အမျိုးအစား (၂) ဆီးချို

အမျိုးအစား (၂) ဆီးချို ရောဂါနဲ့ ပတ်သက်ပြီး ကုသမှုတွေ၊ စားသောက်မှု ပုံစံနဲ့ ဆောင်ရန် ရှောင်ရန်တွေကို လေ့လာသိရှိနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ် ထိန်းပေးမယ့် စားစရာများ

ဆီးချို ရှိနေမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့နဲ့ စားသောက်မှုပုံစံ မှန်ကန်စေဖို့အတွက် စီမံရတာ ဘယ်လောက်ခက်တယ်ဆိုတာကို သိထားပြီး ဖြစ်မှာပါ။ အစားအစာတွေထဲမှာ အချို့သော အစားအစာတွေက သွေးချိုတက်စေနိုင်ပြီး အချို့သော အစားအစာတွေက သွေးတွင်းသကြားဓာတ်ကို ထိန်ညှိပေးနိုင်ပါတယ်။ နားလည်လွယ်အောင် ပြောပြရရင် သွေးချို ကျစေတယ်ပေါ့။ ဒါပေမယ့် ဘယ်အစားအစာတွေက သွေးချိုတက်စေပြီး ဘယ်အစားအစာတွေက သွေးချိုကျစေလဲဆိုတာကို သေသေချာချာ သိရှိသူကတော့ ခပ်ရှားရှားပါ။ ဒီအချက်ကို တိတိကျကျ ပြောနိုင်ဖို့ နှစ်ပေါင်းများစွာ လေ့လာမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ သိပ္ပံနည်းကျ လေ့လာမှုတွေကနေ သိရှိလာခဲ့တဲ့ ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ် ထိန်းပေးမယ့် စားစရာများ အကြောင်းကို နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ ဆီးချိုဆိုတာ ဆီးချို ဖြစ်နေပြီဆိုရင် သွေးတွင်းဂလူးကို့စ် ဒါမှမဟုတ် သွေးတွင်းသကြားဓာတ်က ပုံမှန်ထက် တော်တော်လေး မြင့်နေမှာပါ။ ဂလူးကို့စ်တွေက စားလိုက်တဲ့ အစားအစာတွေကနေတဆင့် […]

အမျိုးအစား (၂) ဆီးချို ကို ရှာဖွေမည်။

အမျိုးအစား (၂) ဆီးချို

သွေးချိုဆီးချိုသမားတွေမှာ Whey protein က ဘယ်လိုအထောက်အကူဖြစ်နိုင်မလဲ။

Proteinပရိုတင်း လို့ဆိုလိုက်တာနဲ့ လူတိုင်းသိကြသည်ကအသားဓါတ်။ဒါဆို WheyProteinဆိုတာကရောဘာလဲ။ WheyProtein ဆိုတာနှင့်လူတိုင်းမသိပေမယ့် GYMဆော့သောယောက်ျားလေးတိုင်းသိကြသည့် ကြွက်သားထွက်ချင်ရင်သောက်ရသောဖြည့်စွက်စာ။ ဒီတော့ ဝိတ်ကျချင်ရင်နဲ့ ကြွက်သားတက်ချင်ရင်သောက်ရတဲ့WheyProtein သည်ကိုယ်အလေးချိန်ကျဖို့အပြင်အခြားကျန်းမာရေးကောင်းကျိုးများလည်းပေးသေးတာသင်သိပါသလား။Why protein ဟာ ကင်ဆာဖြစ်ခြင်းကနေကာကွယ်ပေးတာ၊ပန်းနာရင်ကြပ်ြဖစ်နေသောကလေးများ၏ခုခံအားကို မြင့်တက်စေတာ၊သွေးတွင်းအဆီဓါတ် (cholesterol)လျှော့ချပေးတာနှင့်သွေးတိုးသမားများအတွက်သွေးပေါင်ချပေးတာစတဲ့အကျိုးကျေးဇူးတွေကိုလည်း ရရှိနိုင်စေပါတယ်။ ဒါ့အပြင်ကမ္ဘာကြီးပေါ်ကလူဦးရေရဲ့ ၈.၈ရာခိုင်နှုန်း လောက်ဖြစ်နေသော ဆီးချိုရောဂါသမားတွေအတွက်လည်း ကောင်းကျိုးပေးသေးတယ်ဆိုပဲ။ ဒီတော့ထမင်းဟင်းစားချင်တိုင်းစားလို့မရ အသီးအရွက်ပဲ များများစားရမယ်ဆိုတဲ့ ဆီးချိုသမားတွေအတွက်WheyProtein ကဘယ်လိုကောင်းလဲကြည့်ရအောင်။ ဆီးချိုသမားတေွသွေးဖောက်ြပီးဆီးချိုတိုင်းနည်း (၃)မျိုးရှိတယ်။ ၁။ ကြိုက်တဲ့အချိန်ကောက်ဖောက်ပြီးတိုင်းတာ(RBS) ၂။ ည ၁၀နာရီနောက်ပိုင်းအစာမစားဘဲအိပ်ရာထမနက်စာမစားခင်သွေးဖောက်တိုင်းတာ( FBS ) နှင့် ၃။ထမင်းစားပြီး၂နာရီအကြာသွေးတွင်းသကြားဓါတ်ပြန်တိုင်းတာ( 2HPP )တို့ ဖြစ်တယ်။ ဆီးချိုသမားတွေစိတ်အညစ်ရဆုံး အချိန်ကတော့ စားချင်တာတွေစားပြီး ၂နာရီအကြာ ပြန်ဖောက်တာဖြစ်တယ်မလား။ လျှော့စားလည်း ပြန်တိုင်း ပြန်တက်ဆိုတော့ စိတ်ညစ်စရာပေါ့နော်။။ ဝမ်းသာစရာ သတင်းကတော့ Whey Protein ကို မနက်စာ မစားခင်သောက်မယ်ဆိုရင် Type 2 Diabetes ဆီးချိုမှာ […]


