ်။ အဲဒီအခါ သကြားဓါတ်က သွေးထဲမှာပဲကျန်ရှိနေပြီး ဆဲလ်တွေဆီမရောက်နိုင်တော့ဘဲ ဆီးချိုဖြစ်လာပါတယ်။ အဖြစ်များဆုံးဆီးချိုရောဂါအမျိုးအစားတွေကတော့ အမျိုးအစား ၁ ၊ အမျိုးအစား ၂နဲ့ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ တို့ဖြစ်ပါတယ်။ အမျိုးအစား ၁ ဆီးချိုရောဂါ - အမျိုးအစား ၁ ဆီးချိုရောဂါဖြစ်ရင် ခန္ဓါကိုယ်က အင်ဆူလင်ထုတ်မပေးတော့ပါဘူး။ အင်ဆူလင်ထုတ်ပေးတဲ့ ပန်ကရိယအတွင်းကဆဲလ်တွေကို ကိုယ်ခံအားက ပြန်တိုက်ခိုက်ပြီးဖျက်ဆီးပစ်ပါတယ်။ ပုံမှန်အားဖြင့် အမျိုးအစား ၁ ဆီးချိုရောဂါကိုကလေးတွေနဲ့ လူငယ်ပိုင်းတွေမှာတွေ့ရလေ့ရှိပါတယ်။ ဒီအမျိုးအစားရှိသူတွေက နေ့တိုင်း အင်ဆူလင်ထိုးပေးဖို့ လိုပါတယ်။ အမျိုးအစား […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရောဂါကြိုတင်ကာကွယ်နိုင်မယ့် နေထိုင်မှုပုံစံပြောင်းလဲမှု (၈) ချက်

ဆီးချိုရောဂါကြိုတင်ကာကွယ်နိုင်မယ့် နေထိုင်မှုပုံစံပြောင်းလဲမှု (၈) ချက် ဆီးချိုရောဂါ ကြိုတင်ကာကွယ်တယ်ဆိုတာ ကျန်းမာရေးနဲ့ညီညွတ်တာတွေ ပိုစားသုံးတာ၊ ပိုပြီးလှုပ်ရှားတက်ကြွစွာ နေထိုင်တာ၊ ကိုယ်အလေးချိန်နည်းနည်းလျှော့ချလိုက်တာ၊ စတဲ့အခြေခံနည်းလမ်းတွေပါပဲ။ အခုမှလုပ်လို့ နောက်ကျတယ်ဆိုတာမရှိပါဘူး။ ကိုယ့်ရဲ့နေထိုင်မှုပုံစံမှာ ရိုးရှင်းတဲ့အပြောင်းအလဲလေးတွေ လုပ်လိုက်ရုံနဲ့ ကိုယ့်ဘဝတလျှောက်မှာ အာရုံကြော၊ ကျောက်ကပ်နဲ့နှလုံးထိခိုက်ပျက်စီးမှုတို့လို ဆီးချိုရောဂါရဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်မလာအောင် ရှောင်ရှားနိုင်မှာပါ။ ဆီးချိုဖြစ်လာနိုင်ခြေကို လျော့နည်းစေမယ့် အလွယ်ကူဆုံး နည်းလမ်း ၇ ခုကတော့ -   ခန္ဓါကိုယ်ရဲ့အဆီပိုတွေကိုလျှော့ချပါ - ကိုယ်အလေးချိန်များနေပြီ (ဝနေပြီ)ဆိုရင် ဆီးချိုဖြစ်လာတော့မယ့် အန္တရာယ် ကြီးနေပါပြီ။ ဒါ့ကြောင့် ကိုယ်အလေးချိန် ၂.၂ ပေါင်(တစ်ကီလို)လောက် ကျသွားတဲ့အခါတိုင်း ဆီးချိုဖြစ်နိုင်ခြေက ၁၆ ရာခိုင်နှုန်းလျော့နည်းစေပါတယ်။ ကိုယ်အလေးချိန်လျှော့ချခြင်းက ဆီးချိုရောဂါဖြစ်နိုင်တဲ့ အန္တရာယ်ကို လျှော့ချပေးနိုင်တဲ့အပြင် အစပျိုးလက္ခဏာတွေ ဒါမှမဟုတ် အမျိုးအစား ၂ ဆီးချိုရောဂါရှိနေပြီးသား လူတွေအတွက်လည်း သွေးတွင်းသကြားဓါတ်ကို ထိန်းသိမ်းနိုင်မယ့် […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုဝေဒနာရှင်တွေအတွက်အကောင်းဆုံးသောလေ့ကျင့်ခန်း ၅ မျိုး

