အမျိုးအစား (၂) ဆီးချို

အမျိုးအစား (၂) ဆီးချို ရောဂါနဲ့ ပတ်သက်ပြီး ကုသမှုတွေ၊ စားသောက်မှု ပုံစံနဲ့ ဆောင်ရန် ရှောင်ရန်တွေကို လေ့လာသိရှိနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ် ထိန်းပေးမယ့် စားစရာများ

ဆီးချို ရှိနေမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့နဲ့ စားသောက်မှုပုံစံ မှန်ကန်စေဖို့အတွက် စီမံရတာ ဘယ်လောက်ခက်တယ်ဆိုတာကို သိထားပြီး ဖြစ်မှာပါ။ အစားအစာတွေထဲမှာ အချို့သော အစားအစာတွေက သွေးချိုတက်စေနိုင်ပြီး အချို့သော အစားအစာတွေက သွေးတွင်းသကြားဓာတ်ကို ထိန်ညှိပေးနိုင်ပါတယ်။ နားလည်လွယ်အောင် ပြောပြရရင် သွေးချို ကျစေတယ်ပေါ့။ ဒါပေမယ့် ဘယ်အစားအစာတွေက သွေးချိုတက်စေပြီး ဘယ်အစားအစာတွေက သွေးချိုကျစေလဲဆိုတာကို သေသေချာချာ သိရှိသူကတော့ ခပ်ရှားရှားပါ။ ဒီအချက်ကို တိတိကျကျ ပြောနိုင်ဖို့ နှစ်ပေါင်းများစွာ လေ့လာမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ သိပ္ပံနည်းကျ လေ့လာမှုတွေကနေ သိရှိလာခဲ့တဲ့ ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ် ထိန်းပေးမယ့် စားစရာများ အကြောင်းကို နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ ဆီးချိုဆိုတာ ဆီးချို ဖြစ်နေပြီဆိုရင် သွေးတွင်းဂလူးကို့စ် ဒါမှမဟုတ် သွေးတွင်းသကြားဓာတ်က ပုံမှန်ထက် တော်တော်လေး မြင့်နေမှာပါ။ ဂလူးကို့စ်တွေက စားလိုက်တဲ့ အစားအစာတွေကနေတဆင့် […]

အမျိုးအစား (၂) ဆီးချို ကို ရှာဖွေမည်။

အမျိုးအစား (၂) ဆီးချို

ကိုယ်ဝန်ဆောင် ဆီးချိုကြောင့် အော်တစ်ဆင်ရောဂါ ဖြစ်လာနိုင်လား

ကိုယ်ဝန်ဆောင်နေချိန် ကိုယ်ဝန်ဆောင် ဆီးချိုတက်တာက ကိုယ်ဝန်ဆောင် တော်တော်များများမှာ ဖြစ်ပါတယ်။ ဒါက မိခင်ကို ကျန်းမာရေး ထိခိုက်စေရုံသာမက ဗိုက်ထဲက ကလေးငယ်ကိုပါ အထီးကျန်စိတ်ဝေဒနာ ဖြစ်စေပါတယ်။ Johns Hopkins University ရဲ့လေ့လာမှုတွေအရ အဝလွန်နေတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကိုယ်ဝန်သက် ၂၆ ပတ်မရှိခင် ကိုယ်ဝန်ဆီးချိုဖြစ်တဲ့ ကိုယ်ဝန်ဆောင်မိခင်တွေဟာ သာမန်မိခင်တွေထက် ၆၃ % ပိုပြီး စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုနဲ့ အထီးကျန် စိတ်ဝေဒနာရှိတဲ့ ကလေးမွေးနိုင်တယ်လို့ ဆိုပါတယ်။ ကိုယ်ဝန်သက် မရင့်ခင် ကိုယ်ဝန်ဆောင် ဆီးချိုဖြစ်ခြင်းက အထီးကျန် စိတ်ဝေဒနာကလေး မွေးနိုင်ခြေကို မမြင့်စေဘူးဆိုပေမယ့် ဆက်နွယ်နေတယ်လို့တော့ဆိုပါတယ်။ ကိုယ်ဝန်ဆောင် ဆီးချိုကြောင့် အော်တစ်ဆင်ရောဂါ ဖြစ်လာနိုင်လား ကယ်လီဖိုးနီးယားတောင်ပိုင်းမှာရှိတဲ့ Kaiser Permanente ဆေးပညာအဖွဲ့အစည်းရဲ့ ခေါင်းဆောင် Anny Xiang က ဒီလို သွေးချိုတက်တာက ကလေးတွေရဲ့ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုအတွက်အသင့်အစားအစာအကြံဉာဏ်ကောင်းများ