အမျိုးအစား (၂) ဆီးချို

ကိုယ်ချစ်ရတဲ့သူတွေမှာ ဆီးချိုသွေးချိုရောဂါရှိနေရင် ဘယ်လိုဂရုစိုက်ပေးမလဲ

မိဘ၊ မောင်နှမ၊ ဆွေမျိုးတွေနဲ့ သူငယ်ချင်းမိတ်ဆွေတွေ၊ ကိုယ့်အိမ်ထောင်ဘက် တို့လို ချစ်ခင်ရတဲ့သူတွေကို ကျန်းမာစေဖို့ ဆုတောင်းပေးဖူးခဲ့ကြမှာပါ။ ဒါပေမယ့် ဆုဆိုတာလည်း တောင်းတိုင်းမပြည့်လေတော့ ရောဂါဘယတော့ ကင်းနိုင်ကြမှာမဟုတ်ပါဘူး။ တစ်သက်တာမှာ ကျန်းမာရေးပြဿနာတစ်ခုမဟုတ် တစ်ခုတော့ကြုံကြမှာပါပဲ။ ရိုးရိုးဖျားနာတာလောက် နေမကောင်းဖြစ်တာမဟုတ်ဘဲ ဆီးချိုသွေးချိုရောဂြါဖစ်နေပြီဆိုရင် ဘယ်လိုအကူအညီပေးကြမလဲ။ တချို့လူတွေက ဆီးချိုရောဂါဆိုတာနဲ့ ကံဆိုးပြီလို့မှတ်ယူပြီး ထိတ်လန့်တကြားဖြစ်တတ်ကြပါတယ်။ ကုလို့လည်းမပျောက်နိုင်တော့ဘူး၊ အစားတွေလည်းရှောင်ရတော့မယ်၊ အန္တရာယ်လည်းချက်ချင်းဖြစ်နိင်တယ်၊ အခန့်မသင့်ရင် ခြေထောက်ပုပ်တတ်တယ်၊မျက်စိကွယ်နိုင်တယ်ဆိုပြီး ရောဂါသိတာနဲ့ ဘဝဆုံးသလို စိတ်ဓါတ်ကျတတ်ပါတယ်။ အဲဒီလိုဖြစ်တတ်တဲ့သူတွေထဲမှာ ကိုယ်ချစ်ခင်ရတဲ့သူတွေ ပါနေမလား။ အမှန်တော့ ဆီးချိုသွေးချိုဖြစ်တိုင်း သွေးပျက်ဖို့မလိုသလို ပေါ့ပေါ့ဆဆလည်းမနေသင့်ပါဘူး။ စိတ်ရှည်ရှည်နဲ့ မှန်ကန်အောင် ထိန်းသွားနိုင်ရင် သက်တမ်းစေ့ ကျန်းမာစွာနေထိုင်နိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ချစ်ခင်ရသူထဲက ဆီးချိုသွေးချိုရှိသူတွေကို အားပေး၊ကူညီ၊စောင့်ရှောက်နိုင်ဖို့ ကိုယ့်အနေနဲ့လုပ်ပေးနိုင်တဲ့အရာတွေ အများကြီးရှိတယ်။ ကိုယ်တိုင်အရင်လေ့လာပါ။ ဆီးချိုသွေးချိုရောဂါအကြောင်းကို လေ့လာမှတ်သားပြီး ကိုယ်ချစ်ခင်ရသူရဲ့ကျန်းမာရေးအခြေအနေကို သိအောင်လုပ်ပါ။ သူတို့ကို […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုဝေဒနာရှင်များအတွက် လိင်မှုဘဝအကြံပေးချက် ၁၀ ချက်