ဆီးချိုဝေဒနာရှင်တွေအတွက်အကောင်းဆုံးသောလေ့ကျင့်ခန်း ၅ မျိုး တကယ်လို့ သင့်မှာ ဆီးချိုရောဂါရှိနေတယ်ဆိုရင် လေ့ကျင့်ခန်းလုပ်ကြည့်ဖို့ တိုက်တွန်းပါရစေ။ အံ့အားသင့်လောက်တဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိမှာဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းက စိတ်ဖိစီးမှုကျဆင်းစေသလို သွေးတွင်းသကြားဓါတ်ပမာဏကို ကျဆင်းစေပါတယ်။ ဆီးချိုဝေဒနာရှင်တွေအတွက်ကျန်းမာရေးအကျိုးကျေးဇူးတွေရရှိနိုင်တဲ့ လေ့ကျင့်ခန်းအများကြီးရှိပါတယ်။ ခပ်သွက်သွက်လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ကခြင်း၊အေရိုးဗစ်ကစားခြင်း၊ရေကူးတာ ဒါမှမဟုတ် ရေထဲမှာ ကစားရတဲ့ အေရိုးဗစ် (water aerobics) ကစားခြင်း၊တင်းနစ်ရိုက်ခြင်း၊လှေကားတက်ခြင်း၊ရွရွလေး ပြေးခြင်း၊ တောင်တက်ခြင်း၊လှေလှော်ခြင်း၊ ရေခဲပြင်စကိတ်စီးခြင်း၊စကိတ်စီးခြင်းနဲ့ဥယျာဉ်စိုက်ပျိုးခြင်းတွေလုပ်ဆောင် ပေးနိုင်ပါတယ်။ အဲဒီထဲကမှ ဆီးချိုဝေဒနာရှင်တွေအတွက်အကောင်းဆုံးလေ့ကျင့်ခန်း ၅ ခုကိုအကြံပြုရရင်တော့-   လမ်းလျှောက်ခြင်း- လမ်းလျှောက်တာကနေရာမရွေးလုပ်ဆောင်နိုင်ပြီး ဆီးချိုဝေဒနာသည်တွေအတွက် အကောင်းဆုံးသော လေ့ကျင့်ခန်းတစ်ရပ်ပဲဖြစ်ပါတယ်။ တစ်နေ့ကို မိနစ် ၃၀ ကနေ ၁ နာရီလောက်အထိ တစ်ပတ်ကို ၃ ကြိမ်လောက်လမ်းလျှောက်ပေးသင့်ပါတယ်။   ထိုက်ကျိကစားခြင်း - ထိုက်ကျိကစားပေးတာက ခန္ဓါကိုယ်လှုပ်ရှားမှုကို အဆင်ပြေချောမွေ့စေပြီး စိတ်ရော၊ ခန္ဓါကိုယ်ကိုပါအနားရစေပါတယ်။ ထိုက်ကျိကစားခြင်းက သွေးတွင်းသကြားဓါတ်ထိန်းချုပ်မှုကို သိသိသာသာ တိုးတက်ကောင်းမွန်စေပြီး တက်ကြွလန်းဆန်းစေသလိုစွမ်းအင်နဲ့စိတ်ကျန်းမာရေးကိုတိုးတက်ကောင်းမွန်စေပါ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရောဂါလက္ခဏာရပ်တွေအကြောင်းသိကောင်းစရာ