ဆီးချိုဖြစ်နေတဲ့အခါ စားသုံးလို့ရတဲ့ အစားအစာတွေက အရမ်းအရေးကြီးတဲ့နေရာက ပါဝင်နေပါတယ်။ ဆီးချိုနဲ့သင့်တော်တဲ့ အစားအသောက်တွေက သွေးဖိအားထိန်းပေးခြင်း၊ နှလုံးကိုကာကွယ်ပေးခြင်း၊ သွေးချိုကိုထိန်းညှိပေးခြင်း၊ ဆီးချိုရဲ့ရှုပ်ထွေးမှုတွေကိုနှေးစေခြင်းတို့စွမ်းဆောင်နိုင်ပါတယ်။ ဆီးချိုသမားတွေစားသင့်တဲ့ ဆီးချိုအတွက်အစားအသောက်တွေရဲ့ အဓိကရည်ရွယ်ချက်က ရောဂါအခြေအနေကို ထိန်းချုပ်စေနိုင်ဖို့၊ သွေးချိုကျစေဖို့ဖြစ်ပါတယ်။ ဆီးချိုရှိသူတစ်ယောက်ဟာ သူ့အတွက်သင့်တောတဲ့ ဆီးချိုအစားအသောက်တွေမရှိရင် ဘေးဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် အများသောအားဖြင့် ကျန်းမာတဲအစားအစာပြင်ဆင်တာက အချိန်အများကြီးကုန်ပြီး ရှုပ်ထွေးနိုင်ပါတယ်။ အခုပြောပြသွားမှာက ဆီးချိုသမားတွေအတွက် အချိန်ကုန်သက်သာစေမယ့် အစားအသောက်တွေပါ။ မနက်စာစားချိန်ဆိုတာ ဖိုင်ဘာ၊ ဗိုက်တာမင်နဲ့ ကယ်လ်ဆီယမ် စတဲ့အထောက်အကူပြုအာဟာရတွေကို စားသင့်တဲ့အချိန်ပါ။ ဆီးချိုရှိသူတွေက သူတို့ရဲ့မနက်စာကို whole grain တွေ၊ လတ်ဆတ်တဲ့ သစ်သီးတွေ၊ oatmeal တွေ၊ နို့တွေ၊ ဒိန်ချဉ်တွေ စတဲ့ကျန်းမာရေးကိုအထောက်အကပြုတဲ့အစားအစာတွေကိုစားသင့်ပါတယ်။ စပါး၊ ပြောင်းစတာတွေက ဖိုက်ဘာကြွယ်ဝပါတယ်။ စတော်ဘယ်ရီနဲ့ ဘလူးဘယ်ရီလိုအသီးတွေ တစ်ခွက်ကို flax seed တစ်ဇွန်းမဟုတ်ရင်နှစ်ဇွန်းထည့်စားပေးပါ။ Flax […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုသမားများ၏ လိင်ဆက်ဆံစဉ် ကြုံရသော ပြဿနာများ