သွေးထဲကသကြားဓါတ်ပမာဏက လိင်ဆက်ဆံစဉ်မှာဘယ်လိုခံစားရတယ်ဆိုတဲ့အပေါ်သက်ရောက်မှု အတော်ကြီးပါတယ်။ ကောင်းကျိုးနဲ့တော့မဟုတ်ပါဘူး။ ဆီးချိုလိုရောဂါတွေက လိင်မှုဘဝမှာ အတက်အကျတွေ ဖြစ်စေပါတယ်။ ဒီရောဂါဖြစ်ပြီဆိုရင် အခြားသူတွေ လိုစိတ်ကျေနပ်မှုတွေရတော့မှာမဟုတ်ပဲ သူများတွေမှာမရှိတဲ့ အခက်အခဲတွေရှိလာမှာဖြစ်ပါတယ်။ သတင်းကောင်းကတော့ ဒီလိုလက္ခဏာတွေကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ နားလည်ပြီဆိုရင် သင့်လိင်ကျေနပ်မှုရအောင် မြင့်တင်နည်းတွေသိလာနိုင်ပါတယ်။ 1. Toy အသစ်ရှာပါ လိင်မှုကိစ္စက မကြာမီကနည်းနည်း (သို့မဟုတ်အများကြီး) အားလျော့လာတယ်လို့ ခံစားရပါလျှင်, ဆီးချိုရောဂါကြောင့်လို့ ဆိုနိုင်ပါတယ်။ ဆီးချိုရောဂါဟာ မလိင်အင်္ဂါကို သွေးစီးဆင်းမှုလျော့ကျစေပြီး အာရုံခံစားမှုနဲ့ စိတ်ကြွမှုကို လျော့နည်းစေနိင်ပါတယ်။ လေ့လာရေးတွေအရ ဆီးချိုရောဂါသည်တွေဟာ သွေးကြောအပြောင်းအလဲများနှင့်အာရုံကြောပျက်စီးမှုတွေကြောင့် အခြားသူတွေလို လွယ်လွယ်ကူကူ orgasm (ပြီးမြောက်မှု) မဖြစ်တတ်ပါ။ တိုတိုပြောရရင် သင်orgasm ရာက်ဖို့ လုပ်နေကျနည်းတွေက အလုပ်ဖြစ်မှာ မဟုတ်တော့ပါဘူး။ အသစ်တစ်ခုကိုကြိုးစားကြည့်ဖို့ အချိန်ဖြစ်ပါတယ်။ နှိုးဆွမှုရဖို့ အမြန်ဆုံးလမ်းတစ်ခုကတော့ vibrator (တုန်ခါစက်) ဖြစ်ပါတယ်။ သင်ရွေးချယ်တဲ့အမျိုးအစားက […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုဖြစ်ရတဲ့အကြောင်းအရင်း နဲ့ လက္ခဏာများ