ဆီးချိုရောဂါလက္ခဏာရပ်တွေအကြောင်းသိကောင်းစရာ ဆီးချိုရောဂါရဲ့ အစောဆုံးလက္ခဏာရပ်တွေကသွေးတွင်းသကြားဓါတ်တစ်မျိုးဖြစ်တဲ့ ဂလူးကို့စ်ပမာဏက ပုံမှန်ထက်မြင့်တက်နေတာပဲဖြစ်ပါတယ်။ ဆီးချိုရောဂါဖြစ်ကာစလက္ခဏာတွေက သိပ်မသိသာတာကြောင့် အမှုမဲ့အမှတ်မဲ့ဖြစ်နေတတ်ကြပါတယ်။ အချို့သူတွေမှာဆိုရင် အချိန်ကြာလာတာနဲ့အမျှ ခန္ဓါကိုယ်မှာ ထိခိုက်ယိုယွင်းတာတွေဖြစ်လာတဲ့အခါမှ ဆီးချိုရောဂါခံစားနေရတာကိုသိသွားတာမျိုးလည်းရှိပါတယ်။ အမျိုးအစား-၁ ဆီးချိုရောဂါမှာတော့လက္ခဏာရပ်တွေဖြစ်ပေါ်မှုက မြန်ဆန်လေ့ရှိပြီးတော်တော်လေးလည်း ပြင်းထန်တတ်ပါတယ်။ ရက်ပိုင်းအတွင်း ဒါမှမဟုတ်ရင် သီတင်းပတ်အနည်းငယ်အတွင်းမှာ ရောဂါလက္ခဏာတွေ ကိုသိရတာမျိုးတွေလည်းရှိပါတယ်။ အမျိုးအစား-၁ ဆီးချိုရောဂါခံစားနေရသူအများစုဟာ ကလေးအရွယ်နဲ့အရွယ်ရောက်စမှာကတည်းက ရောဂါခံစားနေရတာကိုသိရှိနိုင်ပြီးရောဂါလက္ခဏာတွေက အရွယ်သုံးပါးစလုံးမှာအတူတူပဲဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူတွေမှာတော့ ကလေးငယ်တွေလိုမျိုးရောဂါခံစားနေရမှုကိုမြန်မြန်ဆန်ဆန် အတည်မပြုနိုင်ပါဘူး။   အတွေ့များတဲ့ရောဂါလက္ခဏာရပ်တွေ ဆီးချိုရောဂါအမျိုးအစား၂ရပ်စလုံးမှာ ရောဂါခံစားနေရတယ်လို့သိရှိနိုင်တဲ့အချက်အချို့ကခပ်ဆင်ဆင် ဖြစ်နေတတ်ပါတယ်။ ဆာလောင်ခြင်းနဲ့ပင်ပန်းနွမ်းလျခြင်း - ခန္ဓါကိုယ်က စားသုံးလိုက်တဲ့အစားအသောက်တွေကို ဆဲလ်တွေက စွမ်းအင်အနေနဲ့ အသုံးပြုနိုင်မယ့် ဂလူးကို့စ်တွေအဖြစ်ပြောင်းလဲပေးပါတယ်။ တကယ်လို့ ခန္ဓါကိုယ်က အင်ဆူလင်ပမာဏကိုလုံလောက်အောင်မထုတ်ပေးနိုင်ရင်ဖြစ်ဖြစ် ဆဲလ်တွေက ခန္ဓါကိုယ်ကထုတ်လုပ်တဲ့ အင်ဆူလင်ကို ခုခံနေတဲ့အနေအထားမျိုးဖြစ်နေရင်ပဲဖြစ်ဖြစ် ဂလူးကို့စ်ကဆဲလ်တွေထဲကိုမရောက်ရှိနိုင်တော့ဘဲ အားမရှိသလိုခံစားရစေမှာဖြစ်ပါတယ်။ အဲ့လိုအခါမျိုးမှာ ပိုမိုဆာလောင်စေပြီး ပုံမှန်ထက်ပိုပင်ပန်းတယ်၊လို့ခံစား ရမှာ ဖြစ်ပါတယ်။ ဆီးချိုဝေဒနာခံစားနေရသူတွေအတွက်ရည်ရွယ်ထုတ်လုပ်ထားတဲ့ ဖြည့်စွက်စာတွေက ဆာလောင်မှုကို လျော့ပါးသက်သာစေဖို့အတွက်နဲ့သွေးတွင်းဂလူးကို့စ်ပမာဏကိုထိန်းညှိရာမှာ အထောက်အပံ့ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုနဲ့ HbA1c အကြောင်းသိကောင်းစရာ