ဆီးချိုရောဂါသည်တွေမှာ လိင်ဆက်ဆံမှုဆိုင်ရာ ပြသနာတွေ ရှိနိုင်မှု မြင့်မားတယ်လို့ ပြောထားပေမယ့် ၂၀၁၀ လေ့လာမှုအရ ဆီးချိုရောဂါသည် အမျိုးသား ၅၀ % နှင့် အမျိုးသမီး ၁၉ % သာ ဆရာဝန်ဆီမှာ ထုတ်ဖော်ပြောကြတယ်လို့ တွေ့ရပါတယ်။ ဒါကဘာဖြစ်လို့လဲဆိုလျှင် ဆီးချိုကြောင့် မျက်လုံး၊ ကျောက်ကပ်၊ အာရုံကြောနှင့် နှလုံးထိခိုက်မှုတွေကို ထိန်းချုပ်နိုင်မှုမရှိတာသော်လည်းကောင်း၊ ဆီးချိုကြောင့် လိင်ပိုင်းဆိုင်ရာကျန်းမာရေးကို ဘယ်လိုထိခိုက်တယ်ဆိုတာကို လုံး၀ မကြားမိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ လူနာတွေက ဆရာဝန်နဲ့ ပြတဲ့အခါမှာ မိမိမှာ ဖြစ်နေတာတွေ လိင်ပိုင်းဆိုင်ရာ စွမ်းရည်တွေအပါအဝင် အကုန်လုံးကို ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား ပြောပြဖို့ အလွန်အရေးကြီးပါတယ်။   လိင်စိတ် ကျဆင်းခြင်း အမျိုးသားနှင့် အမျိုးသမီးတွေမှာ လိင်စိတ်ကျဆင်းရခြင်းက ဆီးချိုကို ကောင်းစွာ မထိန်းချုပ်နိုင်တာကြောင့် ဖြစ်နိုင်ပါတယ်။ အမျိုးသား လိင်စိတ်ကျဆင်းခြင်း Erectile dysfunction အမျိုးသားတွေမှာ ကြုံရနိုင်တဲ့ လိင်ပိုင်းဆိုင်ရာ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရောဂါအတွက် ဘယ်လိုဆင်ခြင်နေထိုင်မလဲ - နေထိုင်မှုပုံစံ၊အစားအသောက်၊ဆေးဝါးကုသမှု

ဆီးချိုရောဂါကဘာလဲ ဆီးချိုရောဂါ အဓိကအမျိုးအစား ၃ မျိုးရှိပါတယ် - အမျိုးအစား ၁ ဆီးချိုရောဂါ - ခန္ဓါကိုယ်က အင်ဆူလင်ထုတ်မပေးနိုင်တော့ပါဘူး။ ကိုယ်စားလိုက်တဲ့အစားအစာတွေဆီကရရှိတဲ့ သကြားဓါတ်(ဂလူးကို့စ်)ကို ခန္ဓါကိုယ်အတွက်အားအဖြစ်ပြောင်းလဲပေးနိုင်ဖို့ အင်ဆူလင်လိုအပ်လာတာကြောင့် ပြဿနာရှိလာပါတယ်။ ဒီအမျိုးအစားအတွက် အင်ဆူလင်နေ့တိုင်းထိုးသွင်းဖို့လိုအပ်ပါတယ်။ အမျိုးအစား ၂ ဆီးချိုရောဂါ -ခန္ဓါကိုယ်က အင်ဆူလင်ကိုကောင်းစွာမထုတ်လုပ်နိုင်၊ အသုံးမပြုနိုင်ပါဘူး။ ဒီအမျိုးအစားမှာ ဆီးချိုကိုထိန်းဖို့သောက်ဆေး သို့မဟုတ် အင်ဆူလင်ဆေးကိုသုံးစွဲရနိုင်ပါတယ်။ အမျိုးအစား၂ ဆီးချိုရောဂါဟာ အဖြစ်များဆုံးအမျိုးအစားဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ဆီးချို - အမျိုးသမီးတချို့မှာ ကိုယ်ဝန်ဆောင်တဲ့အခါ ဆီးချိုသွေးချိုဖြစ်လာတတ်ပါတယ်။ အများစုမှာတော့ ကလေးမွေးဖွားပြီးနောက်ပိုင်း ဆီးချိုမရှိတော့ပါဘူး။ ဒါပေမယ့် ဒီလိုရောဂါလက္ခဏာပျောက်သွားတာတောင်မှနောက်ပိုင်းကျရင် အမေရော ကလေးပါ ဆီးချိုဖြစ်လာနိုင်ခြေများပါတယ်။ ဆီးချိုကပြင်းထန်တဲ့ရောဂါမဟုတ်ဘူးလို့ တချို့ကထင်ကြပါတယ်။ ဒီအတွေးက မှားယွင်းနေပါတယ်။ ဆီးချိုသွေးချိုဆိုတာရောဂါကြီးတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်ဘယ်လိုဆင်ခြင်နေထိုင်မလဲဆိုတာလေ့လာလိုက်နာနိုင်ပါတယ်။ ဆီးချိုရောဂါရှိသူတွေအနေနဲ့ ကျန်းမာရေးနဲ့ညီတဲ့အစားအစာတွေကိုရွေးချယ်ဖို့လိုသလို ခန္ဓါကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့လည်းလိုပါတယ်။နေ့တိုင်းလည်း ပိုပြီးလှုပ်လှုပ်ရှားရှားနေသင့်တဲ့အပြင် လူကနေကောင်းနေချိန်မှာတောင်ဆေးကိုဂရုတစိုက်သောက်သုံးသင့်ပါတယ်။ လုပ်စရာတွေများတယ်ဆိုပေမယ့် […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရုတ်တရက်တက်လာရင် အရေးပေါ်ဘယ်လိုကုသမလဲ