ခေတ်စနစ်တွေတိုးတက်လာနေသလို ရောဂါဖြစ်ပွားမှုနှုန်းတွေကလည်း အဆက်မပြတ် တိုးလာနေပါတယ်။လေ့လာမှု စစ်တမ်းတွေအရ ကမ္ဘာတလွှားမှာ ဆီးချိုဝေဒနာ ခံစားနေရသူအရေအတွက်က သိသိသာသာကိုမြင့်တက်လာနေပါတယ်။ ဆီးချိုဝေဒနာက မျိုးဗီဇဖွဲ့စည်းမှု၊ မျိုးရိုးလိုက်တာ၊ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်ကအကြောင်းအရာတွေကြောင့်ဖြစ်နိုင်ပါတယ်။ ဆီးချိုရောဂါက လူတစ်ဦးချင်းစီနဲ့ ခံစားနေရတဲ့ ဆီးချိုအမျိုးအစားပေါ်မှာလိုက်ပြီး ကွာခြားနိုင်ပါတယ်။ အခုတစ်ခေါက် ဆီးချိုဖြစ်ရတဲ့အကြောင်းအရင်း နဲ့ လက္ခဏာများ အကြောင်း ပြောပြပေးချင်ပါတယ်။ ဆီးချိုဖြစ်ရတဲ့အကြောင်းအရင်း နဲ့ လက္ခဏာများ ဆီးချိုဖြစ်ရတဲ့အကြောင်းအရင်း တွေကို သေချာလေး လေ့လာကြည့်ရအောင်နော်။ အမျိုးအစား - ၁ ဆီးချိုရောဂါဘာကြောင့်ဖြစ်ရတာလဲ ကိုယ်ခံအားစနစ်က ခန္ဓါကိုယ်အတွက် အင်ဆူလင် ထုတ်ပေးတဲ့ ပန်ကရိယဆဲလ်တွေကို ဖျက်ဆီးလိုက်တဲ့ အချိန်မှာ အမျိုးအစား - ၁ ဆီးချိုရောဂါဖြစ်လာရတာပါ။ ခန္ဓါကိုယ်က အင်ဆူလင်ပမာဏကို လုံလောက်အောင်မထုတ်နိုင်တဲ့အခြေအနေကြောင့် အမျိုးအစား - ၁ ဆီးချိုရောဂါစဖြစ်လာပါတယ်။ ခန္ဓါကိုယ်က အင်ဆူလင်မထုတ်နိုင်တော့တဲ့ အခြေအနေပါ။ အမျိုးအစား - ၁ […]


အမျိုးအစား (၂) ဆီးချို

Diabetes (ဆီးချိုရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Diabetes (ဆီးချိုရောဂါ) ကဘာလဲ။ သွေးထဲမှာသကြားဓါတ်မြင့်မားနေခြင်းကိုဆီးချိုရောဂါဟုခေါ်သည်။ ဆီးချိုအမျိုးအစား (၂)ခုရှိသည်။ အမျိုးအစား ၁ ခန္ဓါကိုယ်၏ခုခံအားမှပန်ကလိယခေါ်မုန့်ချိုအိတ်ရှိ အင်အူလင်ထုတ်သော ဆဲလ်များကိုတိုခိုက်ခြင်းကြောင့်ဖြစ်လာသည်။ အမျိုးအစား ၂ မုန့်ချိုအိတ်မှ အင်ဆူလင်ထုတ်လုပ်မှုနည်းပါးပြီး ခန္ဓါကိုယ်ရှိဆဲလ်များအပေါ်တွင်လည်း ထိုအင်ဆူလင်သက်ရောက်မှုအားနည်းနေခြင်းဖြစ်သည်။ သွေးထဲသကြားဓါတ်မြင့်မားခြင်းကြောင့် မကြာခဏဆီးသွားခြင်း၊ရေဆာခြင်း၊ဆာလောင်ခြင်းတို့ ခံစားရတတ်သည်။ Diabetes (ဆီးချိုရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ဆီးချိုရောဂါဟာ အခုအခါမှာအဖြစ်များလာကြပြီး ဆီးချိုကိုပိုမိုဖြစ်စေနိုင်သောအချက်များကိုကြိုတင်ကာကွယ်သောအားဖြင့် ရှောင်ရှားသင့်ပေသည်။ အသေးစိတ်အချက်အလက်များကို နီးစပ်ရာဆရာဝန်နင့်တိုင်ပင်ရန်လိုအပ်သည်။ လက္ခဏာများDiabetes (ဆီးချိုရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ မကြာခဏဆီးသွားခြင်း ရေငတ်ခြင်း ဆာလောင်ခြင်း ပင်ပန်းလွယ်ခြင်း အမြင်မကြည်ခြင်း အနာကျက်နှေးခြင်း ဝိတ်ကျခြင်း(အမျိုးအစား ၁) ခြေချောင်း လက်ချောင်းများထုံကျဉ်ခြင်း အမျိုးအစား ၂ဆီးချိုရောဂါသည်များတွင် လက္ခဏာမှာမသိသာတတ်ပေ။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ ရေအရမ်းငတ်ခြင်း အထူးသဖြင့်ညဘက်များတွင် ဆီးမကြာခဏသွားခြင်း ပင်ပန်းလွယ်ခြင်း ဝိတ်ကျခြင်းနှင့်ကြွက်သားများသေးသွားခြင်း ချိုင်းကြားကဲ့သို့ချွေးအောင်းနိုင်သော ကြားနေရာများတွင် ယားခြင်း၊အနာဖြစ်ခြင်း အနာကျက်နှေးခြင်း အမြင်မှုန်ဝါးခြင်း ထိုလက္ခဏာများသည်အမျိုးအစား ၁တွင် ရက်ပိုင်းအတွင်းဖြစ်ပေါ်တတ်သည်။ အမျိုးအစား ၂ တွင်မူလက္ခဏာမှာမသိသာ၍ သတိထားမိဖို့ရာ အချိန်ကြာတတ်သည်။ အကြောင်းရင်းများDiabetes (ဆီးချိုရောဂါ) ကိုဘာတွေကဖြစ်စေသလဲ စားလိုက်သောအစားများထဲမှသကြားဓါတ်ကိုအစာအိမ်မှချေဖျက်စုပ်ယူပြီးနောက် ဆဲလ်များတွင်စွမ်းအင်အဖြစ်ပြောင်းလဲသိုလှောင်ရန် အင်ဆူလင် လိုအပ်သည်။ ဆီးချိုရောဂါသည်များတွင် ထိုအင်ဆူလင်မရြိှခ်းကြောင့် စွမ်းအင်အဖြစ်မပြောင်းလဲနိုင်ဘဲ […]