ဆီးချိုနဲ့ HbA1c အကြောင်းသိကောင်းစရာ HbA1c ဆိုတာက ဆီးချိုရောဂါနဲ့ဆက်စပ်နေတဲ့ စကားရပ်တစ်ခုဖြစ်ပါတယ်။ HbA1c ဆိုတာက glycated haemoglobin ကိုဆိုလိုတာပါ။ ခန္ဓါကိုယ်တလျှောက်ကအောက်ဆီဂျင်တွေကိုသယ်ဆောင်ပေးနေတဲ့ သွေးနီဥဆဲလ်ထဲက ပရိုတင်းတစ်မျိုးဖြစ်တဲ့ဟီမိုဂလိုဘင်ကသွေးထဲက ဂလူးကို့စ်နဲ့ပေါင်းစည်းပြီး 'glycated' ဖြစ်သွားတဲ့အခါ HbA1c ဖြစ်ပေါ်လာပါတယ်။ Glycated haemoglobin (HbA1c) က ဆရာဝန်တွေကို ရက်သတ္တပတ်အပိုင်းအခြားနဲ့လအပိုင်းအခြားကာလတွေ အတွင်းမှာဖြစ်ပေါ်ခဲ့တဲ့ ပျမ်းမျှသွေးတွင်းသကြားဓါတ်ကိုတိုင်းတာသိရှိစေနိုင်မှာဖြစ်ပါတယ်။ ဆီးချိုရောဂါသည် တွေမှာ HbA1c ပမာဏများလေလေ ဆီးချိုရောဂါနဲ့ပတ်သက်တဲ့နောက်ဆက်တွဲဝေဒနာတွေဖြစ်ပေါ်ခံစားရနိုင်ခြေ များလေလေပဲဖြစ်ပါတယ်။   HbA1c တိုင်းတာပြီး ဆီးချိုရောဂါကိုရှာဖွေခြင်း HbA1c တိုင်းတာရာမှာ HbA1c ပမာဏက ၄၂ mmol/mol ( ၆.၀ ရာခိုင်နှုန်း) သာရှိရင် ဆီးချိုရောဂါမရှိဘူးလို့ ယူဆရမှာဖြစ်ပါတယ်။ HbA1c ပမာဏ က ၄၂ mmol/mol နဲ့ ၄၇ mmol/mol ( […]


အမျိုးအစား (၂) ဆီးချို

လက်ဖက်ရည်ကြမ်း ဟာ ဆီးချိုကို ကာကွယ်ပေးနိုင်သလား

လက်ဖက်ရည်ကြမ်း ဟာ ဆီးချိုကို ကာကွယ်ပေးနိုင်သလား Green tea လက်ဖက်ရည်ကြမ် ဟာ အလှအပရေးရာအတွက်သာမက အခြားသော ကျန်းမာရေးအကျိုးကျေးဇူးတွေများစွာကိုလည်း ပေးနိုင်တဲ့အတွက် ရေပန်းစားလှပါတယ်။ စိတ်ဖိစီးမှုတွေကို လျှော့ချပေးခြင်း၊အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးခြင်း၊အသားအရေကို စိုပြည်တောက်ပစေခြင်း၊ခုခံအားကို မြှင့်တင်ပေးနိုင်ခြင်းတို့အပြင် ဆီးချိုဖြစ်နိုင်ချေကိုလည်း လျှော့ချပေးနိုင်ပါတယ်။   ဆီးချိုအကြောင်း တစေ့တစောင်း ကာဘိုဟိုက်ဒရိတ်ဓါတ်များပြားတဲ့ အစားအစာတွေကို စားမယ်ဆိုရင် အစာချေခြင်းဖြစ်စဉ်မှာ အဆိုပါ ကာဘိုဟိုက်ဒရိတ်တွေဟာ သကြားဓါတ်တွေအဖြစ် ပြောင်းလဲခြင်းခံရပါတယ်။ ဒီနောက်မှာတော့ ခန္ဓါကိုယ်ကနေ အင်ဆူလင်ဓါတ်ကို ထုတ်လုပ်ပေးပြီး သကြားဓါတ်တွေကို ဆဲလ်တွေထဲ စုပ်ယူစေကာ စွမ်းအင်အဖြစ် ပြောင်းလဲ အသုံးပြုခြင်းအားဖြင့် သွေးတွင်းသကြားဓါတ်ပမာဏကို ထိန်းချုပ်ပေးပါတယ်။ ဒါပေမယ့် ဆီးချိုဝေဒနာရှင်တွေမှာတော့ ဒီဖြစ်စဉ်ဟာ မတူညီနိုင်တော့ပါဘူး။ အမှတ် တစ် အမျိုးအစား ဆီးချိုမှာဆိုရင် အင်ဆူလင်ဟော်မုန်းကိုလုပ်ပေးတဲ့ ပန်ကရိယအင်္ဂါမှာရှိတဲ့ ဆဲလ်တွေကို ခန္ဓါကိုယ်ရဲ့ ခုခံအားစနစ်က မှားယွင်းဖျက်ဆီးလိုက်ပါတယ်။ ဒါကြောင့် အင်ဆူလင်တွေလည်း ထွက်မလာနိုင်တော့ပါဘူး။ အမှတ် နှစ်အမျိုးအစား […]