သွေးတွင်းသကြားဓါတ်မြင့်တက်ခြင်း (hyperglycemia) ဆီးချိုရောဂါရှိသူတွေမှာသွေးတွင်းသကြားဓါတ်မြင့်တက်လွန်းရင် အရေးပေါ်အခြေအနေ (diabetic coma)ဖြစ်လာနိုင်ပါတယ်။ ဒီအခြေအနေကို အမျိုးအစား ၁ နဲ့ အမျိုးအစား ၂ဆီးချိုရောဂါ နှစ်မျိုးလုံးမှာခံစားရနိုင်ပါတယ်။ဆီးချိုကြောင့်ဖြစ်ရတဲ့ကိုမာ (diabetic coma) ဆိုတာ အသက်အန္တရာယ်ရှိနိင်တဲ့ ဆီးချိုနောက်ဆက်တွဲဝေဒနာဖြစ်တဲ့သတိလစ်မေ့မြောခြင်းဖြစ်ပါတယ်။ သင့်မှာဆီးချိုရောဂါရှိနေတယ်ဆိုရင်သွေးတွင်းသကြားဓါတ်မြင့်လွန်းတာ (hyperglycemia) ပဲဖြစ်ဖြစ်၊သွေးတွင်းသကြားဓါတ်ကျဆင်းတာ(hypoglycemia) ပဲဖြစ်ဖြစ် အန္တရာယ်အဆင့်ကိုရောက်ရင် ဆီးချိုကိုမာ ရနိုင်ပါတယ်။ ဆီးချိုကိုမာအခြေအနေကိုရောက်နေပြီဆိုရင် သင်ဟာ အသက်ရှင်နေသေးပေမယ့်မြင်ရ၊ကြားရသမျှ သို့မဟုတ် လှုံ့ဆော်မှုအာရုံအားလုံးကို မတုံ့ပြန်နိုင်၊ မနိုးထနိုင်တဲ့အနေအထား ခံစားရနိုင်ပါတယ်။ မကုသဘဲထားရင်diabetic coma က လူကိုသေစေတဲ့အထိဖြစ်စေနိုင်ပါတယ်။   Hyperglycemia သွေးတွင်းသကြားဓါတ်များခြင်း မှာ အမျိုးအစားနှစ်မျိုးရှိပါတယ် - အစာမစားခင်သွေးစစ်ချိန်သွေးတွင်းသကြားဓါတ်မြင့်နေခြင်း(Fastinghyperglycemia) အစာမစားမီ ၈ နာရီအတွင်း တိုင်းတာချိန်မှာသွေးတွင်းသကြားဓါတ်ပမာဏ130 mg/dL ထက်ကျော်လွန်နေခြင်းဖြစ်ပါတယ်။ အစာစားပြီးသွေးစစ်ချိန်သွေးတွင်းသကြားဓါတ်မြင့်နေခြင်း(After-meal hyperglycemia) အစာစားပြီး ၂ နာရီအကြာ တိုင်းတာချိန်မှာ သွေးတွင်းသကြားဓါတ်ပမာဏ 180 mg/dL ထက်ကျော်လွန်နေခြင်းဖြစ်ပါတယ်။ သွေးတွင်းသကြားဓါတ်မကြာခဏ သို့မဟုတ် […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုသမားတွေရဲ့ နေ့စဉ်စားသုံးတဲ့ အစားအသောက်ထဲမှာပါတဲ့ ကယ်လ်လိုရီတွေကို ဘယ်လိုတွက်ချက်မလဲ