အမျိုးအစား (၂) ဆီးချို

Prediabetes (အကြိုဆီးချို )

အဓိပ္ပာယ်ဖွင့်ဆိုချက် Prediabetes (အကြိုဆီးချို ) က ဘာလဲ။ အကြိုဆီးချို ဆိုတာက သွေးထဲမှာ သကြားဓာတ်တွေ ပုံမှန်ထက်မြင့်တက်နေပေမယ့် အမျိုးအစား ၂ ဆီးချိုလို့ သတ်မှတ်နိုင်ရလောက်အောင် မမြင့်သေးတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။။ သင့်မှာ အကြိုဆီးချိုရှိနေတာက အစာစားပြီးနောက် အင်ဆူလင် လုံလောက်စွာ မထုတ်နိုင်ခြင်း ဒါမှမဟုတ် ခန္ဓာကိုယ်မှ အင်ဆူလင်ကို ကောင်းကောင်းမတုံ့ပြန်တာကြောင့် ဖြစ်နိုင်ပါတယ်။ ကုသမှုမလုပ်ဘူးဆိုရင် အကြိုဆီးချိုကနေ ၁၀ နှစ်အတွင်း အမျိုးအစား ၂ ဆီးချို ဖြစ်လာနိုင်ပါသည်။ အကြိုဆီးချိုက နှလုံးနဲ့ သွေးကြောစနစ်ကို အမျိုးအစား ၂ ဆီးချို မဖြစ်ခင်ကပင် ကြိုပျက်စီးထားနိုင်ပါတယ်။ Prediabetes (အကြိုဆီးချို ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါက အလွန်အဖြစ်များပါတယ်။ ရောဂါဖြစ်ပွားစေနိုင်တဲ့ အချက်အလက်တွေကို ဆင်ခြင်ပြီး ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ ဘာတွေ လုပ်သင့်လဲဆိတာကို ထပ်မံသိရှိဖို့အတွက် […]