အမျိုးအစား (၂) ဆီးချို

အစားအသောက်ထဲက အချိုဓာတ်၊ ကစီဓာတ်ကို ဘယ်လိုတွက်မလဲ

ကစီဓာတ် (ကာဘိုဟိုက်ဒရိတ်)ကို တွက်ချက်ခြင်းဖြင့် သင့်ရဲ့ သွေးတွင်း ဂလူးကို့စ်ပမာဏကို စီမံနိုင်ပါတယ်။ အဲဒီလို တွက်ချက်ခြင်းအားဖြင့် အလွန်အကျွံ မစားမိအောင်လည်း ထိန်းနိုင်ပါလိမ့်မယ်။ ကိုယ်လိုချင်တဲ့ သွေးတွင်းအချိုဓာတ်၊ ကစီဓာတ်ကို ရရှိစေဖို့အတွက် ကစီဓာတ်ကို တွက်ပြီး စားဖို့ အရေးကြီးပါတယ်။ ဘယ်လောက်စားရမလဲ။ ကိုယ်ရဲ့ တစ်နေ့တာလှုပ်ရှားမှုတွေ သောက်နေရတဲ့ဆေးတွေအပေါ်မူတည်ပြီး တစ်နေ့ကို ကစီဓာတ်ဘယ်လောက်ပါအောင် စားရမလဲဆိုတာ သတ်မှတ်ပါ။ ကိုယ်လက်လှုပ်ရှားမှုများတဲ့ တချို့လူတွေက ကစီဓာတ်ပိုစားဖို့ လိုပါတယ်။ ကိုယ့်ခန္ဓာကိုယ်အတွက် လိုအပ်သလောက် မျှတအောင် စားနိုင်ဖို့လိုပါတယ်။ ဒါမှသာ နေလို့ကောင်းပြီး ဆီးချိုရောဂါဖြစ်နိုင်ချေကို လျှော့ကျစေပါတယ်။ ထမင်းကြီးစားတဲ့အခါမှာတော့ ကစီဓာတ် ၄၅-၆၀ ဂရမ်ပါဝင်သင့်ပါတယ်။ ဆီးချိုမဖြစ်စေဖို့အတွက် ဒီပမာဏထက် နည်းတာများတာ ရှိနိုင်ပါတယ်။ ကိုယ်စားမယ့်အစားအစာတွေမှာ ကစီဓာတ် ဘယ်လောက် ရှိသလဲဆိုတာ သိထားဖို့ အရေးကြီးပါတယ်။ ဘယ်အစာတွေမှာ ကစီဓာတ်ပါလဲ။ အုတ်ဂျုံ၊ နှံစားပြောင်း၊ ကောက်စပါး၊ မုရောစပါး ဂျုံပေါင်မုန့်၊ […]