ကယ်လိုရီဆိုတာက စားသောက်လိုက်တဲ့ အစားအသောက်တွေထဲမှာပါတဲ့ စွမ်းအင်တွေပဲဖြစ်ပါတယ်။ ဆီးချိုဝေဒနာရှင်တွေအနေနဲ့ စားသုံးတဲ့အစားအသောက်တွေထဲမှာပါတဲ့ ကယ်လိုရီကိုရေတွက်တဲ့နည်းလမ်းကိုလေ့လာခြင်းဖြင့် သူတို့ကျန်းမာရေးအခြေအနေပေးမှာ အပြုသဘောဆောင်တဲ့ ကွဲပြားခြားနားမှုတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ တကယ်လို့ သင်ကကိုယ်အလေးချိန်လျှော့ချဖို့လိုအပ်မယ်ဆိုရင် ကယ်လိုရီစားသုံးမှုပမာဏကိုလျှော့ချရမှာဖြစ်ပါတယ်။ အမျိုးအစား - ၂ ဆီးချို (type 2 diabetes) ဝေဒနာသည်တွေအတွက် ကိုယ်အလေးချိန်လျှော့ချမှုက အရေးပါတဲ့ အချက်တစ်ရပ်ပါ။ ကယ်လိုရီပမာဏလျှော့စားတာက ဆီးချိုဝေဒနာရှင်တွေကို ကိုယ်အလေးချိန်ကျအောင် အထောက်အကူပေးနိုင်မှာဖြစ်ပါတယ်။   ဆီးချိုရောဂါနဲ့ အကြိုဆီးချိုရောဂါဆိုတာ ဂလူးကို့စ် (သို့)သွေးတွင်းသကြားဓါတ်က ခန္ဓါကိုယ်က ဆဲလ်တွေအတွက် အင်အားဖြည့်ပေးနိုင်မယ့် အဓိကအရင်းအမြစ်တစ်ရပ်ပါ။ ဆီးချိုဝေဒနာရှိသူတွေမှာ ခန္ဓါကိုယ်က သကြားဓါတ်ကိုထုတ်လုပ်တဲ့လုပ်ဆောင်မှုတွေနဲ့သွေးတွင်းသကြားဓါတ်ကို အသုံးပြုမှုတွေက ပျက်စီးနေတာမျိုးတွေရှိနေနိုင်ပါတယ်။ ဆီးချိုရောဂါ အမျိုးအစားတော်တော်များများရှိပေမယ့် အဖြစ်အများဆုံး ၂ ခုကတော့ အမျိုးအစား - ၁ ဆီးချိုရောဂါ နဲ့ အမျိုးအစား - ၂ ဆီးချိုရောဂါ (type 2 Diabetes) တို့ပဲဖြစ်ပါတယ်။   အမျိုးအစား - […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုဝေဒနာကို ပိုဆိုးလာစေနိုင်မည့် စားသောက်မှုအလေ့အထများ