အမျိုးအစား (၂) ဆီးချို

ချစ်ခင်ရတဲ့သူတစ်ဦးဦးမှာ ဆီးချိုရောဂါရှိနေရင် ဘယ်လိုကူညီဖေးမ မလဲ

ဆီးချိုဝေဒနာကို ထိန်းချုပ်ဖို့ဆိုတာကတော်ရုံတန်ရုံကိစ္စတော့မဟုတ်ပါဘူး။ ဆီးချိုဝေဒနာသည်တွေအနေနဲ့ဆေးဝါးတွေသောက်သုံးနေရုံသာမက အစားအသောက်သွေးတွင်းသကြားဓါတ်ပမာဏကိုလည်း ဂရုတစိုက်ထိန်းသိမ်းဖို့လိုအပ်ပါတယ်။ တကယ်လို့ ကိုယ်ချစ်ရတဲ့ သူတစ်ဦးဦးမှာ ဆီးချိုရောဂါရှိနေတယ်ဆိုရင် ဂရုစိုက်ပေးရာမှာ အထောက်အပံ့ပေးနိုင်မယ့် နည်းလမ်းလေးတွေကိုမျှဝေပေးလိုက်ပါတယ်။ ၁) ဆီးချိုဝေဒနာအကြောင်းနားလည်အောင်လုပ်ပါ ဆီးချိုဝေဒနာသည်တွေကိုစောင့်ရှောက်ပေးတဲ့သူတွေအနေနဲ့ ပထမဆုံးသိထားသင့်တဲ့အချက်က ဆီးချိုဝေဒနာခံစားနေရတဲ့ ကိုယ်ချစ်ခင်ရသူမှာမျှော်လင့်မထားတဲ့ အခြေအနေမျိုးတွေ့ကြုံလာရတဲ့အခါ အကူအညီပေးနိုင်စေဖို့ ဆီးချိုဝေဒနာနဲ့ပတ်သက်ပြီး များများသိရှိနိုင်အောင်ကြိုးစားရပါမယ်။ ဒီလိုမျိုးလေ့လာတာက ဆီးချိုဝေဒနာအကြောင်းကိုသိရှိနိုင်ပြီး အရေးပေါ်အခြေအနေတွေနဲ့နောက်ဆက်တွဲဝေဒနာတွေဖြစ်တဲ့အခါ ဘယ်လိုစောင့်ရှောက်မှုပေးရမလဲဆိုတာကို သိရှိနိုင်မှာဖြစ်ပါတယ်။ ကိုယ်ချစ်ခင်ရသူကဆရာဝန်ဆီသွားရောက်ပြသတဲ့အခါမှာလည်း အတူလိုက်ပါခွင့်ပြုဖို့ခွင့်တောင်းပါ။ ၂) ဆီးချိုရောဂါအကြောင်းဆွေးနွေးပါ ဆီးချိုဝေဒနာခံစားနေရတဲ့ သင်ချစ်ရတဲ့သူကို သင်ကသူနဲ့အတူရှိနေတယ်ဆိုတာကို သိအောင်ပြောပြပေးပါ။ သူ့ရဲ့ခံစားချက်တွေ၊ အတွေးတွေကို နားထောင်ပေးချင်တယ်ဆိုတာကိုလည်းသိအောင်ပြောပြပေးရပါမယ်။ အချို့သူတွေမှာ သူတို့ဘယ်လိုခံစားနေရလဲဆိုတာကိုပြောပြဖို့ ခက်ခဲတာမျိုးဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ သူ့အတွက် ပြောဖို့ဆိုဖို့သက်တောင့်သက်သာရှိစေမယ့် အခြေအနေတစ်ရပ်ကို ဖန်တီးပေးသင့်ပါတယ်။ သူတို့ကို ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားဆက်ဆံပါ။ ၃) အိမ်မှုကိစ္စအချို့ကို ဝိုင်းကူလူပ်ခွင့်ပေးလိုက်ပါ သင်ချစ်ရတဲ့သူကို သူ့မှာ နာတာရှည်ဝေဒနာတစ်ခုခုခံစားနေရတာကြောင့် အသုံးမကျတဲ့သူတစ်ယောက်လို့ ခံစားရတာမျိုးမဖြစ်ပါစေနဲ့။ သင်ချစ်ရသူက သူဟာသင့်အတွက် ဝန်ထုတ်ဝန်ပိုးဖြစ်ရတဲ့သူတစ်ဦး […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုဝေဒနာရှင်တွေအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆာပြေစားစရာ ၁၀ မျိုး