အမျိုးအစား (၂) ဆီးချို

စိတ်ဖိစီးမှုနဲ့ ဆီးချိုကို ဘယ်လိုထိန်းချုပ်မလဲ

စိတ်ဖိစီးမှုက စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်ချက်ဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာအတွက်လည်း ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ထိန်းချုပ်လို့မရတော့တဲ့၊ စိတ်ခံစားချက်ပြောင်းလဲမှုတွေ အမူအကျင့်ပြောင်းလဲမှုတွေ လိုအပ်နေတဲ့ အခြေအနေတွေက သင့်ကို ဒုက္ခဖြစ်စေပါတယ်။ စိတ်ဖိစီးမှုနဲ့ ဆီးချို စိတ်ဖိစီးတဲ့ လူတွေအတွက် ဆီးချိုကို ထိန်းချုပ်ဖို့က စိန်ခေါ်မှုတစ်ခုပါ။ ကလေးတွေ ဆီးချိုဖြစ်တဲ့အခါမှာ မိဘနဲ့ ညီအစ်ကိုမောင်နှမတွေက သူတို့ရဲ့ စိတ်ဖိစီးမှုကို ထုတ်ပြောလာကြပါတယ်။ စိတ်ဖိစီးမှုက ဘယ်လောက်ဒုက္ခပေးနိုင်သလဲ။ ဆီးချိုထိန်းတာကို အနှောင့်အယှက် ပေးပါတယ် သွေးတွင်းအချိုဓါတ်ကို ရုတ်တရက် သိသိသာသာ တိုးစေပါတယ် ခံစားချက်တွေကို ဆိုးဝါးစေပါတယ် စဉ်းစားချက်တွေနဲ့ ဆုံးဖြတ်ချက်တွေ မှားနိုင်ပါတယ် စိတ်အလိုမကျဖြစ်ခြင်း၊ အစားအသောက်နည်းခြင်းတွေ ဖြစ်စေတယ်။ ဆီးချိုရှိရှိ မရှိရှိ စိတ်ဖိစီးမှုတွေကို တွန်းလှန်ဖို့က ခက်ခဲပါတယ်။ ဥပမာအားဖြင့် နှလုံးခုန်နှုန်းတွေ မြန်လာနိုင်ပြီး ခန္ဓါကိုယ်က ဆောက်တည်ရာမရဖြစ်နိုင်ပါတယ်။ သွေးခုန်နှုန်းမြင့်လာနိုင်ပြီး သွေးပေါင်ချိန်တိုးလာခြင်းက နှလုံး၊ သွေးကြောတွေကို အတင်းအကြပ် ဖိစီးမှုတွေ ဖြစ်စေပါတယ်။ စိတ်ဖိအားတွေကို ကာလရှည်ကြာစွာ ခံစားနေရရင်တော့ ဒီအစိတ်အပိုင်းတွေကို ထိခိုက်စေနိုင်ပါတယ်။ ကိုယ်ခံအားကျခြင်း အစာချေဖျက်မှုစနစ် ကျောက်ကပ် မျိုးပွားစနစ် ထပ်ပြောရရင်တော့ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုကာကွယ်ရန် ဆယ်ကျော်သက်အရွယ် နေထိုင်မှုပုံစံ