ဆီးချိုရောဂါရှိနေပြီလို့ သိလိုက်ရချိန်မှာ အရမ်းကို ထိတ်လန့်ကြောက်ရွံ့စရာကောင်းတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျန်းမာရေးနဲ့ညီညွတ်တဲ့နေထိုင်မှုပုံစံအတိုင်းနေထိုင်ပြီး ဆရာဝန်ညွှန်ကြားတဲ့အတိုင်းလိုက်နာမယ်ဆိုရင် ဆီးချိုရောဂါကို ကိုင်တွယ်ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ တကယ်လို့များ စာဖတ်သူပရိသတ်အနေနဲ့ သွေးတွင်းသကြားဓာတ်ကိုလျော့ကျအောင်လုပ်ဆောင်ပြီး ကျန်းကျန်းမာမာနေထိုင်နိုင်ဖို့ ကြိုးစားနေတာဆိုရင်တော့ အောက်မှာဖော်ပြထားတဲ့ စားသောက်မှုအလေ့အထအမှားတွေကို မလုပ်ဆောင်မိတာ သေချာဖို့လိုပါတယ်။ ကဖင်းဓာတ်အလွန်အကျွံစားသုံးခြင်း ကဖင်းဓာတ်ကို အလွန်အကျွံစားသုံးတဲ့အခါ အင်ဆူလင်ပမာဏမြင့်တက်လာတာမျိုးကို ဖြစ်ပေါ်စေနိုင်ပါတယ်။ တစ်နေ့ကို ကော်ဖီတစ်ခွက်သောက်သုံးတာက ခန္ဓာကိုယ်တွင်းက အင်ဆူလင်အတွက် အကျိုးကျေးဇူးရရှိနိုင်တယ်ဆိုပေမယ့် တစ်ခွက်ထက်ပိုသောက်ခဲ့မယ်ဆိုရင်တော့ အင်ဆူလင်ပမာဏ အဆမတန်မြင့်တက်သွားတာမျိုးတွေ့ကြုံခံစားရနိုင်ပါတယ်။ yerba mate လိုမျိုးဆေးဖက်ဝင်အပင်ကနေထုတ်လုပ်ထားတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အရင်းအမြစ်တွေကနေထွက်ရှိတဲ့ ကဖင်းဓာတ်ကို စားသုံးတယ်ဆိုရင်တောင်မှ ကဖင်းက အင်ဆူလင်ပမာဏကို တက်စေနိုင်ပါတယ်။ အင်ဆူလင်ပမာဏမြင့်တက်မှုက စိတ်ဆိုးလွယ်တာ၊ ကတုန်ကယင်ဖြစ်တာ၊ မအီမသာဖြစ်တာနဲ့ အချိုစားချင်စိတ်ပြင်းပြတာမျိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ကိုယ်တွင်းက အင်ဆူလင်ပမာဏကျဆင်းသွားတဲ့အခါ နောက်ထပ် ကဖင်းဓာတ်နဲ့ အချိုဓာတ်ကို မိမိစိတ်ကတောင့်တနေတဲ့ အတိုင်းအတာပေါ်မှာ မူတည်ပြီး ပိုမိုစားသုံးချင်တာမျိုးဖြစ်စေနိုင်ပါတယ်။ မနက်စာ […]


ဆီးချို သွေးချို

ဆီးချိုဝေဒနာသည်တွေအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆာပြေအစားအစာ ၁၀ မျိုး