တစ်နေ့ကို ထမင်း ၂ ကြိမ်စားပြီးတဲ့အပြင် တစ်ခါတလေမှာ အခြားအဆာပြေစာလေးတွေ စားချင်တာမျိုးတွေရှိတတ်ပါတယ်။ လူကြိုက်များတဲ့ အသင့်စား အမြန်စားအစားအစာတွေနဲ့ အချိုရည်တွေက ကျန်းမာရေးအပေါ်မှာ ဆိုးကျိုးသက်ရောက်မှုတွေရှိနိုင်ပါတယ်။ အထူးသဖြင့်ဆီးချိုရှိရင် ပိုပြီးတောင်ဆိုးနိုင်ပါသေးတယ်။ ကံကောင်းတာတစ်ခုကျန်းမာရေးကောင်းမွန်အောင်ဘယ်လိုရွေးချယ်စားသုံးရမလဲဆိုတဲ့နည်းလမ်းရှိနေတာပဲဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်အေင် ဘယ်လိုရွေးချယ်စားသုံးရမလဲဆိုတာက ဆက်ကြည့်လိုက်ရအောင်။ ၁)ချောကလက် အနက်ရောင်ချောကလက်စားသုံးပေးတာက ဗိုက်ပြည့်တယ်လို့ခံစားရစေပြီး ဆာလောင်တယ်လို့ခံစားရမှုကိုလျှော့ချပေးပါတယ်။ချောကလက်မှာ ဖလေဗာနွိုက်နဲ့ နှလုံးကိုကျန်းမာစေနိုင်တဲ့ အကျိုးပြုဒြပ်ပေါင်းတွေပါဝင်နေပါတယ်။ချောကလက်မှာ ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ အဆီဓါတ်နှစ်မျိုးဖြစ်တဲ့oleic နဲ့ stearic အက်ဆစ်တို့ပါဝင်နေပါတယ်။ ၂) နို့ အဆီမပါတဲ့ နို့တစ်ခွက်က ရိုးရှင်းပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆာပြေစားစရာတစ်မျိုးပါပဲ။ဆောင်းရာသီလိုအေးမြတဲ့ရာသီမှာ နို့ပူပူလေးတစ်ခွက်သောက်သုံးပေးတာကနွေးထွေးစေမှာလည်းဖြစ်ပါတယ်။ တကယ်လို့ ခန္ဓါကိုယ်က နို့၊နို့ထွက်ပစ္စည်းတွေနဲ့ ဓါတ်မတည့်ဘူးဆိုရင် ပဲနို့ (သို့မဟုတ်) အယ်လ်မွန်နို့တို့ကိုပြောင်းလဲသောက်သုံးပေးလို့ရပါတယ်။ ဒီနို့တွေကလည်း ကျန်းမာရေးကိုကောင်းစေနိုင် ပါတယ်။ ၃) သစ်သီးတွေ စပျစ်သီး၊ ဇီးသီး၊ နဲ့ လတ်ဆတ်တဲ့ လိမ္မော်သီးတွေကအရသာလည်းရှိသလို ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တွေကိုလည်း ပြည့်ဝစေနိုင်ပါတယ်။ ငှက်ပျောသီး၊ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုသမားအတွက် အစားထိုးဓါတ်စာများ

ယနေ့ခေတ်နေထိုင်မှုပုံစံတွေအရ လူတော်တော်များများဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်ပုံစံတွေကို လိုက်နာဖို့ခက်ခဲပါတယ်။ ဒီလိုမလိုက်နာ၊ မထိန်းသိမ်းရင် အထွေထွေကျန်းမာရေးကိုထိခိုက်စေမယ့်အပြင် အထူးသဖြင့် ဆီးချိုရောဂါရှိသူတွေမှာ အခြေအနေပိုဆိုးစေနိုင်ပါတယ်။ ဒီအခြေအနေမျိုးမှာ အစားထိုးဓါတ်စာတွေက အကောင်းဆုံးအထောက်အပံ့ဖြစ်လာပါတယ်။ သူတို့က ကိုယ်စားနေကျ ထမင်းနဲ့တခြားအစားအစာတွေနေရာမှာ တစ်စိတ်တစ်ပိုင်းအစားထိုးပေးမယ့် အာဟာရတွေထောက်ပံ့ပေးပါတယ်။ အစားထိုးဓါတ်စာ ဆိုတာဘာလဲ အစားထိုးဓါတ်စာ (MR) ဆိုတာ ထမင်းတွေ၊ဟင်းတွေအစား စားသုံးနိုင်ဖို့ အထူးစီမံပြုလုပ်ထားတဲ့အစားအစာတွေဖြစ်ပါတယ်။ ဒီဓါတ်စာတွေကနေ ထိုက်သင့်တဲ့ကယ်လိုရီပမာဏ၊ macronutrients (ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်းနဲ့အဆီဓါတ်) နဲ့micronutrients (ဗီတာမင်နဲ့သတ္တုဓါတ်)တွေ ရရှိနိုင်မှာဖြစ်တာကြောင့် ကိုယ်စားသုံးမယ့်အာဟာရဓါတ်တွေ၊ ကယ်လိုရီတွေကို တွက်ချက်နေဖို့ စိုးရိမ်စရာမလိုတော့ပါဘူး။ တချို့အစားထိုးဓါတ်စာတွေမှာ တခြားပါဝင်ပစ္စည်းတွေ (ကာဗိုဟိုက်ဒရိတ်၊ပရိုဘိုင်အိုတစ်၊ဆေးဖက်ဝင်ပစ္စည်း အထူးပုံစံတစ်မျိုး)နဲ့လည်းပြုလုပ်တတ်ပါတယ်။ တချို့ကတော့gluten နဲ့lactose ဓါတ်တွေမပါအောင် ထုတ်လုပ်ထားပါတယ်။ MR ဓါတ်စာတွေကို အမှုန့်၊အသင့်သောက်သုံးနိုင်တဲ့ဗူးတွေ၊အသင့်ထုပ်ပိုးထားတဲ့မုန့် သို့မဟုတ် အတောင့်ပုံစံတွေနဲ့ ရရှိနိုင်ပါတယ်။ ဘာအတွက် အသုံးပြုတာလဲ အစားထိုးဓါတ်စာအသုံးပြုရတဲ့ အဓိကအကြောင်းရင်းကတော့ ကိုယ်အလေးချိန်လျှော့ချခြင်းအတွက်အထောက်အကူဖြစ်စေဖို့ဖြစ်သလို ဆီးချိုရှိသူတွေရဲ့အစားအသောက်စီမံမှုကိုလည်း အဆင်ပြေစေဖို့ဖြစ်ပါတယ်။ ကိုယ်အလေးချိန်လျှော့ချခြင်းက […]