ဆီးချိုဆိုတာ အရွယ်ရောက်ပြီးသူသာမက ကလေးငယ်များကျန်းမာရေးကိုပါ ခြိမ်းခြောက်နိုင်တဲ့ နာတာရှည်ရောဂါတစ်မျိုးပါ။ သိပ်မကြာသေးခင်က ဆယ်ကျော်သက်ဆီးကျော်ဖြစ်ပွားမှုတွေမြင့်လာတာတွေ့ရပါတယ်။ တကယ်လို့ သင့်ကလေးက အဝလွန်နေရင် သူ့မှာဆီးချိုဖြစ်နိုင်ချေနှစ်ဆပိုများပါတယ်။ အခုချိန်က ဆယ်ကျော်သက်တွေကို ဆီးချိုမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲဆိုတာသိအောင် ကူညီပေးရမယ့်အချိန်ပါ။   ဆီးချိုဆိုတာဘာလဲ လူတစ်ယောက်သွေးထဲမှာသကြားဓါတ်များနေရင်အဲဒီလူမှာဆီးချိုရှိပါတယ်။ သကြားဓါတ်က ကျွန်တော်တို့စားလိုက်တဲ့ အစာအစာတွေကရတာပါ။ ဥပမာ - ပေါင်မုန့်၊ ကွေကာ၊ ဆန်၊ သစ်သီး၊ ဟင်းသီးဟင်းရွက်နဲ့ နို့ထွက်ထုတ်ကုန်။ ကျွန်တော်တို့ရဲ့ကိုယ်ခန္ဓါက ပြေးဖို့ကစားဖို့ ရေကူးဖို့စွမ်းအင်ထုတ်ဖို့အတွက် သကြားဓါတ်လိုပါတယ်။ မုန့်ချိုအိတ်ကထုတ်တဲ့ဟော်မုန်းတစ်မျိုးဖြစ်တဲ့ အင်ဆူလင်က ဆဲလ်တွေရဲ့တံခါးကိုဖွင့်ဖို့သော့လိုပါဘဲ။ ဆဲလ်တွေပွင့်သွားရင် သွေးထဲကအင်ဆူလင်တွေက ဆဲလ်ထဲဝင်ပြီး လိုအပ်တဲ့စွမ်းအင်ထုတ်ပါတယ်။ အင်ဆူလင်မလုံလောက်တာဘဲ ဖြစ်ဖြစ်၊ အင်ဆူလင်က ဆဲလ်တွေကိုမဖွင့်နိုင်တာမျိုးဖြစ်တဲ့အခါ သွေးထဲကသကြားဓါတ်မြင့်တက်ပြီးဆီးချိုဖြစ်ပါတယ်။ တကယ်လို့ သင့်ဆယ်ကျော်သက်ကလေးမှာ ဆီးချိုရှိရင် သူတို့ကိုအင်ဆူလင်ထိုးပေးဖို့ လိုအပ်ပါတယ်။   ဆယ်ကျော်သက်အရွယ်မှာ ဆီးချိုကိုကာကွယ်ဖို့ ဘာတွေလုပ်လို့ရလဲ။ ပထမဆုံးနဲ့အရေးကြီးဆုံးက သင်နဲ့သင့်တော်တဲ့အားကစားတစ်မျိုးကိုလုပ်ပြီး ကျန်းမာအောင်ထိန်းထားပါ။ လေ့လာမှုတစ်ခုအရ တစ်ရက်ကို မိနစ် […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုသွေးချိုအမျိုးအစား ၂ နဲ ပတ်သက်ပြီး သင် အထင်မှားနေသော အချက်များ

ဆီးချိုက ကျန်းမာရေးနယ်ပယ်မှာ တဖြည်းဖြည်းနဲ့ ပိုပိုပြီးတော့ ဂရုစိုက်စရာ၊ အာရုံစိုက်စရာ ရောဂါဖြစ်လာပါတယ်။ ရှောင်ရှားလို့မရ၊ ကာကွယ်လို့မရတဲ့ ဆီးချိုအမျိုးအစား ၁ အပြင် ဆီးချို အမျိုးအစား ၂ဆိုတဲ့ အဖြစ်များတဲ့ ဆီးချိုတစ်မျိုးလည်း ရှိပါသေးတယ်။ ဒါပေမယ့် ကောလဟာလတွေနဲ့ ဇာတ်လမ်းတွေက သင့်ကိုဆီးချိုနဲ့ပတ်သက်ပြီး အထင်လွဲမှုတွေဖြစ်စေနိုင်ပါတယ်။ အောက်မှာဖော်ပြထားတာတွေကတော့ ဆီးချိုအမျိုးအစား ၂နဲ့ ပတ်သက်ပြီး အထင်လွဲမှားမှုတွေပါ။ ဆီးချိုရောဂါက ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး၊ ငါ တစ်သက်လုံး ဒီရောဂါနဲ့ အေးဆေးနေလို့ရပါတယ်။ ဆီးချိုက သင်ထိန်းချုပ်နိုင်မယ်ဆိုရင်တော့ ဘာမှကြီးကျယ်တဲ့ရောဂါမဟုတ်တာ မှန်ပါတယ်။ သို့သော် ဒီနာတာရှည်ရောဂါက ထိန်းချုပ်လို့ရပေမယ့် သူ့ကြောင့် သေဆုံးတဲ့သူက AIDS နဲ့ ရင်သားကင်ဆာကြောင့် သေဆုံးရတဲ့သူတွေထက် ပိုများပါတယ်။ ဆီးချိုရှိတဲ့ သုံးယောက်မှာ နှစ်ယောက်က နှလုံးရောဂါသို့မဟုတ် လေဖြတ်ပြီး သေဆုံးကြပါတယ်။ ငါအဝလွန်နေရင် နောက်ဆုံးမှာဆီးချိုအမျိုးအစား ၂ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း