ဆီးချိုရောဂါဆိုတာကပြင်းထန်တဲ့ရောဂါအခြေအနေတစ်ရပ်ဖြစ်ပါတယ်။ရောဂါကိုကောင်းကောင်းမွန်မွန်ထိန်းချုပ်ရမယ့်နည်းလမ်းကိုမသိဘူးဆိုရင် အရမ်းကို အန္တရာယ်ကြီးပါတယ်။ အမြင်အာရုံဆုံးရှုံးတာလိုမျိုး အာရုံကြောထိခိုက်ပျက်စီးတာမျိုးတွေကနေ နှလုံးဆိုင်ရာရောဂါမျိုးတွေအထိအမျိုးမျိုးသောရောဂါတွေကိုဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ အင်ဆူလင်လုံးဝကိုမထွက်ရှိတာ (သို့) အင်ဆူလင်ကကောင်းကောင်းမလုပ်ဆောင်နိုင်တာကြောင့် ဆီးချိုရောဂါခံစားရတာဖြစ်ပါတယ်။ ဆိုလိုတဲ့သဘောကတော့ ဆီးချိုဝေဒနာရှင်တွေရဲ့သွေးကြောတွေထဲက အဆမတန်များနေတဲ့ သကြားဓါတ်တွေက ခန္ဓါကိုယ်တစ်ခုလုံးမှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွကို ထိခိုက်ပျက်စီးစေတာဖြစ်ပါတယ်။ ဆီးချိုရောဂါက အချိုဓါတ်စားသုံးမှုအပေါ်မှာတော်တော်ကိုသက်ရောက်မှုရှိနေပါတယ်။ ဆီးချိုရောဂါက အဆာပြေမုန့်တွေစားသုံးမှုအပေါ်မှာတော်တော့်ကို ကန့်သတ်မှုတွေဖြစ်ပေါ်စေပါတယ်။ အဆာပြေမုန့်တော်တော်များများမှာ အချိုဓါတ်ကပုံစံအမျိုးမျိုးနဲ့ပါဝင်နေတတ်ပါတယ်။ ဆီးချိုရောဂါရှိသူတွေနဲ့သင့်တော်မယ့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆာပြေစားစရာအချို့ကိုဖော်ပြပေးမှာဖြစ်ပါတယ်။ ၁. မြေပဲထောပတ် မြေပဲထောပတ်က ချိုတဲ့အရသာရှိပေမယ့် ကာဗိုဟိုက်ဒရိတ်ပါဝင်မှုနှုန်းတော်တော်လေးနည်းပါတယ်။ ဆိုးဆိုးဝါးဝါးထိခိုက်စေတာမျိုးဖြစ်မှာတော့မဟုတ်ပါဘူး။ မီးကင်ထားတဲ့ပေါင်မုန့်ညိုပေါ်မှာ မြေပဲထောပတ်ကိုသုတ်ပြီးစားသုံးပေးနိုင်ပါတယ်။ အင်အားဖြစ်စေနိုင်သလို ခန္ဓါကိုယ်အတွင်အမျှင်ဓါတ်ကိုလည်းရရှိစေနိုင်မှာဖြစ်ပါတယ်။ပေါင်မုန့်ညိုပေါ်မှာ ခပ်ပါးပါးလေးသုတ်ပြီးစားပေးပါ။ ၂. ပြောင်းဖူးပေါက်ပေါက် အိမ်မှာလုပ်တဲ့ပြောင်းဖူးပေါက်ပေါက်က ဆီးချိုဝေဒနာသည်တွေအတွက်စားသုံးဖို့သင့်တော်ပါတယ်။ပြောင်းဖူးကနေလုပ်တဲ့ပေါက်ပေါက်ကိုစားသုံးပေးနိုင်ပါတယ်။ထောပတ်နဲ့ဆားဖြည့်စွက်ထားတဲ့ပေါက်ပေါက်ကတော့ ဆီးချိုသမားတွေနဲ့မသင့်တော်ပါဘူး။ပြောင်းဖူးကိုပေါက်ပေါက်ဖောက်ပြီးcanola ဆီလေးနည်းနည်းဆမ်းပြီး စားသုံးပေးနိုင်ပါတယ်။ ရုပ်ရှင်ကြည့်ရင်းစားနိုင်မယ့် အမျှင်ဓါတ်တွေရရှိစေနိုင်မယ့်နောက်ထပ်အဆာပြေစားစရာတစ်မျိုးပါ။ ၃. ကွေကာအုပ် ကျန်းမာရေးနဲ့သင့်တော်တဲ့ ကွေကာအုပ်ကိုစားသုံးမယ်ဆိုရင် စိတ်ကျေနပ်မှုရရှိစေပြီး အရသာရှိလှတဲ့ အဆာပြေစားစရာတစ်မျိုးဖြစ်လာမှာဖြစ်ပါတယ်။သွေးတွင်းသကြားဓါတ်ကိုလည်းမြင့်တက်စေမှာမဟုတ်ပါဘူး။ သကြားဖြည့်စွက်မထားတဲ့ကွေကာအုတ်ကိုရွေးချယ် စားသုံးပေးပါ။ ကွေကာအုပ်စားသုံးမှုက သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်မယ့် အမျှင်ဓါတ်တွေရရှိစေမှာဖြစ်ပါတယ်။ အဆီနည်းတဲ့ နို့တစ်မျိုးမျိုးဆမ်းပြီးစားသုံးပေးနိုင်ပါတယ်။ ၄. ဒိန်ချဉ် သဘာဝ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုက အမျိုးသားတွေရဲ့ မျိုးအောင်နိုင်ခြင်းကို ဘယ်လိုသက်ရောက်မှုရှိလဲ