အမျိုးအစား (၂) ဆီးချို

ပိတ်ရက်တွေအတွက် ဆီးချိုရှိသူတွေ ဘယ်လိုကြိုပြင်ဆင်ကြမလဲ။

ပိတ်ရက်တွေအတွက် ဆီးချိုရှိသူတွေ ဘယ်လိုကြိုပြင်ဆင်ကြမလဲ။ အားလပ်ရက်တွေဟာ ဆီးချိုသမားတွေအတွက် အင်မတန်စိုးရိမ်ရတဲ့ အချိန်ပါပဲ။ အစားအသောက်တွေအပေါ် အာရုံစိုက်ရလွန်းလို့ ဖြစ်ပါတယ်။ ဘာစားရမလဲ ဘယ်လောက်စားရမလဲ မေးခွင့်မရှိတာကြောင့် အားလပ်ရပ်တွေအတွက် စိတ်မပါဖြစ်နေတတ်ပါတယ်။ ကြိုတင်ပြင်ဆင်ထားရင်တော့ သိပ်စိတ်ပူစရာမလိုဘဲ ကုသပိုင်းဆိုင်ရာလည်း လမ်းမလွဲဘဲ အားလပ်ရက်ကို အပြည့်အ၀ ခံစားနိုင်ပါတယ်။   စားချိန်အတွက် စဉ်းစားပါ မိသားစုတော်တော်များများဟာ ပိတ်ရက်တွေမှာ စားချိန်မမှန်ကြပါဘူး။ ဥပမာအနေနဲ့ ကျေးဇူးတော်နေ့ညစာကို မွန်းလွဲပိုင်းမှာ စားကြပါတယ်။ သင့်ရဲ့စားချိန်ဟာ ပုံမှန်အချိန်ဇယားနဲ့ မကိုက်ညီရင် ဘယ်လို အပြောင်းအလဲလုပ်ရမယ်ဆိုတာ ကြိုပြင်ထားပါ။ အင်ဆူလင်ထိုးမယ်ဆိုရင် ဆီးချိုကျဆေးသောက်မယ်ဆိုရင် ပုံမှန်စားရမယ့်အချိန်မှာသားရေစာတခုခု စားသင့်ပါတယ်။ ဒါမှ ဂလူးကို့စ်ဓါတ်နည်းသွားတာမျိုးကို ကာကွယ်နိုင်ပါမယ်။ သင့်ကို ကုသနေသူတွေနဲ့ တိုင်ပင်ပါ။   ကိုယ်လက်လှုပ်ရှားပါ နည်းနည်းပိုစားမိတာကို ပြန်ကာမိအောင် ပုံမှန်ထက် ပိုလှုပ်ရှားတာ အကောင်းဆုံးနည်းလမ်းပါ။ စားစရာတွေနားကနေ ရှောင်နေတဲ့ အကျင့်သစ်ကို မွေးမြူပါ။ မိသားစုနဲ့ လမ်းလျှောက်ထွက်ပါ။ ပန်းကန်ပြားပျံလေထဲပစ်ဆော့ပါ။ ဘောလုံးကန်ပါ။ ကလေးများ၊ မြေးများ၊ အိမ်နီးချင်းကလေးများနဲ့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း