Type 1 ဆီးချိုရှိတဲ့ အမျိုးသားတွေရဲ့ သုက်ပိုးတွေမှာ DNA ပျက်စီးမှုတွေပိုဖြစ်နိုင်တယ်လို့ လေ့လာမှုတစ်ခုကဆိုပါတယ်။ ဒါဟာ သူတို့ရဲ့ မျိုးအောင်နိုင်စွမ်းကို ထိခိုက်နိုင်တယ်လို့ ထင်ရပါတယ် တဲ့။ ဒီ လေ့လာမှုဟာ သေးငယ်လို့ ဒီလို ဆီးချိုရောဂါဟာ အမျိုးသားတွေမြုံခြင်းကို ဖြစ်စေတယ်လို့ သက်သေပြနိုင်ခြင်းမရှိခဲ့ပေမယ့် နောက်ထပ်လေ့လာမှုတွေလုပ်ဖို့တော့ လုံလောက်စေခဲ့ပါတယ်။ ဆီးချိုဆိုတာ ဘာလဲ။ ဆီးချိုဆိုတာ ခန္ဓါကိုယ်က ဂလူးကို့စ်လယ်ဗယ်ကို မှန်ကန်စွာ စီမံခန့်ခွဲမှုမလုပ်နိုင်တော့တဲ့ရောဂါပါ။ အစာခြေလမ်းကြောင်းဟာ အစာတွေကို သကြားပုံစံတစ်မျိုးဖြစ်တဲ့ ဂလူးကို့စ်အဖြစ် ခွဲပေးပါတယ။် ဒါတွေကို စုပ်ယူပြီးနောက်မျာတော့ သွေးထဲကို ပို့လိုက်ပါတယ်။ သရက်ရွက်ကထုတ်တဲ့ အင်ဆူလင် ဟော်မုန်းဟာ သွေးကြောတွေထဲက ဂလူးကို့စ်ကို စုပ်ယူဖို့နဲ့ စွမ်းအင်အတွက် သုံးဖို့ အားပေးပါတယ်။ ပုံစံ ၁ ဆီးချိုကတော့ ကလေးဘဝမှာ ပြတတ်ပြီး ခုခံအားစနစ်က အင်ဆူလင်ထုတ်ပေးတဲ့ သရက်ရွက်ထဲက ဆဲလ်တွေကို မှားယွင်းတိုက်ခိုက်တဲ့အခါတွေမှာ ဖြစ်ပေါ်ပါတယ်။ ပုံစံ […]


အမျိုးအစား (၂) ဆီးချို

Insulin Resistance (အင်ဆူလင်ဟော်မုန်းခုခံအားတက်လာခြင်း(အင်ဆူလင် မတိုးခြင်း) ဆိုသည်မှာ အဘယ်နည်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Insulin Resistance (အင်ဆူလင်ဟော်မုန်းခုခံအားတက်လာခြင်း(အင်ဆူလင် မတိုးခြင်း) ဆိုသည်မှာ အဘယ်နည်း) ကဘာလဲ။ အင်ဆူလင်ခုခံအားတက်လာခြင်းဆိုသည်မှာ ခန္ဓါကိုယ်မှ အင်ဆူလင်ကို ကောင်းစွာအသုံးမပြုနိုင်ခြင်းဖြစ်သည်။ အင်ဆူလင်သည် မုန့်ချိုအိတ်ခုခေါ်သော အင်္ဂါတစ်ခုမှထုတ်ပြီး သင်၏ ဆဲလ်များကို စွမ်းအင်ပြောင်းလဲရန်အတွက် သကြားဓါတ်ကို အသုံးပြုသည်။ ခန္ဓါကိုယ်မှ ပုံမှန် သို့မဟုတ် မြင့်မားသော အင်ဆူလင်ပမာဏကို ခုခံအားတက်လာသောကြောင့် သကြားဓါတ်များကို ချေဖျက်ပြီး စွမ်းအင်ထုတ်ရန်အလုပ်မလုပ်တော့ပေ။ ထိုသို့ဖြင့် သွေးထဲတွင် သကြားဓါတ်တက်လာပြီး မကုသလျှင် ပြင်းထန်သော နောက်ဆက်တွဲများဖြစ်လာနိုင်ပါသည်။ Insulin Resistance (အင်ဆူလင်ဟော်မုန်းခုခံအားတက်လာခြင်း(အင်ဆူလင် မတိုးခြင်း) ဆိုသည်မှာ အဘယ်နည်း) က ဘယ်လောက်အဖြစ်များသလဲ ၎င်းသည် အဝလွန်သောသူများတွင် ပုံမှန်ကိုယ်အလေးချိန်ရှိသူများထက် အဖြစ်များသည်။ ၎င်းသည် အသက်အရွယ်မရွေးတွင်လည်း ဖြစ်နိုင်သည်။ အထူးသဖြင့် မိသားစုထဲတွင် မျိုးရိုးလိုက်တတ်သည်။ အသက်သုံးနှစ်သာရှိသော ကလေးတွင်လည်း ဖြစ်နိုင်သည်။ ဖြစ်နိုင်ချေများစေသော အချက်များကို လျော့ချခြင်းဖြင့် ၎င်းကို […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း